မင်္ဂလာဆုတောင်း








တောင်ကြီးမြို့၊ ကန်အောက်ရပ်၊ ဇီဇဝါလမ်း၊ အမှတ် (၁၁၆)နေ

ကိုဇော်မင်း(ခ) ကိုကျော်စိုးဝင်း + မနန်းရှဲန်ဟုန်

“ကျော်စိုးဝင်း” (ရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်း)တို့၏ညီမောင်

ဦးအင်းဖုန်း+ ဒေါ်နန်းငိုခမ်း တို့၏ သားထွေး

စိုင်းနော်မိန်း (ခ) အိုင်ခီလောက်

ယာမကာလုလင် ဘလော့ပိုင်ရှင်

နှင့်
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊

အနောက်မြို့ပတ်လမ်း၊ အမှတ်(၇ /၁၇၁)နေ

ဦးစိန်ဖေ+ ဒေါ်သန်းကြည် တို့၏ တူမ

ဦးထွန်းကြိုင်+ ဒေါ်ယဉ်ယဥနု တို့၏ သမီးကြီး

မငုဝါလှိုင် B.Econ(Economics)

Public Internet A ccess Center (U.S.D.A) တို့၏

“မင်္ဂလာ ဧည့်ခံပွဲ”


၁၃၇၁ခု ၊ တန်ဆောင်မုန်းလဆန်း (၈)ရက်
(၂၅.၁၀.၂၀၀၉)
တနင်္ဂနွေ

နောက်ကားကြီး ကျော်တက်သွားပါပြီး ခင်ဗျာ....

နောက်ကားကြီး အားလုံးကို ကျော်တက်သွားပါပြီး...

မင်္ဂလာဆုတောင်းနဲ့ ဓာတ်ပုံ မြင်တော့ ဖိုးစိန်များ မင်္ဂလာချက်ခြင်းဆောင်ပြီးလားလို့ စပ်စပ်စုစုလာဖတ်ကြတော့မယ်... မဟုတ်ရပါဘုး... ဖိုးစိန် အဲလောက်ထိ အစွမ်းအစမရှိပါဘူး... အဲလိုပြောရင်လဲ စာဖတ်သူတွေက မဲ့ကာရွဲ့ကာနဲ့.. “သိပါတယ်.. ဖိုးစိန်အဲလောက်ထိ မစွမ်းပါဘူး”လို့ စိတ်ထဲကနေ ပြောကြအုံးမယ်... ခက်တယ်.. ဖိုးစိန်က ရေရှည်ကြည့်နေတာပါ.. ဟဲဟဲ...

ခုက မတော်လိုက်ရတဲ့ ညီလေးယောက်ဖ အိုင်ခီအတွက် ဘလောပေါ်မှာ အိုင်ခီကို ချစ်တဲ့ မောင်နှမတွေ ဆုတောင်းပေးတာကို အမှတ်တရ သိမ်းထားလို့ရအောင်လို့ တင်ပေးလိုက်တာပါ... ခုဆိုရင် ညီယောက်ဖ အိုင်ခီတစ်ယောက် အလုပ်တွေရှုပ် အားတွေမွေးနေရတော့မယ်... အင်း စဉ်းစားကြည့်တာပါ... (၂၅)ရက်နေ့ ညဆို ယောက်ဖ လုပ်သူတစ်ယောက် ဘယ်လိုများနေမလဲလို့... ဟိဟိ... သြော် ... ဖိုးစိန်က ခလေး.. နားမလည်ဘူးလေ.. စိတ်ကူးယဉ်ကြည့်တာပါနော်...း)

ညီလေးအိုင်ခီဆိုတာ ဘလော့ပေးပေါ်မှာ အရက်မူးပြီး အိမ်တကာလှည့် အရက်ဖိုးတောင်းတတ်တဲ့ ညီလေးပါ... အပြောအဆိုယဉ်ကျေးတယ်... ဘဝကို နားလည်ပြီး ရုန်းကန်လှုပ်ရှားနေတဲ့ လူငယ်တစ်ယောက်ပါ... ချစ်ခင်နှစ်သက်ဖို့ ကောင်းတဲ့ညီပါ... အကိုအရာ အမအရာ ထားပြီးဆက်ဆံတတ်ပါတယ်... မူးတယ်ဆိုတာကတော့ လဲ ချစ်ခင်နှစ်သက်သူတွေ အတွက် အပြစ်မဟုတ်ပါဘူး... ချစ်စရာကောင်းနေတာပါ... ဒါကြောင့်လဲ ယောက်ဖဖမ်းတော်လိုက်တာ...

