အမှတ်တရ မှတ်တိုင်(၂၀၁၀)

ပိတောက်တွေ ရွှေရည်လူးလို့ နှစ်သစ်ကို ကူးပြန်ပြီးပေါ့။ အတာကူးတဲ့ တန်ခူးလ အချိန်တိုင်းမှာ ကျနော့် အတွက်ကတော့ အမှတ်တရတွေ ကြီးပါပဲ။ ငယ်ငယ်က အိမ်မှာ သင်္ကြန်ကျရင် မဏ္ဍပ်တွေထိုး၊ အလှူတွေလုပ် ကကြ ခုန်ကြနဲ့ ပျော်စရာတွေ ချည်းပါပဲ။ တစ်နှစ် တမျိုးနဲ့ မရိုးနိုင်အောင် အမှတ်တရတွေ ဖြစ်ခဲ့တာပဲ။

ဆိုက်ပရပ်စ်ကို ရောက်တော့ နှစ်စဉ် သင်္ကြန်ရက်တွေတိုင်းမှာ ပင်းယမှာရှိတဲ့ မိဘမဲ့ ကလေးများကျောင်းမှာ ဘုန်းကြီးဆွမ်းကပ်ရင်း ကလေးတွေကို ထမင်းကျွေးဖြစ်ခဲ့တယ်။ အဝေးကနေပြီး သူငယ်ချင်းတွေက ကျနော် လှူချင်တာကို မဖြစ်ဖြစ်အောင် သူတို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးကြတယ်။ ကျနော်ကတော့ သူတို့ ပို့ပေးတဲ့ အလှူ ဓာတ်ပုံတွေကြည့်ပြီး ပီတိ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ အမှတ်တရ မျက်ရည်တွေ ကျခဲ့ရတယ်။

မနှစ်ကတော့ ကျနော် ဆိုက်ပရပ်စ်မှာ ပထမဆုံးအကြိမ် သင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တယ်။ မြန်မာပြည်နဲ့ ဝေး၊ နှစ်ကူးသင်္ကြန်နဲ့ ဝေးကွာလွန်းတဲ့ ဆိုက်ပရပ်စ်က မြန်မာတွေ အားလုံး ကကြ ၊ခုန်ကြနဲ့ ကျနော်တို့ တတွေ ပျော်ခဲ့ကြရတယ်။ အမှတ်တရပါပဲ။

ဒီနှစ်တော့ တမျိုးတဖုံ အမှတ်တရဖြစ်ရပြန်ပြီး။ မထင်မှတ်ပဲ ရေစက်ဆုံရတဲ့ ဘဝတူ ညီအကို မောင်နှမတွေနဲ့ တူတူနေခွင့်ရတယ်။ ကိုယ်တွေ့ချင်၊ မြင်ချင်တဲ့ မောင်နှမတွေကို တွေ့ရတယ်။ အနိုင်ကျင့်ခွင့်ရတယ်။ အလျှော့ပေးခွင့်ရတယ်။ ကဖိုးစိန်ကို မြင်တာနဲ့ တင်၊ ကိုဖိုးစိန် အသံကိုကြားတာနဲ့တင် ညီအကို၊ မောင်နှမတွေ ကျနော့်ဘက်က အမြဲ ရှိနေကြတယ်။ ကျနော့်ကို လေးစားကြတယ်။ ချစ်ကြတယ်။ ဦးစားပေး နံပတ်(၁) အဆင့်မှာ နေခွင့်ရတယ်။ ကိုဖိုးစိန် ဘာဖြစ်ချင်လဲ ဆိုတာတစ်ခွန်းတည်းပဲ။ နောက်ကနေ တိုးတိုးတိတ်တိတ် ဖြည့်ဆည်းပေးသူနဲ့ ပေါ်ပေါ်ထင်ထင် ဖြည့်ဆည်းပေးသူသာ ကွာတယ်။ အမြဲတမ်း မျက်နှာသာရခဲ့တယ်။ ဒါတွေက ဘဝမှာ အိပ်မက်မပြောနဲ့၊ လက်တွေ့အကောင်အထည်ဖော်လို့ ရတဲ့ ဘဝမှာတောင် ဒီလို ဆုံတွေ့ခွင့်ရမယ် နေခွင့်ရမယ်ဆိုတာ စိတ်ကူးမယဉ်မိခဲ့ပါဘူး။

