Tuesday, 31 March 2009

ဆုတောင်းကြမယ်ဆိုလျှင်



ဆည်းလည်းသံတွေ ခေါင်းလောင်းထိုးသံ တွေနဲ့ အတူ မနက်ခင်းတစ်ခုရဲ့

အာရုံဦးအလင်းကျချိန် ဘုရားဝတ်ပြုရတာဟာ အလွန်တရာကြည်းနူးပီတိဖြစ်စရာ ပါ…..

ကျွန်တော် ဦးသုံးကြိမ်းချပြီးတော့ ဆည်းလည်းသံတွေနဲ့ အေးချမ်းမှုရှိလှတဲ့

နေခြည်အလင်းဖြာနေတဲ့ ဘုရား ကိုကြည်နူးမှုတွေနဲ့  မော့ကြည့်မိတယ်..

ပြီးတော့အနားမှာတတွတ်တွတ် ဆုတွေတောင်းနေတဲ့ ကျွန်တော့်ချစ်သူ

ကိုလှမ်းကြည့်မိတော့ ကျေနပ်စွာပြုံးမိပြန်တယ်….

မွေးရက်တိုင်းမှာ ဘုရားရောက်ဖြစ်တဲ့ကျွန်တော်တို့ နှစ်ယောက်…

ရောက်တိုင်းလည်း နားညီးလောက်အောင်ဆုတောင်းတတ်တဲ့ ကျွန်တော့်ချစ်သူလေး…..

အပြစ်မမြင်ပဲ ကျေနပ်နေတတ်တဲ့ကျွန်တော်…

သူမဆုတောင်းပြီးတိုင်း ကျွန်တော့်ကို

”မောင်ဒီနေ့ ဘာတွေဆုတောင်းလဲ”ဆိုတာမေးနေကြ

ကျွန်တော်ကလည်းပြုံးပြုံးနဲ့  မသိချင်ပါနဲ့ လို့ ပြောရင် သူမက စိတ်ကောက်တဲ့မျက်နှာထားနဲ့ ..

”ငယ်ကတော့ဘဝဆက်တိုင်း မောင်နဲ့ မခွဲပါရစေနေလို့ ဆုတောင်းရတာ

ချစ်လိုက်ရတာ..သူကတော့ မဆုတောင်းဘူး…

ဆုဆိုတာတောင်းမှပြည့်တာ…မောင်လဲ ငယ့်လိုဆုတောင်းမှ

ငယ့်ဆုတောင်းလဲပြည့်မှာပေါ့”လို့  မကျေမနပ်လေသံနဲ့ ပြောပြီး…

”မောင်..ငယ့်ကိုမချစ်ပါဘူး”ဆိုပြီးဝမ်းနည်းချင်သူလေး….

သူမဝမ်းနည်းတဲ့အခါတိုင်းလဲ

”ငယ်ရယ်…မောင့်ဘဝမှာငယ့်ကိုသာချစ်ခဲ့တာ..ငယ်သာမောင့်အချစ်ဆုံး..

မောင်ငယ့်ကို ဒီဘဝမှာ မောင့်အသက်ဝိညဉ် ရှင်သန်နေသလောက် ချစ်နေမှာပါ…

မောင့်ရဲ့ သစ္စာပါ….ဒါပေမယ့်…”လို့ စိတ်ထဲက

ပြောနေကျပါ…..
.......................................

ရွာထဲကို ပွဲကားဝင်လာကတည်းက ကျော့ကုန်းရွာ တစ်ရွာလုံး..

အုံ့ အုံ့ ကျွက်ကျွက်နဲ့ ညံဆူကုန်ပြီး..

ကလေးတွေ ရဲ့ ဟေး…ပွဲကားလာပြီးဆိုတဲ့ အော်ဟစ်ပျော်ရွင်သံတွေကြောင့်

အပျို..လူပျိုက အစ အဖိုးကြီးအဖွားကြီးအဆုံး..

လုပ်နေကျ အလုပ်လေးတွေကို ပြစ်လို့ ပွဲကားကို ပြေးထွက်ကြည့်ကြတယ်…

ဘယ်သူက မင်းသမီး..

ဘယ်သူကလူရွှင်တော်..

ဘယ်သူက လူကြမ်းဆိုတာကို ပွဲမကခင်ကတည်းက သိချင်သူတွေက တော့

ပွဲစင်ဆောက်ထားတဲ့နေရာမှာ နေရာယူရပ်ကြည့်နေတာ..ရွာတစ်ဝက်နီးပါး..

ဒီနှစ်က ရွာလုံးကျွတ် ဘုရားပွဲလုပ်လာတာ နှစ်(၅၀)တိုင်ပြီးဆိုတော့

ရွှေရတုအထိမ်းအမှတ်အနေနဲ့  ပွဲကို (၉)ညတိုင်တိုင် ဇာတ်အဖွဲ့ နှစ်ဖွဲ့ နဲ့ အတူ

ပျော်ပွဲလုပ်မှာဆိုတော့..အားလုံးက ပျော်နေကြတယ်..

အဲဒီထဲမှာရွာမျက်နှာဖုံးရဲ့ သမီး..ငယ်ဂုဏ်..မိဘဂုဏ်..အလှဂုဏ်တွေနဲ့ အတူ

ချောမွတ်ညက်ညောလှတဲ့ အပျိုဖြန်းမလေးမိရွှေအေးတို့ ကလည်းထိပ်ဆုံးကပါတယ်…

ငယ်လည်းငယ်..ချောလဲချော.ဆိုတော့

အလွှာ အသီးသီးက ကိုကိုကာလသားများရဲ့ စဉ်းစားခန်းမှာ အချစ်နန်းစံခြင်းခံရသူလေး…

ဒါပေမယ့် ရွှေအေးလေးက အချိန်မအားဘယ်သူ့ကိုမှ မလေးမထားသူ အဖြစ်

ကိုကိုကာလသားများနဲ့ ခန်းလိပ်ကာချလို့ ချစ်ခန်း ကို ရပ်တန့် ထားတယ်…

ဒီနေ့ တော့ ရွှေအေးလေးတစ်ယောက်

ပွဲထဲမှာပါလာတဲ့တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိပါရဲ့..

သူမစိတ်ဝင်စားသူ ပုံစံကိုကြည့်ရတာ နုံနုံချာချာဆိုတော့ မင်းသားမဟုတ်သလို

ပျော်ရွင်မှုအရိပ်ရောင်ရေးရေးမှမမြင်ရတဲ့

သူ့ မျက်နှာကြောင့်လူရွှင်တော်မဟုတ်နိုင်….

ခေါင်းကိုပုဆိုးနဲ့  ခေါင်းတစ်ဝက်နီးပါမပေါ်အောင်ပေါင်းထားတဲ့

သူ့ ပုံစံကိုကြည့်ရတာကာလာကာဆွဲများလား ဘာလာညာလားဆိုတဲ့

အတွေးနဲ့ မိအေးတစ်ယောက်အတွေးဝင်ပြီးစိတ်ဝင်စားမိခဲ့တာ

မိအေးဖြင့်သူ့ ကိုယ်သူ့ အံ့သြမိတယ်….

ပွဲစထွက်တဲ့ညမှာ မိအေးသိလိုက်ရတာက

သူကနှဲဆရာလေး

ပွဲကြည့်ရင်ရှေ့ ဆုံးကကြည့်တတ်တဲ့မိအေး..

ဒီတစ်ခါပြဇာတ်ထက်နှဲ ဆရာကိုစိတ်ဝင်တစား ကြည့်နေရင်းနဲ့ မှ

ချစ်စိတ်တွေ တစ်ဖွားဖွား..သနားစိတ်တွေ ရေစီးကမ်းပြို….

သုံးညမြောက်နေ့ မှာတော့ အကြည့်ချင်းဆုံလို့  အပြုံးချင်းဖလှယ်…

ငါးရက်မြောက်ညမှာ ပြဇာတ်အပြီး နှဲဆရာလေးနဲ့ အပြင်မှာတွေ့ …

မိအေးအချစ်ကိုရှာတွေခဲ့တယ်..

ရှစ်ညမြောက်ညမှာတော့ ကိုနှဲဆရာက မိအေးကို နောက်ဆုံးနှုတ်ဆက်တော့..

မိအေးက ငယ်သူပီပီ သူကနှဲဆရာကိုချစ်နေမိကြောင်းပြောတော့

နှဲဆရာလေးက မိအေးကို ခေါင်းမှာပေါင်းထားတဲ့

ခေါင်းပေါင်းလေးကိုဖြည်ပြတော့မှ

မိအေးခင်မျာ အံ့သြစိတ်နဲ့ အတူ နားရွက်နှစ်ဖက်မရှိတော့တဲ့ ကိုနှဲဆရာလေးကိုမြင်ခဲ့ရတယ်…

မိန်းမဆိုတာခက်သား…သနားစိတ်ဝင်ပြီးရင်ဘာကိုမှမမြင်တော့တဲ့

မျက်ကန်းအချစ်ရှင်တွေဆိုတော့ နူနာစွဲလို့ နားရွက်နှစ်ဖက်မရှိတော့တဲ့

ကိုနှဲဆရာကိုတောင် ခိုးခိုင်းခဲ့တယ်…

မိဘတွေက အရှက်တကွဲ ဖြစ်ပေမယ့် သမီးကိုချစ်တော့

သမီးနောက်လိုက်ပြီးပြန်ခွဲ ဖို့ လုပ်တယ်..

ဒုက္ခများစွာနဲ့  အတူ အနူရောဂါသည်ယောကျားနဲ့ 

နေနေရတဲ့ မိအေးတစ်ယောက် မိဘတွေက လာပြန်ခေါ်တော့

ပြန်မလိုက်တဲ့အပြင် မြေမှာလူးလို့ သူ့ ကိုပြန်ခေါ်မယ့်အစားသူ့ ကိုသတ်သွားပါ

နှဲဆရာနဲ့ တော့မခွဲနိုင်ဘူးလို့  အော်ဟစ်ငိုကြွေးတော့ မိဘတွေက

သူ့ ဘဝနဲ့ သူဆိုပြီးလက်လျှော့ခဲ့ရတယ်..

မိအေးဟာ..သူ့ ရဲ့ ယောကျားနှဲဆရာလေးခြေတွေ လက်တွေ ပြုတ်ကြွေတဲ့အထိ

လုပ်ကျွေးပြုစုခဲ့သလို သူကိုယ်တိုင် လူမသိ တဲ့နေရာမှာ ယောကျားဆီက

ကူးခဲ့တဲ့ရောဂါနဲ့ ပဲ သေဆုံးခဲ့တယ်လေ..

ရွာကျောင်းကဆရာတော်က

”အင်း…ဒါအရင်ဘဝက ဆုတောင်းတာမှားခဲ့ကျတာ…

အတိတ်ကံ နဲ့ ဝတ်ကျွေးကို မေ့ထားပြီး ချစ်သူတွေ ဟာ

ဘဝတစ်ခုခုတုန်းက ဘဝဆက်တိုင်းအတူတူနေရပါစေလို့ ဆုတောင်းခဲ့ကြတာ..

ဆုတောင်းက ပြည့်တော့ အခုလို မတူညီတဲ့ကံတရား နဲ့ ခုဘဝမှာ လာဆုံဆည်းတော့

ဆုတောင်းထားကြတဲ့အတိုင်း နေသွားကျရတာ..

ကိုယ် က ချစ်ရင်ဖြစ်ဖြစ် မုန်းရင်ဖြစ်ဖြစ် ဆုတောင်းရင်

လောဘမကြီးဖို့ နဲ့ ဆုတောင်းတတ်ဖို့ လိုတယ်

ကိုယ့်ရဲ့ အတိတ်ကံဟာ အခုဘဝမှာ

ကိုယ့်ချစ်တဲ့သူနဲ့ တူညီနေပေမယ်..

နောက်ဘဝမှာကံ

အကျိုးပေးက ကွဲနေချင်ကွဲနေလိမ့်မယ်…

အဲဒီလို အခါမျိုးမှာဆုတောင်းပြည့်နေရင်တော့မိအေးလို

အဖြစ်မျိုးမလွဲမသွေကြုံ မှာ..

ဒါကြောင်ဆုတောင်းရင်အသိတရားနဲ့ ယှဉ်ပြီးဆုတောင်းကြလို့”


မိန့် တော်မူတယ်….
................................

”မောင်”

”မောင်…ဘာတွေစဉ်းစားနေတာလဲ..ငယ်ခေါ်နေတာကြာပြီး…”

ကျွန်တော်ငယ့်ကိုပြုံးပြရင်း…

”အရင်အပတ်ဘုရားတက်တုန်းက ငယ့်ကို မောင်ပြောပြခဲ့တဲ့မိအေးပုံပြင်လေးကို

သတိရသွားလို့ ပါ ငယ်ရယ်…..

ငယ်ရော..အခုအကြာကြီးဆုတောင်းတဲ့ထဲမှာ

အရင်လိုဘဲ ဘဝဆက်တိုင်းမောင်နဲ့ ပေါင်းရပါစေလို့ ဆုတောင်းသေးလား…”

ငယ်က

”မောင်ပုံမှန်ဆုတောင်းနေကျ ငယ့်အတွက်မောင့်ဆုတောင်းကိုပြောပြရင်

ငယ်လဲပြောပြမယ်..ဘယ်လိုလဲ”

လူလယ်ကျတဲ့ငယ့်ခေါင်းလေးကိုကျွန်တော်ဖွဖွလေးခေါက်ရင်း..

” နောင်ဘဝဆိုတာများရှိခဲ့ရင် အခုလိုလက်ရှိဘဝအတိုင်းမောင်နဲ့ ငယ် ပြန်ဆုံပါရစေလို့ ”

ဆုတောင်းနေကျဗျ..

”အိုး..မောင်ရယ်..ငယ်လည်းဒီနေ့ မောင်တောင်းတဲ့ဆုအတိုင်းလိုတောင်းမိလိုက်တယ်”

ငယ့်လက်လေးကိုဆုပ်ကိုင်ထားတဲ့ကျွန်တော့်လက်ချောင်းလေးများက

ငယ့်ရဲ့ လက်လေးများကိုပိုတင်းကျပ်သွားအောင်ဆုပ်ကိုင်မိလိုက်တော့..

ငယ့်ဆီက ခွန်အားတစ်ခု ကျွန်တော့်နှလုံးသွေးကြောများဆီသို့ စီးဆင်လာသရောင်……


ဖိုးစိန်

Sunday, 29 March 2009

အရက်ပါ ထမင်းဝိုင်းလေး

အခုတစ်လော စိတ်တွေလေနေပါတယ်လို့ ... ပြန်ဆန်းစစ်ကြည့်တော့ အမေ့ကြောင့်..
မနေ့တစ်နေ့ကအမေရန်ကုန်ရောက်တယ်..သင်္ကြန်ကျရင်အလှူလေးလုပ်ချင်တယ်ဆိုပြီး လိုအပ်မယ်ထင်တဲ့ပစ္စည်းတွေလာဝယ်တာတဲ့..ထုံးစံအတိုင်းရောက်တဲ့မနက်ပဲ သားလုပ်သူကို
စကားပြောဖို့ အွန်လိုင်းတက်လာတာပေါ့..ကံကောင်းချင်တော့ မချိန်းထားပဲနဲ့ 
သားလုပ်သူကျနော်နဲ့ တန်းတိုးတယ်ဆိုတော့ ဝမ်းသာမဆုံးတပြုံးပြုံးလေ..
မတွေ့ ရင်သာပြောစရာ ရှာမရတာ..
တွေ့ တော့လဲဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းအကြောင်းကို
သားဖြစ်သူကျနော့်ကိုစီကာပတ်ကုံးနဲ့ ပြောမဆုးံပေါင်တော သုံးတောင်ပေါ့
ပြောစရာစကားတွေ တစ်ဝက်လောက်ကျိုးသွားတော့မှ အမေ က”သားစိန်.. သားအဖေကို နည်းနည်း ဆုံးမလိုက်ပါအုံး.. အခုတစ်လောသားစိန်အဖေ အရက်သောက်ပြီး ထမင်းသိပ်မစားတော့ဘူး..ပြောလို့ လဲမရဘူး”တဲ့…
ကျနော်ကြားတော့စိတ်မကောင်းဖြစ်သွားတယ်..အဖေက ညတိုင်း အရက်သောက်တယ်..သောက်တယ်ဆိုပေမယ့်
သူ့ ရေချိန်နဲ့ ကျော်ပြီးသောက်တာ မျိုးမရှိဘူး… နှစ်ပက်သုံးပက် ..စားဝင်အောင်သောက်တာ…
တစ်ခါဖူးမှ မူးတယ်ဆိုတာမတွေ့ ဘူးလေ..
အခုလဲအမေက အရက်သောက်များပြီး ထမင်းစားနည်းတာ လို့ ပြောတာမဟုတ်မှန်း သိပေမယ့် ထမင်းစားနည်းသွားတယ်ဆိုတော့
ထမင်းကိုစားဖို့ အဖေ့ကိုပြောရအုံးမှာပေါ့…အဖေ့ကိုသတိရသွားတယ်…
အဖေက ညတိုင်းအရက်သောက်တယ်..သူအရက်သောက်ချိန်တိုင်းလဲ မိသားစုကို အနားမှာရှိစေချင်တယ်..
အမေလုပ်သူက အဖေအရက်သောက်တတ်တယ်ဆိုတော့ အဖေ့ကျမ်းမာရေးမထိခိုက်ရလေအောင်တစ်နေ့ကို အသီးအနှံ သုံးမျိုးလောက်နေ့ တိုင်း ဝယ်ထားတယ်..ငှက်ပျောသီးလို ကျွဲကောသီးလို ရာသီပေါ်သီးနှံက အမြဲ အိမ်မှာမပြတ်ဘူး
အဖေ့အတွက်ပေါ့…ရပ်ကွက်လူကြီးဖြစ်တဲ့အဖေ့ကို ချစ်တဲ့ သူတွေကလည်း ညနေ တိုင်း အဖေ့အတွက်ငါးပျက်(ငါးပုတ်သင်)
ငါးပုဏားတို့ လို ပုစွန်တို့ လို ကို ချောင်းကနေ ငါးဖမ်းတက်တိုင်း အိမ်ကိုဝင်ပေးသွားတယ်..
ကျနော်ရှိတုန်းကတော့အဖေ့တွက် ငှက်ပျောဖက်နဲ့ ထုပ်ပြီး မီးသွေးလက်ကျန်ထဲကိုပြစ်ထည့်ထားလိုက်ရင်
အဖေအရက်နဲ့မြည်းလို့ရတဲ့ငါးကင်ပေါ့..ညနေ ထမင်းမစားခင် အဖေက အရက်သောက်ရင်အဖေက တကယ့်ဘုရင်စားတော်တယ်သလိုမျိုးပဲ.. ထမင်းစား အရက်ဝိုင်းမှာ ငါးကင် အသီးအနှံ နဲ့  ဟင်းချိုတစ်မျိုးမျိုးက အဖေ့တွက် အမြဲရှိတယ်..
အဖေအရက်စသောက်ပြီးဆိုရင် ကျနော်တို့ ကိုသူ့ အနားမှာနေစေတယ်..အမေလုပ်သူက တနေ့ တာ ကျနော်တို့ ဆိုးသမျှ ဒါမှမဟုတ် ရပ်ကွက်က သတင်းပေါင်းစုံကို အဖေ့ကိုဖောက်သည်ပြန်ချပေါ့.. လူကြီးကတော်ဆိုတော့ ရပ်ကွက်အကြောင်းကို သိထားရတယ်မဟုတ်လား..ဒါမှလူကြီးလုပ်သူအဖေကဟောက်စားပြန်လုပ်လို့ ရမှာလေ..
ကျနော်တို့ကြတော့အဖေအရှိန်လေးများကောင်းလာရင် လိုချင်တာကိုသူထက်ငါလုတောင်းကြတယ်..ပြီးရင် အဖေ့တွက်လုပ်ထားတဲ့အမြည်းတွေကိုစကားပြောရင်နှိုက်စားတယ်ဒီကြားထဲ အဖေက ကာရာအိုကေဆိုလိုက်တော့…
အရက်မကုန်ခင် အမြည်းကပြောင်ရော…အဲဒီလိုအချိန်ဆို အဖေက
”မင်းတို့ ကလဲ ပြောတော့အဖေ့တွက် ပန်းကန်ထဲမှာ အရိုးပဲကျန်တယ်”လို့ 
စိတ်ဆိုးတဲ့လေသံနဲ့ ပြောနေပေမယ့် အဖေ ပီတိဖြစ်နေတာကိုတော့မြင်နေရတယ်.အမေကတော့ ဗျစ် တောက်ဗျစ်တောက် အနားကနေ ပရိတ်ရွတ်နေတတ်တယ် ..ဒါပေမယ့် ကျနော်တို့မောင်နှမသုံးယောက်လက်ကတော့ တံခွန်မရသေးတဲ့လက်တွေလိုပါပဲ…ဘယ်လောက်ပြောပြော..အပြောခံပြီးတော့ကိုစားတယ်..
ဒီလိုနေ့ မျိုးတွေများလာတဲ့အခါကျတော့ အမေလုပ်သူ က ဈေးသွားရင် အသီးအနှံကို အရေအတွက်နဲ့ ဝယ်တော့တယ်.. သရက်သီး ဆိုတစ်ယောက်တစ်လုံး..ငှက်ပျောသီးဆိုလဲ တစ်ဖီး.. ကျွဲကောသီးဆိုလဲ တစ်လုံး..ဝေစုချပေးတယ်..
ဈေးသွားရင် ဘာဝယ်ဝယ် ငါးခုအမြဲဝယ်ရတယ်..
အိမ်ရောက်တာနဲ့တန်းပြီးခွဲထားပေးတယ်ပေါ့..ညီမလုပ်သူက လူလယ်မ… အကိုငယ်ဆီသွားပြီးရင် အကို့ငယ် စားမဲ့ အသီးကိုတစ်ဝက်ဆီခွဲညနေသူအလှည့်တစ်ယောက်တစ်ဝက်ပေါ့..
အကိုငယ်ဆီကပ်စား..ကျနော့်ကိုလည်း အဲဒီအကြံအတိုင်း ကပ်စား..
သူ့ အသီးကျတော့ဝှက်ထားပြီးတစ်ယောက်တည်းစားတဲ့ အပြင်
ညဖက်အဖေ့နဲ့ ဝိုင်းထိုင်ရင်လည်း လက်ကမြန်သေးတယ်…အငယ်ဆုံးဆိုတော့အလိုလိုက်ရတယ်လေ
တစ်နေ့ 
အမေ ဈေးကပြန်လာတော့ ဖရဲသီး အကြီးကြီးတစ်လုံးပဲပါလာတယ်..
အမေက” ဈေးကြီးတယ်..ရှားနေပြီး..
နင်တို့ ကိုတစ်ယောက်တစ်လုံးမကျွေးနိုင်တော့ဘူး..ညကျရင်လဲဧည့်သည်လာမယ်.. ညကျမှ မိသားစုခွဲစားမယ်”ပြောပြီး ဖရဲသီးကို ရေခဲသေတ္တာထဲထည့်ထားခဲ့တယ်.ကျနော်တို့မောင်နှမသုံးယောက်ကတော့မကျေနပ်ဖူး..
ဒီအဖွားကြီးကပ်စည်းနည်းတယ်ပေါ့…တစ်နေကုန် ဒီဖရဲသီးကိုစိတ်နာနာနဲ့  မျက်စောင်းထိုးနေကြတယ်..
နေ့ လည်လောက်အမေလစ်တဲ့အချိန်ကျတော့ ညီမလုပ်သူက ဖရဲသီး နီရဲလားမရဲလား
ကြည့်မယ်ဆိုပြီး တြိဂံပုံဓားနဲ့ ဖောက်ကြည့်ထားတဲ့ နေရာကိုဖွင့်
ဇွန်းလေးနဲ့ ကလော်စားပြီးပြန်ဖုံးထားတယ်
သူလဲအမှုမပတ်အောင်တော့ ကိုကြီးဖရဲသီးတော်တော်ချိုတယ်..မြည်းကြည့်ပါလားတဲ့..
နဂိုကတည်းက မျက်စောင်းထိုးနေတယ်ဆိုတော့ ကျနော်ကလည်းတစ်ကလော်စာနှိုက်စားတယ်..
ညီလုပ်သူကတော့ ပြောခံထိရင်သုံးယောက်လုံးပါမယ်..သူမစားခဲ့ရင် သူ အပြောခံရတာမတန်ပဲ
နေမယ်ဆိုပြီး အငယ်ကောင်ကလည်းတစ်ကလော်..
တစ်ယောက်တစ်ကလော်နဲ့ ဖရဲသီး အပေါက်က တော်တော်နက်သွားတယ်ပေါ့…
အလေးချိန်လဲတော်တော်ပေါ့သွားတယ်…ပြီးတော့ ပြန်ဖုံးထားတယ်။..
ညီမလုပ်သူရဲ့ ရွှေဥာဏ်တော်နဲ့  အမေက ဖရဲ သီးကိုကိုင်ရင်လေးရအောင်ဆိုပြီး
နှိုက်စားထားတဲ့နေရာကိုပြည့်နေအောင်
ရေနဲ့ အစားထိုးဖြည့်ထားပြီးပြန်ဖုံးထားလိုက်သေးတယ်
ညနေစောင်းတော့ သုံးယောက်လုံးက အကြောင်းပြချက်အမျိုးမျိုး နဲ့ အိမ်ပေါ်ကနေ လစ်ဖို့ 
စောင့်နေကြတယ်…ချီတက်ကြမယ်..အဖွားအိမ်ကို…
အမေ နဲ့ အဖေ ကလည်းဧည့်သည်နဲ့ စကားပြောကောင်းတော့ ဖရဲသီးကိုမေ့နေတာ…
အဖေအရက်သောက်ပြီး လို့ ထမင်းစားခါနီးကျမှ အမေကသတိရလို့ ကျနော်တို့ ကိုယူခိုင်းတာ
တစ်ယောက်မှမလှုပ်ဘူး..ကိုကြီးယူ..ကိုငယ်ယူ..သီရိယူနဲ့  နောက်ဆုံးအဖေကစိတ်မရှည်စွာနဲ့  ထယူတယ်..
ဖရဲသီးကို ထမင်းစားစာပွဲပေါ်တင်..စကားပြောရင်း ဓားနဲ့  အားရပါရခွဲလိုက်ရော…ထွက်ကျလာတာ ရေတွေ..ရေတွေ..
အဖေက အံ့သြတဲ့ အကြည့် ကျနော်တို့ သုံးယောက်ကို မသကာင်္တဲ့မျက်လုံးနဲ့ ကြည့်
အမေကတော့ နင်တို့ လုပ်တာသိတယ်ဆိုတဲ့စိတ်ဆိုးတဲ့အကြည့်နဲ့ တစ်ခုခုပြောမလို့ လုပ်တုန်း
ညီမလုပ်သူက”ဒီတစ်ခါတော့ လူကြီးကတော် က ဖရဲသီးသည်တစ်ပတ်ရိုက်တာခံလိုက်ရတယ်
လူကြီးကတော်ကိုမှ ဒီလိုလုပ်ရတယ်လို့..ဘာမှမပူနဲ့အမေ..နောက်နေ့ကျမှအမေ့အစား ဒီဖရဲသီးသည်ကိုပိုးစိုးပက်စက် ရန်တွေ့ လိုက်အုံးမယ်..လူကြီးကတော်ကို ပေါ့ပေါ့သေးသေးများထင်နေလား..တော်တော်ဆိုးတဲ့ဖရဲသီးသည်”
တဲ့…
ညီမလုပ်သူစကားကြားတော့
အဖေရောအမေရော ဘာမှ မပြောနိုင်တော့ဘူး..

သူတို့ နှစ်ယောက်ရဲ့ မျက်နှာကို မြင်ယောင်ကြည့်ပါတော့ဗျာ…ဟက်တက်ကွဲပြီး..
ရေသာထွက်လာတဲ့ဖရဲသီးနဲ့  ကျနော်တို့ မောင်နှမသုံးယောက်ကိုတလှည့်စီ ကြည့်ပြီး..အဖေကပြုံးလို့ ..
အမေကသာ မျက်စောင်းတထိုးထိုး ရယ်ချင်ရက်နဲ့ မန်းမှုတ်နေသေးတယ်..
ထမင်းစားတော့လဲ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ သုံးယောက်သား ခေါင်းလေးကိုငုံ့ လို့ ပေါ့.. အမေ့ကိုကျနော်မှတ်မှတ်ရရ ဒီအကြောင်းလေးပြန်ပြောပြတော့အမေလဲ ပြုံးပြီးပြန်သွားတယ်…..အဖေ့ကိုလဲ အိမ်ပြန်ရင်ပြန်ပြောပြမှာသေချာပါတယ်…ကျနော်လဲ အဖေနဲ့ တူတူ မိသားစု တစ်ယောက်တစ်ပေါက်နဲ့ 
ရန်ဖြစ်လုစားရတဲ့ အရက်ထမင်းဝိုင်းလေးကိုလွမ်းတယ်..အဖေလဲ ဒီအကြောင်းစဉ်းစားမိရင် တနေရာစာလွတ်နေတဲ့ခုံကိုကြည့်ပြီး
ကျနော့်ကိုလွမ်းနေမယ်ဆိုတာ ကျနော်တထစ်ချယုံကြည်ပြီးသားပါ…
အမေပြောသလို အဖေ့ကိုထမင်းများများစားအောင်လဲ ဆုံးမရအုံးမယ်..

ဖိုးစိန်

Saturday, 28 March 2009

ဖယောင်းတိုင် “တို”




ငြိမ်သက်နေတဲ့ နှလုံးခုန်သံ
စည်းချက်မမှန်တဲ့ အသက်ရှူသံ
လေးတွဲ့ တွဲ့ သက်ပြင်းချသံ
ဒီအသံတွေကြား
ငါ့ကိုယ်ငါရုန်းကြည့်မိတယ်……
မသက်ဆိုင်တော့တဲ့ ချစ်ခြင်းမုန်းခြင်းတရားတွေ
နှောင်ကြိုးမဲ့နေတဲ့ အလိုဆန္ဒတံခါးတွေ
သီကုံးဖို့ ကြိုးစားနေတဲ့ ဥပေက္ခာပန်းတွေကြား
ငါ့ကိုယ်ငါမပိုင် ငါကိုယ်တိုင်မသိပဲ
မလွတ်မြောက်နိုင်ခဲ့…။
လည်ပတ်နေတဲ့ဘဝ ပင်နယံတွေကြားက
အိမ်မက်လိုလို စက်သံတွေညံဆူစွာနဲ့ 
ခုတ်မောင်းရမဲ့သံသရာခရီးက ရှည်လွန်းပါတယ်..။
ဒီခရီးကို လိုက်ပါမဲ့ ငါလဲ
မီးဇာ ကုန်တော့မဲ့
ဖယောင်းတိုင် ”တို ” ပါပဲ…
ဖယောင်းတိုင်”တို” ပါပဲ…….။

ဖိုးစိန်
ပုံကို (flickr)မှရယူပါသည်။

Tuesday, 24 March 2009

မပြည့်ဝခြင်းရဲ့ ဆန္ဒ






ဇာတ်လမ်းတစ်ပုဒ် ရေးခဲ့ဖူးလည်း
ပြန်ဖတ်ချိန်မှာ တစ်ခုလို....