ဖိုးစိန်ကံမကောင်းပါဘူး... မနေ့က ယောက်ဖက မင်္ဂလာ ဖိတ်စာပေးရင်း အွန်လိုင်းခဏတက်လာပြီး “အကိုယောက်ဖရေ... ချစ်ညီယောက်ဖ တောင်းပန်ပါတယ်... ဒီဘဝအကိုမတော်ရတော့ဘူးဗျာ”ဆိုတော့ စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ်... မကောင်းဘူးဆိုတာက ညီမ မပေးလိုက်ရလို့မထင်နဲ့... သြော်... ငါ့ကို အလေးထားပါလားလို့... စိတ်ထဲမှာ ကြိတ်ပြီး သနားချစ်ခင်ရုံရှိသေး.. ဒင်းက စကားပြန်စတယ်... “အကိုယောက်ဖရယ်.. မပူပါနဲ့... ယောက်ဖတော်ဖို့ အခွင့်အရေးရှိပါသေးတယ်တဲ့... အကိုညီမ ယောကျားမယူသေးဘူးဆိုရင်တဲ့”.. သနားတဲ့စိတ်ကနေ ဒေါသတွေ တခွီးခွီးထွက်တော့ ဒင်းက တဟီးဟီးနဲ့ အောက်သွားပါတယ်..

ဘာဖြစ်ဖြစ် ညီအိုင်ခီ ငမူးလေးကို ဘလော့ကာ ညီအကို မောင်နှမတိုင်း ချစ်ကြပါတယ်... ခုတော့ အငယ်လေးက ကျော်တက်သွားပြီး... အားကျတဲ့သူရှိတယ်... အားပေးဆုတောင်းစကားတွေ ပြောချင်ကြမှာပေါ့.... ဒါကြောင့် ညီလေးယောက်ဖကို မင်္ဂလာဆုတောင်းပေးနိုင်ဖို့ ဘလော့ပေါ် အမှတ်တရတင်ပေးလိုက်ပါတယ်...

မင်္ဂလာနေ့ရက်က (၂၅.၁၀.၂၀၀၉) လာမည့်တနင်္ဂနွေပါ....


ချစ်ညီလေးယောက်ဖရေ... ဘဝမှာ ယောက်ဖချစ်တဲ့ (ညီမမဟုတ်တော့ ဆုတောင်းရတာ ဖင်မကျိန်းဘူး..ဟိဟိ) ချစ်ခင်ရသော ချစ်သူကြင်သူသက်ထားဇနီးမယားနဲ့ အိုးမကွာ အိမ်မကွာ ချစ်သားသမီး မြေးမြစ်များနဲ့ ကျန်းမာ ချမ်းသာ အပူအပင် ကင်းစွာ တင့်တင့်တယ်တယ် စိုစိုပြည်ပြည် ဘဝမှာ နေနိုင်ပါစေ... လိုချင်သောအရာများ လိုအပ်သောအရာများ မတောင်းတပဲ ပြည့်စုံပြီး နှစ်ဖက်သော မိဘများကို ကျေးဇူးဆပ်နိုင်သော သားကောင်း ယောကျားကောင်း ဖခင်ကောင်း ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...

ညီလေးရေ... မတော်ရတဲ့ ယောက်ဖိ ရေ...

ကျမ်းမာရေးကိုဂရုစိုက်ပါ

မိဘကို လုပ်ကျွေးပါ..

မိန်းမကိုချစ်ပါ...(တစ်ယောက်တည်းကိုနော်) (ဒါမှ ညီမလွတ်မှာ ဟိဟိ)

ဘဝမှာ ကြိုးစားပါ...

ညီလေးယောက်ဖဖြစ်ချင်တဲ့ စားသောက်ဆိုင်ပိုင်ရှင်ကြီး တနေ့ဖြစ်ကို ဖြစ်ရမယ်ကွာ....


ချစ်ညီယောက်ဖ ဘက်က အကိုယောက်ဖ အမြဲရပ်တည်နေမယ်..

ဒီလောက်ပဲ ပြောမယ်... ရင်ထဲကစကားကို ရင်ဘတ်နဲ့ခံစားနိုင်ပါစေ...

မင်္ဂလာရက်မြတ်မှာ ပျော်ရွင်ပါစေ...

မလေးလာရင် ကမ်ပိန်ကွ...

