စူပါပြေး ဖိုးစိန်
ကျွန်တော် နိုင်ငံခြား ဘာသာ တက္ကသိုလ် တက်နေတုန်းကပါ… ကျွန်တော်ရဲ့ ချစ်သူငယ်ချင်း တစ်ယောက်က ”ဖိုးစိန်..နင် ဗဟန်းမှာ ဖွင့်တဲ့ အနုပညာ ကွန်ပြူတာ ဒီပလိုမာ သင်တန်းကို တက်ပါလား… နင်က ပန်းချီလဲတော်တယ်..စိတ်ကူးလဲကောင်းတယ်..နင်တက်ရင် အကျိုးရှိမှာ” လို့ ပြောတော့အမြှောက်သိပ် မကြိုက်တဲ့ ကျွန်တော်လဲ အချိန်မဆိုင်းဘဲ အလျင်အမြန်ပဲ စိတ်ဝင်တစား ကျောင်းအပ် လိုက်တယ်ပေါ့… နဂိုကလည်း စိတ်ဝင်စားနေတာပါ…
သင်တန်း စတက်တုန်းကတော့ အတန်းထဲမှာ အချင်းချင်း မေးထူးခေါ်ပြောအဆင့် ထက်မပိုခဲ့ဘူး.. ကျွန်တော်ကလည်း (UFL) ကိုပြေးတက်လိုက် ဒီဘက်ကျောင်းကိုလာလိုက်ဆိုတော့ ဒီဘက်သင်တန်းမှာ အပေါင်းအသင်း သိပ်မရှိခဲ့ဘူးလေ… ကိုယ့်အနားမှာ ထိုင်တဲ့ သားကြီးနဲ့ သားဇော်ကိုပဲ ခင်ခဲ့တယ်.. သူတို့နှစ်ယောက် နဲ့ပဲ လက်ဖက်ရည်ဆိုင် ဘီယာဆိုင် ရောက်ဖြစ်တယ်… ဒါပေမယ့် သိပ်ပြီး မတွဲ ဖြစ်ခဲ့ဘူး…
ပထမနှစ် စာမေးပွဲလဲနီးရော.. ကျနော်တို့ ဒီပလိုမာ သင်တန်းထဲက သူတွေအားလုံး စာမေးပွဲကို အကြောင်းပြပြီး သူအိမ်ကိုသွား..ကိုယ့်အိမ်သူသွား နဲ့ မုန့်လုံးစက္ကူ ကပ်နေကြတယ်… ကျနော်ကိုယ်တိုင်က သားဇော်ဆီကနေ လွတ်ထားတဲ့ စာတွေကို ပြန်လုပ်ရတယ်ဆိုတော့ သားဇော်နဲ့ သားကြီးနဲ့ကို စာမေးပွဲ နီးတော့ နေ့တိုင်းလို တွေဖြစ်ကြတယ်… ဒီလိုနဲ့ ပထမနှစ်က ပြီးသွားတယ်…
ဒုတိယနှစ်လဲရောက်ရော… ကျွန်တော်တို့ကို မာတီမီဒီယာ(Multimedia) အတန်းနဲ့ အော်ဒီယို(Audio/video) ဗွီဒီယိုအတန်း ဆိုပြီးနှစ်ပိုင်းခွဲလိုက်တယ်..ဖြစ်ချင်တော့ ကျွန်တော်က အော်ဒီယိုဗွီဒီယို ကိုယူသလို သားကြီးနဲ့ ဇော်ကလည်း ဒါကိုပဲဆက်ယူဖြစ်ကြတယ်…