ကဗျာစာသား ရေးကာထားလည်း
ခံစားမိချိန် တစ်ခုလို......

အိမ်မက်တစ်ခု မက်ခဲ့ဖူးလည်း
ပြန်တွေးကြည့်တော့ တစ်ခုလို....

ဟာသတစ်ပုဒ်နဲ့ ရသ ထုတ်လည်း
ရယ်ပြီးချိန်မှာ တစ်ခုလို......

ဆို့ နစ်ကြေကွဲ မျက်ရည်ဝဲလည်း
ငိုပြီးချိန်မှာ တစ်ခုလို.....

အချစ်တစ်ခု ဖန်တီးမှုလည်း
လွမ်းမိဆဲမှာ တစ်ခုလို....

လျှောက်လှမ်းနေဆဲ ဒီခရီးလည်း
ပြန်မျှော်ကြည့်တော့ တစ်ခုလို....

တစ်ခုများစွာ လိုအပ်ခဲ့လည်း
သေချာအားစိုက် ရှောင်နေခိုက်တွင်
ပြည့်ဝလေအောင် မဖြည့်နိုင်သော
ငါ့ရဲ့ ဘဝသည်...
အမြဲ ..တစ်ခုလို....
အမြဲ.... တစ်ခုလို....။



ဘာရယ်တော့မဟုတ်ပါဘူး..
အခုချိန်မှာ ကျွန်တော်ဒီလိုဘဲခံစားမိနေပါတယ်...
ဖိုးစိန်


ပုံကို (flickr)မှရယူပါသည်။

Sunday, 22 March 2009

ကျွန်တော်ချက်သော ဂရိစာ ”မုဆာခါ” (MOUSSAKA)





ဂရိကိုပဲ သွားသွား ဆိုက်ပရပ်စ်ကိုပဲလာလာ အစားအသောက်ကို ရွေးရတော့မယ်ဆိုရင်
မစားမဖြစ် စားဖူးရမဲ့ထဲမှာ ပါဝင်ပြီး ဂရိရိုးရာ အစားအစာလို့ လဲပြောလို့ ရ လူကြိုက်လဲများ
တာ ”မုဆာခါ” (MOUSSAKA) ပါ
ကျွန်တော်တို့  မြန်မာခံတွင်း နဲ့ လည်းစားရတာ အဆင်ပြေတယ်..ကျွန်တော်လဲကြိုက်တယ်
ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ ရောင်းအားအကောင်းဆုံး လူကြိုက်အများဆုံး စာရင်းထဲမှာ
ပါတဲ့ ”မုဆာခါ” ချက်နည်းလေးကိုတင်ပြလိုက်ပါတယ်..ပါဝင်သောပစ္စည်းများ (၅)ယောက်စာ ၁။ ဝက်သား (သို့ ) အမဲသား (သို့ ) မှို (သက်သက်လွတ်စားသူများအတွက်) ကြိတ်သားကိုဝယ်ရပါမည်.. (၁)ကီလိုခွဲ ၂။ခရမ်းသီး အလုံးကြီးကြီးလှလှ (၅)လုံး ၃။အာလူး (၅)လုံး ၄။ခရမ်းချဉ်သီး (၈)လုံး ၅။ကြက်ဥ (၂)လုံး ၆။နွားနို့  (၁)လီတာ ၇။ဆီ လက်မှန်း ၈။ဆား အနည်းငယ်(လိုသလောက်) ၉။ကြက်သွန်နီ အလုံးကြီး (၃)လုံး ကြက်သွန်ဖြူ ဥအမွှာ (၄) ဥ ၁၀။ဂျုံ လက်မှန်း ၁၁။ငရုတ်ကောင်းမှုန့်  (အနက်) အနည်းငယ် ၁၂။သစ်ကြံ့ပိုးမှုန့်  အနည်းငယ် ၁၃။ထောပတ် လက်မှန်း..များရင်မကောင်း အခုချက်မှာ ကကျနော်စားသောက်ဆိုင်မှာ ချက်တဲ့နည်းအတိုင်းနော် ဒုတိယအဆင့်
ဟင်းချင်းမဲ့ အိုးထဲကို ဆီ အနည်းငယ်ထည့်(ဆီများရင်စားမကောင်း.. ပြီးတော့ ခရမ်းသီးကြော်နဲ့ အားလူးကြော်
ကနေဆီထပ်ထွက်)
ဆီပူရင် အတုံးသေးသေးလေးတွေတုံးထားတဲ့ကြက်သွန်နီကို ညိုရောင်သန်းသည်အထိကြော်
ကြက်သွန်ကြော်နံထွက်လို့ ညိုလာရင် ကြက်သွန်ဖြူ အမွှာလေးတွေကြိတ်ထားတာကိုထည့်
အနံ့ ထွက်လာရင်တော့ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူး သစ်ကြံ့ပိုးမှုန့် ဖြူး
ပြီးရင် ကြေအောင်ချေထားတဲ့ ခရမ်းချဉ်သီး အနှစ်ကိုထည့်ပြီး မွှေပေးပါ
အဖုံးအုပ်ထားပြီးလျှင် အရေ အနည်းငယ်ခန်းတဲ့ထိစောင့်ပါ..
ရေအနည်းငယ်ခန်းလျှင် ကြိတ်ထားသေားဝက်သား(သို့ ) အမဲသား
(သက်သက်လွတ်သမားများအတွက် အတုံးမကြီးမသေးတုံးထားသော မှို )
ကို ထည့်..ဆားအနည်းငယ်ထည့်..သကြား အနည်းငယ်ထည့်ပြီး
ဆီပြန်တဲ့အထိချက်ပါ… အသားချေထားတော့ ဆီပြန်တာနဲ့ ကျက်ပါတယ်
(မှို ဆိုရင်တော့ ခဏလေးနဲ့ ကျက်ပါတယ်)
ဆီများရင် မကောင်းဘူးနော်.. ကျမ်းမာရေးနဲ့ လဲမညီဘူး..
ပြီးရင် အာဗန်ထဲ အထည့်ခံ အပူခံနိုင်တဲ့ မှန် ပန်ကန်းလုံး သို့ မြေပန်ကန်းလုံး ကိုယူပါ
အရွယ်အစားကတော့ ကိုယ်ချက်တဲ့ပေါ်မူတည်ပါတယ်..
တတိယအဆင့်
ရွေးထားတဲ့ ပန်ကန်လုံးထဲကို စောစောက ကြော်ထားတဲ့ ခရမ်းသီးကို
ပထမဆုံးအနေနဲ့ တလွှာထည့်
နောက်..အာလူးကိုအပေါ်ကနေ ပြန်လွှာ..ပြီးရင် ချက်ထားသော အသားကို တလွှာ
ပြီးရင် ခရမ်းသီး..အာလူး..ချက်ထားသော အသား ကိုယ်တိုင်ကြိုက်သလိုလွှာလို့ ရပါတယ်…
ဒါပေမယ့် အပေါ်ကနေ အုပ်မဲ့ ခက်ရီး(မ်)အတွက်နေရာချန်ထားရပါမယ်..“
စတုထ္တ အဆင့်
ခက်ရီး(မ်) လုပ်နည်း
ထောပတ်ကို မီးပျော့ ပျော့ နဲ့ အပူပေး… ထောပတ်ကျက်လျှင် နွားနို့ ကိုထည့် ပြီးလျှင်
ကြက်ဥနဲ့ ရောမွှေခေါက်ထားသော ဂျုံ မှုန့် ကို ထည့်မွှေ..ဆားအနည်းငယ်..
အနံ့ မွှေးအောင်သစ်ကြံ့ပိုးမှုန့် အနည်းငယ်ထည့်.. မီးခပ်ပျော့ပျော့ မှာ
မွှေရင်းနဲ့ ပျစ်လာပြီးဆိုလျှင် စောစော ကအသားတစ်ထပ် အသီးတစ်ထပ်ပေါ်ကို
အကုန်လုံးဖုံးသွားအောင် လောင်းချလိုက်ပါ..
ကြက်ဥပါတဲ့ အတွက်ကျက်သွားတဲ့အခါ အပေါ်ကနေ မို့ မောက်ဖောင်းနေတတ်တဲ့ အတွက်
အပြည့်အလျှံ မထည့်ပါနဲ့ ..
နောက်ဆုံးအဆင့်
အကုန်လုံးက ကျက်ပြီးသားဆိုတော့ အဓိက က ခက်ရီး(မ်) ကိုသာ ရွှေရောင်သမ်းပြီး
အနံ့ ထွက်အောင် ဖုတ်ရမှာ ပါ…
ဒါကြောင့် မိနစ် (၂၀) လောက် အပူချိန် (၂၀၀) ဒီဂရီလောက်နဲ့ ဖုတ်ရင် ရပါတယ်
ဒါကလဲ ချက်တဲ့သူအပေါ်မူတည်တယ်..ဘယ်လို အနေအထားကြိုက်တယ်ဆိုတာ..
တစ်ချို့ ကညိုတာနဲ့ ချတယ်..တစ်ချို့ က အပေါ်က ကျွတ်ကျွတ်လေးဖြစ်နေတာကို
ကြိုက်တယ်.. အာဗန် မရှိရင် မိုက်ခရို ဝေ့ နဲ့ ဖုတ်လဲ အလုပ်ဖြစ်တယ်..
အဓိက ကခက်ရီး(မ်) အရောင်ထွက် အနံ့ ထွက်ဖို့ နော်… သစ်ကြံ့ပိုးန့ံ နဲ့ ဆိုတော့
အနံ့ လေးများထွက်လာ ရင် ဗိုက်မဆာတောင် အလိုလို သရေ ကျနေပါတယ်..
မြန်မာပါးစပ်နဲ့ လည်းကိုက်တဲ့အစားအသောက်လဲဖြစ်တယ်
နာမည်ကြီးတဲ့ အစားအစာလဲဖြစ်တော့ ဝေမျှလိုက်ပါတယ်
ကျနော့်စားသောက်ဆိုင်မှာ လဲ ကျနော်ချက်တဲ့”မုဆာခါ” က လူကြိုက်များပါတယ်
အထူးသဖြင့် အီတလီ လူမျိုး နဲ့ ပြင်သစ်လူမျိုး များကြိုက်လေ့ရှိပါတယ်..
ချက်ပုံချက်နည်းလေး လွယ်အောင် ယူကျူ့ ကနေပြီး ကူးထားပေးတယ်ချက်ပုံချက်နည်းကတော့ကွဲပြားပါတယ်..
အခုပြောပြထားတာကတော့ ကျနော့်ချက်နည်းပါ…
ကျနော့်ကို သူထေးကိုယ်တိုင်သင်ထားပေးပါတယ်..
ဒါပေမယ့် ချက်တာချင်းအတူတူ သူ ကကျနော်ချက်တာကြိုက်ပါတယ်..
သူကြိုက်လို့ လဲ အလုပ်မြဲနေတာပေါ့…
ကျမ်းမာရေး သတိပေးချက်
”မုဆာခါ”တွင်
ကယ်လိုရီ ……… ၂၇၈
ကိုလက်စရော……၄၂ မီနီဂရမ်
ဆိုဒီယမ်………..၃၉၅ မီနီဂရမ်
စုစုပေါင်း ကာဗွန်ဟိုက်ဒရိတ်……. ၄၈.၁ ဂရမ်
ပရိုတင်း……………………၁၁ ဂရမ်
အဆီဓာတ်………………. ၆.၃ ဂရမ် (ဒါကြောင့်ဆီလျှော့ထည့်ပါလို့ )
ဒိုင်ရက်ထရီ ဖိုက်ဘာ ……. ၁၀.၈ ဂရမ် ပါဝင်ပါသည်..(အစားအသောက်ဆင်ခြင်သူများသတိချပ်ရန်သာ)


ကျနော့် အမများဖြစ်ကြတဲ့ မနော် (မနော်ဟရီ) နဲ့  မဝါ(ဝါဝါခိုင်မင်း) ရေ
ကျနော် ကတော့ ချက်ကြွေးပြီးသွားပြီးနော်..
ကဲအခု ကျနော့် အမတွေက ကိုယ့်မိသားစုတွေကို ဂရိအစားအစာလေး ချက်ကြွေးလိုက်ပါအုံး..
ပစ္စည်းတွေ အကုန်လုံးက ဘယ်နိုင်ငံမှာမဆိုဝယ်လို့ ရသလို အရသာလဲရှိပါတယ်..
စပ်လည်းမစပ်ပါဘူး…ဒါကြောင့် ချက်ကြွေးလိုက်ပါနော်..
အဟားးဟားး …အချွန်နဲ့ ပြန်မတာ
ကျနော့်အိမ်ကိုလာလည်တဲ့ ကျနော့် ချစ်ညီအကို ချစ်အမညီမများလည်း
ကျနော်လက်ရာလေးကိုမြည်းပြီးအိမ်မှာပြန်ချက်စားကြပါလို့ ..
ဒါကတော့ဝက်သားနဲ့ လုပ်ထားတာဒါကတော့ အမဲသား နဲ့  ချက်ထားတာ

ဒါကတော့ မှိုနဲ့ သက်သက်လွတ် (ကျနော်ပိုကြိုက်တယ်ဒါကတော့ ညီအကို မောင်နှမ တွေအားလုံးစားလို့ ရအောင်



စားသွားကြပါ..လိုသလောက်အိမ်သယ်သွားပါ…နောက်တစ်ခါလဲလာစားပါ..စိတ်မဆိုးပါဘူး..
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Friday, 20 March 2009

