Wednesday, 29 April 2009

ကျေးဇူးရှင်သို့ကြေကွဲဝမ်းနည်းကြောင်း

တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့။ ကိုယ်ကသိသိ မသိသိ ကိုယ့်ကိုထမင်းကျွေးခဲ့ဖူးတဲ့ သူဟာ ကိုယ့်ကျေးဇူးရှင်ပါ။ ကိုယ်က ကျေးဇူးပြန် မဆပ်ချင်နေပါ သူကျွေးခဲ့ ဘူးတဲ့ ထမင်းတလုပ် စာကိုတော့ မစော်ကား ပါနဲ့တဲ့။ သြော..တွေ့ဆုံကြုံကွဲ မမြဲတဲ့ ဒီလောကကြီးမှာလဲ ကျနော့်ကို ထမင်းကျွေးခဲ့ဘူးတဲ့ ကျေးဇူးရှင် တွေထဲက ကျနော့်ကို တူလို သားလို ချစ်တဲ့သူ တစ်ယောက် ကြွေလွင့်သွားခဲ့ပြန်ပြီ။ ကျနော့်ကို ထမင်းတစ်လုပ်မက မေတ္တာအပြည့်ပေးခဲ့တဲ့ အမေခင်ဆွေမြင့် ဒီနေ့ကစပြီး လူ့လောကထဲမှာ မရှိတော့ ဘူးတဲ့လေ..

နောက်ဆုံးစကာင်္ပူလာတုန်းကရိုက်ခဲ့တဲ့အမေခင်ဆွေမြင့်


သူဟာ ကျနော့်ရဲ့ ထာဝရ အမေလဲဖြစ်တယ် ထာဝရကျေးဇူးရှင် လဲဖြစ်တယ်။သူနဲ့ကျနော်က အမျိုးလဲ မဟုတ်ဘူး ဘယ်လိုမှ ဆက်စပ်လို့မရ အိမ်မက်ထဲ မှာတောင်မမက် ဖူးတဲ့သူနှစ်ယောက်က အမေဆွေ နဲ့ ကျနော် ရှေးဘဝမှာ သားအမိ ဖြစ်ချင်ဖြစ်ခဲ့မှာ။ အမေဆွေကို ကျနော်စသိတာက နိုင်ငံခြားသာဘာ တက္ကသိုလ်တက် နေတဲ့ နောက်ဆုံးနှစ်မှာပါ။ ကျနော့်နဲ့ တတန်းထဲ အခန်းဖော် သူငယ်ချင်း သူဇာထွန်းရဲ့ အဒေါ်လေး ကျောင်းပြီးခါနီးပြီးမို့ ”နင်ကျောင်းပြီးရင် ဘာလုပ်မလဲ ငါမှာတော့ ဒီလိုအစီအစဉ် တွေရှိတယ်။ နင့်ကို ငါခင်တော့ နင်လုပ်ချင် လုပ်လို့ရအောင်” ဆိုပြီးသူငယ်ချင်း စိတ်ဓာတ်အပြည့်နဲ့ ကူညီအားပေး အရောက်ပို့ လမ်းပြပေးတဲ့ သူငယ်ချင်းက သူဇာထွန်းပါ ကျနော်လဲ သွားဖို့စိတ်ဝင်စား တာနဲ့ သူဇာ့အစီအစဉ်ထဲမှာ ဝင်ပါခဲ့တယ်။ သွားဖို့လုပ်တော့ ကျနော်ရယ် သူဇာရယ်ဆိုတော့ အန်တီဆွေက လူများရင် စိတ်ချတယ်ဆိုပြီး အန်တီရဲ့ တစ်ဦးတည်းသော သမီးမအိမျိုး နောက်အန်တီတို့ အမျိုးမကင်းတဲ့ အကိုဇွဲမာန်အားလုံး လေးယောက် နိုင်ငံခြား ထွက်နိုင်ဖို့ စတင်လှုပ်ရှား ကြတာပေါ့။

အဲဒီအချိန်မှာ လေးယောက်ပေါင်းလုပ်တော့ အန်တီဆွေအိမ်က ကျနော့်ထမင်းစား အိမ်ဖြစ်လာတယ်။ နောက်ပြီး ဗေဒင်ယုံတဲ့ မမတွေက ဗေဒင်တွက်ကြတော့ ဒီလူတွေ ပေါင်းနေရင် ပေါင်းသွားရ မယ်ဆိုတော့ ခက်ခက်ခဲခဲ မဟုတ်ဘူးဆိုပြီး အားလုံးစု လို့ရတဲ့ အန်တီဆွေ့ အိမ်မှာနေလိုက်တယ်။ သံယောဇဉ်တွေက စကားပြောပါတယ် ကျနော့်ကို စတွေကတည်းက နာမည်မခေါ်ပဲ သားလို့ပဲ ခေါ်ခဲ့တာ ကျနော့်ကို အန်တီက သားတစ်ယောက်လိုကို ချစ်တယ် လုံးဝလုံးဝကို မငြိုငြင်ဘူး။ ကျနော်ရှိလို့ အိမ်စည်လာ တယ်တဲ့လေ ကျနော်က ပေါက်ကရ လေးဆယ်ပြော ပေါက်ကရလုပ်ပြတော့ အိမ်က အရမ်းကိုစည်တယ် ဘယ်လောက်ထိ လဲဆိုရင် ကျနော့် အိမ်ကျနော် ပြန်တဲ့နေ့ဆို အန်တီဆွေက မျက်ရည်ကျပြီး နောက်ပိုင်းကျတော့ ကျနော်မပြန်ပဲ အဖေတို့ အမေတို့က အန်တီဆွေ အိမ်ကို လိုက်လာရတဲ့ အဖြစ် အဖေနဲ့ အမေနဲ့ကတော့ ပီတိဖြစ်တာပေါ့ သားလုပ်သူကို ဒီလိုချစ်တာ မြင်တော့ ကျနော့်ကိုလဲ ကျေးဇူးရှင်ကို မပြစ်မှားဖို့ အမြဲပြောပါတယ်။

ကျနော်လဲ ဘာသံယောဇဉ် ရေစက်လဲတော့ မသိဘူးလေ အန်တီ့ကိုအ ရမ်းချစ်တယ် အမေတစ်ယောက်လိုကို ချစ်တာ သူထမင်းကျွေး ထားလို့မဟုတ်ဘူး ရင်ထဲက ကိုချစ်တာ ဒီလိုနဲ့ ကျနော်တို့ အင်္ဂလန်ဗွီဇာဝင်ဖို့ လုပ်တဲ့အချိန်မှာ အန်တီ့မှာ ရောဂါတစ်ခုဖြစ်တယ်။ ဘယ်ဘက်ရင်သားမှာ အကြိတ်ဖြစ်တယ်ပေါ့ ကျနော်တို့ ကိစ္စတွေ လုံးပန်းနေရတော့ သူ့ကိုယ်တိုင်လဲ သတိမထား မိဘူးလေ နောက်ပိုင်း နာလာတဲ့အခါကျမှ ကျနော်တို့ ကိုပြတော့ အကြိတ်က တော်တော်ကြီး နေပြီးလေ မှတ်မိသေးတယ် အဲဒီတုန်းကတော့ ကျနော်ဆေး လိမ်းပေးတော့ သူကငိုတယ် အန်တီမှာ သားရှိရင် အဲလိုပြုစုမှာတဲ့ ကျနော်ကလဲ ပြောပါတယ် အခုလဲ သားပဲလေလို့ ငိုတယ်ဗျာ တစ်ညလုံး ကျနော်တို့ အဲဒီညက အိပ်လို့ မရကြဘူး။ သူကရောဂါက နာလို့ငိုတာ မဟုတ်ဘူးတဲ့ သူ့ဘဝမှာ သူ့ကိုအဲလို ကြင်နာတဲ့ သူရှိတာ သိလို့တဲ့လေ အမေနဲ့ သမီးနှစ်ယောက်တည်း နေတာဆိုတော့လဲခံစားလို့ရပါတယ် ကျနော်တို့ အားလုံးမျက်ရည် ကျရပါတယ် ကျနော့်ကိုလဲ အဲဒီအချိန်ကစပြီး အန်တီက ပိုချစ်လာတယ်။

ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ အနာက ပိုရင်းလာတော့ ဆေးစစ်တယ် ကင်ဆာတဲ့။ ဒါနဲ့ချက်ချင်းပဲ ကုဖို့အဆင့် မှီသေးတယ်ဆိုတော့ ဆေးရုံးကိုတင်တယ်.. ဂရင်းခရောစ့်ကိုပါ။ ညတွင်းချင်း ခွဲစိတ်ခန်း ဝင်တယ် အန်တီရဲ့ ဘယ်ဘက်ရင်သား တခြမ်းလုံးအဖြတ်ခံ လိုက်ရတယ်လေ။ ခွဲစိတ်ပြီးတော့ ဆရာဝန်တွေ အန်တီရင်သားကို ပြတဲ့ အချိန်မှာ ကျနော်ဘယ်လိုမှ ခံနိုင်ရည် မရှိဘူး။ မျက်ရည်ဆိုတာမှ အပြိုင်းပြိုင်း ကျဆင်းလာတာ။ ကျနော့်အမေလဲ ကင်ဆာဖြစ် ဖူးတယ်လေ ဒါကြောင့်မို့ ရောဂါခံစားရမယ့် လူနာရဲ့ အခြေအနေကို ခံစားမိပါတယ် အမေကတော့ ကံကောင်းတယ် အခုထိ ကျန်းမာနေတုန်းပဲ ဒါပေမယ့် အမေတုန်းကလဲ နှစ်တော်တော်ကြာ နာလန်ပြန်ထူဖို့ ကြိုးစားခဲ့ ရတာလေ ကျနော် ကိုယ်ချင်းစာ မိပါတယ်။ အန်တီ ခွဲစိတ်ခန်းထဲက ထွက်လို့သတိရ ရခြင်းနာမည် ခေါ်တာ ဘယ်သူထင်လဲ ကျနော့်နာမည် မွေးထုတ်ထားတဲ့ သမီးအရင်း ကိုတောင် အရင်မမေးဘူး။ ကျနော်အနားမှာ ရှိလားမရှိလား ဆိုတာ ကယောင်ကတမ်းနဲ့ မေးတာလေ အဲဒီနေ့ ကစလို့ ဆေးရုံမှာ နေတဲ့တစ်လ ခွဲလုံးလုံးကို ကျနော်အန်တီနဲ့ နှစ်ယောက်တည်း နေခဲ့ပါတယ် ကျနော်အန်တီ့ကို အမေတစ်ယောက်လိုကို ပြုစုခဲ့ပါတယ်။ ချီသွားချီ ပိုးတာကအစ အိမ်သာတက်တာ အဆုံးကျနော် လုပ်ပေးခဲ့ပါတယ် ကျနော်ကိုယ်တိုင်လဲ ပြုစုချင်ပါတယ်။

အန်တီ နားမှာနေပြီး အားပေး စကားတွေ ပြောခဲ့ပါတယ် အန်တီက ကျနော့်ကို အားနာပြီး နာပ်စ့်ငှားချင် ပေမယ့်ကျနော့်ကို သူ့အနားရှိ စေချင်တယ် ဆိုတာ ကျနော်သိပါတယ်။ ဒါကြောင့် ကျနော်ပဲ အနားမှာ နေရော ညရော နေခဲ့ပါတယ် ဟာသ ပြောလိုက် စလိုက် တရားစာဖတ် ပြလိုက်နဲ့ အရင်ကျနေတဲ့ စိတ်ဓာတ်လေးတွေနဲ့ အန်တီနာလန် ပြန်ထူခဲ့ပါတယ်။ ကျနော်လဲ အင်္ဂလန် ဗွီဇာမရတာ တစ်ကြောင်း အန်တီ ဒီလိုဖြစ်နေတာက တစ်ကြောင်းဆိုတော့ အန်တီအိမ်မှာပဲ ဆက်နေခဲ့တယ်လေ အန်တီကင်ဆာ ဆေးတွေသွင်းပြီး ဓာတ်ရောင်ခြည် ကင်ပြီးတဲ့ အထိအန်တီအနားမှာ ကျနော် ရှိနေခဲ့တယ် အန်တီသွားတဲ့ ဆေးခန်း ဆေးရုံတိုင်းကို ကျနော်လိုက်ခဲ့တယ်။ မသိတဲ့ သူတွေက ကျနော်တို့ကို သားအမိလို့ ထင်တာ အဲလိုထင်လို့ အမေးခံရရင်အန်တီမျက်နှာက လမင်းတစ်ရာ ဝင်းလို့ အိမ်ပြန်ရင်လဲ သမီးလုပ်သူ အမြင်ကတ် လောက်အောင်ကို ပြန်ပြောတာလေ ဒီလိုနဲ့ အန်တီနာလန် ပြန်ထူလာခဲ့တယ်။

ကျနော်တို့ လေးယောက်လုံးလဲ ဆိုက်ပရပ်စ်ကို အဖြစ်အပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး ရောက်လာရတယ်ပေါ့ ကျနော်တို့ မလာခင်ဆိုညတိုင်း အန်တီငိုတယ် ကျနော့်ကို ကတိတောင်းတယ် ဘယ်အချိန်ပဲဖြစ်ဖြစ် မြန်မာပြည် ပြန်လာရင် သူ့နဲ့ပဲ လာနေပါ ကျနော့်ကို မွေးစားမယ်တဲ့ ကျနော့်နဲ့ နေရတာ ပျော်တယ် စိတ်ချမ်းသာတယ် တဲ့လေ ကျနော်လဲ ကတိပေး ထားပါတယ် ပြန်ရောက်လာရင် နေမယ်လို့ ကျနော်တို့ဒီ ရောက်ပြီး မကြာဖူး သူဇာတို့ သုံးယောက်လုံး ပြန်တော့ ကျနော်ပဲ ကျန်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်မှာမှ အန်တီက ညာဘက် ရင်သားကိုကူးပြီး ကင်ဆာ ထပ်ဖြစ်လို့ စကာင်္ပူမှာ ဆေးလာကုရတယ် ဘယ်ဘက်လက်လဲ မသန်တော့ဘူးလေ။

ကျနော်နဲ့ အွန်လိုင်းမှာ တွေ့တိုင်း မျက်ရည်ဝဲပြီး ကျနော့်လို ပြုစုတဲ့သူ အနားမှာ ရှိစေချင် ပါတယ်တဲ့လေ ကျနော့်ကို လွမ်းတယ်တဲ့ မအိမျိုးကလဲေ ပြာပါတယ် ဘယ်အချိန် ဘယ်သူနဲ့ တွေ့တွေ့ ကျနော့်အကြောင်းကို ပြောတယ်တဲ့လေ။ ကျနော်လဲ ဘယ်လိုမှ ပြန်လို့မဖြစ်ဘူးလေ ကျနော်လဲ ပြုစုချင်ပါတယ် ကိုယ့်ကျေးဇူးရှင်ကို အခုလဲ လွန်ခဲ့တဲ့ လကမှ စကာင်္ပူကနေ ဆေးကုပြီး ပြန်သွားတာ မပြန်ခင် ကျနော်နဲ့ ချက်တင်ဝင်တော့ ပထမက ငိုနေသေးတယ် နောက်ပိုင်း ကျနော်ပေါက်ကရ နောက်တော့ ရယ်လာတယ်လေ သူကတော့ ကျနော့်ကို ပြန်လာဖို့နဲ့ သူနဲ့အတူ နေဖို့ပဲ ပြောနေပါတယ်။

အဲဒါနောက်ဆုံး အမေဆွေနဲ့ စကားပြောခြင်းနဲ့ နောက်ဆုံးမြင် လိုက်ရခြင်းပါ အခုတော့ မထင်မှတ်ပဲ ဒီနေ့ညနေ စောင်းလောက်က ဘဝတစ်ပါးကို ကူးသွားပြီးတဲ့။ ကျနော့် ကျေးဇူးရှင်ရဲ့ ဆန္ဒလေး တစ်ခုကို မဖြည့်ဆည်း နိုင်ခဲ့ပါဘူး။ မြင်ချင်တဲ့ ကျနော့်ကို မမြင်လိုက်ရ အတူတူ နေချင်တဲ့ အမေ့ဆွေဆန္ဒတွေ မပြည့်တော့ဘူးလေ။ ကျနော်အရမ်းကို ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ကျနော်ကျေနပ် နိုင်ပါသေးတယ်။ ကျနော်သူ့ကို ပြုစုစောင့်ရှောက်ခွင့် ရခဲ့တဲ့ အတွက်ပါ။

အမေခင်ဆွေမြင့် ဆုံးတဲ့အချိန်မှာ အသက်(၅၄)ရှိပါပြီး ကျနော့်မှာ အမေခင်ဆွေမြင့်နဲ့ ပတ်သက်ပြီး ပြောစရာ စကားတွေက ရင်ထဲမဆန့်အောင် ရှိပါတယ်။ ဒါပေမယ့် ဘာပြောရမှန်း မသိလောက်အောင် ဆွံအနေပါတယ်။
အမေခင်ဆွေမြင့်ရေ...ကောင်းရာ သုဂတိ လားပါစေ

ဝမ်းနည်းကြေကွဲစွာဖြင့်
သား
ဖိုးစိန်

Tuesday, 28 April 2009

သံယောဇဉ်နဲ့အတူတွေ့ချင်သူဆယ်ဦး

သံယောဇဉ်ကြောင့် ဖြစ်လာတဲ့ မေတ္တာ ရှေးဘဝ ရေစက်တစ်ခုကြောင့် မထင်မှတ်ပဲ တွေ့ဆုံကြ ရတဲ့သူတွေ ဒီလိုသံယောဇဉ်ရှိ သူတွေကြားထဲမှာမှ အတွေ့ချင် ဆုံးဆယ်ယောက်တဲ့.... အမှန်တကယ်တော့ ကျနော်ဘလော့လေးကို စရေးကတည်းက ကျနော့်ဆီ လာလည်တဲ့ အကိုအမတွေ သူငယ်ချင်းတွေ အားလုံးကို
အပြင်မှာ အမှန်တကယ် ရင်နှီးချင်တာ ဒီဘလော့လေးကို ပိုင်ဆိုင်လို့လဲ ဘဝမှာ အားပေးမှုတွေ နဲ့အတူ အနေအထားတွေ ပြောင်းခဲ့ရတဲ့ ကျနော် အားလုံးကို ခင်မင်လေးစားပါတယ်။

ကျနော် တောက်တိုမယ်ရ စာရေးနေ တဲ့အချိန် ပထမဆုံး ကျနော်ဝင်လည်မိတဲ့ ဘလော့က ဂျပန်မှာနေတဲ့ ကျနော် ချစ်ခင်လေးစားရတဲ့ မမဝါ(မဝါဝါခိုင်မင်း)ပါ မဝါဘလော့ကို ကျနော် ပထမဆုံး မျက်စိလည် လမ်းမှားပြီး ရောက်ခဲ့တာ မဝါဘလော့ ကနေမှ ခြေဦးတည့်ရာ လိုက်လံရှာဖွေရင်း ဒီလောကထဲကို ရောက်လာတာ.. ကျနော့်ရဲ့ပိုစ့်တိုင်းကို အမြဲဖတ်ပေးတဲ့ အမြဲတမ်း အကြံဥာဏ်တွေ နဲ့အတူ အားပေးစကားပြောတဲ့ မမဝါကို မမြင်ဖူးပေမယ့် အရမ်းကို ခင်တွယ်ပြီး တွေ့ဖူးချင်နေခဲ့တာ နောက်တစ်ခုက ပျော်ရွှင်တဲ့ မိသားစု ဘဝကို တည်ထောင်ထားတဲ့ အတွက်လဲ အားကျနေခဲ့တာ အရမ်းကို တွေ့ဖူးချင် နေခဲ့တာ အမတစ်ယောက်လိုလဲ သံယောဇဉ် ရှိနေခဲ့တာလေ... တကယ်တွေ့ခဲ့ရရင် လက်အုပ်ချီပြီး ပြေးကန်တော့မိမှာပါ.. အဲလောက်ထိ မမဝါကို အမတစ်ယောက်လို သံယောဇဉ် ဖြစ်မိပါတယ်.. အမြဲတမ်း အမတစ်ယောက်လို အားပေးတတ်တဲ့ မမဝါကို ကျေးဇူးလဲ တင်ပါတယ်ဗျာ....