အတန်းထဲက လူတွေနဲ့ လည်းပိုရင်းနှီးလာပီး မကြာခင်မှာပဲ မီးရထား တန်းကြီးလို.. ဘယ်သွားသွား တစ်သီတစ်သန်းကြီး.. ပျော်စရာလည်း ကောင်းလာတယ်… စကားလည်း များလိုက်တာ လွန်ရောဗျ… နှစ်ဝက်လောက်ရောက်တော့ ကျွန်တော်တို့တွေ ပရောဂျက်လုပ်ရမယ်... တကယ်လက်တွေ့ တွေ လုပ်ရမယ်..ကြော်ငြာလို ဇာတ်လမ်းတိုလို ပုံစံမျိုးလေး ကိုယ်တိုင် ဖန်တီးရမယ်… ဂရပ်ဖစ် ဆော့ဝဲလ်သုံးပြီး အဖွဲ့လိုက် လုပ်ရမယ်တဲ့… ဆိုတော့…
အုပ်စုလေးခုခွဲတဲ့ထဲမှာ…. (အော်ဗွီ(Audio/video)က နှစ်စု.. မာတီ(Multi)က နှစ်စု)… ကျွန်တော်တို့ အော်ဗွီ အုပ်စုထဲမှာ တော့ယောကျာ်း လေးများတယ်.. မိန်းကလေးက (၄)ယောက်ထဲ.. ပေါင်း(၁၀)ယောက်..အားလုံးက ကျွန်တော့်လိုဘဲ အများစုက မျောက်နှစ်ဖွား တွေဆိုတော့ဘာလုပ်လုပ် ဟိုစပ်စပ် ဒီစပ်စပ်နိုင်တယ်.. အတွေးအခေါ်တွေက မိုးပေါ်ရောက်နေတယ်.. လုပ်ချင်တာတွေ အိုင်ဒီယာတွေ က သူများနဲ့ မတူအောင်ထူးခြားတဲ့ အိုင်ဒီယာတွေနဲ့ ဆန်းသစ်အောင် ကိုလုပ်ချင်တယ်ပေါ့..
ပြောချင်တာ က ကိုယ်က ဒုတိယနှစ်ကျောင်းသားရှိသေးတယ်… လုပ်ချင်တာတဲ့ ကြော်ငြာ ဒီဇိုင်း ဗွီဒီယို တွေက အော်စကာဆု ဆယ်ဆုရတဲ့ ရုပ်ရှင် ကားတွေထက်သာချင်တာ… မာန်ကလဲ တက်နေတဲ့ အချိန်.. အားလုံးကလည်း အရွယ်တူ… တစ်ခုမပြောလိုက်နဲ့ လုပ်မယ်ဆိုတာကြီးပဲ ဆိုတော့…
အုပ်စုထဲမှာ ခေါင်းဆောင်ရွေးတော့ ကျွန်တော်တို့ အဖွဲ့ကို ကြီးကြပ်မဲ့ဆရာမရဲ့ ရီးစားကို ခေါင်းဆောင်တင်တယ်.. (မပိုင်ဘူးလား..)ကျွန်တော်က စာတိုပတ်စလေးတွေ ရေးတတ်တာ သိတော့ ကျွန်တော့်ကို ဇာတ်ညွှန်းရေး ခိုင်းတယ်..သားဇော်က ဒါရိုက်တာ..သားကြီးက လိုအပ်မဲ့ သတင်းအချက်အလက် တွေရှာ... ကိုယ့်တာဝန်နဲ့ ကိုယ် အားကျိုးမာန်တက် ကျိုးစားကြတယ်လေ…
ကျန်တဲ့သူတွေက လိုဂို..ဒီဇိုင်းနဲ့ သန်ရာသန်ရာတာဝန်ယူကြတယ်လေ.. တည်းဖြတ်နဲ့ စာတန်းထိုးကိုတော့ ကျွန်တော်တို့ သူငယ်ချင်း ယောက်ဖိယောက်ဖ သုံးယောက်တာဝန်ယူလိုက်တယ်.. ကျွန်တော့် ဇာတ်လမ်းက ကြော်ငြာနှစ်ခုဖြစ်တဲ့ ဟိုင်းတီး နဲ့ ဓူဝံအင်ဗာတာ ကိုပေါင်းပြီး စူပါမင်းပါမယ့် ဟာသ သဘောဆောင်တဲ့ စူပါ အင်ဗာတာ ကြော်ငြာရိုက်ဖို့ပါ..
