အဲဒါ ... ငါ..

မျောက်နှစ်မှာ မွေးပြီး ဂဏန်းလို သွားတဲ့ ခြင်္သေ့ကောင်...


မျောက်လို ၊ ဂဏန်းလို ၊ ခြင်္သေ လို... လို...


ဘာလို လို မှန်းကို မသိတဲ့ကောင်...။


လေးပါတယ် ဆိုတဲ့ လေးဂဏန်းကို အပိုင်သိမ်းပြီး


ပက်ကျိ လို လေးလေးပင်ပင်လျှောက်..။


တက်လိုက် ကျလိုက်နဲ့


စနေဂြိုလ်ထဲမှာမှ ငုတ်တုတ်ထိုင်မိတဲ့


နဂါးခေါင်းက ငါ့ဘက်လှည့်ရာကနေ မထွက်တော့ဘူး။


ဘယ်ဖက်လက်တဆုပ်... ညာဘက် လက်တဆုပ်


သယ်လို့မကုန်တဲ့ ၅၂၈ မေတ္တာပန်းခြင်းတွေ


ခုနေ ဘယ်များ ဖျန့်ခင်းမိပါလိမ့်။


ကယ်ပါ... ယူပါ ... သနားပါလို့ အော်မယ်ကြံကာရှိသေး။


ယမမင်းက ငါ့ပါးစပ်ကို ကျကျနန ဂုန်နီကြိုးတုပ် ချုပ်သွားလေရဲ့။


င့ါ မှာ ငါဆိုတာ ငါပဲလို့ ကြွေးကြော်ဖို့ ငါ့ပါးစပ်က


ဝစီနှုတ်ပိတ် ဆိတ်ဆိတ် နေလိုက်ရတယ်.


သြော်...



အဲဒါ.... ငါ... တဲ့..............



ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

Maung Myo said…
;) ဟိဟိ ဖြစ်ရလေ ငါ ဆိုတဲ့ ကိုဖိုးစိန်ကြီးရေ ဒီကဗျာ အချဉ်ထုတ်ကို ဖောက်ခွဲထားသလိုပဲ ဒါမျိုးက အရသာရှိတယ် ။
ခုတလော ဂဏှာမငြိမ် ဘာတွေဖြစ်နေဒုန်း...


ခင်မင်တဲ့
နေ၀သန်
အဲဒါ ဒူယေးယဲ
နေကောင်းရဲ့လား မျောက်

ကျရေ
JulyDream said…
မျောက်နှစ်ဖွား ဇူလိုင်လ အင်္ဂါသား ပေါ့နော်... =)