ကျနော့်ဘဝမှာ လက်ဦးဆရာက အမေပဲဖြစ်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီး တဲ့အထိ ကျူရှင်မတက်ပဲ ကျောင်းက ဆရာတွေနဲ့ အမေနဲ့တင် ဆယ်တန်းကို ဆန့်ငင်ဆန့်ငင် အောင်ခဲ့တဲ့ သူပါ နိုင်ငံခြား ဘာသာတက္ကသိုလ် စတက်ချိန်မှာ ကျနော်က အင်္ဂလိပ်စာ မေဂျာကို ရခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က ပြင်သစ်စာ စပ်စပ်စုစု သိလိုတာနဲ့ ပြင်သစ်ဘာသာ သင်တဲ့အခန်းကို တစ်ချိန်ဝင် တက်ခဲ့တယ် အဲဒီမှာ ပထမဆုံးတွေ့ ခဲ့ရတဲ့ ဆရာမက ကျနော်ချစ်ခင်လေးစား အားကျရတဲ့ ဒေါ်မို့မို့ဝင်းပါ တီချယ်မို့ စာသင်တာကို ကြည့်ပြီး အရမ်းကို အားကျ လေးစားခဲ့ပါတယ်။ နောက်တစ်နေ့မှာလဲ ပြင်သစ်အတန်းကို ထပ်တက်မိတော့ ဆရာမ ဒေါ်မီမီပြုံး သင်တဲ့အတန်းကို တက်မိပါတယ် အရမ်းကိုသဘော မနောဖြူတဲ့ အမြဲပြုံးနေတဲ့ ဆရာမကိုမြင်တော့ ဆုံးဖြတ်ချက် ချခဲ့တာ ပြင်သစ်စာကိုပဲ သင်တော့မယ်လို့ပေါ့ ဒီလိုနဲ့ပဲ ပြင်သစ်စာ ကိုသင်
ဖြစ်ခဲ့ပါတယ် ခုကျနော် အရမ်းချစ်ခင် လေးစားမြတ်နိုးရတဲ့ ဆရာမနှစ်ယောက်နဲ့ ညီအမတော်တဲ့သူကို မထင်မှတ်ပဲ ဘလော့စာ မျက်နှာပေါ်မှာ မြင်လိုက်ရတယ် ကျနော်အရမ်းကို ပျော်ခဲ့ပါတယ် သူကတော့ အခုကျနော် မကြီးနော်လို့ခေါ်တဲ့ မနော်(မနော်ဟရီ)ပါ။ မကြီးနော်အ ကြောင်းကို ကျနော် မစိမ်းပါဘူး ကျနော်တင်မဟုတ်ဘူး (၉ရ)အောင်ပြင်သစ်စာ သင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသား အားလုံးစိမ်းမယ် မထင်ဘူး ဘာဖြစ်လို့လဲ ဆိုရင်တော့ မနော်နဲ့ ညီအမတော်တဲ့ ဆရာမတီချယ်မီက စာသင်နေရင်းနဲ့ အပြင်ဗဟုသုတ တွေပြောကျတဲ့အခါ သူအကြိုက် ကိုယ့်အကြိုက် ကဗျာစာတွေ ပြောကြတဲ့အခါ မနော်အကြောင်း ပါပါတယ် မနော်ရဲ့ စာတွေကို အဲဒီအချိန်က မဖတ်ဖူးဘူး မနော်ကို မမြင်ဖူးဘူး ဒါပေမယ့် တီချယ်မီကြောင့် မနော့်ကို တီချယ်ရဲ့ ညီအမဆိုတဲ့ စိတ်နဲ့တင် လေးစားချစ်ခင်ခဲ့ရတာ ရေစက်ဆိုတာက ခက်သား အခုကြည့်မထင်မှတ်ပဲ မနော်ကို တွေ့ရတာ ကဲမလွမ်းဘူး လားဆိုတဲ့ တက္ကသိုလ် ပုံတွေနဲ့ တင်ထားတဲ့ ပိုစ့်ကနေ မနော်ကို ခင်မင်ခွင့် ရခဲ့တာ ကျနော်အရမ်းချစ်ခင် လေးစားရတဲ့ ဆရာမနဲ့ ညီအမ ကျနော့်ကိုလဲ မောင်လေး တစ်ယောက်လို ခင်မင်နွေးထွေးမှုတွေ ပေးခဲ့တဲ့ မကြီးနော်ကို အမတစ်ယောက်လို ရင်ထဲက ခံစားမိတယ် မကြီးနော်ရေ.. မကြီးနော် ရေးပေးခဲ့တဲ့ ကဗျာလေးအတွက် ကျနော်ကျေးဇူးတင်သလို ကျနော်ရင်ထဲမှာ အမြဲကျန်ရှိ နေမှာပါ.. မကြီးနော်ကိုလဲ မြင်တာနဲ့ ပြေးကန်တော့ မိမှာပါ..(မကြီးနော် ထမင်းကျွေးမယ်လို့ ပြောထားသေး တယ်နော့် မေ့ဘူး)

ဘလော့ စာမျက်နှာတွေရှိတဲ့ အိမ်ရောက်တိုင်း ပြုံးပျော်ပြီး ပြန်လာရတဲ့ အိမ်တစ်အိမ် ရှိပါတယ် ကိုရင်နော်ခင်လေးငယ်ဆိုတဲ့ နို့စို့ဖက် ရန်ဖြစ်ဖက်တွေ ကိုရင်တို့ အိမ်ရောက်တိုင်း ရင်ထဲနွေးထွေးမှု တစ်ခုရတယ် ဒါကတော့ ကျနော့်ကိုယ်ပိုင် ခံစားချက် နေမှာပါ သူငယ်ချင်းတွေ ဖြစ်ကျတဲ့ ကိုရင်နော်ကြီးနဲ့ မခင်လေးတို့ ရေးထားတာကို တွေ့တိုင်း လွတ်လွတ် လပ်လပ် ရယ်မောပြောရွှင်ခဲ့ရတယ်။ တနေ့ကိုရင်နော်ကြီးက ”ဖိုးစိန်ရေ ကိုရင်နော် ကိုအက်ဟ ဖိုးစိန်နဲ့ ပေါင်းလို့ရတယ်”ဆိုပြီး ကိုရင်နော့်မေးလ်ကို ပေးခဲ့တာ တကယ်တော့ သူကဆိုက်ပရပ်စ်က ယိမ်းသမလေး တွေကတာတွေ ကြည့်ပြီးကျနော့်ကို အက်ခဲ့တာ အဟီးး တကယ်လဲ အကိုတစ်ယောက်လို လေးစားခင်မင်ဖို့ ကောင်းပါတယ် ကိုရင်နော်ကြီးနဲ့ စကားပြောတိုင်းလဲ ပျော်ပါတယ် (ဒါပေမယ့် ကိုရင်နော်ကြီးက တွေ့တိုင်း ဆိုက်ပရပ်စ်က ယိမ်းသမတွေကိုပဲ မေးမေးနေတာ ခက်တယ်)အဟီးးး ကျနော် ကိုရင်နော်ကြီး ကိုတွေ့ရင် အဆစ်အနေနဲ့ မခင်လေးကိုပါ တွေ့ရမှာဆိုတော့ မခင်လေးလဲ ကျနော့်ကို ငါ့ကျ မပါဘူးလို့ ပြောမှာ မဟုတ်တော့ဘူး တကယ်ပြောတာ နို့စို့ဖက် အကိုနဲ့အမကို တွေ့ချင်ပါတယ်

ကျနော့် ဂျီးမေးလ်ထဲမှာ ပထမဆုံး ကျနော် အင်ဗွိက် လုပ်ခဲ့တဲ့သူက ကျနော်ဒယ်ရင်း လို့ခေါ်ပြီး ကျနော့်ကို ဖွတ်ချိန်ဆိုပြီး နာမည်ပေးခဲ့တဲ့ မက်မက်ပါ မက်မက်ကလဲ ကျနော်ရဲ့စာ တွေကို ကျနော်စရေး ကတည်းက အားပေးလာ ခဲ့တဲ့သူပါ မက်မက်နဲ့ကျနော် သိပြီးတဲ့ အချိန်က စလို့ အခုချိန်ထိ မက်မက်က ကျနော်ကို အကူအညီ တွေပေးခဲ့ပါတယ်။ တစ်ခါတစ်လေမှာ အစ်မတစ်ယောက်လို ရှိနေတတ်တယ်။ တစ်ခါတစ်လေမှာ သူငယ်ချင်း တစ်ယောက်လို ဖြစ်နေပြန်တယ် မက်မက်ဆီကနေ ကျနော် ရခဲ့တဲ့ တရားတွေက မနည်းပါဘူး... ကျနော် မက်မက်ကို မမြင်ဖူးပေမယ့် အစ်မလို ညီမလို သူငယ်ချင်းလို ခင်ပါတယ် သံယောဇဉ်လဲ ရှိပါတယ် ကျနော် စိတ်ဓာတ်ကျ နေတဲ့အချိန်ဆို သူအားပေး စကားပြော တတ်ပါတယ် သူအဆင်မပြေတဲ့ အခါဆိုလဲ ကျနော်သူနဲ့ အတူဝမ်းနည်း မိပါတယ်။ ကျနော်ပြေး တွေ့ချင်တဲ့ သူထဲမှာ မက်မက်လဲ ပါတယ်လေ ကျနော့် အပေါ်ကို တကယ့်ကို စေတနာနဲ့ ခင်မင်တဲ့ သူပါ သူ့ကြောင့်လဲ ကျနော် ဘုန်းကြီးဝတ်ချင်စိတ် ခဏခဏပေါက်တယ် တရားရလို့တော့ မဟုတ်သေးဘူး မက်မက်က အိမ်မှာ ဘုန်းကြီးဆွမ်း ခဏခဏ ကပ်တော့ ကျနော် ဘုန်းကြီးများ ဝတ်ရင် မက်မက်အိမ်မှာ ဟင်းကောင်း နေ့တိုင်း စားရမလား ဆိုတဲ့ အတွေးနဲ့ အဟီးးး

သဘောဖြူ မနောဖြူတဲ့ ဘားအံသူလေး ကဗျာလေးတွေ ရေးကောင်းတဲ့ အသဲခဏခဏကွဲတဲ့ မဇာကလည်း ကျနော့ရဲ့ အားပေးဖော် တိုင်ပင်ဖော်ပါ ကျနော်နဲ့ဆို အမြဲတမ်း စလိုက် နောက်လိုက် နေလာတဲ့ မဇာပါ သူ့ကို စလိုက်တိုင်း အိမ်ကို ထမိန်မပြီး လိုက်လာ တတ်တဲ့ ဘားအံသူကို ကျနော် အရမ်း ခင်တယ် မဇာက ပွင့်လင်းတယ် သဘောကောင်းတယ် ခင်ဖို့ ကောင်းတယ် တနေ့နေ့ ဇွဲကပင်တောင်ကို စလိုက် နောက်လိုက် စိတ်ဆိုးလိုက်နဲ့ ကျနော်တို့ မဇာတို့ တက်ဖြစ်မှာ မြင်ယောင် မိပါတယ် မဇာရယ်

မကြီးရေလို့ ခေါ်လိုက်ရင် ရှင်လို့ ပြန်ထူး တတ်တဲ့အမ တစ်ယောက် ရှိသေးတယ် သူကအချစ်ကို နူးညံ့သိမ်မွေ့စွာ အလွမ်းလေးနဲ့ ကဗျာစပ်တတ်တဲ့ မကြီးပါ ရေးတိုင်တဲ့ ကဗျာတိုတိုလေးတိုင်းမှာ လွမ်းဆွတ်ဖွယ်ကောင်းအောင် ရေးနိုင်တဲ့သူ အရမ်းလဲ သဘောထား ပြည့်တဲ့သူ ကျနော်စတိုင်းလဲ ပြုံးပြုံးလေး နေတတ်တဲ့ မကြီးကတော့မကြီးမေတ္တာရောင်ပြန်ပါ တကယ်အမ တစ်ယောက်လို အမြဲတမ်းစိတ်ပူ ပေးတတ်သူပါ ပြီးတော့ မကြီးရဲ့ ရင်ထဲက ခံစားချက် တစ်ချို့ကိုလဲ ဆရာကြီးအထာနဲ့ မကြီးရင်ဖွင့်သမျှကို နားထောင်ပေးတဲ့ ကျနော့်ကို မကြီးက နာမည်ပေး ထားပါတယ် (သိချင်မကြီးကို မေးကြ..အဟီးး.. မကြီးကို အလုပ်ပေး လိုက်တာ) မတွေ့မဖြစ် တွေ့မဲ့အထဲမှာ မကြီးကလဲ ထိပ်ဆုံးကပေါ့ သူကလဲ ကျနော့ကို အရမ်းတွေ့ချင်မှာပါ တွေ့တာနဲ့ ထိပ်ကို ဂွပ်ကနဲ မြည်အောင် ခေါက်ဖို့လေ။

တစ်ခါတစ်ရံမှာ ကျနော့်ကို အမကြီးလေသံနဲ့ ဆုံးမတတ် သလိုတခါတရံမှာ သူငယ်ချင်းအထာနဲ့ စကားပြော တတ်တာကန္တာရမိုးစက်မမငုံပါ ကျနော်ရေးတဲ့ စာကိုငိုရတဲ့ အခန်းမှာ နှပ်ထွက်ပြီး ရယ်ရတဲ့ပိုစ့်ဆို သရေကျတယ်ဆိုတဲ့ (ကျနော် ပိုပြောတာနော် မငုံရေ..တုတ်ကောက် နဲ့ထုမှာ မြင်ယောင်သေး) မငုံကလဲ အရမ်းကို ပွင့်လင်းပြီးခင် ဖို့ကောင်းတဲ့ သူငယ်ချင်း အမတစ်ယောက်ပါပဲ ကျနော်တို့ ဆုံရင် ခရီးအတူတူ ထွက်ကျမယ် လို့ပြောရင် သူက ရှေ့ဆုံးကခုံမှာ ဦးထိုင်နေမှာ မြင်ယောင်သေး။ သူ့ကို ကျနော်အမ တစ်ယောက်လိုပဲ မြင်ပြီး တကယ် ချစ်ခင်ပါတယ် စလို့လဲ ကောင်းတဲ့သူပါ

ကိုဖိုးစိန်ရေ..အကိုယောက်ဖရေ....အနော်တို့ အရက် သောက်ကြမယ်..လာခဲ့လို့ ခေါ်တတ်တဲ့သူ အကြီးကို အကြီးမှန်း သိတတ်တဲ့သူ.. ယဉ်ကျေးတဲ့ စကားတွေနဲ့ ချစ်ခင်အောင် ပြောတတ်သူ ”အကိုဖိုးစိန်ရေ ဘာပြော ရမှန်းကို မသိတော့ဘူး လုပ်လိုက်ရင် လူကို လန့် သွားတယ် အကိုလိုလူနဲ့ အပြင်မှာတွေ့ ချင်သေးတယ်ဗျာ အားရပါးရကို လက်ဆွဲပြီး ပွေ့ဖက်ချင်တယ်” စတဲ့ စကားမျိုးတွေနဲ့ ကျနော့် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတဲ့သူ ကျနော်လဲ သူ့ကို အရမ်းသံယောဇဉ်ဖြစ်ပြီး ညီတစ်ယောက်လို ခင်မင်ရတဲ့ သူက ခွန်ဖလို့ခေါ်တဲ့ညီလေးအိုင်ခီပါ သူ့ကိုကျနော် ညီတစ်ယောက်လို ကိုချစ်ပါတယ်.. သူပြောတဲ့ စကားတိုင်းက အကိုတစ်ယောက်ကို ညီကပြောနေတဲ့ လေသံအတိုင်း ခံစားရပါတယ် သူလဲ ကျနော်ကို အကိုတစ်ယောက်လို ချစ်ခင်လေးစား မယ်ဆိုတာ တစ်ထစ်ချ ယုံကြည်ပါတယ်။ ညီလေးယောက်ဖရေ..ညီလေးကို ယောက်ဖ တော်ပြီးတော့ကို ချစ်တာနော့်..