ညီအကို မောင်နှမတွေ ကျနော့်ကို ဒီလို လေးစားချစ်ခင်တာ မြင်တိုင်း၊ တွေ့ထိ ခံစားရတိုင်း ကျနော့်ဘက်ကလည်း သူတို့ အတွက် အဆင့်သင့် ရှိနေချင်ခဲ့တယ်။ ရှိလဲ ရှိနေခဲ့တယ်။ သူတို့ လိုအပ်တာကို ဖြည့်ဆည်းပေးဖို့လဲ အချိန်မရွေး ဆိုတဲ့စကားထက် ရော့၊ ယူ ၊ အင့် ဆိုတာမျိုး ဖြစ်နေချင်ခဲ့တာ။

ဒီလိုတွေ့ဆုံခွင့်ရတယ်၊ ရေစက်ရှိတယ်ဆိုတာ အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ တစ်နှစ်၊ နှစ်နှစ် ၊ နောင်ထပ် ဘယ်လောက်ကြာကြာ ရှိနေနိုင်မှာလဲ။ ခွဲခွာရအုံးမှာပဲလေ။ ကျနော်ဒီလိုပြောရင် ကျနော့်ကို ဝိုင်းကြည့်ကြမယ့် မျက်နှာတွေကို မြင်ယောင်ပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ သူတွေနဲ့ နေရမယ့် အချိန်မှာ စိတ်ညစ်စရာမပြောချင်ပါဘူး။ ပျော်စရာပဲပြောချင်တယ်။

တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ အားလုံးကို ပျော်စေချင်တာပါ။ ဒါကြောင့် တူတူရှိနေတဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် နားလည်မှုနဲ့ အတတ်နိုင်ဆုံး စိတ်ရှင်းရှင်း သည်းခံ ဖေးမ နေကြမယ်လို့ ပြောပြီးသားပါ။ တူတူရှိနေခွင့် ရတဲ့ အချိန်မှာ ပျော်ပျော်ရွင်ရွင်နဲ့ အမြဲ နေမှာပါ။ ဒါဟာ ဘဝမှာ ရခဲတဲ့ အခွင့်အရေးမို့ ရတုန်းလေး ယူထားကြရတာ။ နောက်ဆို ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့ ဖြစ်တော့မှာဆိုတော့ကာ…။

ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွင်းမှာ တိုးတက်လာတာက ကိုယ်ပိုင်မိသားစုနဲ့ နည်းနည်းပိုနီးလာတယ်။ လိုအပ်ရင် ပြန်ဖို့က နာရီပေါင်းများစွာမကြာတော့ဘူး။ ပြီးတော့ နွေးထွေးပျော်ရွင်တဲ့ ညီအကို မောင်နှမတွေနဲ့ မိသားစုလို နေရတယ်။ စိတ်တွေက အရင်လို မှိုင်းမနေတော့ဘူး။ အမြဲတမ်းတက်ကြွနေတယ်။ တစ်ခုခုဆို အဆင်သင့်ဖြစ်နေခဲ့တယ်။ ပြီးတော့ ဝလာတယ်။ လူရော စိတ်ရော....။ လူပါးရောပေါ့( ဦးစားပေးထားကြတယ်ဆိုတော့)။ ဒါကလဲ ဒီနှစ်ရဲ့ အမှတ်တရ ဖြစ်ခွင့်ရတာပဲလေ။

နောက်ထပ် အမှတ်တရ တစ်ခုက သင်္ကြန် ညီအကို နှစ်ယောက်ရဲ့မွေးနေ့မှာ ရှိခွင့်ရတာကိုပဲ။ သင်္ကြန် (၁၂) နဲ့ (၁၃)ရက်မှာ မွေးတဲ့ အမေမတူ၊ အဖေကွဲ တစ်ရက်ကြီး၊ တစ်ရက်ငယ် ဘလော့ဂါ ညီအကို နှစ်ယောက်ပေါ့။ နှစ်ယောက်လုံးက ဖြူဖြူ ချောချောနဲ့ ချစ်ဖို့ကောင်းပါတယ်။ အခုခေတ် ကိုးရီးယားမင်းသား စပိုင်ဆိုလား ဘလိုင်ဆိုလား လက်မှိုင်ချလောက်အောင် ညီနှစ်ယောက်က ချောပါတယ်။ အရပ်မြင့်တယ်။