ချစ်ခင်စွာဖြင့်

ကိုကြီးယောက်ဖ

ဖိုးစိန်

အိမ်ကိုလာတဲ့ အိုင်ခီကို ချစ်တဲ့ ညီအကိုမောင်နှမများ အမှတ်တရ မင်္ဂလာဆုတောင်းပေးသွားကြပါနော်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

ကိုရဲ said…
၁ ကွ ။ ဖျားနေတာ ညတရေးနိုး ကွန်ထကြည့်တာ တွေ့လို့ ၁
ကိုရဲ said…
အခုမှရေးရမှာ :D ။ ပို့ထားတရ် ကိုခွန်ဖ မေးလ်ပို့ထားတရ် ဖိတ်စာကို ကြွားတာလေ ညီတို့ကိုလှမ်းကြွားထားတာ ။ ၂၅ ရက်နေ့က တောင်ကြီးတန်ဆောင်တိုင်ပွဲစပြီ ။ သူက အဲရက်ဆောင်မှာဆိုတော့ မဟုတ်မှလွဲရော အင်း..... ။ ပရင့်တောင် ထုတ်ထားမလို့ သူ့ဖိတ်စာကို ။ ပြန်ရင် ကလေးအတွက်ပဲဝယ်သွားတော့မယ် သူတို့လင်မယားဖို့မ၀ယ်တော့ဘူး ဟိဟိ ။

ချစ်ညီငရဲ
ခီလောက်တစ်ယောက်
်ပျော်ရွှင်ဖွယ် မင်္ဂလာနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေနော်..

မနှင်း
မေးလ်ထဲက ဆုတောင်းသံများ


(၁)ဖိတ်စရာ လိုဘူးဝေးးးးးး ငါတို့က ကြိုသိနေတယ် အဟားဟားး)
မင်္ဂလာဆောင်တော့မယ်ဆိုတော့ သိပ်မကဲနေနဲ့နော့် ခီလောက်
ကောင်မလေးကိုလဲ မြင်ဖူးချင်တယ်ဟ ၂ ယောက်ပုံလေး ပို့ပေးး)
တချက်လွတ်အမိန့်နော့်

လေးစားလျက်
တောင်ပေါ်သား


(၂)သေချာတယ်။ တအားကြီးကို ပျော်နေမှာ။

"အကောင်းဆုံးလုပ်ဆောင်သူသည် ကျရှုံးသွားတာတောင် ၀မ်းမနည်းဘူး။"

နန်းဇာခြည်ဝင်း(မငုံ)

(၃)ကွန်ကရက်ကျူရေးရှင်းပါ အူးအူးခွီရေးးးးးးးးးးးးးးးး

သားသားမီးမီးတွေ တပုံတပင် နဲ့ ပျော်စရာ အိမ်ထောင်ရေးလေး ပိုင်ဆိုင်ရရှိပြီး ချစ်ဇနီးလေးနဲ့ အသက်ထက်ဆုံး ပျော်ရွှင်စွာ နဲ့ နေသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.....

ညကျရင် ခဲဖိုး လာတောင်းမယ်... ဟိဟိ...
မပေးရင်တော့ ခဲနဲ့ပေါက်မယ်... :P

မက်မက်

(၄)အားကျတယ်ဂျာ.............စိုင်းခွန်ဖေ၇ ကျနော်အတွက်လေး ၇ှာထားပေးပါအုန်းနော်

စိုင်းရွှေမြင့်


(၅)ကွန်ဂရက်ကျူလေးရှင်းနော်..ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းရပါစေလို့..
ခဲဖိုးလာတောင်းရင် နဲနဲနဲ့ တော့မရဘူး..

ချမ်းမြမွန်


(၆) ပျော်ရွှင်စရာ မင်္ဂလာနေ့ရက်လေးမှသည်..

မင်္ဂလာရှိသောနေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေနော်.....
ချစ်သူနဲ့ရွှေလက်တွဲလို့ အမြဲတမ်းပျော်ရွှင်ပါစေနော်...

မနှင်း
Anonymous said…
သိသားပဲ ကျဲကျဲ အဲ့လောက် အစွမ်းအစမရှိဖူးဆိုတာ
သူများမင်္ဂလာဦးည ကိုသူကပဲ ရင်ခုန်နေရသေးတယ်လို့ 
သာယာစိုပြည်တဲ့ဘဝတစ်ခုအတွက် စတင်တော့မဲ့ အိုက်ခီလောက် ရဲ့  မင်္ဂလာဆောင်ပွဲအတွက် ထပ်တူမုဒိတာပွားမိပါတယ်။