ကျနော်ချစ်တဲ့ ညီလေးထဲမှာတော့ အငယ်ဆုံး.. ဒါပေမယ့် စိတ်ဓာတ်ရေးရာကတော့ လူကြီးစိတ်လေ..တည်ကြည်တယ်..ဒါပေမယ့် တစ်ခါတစ်ရံမှာ အရမ်းကို နူးညံ့တဲ့ နှလုံးသားနဲ့ ပျော့ညံ့နေ တတ်တာကို မြင်နေရပြန်တယ်..သဘောဖြူတယ်.. သိတတ်နားလည်တယ်.. သူ့ကလဲ ကျနော့်ကို အကိုတစ်ယောက်လို လေးစားတယ်.. အတွေးအခေါ် ကောင်းတယ်..သူကတော့ လေလွင့်သူလေးကိုရဲ.. ကျနော် ကိုရဲကို ညီလေးတစ်ယောက်လို ကိုချစ်တာ..ဒါကလဲ ဘယ်ဘဝ ရေစက်မှန်း မသိဘူး..

ညီလေး နှစ်ယောက်ဖြစ်တဲ့ အိုင်ခီနဲ့အရဲ နဲ့ကိုတော့ ကျနော်အပြင်မှာ မတွေ့ဖူးပေမယ့် တော်တော်လေး သံယောဇဉ် ဖြစ်တယ်

နောက်ဆုံး တစ်ယောက်က မပါမဖြစ် ပါကိုပါ ရမှဖြစ်မှာ မပါရင် မဗဒါမြေလူးလို့ ဘလော့ စာမျက်နှာပေါ် အသဲကွဲမှာ မြင်ယောင်နေပါတယ်း) ဒီလိုပြောရင်လည်း ပြောရက်လိုက်တာ ချစ်စိန်လေးရယ်ဆိုတဲ့ဝမ်းနည်း လေသံလေးနဲ့ ရေကျသွားမှာ မြင်ယောင်သေးတယ် ဒါပေမယ့် စိတ်ထဲရင်ထဲက ပြောရရင် တွေ့ချင်တဲ့ သူထဲမှာ သဘောကောင်းပြီး ဖြည့်ဆည်း ပေးတတ်တဲ့ ချစ်သလား လွမ်းသလား ဖြေစမ်းကွယ် ကိုအမြဲ မေးတတ်တဲ့ တီချမ်းခေါ်ချစ်ချမ်းပဲပေါ့ ချစ်ချမ်းလဲ ကျနော်ကို မတွေ့ဖူး မမြင်ဖူးပေမယ့် အတိတ်က အရိပ်ကြောင့် အခုကျနော့် အပေါ်မေတ္တာ သက်ဝင်ချစ်ခင် နေလေရဲ့.. သူ့ကို ကျနော်က ရေတက်တုန်းမို့ပါ... အချိန်ကျရင် ရေလဲကျ သွားမယ်လို့ ပြောရင် ဆွေ့ဆွေ့ခုန်ပေါ့လေ... သူ့ကို မခံချင်အောင် မခံချိမခံသာ ဖြစ်အောင်စ နေပေမယ့် တကယ်ခင်ပါတယ် (ခင်တယ်ပြောရင် ချစ်ချမ်းက မကြိုက်) အပြင်မှာလဲ တွေ့ချင်ပါတယ်.. ချစ်ချမ်း ကျနော့်ကိုမြင်ရင် ဘာလုပ်မလဲ သိချင်လို့..အခုတောင် စဉ်းစားရင်း..အဟီးးး ချမ်းရေ.. ဘာပြောပြော.. ချမ်းကို တကယ်လေးစား ချစ်ခင်ရပါတယ်..

ကျန်ခဲ့တဲ့ လူတွေလဲ စိတ်မကောင်း မဖြစ်ကျ နဲ့နော်... ဆယ်ယောက်ပဲဆိုလို့ မျက်စိမှိတ် နားပိတ် ရေးလိုက်တာ
ကျနော်က အားလုံးကို တွေ့ဖူးချင်သလို အားလုံးကိုလဲ ချစ်ပါတယ်။ ကျနော့်ကို ချစ်ကြတဲ့ ဘလော့ညီအကို အမညီမတွေ သူငယ်ချင်းတွေ ကျနော့်ဆီ လာလည်ကျတဲ့သူ အားလုံးကို ချစ်ပါတယ်..

ခင်မင်လေးစားချစ်ခင်စွာဖြင့်
ဖိုးစိန်

Sunday, 26 April 2009

ဘဝခရီးဆုံးထိ


ကျနော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ပထမဆုံးအကြိမ်ဆိုက်ပရပ်စ်သင်္ကြန်ကြီးကအရမ်းကိုအောင်မြင်စွာနဲ့ပြီးဆုံးခဲ့သလို
အားလုံးပျော်ခဲ့တဲ့ပွဲလဲဖြစ်ခဲ့ပါတယ် ကူညီအားပေးခဲ့တဲ့ကျနော့်ဘလော့ဂါညီအကိုမောင်နှမများကိုအထူးကျေးဇူးတင်ရှိပါတယ်
အထူးသဖြင့်ကျနော့်နဲ့အတူအပင်ပန်းခံငွေကုန်ကျခံဒုက္ခခံကူညီခဲ့တဲ့ကျနော့်ရဲ့ဘော်ဒါကြီးနေညိုရင့်ကိုလဲအထူးကျေးဇူးတင်
အားနာလှပါတယ် ကျနော်ပျောက်နေတဲ့တစ်ပတ်အတွင်းမှာစိတ်ပူသတင်းမေး မေးလ်ပို့ခဲ့တဲ့အတွက်ကျနော့်ညီလေးအကိုညီမ
အမများကိုလဲအထူးပင်ကျေနပ်ပီတိဖြစ်စွာကျေးဇူးတင်ရှိသလို အိမ်လာလည်ပြီးစိတ်ပူကြတဲ့သူများကိုလဲအထူးပင်လေးစာပီတိ
ကျေးဇူးတင်မိပါတယ်ဗျာ
ကျနော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဖုန်းတစ်ခုလက်ခံရရှိခဲ့ပါတယ် ကျနော်တို့နိုင်ငံမှာနေတဲ့တောင်ပေါ်မြို့လေးက
အသက်၅၅နှစ်လောက်ရှိမယ့်အဒေါ်ကြီးတစ်ယောက်ကဖုန်းခေါ်တာပါ ခေါ်ရတဲ့အကြောင်းအရင်းကသူနေတဲ့တိုက်အသစ်ကိုဆေးသုတ်ချင်လို့ပါတဲ့ဒါပေမယ့်ကျနော်နေတဲ့မြို့နဲ့ကီလို၁၀၀ဝေးတဲ့တောင်ပေါ်မြို့လေးပါ
ဒီအချိန်ကကျနော်တို့ဆီမှာသူတို့ခရစ်ယာန်ဘာသာဝင်တွေရဲ့အီစတာပိတ်ရက်နဲ့ဆုံတာရယ်ကျနော်အလုပ်လုပ်တဲ့စားသောက်ဆိုင်ကပိတ်တာ
ရယ်ကြောင့်ကျနော်အလုပ်လုပ်ဖို့လက်ခံပြီးတနလာင်္နေ့မှာပဲအထုတ်အပိုးပြင်တောင်ပေါ်မြို့လေးဆီကိုအလုပ်လုပ်ဖို့ချီတက်ခဲ့တာပေါ့

ကျနော်ဆေးသုတ်ခဲ့တဲ့အိမ်ပါ အားတုန်းလေးဓာတ်ပုံရိုက်ထားတာဝတ်ထားတဲ့အကျီနဲ့ဆေးသုတ်တာငါးနှစ်တောင်ရှိတော့မယ်
အမေမွေးနေ့လက်ဆောင်ပေးထားတာ ကံကောင်းတဲ့အကျီလဲဖြစ်ပါတယ်



ကျနော့်တစ်ယောက်တည်းပါ
ကျနော်ဆိုက်ပရပ်စ်ရောက်ကတည်းကလုပ်ခဲ့ရတဲ့အလုပ်တွေထဲမှာအနှစ်သက်ဆုံးအလုပ်တစ်ခုရှိပါတယ်
အဲဒါကတော့ဆေးသုတ်တဲ့အလုပ်ပါပဲ ဆေးသုတ်တဲ့အလုပ်ကစိတ်ငြိမ်သလို စိတ်အေးချမ်းတဲ့အလုပ်တစ်ခုပါ
ဒါကတော့ကျနော်ကြိုက်တဲ့အလုပ်လို့ပြောမယ်ဆိုရင်လဲပြောလို့ရတယ်ပေါ့ များသေားအားဖြင့်တစ်ယောက်တည်းလုပ်တဲ့အတွက်
ဘယ်သူကိုမှအားမနာရမကြောက်ရတဲ့အလုပ် စိတ်ရှိတိုင်း(စိတ်ညစ်တိုင်း)သီချင်းတွေအကျယ်ကြီးအော်ဆိုလို့စိတ်ဖြေလို့ရတဲ့အလုပ်
လို့မှတ်ယူထားပါတယ် ပျော်လဲပျော်ပါတယ် တစ်ယောက်တည်းတွေးချင်တာတွေးပြီး စိတ်ရှိတိုင်းအလှဆင်လို့ရတဲ့အလုပ်ပါ
ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းရသလိုပေါ့ ကိုယ့်ကိုအော်မယ့်သူမရှိဘူး ကိုယ်ပဲဆရာကိုယ်ပဲတပည့်ဆိုတော့
ဒါကလဲဘဝပဲလေ လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းကဆိုကျနော့်ဘဝမှာဒါမျိုးတွေလုပ်ရမယ်ဆိုတာအိမ်မက်တောင်မက်ဖူးတာမဟုတ်ဘူး
တစ်ခါတစ်လေအဖေကကားပြင်စက်နှိုးလုပ်လို့ကူဖို့ခေါ်တာတောင်”ကျနော်ကဒါမျိုးတွေလုပ်မှာမဟုတ်ဘူး ဘောပင်ကိုင်ပြီးကုလားထိုင်မှာထိုင်မယ့်ကောင်ပါ”လို့အဖေ့ကိုစသလိုနောက်သလိုနဲ့ပြောခဲ့သေးတယ်
အဖေကိုယ်တိုင်က
”အေးကွာအနေကြီးတဲ့ငါ့သားကိုအဲဒီလိုလေးပဲမြင်ချင်ပါတယ်သားပုံစံနဲ့လဲဒီလိုအလုပ်နဲ့ဖြစ်မှာမဟုတ်ပါဘူး
ကုလားထိုင်မှာထိုင်နိုင်အောင်သာကြိုးစား”ဆိုပြီး
အားပေးခဲ့တာပါ အခုတော့လဲဖြစ်ရာဘဝမှာကျရာနေတတ်အောင်ကြိုးစားနေခဲ့ရပါတယ် ဒီအတွက်လဲဝမ်းမနည်းပါဘူး ကိုယ်လုပ်နိုင်တာကိုဂုဏ်ယူပီတိဖြစ်နေတတ်ပါပြီး ဘဝဆိုတာကိုယ်ထင်သလိုဖြစ်မလာသလိုကံကလဲလိုသေးတယ်မဟုတ်လား
ကြိုးစားခဲ့ပါတယ် ရသင့်သလောက်တော့ရခဲ့ပါတယ် ပါရမီနည်းတော့လည်းဖြစ်ချင်သလိုမဖြစ်လာတော့ ဖြစ်နေတဲ့ဘဝမှာလက်တွေကျအောင်နေတတ်ဖို့ကြိုးစားနေခဲ့ပါတယ် ကျနော့်နဲ့ရွယ်တူတွေဘောပင်ကိုင်ခုံပေါ်ထိုင်နိုင်တာကိုအားကြအတုယူမိပါတယ် မကြိုးစားလို့မဖြစ်လာတာမှမဟုတ်တာဆိုတော့ဖြစ်လာတဲ့ဘဝကိုယူတတ်အောင်တော့ကြိုးစားနေဆဲပါ
တစ်ခါတစ်လေမိုက်ရူးရဲစဉ်းစားမိပါတယ်(ဒီစရောက်ခါစတုန်းကပေါ့)”သြော်ငါ့မိဘတွေများချမ်းသာလို့ရှိရင် အရာရှိသားသမီးများဖြစ်ခဲ့ရင်ငါဒီလိုဖြစ်ချင်မှဖြစ်မှာ”လို့
ဒါပေမယ့်ချက်ချင်းစိတ်ကမိဘကိုပြစ်မှားမိသလိုဖြစ်သွားခဲ့တယ် ကျနော့်ဘဝမှာဖေဖေနဲ့မေမေကို မိဘတော်ခွင့်ရခဲ့တာကိုနောင်တရလို့မဟုတ်ဘူး ဘဝကိုတစ်ခါတစ်လေစိတ်နာချင်တာပါ
ဖြစ်ချင်တာတွေကိုကြိုးစားခဲ့ပေမယ့်ကံကြမ္မာကမျက်နှာသာမပေးတဲ့ဘဝ
အဲလိုစဉ်းစားမိတာတော့တစ်ကိုယ်ကောင်းဆန်လွန်းသွားတယ်ဆိုတာသိပါတယ် မိဘဆိုတာကလဲသားသမီးအတွက်အတတ်နိုင်ဆုံးကြိုးစားပေးခဲ့တာမဟုတ်လား ကျနော်အဲလိုစဉ်စားမိပြီးအဖေနဲ့အမေကိုပြန်တောင်းပန်ကန်တော့တုန်းကဆိုအမေကမျက်ရည်တွေရွှဲလို့ အဖေကတော့သက်ပြင်းတွေချလို့ပေါ့ သူတို့လဲသားသမီးကောင်းစားတာကိုမြင်ချင်တာပေါ့
အဖေကပြောပါတယ်”သားမှာအဖေရှိသေးတယ်..မသေသေးဘူး..အားမငယ်နဲ့..အဖေမှာသားကိုလုပ်ကျွေးဖို့ခြေတွေလက်တွေရှိပါသေးတယ်
အဖေ့ရဲ့အိမ်ကိုသာရဲရဲဝံ့ဝံ့ပြန်လာပါ..သားမျက်နှာမငယ်အောင်အဖေထားမယ်..ဒီလိုအလုပ်မျိုးတွေလုပ်စရာမလိုဘူးတဲ့လေ”
ဒီစကားကိုကြားရတဲ့သားတစ်ယောက်ဖြစ်တဲ့ကျနော့်နေရာကနေဝင်ကြည့်ပါ.ဘယ်လောက်ဝမ်းနည်းနေလိမ့်မလဲလို့
အဖေ့ကိုအရမ်းလေးစားအားကိုးဂုဏ်ယူမိပါတယ် သားအရွယ်ကအဖေ့အရိပ်ခိုရမယ့်အရွယ်မဟုတ်ဘူးဆိုတာသိပေမယ့်အဖေ့ရဲ့အားပေးစကားကသားအတွက်အားဆေးမကတန်ဖိုးရှိလှပါတယ်
ဒီလိုဘဝမျိုးမှာရုန်းကန်နေရတာကိုဘယ်မိဘကကြည့်ချင်မှာလဲ အရင်တုန်းကဆိုစိတ်ဓာတ်ခဏခဏကျပြီး
ငါ့ဘဝဘာကြောင့်ဒီလိုဖြစ်နေရတာလဲလို့အတွေးဝင်စိတ်ဓာတ်တွေကျ ပြီးတော့လုပ်နေတဲ့အလုပ်တွေအပေါ်စိတ်တွေဆိုးပြီး
ဆေးသုတ်တံတွေလွှင့်ပစ်ဆေးပုန်းတွေမှောက်ပြစ်တာအကြိမ်ကြိမ် အခုတော့လဲထမင်းကျွေးတဲ့ဒီအလုပ်ကိုပျော်နေပြီးဖြစ်သလို
ကျနော်လုပ်လို့ပြီးမြောက်သွားတဲ့အလုပ်အပေါ်ဂုဏ်ယူတတ်နေပြီးဖြစ်တယ် ပင်ပန်းပေမယ့်ပိုက်ဆံရတဲ့အခါ ကိုယ်ပြီးမြောက်သွားတဲ့
အလုပ်ကိုပြန်ခံစားရတဲ့ပီတိ လူတွေရဲ့ချီးကျူးစကားတွေကိုလက်ခံဂုဏ်ယူတတ်နေပါပြီး
ဘဝဆိုတာတိုပါတယ်
နေတတ်ရင်အရာအားလုံးကကျေနပ်စရာပါ ဒါပေမယ့်အသိစိတ်နဲ့ဒီထက်ပိုတိုးတက်အောင်လုပ်ဖို့ရယ် ရနေတဲ့ဘဝကိုပျော်နေအောင်ကြိုးစားနေတဲ့ကာလမှာဒီထက်ပိုတိုးတက်အောင်ကြိုးစားနေနိုင်ဖို့ကအဓိကကျတယ်လို့ထင်ပါတယ်
တစ်ချိန်ချိန်ကျနော်လဲကျနော်ရည်မှန်းခဲ့ဖူးတဲ့ကုလားထိုင်ပေါ်ထိုင်ရဖို့တော့မျှော်လင့်နေဆဲပါ
မထိုင်ရရင်လဲရတဲ့ဘဝမှာနေတတ်အောင်ကြိုးစားနေမှာပါ
ကျနော့်နဲ့ဘဝတူတွေရှိခဲ့ရင်လည်းစိတ်မပျက်ကြပါနဲ့
ခရီးဆုံးထိတော့လျှောက်လိုက်ကြစို့