သင်္ကြန်ညီအကို နှစ်ယောက်မှာ တူညီတဲ့ အချက်တွေ ရှိပါတယ်။ နှစ်ယောက်လုံး စကားနည်းတယ်။ သူတို့ စကားပြောရင် ပြုံးပြုံးလေးနဲ့။ စကားကိုလဲ ဖြည်းဖြည်းနဲ့ မှန်မှန် ပြောတတ်သူ။ သူတပါး အတွက် ဦးစားပေးတတ်သူ။ လုပ်ချင်တာကို စိတ်ဝင်တစား မထတမ်း လုပ်တတ်သူ။ မိသားစု ကို ချစ်သူ။ ပြီးတော့ ဒီမှာရှိတဲ့ မောင်နှမတွေကို သူတို့ ချစ်တာ၊ သံယောဇဉ်ရှိတာကို မထုတ်ပြပဲ ချစ်တတ်သူတွေဆိုတာ ကျနော်မြင်သလောက် သိရပါတယ်။ သင်္ကြန်(၁၂)ရက်နေ့မှာ မွေးတဲ့ အကြီးက ပိုပြီး ပလီတတ်လို့ သူ့ကို ပိုချစ်ရတယ် ဆိုပေမယ့် (၁၃)ရက်နေ့မှာ မွေးတဲ့ အငယ်က ဘာပြောပြော ချစ်ဖို့ကောင်းနေပြန်ရော။ (ဒီလိုပြောရင် နှုတ်သီးနဲ့ထိုး၊ ဖမ်းကိုက်မယ့် သူတွေက ဘေးမှာအဆင်သင့် ဆိုတော့ ကြောက်ကြောက်နဲ့ ဘလော့ပေါ်တင် ပလီပြီး ရေးတယ်ပဲထားပေါ့)။

အမှန်တော့ ပြောချင်တဲ့ စကားလမ်းကြောင်းက နှစ်ယောက်လုံးက ရည်းစားမရှိသေးတဲ့ စိတ်စေတနာကောင်း၊ အလုပ်ကြိုးစားပြီး ရည်းစားမရှိသေးတဲ့ လူပျိုလေးတွေပါလို့။ စိတ်ဝင်စားတယ် ဆိုရင် ဆက်သွယ်မေးမြန်းပေါ့။ မွေးနေ့ အမှီ ကံစမ်းမဲ ဖောက်ပေးမယ်။ အကြောင်းသိတွေ မပါကြေးပေါ့)း)

ဘာပဲ ဖြစ်ဖြစ် သူတို့ မွေးနေ့ အတွက် လာမည့် တနင်္ဂနွေကို ကျနော်ကိုယ်တိုင် အုန်းနို့ ခေါက်ဆွဲ ချက်ကျွေးမှာပါ။ အုန်းနို့ခေါက်ဆွဲ မစားသူတွေ အတွက် ထမင်းဟင်းကလဲ အဆင်သင့်ပါ။ လာနိုင်မယ်လို့ မျှော်လင့်ထားတဲ့ စကာင်္ပူက ဘလော့ဂါ အားလုံးကို ဒီကနေဖိတ်ပါတယ်။ ဒီနှစ်တော့ သင်္ကြန်မှာမွေးတဲ့ ညီအကို နှစ်ယောက်နဲ့ ဘလော့ဂါတွေ တွေ့ဆုံကြမယ့် ဆိုလို့ ဘဝရဲ့ အစိတ်အပိုင်းမှာ အမှတ်တရ ဖြစ်ကျန်နေမှာပါ။

သင်္ကြန်(၁၂)မှာ မွေးတဲ့ မျိုးထက်ကတော့ တနင်္ဂနွေ ညနေကို မွေးနေ့ အမှတ်တရ ရုပ်ရှင်ပြပြီး၊ သင်္ကြန်(၁၃) မှာ မွေးတဲ့ သင်္ကြန်ကတော့ RAFFLES PALACE HOTEL မှာ ဘလော့ဂါတွေ အားလုံးကို dinner ကျွေးချင်တယ်လို့ အိပ်မက်မက်ဖူးတယ် ပြောပါတယ်။ ဘာဖြစ်ဖြစ် အမှတ်တရဖြစ်မှာပါ။ တနင်္ဂနွေကို BRADELL က အိမ်ကို လာဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။