ခြံစိုက် စုဗူးလေး ရဲ့ ဝါသနာ




ကျနော်တို့ အိမ်နော်ကဖေးမှာ အုန်းပင် ၃ ပင်ရှိတယ်… အဖေက ပြောတယ်
အုန်းပင် တစ်ပင်စီဟာ ကျနော်တို့ အသက်နဲ့ ညီတယ်တဲ့..ဆိုလိုတာက ကျနော်
တို့ မွေးတဲ့နေ့ တွေမှာ အဖေက အုန်းပင်တစ်ပင်စီစိုက်ခဲ့တော့ ကျနော်တို့ မောင်နှမ
၃ ယောက်အတွက် အုန်းပင်က ၃ပင်.
အရွယ်ရောက်သိတတ်စကတည်းက အဖေက ဒါကဘယ်သူအုန်းပင်ပါဆိုပြီး
အမွေပေးထားတယ်. ကျနော်ပိုင်တဲ့အုန်းပင် ကတော့ အိမ်နောက်ဖေးကပြင်နဲ့ 
ကပ်လျှက်ဖြစ်နေတယ်.ငယ်ငယ်ကတည်းကကျနော် ကိုယ်ပိုင်တဲ့အုန်းပင်ကို
ဂရုတစိုက်နဲ့ အမြဲတမ်းရေလောင်းပေးတယ်လို့ အမေကတော့ပြောပါတယ်..
ပြီးတော့သေးလဲပန်းပါတယ်တဲ့.
ကျနော်ဘယ်ပဲသွားသွားသေးပေါက်ချင်ရင် အိမ်ကိုပဲရောက်အောင်ပြန်တယ်..အိမ်ရောက်ရင်
အိမ်သာထဲသွားပေါက်တယ်မထင်နဲ့ .အုန်းပင်ရင်းကိုသွားပြီး သေးပန်းတာပါ..
ဘာဖြစ်လို့ လဲဆိုတော့ ငယ်ငယ်တုန်းကဦးလုပ်သူကိုမေးဖူးတယ်..
အုန်း သီးများများသီးအောင်ဘာလုပ်ရမလဲ မေးတော့
ဦးက နေ့ တိုင်းသေးပေါက်ပေးတဲ့..အသီးအောင်ပြီး အရည်များမယ်ဆိုလို့ ပါ..
အဲဒီတော့ ..ကျနော် အုန်းပင်ကထွက်တဲ့ အုန်းသီးကိုတော့အိမ်က လူတွေက အလိုက်သတိနဲ့ 
မစားဖူး..ညီလုပ်သူက ကိုကြီး အုန်းပင်က အုန်းရေက ချိုမှာမဟုတ်ဘူးလို့ တဲ့ဗျ..
ဘာပဲဖြစ်ဖြစ် ကျနော့် အုန်းပင်ကိုတော့ ဂရုတစိုက်နဲ့ သေးပေါက်ခဲ့ပါတယ်..
အုန်းပင်ကိုရှင်သန်ကြီးထွားပြီး အုန်းသီးများများသီးစေလိုတဲ့ စိတ်နဲ့ ပါ..ဒါက ဝါသနာ အစ
ကျနော် ၄တန်းရောက်လောက်မှာ အမေ့ ရွာက အမျိုးတစ်ယောက် အိမ်မှာလာတည်းတယ်..
ရွာပြန်ခါနီး သူ့ ခြံအတွက် သစ်စေ့မျိုးစေ့တွေဝယ်တော့ ကျနော် က သူ့ ဆီက
စပ်စပ်စုစုနဲြ့မင်ဖူးအောင် တောင်းကြည့်တယ်..
သူကလဲ ဗူးစေ့ ၆စေ့ ကို မှတ်မှတ်ရရပေးပြီး.. စိုက်ထား.ဦး နောက်တစ်ခါပြန်လာရင်
သားဗူးပင် ရှင်လား မရှင်လားကြည့်မယ် ဆိုပြီး ပြောသွားတယ်လေ..
ကျနော်လည်း အိမ်စိုက်ပန်း အိုးလေးတစ်လုံးကိုရှာ .မြေဆွေးမြေ ကျက်တွေ ဘာတွေမသိဘူး..စုံနေအောင် တော့ထည့်ပြီးဗူးစေ့တွေကို မြှုပ် ထားခဲ့တယ်..
နေ့ တိုင်းလဲရေလောင်းပြီးဗူးစေ့တွေဘယ်တော့အပင်ပေါက်လာမလဲဆိုတာကိုပဲ
ထိုင်ကြည့်နေရတာအမော.. စိတ်ကလဲဗူးပင်ကိုပဲစွဲ လာတယ်..
တစ်ပတ်ကျော်ကျော်လောက်ကြာတော့ဗူးစေ့ က အဖြူ အညှောက်လေးထွက်လာတာမြင်တော့
ကျနော့်ခမျာ ပျော်လိုက်တာ..ဒါနဲ့ အဖေ လုပ်သူက စိတ်ချမ်းသာအောင်ဆိုပြီး..
နောက်ဖေး ကျနော်ပိုင်တဲ့အုန်းပင်နားမှာမြေဖို့ ပေးပြီး အိုးပြောင်းစေခဲ့တယ်..
(ဗူးပင်းကိုတော့သေးမပန်းတော့ပါ)
နောက်တော့အပင်က တဖြည်းဖြည်း အညွန့် တွေဝေလာတော့ အမေလုပ်သူကမနေနိုင်ပဲ
ဗူးစင်သေးသေးလေ ဆောက်ပေးခဲ့တယ်..နောက်တော့ဗူးစင်ကို အကြီးကြီးဆောက် ပေးခဲ့တယ်လေ
ကျနော် ကလည်းဝါသနာကြီးတာလာ အစွဲကြီးတာလားမသိဘူး..မိုးလင်းမိုးချုပ် ဒီဗူးစင်ပဲ..
ရှာကြံပြီးလုပ်နေတယ်..တကယ်တော့ အမေကသာ စောင့်ပေးတာပါ..
အဖေက ငါ့သားလက်ဆိတ်ရှိတယ်ဆိုပြီး..ရုံးပဒေပင် ငရုပ်ပင်နဲ့  ခရမ်းချဉ်သီး ခရမ်းကျွတ်သီး
တို့ ကို ပေးစိုက်ခဲ့တယ်..နောက်ပိုင်းတော့အဖေရော အမေရောစိတ်ပါသွားတယ်..အသီးမျိုးစုံကိုနည်းနည်းဆီစိုက်လာတယ်..ကျနော်ကတော့အတက်ကြွဆုံးပေါ့.
ကျောင်းမသွားခင် မိုးလင်းကတည်းက အပင်တွေနားရောက်နေပြီး..ကျောင်းက ပြန်ရောက်တိုင်း အပင်တွေကို ကြည့်ရတာအမော..
အသီး လေးများတစ်လုံးစ နှစ်လုံးစ တွေ့ ရပြီးဆိုရင် လိုက်ကြွားရတာအမောပဲ..
ကျနော်တို့ အိမ်နောက်ဖေးက မြေကောင်းတာလဲပါမယ်..ဗူးသီးများသီးလိုက်ရင် အလုံးက လှတယ်.
နောက်ပိုင်း အိမ်စား အဖြစ်တင်မကဘူး..ပိုလျှံသမျှကို အမေ ကရောင်းပေးတယ်..
ရောင်းရတဲ့ ပိုက်ဆံကိုစုဗူးလုပ်ထားပေးတယ်..
နောက်ပိုင်း ကျနော်ကိုယ်တိုင် ပိုက်ဆံလဲရ ဝါသနာလဲပါဆိုတော့ ကျနော့် အိမ်နောက်ဖေးတစ်ခုလုံးက
နွေရာသီကျောင်းပိတ်ရက်ဆိုရင် ကျနော့် အတွက် အမောဖြေစရာဖြစ်လာတယ်..
ဟင်းသီးဟင်းရွက်ကိုစုံလို့ ပေါ့.. ကျနော် ခြံရှင်းမြက်နှုတ်ပေါင်းသင် အပင်စိုက်ရတာဝါသနာ တော်တော်ကြီးပါတယ်..စိတ်လဲစွဲပါတယ်.. ကိုယ်စိုက်တဲ့ အပင်လေး အပင်ပေါက်လာရင်လဲပျော်လိုက်တာမှ အရမ်းပဲလေ..အခုဆိုရင် ကျနော်မရှိတောင်မှ အမေ က ကျနော့် အိမ်နောက်ဖေးဈေးဆိုင်ကို သူတတ်နိုင်သလောက်လုပ်ပေးနေပါသေးတယ်..ကျနော်ကို သတိတရလဲ
အလွမ်းဖြေတာလဲပါတယ်လို့ ပြောပါတယ်..
ဒီနိုင်ငံရောက်တော့လဲ ကျနော်ဝါသနာပါတဲ့အလုပ်ကို လုပ်နေတုန်းပါ.. ခြံရှင်း အပင်စိုက် အပင်ခုတ်ဖို့ ခေါ်ရင်
ကျနော်သွားလုပ်ပါတယ်..ရှုတ်နေတဲ့ ခြံကိုရှင်းပြီး သပ်သပ်ရပ်ရပ် နဲ့ ခြံကို ပြန်ကြညြ့်ပီး အပင်တွေကို ရေလောင်းရတဲ့ အရသာ ကဘာနဲ့ မှမလဲနိုင်ဘူး..ပျော်လဲပျော်တယ် ပိုက်ဆံလဲရတယ်ပေါ့…
အခုချိန်ထိလဲ ဒီနိုင်ငံမှာ ဝါသနာ အရရော..ပိုက်ဆံရဖို့ ပါလုပ်နေပါတယ်..
ပေါက်တူးကိုင်လို့ ပင်ပန်းပေမယ့် ကိုယ်ရှင်းပြီးလို့ ပိုက်ဆံရရင် အရမ်းပီတိဖြစ်ပါတယ်..

နောက်တစ်ခု က ရတဲ့ပိုက်ဆံကို စုထားတတ်တဲ့အကျင့်ရှိတယ်..အမေ က အကျင့်လုပ်ပေးခဲ့တာပါ..
ဘယ်လောက်ရရ အပြင်က ရတဲ့ပိုက်ဆံကို အမှတ်မထားပဲစုရတာ ဝါသနာတမျိုးပေါ့..
ငယ်ငယ်ကတည်း က စုတယ်.. တခါတလေ အငယ်ကောင်နဲ့ တွေ့ လို့ စုဘူးအခိုးခံရလဲ စိတ်မှတ်မရှိဘူး
စုတုန်းပဲ.. စုထားတဲ့ပိုက်ဆံကို ကျနော် မြန်မာပြည်မှာ ရှိနေတုန်းက တန်ဆောင်တိုင်ပွဲမဖြစ်ခင်
စုဗူးဖွင့်..အဝတ်အစားဝယ်..အိမ်မှာ အမေတို့ ဘုန်းကြီးဆွမ်းကပ်ရင် စုထားတဲ့ပိုက်ဆံထည့်ပေးတယ်..
ကုသိုလ်လဲရတယ်.. အဝတ်အစားလဲရတယ်..သုံးလဲသုံးရတယ်လေ.. စုထားတယ်ဆိုပေမယ့်
မသိမသာ နေခဲ့တော့ ပိုက်ဆံရတဲ့အချိန်မှာ အရမ်းဝမ်းသာတာပဲ..ဒီလို ခံစားတဲ့အရသာ ကလည်းဝါသနာ တစ်မျိုးပဲပေါ့…ဒီနိုင်ငံရောက်တော့လဲ.. ကျနော် ကို တစ်ခါတစ်လေ အပိုပေးလိုက်တဲ့ အကြွေစေ့တွေ..
ကျပ်တန်တွေ နဲ့ ကျနော့် စားသောက်ဆိုင်မှာလုပ်လို့ ရတဲ့ဘောက်ဆုတွေကို မမှတ်မထားပဲ
စုဗူးထဲကိုသာထည့်ထားလိုက်တယ်..တခါတလေစိတ်လိုလက်ရထည့်တာမျိုးလဲရှိတယ်..
ဒီမှာ တော့ တနှစ်မကူးခင်ညမှာ စုဗူးကိုဖောက်ပြီး ၁၂ နာရီတိတိမှာ
ပိုက်ဆံဘယ်လောက်ရသလဲလို့ ရေတွက်ရတာ ရင်ခုန်မှုတစ်မျိုးပဲပေါ့.. စုဗူးက ရတဲ့ ပိုက်ဆံကိုတော့အမေ့ ကို အမှတ်တရပေးလေ့ရှိပါတယ်.. အမေ့အတွက်ဆိုပြီးထားတယ် ကျနော်ကတော့ အဲဒီပိုက်ဆံထဲက အကျီ တစ်ထည် ဒါမှမဟုတ် ဘောင်းဘီ ဖိနပ် တစ်ခုခုကိုတော့အမှတ်တရ ဝယ်လေ့ရှိပါတယ်… ဒါကတော့ကျနော့်ဝါသနာ ပါ..
ကျန်တာကတော့ဝါသနာကြီးကြီင်္းမားမားမရှိဘူး.. ဒါပေမယ့်မျောက်နှစ်ဖွား ဖြစ်တဲ့အတွက်
နေရာ တကာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်မိလုပ်ရာ လုပ်နေတာ ကလည်း ဝါသနာတစ်မျိုးပါပဲ..
ပန်းချီဆိုလဲဆွဲလိုက်တာပဲ.. စာဆိုလဲရေးလိုက်တာပဲ.. ထမင်းဟင်းဆိုလဲချက်လိုက်တာပဲ..
ဒါတွေအကုန်လုံးကို ဝါသနာ ပါပေမယ့် ပါရမီ မရင့်ဘူးလို့ တော့ထင်ပါတယ်..
ဒါပေမယ့် ကံကောင်းလို့ အသက်ရှည်မယ် ဆိုရင် ခြံထဲ မှာ အပင် စိုက်စားမယ်လို့ 
စိတ်ကူးထားပါတယ်..စိတ်ကူးဆိုပေမယ့် ဖြစ်အောင်လုပ်မှာပါ..
ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအပွင့်တွေကို မြင်ရတဲ့အခါ ရတဲ့ပီတိက ဘာနဲ့ မှ မလဲနိုင်ဘူးလို့ 
ကျနော်ထင်ပါတယ်..ဒီအတိုင်းပဲ ပိုက်ဆံတွေကိုမသိမသာစုပြီး
စုဗူးခွဲတဲ့အခါ ရတဲ့ပျော်ရွင်မှုကလည်း အတိုင်းထက်အလွန်ပေါ့..

ကဲ ညီလေး ကောင်လေးရေ…
ဒီလောက်ဆို အကို့ ရဲ့  ဝါသနာ ခြံစိုက်စုဗူးလေး အကြောင်း ကို ကျေနပ်မယ်လို့ ထင်ပါတယ်..
လေးစားစွာဖြင့်
ဖိုးစိန်
မှတ်ချက် - ပုံများ ကို ဂူဂယ်မှ ရယူပါကြောင်း.

Tuesday, 17 March 2009

သိုဝှက်သိမ်းဆည်းထားသော


အခန်း(၁)

”ဖြူ”
”ဖြူ”
”မောင်မေးနေတာကြားလား. ”
”အင်” တစ်လုံးထဲ နဲ့ ကျမခေါင်းညိတ်တော့ မောင် က အားမလိုအားမရ..လေသံကအစ မာလာတာကိုသတိထားမိပါတယ်
”မောင်မေးနေတယ်လေ…မနက်ဖြန်ဘာနေ့ လဲဆိုတာ”
”တနင်္ဂနွေ..ရုံးပိတ်ရက်..မောင်ဘာစားချင်လို့ လဲ”..
”မင်းကကွာ ”
မောင်တော်တော်ခံပျင်းသွားပုံရသည်….
ဆွယ်တာထိုး နေရင်း ကျမမောင့်မျက်နှာကို လှည့်ကြည့်တော့ မောင်က မျက်မှောင်ကုပ်လို့ 
ဟိုဘက်လှည့်သွားလေရဲ့ ..ကျမ ရယ်ချင်သည်..မောင်က တစ်ခါတစ်လေ စိတ်ကောက်တတ်သည်..
မောင်ဘာကိုမေးသလဲဆိုတာကျမ သိပြီးသား..မနက်ဖန် မောင်နဲ့ ကျမ အိမ်ထောင်သက် (၃)နှစ်ပြည့်တဲ့နေ့ 
ဒါကိုမောင်က ကျမကိုသတိရစေချင်တာ..ကျမက မိန်းခလေး..မောင့်ကိုချစ်တဲ့သူ ..မမှတ်မိပဲနေပါ့မလား..
”မောင်”
”မောင် ”
”ဖြူခေါ်နေတယ်လေး..လှည့်ကြည့်ပါအုံး”လို့ ပြောရင်း…
မောင့်အနားကိုထသွားတာတောင်မောင်က လုံးဝမလှုပ်
ကျမ မောင့်မျက်နှာမူရာဘက်ကိုလှည့်ရင်းမောင့် နဖူးကို ဖွဖွလေးနမ်းကာ
”ဖြူတို့ (၃)နှစ်ပြည့်သွားပြီမောင် ..မနက်ဖန်ဆိုရင် ”လို့ ပြောလိုက်မှ
မောင့်မျက်နှာလေးက ပြုံးရောင်သန်းလို့ ကျမကိုမလွတ်တမ်းအတင်းဖက်ထားလေရဲ့ 
ကျမမရုန်းမိဘူး.
”ဖြူ အခုထိုးနေတဲ့စွယ်တာလေးက မနက်ဖန် မောင့်အတွက်
(၃ )နှစ်ပြည့်အမှတ်တရလက်ဆောင်…ပြီးတော့ မောင်ကြိုက်တဲ့ ရှမ်းခေါက်ဆွဲ ချက်ပြီး
မနက်ဖန် ဖြူနဲ့ မောင်တူတူစားဖို့  လုပ်ထားပါတယ်ရှင်”့ လို့ ပြောတော့
”အင်း…မောင်ကလဲ မနက်ဖန် ကြရင် ဖြူကိုတစ်ခုခုပေးချင်တာ ..ဒါပေမယ့် ဖြူတောင်းဆိုတာ
ဖြူ လိုချင်တာကိုပဲပေးချင်တယ်.. အမှတ်တရပေါ့ ..ဒါကြောင့် ..ဒီည စဉ်းစားထား
မနက်ဖြန်မောင့်ကိုပြော..ဖြူလိုချင်တာ မောင်ပေးမယ်..မောင်ဘက်က တတ်နိုင်တဲ့အရာ ဖြစ်ပါစေ”
”ဟုတ်ကဲပါရှင့်”
အခန်း(၂)
ကျမ နာရီလက်တံကိုလှမ်းကြည့်လိုက်တော့ အချိန်ကမနက်( ၃ )ကိုညွှန်နေပြီး
ဆွယ်တာလေးလဲလက်စသတ်လို့ ပြီးသွားပြီး…
ကျမမောင့်ကိုလှမ်းကြည့်လိုက်တော့ အပြစ်ကင်းစွာအိပ်မောကျနေလေရဲ့
သက်ပြင်းရှည်ရှည်တစ်ခုကိုချရင်း မထင်မှတ်ပဲမျက်လုံးများက မောင့်အဝတ်ဗီဒို ဆီရောက်သွားတယ်
မောင်နဲ့ ကျမလက်ထပ်ပြီး ကတည်းက ကျမမောင်နေတဲ့တိုက်ခန်းကိုပြောင်းလာပြီး
မောင်နဲ့ နှစ်ယောက်တစ်ကမ္ဘာလေးတည်ဆောက်ခဲ့တယ်…
မောင်က ကျမကို အရမ်းချစ်တယ်.. အရမ်းမြတ်နိုးတယ်ဆိုတာ ကျမတထစ်ချယုံကြည်ြပီးသားပါ
ဘယ်ကောင်မလေးနဲ့ မှ စိတ်မချနိုင်စရာအကြောင်းမရှိဘူး..မောင်ကိုင်တဲ့ဟမ်းဖုန်းတောင် အိမ်ပြန်ရောက်ရင်
ပိတ်ထားတတ်ပြီး ကျမ သိအောင် အိမ်ဖုန်းနဲ့ ဖြေနေကျ..စကားနည်းပြီးစိတ်ရှည်တတ်သူ..
ဒါပေမယ့် မောင်နဲ့ ကျမ အိမ်ထောင်ကျပီးလို မောင့်အိမ်ပြောင်းတဲ့နေမှာ ကျမ မောင့်ဆီက မကျေနပ်ချက်တစ်ခုကို တွေ့ လာတယ်
အဲဒါက မောင့်အဝတ်ဗွီဒို ထဲက အထပ် တစ်ခု က အမြဲတမ်းသော့ခတ်ထားတာပဲ
တစ်ခါ ကျမက ဗွီဒိုရှင်းတော့ တလက်စထဲရှင်းရအောင် မောင့်ဆီကသော့တောင်းမိတယ်
မောင်ကတော့ ပျာပျာသလဲလဲနဲ့  ”.အဲဒီထဲမှာ ဘာမှမရှိဘူး..သော့လဲမောင်ဘယ်နားထားမိမှန်းမသိတော့ဘူး
ထားလိုက်ပါတော့”လို့ ပြောတယ်
ကျမလဲပြီးပြီးရောဆိုပီး မေ့ထားလိုက်တယ်..
ဒါပေမယ့် မထင်မှတ်တဲ့တနေ့  မောင်ရုံးစောစော ဆင်းလို့ အိမ်စောစောပြန်ရောက်တဲ့နေ့ 
ကျမလဲ အိမ်စောစော ပြန်ရောက်တဲ့ အချိန်
မောင့်ကိုအခန်းထဲမှာတွေ့ တာ့ဝမ်းသာအားခေါ်လိုက်တာကို မောင်က မျက်စိပျက်မျက်နှာပျက်ပီး
ဗွီဒိုကွယ်ရပ်နေတာတွေ့ လိုက်တယ်..မျက်စိပျက်မျက်နှာ ပျက်သွားတဲ့မောင့်ကိုမကြည့်ရက်တာကြောင့်
ကျမ မသိချင်ယောင်ဆောင်ခဲ့တယ် ..မောင် ကတော့ဗွီဒိုနားက မခွာဘူးပေါ့..ကျမ မောင်ဘာတွေလုပ်နေလဲဆိုတာသိချင်တဲ့ဆန္ဒတွေ ..မသကာင်္စိတ်တွေက
အဲဒီနေ့ ကနေအစပျိုးလာခဲ့ရတယ်..အရင်နေ့ တွေတုန်းက သတိမထားမိပေမယ်..
နောက်ရက်တွေ ကျမကိုယ်တိုင်သတိထားတော့မောင့်ရဲ့ မူမမှန်တဲ့
အပြုအမူတစ်ချို့ ကိုတွေ့ နေရတော့တယ်..
မောင်ဟာ တစ်ခါတစလေ ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့ အဝတ်ဗွီဒိုနားမှာ အကြာကြီးရပ်နေတတ်တယ်..
တခါတလေ ဗွီဒိုကိုကြည့်ပီး ပြုံးနေတတ်တယ်.. အိပ်နေရင်းနဲ့ တောင် တစ်ယောက်ယောက်ခိုးမှာ
ကြောက်နေတဲ့ပုံနဲ့  တရေးနိုးလှည့်လှည့်ကြည့်တတ်တာကို ကျမ အမြင်ကတ်လာတယ်..ဗွီဒိုကို မနာလိုဖြစ်လာတယ်..သံသယဝင်လာတယ်…မောင် ဆေးတွေဘာတွေခိုးသုံးနေတာလား..မဖြစ်နိုင်ပါဘူ..
သူကိုကြည့်ရတာကျမ်းမာရေးကောင်းပါတယ်..ဒါမှမဟုတ် ပိုက်ဆံတွေဖွက်ထားတာလား..
မဖြစ်နိုင်ဘူး..တရုံးထဲလုပ်တာချင်းအတူတူ မောင်ဘယ်လောက်ရတယ်ဆိုတာ
ကျမကိုအကုန်အပ်တယ်ဆိုတာ..ကျမသိတယ်..
ဒါဆို မောင့်မိဘပိုင်ပစ္စည်းတစ်ခုခုလား..မဟုတ်ပါဘူး..
မောင်ပိုင်ဆိုင်သမျှက ဒီတိုက်ခန်းနဲ့ ဖုန်းပဲရှိတယ်
မောင့်မိဘတွေက မရှိတော့တဲ့အတွက်.. မောင့်အမေ ထားခဲ့တဲ့ နားကပ်လေးတစ်ရံတောင် ကျမအတွက်မင်္ဂလာဦးညက ပေးခဲ့တာပဲ..ဒါဆိုဘာလဲ..
အင်း..အဆက်ဟောင်းလား… အရင်က မောင်အသည်းအသန်ကြိုက်တဲ့
အမကြီးတစ်ယောက်ရှိတယ်လို့ 
ပါးစပ်ရာဇဝင်ကျမကြားဖူးပေမယ့်..မောင်ကိုကျမ မမေးမိဘူး..
အခုလဲအဲဒီအမကနိုင်ငံခြားမှာဆိုတော့..အင်း
ဒါဆို အခုမောင်နဲ့ အဆက်အသွယ်ပြန်ရနေတာလား…
သူမပို့ ပေးတဲ့ပစ္စည်းတွေကိုအဲဒီမှာသိမ်းထားတာလား
ကျမဝမ်းနည်းပီးငိုမိတယ်..မောင်ရယ်..ကျမမောင့်ကိုအရမ်းချစ်ပါတယ်မောင်ရယ်..
ကျမကိုဘယ်တော့မှမထားခဲ့ပါနဲ့ ..တစ်ဖက်လှည့်အိပ်နေတဲ့မောင့်ကျောနားကိုတိုးရင်
ကျမ တရှိုက်ရှိုက်နဲ့ အိပ်မောကျသွားခဲ့တယ်..
အခန်း(၃)
ကျမနိုးတော့မောင်ကဧည့်ခန်းမှာ ကော်ဖီင်္ နဲ့ သတင်းစာနဲ့ အငြိမ့်သားထိုင်လို့ ကျမလဲ ရေချိုးအဝတ်လဲပြီးတော့ မောင်က
”ဖြူ ..မောင်.ဆွယ်တာဘယ်တော့ဝတ်ရမှာလဲ..”
လို့ ပြုံးပြီးမေးတော့..ဟုတ်ပါရဲ့ ..ကျမညကတည်းကလက်စသတ်ပြီးသား.
ကျမခေါင်းရင်မှာထားထားတာ..မောင်သိရက်သားနဲ့ ..ကျမဝတ်ပေးတာခံချင်တယ်တုပါရဲ့ ..
ကျမလဲပြုံးပြုံးနဲ့ သွားယြူပီးမောင့်ကိုဝတ်ပေးတော့
မောင်က ..”ဖြူ့ ကိုအရမ်းချစ်တယ်”ဆိုပြီး
ခပ်ဖွဖွလေးနမ်းတယ်
ပြီးတော့
”ကဲ..တစ်ညလုံးစဉ်းစားနေတဲ့ငါ့မိန်းမ…ဘာယူဖို့ ဆုံးဖြတ်ထားလဲ..စိန်နားကပ်လား..
စိန်လက်စွပ်လား..သေချာရင်အခုတည်းကအဖြေပေးမယ်..လာမယ်ကြာမယ်လို့ 
ဟားးဟား…”
”မောင်ကလဲ .တန်ဖိုးကြီးတာမတောင်းပါဘူး..မောင်ပေးနိုင်တာပဲတောင်းမှာပါ”.
”ကဲ..ပြောမောင်ဘာပေးရမလဲး..မွှေးမွှေးလား.ခုနကပေးပြီးပြီးနော် ထပ်မတောင်းနဲ”့ ..
”မဟုတ်ဘူးမောင်..ကျမလိုချင်တာက” ဆိုပြီးမောင့်ရင်ခွင်ထဲဝင်
မောင်က..”ကဲပြော”..
”ဖြူကဘာလိုချင်လဲ”
ကျမမောင့်ကို မော့ကြညြ့်ပီး..
”မောင့်ရဲ့ ဗွီဒိုသော့”
”ဘာ”
မောင်ကျမကိုရင်ခွင်ထဲက ချက်ချင်းဆွဲထုတ်ပြီး အံ့သြသလိုအကြည့်နဲ့ ကြည့်နေတာ.
မောင်မထင်ထားတာကိုတောင်းတာကို
”ဖြူ..မင်းဖြစ်နိုင်တာကိုပြော..မောင့်ကိုမဖြစ်နိုင်တာမပြောနဲ့ ..ဒီအချိန် မှာ မနောက်ပါနဲ့ ..”
”ဘာလို့ မဖြစ်နိုင်ရမှာလဲမောင်..မောင့်မိန်းမလုပ်သူက မောင်ပိုင်တာကိုတောင်းတာလေ..
မောင်ပဲလိုချင်တာပြောဆို…အခုကျမလိုချင်တာဒါလေ..”
မောင်..မျက်နှာမှာဒေါသအရိပ်တွေတလိပ်လိပ်တက်လာသလို…
ကျမရဲ့ ရင်ထဲမှာလည်း ၃ နှစ်လုံးလုံးတင်းထားတဲ့အစိုင်အခဲက မီးတောက်ပေါက်ကွဲသလို..
”မင်းစကားပြောင်းပြောရင်ကောင်းမယ်..မင်းဒီလိုတောင်းတာငါ့ကို မင်းမယုံကြည်တာ..
ငါ့ရဲ့ ဖြူစင်နေတဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရိုက်ချိုးတာ..ငါမထင်ထားဘူး..
မင်းဒါကိုတောင်းဆိုလိမ့်မယ်လို့ …”
”ဘာလဲမောင်..ဖြူစင်နေတဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..ဟုတ်လား..
မိန်းမရှိတဲ့သူက ဘယ်လိုမျိုးလွတ်လပ်ခွင့်လိုချင်သေးတာလဲ..
နောက်မိန်းမနဲ့ ရှုပ်တာမျိုးက ကိုယ်ပိုင်လွတ်လပ်ခွင့်လား..”
ကျမ မသိတော့ပါ..မှား၏မှန်၏..ကျမပြောချင်တာတစ်ခုပဲသိသည်
”မင်းတော်တော့.. မင်းတော်လိုက်တော့..ငါ့ကိုစွတ်စွဲတာများနေပြီး..
ထင်တာတွေတစ်လွဲဖြစ်နေပြီး..”
”ဘာလဲ မယားကြီးမှန်းမသိ..မယားငယ်မှန်းမသိတဲ့ သူကိုထိတော့မောင်ကနာတယ်ပေါ့”
”မင်း ငါလုပ်လိုက်ရ” ဆိုပြီး ဒေါသတကြီး နဲ့ ကျမကိုရိုက်ဖို့ ရွယ်တော့
ကျမမောင့်မျက်နှာကိုကြည့်ပြီး ပထမဆုံးအကြိမ် တော်တော်လေး နာကျည်းမုန်းတီးသွားသည်..
”မင်း..မင်း..ငါမင်း ကိုဒီလောက်ဦးနှောက်နည်းလိမ့်မယ်..
အသိဥာဏ်ကင်းလိမ့်မယ်လို့ မထင်ဘူး..
ဒါငါ ၃ နှစ်လုံးလုံး ကန်းနေတာပဲ..တော်ပြီး..ငါမင်းကိုမပေါင်းနိုင်တော့ဘူး..ကွာမယ်ကွာ”
ကျမ မကြားချင်ဆုံးစကား..ကျမနာကျင်ရသောစကား..ကျမ မလိုလားသောစကားကိုကြားလိုက်ရတော့
ကျမရဲ့ လက်က မောင့်ပါးပြင်ပေါ်သို့ အေးစက်စွာအလျင်အမြန်..
တဒင်္ဂအတွင်းရလိုက်တဲ့အသိနောင်တနဲ့ အတူ မောင့်ဆီက အေးစက်စက် နာကျည်းချက်
အပြုံးတစ်ချက်နဲ့ အတူ ”မင်းဘယ်တော့မှနောင်တမရပါနဲ့ ”တဲ့..
ပြီးတော့ ကျမကိုကျောခိုင်းထွက်သွား..
အခန်း(၄)
ကျမရူးနေပြီး..အခန်းထောင့်မှာထိုင်ငိုနေရင်း
မှန်သလားမှားသလားမသိတဲ့ကြားထဲကနေ..မျက်လုံးများက မောင့်ဗွီဒိုဆီကို..
ရင်ထဲမှာဒေါသနဲ့ နာကျည်းချက်ကြောင့်မျက်လုံးများမီးတောက်လျှက်
မောင့်ဗွီဒိုပေါ်ပုံကြလို့ 
ဒင်းကြောင့်မောင်ငါ့ကိုမုန်းတာ..ဒင်းကိုဖျက်ဆီးပြစ်မယ်..ဆိုတဲ့အတွေးလဲဝင်
တဒုန်းဒုန်း ရှိတာနဲ့ ရိုက်ဖျက်.. သော့ပွင့်ထွက်သွားတော့ အားနဲ့ အတင်းဆွဲထုတ် လွှတ်ပြစ်လိုက်တာ..
ဘုရားရေ…
ကျမ အသက်ရှုရပ်သွားတယ်
မင်သက်သွားတယ်..မထင်ဘူး..လုံးဝကိုမထင်ထားဘူး…
စောစောကရူးချင်တာထက်နှစ်ဆပိုရူးသွားတယ်..
ရင်ထဲကအော်ငိုနေတယ်…တကယ်တမ်းက နှုတ်ခမ်းဖျားလေးလှုပ်ရုံ
ရင်တွေတလှပ်လှပ် ခုန်နေသလို လက်တွေတဆတ်ဆတ်တုန်နေတယ်..
ကျမပထမဆုံးမြင်တဲ့အရာတစ်ခု ကောက်ကိုင်လိုက်တယ်..ပြီးတော့ မွှေးလိုက်တယ်..
ပြီးတော့ရင်ထဲလဲအပ်လိုက်ရော..မျက်ရည်တွေတပေါက်ပေါက်ကျဆင်းလာတယ်..
ဒီမျက်နှာသုတ်ပဝါကိုကျမမှတ်မိတယ်..မောင် နဲ့ ကျမ ရည်းစားစဖြစ်တုန်းက
မောင့်ကိုအမှတ်တရဝယ်ပေးထားတယ်..အိမ်ထောင်ကျတော့
အမြဲတမ်းသုံးလို့ ဟောင်းနေပြီးဖြစ်တဲ့
ဒီမျက်သုတ်ပဝါကို ကျမကိုယ်တိုင် လွှတ်ပစ်ခဲ့တယ်.. အခုတော့ ကျမရင်ခွင်ထဲမှာ.ဘယ်လိုဖြစ်သွားလဲ..
နောက်တစ်ခု..ချိတ်ပိတ်ထားသောဒိုင်ယာရီစာအုပ်..နေ့ စွဲ့ က မောင်ကျမကိုစတင်စိတ်ဝင်စားတဲ့နေ့ စွဲမှသည်
မောင်နဲ့ ကျမ လက်ထပ်ပြီးတဲ့နေ့ အထိ …ချိတ်ပိတ်ထားပြီးသာ…
နောက်တစ်ခု..ကျမနဲ့ မောင်ရည်းစားစဖြစ်တုန်းက မောင်က ကျမဓာတ်ပုံတောင်းလို့ 
ကျမကနောက်ပြီးပေးခဲ့တဲ့ ကျမမူကြိုတက်တုန်းကရိုက်ထားတဲ့ပုံ…ပြီှးတော့
စာအိပ်ဖြူဖြူလေးတစ်လုံး…
စာအိပ်ပေါ်မှာ..အမှတ်တရ ရည်းစားဘဝတုန်းက ဖြူ့ ကိုပေးရန်အကြွေးကျန်ဆိုတဲ့စာနဲ့ 
စာအိပ်ထဲမှာငွေသားတစ်ချို့ ..
”မောင်”
”မောင် ”ကျမမှားပြီး..မောင့်ကိုစွတ်စွဲချက်တွေနဲ့  ကျမ မောင့်ကို၃ နှစ်လုံးလုံးသင်္ကာမကင်းဖြစ်ခဲ့
သဝန်တိုခဲ့ရတာ..
အခုတော့
အခုတော့
ကျမ ဖုန်းလေးရှိရာကိုအပြေးသွား..မောင့်ဖုံးနံပတ်တွေကိုနှိပ်လို့ 
မောင်ကျေနပ်အောင်တောင်းပန်မယ်..ကျမအသက်ပါရင်ပါ ပါစေ..မောင်ကျေနပ်စေရမယ်..
ဖုန်းသံဝင်လာတယ်..ကျမစိတ်တွေလှုပ်ရှားနေတယ်..လက်တွေတုန်နေတယ်..
”တီ……….တီ……..တီ……..”
တဖက်ကဖုန်းကိုင်လိုက်တော့ အနှစ်နှစ်က နှစ်ခြိုက်စွာခေါ်နေတဲ့ မောင်ဆိုတာ
အခုချိန်ပြန်ခေါ်တော့ ဆွံအံ့နေမိသလို..
”မောင်…………..ကျမ……မှား….”
ကျမ ငိုသံနှင့် အထစ်ထစ်အငေါ့ငေါ့နဲ့ စကားမဆုံးခင်