Thursday, 16 April 2009

ဆုတောင်းကန်တော့ကျေးဇူးတင်လွှာ


အားလုံးပဲနှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ခညောင်းပျော်ရွှင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်
ဒီနေ့ဟာကျနော်တို့မြန်မာလူမျိုးတွေရဲ့နှစ်ဆန်းတရက်နေ့ဖြစ်တာကြောင့်အလွန်ပဲကြည်နူးစရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေလို့
စိတ်ထဲကဆုတောင်းနေမိတယ်ကျနော်အရင်ကစိတ်ကူးထားတာသင်္ကြန်ရက်တွေမှာဘလော့ဂါညီအကိုအမညီမသူငယ်ချင်းအိမ်တွေ
လျှောက်လည်ပြီးရေပက်မယ်တနေ့လုံးတညလုံးသောင်းကျန်းမယ်လို့စိတ်ကူးထားပေမယ့်ကျနော်ဦးဆောင်ဦးရွက်ပြုလုပ်ထားတဲ့
ပထမဆုံးအကြိမ်ဆိုက်ပရပ်သင်္ကြန်ကိုလုပ်မှာဖြစ်တဲ့အတွက်ကျနော်လုံးဝကိုမအားဖြစ်ခဲ့ရပါတယ်ကျနော့်အိမ်ကိုရေလာလောင်းတဲ့
အကိုအမညီညီမတွေကိုရေမလောင်းနိုင်တဲ့အပြင်နှုတ်ဆက်စကားပြောဆိုဖို့တောင်အခွင်အရေးမရခဲ့ပါဘူး
အားလုံးကိုကျနော်အားလဲနာပါတယ်တောင်းပန်ပါတယ်ကျနော်ဆိုက်ပရပ်စ်သင်္ကြန်ပွဲပြီးတာနဲ့အားလုံးအိမ်ကိုလိုက်လည်ပါမယ်
နောက်တစ်ခုကကျနော်ပီတိဖြစ်ပျော်ရွှင်စရာတစ်ခုကိုပြောပြချင်ပါတယ်
ကျနော်လာမယ့်တနင်္ဂနွေဧပရယ်လ(၁၉)ရက်နေ့မှာကျင်းပမယ့်သင်္ကြန်ပွဲအတွက်စီစဉ်တော့ကျနော့်မှာအခက်အခဲဖြစ်ရပါတယ်
အဓိကကကျနော်အနောက်ဆာလုပ်ဖို့အတွက်မြန်မာဝတ်စုံမရှိခြင်းပါပဲအချိန်ကလည်းနီးကပ်နေတော့အိမ်ကိုလဲမမှာချင်တော့ဘူး
မှာရင်လည်းအမေကမော်လမြိုင်ကနေရန်ကုန်ဆိုတော့ခရီးထောက်မှာကြောက်လို့မမှာတော့ဘူးအဲဒီအချိန်မှာကျနော့်ရဲ့စာတွေကို
ဟိုအရင်စာရေးကတည်းကကျနော့်ကိုပင်တိုင်ဖတ်ပေးတဲ့အကိုတင်ထွတ်လွင်(ကျနော်နဲ့ဂျီတော့မှာပဲခင်တာ)
ကိုစကားစပ်မိရင်းနဲ့ပြောတော့သူဝယ်ပို့ပေးမယ်စကာင်္ပူထိပေါ့စကာင်္ပူရောက်ရင်သာသူငယ်ချင်းတစ်ယောက်ယောက်ကိုဒီကိုပို့ခိုင်းပြောပြီး
နောက်နေ့မှာပဲကျနော့်ကိုယောပုဆိုးလည်ကတုံးအကျီပိတောက်ပန်းခြောက်သင်္ကြန်ကာရာအိုကေခွေနဲ့ကတ္တီပါဖိနပ်တစ်ရံကိုပို့ပေးပါတယ်
စကာင်္ပူကိုပစ္စည်းရောက်တော့ကျနော့်ရဲ့ခင်မင်လေးစားရပါတဲ့သူငယ်ချင်းအိပ်မက်(မက်မက်)ကမအားလပ်တဲ့ကြားကနေသွားယူပြီး
ကျနော့်ဆီကိုပိုက်ဆံအကုန်ကျခံပြီးစေတနာအရင်းခံနဲ့ပို့ပေးပါတယ်
နောက်တစ်ခုကကျနော်ဆိုမယ့်သီချင်းကခင်မောင်တိုးဗားရှင်းနဲ့ဆိုမှာဖြစ်တဲ့အတွက်သီချင်းတီးလုံးတွေကိုအွန်လိုင်းကရှာမရလို့
ခေါင်းခဲနေချိန်မှာတော့ချစ်ချမ်းကြီးက
အားသွန်ခွန်စိုက်တီးလုံးကြီးပဲရအောင်ဗားရှင်းပြောင်းပေးပါသေးတယ်ဒါအပြင်ကျနော်ပွဲတက်ရင်ဝတ်ဖို့ပုဆိုးနဲ့အင်္ကျင်္ီတွေကို
ထပ်ပို့ပေးလိုက်သေးတယ်အဲလိုချစ်တာနော်
ကျနော်ညီယောက်ဖလောင်းလေးခွန်ဖကလည်းကျနော်ဆိုမယ်ဆိုတော့တီးလုံးလေးတွေကိုအားကြိုးမာန်တက်
နေ့မနားညမအိပ်ပဲကွာလတီကောင်းကောင်းရအောင်
ဗားရှင်းပြောင်းပေးရှာတယ်အဲလောက်ထိယောက်ဖကြိုံကီးကိုချစ်တာနော်ချစ်ညီလေးကိုရဲကလဲခဏခဏစိတ်ပူပြီးလှမ်းလှမ်းမေးပါတယ်မကြီးရောင်ပြန်
ကတော့မနက်တိုင်းကိုစိတ်ပူစွာနဲ့ရပြီးလားမောင်လေးဆိုတာကြီးပဲမမဇာကလဲမကူညီနိုင်ဘူးဆိုပြီး
စိတ်မကောင်းပေမယ့်အားပေးစကားတွေပြောပါတယ်ညီငယ်မိုးသောက်ကလည်းသီချင်းလင့်ခ်တွေအများကြီးလှမ်းပေးပြန်တယ်
ကျနော့်စာတွေကိုအမြဲအားပေးနေတဲ့အန်တီသန့်ဆိုသူကလည်းကျနော့်အတွက်ဆိုပြီးပစ္စည်းတွေပို့ပေးတာမှအများကြီး
ဆေးတွေရောအသုံးအဆောင်တွေရောပဲ
ကြည့်စမ်းပါအုံးဘယ်လောက်ကြည်နူးစရာကောင်းလိုက်သလဲလို့
ဒီအကိုတွေအမတွေညီတွေညီမတွေကိုဘလော့စရေးမှသိတာအပြင်မှာလဲတွေ့ဖူးတာမဟုတ်ဘူးစကားလဲပြောဖူးတာမဟုတ်ဘူး
ချက်တင်ဝင်ယုံနဲ့တင်ခင်မင်ရင်းနှီးချစ်ခင်လာတာဘယ်လောက်ပျော်စရာဝမ်းသာစရာကောင်းလိုက်သလဲလို့
ကျနော်ကိုအဲဒီလိုအလေးထားဆက်ဆံကူညီအားဖြည့်တာတွေရတော့ကျနော်သူတို့ပို့ပေးတဲ့ပစ္စည်းတွေကိုကြည့်
ပြီးမျက်ရည်ဝိုင်းမိပါတယ်မျက်ရည်လဲကျပါတယ်ကျနော်အကြွေးတင်သလိုပေါ့ကိုယ်ကိုအားလုံးကူညီကြတယ်
ကျနော်ကတော့မကူညီနိုင်သေးဘူးလေအားလုံးကိုလဲလေးစားချစ်ခင်ပါတယ်ဒီလိုခင်မင်ကြတာကိုလဲအတိုင်းမသိဂုဏ်ယူပါတယ်
အရမ်းကိုလဲကျေနပ်ပီတိဖြစ်ပါတယ်
ပစ္စည်းရလို့ပြောတာမဟုတ်ဘူးနော်ကျနော့်အပေါ်ထားတဲ့စေတနာကိုအရှင်းသားမြင်ရလို့ပါ
ဒါကြောင့်မို့ကျနော်ကိုဝိုင်းဝန်ကူညီအားပေးလာလည်ကြတဲ့ကျနော့်အမတွေအကိုတွေကို လက်အုပ်ချီပြီးဒီနေရာကနေကန်တော့ပါရစေ
ကျနော့်အိမ်ကိုလာလည်တဲ့အကိုအမတွေအားလုံးနော်
ကျနော့်နဲ့သက်တူရွယ်တူရှိနိုင်တဲ့သူငယ်ချင်းများအားလုံးကိုတော့ကျနော်ဂါရဝပြုပါရစေလေးစားလို့ပါ
ကျနော့်ထက်ငယ်မဲ့ညီတွေညီမတွေကိုတော့ကြည်နူးစွာနဲ့ပြုံးပြလိုက်ပါတယ်ကျနော့်ရဲ့ပီတိအပြုံးလေးတွေကိုလက်ခံပေးပါနော်
နောက်ပြီးကျနော့်ရဲ့သင်္ကြန်ပွဲဖြစ်မြောက်အောင်ကူညီပံ့ပိုးပေးတဲ့
ကိုတင်ထွတ်လွင်
မမမက်မက်
တီချမ်း ချစ်ချမ်း(ချစ်လားလို့ခဏခဏမေးလွန်းတဲ့)ကျနော့်ကိုစေတနာအများကြီးထားပြီးမဖြစ်ဖြစ်အောင်လုပ်ပေးတဲ့)
ညီလေးယောက်ဖအိုင်ခီ နဲ့ ကိုရဲ (ကျနော်အပြင်မှာမမြင်ဖူးပေမယ့်သူတို့နှစ်ယောက်ကိုသံယောဇဉ်ဖြစ်တယ်)
ညီမောင်ငယ် ချမ်းပြောတယ် သူကကျနော့်ကိုအကုန်လုပ်ပေးတာတဲ့
မောင်ငယ်ရေ အတိုင်းမသိဝမ်းသာပီတိဖြစ်ပါတယ် ညီကိုလဲချစ်သွားပါတယ်
ညီလေးမိုးသောက်
ကျနော့်ဘော်ဒါကြီး(နေညိုရင့်)(သူလဲကျနော့်ကြောင့်ပင်ပန်းနေပါတယ်)
အန်တီသန့်
မကြီးရောင်ပြန်
မဇာကြီး
မငုံ တို့ကိုဒီနေရာကနေကျေးဇူးတင်စကားပြောပါရစေ.....လေးစားချစ်ခင်ပါတယ်
ကျနော့်အမကြီးတွေဖြစ်တဲ့ ကျနော့်ကိုအားပေးစကားတွေနဲ့နှစ်သိမ့်ပေးတတ်တဲ့
မကြီးနော်(မနော်ဟရီ)နဲ့ မကြီးဝါ(ဝါဝါခိုင်မင်း)ကိုလဲဒီနေရာကနေဂါရဝပြုကန်တော့လိုက်ပါတယ်(မုန့်ဖိုးပေးပါအုံး)
ထိုအတူကျနော့်စာတွေကိုလာဖတ်အားပေးကြတဲ့
ကိုရင်နော်ကြီး ကိုအလှတရား ကိုဇနိ မခင်လေး မခင်ဦးမေ မသက်ဇင် မမိုးချိုသင်း မဇနိ မြူးသျှရီ မငုံ မကီးကီ မရွှေပြည်သူ မကြီးရောင်ပြန်ကိုလဲဒီနေရာကနေကန်တော့ပါတယ်
(ကျနော်သိရသလောက်ကျနော်ထက်အသက်ကြီးတယ်ဆိုလို့)

ကျန်ခဲ့တဲ့သူများကျနော့်ထက်အသက်ကြီးသူများကိုလဲလေးစားစွာကန်တော့ပါတယ်ဗျာ..စကားပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ကြပါလို့..

နှစ်သစ်မှာပျော်ရွှင်ပါစေ

ဖိုးစိန်

Saturday, 11 April 2009

သာဓုခေါ်ကြမလား..ဗျာ






တနလာင်္နေ့ဆိုရင်သင်္ကြန်ရောက်တော့မယ် ရင်ခုန်တယ်ဆိုတာထက်စိတ်ထဲကြည်နူးမိတာပါ ဒီနေ့မနက်အိပ်ယာထတော့အမေ့ဆီကဖုန်းလာတယ် သားပို့ပေးတဲ့ပိုက်ဆံဒီမနက်ရောက်တယ်တဲ့ ကျနော်တော်တော်ပျော်သွားတယ် နေ့တိုင်းလိုလို
စိတ်ထဲတထင့်ထင့်နဲ့ ကျနော့်ပိုက်ဆံအချိန်မှီမှရောက်ပါ့မလားလို့လေ ပိုက်ဆံပို့တယ်ဆိုတာကလဲ သင်္ကြန်မှာအလှူလေးလုပ်ချင်လို့ပါ အမေတို့လုပ်တဲ့အလှူမှာပါဝင်ချင်တာရယ်ကျနော်ကိုယ်တိုင်လဲလှူချင်တာပါ
ကျနော် နိုင်ငံခြားဘာသာတက္ကသိုလ်စတက်ကတည်းက ရလာတဲ့သူငယ်ချင်းတွေနဲ့စုပြီး သင်္ကြန်ရောက်တိုင်းအလှူလုပ်ဖြစ်တယ်
ကျနော်ကတော့ ဘုန်းကြီးကျောင်းတွေမှာလှူတာထက် ဥပုသ်သည်သက်ကြီးရွယ်အိုဇရပ်တွေ မိဘမဲ့ကလေးထိန်းကျောင်းတွေကို
ပိုလှူချင်တယ် ရေစက်လို့ပြောရမယ် ကျနော့်သူငယ်ချင်းတွေကလဲကျနော့် စိတ်နဲ့တထပ်တည်းကျတယ်လေ
လှူမယ့်နေရာကို ရွေးဖြစ်တော့လဲ ကျနော့်သူငယ်ချင်းနေတဲ့ မြောက်ဒဂုံ(၄၁)ရပ်ကွက်မှာရှိတဲ့ဇရပ်မှာ လှူဖြစ်တယ်
နှစ်စဉ်သင်္ကြန်ရောက်တိုင်း ဇရပ်မှာကြာဇံကြော်.မုန့်ဟင်းခါး.အုန်းထမင်း.ပဲကုလားဟင်းတို့ကို ကျနော်ကိုယ်တိုင်ချက်ပြီး
အလှူလုပ်လေ့ရှိတယ် သူငယ်ချင်းတွေကလည်းဝိုင်းကူဆိုတော့ အရမ်းကိုပျော်ဖို့လဲကောင်းပါတယ် ပြီးရင် ရပ်ကွက်မှာရှိတဲ့ကလေးတွေကိုလဲ ကျွေးပါတယ် ကျနော်တို့သူငယ်ချင်းတွေကောင်းမှုနဲ့ အခုဆိုရင်ဇရပ်ဟာ တော်တော်လေးပြည့်စုံနေပါတယ် ကျနော့်တစ်ယောက်တည်းမဟုတ်ဘူးနော် အားလုံးရဲ့ကောင်းမှုကြောင့်ပါ

မြောက်ဒဂုံ (၄၁)ရပ်ကွက်ဇရပ်ကကျနော့်အလှူ







အခုဒီလိုနိုင်ငံမှာ အလုပ်လာလုပ်ရတော့လဲ အလှူလုပ်ဖြစ်တယ် ကျန်တဲ့သူငယ်ချင်းတွေကိုအကူအညီတောင်းပြီးလှူခိုင်းရတယ်ပေါ့
ကျနော့်သူငယ်ချင်းတွေကလည်း ကျနော့်ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်
ကျနော်ကိုချစ်တဲ့ ပါရမီဖြည့်ပေးတဲ့ လှူချင်တဲ့ပုံစံကို မငြီးမငြူ အားသွန်ခွန်စိုက်ကုသိုလ်ယူလုပ်ဆောင်ပေးတဲ့ သူငယ်ချင်းတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်တယ်လို့လဲပြောချင်ပါတယ်
မနှစ်က ကျနော့်သူငယ်ချင်းက ပင်းယမှတ်တိုင်နားက ဘုန်းကြီးကျောင်းမှာ မိဘမဲ့ကလေးတွေရှိတယ် နင်လှူချင်နေတဲ့ပုံစံမျိုးလို့
ပြောတော့ မနှစ်သင်္ကြန်မှာ ကလေးတွေကိုထမင်းကျွေးဖြစ်တယ် ကလေးတွေကိုမြင်ပြီး ကျနော့်သူငယ်ချင်းကမျက်ရည်တောင်လည်တယ်ဆိုပဲ အရမ်းဆင်းရဲတဲ့ဘုန်းကြီးကျောင်းပါတဲ့ ကလေးတွေကလဲအများကြီးတဲ့
ကျနော့်ကိုလဲ ကျနော်ပြုတဲ့ ကုသိုလ်ပွားနိုင်အောင် ဓာတ်ပုံတွေရိုက်ပြီးပို့ပေးလိုက်တယ် မနှစ်ကပုံတွေပါ(ဒီနှစ်ပုံတွေကို ရပြီးရင်လဲတင်ပေးပါ့မယ်)

မိဘမဲ့ကလေးတွေနေတဲ့ပင်းယမှတ်တိုင်နားမှာရှိတဲ့ဘုန်းကြီးကျောင်း(ပါရမီဖြည့်ပေးတဲ့ကျနော့်သူငယ်ချင်းတွေ)