ချစ်ညီ မျိုးထက် ရေ မွေးနေ့မှာ ပျော်ပါစေ။ ဧပြိ (၁၂)

ချစ်ညီ သင်္ကြန်လေး မွေးနေ့မှာ ပျော်ပါစေ။ ဧပြီ (၁၃)




အမှတ်တရပေါ့…။


နှစ်သစ်မှာ ရွင်လန်းချမ်းမြေ့ပါစေဗျာ။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


ကျနော်(www.phoesein.com) ကို ဝယ်ထားတာကြာပါပြီး။ ချစ်ညီ မျိုးထက်က သူ့ မွေးနေ့ အမှတ်တရဝယ်ပေးတာပါ။ ဘလော့ဒီဇိုင်းကို ဒီဇိုင်နာ ဘလော့ဂါ ဆောင်းချမ်းမိုး ဆီအပ်ထားပါတယ်။ တအိမ်ထည်းတူတူနေတဲ့ ဒီဇိုင်နာကြီးကို ထမင်းကောင်း၊ ဟင်းကောင်းကျွေးပြီး ကပ်ထားရတာ ခုတော့ မျောက်ပျော်အောင် အုန်းသီးပေးထားသလို ဘလော့စပေါ့ ပေါ်မှာ ဘန်နာအသစ်၊ တန်းပလိတ် အသစ်ကို ညတွင်းချင်း နားပူခံပြီး လုပ်ပေးထားပါတယ်။ နှစ်ကူး အမှတ်တရပေါ့တဲ့။ ဂျေးများတဲ့ ကျနော်နဲ့ မအားချင်ယောင်ဆောင်တဲ့ ဒီဇိုင်နာကြောင့် ဒေါ့ကွန်းကြီးက ဘယ်တော့မှ ပြီးမယ်မထင်ပါ။ ဒေါ့ကွန်းမှာလဲ လုပ်စရာတွေ အများကြီး ရှိနေလို့လဲ ပါပါတယ်လေ။ ဘာဖြစ်ဖြစ် အခုချိန်မှာ ဒီဇိုင်နာပေးတဲ့ နှစ်ကူးလက်ဆောင်ကိုတော့ မငြင်းပဲ ဝမ်းသာအားရယူပါတယ်။

ဖိုးစိန်ရဲ့ ဘဝထဲက အပိုင်းအစလေးများ ဆိုတဲ့အတိုင်း မျောက်အနေနဲ့ သိတဲ့ကျနော့်ကို မျောက်ပုံ ကိုယ်စားပြု ပြီးတင်ပေးပါတယ်။ ပြီးတော့ မျောက်ပုံကိုကြည့်ပေါ့။ အမြဲတမ်း ဒေါသထွက်နေတဲ့ ကျနော့်ကို ကိုယ်စားပြုထားလေရဲ့ဗျာ။ ကျနော့်မိသားစုပုံ၊ ကျနော်တက္ကသိုလ် ကျောင်းသားဘဝနဲ့သူငယ်ချင်းများပုံ၊ ဆိုက်ပရပ်စ်ရောက်ဘဝပုံတွေနဲ့ အသည်းပုံထဲမှာတော့ ကျနော့်ကို ချစ်ကြသော ၊ ကျနော်က ချစ်ရသော ကျနော့် ပူတူတူးလေးတွေကို ထည့်ထားပါတယ်။ သေချာ ပြူးပြဲ ကြည့်ကြပါကုန်။ ကျနော်ထည့်ချင်တဲ့ ညီမတစ်ယောက်ပုံ ရှိပါတယ်။ သူက ဝေးဝေးကနေပဲ ချစ်ချင်တဲ့ အတွက် သူ့ ပုံကိုထည့်ခွင့်မရပါဘူး။ ဒါကြောင့် ကျနော်မထည့်ရတာပါ။ ပုံထဲက သူတွေက ကျနော့်ရဲ့ အနားမှာ အချိန်တိုင်း၊ ကျနော့်ရဲ့စိတ်ထဲမှာ အချိန်တိုင်း ရှိနေတဲ့သူတွေပါ။ ဒီဇိုင်နာကို ကျေးဇူးတင်ပါတယ်။