”ဖြူ..မောင်အပြင်မှာ..ချမ်းနေပြီးကွယ်..တံခါးဖွင့်ပေးပါ..”

ဖိုးစိန်

Wednesday, 11 March 2009

နောင်တ အလွန်

မိုးကဖြင့်မလင်းသေးဘူး တဒိုင်းဒိုင်းနဲ့  တံခါးထုသံကြားတော့ နိုးထခြင်းအသိနဲ့ အတူ စိတ်ထဲထင့်ကနဲ ဖြစ်သွားတယ်..
အသိစိတ်ထဲမှာလဲ ချက်ချင်း”အမေ ”လို့  ရေရွတ်မိနေတယ်…ညနေက အမေတော်တော်ဖျားနေတာကိုသိထားတယ်လေ..
ဘာကြောင့်ဖျားလဲဆိုတာမသိပေမယ့် အမေတော်တော်ဖျားနေတယ်ဆိုတော့စိတ်ထဲက ညကတည်းက တထင့်ထင့်ရယ်…အခုလဲညီမလုပ်သူက
” ကိုကြီး ကိုကြီး.… အမေအမောဖောက်နေလို့ လာခဲ့ပါအုံးဆို ”တဲ့ စကားကို လဲ ကြားလိုက်ရော..
အိပ်ယာကနေ လူးလဲထပြီး အမေ့ဆီကိုပြေးသွားမိတယ်.အမေ့အိမ် နဲ့ ကျနော်အိမ် က သုံးအိမ်ကျော်..နီးနီးလေး.
အမေက အငယ်ဆုံးညီမနဲ့ နေတယ်..အိမ်ချင်းသာနီးတယ်..နှလုံးသားချင်းဝေးတာကြာလှပေါ့..
မျက်နှာချင်းဆိုင်ရင်တောင် တင်းမာနေတဲ့ အမေ နဲ့  မှန်တယ်ထင်ရင်ဝန်ချမတောင်းပန်ချင်တဲ့ကျနော် နေ့ တိုင်းလို
တွေ့ နေပေမယ့် စကားတစ်ခွန်းတလေမှမဆိုဘူးရယ်.. သူဖျားနာနေတာ သူဆေးခန်းသွားနေတာတွေ့ နေပေမယ့်
ကျနော်လဲ ကျနော့်မာန နဲ့ အမေကို လှည့်မကြည့်ခဲ့ဘူးလေ..(ပြန်ကောင်းလာမယ်ဆိုတဲ့အတွေးကလဲရှိနေတာပါ)
သူ့ သမီးအကြီး ရှိတာပဲ..
သူဒီလောက်ချစ်တာ ကြည့်ပါစေပေါ့ဆိုတဲ့ စိတ် နဲ့ အမေကိုပြစ်ထားခဲ့တယ်..
တစ်ခါတစ်လေ လစာထုတ်လို့  အိမ်အတွက်မုန့် ဝယ်ရင် အမေကိုသတိရလို့ ဝယ်မယ်ကြံတိုင်း အနောက်က ကပ်ပါလာတဲ့ အမေ့ရဲ့ သမီးကြီး မျက်နှာနဲ့ ဘာဖြစ်ဖြစ်သမီးကို ဦးစာပေးတတ်တဲ့ အမေ့ ကိုပြန်မြင်ရင်
မနာလိုစိတ်က အမေ့အတွက်ဘာမှမဝယ်ဖြစ်အောင် အကြောင်းကဖန်လာတယ်ပေါ့..
သမီးနှစ်ယောက် သားတစ်ယောက်ရှိတယ်..ဦးစားပေးချင်းပေး သားလုပ်သူကိုဦးစားပေးရမှာပေါ့…
အခုတော့ ယောကျားင်္ရှိတဲ့သမီးကိုဖို့ တယ်..အဆင်ပြေနေရက်နဲ့  ပေးနေကမ်းနေတယ်..မပြီးဆုံးတော့ဘူး..
သားလုပ်သူ က နည်းနည်းပါးပါးလို လို့ ချေးငှားရင် တရပ်လုံးသိအောင်ကြေငြာချင်နေတာ..ငြိုငြင်ချင်နေတာ..
လိုတာရှိရင်သာလာမယ် ..မလိုရင် အမေကို အမေမှန်းမသိတဲ့ သမီးကိုကျတော့ အမြဲစေတနာပိုတယ်
သားလုပ်တဲ့သူကိုကြ အိမ်ချင်းကပ်နေတာ ဒုက္ခရောက်နေတာကို
မြင်ရက် ကြားရက်သားနဲ့ ငါ့သား အဆင်ပြေလား..
နေကောင်းလားလို့ မမေးတဲ့အပြင် ယောကျာ်းဆိုတာ ဒေါင်ကျကျပြားကျကျနေတတ်ရတယ်… မိန်းကလေးကျတော့
ဒီလိုမဟုတ်ဘူး..ဒါကြောင့် သမီးမိန်းကလေးကိုဦးစားပေးရမယ်တဲ့.. ကြားဖူးတာတော့ အမေဆိုတာ သားကိုချစ်တယ်..
သားအတွက်ဆိုလိုတာအကုန် ဖြစ်စေဆို တဲ့အမေမျိုးတွေ..ကျနော့်အမေကျတော့တခါတလေ ငါ့ကိုသူ မွေးထုတ်ထားတာမှ
ဟုတ်ရဲ့ လားလို့ စိတ်ထဲကထင်နေမိတယ်..
မွေးထားတာခြင်းအတူတူပဲ..ဒီလိုစကားကြားရတော့သားတစ်ယောက်အနေနဲ့  စိတ်မကောင်းဘူးပေါ့…
ပြီးတော့သမီးလုပ်သူက အမေကောင်းသလို ပြန်ကောင်းရင်တော်သေးတယ်လိုချင်တဲ့အချိန်ကြတော့
အမေရယ် ကယ်ပါအုံး..လုပ်ပါအုံး..နဲ့ 
အဆင်ပြေနေလို့ များ အမေ့ကိုမုန့် တစ်ခုနဲ့ တင်မဟုတ်ဘူး..
ခါကြီးရက်ကြီးမှာတောင် မအားလို့ ယောက်ခမ အိမ်မှာ ဘာရှိလို့ ညာရှိလို့ ဆိုပြီး လာတာမဟုတ်..
ဒါကိုအမေ က ကြံဖန်ပြီး ”ငါ့သမီးတွေက မအားပေမယ့် အမေကို ကန်တော့ဖို့ သတိရတယ်..
ဆိုပြီး ဂုဏ်ယူနေတတ်တာ…
ကျနော့်ကိုကျတော့ နင် က နင့်ယောက်ခမနဲ့ နင့်မယားဘဲမြင်တယ် အမေကိုခေါင်းထဲထည့်တာမဟုတ်ဘူးလို့ ပြောတတ်သူ..
ကြာတော့လဲ အမေ့ကိုဒီလိုစကားတွေနဲ့  စိတ်ထဲမှာမကျေမချမ်းဖြစ်လာတာတွေများလာတယ်
သားသမီးချင်းတူတူပဲဟိုလူကောင်းတယ်..ဒီလူကောင်းတယ်..
ဆိုတဲ့စကားကအမေတစ်ယောက်အနေနဲ့ ပြောစရာလား
အမေ့အတွက်ငရဲ တော့ရမှာပဲ… မခံချင်စိတ်တွေက လဲ အပြည့်..ဝမ်းနည်းနာကျည်းစိတ်တွေက ရင်ထဲအမျှပေါ့..
ဒါပေမယ့် သြော်…အမေ..ဟာ..အမေပါပဲလို့ ဖြည့်တွေးခဲ့ပါတယ်..
မိန်းမလုပ်သူ က တစ်နေ့ တော့ သားနဲ့ အမေ ပြေလည်မှာပါတဲ့..
”ကျမကတော့ဘာမှဝင်မပါချင်ဘူး..အခုကျမမှာလည်းသားသမီးရှိတော့
တချိန်ကျမအသက်ကြီး လို့ အခုချိန်များပြောမှားဆိုမှားရှိခဲ့ရင်ဝဋ်လည်မှာကြောက်လို”့ဆိုပြီး ဘာဖြစ်ဖြစ်ရေငုံ နှုတ်ပိတ်နေတယ်..
ကျနော်ကသာ ဖြေသိမ့်မရ..
အမေနဲ့ ကျနော် စကားမပြောဖြစ်တော့တဲ့ အဓိက အကြောင်းကအမေ အိမ်ကို ပေါင်မယ်ဆိုတာကစတာပဲ..
အမေက အခုညီမ လုပ်သူနဲ့ နေနေတဲ့အိမ်ဂရမ်ကိုပေါင်မလို့ ဆိုပြီး
ညီမလုပ်သူက ငိုကြီးချက်မနဲ့ လာပြောတယ်…
ညီမက ကျနော်ရယ် အမကြီးရယ် အမေရယ်ကြားမှာအမြဲတမ်း တစာခံဖြစ်ရတယ်..
အမေကို ရိုသေတယ်..ပြုစုတယ်..အကိုနဲ့ အမကိုလေးစားတယ်..
ဘာဖြစ်ဖြစ်တစ်ခွန်းသဘာသမှကောင်းတယ် ဆိုးတယ် နဲ့ ဘက်မလိုက်ဘူး..
အမေမရှိတဲ့တနေ့ သာသူကို့  သီလရှင်ဝတ်ခွင့်ပြုဖို့ တောင်းဆိုထားတယ်..
ညီမလုပ်သူကိုတော့ကျနော် ချစ်တယ်..
အခုလည်း တစ်ခါဖူးမှဝင် မပြောဖူးတဲ့ညီမက အကိုလုပ်သူကို ပထမဆုံး အနေနဲ့ လာပြောတာ
ဆိုတော့ ကျနော်လဲကြားကြားချင်းဒေါသထွက်တယ်..
အမေ့ အနေနဲ့ အိမ်ပေါင်ရလောက်အောင်စီးပွားရေးကျဆင်းစရာမရှိ…
အဖေ ကအမေ့အတွက်ထားခဲ့တာအမေ့အတွက်လုံးဝလောက်တယ်.
နောက်ပြီး အမေ့မှာ ဘာအကြွေးရယ်မှဆပ်စရာရှိတာမဟုတ်..
သေချာတာက ဒါသူ့ သမီးကြီးအတွက်
ဆိုတဲ့အသိက ခေါင်းထဲရောက်လာတယ်..ညီမလုပ်သူကိုမေးတော့လဲ..
အမေနဲ့  အမနဲ့ တွတ်တွတ်နဲ့ ပြောနေတာပဲတဲ့…ဘာလဲတော့မသိဘူးတဲ့..
ညီမတို့ အိမ်ပေါင်ပြီး ပြန်မရွေးနိုင်ရင် ဘယ်မှာသွားနေရမလဲ
ဆိုတဲ့ စကားက ကျနော်ခေါင်းထဲကိုဒေါသနဲ့ အတူ တန်းခနဲ ဝင်လာတယ်..
အမေနဲ့ အမ မဟုတ်တော့ဘူး..အမကိုယ်တိုင်က သူ့ ယောကျာင်္းရှိရက်နဲ့ အလုပ်မရှိတဲ့
အမေအိုနဲ့  ညီမဆီကနေ လိုသလောက်ဖျစ်ညစ်ယူနေတာ သဘာဝလုံးဝမကျဘူး..
ကျနော်လည်းလုံးဝသည်းမခံနိုင်တဲ့အဆုံး အမေ့အိမ် ပေါ်တက်ပြီး..
”အမေက အိမ်ပေါင်မလို့ ဆို”
”အေး..ဟုတ်တယ်.. ငါပိုက်ဆံနည်းနည်းလို လို့ ”
”ဘာအတွက်လည်း ..နည်းနည်းလိုတာနဲ့ အိမ်ပေါင်စရာလား..
ကျနော်ရှာပေးမယ်..အိမ်တော့မပေါင်နဲ့ ..”