သနားစရာ ချစ်စရာကောင်းတဲ့မိဘမဲ့ကလေးများ



နှစ်ဆန်းတစ်ရက်နေ့ကတော့ ကျနော့်ထုံးစံအတိုင်း ဇရပ်မှာထမင်းကျွေးခဲ့ပါတယ်
ကျနော့်လက်ရာကိုလွမ်းတယ်လို့ပြောကျပါတယ်
ကျနော့်ကိုလဲ မေတ္တာတွေပို့ပေးကြောင်း သတိရကြောင်း ပြောကျပါတယ်
ငိုတဲ့သူကလဲငိုပါတယ်တဲ့ သူငယ်ချင်းကပြောတာပါ
ဒီနှစ်မှာတော့ ပင်းယဘုန်းကြီးကျောင်းမှာ ကလေးတွေပိုများလာပါတယ်(သူငယ်ချင်းပြောတာပါ)
သင်္ကြန်အကျနေ့ ကို ကျနော့်အလှူလုပ်မယ်လို့ပြောပါတယ်
နှစ်ဆန်းတစ်ရက်နေ့ကတော့ မြောက်ဒဂုံကဇရပ်မှာ ထမင်းကျွေးမယ်တဲ့
ကျနော်အရမ်းကိုပီတိဖြစ်နေပါတယ်
ပျော်လဲပျော်ပါတယ်
ဒီနှစ် အမေတို့လုပ်မယ့်သင်္ကြန်အလှူမှာလဲ ပါဝင်နိုင်တဲ့အတွက် ကျေနပ်ပါတယ်
နောင်နှစ်မှာလဲ ဒီနှစ်လိုပဲ လှူနိုင်ပါစေလို့ ကိုယ့်ကိုကိုယ် အားမွေးထားပါတယ်
ကျနော့်ကိုခင်တဲ့ ချစ်ကြတဲ့ ဘလော့ဂါ အကိုတွေ ညီတွေ အမတွေ ညီမတွေနဲ့သူငယ်ချင်းရောင်းရင်းတွေ
အတွေးလေးနဲ့ သာဓုခေါ်နိုင်အောင်ပါ
သာဓုခေါ်လိုက်တဲ့ စိတ်ကြောင့်လဲ ကုသိုလ်ရစေချင်လို့ပါ
မြန်မာပြည်ပြန်ရောက်ခဲ့ရင်လည်း ဒီလိုမျိုးဆင်းရဲတဲ့ကျောင်းတွေကိုရှာပြီး လှူကြပါလို့လဲ တိုက်တွန်းပါရစေဗျာ

အားလုံးပဲနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့
ခင်မင်လေးစားချစ်ခင်စွာဖြင့်
ဖိုးစိန်

Tuesday, 7 April 2009

တူးပို့တူးပို့မိသားစု နှစ်ကူးတဲ့သင်္ကြန်



နှစ်သစ်ကူးတဲ့တန်ခူးလသင်္ကြန်လို့ပြောလိုက်ရင်ကျနော်ကတော့ကျနော့်ကိုမွေးခဲ့တဲ့မော်လမြိုင်ရယ်ကျနော့် ဖေဖေရယ်မေမေရယ်ညီလေးရယ်ညီမလေးရယ်ကိုတန်းပြီးသတိရသွားတယ်သင်္ကြန်ကိုလဲဒီမိသားစုနဲ့ပဲပျော်သလို
တနိုင်ငံလုံးမှာသင်္ကြန်အကြိုနေ့မတိုင်ခင်ညနေကနေနှစ်ဆန်းတစ်ရက်နေ့ထိရေကစားလို့ရတဲ့မော်လမြိုင်သင်္ကြန်ကိုပဲပျော်ပါတယ်
မွန်ထုံးတမ်းအစဉ်အလာတွေထုံမွှန်နေတဲ့မော်လမြိုင်သင်္ကြန်ကချစ်စရာကောင်းသလိုပျော်စရာလဲကောင်းလှပါတယ် သင်္ကြန်အကြိုမတိုင်ခင်ကတည်းကသင်္ကြန်အတွက်မဏ္ဍပ်တွေထိုးယိမ်းအကတွေတိုက်သင်္ကြန်ထမင်းစတုဒီသာကျွေးဖို့
မိုက်တစ်လုံးနဲ့ရပ်ကွက်တကာလှည့်အလှူခံနောက်ကနေကလေးတစ်အုပ်ဝေးဝေးနဲ့အော်နေတဲ့ပုံရိပ်တွေနဲ့
သင်္ကြန်မတိုင်ခင်ကတည်းကပျော်စရာကောင်းလှပါတယ်


သံလွင်မြစ်အတ္ထရံမြစ်ဂျိုင်းမြစ်တွေနဲ့နီးတဲ့ကျနော်တို့မော်လမြိုင်မြို့တဝိုက်ကရပ်ကွက်ကျေးရွာတွေကသင်္ကြန်အကြိုနေ့
မတိုင်ခင်ဆိုရင်အပျိုလူပျိုအိုအိုငယ်ငယ်မကျန်ချောင်းရိုးတလျှောက်လှေကလေးကိုလှော်လို့အတာပန်းခူး(သင်္ကြန်ပန်းခူး)
ထွက်ကြတယ်ခူးတဲ့ပန်းတွေကဇီးကိုင်အုန်းလက်ဗေဒါညွန့်ကြာဆူးမြက်ရိုးနဲ့ချောင်းတလျှောက်မှာအလေ့ကျပေါက်တဲ့
သင်္ကြန်ပန်းခေါ်ဗေဒါရောင်ရှိတဲ့ပန်းတွေပါဈေးမှာဝယ်လို့ရပေမယ့်အဲဒီနေ့ဆိုချောင်းမှာလှေချင်းကပ်ရက်ရေပက်ကြတာ
အရမ်းပျော်ဖို့ကောင်းလို့အတာပန်းခူးထွက်ကြတာပါညနေစောင်းရေချိုးဆင်းချိန်ဆိုလှေတွေကမြစ်ရိုးတစ်လျှောက်မှာ
ပြည့်နှက်နေတတ်ပါတယ်ကျနော့်တို့မောင်နှမကိုစိတ်မချတဲ့အဖေကတော့သူ့ပိုင်လှေကလေးနဲ့လိုက်ပို့ပေးပါတယ် အရမ်းကိုပျော်စရာကောင်းပါတယ်အဲဒီနေ့ဆိုရေပေါ်ခြံတွေကအုန်းလက်တွေပါခုတ်လို့မဏ္ဍပ်ဆောက်ဖို့လှေကလေး
နဲ့တိုက်ကြပါတယ်ဖောင်ဖောင်သီးတွေငုဝါပန်းတွေနဲ့မဏ္ဍပ်ကိုအလှဆင်ဖို့ခူးကြပါတယ်သင်္ကြန်အကြိုနေ့မတိုင်ခင်ဆိုရင်တော့ အုန်းလက်မဏ္ဍပ်ကိုသူထက်ငါလှအောင်ဆင်ရေတိုင်ကီတွေလှေတွေထဲကိုရေဖြည့်ကက်ဆက်နဲ့ဆောင်းဘောက်တွေဆင်
သင်္ကြန်မှာရေပက်ခံလာတဲ့သူတွေစားဖို့အတွက်မုန့်လုပ်ဖို့နေရာရွေးမီးဖိုတွေတည်နဲ့ရင်ခုန်ပျော်ရွှင်စွာအားကြိုးမာန်တက် အလုပ်ရှုပ်နေတာတာကိုကပျော်စရာကောင်းပါတယ်
မော်လမြိုင်မှာလူကြီးသင်္ကြန်နဲ့ကလေးသင်္ကြန်ဆိုပြီးရှိပါသေးတယ်

ကလေးသင်္ကြန်ကအကြိုနဲ့အကျနေ့ပါ


သင်္ကြန်အကြိုနေ့မှာလူပျိုတွေအပျိုတွေမနက်ပိုင်းဆိုအပြင်မထွက်ရဲကြဘူးအထူးသဖြင့်လူပျိုတွေအပြင်ကိုယောင်ပြီးမထွက်နဲ့
အငိုက်မိတာနဲ့မိန်းမကြီးပိုင်းတစ်အုပ်ကတနေရာရာကနေချောင်းနေတတ်ပြီးတွေ့လို့ကတော့မလွတ်တမ်းဆွဲ
တစ်ကိုယ်လုံးသနပ်ခါးဖမ်းလူးပြီးသာမှတ်စိတ်ဆိုးလို့လဲမရတစ်ခါတစ်လေအဆွဲလွန်ပြီးမှားဆွဲတာမျိုးတွေရှိတယ်မိန်းမကြီးတွေဆိုတော့
ပြောလို့လဲမရတော်ရုံအိမ်ထဲမှာပဲပုန်းနေကြရတာအပျိုတွေကလည်းကာလသားခေါင်းကြီးတွေမျက်နှာဆံပင်ရရာကိုပေါင်ဒါရိုက်ပေး
တတ်မှန်းသိတယ်ထွက်တာနဲ့သူတို့အမှားလေရိုးရာလိုဖြစ်နေတော့စိတ်ဆိုးလို့မရဘူးမကျေနပ်ရင်မထွက်နဲ့ပေါ့ဒါပဲရှိတယ်
အဲနောက်တစ်ခုကမိဘနဲ့ခင်နေလို့များဆိုအိမ်ပေါ်ထိခိုးတက်ပြီးသနပ်ခါးလူးပေးတာမျိုးရှိသေးတယ်အဲဒါဆိုထွက်ပြေးလို့လဲမလွတ်ဘူး
ပျော်စရာတော့ကောင်းသားကျနော်ဆိုခဏခဏအလိမ်းခံရတယ်လေ
အဲဒီနေ့ကကလေးတွေနဲ့အတူလူကြီးပိုင်းတွေလမ်းသလားပြီးပျော်တဲ့သင်္ကြန်လေညနေစောင်းရတော့အိမ်ပေါက်စေ့ကလူပျိုအပျို တွေအားလုံးထွက်ရတယ်အဘိုးအဘွားစားရင်ဝင်တဲ့သူတွေကိုအဖွဲ့လိုက်တစ်အိမ်တက်တစ်အိမ်ဆင်းရေချိုးခေါင်းလျှော်သနပ်ခါးလိမ်း ပေးရတယ်လေယောက်ျားလေးတွေကရေလှည်းတွန်းပေးလူကြီးသူမကိုချီပေးမပေးမိန်းကလေးတွေကရေချိုးပေးခေါင်းလျှော်
သနပ်ခါးလူးပေးပေါ့ပြီးရင်ကန်တော့ပြီးနောက်တစ်အိမ်ဆက်သွားညနေစောင်းလို့အိမ်ပေါက်စေ့သွားရင်တော့ရပ်ကွက်မဏ္ဍပ်ကိုပြန်လာ ရပ်ကွက်ကကျွေးတဲ့သင်္ကြန်ထမင်းစားသင်္ကြန်သီချင်းဖွင့်ကကြအဲဒီမှာချစ်သူရှိသူတွေကမသိမသာလစ်သွားရေခိုးလောင်းကြ အိုးမဲသုတ်ကြနဲ့အကြိုအကျနှစ်ရက်ကိုကလေးတွေနဲ့အတူပျော်ရွှင်စွာဖြတ်သန်းကြပါတယ်
ကလေးသင်္ကြန်ညတွေကြတော့ကားနဲ့မဏ္ဍပ်ဖွင့်ပွဲတွေနဲ့ယိမ်းအကတွေကိုသာအဓိကထားလိုက်ကြည့်ကြတယ်လူပျိုအပျိုတွေကျတော့ တူညီဝတ်စုံဝတ်ပြီးကျန်တဲ့၃ရက်မှာအသင်းအဖွဲ့နဲ့နာမည်ပေးလည်ဖို့အတွက်ပြင်ဆင်နေကြချိန်ပေါ့

လူကြီးသင်္ကြန်ကတော့အကြတ်အတက်နေ့နဲ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ်

သင်္ကြန်အကြတ်နေ့

လူကြီးသင်္ကြန်ပထမရက်အကြတ်နေ့မှာသင်္ကြန်ကိုမုဒုံမြို့မှာစည်စေပါတယ်မြို့နယ်အားလုံးကကားတွေဆိုင်ကယ်တွေကိုယ်စီနဲ့
မုဒုံမြို့ကိုဆင်းကြပါတယ်မုဒုံကန်တော်ကြီးမှာခရီးတစ်ထောက်နားပြီးမုဒုံကဘူးသီးကြော်နဲ့မွန်ချဉ်ကိုစားမြို့ထဲပြန်ဝင်မြို့ထဲမှာ လျှောက်လည်ကြတဲ့နေ့ဖြစ်ပါတယ်ခရီးတစ်လျှောက်လမ်းမှာတွေ့သမျှမဏ္ဍပ်တိုင်းမှာမုန့်လုံးရေပေါ်နဲ့သင်္ကြန်ထမင်းစား အကစင်တွေအရှေ့မှာလိုက်ကရတာပျော်စရာကောင်းလှပါတယ်မုဒုံကပြန်လာပြီးတစ်ချို့ကအုန်းလက်မဏ္ဍပ်တွေကိုပြန်ပြီး
ရေပက်သလိုတစ်ချို့ကတော့ရေပက်ခံဆက်ထွက်ကြပါတယ်
မုဒုံနေ့ကတော့အိမ်ကအဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်တည်းဆိုင်ကယ်နဲ့လည်တဲ့နေပါသူတို့ယူပြီးစကတည်းကမုဒုံနေ့ကို
ဆိုင်ကယ်နဲ့လည်နေကျယခုချိန်ထိမပျက်ကွက်ခဲ့ဘူးမိုးလင်းတာနဲ့အမေ့ခမျာမိတ်ကပ်လူးဆံပင်ကျစ်နေတာမနက်ရှစ်နာရီင်္လောက်ဆိုရင်
အမေကဘောင်းဘီဖင်ကျပ်နဲ့ဆိုင်ကယ်ပေါ်တက်ခွဖို့အဆင်သင့်ဖြစ်နေပြီးအဲဒီနေ့ဆိုရင်တော့ညီမလုပ်သူကအမေလုပ်သူကို အရှုံးပေးရမယ့်နေ့ပေါ့မနက်ကတည်းကသင်္ကြန်သီချင်းလေးနဲ့အလှပြင်နေတာဂျင်းအကျီင်္ထူထူတွေရှာဝတ်နေတော့အမေ့ကို
ကြည့်ပြီးလိုက်နောက်ရတာပျော်စရာအဖေလုပ်သူကတော့ပြန်လာရင်ရေပက်ဖို့အတွက်မဏ္ဍပ်မှာရေတွေဖြည့်ညီလုပ်သူက
သူငယ်ချင်းတွေစုစည်းထားတဲ့ဝတ်စုံတူအသင်းကားထွက်ဖို့အတွက်ပြင်ဆင်ညီမလုပ်သူကလဲသူငယ်ချင်းကားနဲ့လည်ဖို့အတွက် အလှပြင်ပေါ့အဲဒီနေ့ဆိုကျနော်ကအဖေတို့အမေတို့ပြန်လာမှရေပက်ခံထွက်တယ်ဆိုတော့မဏ္ဍပ်မှာမုန့်ကျွေးဖို့အတွက်အပျို အဒေါ်ကြီးတွေဦးတွေသူငယ်ချင်းတချို့နဲ့နေခဲ့တတ်ပါတယ်
မနက်၉နာရီထိုးတာနဲ့အဖေနဲ့အမေဆိုင်ကယ်လေးနဲ့ရေပက်ခံမုဒုံကိုသွားရင်နေလည်၂နာရီလောက်မှပြန်ရောက်လာတတ်တယ် ပြန်လာရင်အိမ်ရှေ့ကမဏ္ဍပ်မှာအဖေကသီချင်းဖွင့်ပြီးသူငယ်ချင်းတွေယောက်ဖတွေနဲ့ဘီယာသောက်တွေ့သမျှကားပေါ်က
ကောင်မလေးချောချောလေးတွေကိုသင်္ကြန်ထမင်းခေါ်ကြွေးတစ်ခါတစ်လေမဏ္ဍပ်အရှေ့မှာကကြပေါ့အမေကတော့ပြန်လာရင် အနွေးထည်တစ်ထပ်ကြီးဝတ်လို့သူ့ညီမတွေနဲ့ယောင်းမတွေကိုဘယ်လိုလည်ခဲ့ကြောင်းဘယ်လိုစည်ကြောင်းပြန်ကြွားပေါ့
ညနေ၆နာရီလောက်ထိအိမ်ရှေ့မှာသီချင်းဖွင့်ကကြတာပျော်စရာကောင်းပါတယ်ညရောက်ရင်အဖေနဲ့အမေကဆိုင်ကယ်နဲ့
အပြင်ပြန်ထွက်ပြီးအဆိုအကမဏ္ဍပ်တွေကိုလိုက်ကြည့်ပြန်ပေါ့
အဖေနဲ့အမေကလိုက်လဲလိုက်တယ်သင်္ကြန်ဆိုသူတို့ကထိပ်ပဲကျနော်ကတော့တစ်ခါတစ်လေအဖေ့ဆိုင်ကယ်နဲ့မြို့တစ်ပတ်ပေါ့ တစ်ယောက်တည်းတော့ဘယ်ဟုတ်မလဲနော်(ဒါကချွင်းချက်ပေါ့ )
သင်္ကြန် အတက်နေ့

