ဖြစ်ရပ်မှန် ကို လုပ်ကြံ ဇာတ်လမ်း တပုဒ်လို
ခုတေလာ.. ခုတလောလို့ ဆိုတာထက် ဒီနှစ်ထဲမှာ ကိုယ့် အသိ ဘလော့ဂါတွေ သူငယ်ချင်းတွေ မင်္ဂလာယူကြတယ်။ တော်တော်များတယ်။ အလုပ်ကောင်းလို့ပဲလား။ ၀င်ငွေတွေ သိပ်ကောင်းနေလို့ပဲလား။ ဒါမွ မဟုတ် နှစ်ယောက်တအိမ်မက်. နင်လုပ်တာ ငါစား ငါလုပ္တာ နင်စု ဆိုတာမျိုးလာတော့မသိ။ ကဲပြီးရင် မင်္ဂလာ၀တ်စုံတွေ ငွား တဖျတ်ဖျတ်နဲ့ စကာၤပူတခွင် ပြဲပြဲစင်အောင် သြား ရိုက်လိုက်တဲ့ မင်္ဂလာပုံတွေ။ ဒီထက် အားမရလို့ သိုးခြံ မြင်းခြံမကျန် အပင်ပန်းခံ သွားရောက်ရိုက်နေကြတဲ့သူတွေလဲ ပါသေး။ (ကို မောင်သန့် မပါ) (ဟမ်.. သူ့အရှေ့တုန်းကတော့ လှဒယ် ပြောခဲ့တာ) ဒါတောင် အားမရေသးဘူး ကိုယ့်အလှည့်ကျ စနစ်ကျရအောင် သူတို့က ကိုယ်တိုင် ပါ၀င်သရုပ်ဆောင် ပြမယ် ဆိုတဲ့သူတွေက ရှိသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ခုချိန်မှာ ယူနိုင်တဲ့သူတွေကို အားကျတယ်။(ဒါကလဲ သူတို့ ကြားကောင်းအောင် ပြောတာ) ကိုယ်တွေလဲ အဲလို အလှမင်္ဂလာ ဓာတ်ပုံ လိုက်ရိုက်ခံမယ့် သတို့သမီးကို ငှားလို့ ရငှားချင်သေး။ တကယ်တော့ ဒါတွေဟာ ဘေလာ့ဂါ လူပျိုကြီးတွေကို ဖေဘွတ်ပေါ် ခေါ်ပြီး သက်သက် အနိုင်နဲ့ပိုင်း စော်တကော် မော်တကားလုပ်တဲ့ ဖြစ်ရပ်တွေ။ ရှုတ်ချသင့်တယ်။ ဒီလိုရှုတ်ချဖို့ ကိုပေါ အကူအညီတွေ ယူရလိမ့်မယ်။
ဒါတင်မကသေးဘူး။ပြီးတော့ မွေးကြတယ်။ မွေးပြီးတော့လဲ မွေးတဲ့ရက်က စလို့ မဲ့၊ ပြုံး၊ ရယ်၊ ငို က အစ သေးပေါက် အီးပါ အဆုံး အိုင်ဖုန်းနဲ့ ရိုက်လိုက်၊ အိုင်ပက်နဲ့ ရိုက်လိုက် ယူကျုပေါ်တင်လိုက်နဲ့ လူပြိုတွေ ကလေးမရှိတဲ့သူတွေ မနာလို နေမထိ ထိုင်မသာ ဖြစ်အောင် စက္ကန့် မိနစ် မခြားတင််တဲ့ ပုံတွေ။ ( ဥဥကလူသစ်. အမစင်. အမသံ. ကိုသီဟသစ် မပါ) တချို့တချို့တွေ သမီးလေး အတွက် ဖေဘွတ်တွေဖွင့်လို့ သူငယ်ချင်း အဖြစ်တောင် စတင်လက်ခံဖို့ အချိန်နဲ့ အမွ် စောင့်ခဲ့ရသေး။ (အမစင် မပါ)
ကဲ ထားပါတော့။ ဒါမျိုးတွေ တွေ့တော့လဲ ဖိုးစိန္က အတိတ်ဟောင်းကို ပြန်တူးဆွ သတိရရတယ်။ ခုလို ခေတ်ကောင်းတဲ့ဘ၀လို မင်္ဂဆောင်၀တ်စုံတွေ ထည်လဲ၀တ် ဓာတ်ပုံ အရိုက်မခံရပေမယ့် သူမ်ား ညီမ ကိုယ္ခ်စ္သူ ကို ဘုရားဖူး တညအိပ်ဆိုပြီး အလည်ခေါ်သွားလိုက်တာ သုံးညနဲ့ ခိုးပြေးသလို ဖြစ်လို့ သူ့ အကိုတွေ ဖုန်း ဖန်း ဖျန်း တဆိုပြီး တဖျတ်ဖျတ် ရိုက်တာကိုတော့ အားရပါးရခံခဲ့ရတယ်။ ဂုဏ်ယူပါတယ်.. အရိုက်ခံရတာနဲ့ တန်တဲ့ အပြင် မတူမတန်ဘူးဆိုပြီး သူ့ကို အိမ်ပြန်ခေါ်သွားတော့ ပိုလို့တောင် တန်သေး။
