Friday, 29 May 2015

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်




Third edition of the Human Rights Human Dignity International Film Festival, 14-19 June 2015, Waziya & Naypyitaw cinema, Yangon Myanmar.


PS Film Production ကနေ ၂၀၁၅ မှာ မှတ်တမ်းရုပ်ရှင်တကား၊ ဇာတ်လမ်းတို တကားကို ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ နှစ်ကားလုံးကို နိုင်ငံတကာ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြသနိုင်ဖို့ တင်ခဲ့ရာမှာ ဇာတ်ကားနှစ်ကားလုံး အရွေးခံရပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို  ၂၀၁၅ လာမည့် ဇွန်လ (၁၄) ရက်ကနေ (၁၉) ရက်နေ့ထိ  ရန်ကုန်မြို့ ၀ဇီရာရုပ်ရှင်ရုံ နဲ့ နေပြည်တော်ရုပ်ရှင်ရုံတို့မှာ တနေကုန် အခမဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံထားရတဲ့ ကျနော့် ဇာတ်ကားတွေ အပြင် တခြား မြန်မာ မှတ်တမ်းရုပ်ရှင်၊နိုင်ငံတကာမှတ်တမ်းရုပ်ရှင်၊မြန်မာဇာတ်လမ်းတိုများ၊ အန်နီမေးရှင်းကားများကိုလည်း အခမဲ့ တ၀ကြီး ကြည့်ရှူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်တကားပြီးတိုင်း ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးထင်မြင်ချက်များ၊အကြံဥာဏ်များ၊မေခွန်းများမေးနိုင်သည့် အစီအစဉ်များကိုလည်းထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

လာရောက်ကြည့်ရှူ ဖို့ ဖိတ်ခေါ်ပါတယ်။

ဖိုးစိန်

No comments: