ပုံပြင်တို

တခါတုန်းက မိန်းခလေးတယောက်က တောထဲမှာ ထင်းကောက်သွားရင်း အနာတရ ဗလပွနဲ့ အေးခဲပြီး သေခါနီး မြွေတစ်ကောင်ကို တွေ့တယ်။ အဲဒီမြွေဟာ မြွေတွေထဲမှာ အဆိပ်အပြင်းဆုံး မြွေမျိုး ဖြစ်တယ်။ မိန်းမ ဖြစ်တဲ့အလျှောက် သနားစိတ် ပိုပြီး မြွေကို ဆေးကုသဖို့ အိမ်ကို ခေါ်ယူခဲ့တယ်။ တနေ့ပြီး တနေ့ မြွေက နေပြန်ကောင်းလာတယ်။ ဒါပေမယ့် မိန်ခလေးဟာ သူ ကုသခဲ့လို့ ပြန်ကောင်းလာတဲ့ သံယောဇဉ် စိတ်နဲ့ မြွေကို ပြန်မလွှတ်ပဲ အိမ်မှာ ထားထားခဲ့တယ်။

တနေ့တော့ မြွေက မိန်းခလေးရဲ့ ချက်ကို ကိုက်လိုက်တယ်။ မြွေကိုက် ဒဏ်ရာကြောင့် မိန်းမောစွာ ခံစားနေရတဲ့ မိန်းခလေးက မြွေကို " နင့်အသက်ကို ကယ်ခဲ့တဲ့ ငါ့ကို ဘာကြောင့် ပြန်ကိုက်ရသလဲ” လို့မေးတော့ မြွေက “ဟဲ့ စုန်းမ… ငါက မြွေတကောင်ဆိုတာ နင်သိရက်သားနဲ့” လို့ ပြုံးပြုံးကြီး ပြန်ဖြေတယ်တဲ့။ ပုံပြင်လေးကတော့ တိုတိုလေးပါ။


"လောကမှာ ကူညီသင့်တဲ့သူရှိတယ်။ မကူညီသင့်တဲ့သူ ရှိတယ်။ ကူညီတိုင်း မကောင်းတဲ့သူရှိတယ်။ ကူညီလို့ ကောင်းသွားတဲ့သူရှိတယ်။ အကူအညီကို လိုလိုလားလား လက်ခံတဲ့သူရှိတယ်။ အကူအညီကို မလိုအပ်တဲ့သူရှိတယ်။ ကူညီလိုက်လို့ အကျိုးသက်ရောက်မှု ရှိတဲ့သူနဲ့ ကူညီပေးလိုက်ကာမှ ပိုဆိုးသွားတဲ့ အနေအထားရှိပြန်တယ်။

စိတ်မပါပဲ ကူညီလိုက်ရတာရှိသလို ကူညီဖို့ စိတ်ပါပေမယ့် မကူညီလိုက်ရတာမျိုး ရှိမယ်။

ဘာဖြစ်ဖြစ် ကူညီပြီးတဲ့နောက် စိတ်ထားတတ်ဖို့ နဲ့ နေတတ်ဖို့ပဲ လိုတယ်။

အရာရာတိုင်း တန်ပြန်သက်ရောက်မှု ရှိချင်မှ ရှိမယ်။ သက်ရောက်မှုတိုင်းက ပစ်မှတ်တခုဆီက နေပဲ လာရမယ်ဆိုတာ မရှိဘူး။ ဘယ်နေရာကပဲလာလာ သက်ရောက်မှုကို လက်ခံနိုင်ရမယ်။ လက်ခံတတ်အောင်ကြိုးစားကြပါလို့" ဖေဖေက ပုံပြင်ကို ပြောပြပြီး ဒီစကားနဲ့အဆုံးသတ်သွားတယ်။

ငယ်ငယ်တုန်းက ဖေဖေဘာကို အဓိက ထားပြီး ဆိုလိုချင်တာလည်း ဆိုတာ နားမလည်ခဲ့ဘူး။ အခုတော့…..








ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်


















Comments

ပေါက်ပေါက် said…
ညီ့ကိုပြောတာလားး(
အင်း.. ခုတော့သဘောပေါက်ပြီပေါ့.. ပေါက်သင့်ပါပြီ.. ဒီအသက်အရွယ်နဲ့ဆိုတော့လည်း... :P:P..(ဒါနဲ့ တစ်ယောက်ယောက်ကို စိတ်ကောက်နေတာ မဟုတ်ပါဘူးနော်...း))) )

ခင်မင်တဲ့
နေ၀သန်
ဟုတ်တော့ ဟုတ်ပေမယ့်..
ဒီပုံပြင်ထဲမှာ မိန်းကလေးက မြွေကို ဆေးကုပေးပြီး ပြန်လွှတ်ပေးရင် ရရဲ့သားနဲ့ ခေါ်ထားတာကိုး..
မကူညီသင့်ဖူး ဆိုတာထက် သံယောဇဉ်မထားသင့်ဘူး လို့ ပြောရမလိုပဲ..
မမ said…
အိုင့် ကို ပြောတာ နေမှာ...း(
chocothazin said…
ဘာဖြစ်ဖြစ် ကူညီပြီးတဲ့နောက် စိတ်ထားတတ်ဖို့ နဲ့ နေတတ်ဖို့ပဲ လိုတယ်။

ဟုတ်ကဲ့ စိတ်မထားတတ်သေးတာနဲ့ ပဲ စိတ်ဒုက္ခရောက်ပေါင်း မနည်းတော့ဘူး။
Anonymous said…
heyyyy Snake Nyi....
did you bite ur brother Ko Bo?
heeeeee
dont angry.. just kidding.. :P
Anonymous said…
ဖိုးစိန်ရေ
အစုရှိရင် အမှုရှိတယ်တဲ့။
ဖိုးစိန် စင်္ကာပူကို ပြောင်းတယ်ဆိုကတည်းက တနေ့နေ့တော့ ပြဿနာတက်ရင် ဒုက္ခလို့ တွေးမိနေတယ်။
ချစ်ချစ်ခင်ခင် ဖြစ်နေကြတာတွေ ဖတ်ရလို့ ကြည်နူးနေမိတာ။
ဘာပဲဖြစ်ဖြစ် မိသားစု တခုချင်းစီကနေ တနေရာထဲမှာ လာရောက်ဆုံဆည်းကြရတာဟာ ရှေးက ရေစက်ကြောင့်ပါပဲ။ သည်းခံပါ ဖိုးစိန်ရယ်။ အရာရာကို ဒေါသရှေ့မထားနဲ့ပေါ့။ သူ့ဘက် ကိုယ့်ဘက်တွေးပေး။ အများနဲ့ လိုက်လျောညီထွေနေနိုင်ရင် ပျော်စရာကောင်းမှာပါ။
အဆင်ပြေကြပါစေ ...
တစ်ဖက်သားကို ကူညီတာကောင်းပါတယ်။ ဒါပေမယ့် မြွေဆိုးလိုမျိုးကျတော့ ကူညီရင်လည်း သတိနဲ့ပေါ့။ အကူအညီပေးသူ၊ အကူအညီလက်ခံရယူသူ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကျေနပ်နားလည် သိတတ်မှုရှိရင် အကောင်းဆုံးပါပဲ။
Vista said…
ဒဏ်ရာပရဗွနဲ့ အေးခဲနေတဲ့ မြွေကိုတွေ့ ရင် အမြန်သေအောင် ခေါင်းကိုထုပေးရတယ် သူလည်းကျေးဇူးတင်မှာပါ၊ ဝေဒနာချုပ်သွားလို.၊
ကိုယ်လည်းအကိုက်မခံရတော့ဘူးပေါ့ ။ နောက်တယ်ထင်လည်းရတယ် အတည်ပြောတယ်ထင်လည်းရပါတယ်။း)
AKM said…
Ko Pho Sein,
I like your post. so please let me post on my facebook. actually i posted it already. i am asking permission from you. if you don't like it, i will cancel it for you.
yours,
akm
မသိင်္ါကျော်ပြောသလိုပဲ .. ဟုတ်တယ်
ကူညီပြီး ပြီးလိုက်သင့်တာ ဘာလို့ ချုပ်ချယ်လိုက်မိလဲ
ကူညီပြီးရင်လည်း လွတ်လပ်ခွင့်ပေးသင့်ပါတယ် ..

ညီမမှာတော့ ကူညီတယ်ဆိုတာ မရှိဘူး
လုပ်ပေးနိုင်လို့ လုပ်ပေးလိုက်တယ်ပဲ ရှိတယ်
monsoon said…
မြွေကတော့ မြွေသဘာဝအတိုင်းနေသွားတာပါ၊
လူကသာ စေတနာ မှန်ခဲ့ရင် အချိန်တန်ရင် မြွေကိုပြန်လွှတ်ပေးသင့်တာပေါ့။
ဘာရယ်ဟုတ်ပါဘူး
ထင်တာလေး ၀င်ပြောကြည့်တာပါ
Unknown said…
This comment has been removed by the author.

Popular Posts