Comments

ဒေါ ကွန်းကြီးပေါ်က မျောက်ရေ.. အမြဲ ပျော်ရွှင်ပါစေ.....သင်္ကြန် ညီကို ၂ယောက်လဲ ပျော်ပါစေ....
Anonymous said…
ကိုဖိုးစိန်

အမှတ်တရ ၂၀၁၀ မှသည် နောင်နှစ်ပေါင်းများစွာ ချစ်စရာကောင်းသောညီလေးတွေနဲ့ (ကိုဖိုးစိန်ရဲ့စာအရ တော်တော် ချစ်ဖို့ကောင်းပါတယ် ) အခုလို ချစ်ကြည်စွာ နေထိုင်နိုင်ပါစေ။ အားကျမိပါတယ် ။ အခြေအနေတွေ ပေးခဲ့ရင် စင်္ကာပူက ကိုဖိုးစိန်ရဲ့ အိမ်လေးကို တစ်ခေါက်လောက်တော့ လာလည်ကြည့်ချင်ပါသေးတယ် ။
mae said…
banner ထဲက မျောက်က ဓာတ်ပုံထဲက ဖိုးစိန်နဲ့ တော်တော်တူသလိုပဲ၊ ဒီဇိုင်နာ တော်တာပေါ့၊

နှစ်သစ်ကူးမှာ မောင်နှမတွေ သူငယ်ချင်းတွေ အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ၊
ပျော်ရွှင်နိုင်ပါစေ... ကိုဖိုးစိန်.....
ပူတူတူးလေးတွေရော
ပူတူတူးကြီးတွေရော :D
ဆက်လက်ပလီနိုင်စေသောဝ် :P
ဖမ်းကိုက်ခံရမယ်
သတိထား .. ဟွင်းဟွင်း
မိုက်နေရောပဲ
noblemoe said…
ခုလိုပဲ နောင်နှစ်သစ်များစွာတိုင်းမှာ ဒီလိုပဲ ပျော်နိုင်ပါစေ။
သာယာချမ်းမြေ့ပြီး ပြီးပြည့်စုံတဲ့ဘဝကိုလည်းပိုင်နိုင်ပါစေ။
မိုး
မင်္ဂလာပါ..

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုမျိုး
နေခြည် said…
ဘလော့ဂါတွေမှဘဲကျွေးမှာလား။
Reader တွေတော့ စာရင်းထဲ မရှိဘူးလား။
စတာနော်။ အတည်မဟုတ်ဘူး။
နေခြည် said…
အယ်။ comment ကဘာလို့မပေါ်တာလဲ
banner အသစ်လေးကို သဘောကျတယ်။

မွေးနေ့ရှင်နှစ်ယောက်ရော၊ မောင်ဖိုးစိန်သာမက ကျန်တဲ့ညီအစ်ကိုမောင်နှမများအားလုံးလည်း နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေလို့ မဇွန် ဆုတောင်းပေးလိုက်ပါတယ်။း)
မေဇင် said…
ပျော်စရာကြီး.....စားရချည်သေးရဲ့....သင်္ကြန်ညီအစ်ကို 2 ယောက်ကိုတော့..မွေးနေ့တွေကြမှပဲ Birthday wishes သွားရေးတော့မယ်း)) ။
ရေတမာ said…
သင်္ကြန်မှတ်တိုင် တခုပေါ့။ နှစ်တိုင်း သတိရနေမှာပါ။ မွေးနေ့ရှင်တွေလည်း ကျွေးနိုင်ကြပါစေ။ အိပ်မက်တွေ အကောင်အထည်ပေါ်ပါစေ။ ပုံတွေကတော့ ဆောင်းဆောင်းလက်ရာလို့မပြောရဘူး။ မိုက်နေရောပဲ။ ပြူးပြဲကြည့်စရာမလိုပါဘူး။ နဂိုကတည်းက ပြူးပြဲနေကြတားP ကြိုက်နှစ်သက်တဲ့ ဘန်နာတခုပါ။ ဒီဇိုင်နာကို ချီးကျူးပါတယ်
မင်္ဂလာနှစ်သစ်မှာ ဦးဖိုးစိန် ပျော်နေတယ်ဆိုလို့  ၀မ်းသာတယ်ဂျ.. ဒီနှစ်လိုပဲ နောင်နှစ်မှာလဲ ဆုံတွေ့ ကြအုံးမှာ..(သီချင်းဝင်ဟဲသွားခြင်း)

ကိုမျိုးထက်ဇော် နှင့် ကိုဖိုးသင်္ကြန်တို့  မွေးနေ့ မှာ ပျော်ပျော်ရွင်ရွင်ရှိပါစေဂျ..