ဇာတ်လမ်းက တိုက်မှာနေ တဲ့ အဖေလုပ်သူ ကမီးမလာလို့ သားလုပ်သူကို မီးထွန်းဖို့ အင်ဗာတာ ဝယ်ခိုင်းတော့ သားက ကစားနေရင် အပြေးသွား.. ကားတိုက်.. စူပါမင်းဖြစ် အင်ဗာတာ သွားဝယ်ပြီး အဖေ့ဆီပြန်လာ အဖေက အင်ဗာတာနဲ့ မီးထွန်း.. ခြင်ထောင် ထဲမှာလှုပ်စိလှုပ်စိ လုပ်မယ်.. ပြီးရင် ခေါင်းလေးထွက်လာပြီး..စူပါအင်ဗာတာ နဲ့ဆို တော့ဂွတ်တယ်ဗျာ လို့ ပြောမယ်…. အဲဒီနောက်မှာ အဖတ်တွေ… အရေတွေ(အဲမှားလို့)..အမ်နီမေးရှင်း (ANIMATION)တွေ.. အဖက်ဖ် (EFFECTS) တွေပေါ့ဗျာ… ဟာသအဖြစ်စူပါက မပျံဘူး.. တစ်ချိန်လုံး ပတ်ပြေးရတယ်..ကားလဲ တိုက်ခံရတယ်…လက်ညှိးကလေးညွန်ပြီး အဖေလုပ်သူဆီ စွမ်းအင်သုံးပြီး အင်ဗာတာကိုပို့ပေမဲ့.. မစွမ်းတော့ နောက်ဆုံး ထမ်းပြန်လာပေါ့… (၅)မိနစ်စာလေးပါ…
ဖြစ်ချင်တော့ စူပါလုပ်မယ်သူကိုရွေးတော့ အားလုံးက ကျွန်တော့်ကို လက်ညှိုးထိုး ကျပါလေရောဗျာ.. ကိုယ်အတတ်ကို စူးတယ်ဆိုတာမှန်ပဗျာ… တိုင်ကိုလဲ ပတ်ပြေးရတယ်.. လမ်းပေါ်မှာလဲ ပြေးရအုံးမယ်..ကားတိုက်လဲ ခံရသေးတယ်..မောင်စူပါက ကိုယ့်ဇာတ်ညွန်းနဲ့ ကိုယ်အတတ် စူးတာလေ… စူပါမင်းက စူပါပြေးဖြစ်နေတယ်ပေါ့…
စူပါမင်းဝတ်စုံကို ပျံလန်နေအောင် ချုပ်မယ်ဆိုပြီး မီးရထား တန်းကြီးလို တစ်ဖွဲ့လုံး ဈေးဝယ်ထွက်ကြတော့ အကြိုက်ကမတွေ့… ဂျေးတွေက ခပ်များများဆိုတော့ တစ်ရက်ပြီးတစ်ရက် နဲ့ ဈေးဝယ်ထွက်ကျတာ စားတာသောက်တာနဲ့ လမ်းစရိတ်တွေ နဲ့ တင်ဘုံပိုက်ဆံ ပြောင်သွားတယ်လေ…
နောက်ဆုံးတော့ အတန်းထဲက ကောင်မလေး တစ်ယောက်က သူ့အမေ နတ်လိပ်ကာ ချုပ်မဲ့ အနီရောင်ပိတ်စကို တောင်ပံလုပ်ဖို့ ခိုးလာတယ်… စူပါဆိုတဲ့ (S) စာတန်းလေးကိုလဲ စက္ကူပေါ်မှာဆေးချယ်ပြီးကော်နဲ့ ကပ်မျက်မှန်အနက် အကျီအပြာဂျင်းပန်အပြာနဲ့ ကျွန်တော် မောင်စူပါ ဖြစ်လာတာပေါ့ဗျာ…
ဇာတ်လမ်းတွေအတွက် ပြီးသွားတော့ ကျွန်တော်တို့ ပရောဂျက် တင်ဆက်မှုအတွက် အချက်အလက် တွေရှာရတယ်.. ကျောင်းကို တင်ပြပြီးမှ ကျွန်တော်တို့က ဆက်လုပ်ခွင့် ရမှာဆိုတော့ ကိုယ်တင်ပြမယ့် တင်ဆက်ပုံအတွက် စာတန်းတွေရေး.. အိုင်ဒီယာတွေ ရှာကျတာပေါ့.. အဓိကကတော့ စာတန်းထိုးဖို့.. သာမန်တွေနဲ့ မတူချင်တဲ့ ကျွန်တော်တို့ က စာတန်းကို ခပ်ဆန်းဆန်းလေး ထိုးချင်တယ်..