ချစ်စရာ မဒီကညာ နှင့် အသက်ထက်ဆုံးရိုးမြေကျ ပေါင်းဖက် ပျော်ရွှင်နိုင်ပါစေခင်ဗျာ.....
khin oo may said…
ကြည့်စမ်း
အိုက်ခီလောက်.
khin oo may said…
ကျန်းမာချမ်းသာစွာနဲ့ အတူတကွ ဘဝကို လက်တွဲ ကျော်ဖြတ်နိင်ပါစေ.
Yu Ya said…
အပြန်အလှန်နားလည်မှုတွေနဲ့ အသက်ထက်ဆုံး လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

ဆန္ဒမွန်ဖြင့်
yu ya
Anonymous said…
အိုက်ခိရေ ကွန်ကရက်ကျုလေးရှင်းပါဗျာ
ဖိုးစိန်ပိုစ့်မှာ ........ ဖိတ်စာလေးတွေ့တော့ ဘယ်သူများလဲလို့။ ခီလောက်ကိုးးး

ခီလောက်တောင် စွန်သွားပြီနော်။ လက်စပ်သပ်တော့ ဒီကောင်လေးက မိန်းမ ပြန်ယူတာကိုး။း)
ခီလောက်ရေ မကြီးလည်း ဒီကနေပဲ ဆုတောင်းပေးလိုက်ပါတယ်နော်။
ချစ်သူခင်နဲ့ တသက်တာလုံး ပျော်ရွှင်စွာ အေးချမ်းသာယာတဲ့ မိသားစု ဘ၀ကို တည်ဆောက်နိုင်ပါစေ။

မကြီး
WWKM said…
သူများတွေတော့ စွံကုန်ပြီဖိုးစိန်ရေ..း)
မင်္ဂလာမောင်နှံ အိုအောင် မင်းအောင် ပျော်ရွှင်ချမ်းမြေ့
စွာလက်တွဲနိုင်ကြပါစေ။
ဟဲ ဟဲ
ပျော်ပါစေ ပျော်ပါစေ...
တစ်သက်လုံး ပျော်ရွှင်အောင်မြင်သော ဘ၀ကို ချစ်တဲ့သူနဲ့တူတူလက်တွဲ ဖြတ်သန်းနိုင်ပါစေလို့... :)
emayarKhin said…
ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်တခုကို
သက်ဆုံးတိုင်ပိုင်ဆိုင်နိုင်ပါစေ....
အိုက်ခိလောက်ရေ.....စကားမစပ်..
အားကျလိုက်တာ...
အဲဒါကြောင့် ကိုအိုက်ခီလောက်ပျောက်နေတာကိုး... ဒီလင်ဒီမယား အိုအောင်မင်းအောင် နောက်ဘ၀ထိ ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်ရစေသတည်း.. ဒူ.. ဝေ.. ဝေ..
kiki said…
ငါ့မောင် ငမူးလေးတကောင်တော့ မူးရင်း ရစ်ရင်း နဲ့ ပဲ စွံသွားရှာပြီ ။ သူ ကံကောင်းတယ်ပြောရမလား ။ သူ့ မိန်းမ ကံဆိုးတယ်ပြောရမလား ။ အဲ..လေ ..ယောင်လို့ ..
ဒီလင် ဒီမယား အသက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းသင်းနေနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။

နောက်ကားကျော်တက်တာ မခံလိုပါက အမောင် စိန်မျောက်မျောက်လည်း ထော်လာဂျီ ကို ဂျက်အင်ဂျင်တပ်၍ အမြန်လိုက်ပါ ..... အပိုဆု လိုချင်ပါက ရနိုင်ပါသေးသည် ။ ရယ်ဒီမိတ် များ ။ 3 in 1 များ ။ လည်း ရှာလို့ရပါသည် ။
မေးလ်ထဲမှ
(၇)အိုက်ခီရေ ....

ပျော်စရာကြီးပါလား ... ပျော်ရွှင်ဖွယ် မင်္ဂလာနေ့ရက်များစွာပိုင်ဆိုင်ပါစေ ....

ဖိတ်တဲ့အတွက်ကျေးဇူးပါနော ... မင်္ဂလာပွဲတက်ရောက်ချင်ပေမယ့်လည်း အဝေးကနေစိတ်ကူးနဲ့ပဲတက်ရောက်လိုက်ပါတယ် ...

ကြယ်ပြာ

(၈)My BrOtHeR .....