ဒီဇိုင်နာ ကိုဆောင်း ရဲ့  လက်ရာကတော့ မိုက်ပြီးရင်း မိုက်ဆဲပဲလေ..လန်ထွက်နေတာပဲ :)

ခင်မင်ခြင်းများနှင့်
တလနွန်
Dream said…
ဟယ်............ရေရေလည်လည် ပက်ပက်စက်စက် လှတယ်။ ဒေါ်ကွန်းကိုစောင့်နေတာပေါ့လေ.........

ဒေါ်ကွန်းကြီးနဲ့ဆိုတော့လဲ တမျိုးလန်းသွားမှာ..... ဒန်တန်းတန်..........

မွေးနေ့ရှင် တကျန်လေး RAFFLES PALACE HOTEL ဒင်နာကျွေးရတယ်လို့ မက်တဲ့ အိပ်မက်လေး အမြန် အကောင်အထည်ဖော်နိုင်ပါစေ... အဟား..

သမီးတို့ကတော့ ရုပ်ရှင်လဲ ကြည့်မယ်။ စားလဲစားမယ်။ ဒန်တန်းတန်..

အဲ..မွေးနေ့လက်ဆောင် ကတော့ တစ်ယောက်ကို အာဝါးးး အမြှောက်တစ်သိန်းပေါ့ ..........
ကဲ..ကဲ..ခွဲယူကြ....

ချစ်ချစ်ချစ်တဲ့မောင်ကိုတော့မောင်ချစ်တဲ့ချစ်ချစ်က
အာဝါးး အင်ဖနတီ အထိကို ပေးခဲ့လိုက်တယ်။....

း))
Dream said…
မွေးနေ့ရှင် နှစ်ယောက်လုံး မွေးနေ့မှ စ၍ ရာသက်လုံး ကျန်းမာချမ်းသာကြပြီး
အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် ပလီချစ်နဲ့ ချစ်နိုင်ပါစေ.... အဟတ်
Ree Noe Mann said…
ပုံက အရမ်းမိုက်တယ်။

အောက်ဆုံးက နှစ်ယောက်က အတွဲ ပုံလား သယ်ရင်း

ပျော်ရွှင်ပါစေ။
ဘိုင်ပြတ်နေသည်
မွေးနေ့မလုပ်နိုင်ပါ
အကြီးကောင်မွေးနေ့တွင် ကပ်ပြီးကျွေးရပါမည်
မွေးနေ့လက်ဆောင်ပေးမည်ဆိုပါက ငွေသားရော ပစ္စည်းပါ ဝမ်းမြောက်စွာ လက်ခံပေးပါမည်ဖြစ်ကြောင်း...

အကြီးကောင် ကောင်းရာမွန်ရာ ရောက်စေ
အငယ်ကောင် သွားလမ်းလာလမ်းဖြောင့်စေ
ဦးစိန်.... မှတ်တိုင်တွေအများကြီးထူနိုင်ပါစေဗျား

နက်ဖြန် အားရပါးရလာဆွဲပါမည်.... ငှဲငှဲငှဲ
မောင်လေးဖိုးစိန် ချစ်သူခင်သူတွေနဲ့ အမြဲမကွဲမကွာ ရှိနေနိုင်ပါစေ။
ပူတူးတူးလေး ရှေ့ မှာ ရွေးချစ်တယ် မပြောပါနဲ့ ....

မိုးခါးကြီးလိုပဲ ကိုက်ဖဲ့ဆွဲလိမ် ကုတ်ဆွဲ ပစ်မယ်...

=P

မွေးနေ့ တော့ လာချင်တော့ဘူးရေ....

=P

Popular Posts