သင်္ကြန်အတက်နေ့ကကားတွေဆိုင်ကယ်တွေကကျိုက်မရောဘုရားဖူးဖို့ကျိုက်မရောကိုဆင်းကြပါတယ်ကျိုက်မရောကပိုစည်တယ်
ကျနော်လဲကျိုက်မရောနေ့ကိုပိုပျော်ပါတယ်ကျိုက်မရောနေ့ကြတော့ကျနော်တို့မိသားစုလည်တဲ့နေ့ပါအဖေကကားမောင်းတယ် ပါပလေကာအမိုးဖွင့်လေးနဲ့ပေါ့အမေကရေစိုသိပ်မခံချင်လို့ကားရှေ့ခန်းမှာထိုင်ပါတယ်(ထင်လားရေစိုမခံချင်ဘူးလို့)
အနောက်ခန်းမှာကျနော်ရယ်ညီလေးရယ်ညီမနဲ့သူ့သူငယ်ချင်းတစ်ချို့ရယ်တစ်ဝမ်းကွဲအမတွေအကိုတွေရယ်ပေါ့တစ်နှစ်တစ်လေညီ့ရဲ့
ကောင်မလေးကပါလာတတ်တယ်ကျနော်တို့မိသားစုကျိုက်မရောမဆင်းခင်ကတည်းကအဖေနဲ့ကျနော်တို့
အမေမသိအောင်ဘီယာခိုးသောက်လေ့ရှိပါတယ်ကျိုက်မရောကတအားစည်တဲ့အတွက်ကားတွေကပိတ်ကြပ်နေလို့မဏ္ဍပ်ရှေ့များမှား
ရပ်မိရင်ကျနော်တို့သားအဖသုံးယောက်ကားပေါ်ကဆင်းကပြီးသာမှတ်ပေတော့ကတဲ့နေရာမှာတော့အဖေကိုသားတွေအရှုံးပေးရတယ် အမေလုပ်သူကလဲအားကျမခံတွေ့တဲ့ကားပေါ်ကကောင်လေးချောချောလေးများမြင်လို့ကတော့
”ဟဲ့ကောင်လေးတွေအန်တီချောလားအန်တီကအပျိုကြီးပါ”
ပြီးရင်ညီမလုပ်သူကိုလက်ညှိုးထိုးလို့”အဲဒါအန်တီ့အမဆိုပြီး”
နောက်တတ်သေးတယ်အကြောင်းသိတဲ့ကျနော်တို့မောင်နှမတွေရဲ့သူငယ်ချင်းတွေက
”ဟေး..ငါတို့အန်တီကြီးချောတယ်..လန်းတယ်..အန်ကယ်ကြီးကတာလဲကွေးနေတာပဲနဲ့စကြနောက်ကြပေါ့”
အဖေနဲ့အမေကိုအဲလိုမြင်ရရင်ကျနော်တို့မောင်နှမတွေအရမ်းပျော်တယ်တစ်ခါဘူးမှအမေမပြောနဲ့ရှက်စရာကြီးအဖေမကနဲ့ရှက်စရာကြီး
လို့မပြောဖူးဘူးအငယ်ကောင်ဆိုအဖေ့ကိုချီခိုင်းပြီးတော့ကိုကတာအမေကလဲကားထဲကနေကနေတာတွေ့သမျှကောင်လေးတွေကို
စနေတာကျနော်တို့ကလည်းဒါငါ့အမငါ့အကိုဆိုပြီးအဖေနဲ့အမေကိုပြန်စအားလုံးကဆိုကျနော်တို့မိသားစုကအပျော်ကြိုက်တဲ့နေရာမှာ လက်လန်တယ်လို့ကိုပြောကြတယ်လေကျိုက်မရောနေ့ကကားလဲကြပ်တယ်စည်လဲစည်တယ်ဆိုတော့ကျနော်တို့မိသားစုမိုးချုပ်လို့
နေဝင်မှအိမ်ပြန်ရောက်တယ်အဲဒီနေ့ကအိမ်မှာဘာမှမကျွေးဘူးလေအမျိုးတစ်ချို့ကရေလာပက်တာလောက်ပဲရှိတယ်
ညကျတော့ကျနော်နဲ့ကျနော့်ညီကညီမလေးကိုတလှည့်စီမြို့တစ်ပတ်လိုက်ပိုပြီးရင်ကိုယ်ဆိုင်ရာကောင်မလေးကိုတင်ပြီးတော့
နောက်ထပ်မြို့တစ်ပတ်အကတွေအဆိုတွေကိုလိုက်ကြည့်ကြတယ်ပေါ့အတက်ကိုနေ့ကိုဒီလိုပဲဖြတ်သန်းဖြစ်ပါတယ်

နှစ်ဆန်းတစ်ရက်နေ့

နှစ်ဆန်းတစ်ရက်နေ့ကကျိုက်ရိုးဂိုးဘုရားပွဲတော်နေ့ဆိုတော့အားလုံးကရိုးဂိုးကိုရေပက်ခံထွက်ကြတယ်ရိုးဂိုးနေ့ကိုအားလုံးက မနက်စောစောကတည်းကရေပက်ခံထွက်တယ်မြို့ထဲစောစောပြန်ဝင်တယ်ညနေ၃နာရီလောက်ထိရေကစားတယ်၎နာရီနောက်ပိုင်း ရပ်ကွက်တိုင်းမှာဘုန်းကြီးတွေပရိတ်လိုက်ရွတ်မယ်ငါးလွှတ်ပွဲသက်ကြီးပူဇော်ပွဲရှိတယ်ဆိုတော့ရေပက်တာ
စောစောသိမ်းကြတယ်နှစ်ဆန်းတစ်ရက်နေ့ကတော့အဖေနဲ့အမေကအိမ်မှာအလှူလုပ်တယ်ဘယ်မှမသွားတော့ဘူးမနက်စောစော ဘုန်းကြီးပင့်ပြီးအိမ်မှာတရားနာတယ်ဆွမ်းကပ်တယ်ဧည့်သည်တွေကိုသင်္ကြန်ထမင်းကျွေးတယ်တနေ့လုံးလဲရွှေရင်အေးမုန့်လုံးရေပေါ် ကောက်ညှင်းရွှေကြည်စတဲ့မုန့်မျိုးစုံကိုရေပက်ခံထွက်တဲ့ကားတွေကိုကျွေးတယ်
ဒါကအိမ်တော်တော်များများလုပ်ကြပါတယ်ညနေကျရင်တော့ရပ်ကွက်တိုင်းမှာပရိတ်အိုးထားပြီးဘုန်းကြီးတွေပရိတ်ရွတ်ကြ
လူကြီးတွေတရားနာကြပေါ့ဘုန်းကြီးပြန်ရင်သက်ကြီးရွယ်အိုတွေကိုခေါ်ကြီးကန်တော့ကြချောင်းတွေမြစ်တွေမှာငါးလွှတ်ကြပေါ့
ကျနော်တို့ကတော့နှစ်ဆန်းတစ်ရက်နေ့မှာလည်တယ်မနက်ကျိုက်ရိုးဂိုးဘုရားကိုမောင်နှမသုံးယောက်သူငယ်ချင်းတွေစုပြီးသွားတယ်
နေ့လည်ပြန်လာရင်တော့ချစ်သူလေးနဲ့မြို့တစ်ပတ်ဆိုင်ကယ်နဲ့ရေပက်ခံထွက်တယ်နောက်ဆုံးနေ့ဆိုတော့ချစ်သူလေးနဲ့
လည်ရတာအရသာအရှိဆုံးနှစ်တော်တော်များများမှာရေပက်ခံထွက်တာနဲ့ရေပက်တာရေပက်တာနည်းတယ်
ညနေအိမ်ပြန်ရောက်ရင်တော့အဝတ်အစားလဲသက်ကြီးပူဇော်ပွဲအပြီးမိသားစုတစ်စုလုံးဘုရားကိုကားနဲ့သွားပေါ့မိုးချုပ်မှောင်လို့
ပြန်လာရင်တော့ချောင်းရိုးတလျှောက်ဆီမီးမျှောတာကိုတဝကြီးထိုင်ကြည့်ကိုယ်တိုင်လဲမျှောနဲ့နှစ်ကူးကိုဖြတ်သန်းခဲ့ပါတယ်
ဒါကြောင့်သင်္ကြန်ရောက်တိုင်းမှာအိမ်ကိုလွမ်းတယ်အဖေအမေနဲ့ညီလေးညီမလေးကိုလွမ်းတယ်
မော်လမြိုင်သင်္ကြန်နဲ့အတူအိမ်ရှေ့ကမဏ္ဍပ်နဲ့သင်္ကြန်ထမင်းကိုလွမ်းတယ်
ကျနော်ကြိုက်တဲ့သာကူပြင်ကိုလွမ်းတယ်
မုန့်လုံးရေပေါ်ကိုမကြိုက်ဘူး
မုန့်ကြာစေ့ကိုတော့အသေကြိုက်တယ်လွမ်းတယ်
သင်္ကြန်လျှောက်လည်ရင်ချမ်းနေတဲ့အချိန်မှာပူပူနဲ့စားလို့ကောင်းတဲ့အာလူးကြာပတေနဲ့ပဲလိပ်ကိုလွမ်းတယ် မုဒုံဘူးသီးကြော်ကိုလွမ်းတယ်
ဘရာကြော်ကိုငရုပ်သီးခွဲချမ်းနဲ့ပစ်စက်လခတ်သုတ်ထားတာကိုလွမ်းတယ်
လျှောက်လည်ခဲ့ဖူးတဲ့သူငယ်ချင်းတွေ အကိုတွေအမတွေနဲ့အတူရည်းစာဟောင်းတွေကိုလဲဖမ်းလွမ်းမိတယ်
အားလုံးထဲမှာ”မိုး”ကိုတော့အလွမ်းဆုံးပဲနှစ်တော်တော်များများက”မိုး”နဲ့လည်ခဲ့တာကိုး
ကျိုက်ရိုးဂိုးဘုရားကိုပေါ့
အခုဆိုသင်္ကြန်ကိုမိသားစုမပျော်ရတာဒီနှစ်ပါဆိုရင်တော့ခြောက်နှစ်ရှိသွားပြီး
အဖေနဲ့အမေကတော့နှစ်စဉ်မပျက်လည်တုန်း အလှူလုပ်တုန်းပါ
ကျိုက်မရောသွားတဲ့နေကိုတော့အဖေက ဘယ်လိုစည်ကြောင်းပြောဖို့ဖုန်းခေါ်ပါတယ်
ဒီနှစ်(၂၀၀၉)သင်္ကြန်ကိုတော့ဆိုက်ပရပ်စ်မှာရှိတဲ့မြန်မာတွေရဲ့တောင်းဆိုမှုနဲ့ 
ကျနော်ကိုယ်တိုင်ဦးစီးပြီးပထမအကြိမ်မြောက်ဆိုက်ပရပ်စ်မြန်မာသင်္ကြန်ကိုပြုလုပ်မှာဖြစ်ပါတယ်
အဲဒီအတွက်လည်း အလုပ်ရှုပ်နေပါတယ်
အစီအစဉ်တွေကိုဗီဒီယိုရိုက်ပြီတင်ဖို့လဲရှိပါတယ်
အားလုံးပဲနှစ်သစ်ကိုရင်ခုန်စွာကြိုဆိုရင်း....


မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

နှစ်သစ်မှာကျမ်းမာချမ်းသာစွာဖြင့်နောင်နှစ်သစ်များစွာကိုပျော်ရွှင်နိုင်ပါစေလို့ကျနော်ဆုမွန်ကောင်းတောင်းပေးပါတယ်

ညီလေးဖိုးဂျယ်ရေ...ဒီလောက်ဆိုကျေနပ်မယ်လို့ထင်ပါတယ်

ဖိုးစိန်
သင်္ကြန်ပုံတွေကိုဂူဂယ်ကနေရှာယူတယ်နော်

Sunday, 5 April 2009

ဖိုးစိန်လက်ရာ အသားကင်နဲ့ဘဲသားဆီပြန်


ဒီနေ့ ကျနော်နေတဲ့လာနာကာမြို့ ကို တခြားမြို့က အကိုတွေ အမတွေ လာလည်ကြတယ် သင်္ကြန်အတွက် အစီအစဉ်တွေလုပ်တာရယ် မြန်မာပြည်ကို အပြီးပြန်တော့မယ့် သဘောင်္သားအကိုနှစ်ယောက်ကို လာနှုတ်ဆက်တာရယ် ပွဲကောင်းသွားတာပေါ့ ထူးထူးခြားခြားအဖြစ် ဆိုက်ပရပ်စ်မှာနေပြီး တစ်ယောက်ယောက်နဲ့ တစ်ယောက်
မသိပဲ မနေ့တစ်နေ့ကမှ စီဘုံးမှာ အော်သွားတာကိုလိုက်ရင်း ခင်သွားတဲ့ ကိုနေညိုရင့် လဲ ကျနော့် ဆီလာလည်တယ်
လူလဲစုံ ပျော်ဖို့လဲကောင်းတဲ့အတွက် ကျနော် အသားကင်တယ်..ဂျင်အရက် ကြက်သွန်ဖြူ ဂျင်း ဆား ငရုတ်ကောင်းမှုန့် သစ်ကြံပိုးမှုန့်တို့နဲ့ တစ်နာရီကြာ နယ်သိပ်ထားတဲ့အသားကင် ကို အားလုံးက မိန်ရည်ယှက်ရည်စားသွားကြပါတယ်

နယ်ထားတဲ့ကြက်သား





နယ်ထားတဲ့ဝက်သား







ဝက်သား နဲ့ ကြက်သား





အသားမစားသူအတွက် ငါးကင်



ကျနော်အကြိုက်ဆုံးဖြစ်တဲ့ သရက်သီးခြောက်နဲ့ချက်တဲ့ ဘဲသားချဉ်စပ်ဆီပြန်ဟင်း နဲ့အတူ ဝက်ရိုးစွပ်ပြုတ် မော်လမြိုင်ငါးပိချက်ကိုလည်း ချက်ခဲ့ပါတယ်..

ဘဲသားဆီပြန်



မွန်ငပိချက်စပ်စပ်လေး



အရိုးပြုတ်ဟင်းချို








ကျနော်အိမ်ကိုလာလည်တဲ့ညီအကို အမ ညီမများစားနိုင်အောင်လည်း တည်းခင်းဧည့်ခံထားပါတယ်




ကျနော်ကိုယ်တိုင်စိတ်တိုင်းကြချက်ထားတဲ့ လက်ရာများကို စားသွားကြပါ
အားရပါးရ စားသွားကြပါ
ပါဆယ်ပါဆွဲသွားနိုင်ပါတယ်ဗျာ..။
နေရာမရွေး အချိန်မရွေးကြုံရင် ကျနော့်ညီအကို အမညီမ များကိုချက်ကြွေးဖို့လဲအဆင်သင့်ပါဗျာ...။


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Friday, 3 April 2009

ဒုတိယအကြိမ်မြောက်တလဲ ”မှတ်မိနေဆဲပါ”


ကျနော့်ကိုခင်ဖို့ကောင်းတဲ့ကိုရင်နော်ကြီးနဲ့

မခင်လေးငယ်
ကဒုတိယအကြိမ်မြောက်ပြန်လည်ထုတ်ဝေခိုင်းတော့

ကျနော့်ရင်ထဲတန်းဝင်လာတဲ့ပိုစ့်လေးကကျနော့်အမြဲတမ်းအမှတ်တရဖြစ်စေမယ့်ပိုစ့်လေးတစ်ခုပါ

ဒီပိုစ့်လေးကကျနော့်ဘဝမှာတကယ်ဖြစ်ခဲ့တာရယ်အမြဲတမ်းလဲအမှတ်ရနေတာရယ်အခုကျနော့်စာတွေကို

လာလာဖတ်နေတဲ့သူတွေကိုလဲသိစေချင်တာရယ်ကြောင့်ဒီပိုစ့်လေးကိုတင်ချင်စိတ်ပေါ်လာတယ်

ဖတ်ကြည့်ပါ


မှတ်မိနေဆဲပါ

”စိန်”

”ငါအကြိုက်ဆုံစာပိုဒ်လေးတစ်ခုရှိတယ်

”စိတ်ရှည်ခြင်းနှင့်သည်းခံခြင်းသည်ဥာဏ်ပညာရှိခြင်းနှင့်မိမိကိုယ်ကိုမိမိထိန်းချုပ်တတ်ခြင်းတို့ဖြင့်

စနစ်တကျပူးပေါင်းထားခြင်းဖြစ်သည်”


အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် လူမှုရေးကိစ္စနဲ့ပဲဖြစ်ဖြစ် စိတ်တိုစရာ စိတ်ရှုပ်စရာတွေ ကြုံလာတဲ့အခါ

ငါ့ရဲ့စာပိုဒ်လေးကို သတိရပါ ဘာဖြစ်လဲဆိုတော့ နင်စိတ်ဆိုးဒေါသထွက်တဲ့အခါ ငါ့လိုပဲစိတ်ကို

ထိန်းချုပ်နိုင်စွမ်းခဲယဉ်းတယ်ဆိုတာသိနေလို့ပဲကိုယ်မထင်မှတ်ထားတဲ့ဒုက္ခတွေနဲ့ကြုံလာတဲ့အခါ

လွယ်လွယ်အရှူံးမပေးပါနဲ့ အပြုံးတစ်ခုနဲ့အနိုင်ယူတတ်ပါစေ”တဲ့

ကျွန်တော်ဆိုက်ပရပ်စ် မလာခင်ညက ကျွန်တော့်သူငယ်ချင်းကရေးပေးလိုက်တာပါ

ဒီစာလေးကိုပြန် ဖတ်တိုင်း ငိုချင်သလို ဝမ်းနည်းသလိုလို ခံစားမိတယ်

တကယ်လဲသူုရေးပေးခဲ့တဲ့စာသားလေးအတိုင်း သည်းခံတတ်လာတယ်လေ

သည်းခံတတ်လာတော့လဲ ဒါမျိုးလေးတွေ ကြုံရပြီပေါ့

”ငါတို့မိဘတွေကဒီမလာခင်အစစအရာရာပြည့်စုံရအောင်စီစဉ်ပေးလာတာ

ငွေလဲအလုံအလောက်ပါတယ် အလုပ်မရှိပေမယ့် ပူစရာမလို ဘူး ဒီလို အလုပ်မျိုးတွေလဲ

မလုပ်နိုင်ပါဘူးနော်(အဲဒီအချိန်က ကျနော် သင်္ချိုင်းမှာ အုတ်ဂူရှင်းနေတာကိုပြောချင်းဖြစ်သည်)

ပိုက်ဆံကုန်ရင်အိမ်ကိုလှမ်းမှာလိုက်မယ် ချေးတာဌားတာ ဝါသနာမပါသလို

ကိုယ်ကလဲသူများကိုမချေးနိုင်ဘူး သိအောင်ပြောတာနော်...”

”အေးပါကောင်မရယ်..ငါတို့ကလဲမချေးပါဘူး အချင်းချင်းဟာလဲ မခိုးစားပါဘူး ဟင်း..ဟင်း


ဒီစကားတွေက ဘယ်သူ့ ကိုရည်ရွယ်ပြီးပြောနေတာလဲဆိုတာ ကျွန်တော်လဲသိ ..

ကျွန်တော့်တို့ အိမ်မှာနေတဲ့သူ အားလုံးလဲသိတယ်လေ

အလုပ်သွားဖို့ဖိနပ်ကြိုးချည်နေချိန်မှာဧည့်ခန်းထဲမှာထိုင်ပြီးဖဲရိုက်နေတဲ့သူတို့ ဆီက

ကြားရတဲ့စကားဟာကျွန်တော့်အတွက်မေရှင်ဓာတ်ပြားဟောင်းလေးနားထောင်ရသလိုပါဘဲလေ

အရင်ကဆို မခံချင်စိတ်နဲ့ ပြန်ပြောမိမယ်..တစ်ခုခုလုပ်မိမယ်လို့

ထင်ရပေမယ့်..အခုတော့အဲဒီအင်အားတွေကျွန်တော့်မှာမရှိတော့ဘူးလေ

ပြောကြပါစေ တစ်နေ့ တော့ပြီးသွားမှာပါ

ရောက်ခါစကတည်းကကျွန်တော့်ကို ဝိုင်းပြီးစွတ်စွဲနေတာကိုခံရတယ် ဖြစ်ပုံကကျွန်တော်မှာ

ပိုက်ဆံကလဲမကျန်စရောက်ကတည်းကအလုပ်ကမရှိပြန်လဲမပြန်ဆိုတော့စိတ်ဝင်စားကြတယ်

ကြာလာတော့မယုံသင်္ကာပါဖြစ်လာတယ်ထင်တယ်

စပြီးသတိထားမိတဲ့တစ်ရက်က ဘေးချင်းကပ်ခန်းကကောင်လေးက အခန်းတံခါးခေါက်ပြီး

”ခင်ဗျားကျွန်တော့်အတွင်းခံယူမိလား ကျွန်တော်ခင်ဗျားအခန်းထဲဝင်ရှာချင်တယ်

ခင်ဗျာကိုယ်ခင်ဗျား စိတ်ချတယ်ဆိုရင်ဝင်ရှာမယ်ဗျာ”
ဆိုပြီးဝင်

မွှေတယ်လေ ကျွန်တော်တစ်ခွန်းမှပြန်မပြောမိ အခန်းတံခါးသာဖွင့်ပြီးသူရှာသမျှကို

ရပ်ကြည့်နေမိတယ် နောက်ဆုံးတောက်ခေါက်ထွက်သွားတော့မှ သတိပြန်ဝင်လာတာ သြော်

ပိုက်ဆံမရှိရင် သူခိုးထင်ကြတယ်လား အိမ်မှာဘယ်လိုနေလဲစားခဲ့လဲဆိုတာမေးဖူးကြရဲ့ လား

နောက်နေ့ သိလိုက်ရတာက သူ့ အတွင်းခံက အပြင်မှာလှန်းထားရင်း

လေထဲပါသွားပြီးအိမ်အောက်ရောက်သွားတယ်ဆိုတာပါ..

ဒါပေမယ့်ကျွန်တော့်ကိုလာမတောင်းပန်ခဲ့ပါဘူး တောင်းပန်တာလဲမလိုချင်ဘူး

ထားလိုက်ပါတော့

နောက်တစ်ခု

ကျွန်တော်ကနွားနို့ကြိုက်တယ်အမြဲဝယ်သောက်ဖြစ်တယ် ဈေးမကြီးတာရယ် အမောလဲပြေ

အားလဲရှိတယ်ဆိုတော့သောက်ဖြစ်တယ်လေအားလုံးကလဲကော်ဖီဖျော်ဖို့နို့ဝယ်တယ်ဆိုတော့

ရေခဲသေတ္တာမှာနို့ဗူးတွေကအစီအရီ ဒါပေမယ့် ပြားစွန်းသာသာတန်တဲ့ နို့ဗူးတွေမှာ

သောက်ပြီးရင် မှင်နဲ့အမှတ်အသားအရစ်ကလေးတွေထားကြတယ် နောက်မှသိတာက

ကျွန်တော်ယူသောက်ခဲ့ရင်သိအောင်လို့ လေ.. တစ်ညအလုပ်ကပြန်လာတော့

ကောင်မလေးတစ်ယောက်က ဧည့်ခန်းမှာနို့ ဗူးလေးနဲ့စောင့်နေတယ်

မြင်မြင်ချင်းဆောက်နဲ့ထွင်းဆိုသလိုပေါ့”စိန်လျှံငါမနက်ကအလုပ်မသွားခင်နို့မော့သောက်နေတာ

ငါမြင်လိုက်တယ်..အခုငါ့ဗူးကရော့နေတယ်..နင်ငြင်းမယ်မကြံနဲ့နင်မော့သောက်ထားလို့ငါရွံတယ်

ငါမလိုချင်တော့ဘူး အဲဒီအတွက် ပိုက်ဆံပြန်ပေး...နို့ တောင်ခိုးသောက်တာအံ့ပါရဲ့ ”့
ဆိုတော့

ကျွန်တော်တော်တော်နင်သွားတယ်မနက်ကနို့သောက်တာမှန်ပါတယ် ဒါပေမယ့်ကျွန်တော့်နို့ဗူး

ကံကဆိုးချင်တော့ ကုန်လို့လွှင့်ပြစ်လိုက်တာသက်သေမရှိဘူး...

အားလုံးရှေ့ မှာဒီလိုပြောတယ်ဆိုတော့ ရှက်ရှက်နဲ့ ပိုက်ဆံထုတ်ပေးနေချိန်မှာ..

ကောင်မလေးရဲ့ ရည်းစားပြန်ရောက်လာတော့ မေးတယ်လေ..

ပြီးမှသူလဲ ရှက်ရှက်နဲ့ တောင်းပန်ပါတယ် သူမနက် ကကော်ဖီ သောက်တာပါ..

သူ့ ကောင်မလေး အလုပ်သွားနေလို့ သူသောက်တာပါဆို ကျွန်တော်ကိုပြောတယ်..

ကောင်မလေးက

”အင်း..ဒီတစ်ကြိမ်မမိရင်နောက်တစ်ကြိမ်ပေါ့”ဆိုပြီးရှက်ရှက်နဲ့ ကျိန်းသွားသေးတယ်

ဒီလိုဘဲလေ..

ခံရပေါင်းများတော့လဲ ခံနိုင်ရည်ရှိသွားတာပဲ..

စိတ်ထဲမှာတော့မေ့မယ်မထင်နဲ့ ပေါ့.. အလှည့်ဆိုတာရှိတယ်လေ..

အရင်စိတ်နဲ့ဆိုရင်တော့..တစ်ခုခုဖြစ်မှာသေချာတယ်..သတ်မိမလား ခုတ်မိမလားပဲ

အခုတော့.....ဘယ်ရောက်သွားလဲ မခံချင်စိတ်တွေ..

ဘယ်လောက်ထိလဲဆိုရင် ..အားလုံးရဲ့ အခန်းက

သော့ကိုယ်စီထားတောင်မှ...အိမ်မှာကျန်ခဲ့တဲ့ကျွန်တော့်ကိုစိတ်ကမချချင်ဘူးလေ....

တစ်ရက်ဖြစ်တဲ့ကိစ္စကတော့ ကျွန်တော်အတွက်နောက်ဆုံးသူတို့ တွေရဲ့ စွတ်စွဲမှု

နောက်ပိုင်းဒီလိုစွတ်စွဲမှုတွေလဲရပ်သွားတယ် ကျနော့်အတွက်လည်း ကောင်းသွားတယ်ပေါ့

ဖြစ်ပုံက.. တစ်နေ့ ကျွန်တော် ကြက်ကြော်စားတယ်..ဒီကိုရောက်ပြီးကတည်းက

(၆)လအတွင်းမှာပထမဆုံး ချက်စားတဲ့ဟင်းလေ...

စားချင်တာရယ်..အလုပ်အားတာနဲ့ အိမ်မှာဘယ်သူမှမရှိတာရယ်ကြောင့် ချက်စားတာပါ

ကြက်ကြော်နေတုန်း ပြန်လာတဲ့ (အတွင်းခံဘောင်းဘီပျောက်ဖူးတဲ့)ညီက ”အောင်မလေးဗျာ..

အကြော်နံ့ တွေကအဝေးကတည်းကရပေမယ့်ကိုယ့်အိမ်ကမှန်းမထင်ဘူး..

ခင်ဗျားကြက်ကြော်တာမြင်တော့ကိုယ့်မျက်စိတောင်ကိုမယုံချင်ဘူးဝင်ငွေတွေကောင်းနေတယ်ပေါ့..

ဒါမှမဟုတ်ဘယ်ကအချောင်ရတာလဲစတာနော်”ဆိုပြီးစကားတွေနဲ့ခနဲ့နေပေမယ့်ကျွန်တော်ပြုံးရုံသာပြုံးပြခဲ့တယ်

ညပိုင်းစားသောက်ဆိုင်ကပြန်လာချိန် အိမ်မှာမီးတွေလင်းနေတယ်ဆိုတော့ ထုံးစံအတိုင်း

မနက်ဖြန်တနင်္ဂနွေ...လူစုံပြီးဖဲဝိုင်းဖြစ်နေတယ်လို့ ပဲထင်လိုက်တယ်..

အိမ်ထဲလှမ်းဝင်ရုံနဲ့ ”ဟေ့လူ ခင်ဗျားခိုးစားတာမရှက်ဘူးလား..ခိုးစားတာဆိုရင်လဲ

ပိပိရိရိပေါ့..အခုဟာက ပေါ်တင်ချက်စားတာဆိုတော့

တော်တော်လေးရှက်ဖို့ ကောင်းတယ်..မရှိရင်တောင်းစား..ကြွေးမယ်..ခိုးတော့မစားနဲ့ ဗျာ”

” မင်းငါ့ကိုဘာတွေလာပြောနေတာလဲ...ငါသီးခံပေါင်းများနေပြီးနော်..မစော်ကားနဲ့”

”ဘာလဲ..သူများကြက်လဲခိုးစားသေးတယ်..မသိချင်ယောင်လဲဆောင်သေးတယ်

တော်တော်မျက်နှာပြောင်တဲ့သူအံ့သြတယ်..အရှက်မရှိဘူးခင်ဗျားဘယ်လိုလူလဲ..”

”ကြက်..ဘာကြက်လဲ”

”ခင်ဗျားမနက်ကကြော်စားတဲ့ကြက်..ခင်ဗျားခိုးစားတဲ့ကြက်”

”ဟေ့ကောင်မင်းလွန်မယ်..ငါကြော်စားတာငါ့ပိုက်ဆံနဲ့ ကွ”

”ဟား..ဟား..ရယ်ချင်တယ်..ခင်ဗျားအကြောင်းမသိတာမှတ်လို့

ဒီနေ့ထိခင်ဗျားကြက်ဝယ်စားဖူးလို့လားအခုကျုပ်လွန်ခဲ့တဲ့(၃)ရက်ကဝယ်ထားတဲ့ကြက်အခုမရှိတော့ဘူး

ခင်ဗျားမစားလို့ဘယ်သူစားမလဲခင်ဗျားဝယ်စားတယ်ဆိုရင်ဘယ်သူမြင်လဲဘယ်မှာလဲသက်သေ

ကိုယ့်ဗမာအချင်းချင်းအောက်တန်းကျတဲ့စိတ်ရှိတာကို ခင်ဗျားမရှက်ပေမယ့်

ခင်ဗျားအစားရှက်တယ်..ခင်ဗျားကြက်ဖိုးပြန်ပေးဗျာ”

ကျွန်တော်လေ....

ရင်ထဲတော်တော်နစ်သွားတယ်..ဝမ်းလဲနည်းတယ်..မသကာကျွန်တော့်မှာမရှိမှန်းသိရင်တောင်

သူတို့ ကဒီလောက်မစော်ကားသင့်ဘူးလေ..

အကျိုးအကြောင်းလေးတော့မေးသင့်ပါတယ်...မျက်ရည်ကျပြပြီးအရှုံးတော့မခံဘူး

တစ်နေ့တော့ပြန်ခံစားစေရမယ်.. သူတောင်းတဲ့ပိုက်ဆံကိုပေးခဲ့တယ်..

ဘာလို့လောကကြီးက အားနည်းတဲ့သူ ကိုဝိုင်းနှိပ်စက်တာကိုလက်ပိုက်ကြည့်နေတာလဲ

တခါတလေလောကကြီးတောင် မတရားလုပ်တတ်တယ်နော်..

ဒါမှမဟုတ်ခံနိုင်ရေရှိအောင်သင်ပေးတာလာဗျာ ထားပါတော့

တစ်ပတ်လောက်ကြာတော့ ကျွန်တော်တို့နဲ့

တစ်အိမ်တည်းနေတဲ့တရုတ်က တခြားမြို့ ကနေပြန်လာတယ်

တစ်ညတော့သူက ”စိန် နင့်ကိုပြောစရာရှိတယ် နင့်အတွက်ငါစိတ်မကောင်းပါဘူး

နင့်ကိုတမင်လုပ်တာမဟုတ်ပါဘူးငါတခြားမြို့မသွားခင်ရေခဲသေတ္တာထဲမှာကြက်တစ်ကောင်တွေ့တယ်

ရက်ကိုကြည့်လိုက်တော့ရက်တွေလွန်နေတာ(၂)ရက်ရှိပြီး


ရေခဲသေတ္တာနံမှာစိုးလို့ငါအမှိုက်တောင်းထဲလွှင့်ပြစ်ခဲ့တယ်

ပြီးတော့မှငါပိုက်ဆံပြန်ပေးမယ်ဆိုပြီးဒါပေမယ့်ငါမေ့သွားခဲ့တယ်အခုတော့နင်ကတရားခံဖြစ်ရတယ်

ငါပြန်လာတော့ပိုက်ဆံပြန်ပေးတယ်သူကနင့်ကိုပြန်မပြောဖို့မှာပေမယ့်စိတ်ထဲမလုံလို့”ဆိုပြီးလာပြောတယ်လေ

ကြားရတာရင်ထဲနင့်တယ်ဗျာမသကာအကိုရယ်တောင်ပန်းပါတယ်ဆိုရင်တောင်ကျွန်တော်စိတ်ဆိုးမှာမဟုတ်ဘူး

အခုတော့အဖြစ်မှန်သိလို့မတောင်းပန်တဲ့အပြင်တခြားတစ်ယောက်ကိုပါမသိချင်ယောင်ဆောင်ခိုင်းသေးတယ်ဆိုတော့

မျက်ရည်ဆိုတာ မကျတော့ပါဘူး.ခန်းနေပြီးလေ

ဒါပေမယ့်တစ်ခုကောင်းတာက အဲဒီနေ့ ကစလို့ပေါ့ကျွန်တော့်ကို

စွတ်စွဲတာတွေ..စောင်းပြောတာတွေ နေ့ ချင်းညချင်းပြောက်သွားတယ်

ကျွန်တော်လဲကင်းကင်းနေတော့ ပြဿနာထပ်မဖြစ်တော့ဘူးလေ

အခုတော့

ကိုစိန်ကြီးရေ..လုပ်ပါအုံး..ကျောင်းလခသွင်းရတော့မယ်”

”စိန် ရေ ငွေခဏလှည့်ပေးပါအုံး လူကြုံနဲ့ငွေပို့ချင်လို့”

”ခင်ဗျာကူညီတတ်ပါတယ်ဗျာ”

”စိန်ကသဘောကောင်းတယ်ဆိုတာသိပြီးသား”

”အရင်က စခဲ့နောက်ခဲ့တာကိုမေ့လိုက်ပါဗျာ”

”ခင်ဗျားမှန်နေရင် အကျိုးပေးမှာပေါ့”
စသဖြင့်လေ

ကျနော်ပြုံးမိပါတယ် ကျနော့်အပြုံးက အရင်နဲ့ အခုနဲ့အတူတူပါပဲ

သူတို့ကျနော့်ကိုပြုံးပြပါတယ် အရင်တုန်းကတော့ ခနဲ့ပြုံး အခုတော့ အားနာပြုံး

ကူညီပါတယ်..

စိတ်မှတ်များစွာနဲ့ ပေါ့......

ခွင့်လွှတ်ပါတယ်...

နာကျင်မှုများစွာနဲ့ ပေါ့..ဗျာ

တစ်သက်လုံးလဲမမေ့ပါဘူး

မှတ်မိနေဆဲပါ

ဖိုးစိန်
အားလုံးပျော်ရွှင်ပါစေဗျာ


အရင်ရေးခဲ့တုန်းက ကျနော်ညီအကိုမောင်နှမများမန့်ခဲ့တာတွေ
Apar Lwin

Comment on October 25th, 2008. e

Very Good True Story! I would punch them if I were in your shoes….

warwarkhaingmin
Comment on October 25th, 2008. e

မောင်လေးဖိုးစိန်..
”စိတ်ရှည်ခြင်းနှင့်သည်းခံခြင်းသည် ဥာဏ်ပညာရှိခြင်း
နှင့် မိမိကိုယ်ကို မိမိထိန်းချုပ်တတ်ခြင်းတို့ ဖြင့်စနစ်တကျပူးပေါင်းထားခြင်းဖြစ်သည်။.. တဲ့

မောင်လေးတော်တာပဲ..သည်းခံစိတ်တွေတော်တော်မွေးခဲ့တာပဲနော်။
နွာနို့ဆို ကိုယ်မှ မသောက်တာပဲ..မသောက်ဖူးပေါ့..ငွေပေးစရာမလိုပါဘူး။
ကြက်သားလည်း အဲဒီအတိုင်းပဲလေ။ ဘာလို့ပေးရမှာလဲ။
အမဆို ပေးမှာမဟုတ်ဘူး။ မောင်လေးတော်ပါတယ်။
သည်းခံနိုင်တာကို ချီးကျူးမိပါတယ်။

အဆင်ပြေပါစေ။
ခင်တဲ့
အမ၀ါ
EC
Comment on October 25th, 2008. e

You felt a lot of shame when you have nothing.When i read your story ,i feel angry them.So you should stay away from them.Next time you should give some lessons that they will know about their manners.Don’t be patient.