မဒီလေးကိုကြည့်ပြီး ရင်ခုန်နေတာလား ။ လာလာ အခုန်ရပ်သွားအောင်လုပ်ပေးမယ် ။ ၀ယ်လာဒယ် ဘော့ဒ်ကာလေး ။ လာသောက်ချေ ။ အင်း စွံတဲ့သူတွေစွံကုန်ပီ ။ မစွံသေးသော အပျိုကြီး လူပျိုကြီးများ ကျန်သေး၏ ။ မပြောပါ ကိုယ့်ကိုကိုယ်သိကြပါသည် ။ ကြိုးစားတဲ့သူတွေကလည်း နှစ်တွေဘာတွေသတ်မှတ်ပြီးပြီ ။ မလှုပ်ရှားသေးတာက မကြီးကီ တို့ ကိုတောင်ပေါ်တို့ ကိုကြယ်တို့ ကိုဖိုးစိန်တို့ ဒေါ်ချူချာတို့ နော် ... တစ်နှစ်ပြီးတစ်နှစ် ကြီးလာပြီ အသက် ။ ကျန်ခဲ့မယ် ။ နော်တို့က ခုမှ လူပျိုလေးရှိသေးတာ ။ ရှာရှာ ။

ကိုခွန်ဖရေ congratulation ပါ ။ ပြန်လာရင် ဘော့ဒ်ကာဝယ်လာတော့ဝူးနော် ။ မဒီရိုက်လိမ့်မယ် ။ ကလေးအနှီးပဲ ၀ယ်လာခဲ့လိုက်တော့မယ် ဟိဟိ ။

(ကိုရဲ)

(၉)ဟေ့လူရီးစပ်ဖြီးဖြီးနဲ့နော်....နာကွဆိုပြီးတော့..ဟတ်ဟတ်
ကောင်မလေး.ကဘယ်လိုလေးလဲ
ဒါတ်ပုံလေးဗာလေးပို့ပေးပါအုံးဗျ...အခုနီယောက်တွဲပုံလေးပေါ့
နောက်တော့လေးယောက်တွဲ..ရှစ်ယောက်တွဲ...တစ်ဒါဇင်တွဲတွေပေါ့ဟဲဟဲ
ဒါနဲ့...ခင်ဗျားကိုအင်ဒိုမရီးကလိုက်ဆာနေတယ်....ဘီယာကြွေးမပေးသေးဘူးတဲ့
ပျောက်သွားတာကြာနေဖီတဲ့...အဟေးဟေး..
Dream said…
ကွန်ကရက်ကျူလေးရှင်းပါ ဦးဦးခွီရေ။

သားသားမီးမီးတွေ ဒီရေအလား ပေါများပါစေ... ဟိဟိ....(ရန်စတာ)
Dream said…
မက်မက်လေးကို ဂျီးထော်မတ်ဘွားထော်မတ် လို့ခေါ်တတ်တဲ့ ငမူး ခွီလေး...

ချစ်ဇနီးနဲ့အတူ တသက်တာထာဝရ ရွှေလက်တွဲ မြဲပါစေ

း)
ကျနော်က ဦးစိန်များစွံသွားပြီလားလို့....
ဝါထွက်နေပြီလေဗျာ....အားကျမခံယူပါတော့
ဖိတ်စာပို့ဖို့လည်းမမေ့နဲ့နော့်ဟဲဟဲး)

ဦးအိုင်ခီလောက်နဲ့ မငုဝါလှိုင်တို့
အသက်ထက်ဆုံးလက်တွဲခိုင်ခိုင်မြဲမြဲဖြင့်
အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်
နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျ။
kaungkinpyar said…
သက်ဆုံးတိုင် လက်တွဲနိုင်ပါစေ ခီလောက် ရေ..း)
မေးလ်နဲ့တော့ ဆုတောင်းပေးပြီးသွားပြီ

ဒီမှာ အားလုံးပျော်ပျော်ပါးပါး ဆုထပ်တောင်းပေးရတာ

ပျော်စရာပါပဲ.....။

အောင်မြင်သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင် နိင်ပါစေ ချစ်ညီရေ...။

တစ်ဦးကိုတစ်ဦး ချစ်ကြင်နာ နားလည် စာနာစွာ ဘ၀ခရီးကို ပျော်ရွှင်စွာ လျှောက်လှမ်းနိင်ပါစေ....။

(ဖိုးစိန်ရေ ခီလောက်မရှိပေမယ့် အားမငယ်နဲ့ :) )
Anonymous said…
ဘာမှမပူနဲ့ ညီမအတွက် ကျနော်တယောက်လုံး ကျန်သေးတယ်...ဟိ..။
မင်္ဂလာဆောင်တဲ့သူတွေ အတွက်လဲ ဆုတောင်းပေးသွားပါတယ်ဗျား.. ဒီလင်ဒီလင်မယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ..။
်ပျော်ရွှင်ဖွယ် မင်္ဂလာနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေနော်
ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေ။
( ဖိုးစိန် အတွက်ဟုတ်ပါဘူး)

Popular Posts