Charred Brick - မီးကျွမ်းအုတ်

"မီးကျွမ်းအုတ်" လို့အမည်ပေးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်က ကျနော့် အတွက်ပထမဆုံး ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရိုက်ချင်တဲ့စိတ်တွေရှိခဲ့ပေမယ့် နှစ်တော်တော်ကြာကြာ အကောင်ထည်မဖော်ဖြစ်ခဲ့ဘူး။ ဘဝမှာလည်း ငါ ရုပ်ရှင်ရိုက်တဲ့ အနုပညာနဲ့ဘဝ ရှေ့ဆက်မယ်လို့ မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် ဘဝတလျောက်လုံး မြေစမ်း ခရမ်းပျိုး ဘဝနဲ့ ကျင်လည်လာတော့ လုပ်ခဲ့သမျှ အလုပ်တွေကို မပျော်ဘူးဆိုတာပဲသိတယ်။ မှတ်တမ်းရုပ်ရှင် နဲ့ ဇာတ်လမ်းတို စရိုက်တဲ့ အခါမှ ငါ ဒီအလုပ်မှာ တော်တော်အသားကျပါလား။ ငါလုပ်ချင်တာ ဒါလားဆိုတာ သိခဲ့ရတယ်။ ဒီလိုနဲ့ မှတ်တမ်းအတွက် စဥ်းစားတော့ ကိုယ်နဲ့ နီးစပ်တာကို စဥ်းစားမိတယ်။ ငါတို့ ငယ်ငယ်က ပညာရေး မကောင်းခဲ့ဘူး။ ငါတို့ မိဘတွေက ပညာတတ်ကြီး ဖြစ်စေချင်ပေမယ့် လမ်းမကြောင်း နိုင်ခဲ့ဘူး။ ငါ ပညာရေး နဲ့ ပတ်သက်တာရိုက်မယ်။ ကလေး၊လူငယ်တွေ ကို ရိုက်မယ် လို့ စိတ်ကူးရှိခဲ့တာ။ အဲ့ဒီအတွက် ကိုယ့်မြို့ ကိုယ်ရွာ နဲ့ နီးတဲ့နေရာက ဗက ကျောင်းတွေ၊ ညနေပိုင်းကျောင်းတွေ ကို မြို့ထဲရွာထဲ သွားလေ့လာတယ်။ စုံစမ်းတယ်ပေါ့။ မှတ်တမ်းရုပ်ရှင်လေးရိုက်ချင်တယ်ပြောပြီး ရှာကြတယ်။ ပညာရေးမို့ ပညာရေးအားပေးတဲ့ သူတွေက ဝိုင်းကူရှာပေးတယ်။ သူတို့ မိသားစု ဘဝဇာတ်ကြောင်းတွေ ပြောပြတယ်။ အကုန်စိတ်ဝင်စားစရာ ကောင်းတယ်။ မှတ်တမ်း ရုပ်ရှင် ဖြစ်ဖို့ အတွက်က စိတ်ဝင်စားစရာ၊ သနားစရာ ကောင်းတာနဲ့ ရိုက်လို့ မဖြစ်ပြန်ဘူး။ ကိုယ်တိုင်က ဒီဇာတ်ကောင် အပေါ်မှာ ခံစားသက်ဝင်လို့ ရမှ ဖြစ်မှာကိုး။ ၃ ကြိမ်လောက် မြို့ ရွာ၊ နယ် တွေမှာ ရှာ ပြီးမှ မထင်မှတ်ပဲ ညနေပိုင်း ကျောင်းမှာ တက်နေတဲ့ သက်ပိုင်စိုး ဆိုတဲ့ ကောင်လေးကို တွေ့တယ်။ မိတ်ဆက်ပေးတဲ့ ဆရာမ က သူ့ ကိုမဟုတ်ဘူး။ သူတို့ အတန်းထဲက ကောင်မလေး တစ်ယောက်ကိုပေါ့။ ဒါပေမယ့် သက်ပိုင်စိုး ကို တွေ့တော့ သူ့ကို ဂရုဏာသက်မိတယ်။ ဒါနဲ့ သူနဲ့စကားပြောလို့ရမလားမေးတော့ ရတယ် ဆိုပြီး မျက်ရည်လေးဝဲနေတာ။ အဲ့ဒီကနေ သက်ပိုင်စိုး အကြောင်းစိတ်ဝင်စားသွားတာ။ သူ့မိဘအိမ်လိုက်ပြီး မှတ်တမ်းရိုက်ချင်တဲ့ အကြောင်းပြောပြတော့ မှ သူတို့ဘဝဇာတ်ကြောင်း သိရတယ်။ နာဂစ်ဖြစ်ပြီး ဧရာဝတီတိုင်းဘက်ကနေ ရေကြည်ရာမြက်နုရာရှာရင်း မွန်ပြည်နယ်ဘက် ရောက်လာတာ။ အုတ်ဖုတ်တဲ့နေရာမှာ တဲထိုးပြီးနေတယ်။ တမိသားစုလုံး အုတ်ဖုတ်တယ်။ မိုးဆို ရေလွတ်တဲ့နေရာ တဲရှာထိုးပြီးနေရတယ်။ သက်ပိုင်စိုးအပါအဝင် မောင်နှမ ၆ ယောက် မိသားစု ၈ ယောက် ရှိတယ်။ သက်ပိုင်စိုး ကအကြီးဆုံး။ စတွေ့ခါစတုန်းက ၁၂ နှစ်။ သူ့ညီနဲ့ ညီမ ကို အစိုးရ ကျောင်းထားချင်လို့ သူက အနစ်နာခံပြီးကျောင်းထွက် ညနေကျောင်းမှာစာသင် ၊ မနက် ကို အုတ်ဖိုမှာအလုပ်လုပ်တာ။ ဒီလိုနဲ့ သက်ပိုင်စိုး ကို အကြောင်းပြု ပြီး မီးကျွမ်းအုတ် လို့ နာမည်ပေးဖြစ်တယ်။ အထဲက အုတ်တွေကောင်းဖို့အတွက် အချို့ အုတ်တွေက မီးပိုလောင်ရတယ်။ ရွေးတဲ့အခါ မီးကျွမ်းအုတ် အနေနဲ့ ပစ်ထားခံရတယ်။ ဒီပထမဆုံး မှတ်တမ်း ဆိုပေမယ့် ကံစပ်တာကြောင့် မြန်မာပြည်ရုပ်ရှင်ပွဲတော် အပြင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရပြီး ဆုတွေရတယ်။ Prague One World Film Festival ကနေ တဆင့် သက်ပိုင်စိုး မိသားစု ထောက်ပံ့ကြေး ရခဲ့တယ်။ ၂၀၁၈ မှာ တခါ ဂျပန်ကနေ ထောက်ပံ့ပေးခဲ့သေးတယ်။ သူ ညီနဲ့ ညီမ ကို သူကျောင်းထားနိုင်ခဲ့တယ်ပေါ့။ ပထမဆုံး မှတ်တမ်းရုပ်ရှင်ပေမယ့် ကိုယ်တိုင်သဘောကျ တဲ့ မှတ်တမ်းတခုဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံ အနှံ့ လည်း ကျောင်းတွေမှာ၊ မြို့ရွာတွေမှာ ပြသခွင့်ရခဲ့တယ်။ မီးကျွမ်းအုတ် ကိုယ်တိုင် လောင်ကျွမ်းပြီး ဝန်းရံ ပေးရပေမယ့် အသုံးမဝင် စံမတင်ပဲ စွန့်ပစ်ခံရတဲ့ အုတ် 



 Human Rights Human Dignity International Film Festival, Myanmar 
 World Premiere Official Selection 

One World Film Festival, Prague
Official Selection 

Kota Kinabalu International Film Festival, Malaysia
Official Selection 
Best Short Film Award 

Human Rights International Film Festival, Bir Duino Kyrgyzstan Bir Duino
Kyrgyzstan Premiere People Choice Award ( Golden Umi Enu Award)

 Jeevika: Asia Livelihood Documentary Festival, India 
 India Premiere Official Selection 

Afghanistan Human Rights Film Festival 
Afghanistan Premiere 
Official Selection 

Phoenix Film Festival Melbourne 
Melbourne Premiere Best 
Best Human Rights Nomination

Comments

Popular Posts