ကြည့်တဲ့ ဗွီဒီယိုကားပေါင်းလဲ မနည်းတော့ဘူး..ဒါပေမယ့် ကော်ပီကူးချင်လောက်အောင် စိတ်ကြိုက် မတွေ့တော့ ကောင်းတာတစ်ခု ကိုပဲရွေးလိုက်ကြတယ်… မနက်ဖြန်လို ပရောဂျက် တင်ဆက်ပုံ ရှင်းလင်းပွဲရှိလို့ ကျွန်တော်တို့ခေါင်းစားနေချိန်မှာ သားကြီးက ခွေတစ်ခွေ ယူလာတယ်..
” စိန်နဲ့ ဇော် ဒီခွေကြည့်လိုက်..ကောင်းတယ်..”
…………………….
”ဟာ.. မင်းကကွာ ဒီလောက်အရေးကြီး နေတဲ့အချိန်ပါဆိုနေမှ ဒီလိုမဟုတ်တဲ့ ကားကြည့်ဖို့ စိတ်ကပါနေသေးလာကွာ..”
”ဟာကွာ..မင်းတို့ ကလဲ..အခွေက ဟိုကားဆိုပေမယ့် ဒီခွေကထိုးတဲ့ စာတန်းဒီဇိုင်းက မိုက်တယ်နော်..
ငါတို့ တွေရှာနေတဲ့ဒီဇိုင်းမျိုးကွ တဏှာစိတ်မထားနဲ့ ကွ ပညာစိတ်ထားပါကွ”
ကျွန်တော်တို့ လဲစိတ်ဝင်စားလို့ ကြည့်လိုက်တော့ ကွက်တိဗျာ.. ကျွန်တော်လဲ သဘောကျသွားတယ်…ကျွန်တော် မနက်ဖြန် ရှင်းပြမဲ့ ထဲမှာလည်းထည့်ဖို့ သဘောတူလိုက်တယ်.. ခက်တာက အခွေက မိသားစု ကြည့်ကောင်းတဲ့ အခွေမဟုတ်ဘူးလေ.. ကျနော်ရှင်းလင်း တင်ပြတာကို နားထောင်ကြမယ့်ဆရာ ဆရာမတွေကလည်း အပျိုကြီးတွေလဲပါတယ်.. အိမ်ထောင်သည် တွေပါတယ်ဆိုတော့ ဂရု တော်တော်စိုက်ရမယ်လေ.. လိုချင်တဲ့ စာတန်းထိုး နေရာလေးကို တည်းဖြတ် ကပ်ညှပ်ဖို့ ကလည်းအချိန်မရတော့ ကျွန်တော်တို့ ကိုကြီးကျပ်တဲ့ဆရာမကို ဆရာမရီးစား အကူအညီနဲ့ အကျိုးအကြောင်း ရှင်းပြရတယ်..
သူမ ကကျွန်တော် ရှင်းပြနေချိန်မှာ သူကကွန်ပြူတာကိုင်ပြီး ပရောဂျက်တာကြီးနဲ့ ပြမှာဆိုတော့ အဲဒီစာတန်း ထိုးတဲ့အပိုင်းလေးကိုပဲ ကွက်ပြဖို့ ကျွန်တော်တို့က မိနစ်ကိုက် လုပ်ထားတယ်.. ရီဟာဆယ် လုပ်တော့လဲ ကွက်တိပဲ…
ကျွန်တော်စရှင်းပါပြီး… ဇာတ်လမ်းအကြောင်း ရှင်းပြတော့ ဟုတ်နေရောပဲ…နောက် လိုဂို… ဒီဇိုင်း.. ပြီးတော့စာတန်းထိုး…”ကျွန်တော်တို့ စာတန်းထိုးတာကိုတော့ ဒီလိုဒီဇိုင်းမျိုးနဲ့ လုပ်ချင်ပါတယ်” ဆိုပြီး.. ပရောဂျက်တာ ထိုးထားတဲ့နံရံ ဖက်မျက်နှာလှည့် ရှင်းပြဖို့ လုပ်လိုက်တော့..
အားပါးပါး…..