ကဲ.. ထားပါတော့။ သုံးလေးလ လောက်နေတော့ သူ့ ဗိုက် ကေလး ပူလာတယ်။ သူ ဗိုက်ပူလာလို့ ဖိုးစိန် ကို မိဘေတြက အိမ်ပေါ်က နှင်ချလိုက်တယ်။ သွားလေရော့ ရန်ကုန်ဆိုပြီး။ ရန်ကုန်ရောက်ပေမယ့် ဖိုးစိန်လဲ အဲ့ဗိုက်ပူလေးကို တလ တခါ တော့ မဖြစ်ဖြစ်အောင် သွားခိုးကြည့်တာပဲ။ အဲ့ဲဗိုက်ပူလေး ပြန်ပိန်သွားတော့ ကောင်မလေး သေးသေးလေး တယောက် ထွက်လာတယ်။ အဲအချိန်က စလို့ တေသြး တသံ တမိန့် နဲ့ ဖိုးစိန် မော်လမြိုင် ကို ခြေဦးမလှည့်ရ။ ဒုတ်ယူမလား ဓားယူမလား။ ကိုယ်တွေက ဒါမျိုးတွေ ကြိုက်တတ်တာ မဟုတ်တော့ အေးအေးဆေးဆေး ရန်ကုန်မှာ တရွာပြောင်း သူကောင်းလုပ်ပလိုက်တယ်။ အေးရော။
ကိုယ်လဲ အသဲနှလုံးနဲ့ပဲ။ ကောင်မလေး သေးသေးလေးကို ချစ်တတ်တာပေါ့။ ဒါပေမယ့် ဖိုးစိန် စိတ်အလို အရ ဇာတ်နာနာနဲ့ အလွမ်းဇာတ်ခင်းလိုက်တယ်။ လုံး၀ကို မတွေ့ဘူးပေါ့။
ခုဆိုရင် ဖေကြီးစိန် ကို သမီးလေးက စာချွန်တွေပါးနေပြီး။
ကဲ.. ထားပါတော့။ ကိုယ့် အပေါင်းအသင်းဘလော့ဂါတွေက သမီးတွေ သားတွေ ရှိတော့ ကိုယ်လဲ မနာလိုစိတ်တွေ တဖြားဖြား ကိုယ့် သမီးလေးကို ဘယ်တုန်းကမှ သတိမရဖူးတဲ့ စိတ်တွေ ဘယ်တုန်းကမှ မရွိဘူးတဲ့ စိတ်တွေနဲ့ သမီးလေးကို လွမ်းလိုက်ရတာ.. ခုတေလာ မစားနိုင် မသောက်နိုင် မသွားနိုင်။ ဘာတွေ့တွေ့ တမှိုင်မှိုင်..။ အေပ်ာ္အပါးဆိုတာ မရွိ။ အခ်စ္ဆိုတာ မရွိ။ အပေါင်းအသင်းဆိုတာ မရွိ။ ဘာလုပ်လုပ် စိတ္ကို ကမရွိ။
ဒါတွေကို ထွက်ပေါက်ရအောင် ကိုယ့်မှာ သမီးလေး ရှိကြောင်း ဖွင့်ပြောမိတော့ ကိုယ့်ကို ၀ိုင်းကြည့်နေတဲ့ မျက်လုံးတွေက ငါးခူးပြုံး ငါးသလောက်ပြုံး ပြုံးသလို လှောင်ပြုံး သရော်ပြုံး.။ ကိုယ်ကြားဖူးတာက လူကြားထဲမှာ လူပျို ကို အိမ်ထောင်ရှိပါတယ်လို့ ထင်တဲ့သူတွေကို လူပျို လုပ်တဲ့သူက ရှင်းပြရတာ အခက်ဆုံး။ ကိုယ့်အလှည့်ကျမှ သမီးလေး ရှိပါတယ် လို့ ခံစားပြောပြတာကို ကိုယ့်ကို အားလုံးက လူပျိုလို့ မျက်စိမှိတ် ဇွတ်ငြင်းနေလို့ ရှင်းပြရတာ အခက်ဆုံး။ ကိုယ်ပြောနေတဲ့စကားတွေက ဖြစ်ရပ်မှန် ကို လုပ်ကြံဇာတ်လမ်းတပုဒ်လို။ လူတွေ သိပ်ခက်တယ်။ အထူးသဖြင့် အားပေါက်အောင်ရှင်းပြလဲ ဒီဘူတာ ပြန်ပြန်ဆိုက်တဲ့ AaB က စာမေရး လေပေး ဘလော့ဂါတွေ. :P
ကဲ... ထားပါတော့... လက်ဆင့်ကမ်းပေးကြပါ... ဖိုးစိန်မှာ သမီးလေး တယောက်ရှိပါတယ်ဆိုတဲ့ ဖြစ်ရပ်မှန် လုပ်ကြံဇာတ်လမ်းတပုဒ်ကို...
ချစ်ခင်လေးစားစွာ
ဖိုးစိန်
Comments
မနက်ဖြန်မနက် ဘူးသီးကြော် ကြော်စားအုံးမှ..
စင်ဆင်
ဘူးကြီးကြော်လဲ မစားနိုင် မုန့် ဟင်းခါးလဲ မစားနိုင် (စာမေးပွဲရှိလို့ )
ဟမ်... စားချင်တာတွေ ပြောမိတယ်
စိတ်မကောင်းပါဘူးဖိုးစိန်ရယ် နိုင်ငံခြားရောက်နေ မှတော့ သားသမီးတွေ ကို ခေါ်လို့ ထောက်ပံ့ လို့ ရသားဘဲ မဟုတ်လား
ထင်ကို မထင်ရဘူး... :)))