မိုးသောက်
Comment on October 25th, 2008. e

ဗျို့ ကိုစိန် ကျနော် မကျေနပ်ဘူးဗျို့ ..
အဲ့လို ကိစ္စတွေ မဖြစ်သင့်ဘူး …
ဘယ်နှယ့်ဗျာ … အဲ့လိုစွတ်စွတ်စွဲစွဲ ပြောရအောင် သူလည်း ကျောင်းသား
ကိုယ်လည်း ကျောင်းသား နိမ့်တဲ့သူ တစ်ယောက်မှ မရှိဘူး …
ပြီးတော့ မဟုတ်ရင်လည်း ကိုယ်လုပ်ခဲ့တဲ့ အလုပ်တစ်ခုကို ပြန်တာဝန်ယူသင့်တယ် ..
သည်းခံတယ်ဆိုတာ ကောင်းပါတယ်ဗျာ .. ဒါပေမယ့် အမှန်တရားကို
ပျောက်ကွယ်သွားလောက်အောင် သည်းခံတာမျိုးတော့ အားမပေးဘူးဗျို့ ..
အမှန်တရားဘက်က ရပ်တည်ရဲရမယ်လို့ ကျနော် ခံယူမိတယ် ..
ကျနော်ဆိုရင် ဒီမှာ အပြစ်မရှိပဲ နိုင်ငံခြားသား ကျောင်းသားလေးတွေပါကွာ ဆိုပြီး ပါးလာရိုက်ပြီး ဖြဲတဲ့ ရဲ ကို ပြန်ထိုးလို့ လက်ထိပ်တန်းလန်းနဲ့
အချုပ်ခန်းထဲမှာ ၆ နာရီကျော် နေဖူးတယ် …
ဒါပေမယ့် ကျနော် ကျေနပ်တယ် … နောက်တော့လည်း ကျနော် မှန်နေတော့ ပြန်လွတ်ပေးရတာပါပဲ ဘာမှလုပ်လို့မရဘူး …
တစ်ယောက်တည်း ဆိုပေမယ့် ကျား တွေပဲဗျာ ဟုတ်တယ်မို့လား ..
ကိုစိန်ရေးထားတာတွေ ဖတ်မိတော့ တော်တော် ဒေါသ ထွက်မိတယ်ဗျို့ ..
အဲ့လောက်ကြီး သည်းမခံနဲ့ဗျာ ..
ပြောချင်ရာ ပြောသွားတဲ့ ကျနော့်ကိုလည်း စိတ်မဆိုးပါနဲ့ဗျို့
မကျေနပ်ရင် ကျနော့်ဆီ လာပြန်ရေး စိတ်မဆိုးဘူး ဟီး ဟီး ..

ခင်မင်တဲ့ မိုးသောက်
warwarkhaingmin
Comment on October 25th, 2008. e

ဆိုးလိုက်တဲ့ မောင်မိုးသောက်။
အခုမှပဲသိတော့တယ်။ :P မောင်လေးဖိုးစိန် ပြန်လာဖတ်သွားပါတယ်.ကွန်မန့်တွေဖတ်ရင်းပေါ့။ ဟုတ်တယ် မောင်လေးမိုးသောက်ပြောသလိုပါပဲ
(အမှန်တရားကို
ပျောက်ကွယ်သွားလောက်အောင် သည်းခံတာမျိုးတော့ အားမပေးဘူးဗျို့ )ဆိုတဲ့ စာသားလေးအတိုင်း အမှန်တရားပျောက်ကွယ်သွားလောက်တဲ့ အထိတော့ ထပ်ပြီးသည်းမခံပါနဲ့ မောင်လေးရေ.. အာဂျား..အာဂျား..ဖိုက်တင်…မောင်မိုးသောက်လိုတော့ လူဆိုး လို့ နဲနဲတော့အပြောခံရမှာပေါ့။ ဒါပေမယ့် ကိုယ်မှန်တဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံတယ်.ကျေနပ်တယ်လေ။
ကဲ..ဒီလောက်ပဲနော်.
မောင်မိုးသောက်ဆီမှာ စီဘုံးအပြည့်ရေးသွားလို့ အမ ပြန်လာရေးတာမဟုတ်ဖူးနော်။ခင်မင်မှုနဲ့ ပြန်လာအားပေးတာပါ။
ခင်လျှက်
မ၀ါ
မိုးသောက်ယံ

Comment on October 25th, 2008. e

စိန်သာကောရေ .. တတ်နိုင်သလောက်သာ သီးခံပါဗျာ .. သီးခံနိုင် တဲ့သူက အောင်မြင်တာပါပဲ။ ဘ၀မှာ နာကျင်သမျှကို သင်ခန်းစာ အဖြစ်သာမှတ်ပါ ဒီလိုပြောရတာဟာ မလွယ်မှန်းသိပါတယ် ဘာလို့ ဆိုတော့ ကျနော်ကိုယ်တိုင်လဲ အများကြီး သင်ယူခဲ့ရလို့ပါ .. :)
eikhine
Comment on October 26th, 2008. e

စိတ်ရှည်တယ်၊ သည်းခံတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိတော့ရှိတယ်လေ။အမြဲတမ်းတော့မဟုတ်ဘူးပေါ့။ နင်ကလည်း လွန်လွန်းပါတယ်.။ ငါ့သူငယ်ချင်းလို့မပြောရဘူး အမြဲတစ်ဘက်စွန်းရောက်တာပဲ။ တတ်နိုင်သမျှ ဘယ်နိုင်ငံပဲရောက်ရောက် မြန်မာတွေကိုရှောင် ဇယားရှုပ်တယ်.။ ကောင်းတဲ့သူလဲရှိသလို မကောင်းတဲ့သူလည်းရှိနိုင်တာပဲ။.

mya lay
Comment on October 26th, 2008. e

Sl,
When I read your story , I remember my situation at Singapore.Life is like this.You have no money , they do like this.So we have to try to be rich.”Money make everything ” Before I didn’t accept it but i accept it now.Because We have no money ,We can’t solve problems.You want to do anything matter , money is in front of it.But life is circle so they do like this , they will feel like this one day.
thandar swe
Comment on October 26th, 2008. e

I don’t believe that’s you. But it’s true. I appreciate you. you need sometimes patience but if you should not be always like this because some people will look down on you.
For the successful life, patience is really necessary. You should use it according to the time and circumstances.

ပုလဲ
Comment on October 26th, 2008. e

ကိုမိုးသောက်ဆီမှာတွေ့လို့ စူးစူးစမ်းစမ်းလာဖတ်မိပါရဲ့ ရင်နင့်စရာတွေဖတ်လိုက်ရတယ် ယောက်ျားလေးတစ်ယောက် အဲလောက်သီးခံနိုင်တာ လေးစားတယ် စာတွေဖတ်နေတုန်း စော်ကားမော်ကား စွတ်စွတ်စွဲစွဲ ပြောတဲ့ပြုတဲ့သူတွေကိုကြောက်နေမိတယ် ကိုယ်နဲ့များကြုံမလားလို့လေ ကိုဖိုးစိန်ရဲ့သီးခံနိုင်စွမ်းကိုတော့ ဖတ်ရင်းနဲ့ငိုင်နေရတယ် လေးစားတယ်ရှင် နောက်ဆုံးရလဒ်ကကောင်းပါတယ် စိတ်ထားကောင်းမွန်ခြင်းဆိုတာ အချိန်နဲ့အမျှအကျိုးခံစားရတဲ့အကြောင်းတော့သိသွားတယ် ” ခင်ဗျားမှန်နေရင် အကျိုးပေးမှာပေါ့ ” နောက်နောင်လဲဒီလိုကိစ္စဈတွနဲ့ကင်းပါစေ ပျော်ရွှင်ပါစေနော် :D :D :D :D :D
ရွှေပြည်သူ
Comment on October 26th, 2008. e

ဖတ်ပြီးရင်ထဲမှာ မောကျန်ခဲ့တယ် မောင်လေးရေ… မရှိခိုးနိုး မလှစုန်းရိုးတဲ့… လူတွေဟာ တခါတခါ သိပ်ကို ခက်ပါတယ်။ အဆုံးစွန်ထိ သည်းခံနိုင်ခဲ့ပြီး စိတ်ထားပြည့်ဝခြင်းကို ပြခဲ့တဲ့ မောင်လေးကို အရမ်းကို လေးစားမိပါတယ်။ သေချာမစမ်းစစ်ဘဲ တဘက်သတ် နိုင်လိုမင်းထက် စွပ်စွဲခဲ့သူတွေ စိတ်ထားမမှန်သူတွေလည်း ၀ဋ်ကြွေးဆိုတာနဲ့ မလွဲမသွေကြုံရဦးမှာပါ… ဘ၀မှာ ဒီလိုလူတွေနဲ့ ကင်းပြီး အောင်မြင်မှုတွေ အများကြီး ဆက်တိုက်ရပါစေ မောင်လေးဖိုးစိန်ရေ…

layeikpyar

Comment on October 26th, 2008. e

တော်တော်ကောင်းတယ်ဟေ့….(ခံပြင်းဖို့)….တောက်
ဖိုးစိန်
Comment on October 26th, 2008. e

ကျွန်တော့်အပေါ်ကိုနားလည်ပေးကြတဲ့ ကျွန်တော့်ချစ်တဲ့သူငယ်ချင်းတွေ.. ကျွန်တော့်ကိုလာအားပေးတဲ့ မမဝါ..မမသူသူ.. မမပုလဲ…မမမက်မက်..မမဇာဇာ..ကိုဗီလိန်..ကိုမိုး နဲ့ ကိုသောက်တို့ ကို အရမ်းပဲခင်မိသွားတယ်.. အမတွေ အကိုတွေရဲ့ အားပေးမှုကိုသာ အဲဒီ အချိန်က ရခဲ့ရင်ကျွန်တော် ရဲ့ မကောင်းဆိုးရွားဝင်ပူးတဲ့ရက်တွေမှာ ကျွန်တော်ဒီလောက်မခံစားရပါဖူး.. ကျွန်တော်ဟာ ငယ်ငယ်က ကမ်းကုန်အောင်ဆိုးခဲ့ပေမယ့်.. ဒီရောက်လာတဲ့အချိန်က စလို့  ကျွန်တော်ဟာ တော်တော်လေးပြောင်းလဲသွားတာကိုယ်ကို ကိုယ်တောင်မယုံပါဘူး..ဒါပေမယ့်အခုတော့ ကျေနပ်တယ်ဗျာ.. လိုချင်တဲ့အတိုင်းအတာတစ်ခုကိုရလိုက်တယ်ပေါ့…
ကျွန်တော်ဒီနေ ရာလေးက နေပြီး..
ကျွန်တော့်အပေါ် ကောင်းကောင်းဆိုးဆိုး
ချော့တစ်ခါချောက်တလှည့်နဲ့ 
သည်းခံပေါင်းကြသော..
လိုချင်တာများကိုကြိမ်းမောင်းဖြည့်ဆည်းပေးတတ်သော..
အနစ်နာခံကူညီခဲ့ကြသော..
ကျွန်တော်ကို အမြင်ကတ်စွာ ညီလို မောင်လို ချစ်ကြတဲ့ ကျွန်တော့်ရဲ့ တန်းဖို မဖြတ်နိုင်တဲ့
ကို လင်းလင်းဇော်..ကိုအောင်မြင့်ဦး..ကို လပြည့်..ကိုစိုင်း..မသန္တာလွင်..မသန္တာဆွေ.. အိခိုင်ဇင်..အိခိုင်အေး..မြမြအေး.. ကလျာ တို့ နဲ့ အတူ..
ကျွန်တော့်ကို ဘလော့ကနေတဆင့် ညီလို မောင်လို ခင်ခဲ့ကြတဲ့ ကိုကိုမိုးသောက်ယံ..ကိုကိုမိုးသောက်…မမဝါ..မမသူသူ..မမမက်မက်..မမဇာဇာ..မမပုလဲ..တို့ ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းနဲ့ ..ကျွန်တော်အားလုံးကို အမလို အကိုလို လေးစားချစ်ခင်ပါကြောင်းပြောပါရစေဗျာ..
ကော့မန့် တွေပြန်ဖတ်ရင်းအတိတ်ဆီကိုမျက်ရည်လည်မိတဲ့
ဖိုးစိန်
ei khai aye
Comment on October 26th, 2008. e

my bro,
it’s me ei khine aye
i hate them all.who are they? can you give me their name?let them go to the hell!

EC
Comment on October 27th, 2008. e

You don’t tell me.Because of you and me are friend.
thandar swe
Comment on October 27th, 2008. e

Keep the friendship between you and all. This is your life.

Dream

Comment on October 27th, 2008. e

မိုက်ရိုင်းလိုက်တာကွာ.. စွတ်စွတ်စွဲစွဲ နဲ့.. တကယ်ဆို ဗုဒ္ဓဘာသာမြန်မာ
လူမျိုးတွေပဲ..ဒီလောက်ထိတော့ မပြောသင့်ဘူး.. လူ့တန်ဖိုးမရှိတဲ့လူတွေ။
ဝမ်းအပြင်အိတ်မပါတာ သူတို့တွေ မသိကြဘူးလားမသိဘူး… သေသွားရင်
အဲလိုလူမျိုးက ပြိတ္တာဖြစ်မဲ့ဟာတွေလို့ထင်တယ်… ဖတ်ရတာ တော်တော်
ရင်ထဲမကောင်းဖြစ်သွားသလို ဒေါသလည်းဖြစ်မိတယ်… ကိုယ်ပြောချင်ရာပြော၊စွတ်စွဲချင်ရာစွတ်စွဲပြီး အမှန်တရားပေါ်လာတော့မှာ ပြန်တောင်းပန်ဖို့ဝန်လေးကြတဲ့အဲ့လိုတန်ဖိုးမရှိတဲ့ လူတွေကိုဝေးဝေးကသာရှောင်သင့်တယ်လို့ထင်တယ်..ပြီးတော့.. အခုလိုသည်းခံနိုင်တဲ့ခန္ဒီစပါရမီ လေးကိုလည်းဂုဏ်ယူပါတယ်.. ဘာပဲပြောပြော မေတ္တာမပြတ်ပဲ..အပြုံးလေးနဲ့ပဲအနိုင်ယူလိုက်နိုင်တဲ့ ဦးဦးဖိုးစိန် ကိုလေးစားပါတယ်…. မေတ္တာသည်သာအေးမြရာ၏..တဲ့။ အမြဲနှလုံးသွင်းပါ.. နော်…မက်မက်တို့လည်းခင်တတ်ပါတယ်..
Thandar lwin
Comment on October 28th, 2008. e

If U r in Myanmar ,U should take revenge them.Money is the second God for them.For us Friendship is more important than money , I think..
khaing su
Comment on November 19th, 2008. e

စိန်လျှံ..
ဒီတစ်ပုဒ်ဖတ်ရတာ တော်တော်စိတ်မကောင်းဘူး..နင်ဒီလောက်သည်းခံနိုင်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး.. နင်ကိုငါ အရမ်းချီးကျူးတယ်..နင်တော်တယ်.. အားလုံးကို နင်နိုင်လိုက်တာပဲ..
ဒါပေမဲ့ ငါစိတ်မကောင်းတာတစ်ခုတော့ရှိတယ်.. နင်ပြန်ရေးထားတဲ့ထဲမှာ နင်က ငါကို နင့်ရဲ့ ချစ်သူငယ်ချင်းတွေ စာရင်းထဲမှာလည်း မရှိဘူး..ခုမှ စာဖတ်ရင်းခင်တဲ့ သူငယ်ချင်းစာရင်းမှာလည်း..တခြားစာရင်းမှာလည်း မရှိဘူး.. နင် ငါကိုလုပ်ရက်တယ်..နင်စာလေးတွေကို နင်ဖတ်စေချင်မှန်း သိလို့ရော..နင့်ကိုခင်တဲ့စိတ်နဲ့ရော.. စိတ်ဝင်စားစရာကောင်းလို့ရော ဆိုတဲ့ ရောပေါင်းများစွာနဲ့ ငါဖတ်ပေမဲ့ ငါ့ကို နင့်စာရင်းထဲ မသွင်းထားဘူး.. ပြောတော့ ငါ့ကို ခင်တယ်တဲ့..ဒီလိုလား.. ငါလည်းခံစားရတယ်.









Thursday, 2 April 2009

သင်္ကြန်အကြိုရင်ခုန်သံ

ဆိုက်ပရပ်စ်မှာ ပထမဆုံးအကြိမ်ပြုလုပ်မယ့် မြန်မာသင်္ကြန် ဖြစ်မြောက်ဖို့
နီကိုးရှားမြို့တော်ကိုသွားပြီးကြိုတင်ပြင်ဆင်မှုများအခမ်းအနားအပြင်အဆင်နဲ့
အကတိုက်တာများကိုသွားကြည့်ခဲ့ပါတယ်
ညီအကိုမောင်နှမတွေစုံတုန်း အကြိုပျော်ခဲ့တာလေးကိုမျှဝေပေးလိုက်ပါတယ်
အားလုံးပဲနှစ်သစ်ကိုရင်ခုန်စွာ ကြိုဆိုပျော်ရွှင်နိုင်ကြပါစေ..။



တူညီဝတ်စုံများဖြင့်ဆိုက်ပရပ်စ်ရောက် သင်္ကြန်ပျိုဖြူများအစမ်းလေ့ကျင့်စဉ်



အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ


ဖိုးစိန်

ကျနော်ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်တဲ့အတွက် လိုအပ်ချက်များ ပြောကြားနိုင်ပါတယ်နော်..

အလွမ်းနှစ်ကူး

ဆောင်းကုန်လို့ နွေအကူး
တန်းခူလ ထူးလှအချိန်
ပိတောက်ငုဝါ ထိန်ထိန်ပွင့်ပါလို့ 
နွှဲ စရာ ရေသဘင်ပွဲရယ်ပ
ရွှဲစိုအောင်ရေတွေလောင်းကြမယ်
မိုးဖွဲဖွဲ သင်္ကြန်မိုးတွေနဲ့....။

လှဟန်ချီ ကဟန်ညီသာပ
တူမောင်မယ်စုံညီစွာ ပျော်ကြတဲ့ပွဲ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူး
ထူးခြားတဲ့ဒီဂိမာန်နွေ
ညစ်စရာတွေဆေးမယ်သင်္ကြန်ရေနဲ့
မမေ့အစဉ် နှစ်စဉ်ကျင်းပမြဲမို့
ဒီအချိန်ဒီတန်ခူး
ပိတောက်နဲ့ သင်္ကြန်ရေ..
ဒီသီချင်း ဒီကဟန်တွေ
ဘယ်ဋ္ဌာနေ ဘယ်အရပ်ရောက်ရောက်
မြန်မာမှန်လျှင် ကြံဖန်ပျော်တတ်တယ်
သြော်..ဒီသင်္ကြန်
ငါတို့ အတွက်လွမ်းစရာကြီးပါပဲ...။


ဖိုးစိန်