ငါးမျှားသူများ

ငါးမျှားသူများ




တစ်ချို့က
ငါးစာလေးချ
ဖော့တံလေးကြည့်
ငြိမ်ငြိမ်လေးနေ
ဒီအလုပ်ဟာ
စိတ်ငြိမ်တယ်။



တစ်ချို့က
ငါးရှိရာခန့်မှန်း
ငါးပွက်ရာ ငါးစာချ
တည်ငြိမ်မှုမရ
ဟင်းစားရမှ
ကျေနပ်တယ်။


တစ်ချို့က
ငါးရမရ
တွက်ဆမနေ
အပူမထား
ငါးမရရင်
ရေချိုးပြန်မယ်။


တစ်ချို့က
ငါးမရလို့
မျှားတံကိုချိုး
ခဲလုံးရှာ
ရေထဲပစ်
တစ်ခြားလူ
စိတ်ညစ်အောင်လည်း
လုပ်တတ်တယ်။



(ကိုယ်က ဘယ်လိုလူမျိုးထဲ ပါနေလဲ... )

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



Comments

Mogok Thar said…
ကိုယ်ကတော့ ငါးမျှားတာ... ဝါသနာ မပါတော့..

ငါးမျှားသူများးး... ထဲက ဘယ်လိုလူစားမျီုးထဲမှာမှ...

အကို....မပါဘူးကော....

ချစ်ခင်တဲ့

ကိုမောင်ဟန်
အိန္ဒြာ said…
မျှားတော့ မျှားနေကြတယ်...

မျှားသမျှ ကိုယ့်အတ္တကိုယ် အစာတပ်ထားကြရတာပေါ့....
Anonymous said…
အတွေးတချို့တူနေသည်။
ငါးမမျှားချင်ပါဘူး
ကြက်တိုက်တယ်ဆိုတော်သေး

:E
ငါးမမျှားဖူးဘူး။း))
Ree Noe Mann said…
တစ်ချို့က
ငါးရှိရာ ခန့်မှန်း
ငါးစာလေးချ
မရလည်း ဘာမှမဖြစ်
ရလည်း ပြန်လွတ်
စိတ်ကို တည်ငြိမ်အောင်ထား
ကျေနပ်တယ်

အဲအထဲမှာပါတယ် ကိုယ်က
Anonymous said…
လူတိုင်း ငါးမျှားနေတာပေါ့ ဖိုးစိန်ရယ်။ ငါးမရတဲ့ခါ ကန်ကို ခဲနဲ့ မပေါက်ဖြစ်အောင်တော့ သတိနဲ့ ထိန်းရတာပေါ့။

ပလိုင်းထဲက ငါး လုံအောင်လည်း သိမ်းရသေးတယ်။ :)
တခါတလေလည်း လွတ်သွားတဲ့ ငါး ကြီးချင်သေးတာ။:)))

မအယ်
ရေတမာ said…
လူတိုင်း ငါးမျှားသူများမဟုတ်သလို။ ငါးဖြစ်နေတဲ့ လူတချို့လည်း ရှိပါသေးတယ်။ ကျနော်က အတ္တမျှားရာ လိုက်နေတဲ့ ငါးတကောင်
kaungkinpyar said…
ဂိမ်းထဲတော့ မျှားဘူးတာပဲ...မရတာလဲ မရ..ရတဲ့အခါလဲ ရှိ...အဲ့လို တွေ တော့ မတွေးမိဘူး...ဘယ်ထဲ ပါနေပါလိမ့်...????
ငါးမျှားတဲ့အကြောင်းကို ရေးထားတာဆိုပေမယ့် ဘဝလမ်းကြောင်းပေါ်က ဖြစ်တတ်တဲ့ သဘောကို ခံစားရေးဖွဲ့ထားတာလို့ မြင်မိပါတယ်...

ဘလော့ပေါ်မှာဖတ်ရတဲ့ စာမို့လည်း ဘလော့လောကရဲ့ သဘာဝတခုလို့လည်း ခံစားမိပါသေးတယ် ဖိုးစိန်ရေ...

းဝ)
ညီမကတော့ ငါးမျှားဖို့ စိတ်ကို မကူးဖူးတာ
ငါးမျှားတာကို မြင်ဘူးတယ်လေ
ဝမ်းစာအတွက် မျှားတာတွေကတော့ မပြောလိုပါဘူး
အပျော်အတွက်ကတော့ ... သူ့ဝါသနာနဲ့ သူပေါ့လေ
ပျော်ဖို့ကောင်းတယ်ထင်တဲ့သူတွေအတွက် ပျော်စရာပေါ့
ကိုယ်သာ ငါးတကောင်ဖြစ်ခဲ့ရင် .. ?????? ပျော်နိုင်မှာလား

ကိုယ်တိုင်တော့ ဒီတသက် ငါးမျှားသူ ဖြစ်မလာနိုင်ဘူး ထင်တယ် .. :D

ကဗျာထဲက အပေါ်လူ ၃ယောက်ထက် အောက်ဆုံးက သူများကိုပါ စိတ်ညစ်အောင် လုပ်တတ်တဲ့သူက အတော်ဆိုးပဲ .. :D
noblemoe said…
ငါးမျှားတာဝါသနာမပါတော့  ရေးထားတဲ့  ၄ မျိုးလုံးထဲမှာ မပါဝင်ပါ။
ငါးဆိုလည်းရေကန်လေးနဲ့ မွေးရတာကိုမကြိုက်ဖူး
သူတို့ ဘာသာလွတ်လွတ်လပ်လပ်လေးပျော်ရွှင်နေ
တာကို ကြည့် နေရတာပဲပျော်နေတဲ့ သူတစ်ယောက်ပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး
Angel Shaper said…
ဘယ်လိုပဲမျှားမျှား ငါးမျှားတာတော့ သဘောကိုမကျတာ။ ငါးမျှားသူတို့ရဲ့ အတွေးလေးတွေကို ရင်းနှီးလို့လားတော့ မသိဘူး။
ဘာပဲဖြစ်ဖြစ်...
ငါးမျှားသူများ....
ဟင်းစားမရ၊ ရေချိုးမပြန်ရနဲ့ ရေထဲပစ်ချဖို့ ခဲရှာမရလဲ စိတ်ကလေးတွေ တည်ငြိမ်အေးချမ်းပါစေလို့သာ။
မဇွန်တော့ လေးမျိုးစလုံးမှာ မပါဘူး၊ ဘာလို့လဲဆိုတော့ တစ်ပါးသူအသက်နဲ့ရင်းရတဲ့ ၀ါသနာမျိုးကို မနှစ်သက်လို့ပါ။း(
လန်ထွက်။
ငါးကပဲပြန်မျှားမျှားနေလို့..
ကမ်းနားဖက်မလှည့်တော့ပါဘူး..
ငါးမရလို့ ရေချိုးပြန်တဲ့သူတွေနဲ့ စကားရောဖေါသောလုပ်ပြီး ပြန်လာခဲ့တယ်