”နင်မသိပါဘူးအကြီးကောင်ရယ်..အသာနေစမ်းပါ..
နင့်အလုပ်အဆင်ပြေအောင်သာလုပ်
ငါဘာသာငါဖြေရှင်းမယ်”
”အမေ..ဒီကိစ္စက မပါလို့ မဖြစ်ဘူးလေ..အမေ ကဘာအတွက်ပေါင်တယ်ဆိုတာမသိဘူး..
ကဲ.ပြီးရင်ဘယ်လိုပြန်ရွေးမလဲ..ဘယ်သူရွေးမလဲ…
ဒီလောက်များတဲ့ငွေကိုအမေဘာလုပ်မလို့ လဲ
ပြီးရင်အမေကိုယ်တိုင်က ပြန်မရွေးနိုင်ဘူးဆိုတာသိပြီးသား..ဘယ်သူမှမရွေးနိုင်ဘူး..
ဒါအမေ့သမီးအတွက်ပဲမဟုတ်လား.. အမေက မျက်နှာလိုက်လွန်းပါတယ်.. အမေကို
အမေ လို့ မမြင်ချင်ဘူးဗျာ..စိတ်နာချင်တယ်.. ပေး…အိမ်ဂရမ်..ကျနော်သိမ်းထားမယ်..
ဘာကိစ္စဖြစ်ဖြစ်အမေမပေါင်ရဘူး..”

”သြော်..နင်က နောက်ဆုံးတော့ အိမ်ဂရမ်ကိုလာသိမ်းတာပေါ့လေ.. မက်မောလှချေလားသားကြီး
သားတစ်ယောက်လုပ်ပြီး..အမေဖြစ်သူကိုအပြစ်မြင်..အမလုပ်သူကိုအပြစ်မြင်..အမေပြောရင်နားထဲမဝင်
အိမ်ဂရမ်ကျတော့လို ချင်တယ်ပေါ့…အိမ်ပေါ်တက်လာတယ်..အမေနေကောင်းလားမမေးပဲ..အမေနဲ့ 
အမကို အပြစ်တင်ပြီးအိမ်ဂရမ်လာတောင်းတယ်..အံ့ပါရဲ့ တော်”
ကျနော် အမေ့စကားကြားရချိန်မှာ ကိုယ့်နားတောင်ကိုယ်မယုံ ဘူး..ပြောရက်လိုက်တာအမေရယ်..
သားကမက်မောလို့ လာတာမဟုတ်ဘူး..
တစ်ချိန်ချိန်မှာ အမေတို့ နေစရာပျောက်ရင် ဒုက္ခရောက်ရင်ဆိုတဲ့အတွေးနဲ့ 
ကြိုမြင်လို့ မဖြစ်သင့်တာမဖြစ်ရအောင် လာတားတာပါ.. လို့ စိတ်ထဲကသာပြောဖြစ်တယ်
အမေ့စကားတွေက သံရည်ပူလို ပူပြင်းပါတယ်..
အမေ့ကို ဝမ်းနည်းကျေကွဲစွာ..ဒေါသမျက်လုံးများနဲ့  ဘာမှပြန်မပြောပဲ အံကိုကြိတ်ပြီး အမေ့မျက်နှာကိုစေ့စေ့ကြည့်ခဲ့တယ်…
နောက်ဆုံးအမေ့ကိုစိုက်ကြည့်ခဲ့ချင်းလားတော့မသိ… နောက်တွေတော့တစ်ယောက်ကိုတစ်ယောက် တမင်ရှောင်နေကြတယ်..
အခုမှ ညီမလာခေါ်လို့ အိပ်ယာထဲလဲနေတဲ့အမေ့ကိုသေချာကြည့်မိတယ်..
သွေးသာခန်းခြောက်ပြီး.. ဖျော့တော့တော့ မျက်နှာလေး မျက်ရည်ဝဲနေတဲ့မျက်လုံးများ..
ကြင်နာတဲ့မျက်လုံးများနဲ့ ကျနော့်ကိုလှမ်းကြည့်နေတယ်
အမေအရင်က ဘာလို့ ဒီလိုမကြည့်ခဲ့တာပါလိမ့်လို့ စိတ်ထဲကတွေးပြီး အမေ့လက်ဖမိုးကို
ဖွဖွကိုင်ပြီး ကျနော့်ပါးပြင်ကိုအပ်ထားမိတယ်…ကျဆင်းနေတဲ့မျက်ရည်ကို အမေအဓိပါယ်ဖော်နိုင်မှာပါ..
ဘာဖြစ်တာလဲလို့ ညီမလုပ်သူကိုမေးတော့ အမေ က သားအိမ် ကင်ဆာတဲ့..ကျနော်
စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောဖို့ ညီမလုပ်သူကိုမှာထားလေရဲ့  ညီမသိတာလဲ လွန်မှသိတာလေ..
ဖြစ်မှဖြစ်ရလေအမေရယ်…ကျနော်ကိုဘာလို့ မပြောတာလဲ..ကျနော်ပျောက်အောင်ကုမှာပေါ့..
ဝမ်းနည်းနေရုံမှတပါး ဘာမှမတတ်နိုင်ပဲ မျက်ရည်သာတသွင်သွင်..
အမရောက်လာတော့ ကျနော့ကိုတချက်ကြည့်ပီး အမေ့ကို
”အမေတရားကိုသာမှတ်..ဘာမှစိတ်ထဲမထားနဲ့ 
အခုချိန်မှာ အမေဖြစ်ချင်သလို အမေ့သားရောအမေ့သမီးတွေရောအနားမှာ..
အမေပျော်တယ်မဟုတ်လား ”
လို့  ပြောတော့.
အမေက ခေါင်းလေးညိတ် လို့ မျက်ရည်လေးတွေကျဆင်းလာတယ်..
ကျနော်ဘာဖြစ်တယ်မသိဘူး.. တအင့်အင်းနဲ့ ငိုလိုက်တာ မျက်ရည်တွေထိမ်းမရ..
ဘယ်တော့မှနောင်တမရဘူးလို့ ဆုံးဖြတ်ထားပေမယ့် အခုတော့ အမေမျက်နှာကိုကြည့်ပြီး
စိတ်ထဲမှာ ဝမ်းနည်းနေမိတယ်..ဘာမှန်းမသိတဲ့ ခံစားချက်တချို့ ဆို့ နစ်စွာရင်ထဲရှိနေခဲ့တယ်..
နာရီဝက်လောက်အမေ သတိရတချက် မရတချက်နဲ့ 
နောက်ဆုံး ကျနော်တို့ ကို စွန့် ခွာသွားတယ်..
အမေ့ ရုပ်အလောင်းကို ပြင်ဆင်ဖို့ အမေ့ ကို သူအိပ်တဲ့အိပ်ယာကနေဖယ်တော့
ကျနော့်ဓာတ်ပုံရယ်.. အိမ်ဂရမ်စာချုပ်ရယ်.. ပဝါလေးနဲ့ ထုတ်ထားတဲ့
ကျနော့်ငယ်သွားတစ်ခုရယ် ထွက်လာတာတွေ့ တော့မှ အမလုပ်သူက ကျနော့်ကို ဖက်ပြီးငိုပါလေရော…
”မောင်လေးမိုက်တယ်ဟယ်..ကြည့်စမ်းအမေနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ.. နင့်ကိုချစ်လို့  နင်ပြောသလို အိမ်ဂရမ်ကို သူဆေးကုဖို့ မပေါင်ခဲ့ဘူး..နင်ကသာ အမေလုပ်သူကိုနားလည်မပေးနိုင်တာ…သူဆေးခန်းကိုသွားခဲ့တုန်းကငါလိုက်ပို့ လို့ 
ငါက သူဘာဖြစ်လဲဆိုတာသိခဲ့တာ..နင့်ကိုပြောရင်စိတ်ပူနေမှာကြောက်တယ်
အငယ်မကိုလဲ အားငယ်နေမှာကြောက်လို့ နင့်နဲ့ အငယ်မကိုမပြောပဲ ငါနဲ့ တိုင်ပင်ပြီး အိမ်ပေါင်ဆေးကုမလို့  လုပ်တာ..နင်ကဘာဖြစ်ဖြစ်မပေါင်ရဘူးဆိုလို့ 
သူ့ ခမျာ ငါအတင်းတိုက်တွန်းတာတောင်မလုပ်ရှာဘူး.. အမေက ငါ့ကိုနင်ကဘာပြောပြောဗွေမယူရဘူး..ခွင့်လွှတ်ရမယ်တဲ့
ငါမပြေလည်တာအမေဖြေရှင်းပေးတယ်ဆိုတာမှန်ပေမယ့်
နင်ကိုယ်တိုင်က အမေနဲ့ ငါ့အပေါ်အမြင်စောင်းနေတော့
ငါတို့ လဲနင်ငရဲ ကြီးမှာကြောက်လို့ လွတ်ထားပေးတယ်.. အခုတော့ဟယ်… အမေရယ်….
အမေနင့်ကိုတကယ်ချစ်တာပါဟယ်…ကြည့်စမ်း နင့်ဓာတ်ပုံနဲ့ နင့်ငယ်သွား…”
ကျနော်
အမေ့ရုပ်အလောင်းနားမှာ ဒူးခေါင်းညွတ်ခွေ မျက်ရည်ဝေလို့ 
ဘာတခွန်းမှမပြောနိုင်ပဲ တရှုံ့ ရှုံ သာငိုနေမိတယ်..
လွန်သွားသောနောင်တ
ယူကြုံးမရသော ကျနော့်အမှား
ပြန်မရနိုင်သော အစားထိုးမှု နဲ့ အတူ..
အမေရယ်....

သားသမီးနဲ့ မိဘ
မိဘနဲ့ မောင်နှမကြားမှာ နားမလည်မှု သံသယတွေ ကင်းဝေးနိုင်ပါစေ

ဖိုးစိန်

Friday, 6 March 2009

အမွှာသူငယ်ချင်းမောင်ချက်

မောင်ချက်
မောင်ချက်ဆိုတာ အဖေပြောသလိုဆို ကျနော်ရဲ့ အမွှာသူငယ်ချင်း
(မောင်ချက်အဖေက ချက်နို့ ဆီလုပ်ရောင်းတော့သားဖြစ်သူက မောင်ချက်အမည်တွင်လာတာ..)
အမွှာ သူငယ်ချင်းဆိုတာက သူနဲ့ ကျနော် တဆေးရုံထဲ အခန်းချင်းကပ်မွေးလာတာ
နေတော့လဲ တရပ်ကွက်ထဲ သူ့ အိမ်က ကျနော်တို့ အိမ်နဲ့ မျက်စောင်းထိုးသာသာ
မွေးမွေးချင်းဖြစ်တဲ့ရောဂါချင်းကလည်းတူဆိုတော့အဖေက ကျနော့် တို့ နှစ်ယောက်ကို
အမွှာသူငယ်ချင်းလို့ ပြောတာသူနဲ့ ကျနော်နဲ့ က တစ်နာရီတိတိကွာတယ်
ကျနော်က တစ်နာရီပိုကြီးတယ်ဆေးရုံကဆင်းတော့လည်း တူတူပဲ
နှစ်ယောက်စလုံးက ချုချာတယ် ငိုလိုက်ရင်တရပ်ကွက်လုံးကြားလို့ 
အာဗြဲ အမွှာလေးတွေလို့ တောင်ပြောကြတယ်…
သူရောကျနော်ရော ရောဂါချင်းတူပုံများ နှစ်ယောက်လုံးဦးနှောက်အမှေးပါးရောင်တယ်..
အဖေတို့ ကမသိလို့ ကျနော်ကိုတီဗွီဆေးတွေထိုးတာပေါ့..
ဒါနဲ့ ဆေးရုံမှာ အဖေတို့ ကန်ထရိုက်ဆွဲပြီး ကျနော့်ကိုထားရတော့တယ်..
အဲဒီအချိန်မှာ မောင်ချက်က တော့ ဆေးရုံမတက်နိုင်ခဲ့ဘူး..
သူ့ အဖေဆုံးတဲ့အချိန်ဖြစ်နေတယ်..ကျနော်ဆေးရုံကဆင်းတော့
ဆရာဝန်ကမှာလိုက်တယ်.. ”ခင်ဗျားသားဥာဏ်ရည်က လူစဉ်မှီမှာမဟုတ်ဘူးတဲ့
ဖြစ်တဲ့ရောဂါနဲ့  ထိုးတဲ့ဆေးကတခြားစီဖြစ်ခဲ့တော့ဦးနှောက်ပျက်စီးလိမ့်မယ်တဲ့ ကလေးနုတဲ့အချိန်ဖြစ်တော့ပိုဆိုးတယ်”
အဖေနဲ့ အမေက စိတ်မကောင်းဖြစ်တာပေါ့ ကျနော်ကံကောင်းတယ်လို့ ပြောမလား..
အဖေနဲ့ အမေပြုစုတာတော်တယ်လို့ ပြောမလား ကျနော် လူကောင်းနီးနီးဖြစ်ခဲ့ရတယ်
လူကောင်းနီးနီးဆိုတာက ကျနော် က ကျောင်းတက်ရလောက်အောင်ဥာဏ်ရေမှီခဲ့တယ်ပေါ့
ဒါပေမယ့် မောင်ချက်ကတော့ ဦးနှောက်ကျပ်မပြည့်တဲ့အပြင် လမ်းလျှောက်လို့ မရတော့ဘူး..
ဖင်ကိုဒရွတ်တိုက်ဆွဲသွားရတယ်..
စကားတစ်လုံးကိုပြောဖို့ မိနစ်တော်တော်ကြာအားယူရတယ်
ဖတဆိုးလဲဖြစ် မပြည့်စုံတဲ့ကြားထဲမှာ ဒီလိုဖြစ်တော့ မောင်ချက် ကိုလူတိုင်းကသနားကြတယ်
အဖေဆိုပိုဆိုးတာပေါ့…ကျနော့်နဲ့ အရွယ်တူ ဆိုတော့ ပိုသနားတယ်..အမြဲတမ်း သူအတွက်ပူပန်ပေးနေတယ်..
သူများထမင်းခွံ့ ကျွေးမှထမင်းစားရတဲ့သူမို့ အဖေက အိမ်ကိုပြန်လာတိုင်း မောင်ချက်ကို လှမ်းလှမ်းမေးတယ်
မောင်ချက် ”ထမင်းစားပီးပီးလာမေးရင်” ”စားရသေးဘူး” ကို မိနစ်တော်တော်ကြာ အောင်
အားလုံးကြားအောင်အော်ပြောလေ့ရှိတယ်.. သူကတော့အဖေမေးရင် စားပီးရင်ဖြစ်ဖြစ်
မစားရသေးရင်ဖြစ်ဖြစ် မစားရသေးဘူးလို့ ပဲအော်တယ် ဒါမှ အဖေဆီက သူစားရမှာလေ..
အဖေကနေ့ တိုင်းလိုမေးတော့ ဒါကိုပဲပီအောင်သူပြောတတ်တယ်..
ကျန်တာပြောရင်တော့လုံးထွေးနေတာပဲ အမေဆိုရင်
ကျနော်နဲ့ ကျနော့်ညီကို ထမင်းခွံ့ ရင်သူ့ ကိုပါ သွားသွားခွံ့ တယ်
အမေလုပ်သူက ဈေးရောင်းထွက်တော့ သူခမျာ အချိန်မှီမစားရဘူးလေ
ကျနော်တို့ ကိုထမင်းခွံ့ ရင်
သူကငေးနေတတ်လို့ အမေကသနားလို့ သူ့ ကိုပါကျွေးတယ်
ငယ်ငယ်တုန်းကတော့သူ့ ကိုခွံ့ ရင်မနာလိုဖြစ်တယ်
ကြီးတော့လဲ အသိစိတ်နဲ့ သနားစိတ်ဝင်လာတာပေါ့
သံယောဇဉ်လို့ ပြောရမယ် သူနဲ့ တရက်တည်းမွေးထားလို့ လားမသိ
သူကတော့ကျနော့်ကို သံယောဇဉ်ကြီးတယ် ကျနော်ကလဲ မော်လမြိုင်ပြန်လည်ရင်
အိမ်အတွက်မဟုတ်တောင်သူ့ အတွက် ပါပြီးသား.. သတိတရရှိတယ်..
ကျနော်ပြန်ရင် သူ့ ခမျာ ကျွန်တော်ပေးထားဖူးတဲ့နှစ်ရှည်လများ မှိုတက်ချောကလက်ကို
ထုတ်ထုတ်ကျွေးတတ်တယ်..
သူလဲချောကလက်ကြိုက်တယ်.. ကျနော့်ကိုထုတ်ကျွေးတဲ့ချောကလက်ကတော့
အရည်ပျော်ပုံပျက်ပီးစက္ကူထဲမှာကပ်နေတဲ့ချောကလက် ကျနော်မစားရင်သူကပြန်သိမ်းထားပီး
နောက်တစ်ခါကျွန်တော်ပြန်လာရင်ပြန်ထုတ်ကျွေးတတ်တယ်
အဲဒါကိုယူထားလိုက်မှ သူ့ ကိုပေးတဲ့အသစ်ထဲကတစ်ခုကို သူပြန်သိမ်းထားတယ်
နောက်တစ်ခါလာရင်ကျနော့်အတွက်ပေါ့
အရွယ်တူဆိုပေမယ့် ဥာဏ်ရည်မမှီတော့သူ့ ကိုကျနော်ကကို့ ထက်အငယ်လိုပဲမြင်နေတယ်
ကျနော်မော်လမြိုင်တစ်လလောက်ပြန် မလာဖြစ်ရင် သူက အမေ့ကိုလှမ်းခေါ်ပီး
ကျနော်ဓာတ်ပုံကိုထုတ်ပြမေးတယ်အမေက ကျနော်မိန်းမရသွားပြီးလို့ ပြောရင် လက်ခုတ်လေးတီးလို့ 
ပျော်နေရှာတယ်..
တစ်ခါတစ်လေကျနော်က နောက်ပြီး နင်ဘယ်သူကို ကြိုက်လဲ ငါပြောပေးမယ်လို့ မေးရင် သူက ကျနော့်ညီမကိုရှက်ရှက်နဲ့  လက်ညှိုးထိုးပြတယ် ကျနော်တို့ မှာရယ်လိုက်ရတာအူကိုတက်လို့ 
ညီမက ”နင်ငါ့ကို ယူရင်နင်အလုပ်လုပ်ရမယ် ဒီလို နေတိုင်းထိုင်နေလို့ မရဘူး”ပြောတော့
အဖေ့ကိုအားကိုးတကြီးနဲ့  လက်ညှိုးထိုးပြတယ်လေသမီးကိုယူပီး ယောက်ခထီးလုပ်စာထိုင်စားမဲ့သားမက်..
တစ်ခါတစ်လေ ကျနော့်ညီ နဲ့ အဖေက အမြင်မတော်ရင် မောင်ချက်ကို ရေချိုးခေါင်းလျှော်လုပ်ပေးနေကျ ..
အဲဒီလိုရေချိုးပေးပြီး အဝတ်စားဝတ်ပေးလို့ ကတော့ လမ်းပေါ်မှာတွေ့ သမျှ မိန်းကလေးတိုင်းကို ဖလိုင်းကစ်စ်တွေ ပေးနေတာ အကျီအသစ်ဝတ်ထားကြောင်းကိုကြွားနေတာ..
တခါတလေသူ့ ကိုကြည့်ရင်ရယ်ရလို့ အဖေတို့ အမေတို့ ကသနားတယ်လေ
ကျနော်က ရန်ကုန်မှာအနေများတယ်ဆိုတော့မော်လမြိုင်ပြန်ပြီးဆိုရင်
ကျနော့် မိသားစုကပြောတဲ့မောင်ချက် အကြောင်းကို နားထောင်ရတာ အရသာကိုရှိလို့ 
ကောင်းတဲ့လူတွေက ကောင်းတာသင်ပေးသလို မကောင်းတဲ့သူတွေကလည်း ချောက်ချတာမောင်ချက် တစ်ယောက်ခံရတာပဲသူကမသိဘူးလေ သူဆီလာလည်ရင်သူ ကပျော်နေတာပဲသိတယ်..
လူဆိုတာကလဲခက်သား တပါးသူ က ကျပ်မပြည့်ပါဖူးဆိုတာကို
အပျော်လုပ်ပြီး ချောက်တွန်းချင်နေတယ်မောင်ချက်လဲခံစားရမှာပါ
မောင်ချက် က သူမဟုတ်တာလုပ်လို့  သူ့ အကြောင်းပြန်ပြောတာသိရင်လဲ
သူကမျက်စိပျက်မျက်နှာပျက်နဲ့ ရှက်နေတယ်
သူ့ အမေကတော့ ဘာဖြစ်ဖြစ်သားလုပ်သူကိုသနားလို့ ရေငုံနှုတ်ပိတ်နေတယ်..

သူ့ ကိုကျနော်က ”ဟေ့ကောင် ငချက်ငါ့အမေပြောတာတကယ်လား.. ”လို့ မေးရင်
ရှက်ရှက်နဲ့ သနားစရာမျက်နှာလေးနဲ့ ခေါင်းညိတ်ပြလေ့ရှိတယ်..
သူ့ အကြောင်းကောင်းတာပြောလို့ ကျနော်တို့ ရယ်နေရင်တော့ သူကလက်ခုတ်လေးတီးတယ်..
ကာတွန်းကားကြိုက်တဲ့သူ့ ကို ညီလုပ်သူ က ပါဝါရိမ်းဂျားဖွင့်ဖွင့်ပေးတယ်..ပြန်သွားရင်တော့ ပါးစပ်က တဖြီဖြီးနဲ ့ သိုင်းကျင့်နေလေရဲ့ .. ဘာဖြစ်ဖြစ် ကျနော်တို့ မိသားစုက သူ့ ကိုသနားတယ်
မောင်ချက်အမေ လုပ်သူက မနက်ပဲပြုတ်ရောင်း ညနေအဝတ်လျှော် မီးပူတိုက်လုပ်နေရလို့ 
သားလုပ်သူကိုအချိန်ပြည့်မကြည့်အား ကျနော်တို့ မိသားစုကလဲမောင်ချက်ကိုချစ်
ရပ်ကွက်ကလဲမောင်ချက်ဆိုရင် သနားကြတာသိလို့  စိတ်ချလက်ချ ထားထားသွားပါတယ်
သားလုပ်သူကို ငြိုငြင်မှာကြောက်လို့ နောက်အိမ်ထောင်မပြုဘူး မောင်ချက် ကိုကျပ်မပြည့်ဖူးဆိုပေမယ့် သားကိုဂရုတစိုက်နဲ့  အားတဲ့အချိန်တော့သားအနားမှာအချိန်ပြည့်ရှိနေတတ်တဲ့
အမေမျိုးပါ.. မောင်ချက် ကိုလှည်းပေါ်တင် သူ့ အမေနဲ့ ရပ်ကွက်က
ကလေးတွေ လူကြီးတွေက လှည်းဝိုင်းတွန်းပီး ရပ်ကွက်တစ်ပတ်လှည့်တဲ့နေဆို
မောင်မြစ်ခမျာ.. မျက်ရည်စို့ လို့  လက်ခုတ်လေးတီး..သီချင်းအော်ဆိုလို့  ပျော်နေရှာတယ်လေ..
တွေ့ တဲ့သူတိုင်းကိုနှုတ်ဆက်ရတာအမောပဲ.. သူ့ ဘဝမှာ သူအမေကိုဂျီကျတာ တစ်ခါဖူးမှမတွေ့ ဖူးဘူး..
စိတ်ဆိုးစိတ်ကောက်တတ်ပေမယ့်..အမေကိုဒုက္ခပေးတဲ့သားမဟုတ်ဘူး..
ကျွေးရင်စားတယ်..ပေးရင်ယူတယ်..မတောင်းစားဖူး.. သူဆီသွားရင်တောင်မုန့် စားရအုံးမယ်..
သိတတ်တယ်..လိမ္မာတဲ့မောင်ချက်ပါ..
အင်း..
ဘဝဆိုတာက မပြည့်စုံကတဲ့ကြားထဲက အတိတ်ဘဝကံအကျိုးပေးကမကောင်းပြန်ဖူး
တနေ့ တော့ကျနော့်အမေဆီက ဖုန်းဝင်လာလို့ ဘာများဖြစ်လဲပေါ့
အမေကနင့်သူငယ်ချင်းအမွှာ မောင်ချက် ဆုံးပြီးတဲ့မထင်မှတ်တဲ့အချိန်မှာ
ရုတ်တရက်ကြားလိုက်ရလို့  ရင်ထဲကိုဆို့ သွားတာပဲ..
ဘယ်လို မှဆက်စပ်တွေးလို့ မရတဲ့အရာတွေလေသူ့ အမေနေမကောင်းလို့ ဆိုပြီး ညဘက်ကြီး
အပြင်ထွက်သွားပြီး တစ်ယောက်ယောက်ကိုခေါ်တယ်နေမှာညဘက်သန်းခေါင်ကျော်ဆိုတော့
မောင်ချက်အမေကတောင် သူထွက်သွားတာမသိလိုက်ဘူး
နောက်နေ့ မနက်ထိ အမေလုပ်သူ ပဲပြုတ်ရောင်းထွက်တော့သားလုပ်သူအိပ်နေတယ်ထင်ပြီး
အရင်လို ပဲဈေးရောင်းထွက်ခဲ့တယ်ဈေးကပြန်လာတော့
မနက်ကတည်းကမတွေ့ တဲ့မောင်ချက်ကို
မေးတော့မှ လိုက်ရှာကြတယ်ဒါတောင် တစ်ယောက်ယောက်က
အိမ်ခေါ်ပီးထမင်းကျွေးတယ်ထင်နေကြတာ
မောင်ချက်ရဲ့ အမေကတော့မဗဒါဖြစ်နေလောက်တယ်..
နှစ်ရက်လောက်ကြာတော့မှ ရပ်ကွက်ထိပ်ကချောင်းထဲမှာ
အလောင်းတစ်လောင်းမျောလာတယ်ဆိုလို့ 
လူတွေသွားဆယ်တော့မှမောင်ချက်အလောင်းဖြစ်နေတယ်…
ဘယ်လို့ မှဆက်စပ်တွေးလို့ မရတဲ့မောင်ချက်ပါ..
အမေကိုစိတ်ပူပြီး အပြင်ထွက်သွားတဲ့မောင်ချက်တစ်ယောက် မှောင်မှောင်မဲမဲထဲမှာ
ဘယ်ကနေဘယ်လို ချောင်းထဲရောက်သွားတာလဲ သူပဲလမ်းမှားတာလား
သူကိုယ်တိုင်ပဲချောင်းထဲကိုဆင်းသွားတာလားတစ်ယောက်ယောက်ကပဲ
နောက်ရင်းလက်လွန်သွားတာလားမသိဘူးသူ့ အမေပြောတာတော့
”သူ ဒီရက်ပိုင်းအတွင်းမှိုင်နေတယ်..
ထမင်းလဲမစားဖူး.. ကျမလဲနေသိပ်မကောင်းတော့ဂရုမစိုက်ဖြစ်ဖူး” တဲ့
သူတပါးအပေါ်ဘာမှ မလုပ်နိုင်တဲ့ ဘာမှမလုပ်တတ်တဲ့ စိတ်ထားဖြူစင်တဲ့မောင်ချက် ဘာတွေများခံစားခဲ့ရသလဲ..ဘာတွေဖြစ်ခဲ့တာလဲ..ဘာကြောင့်လဲဆိုတာ
ကာယကံရှင်မောင်ချက်တစ်ယောက်သာအသိဆုံးနေမှာပါ..စိတ်မကောင်းပါဘူး..
သူနဲ့ ကျွန်တော် လာခဲ့ပုံချင်းက အတူတူပါပဲ
ဒါပေမယ့် နေရတာနဲ့ ထွက်သွားတာ ကတော့မတူပါဘူး..
တစ်ခုတော့ရှိတယ်..
သူ ဝဋ်ကျွတ်သွားတယ်လို့ ပဲဖြေပါတယ်…
“သဗ္ဗေ္ဗသတ္တာ ကံမသက္ကာ”
ဖိုးစိန်