“အုအာ..အင်း…အင်း…အိုး.... အစ်....”
...........
အသံတွေ…အသံတွေ…..
အသံတွေနဲ့ အတူ အရုပ်အကြီးကြီးတွေ.. လုံးတီးတွေ ထွက်လာပါလေရောဗျာ….. အနောက်ကနေ ပိတ် လိုက်ရပ်လိုက်ဆိုတဲ့ အသံတွေ… အပျိုဆရာမတွေရဲ့ ဟယ်...ဟာ.. အသံတွေ ဆရာတွေရဲ့ ဟေ့..ဟာ.. အသံတွေ.. ဒီအသံတွေ ကြားတော့ ကျွန်တော်တို့ ဆရာမတစ်ယောက် ကြိုးစားပြီး ပိတ်နေပါတယ်ဆိုမှ.. ဖြစ်ချင်တော့အခန်းတွေ ကတစ်ခန်းပြီး တစ်ခန်း.. အနေအထား တွေကလဲ အမျိုးမျိုးပြောင်းလို့ဗျာ… ဘုရားရေ… ကြည့်နေကျ ကျွန်တော်တောင်မှ အခုပြန်ကြည့် လိုက်ရတော့ ကြက်သီးထပြီး မျက်စိထဲမှာပြာနှမ်းလို့ (အရင်က အကိုတွေဘာလို့ အပြာကားလို့ ခေါ်တယ်ဆိုတာ အခုမှဘဲကောင်းကောင်း သိရတော့တယ်)..
လူကတော့ ပုရွက်ဆိတ် ကိုယ်လုံး.. ဆင်ခေါင်းနဲ့ ပုစွန်မျက်လုံးကိုဖြစ်လို … ဒူးနှစ်ချောင်းက အချင်းချင်း ပြန်ရိုက်နေလား အောက်မေ့ရတယ်… ရှက်လိုက်တာဗျာ…ရှက်လိုက်တာ.. ကျွန်တော်မောင် စူပါ အရှေ့က စင်ပေါ်မှာဘဝပျက်နေပြီး.. အပျက်အပျက်ကြားထဲက အားလုံး ဝိုင်းရယ်ကျတော့ကျွန်တော်လဲ စင်ပေါ်ကဆင်းပြေးရတာပေါ့…
မကြာပါဘူး… ကျွန်တော်တို့ အုပ်စုကို ကျောင်းအုပ်က ခေါ်တွေ့ ပါလေရော… အားလုံး ဝင်တွေကြတော့..ကျောင်းအုပ်လုပ်သူက ကျွန်တော်တို့ တွေရဲ့ မျက်နှာကိုကြည့်ရင်း သူခမျာ တည်နေအောင် ထိန်းနေတဲ့ကြားက မနေနိုင်ဘဲ အော်ရယ်ပါလေရောဗျာ… ပြီးတော့ မေးတယ် “တော်တော်ကြိုက်တယ်လားတဲ့ ဝါသနာကို အရင်းခံတယ်ဆိုတာသိလိုက်တယ်” ဆိုသေးတယ် အပြစ်ပေးမခံလိုက်ရပါဘူး… ဒီခွေကို ပရောဂျက် အတွက်မသုံးဖို့ ပဲပြောလိုက်တာလေ..
နောက်နေ့ ကနေစလို့ ကျွန်တော်မောင်စူပါပြေးနဲ့ တကွ အပေါင်းအပါတွေက နာမည်ကြီးသွားပါလေရောဗျာ.. ကျွန်တော်ကိုတောင်
“အု..အား..စူပါပြေး..
အု…အား..စူပါပြေး” ဆိုပြီး နောက်ကြသေးတယ်..
ပရောဂျက်လေး ကတော့ အောင်မြင်စွာနဲ့ ပီးဆုံးသွားပါတယ်.. လူကြိုက်များတဲ့ ပရောဂျက်လေး တစ်ခုလဲဖြစ်ခဲ့ပါကြောင်း..
အု..အား..

ဖိုးစိန်
Comments
ဟွန်း
နာသွားမယ်
၁ ပဲ
:D
စူပါမင်းကြီး.ရယ်သွားတယ်ဗျို့။ မ. ဆူပြီးကောင်းတယ်။ ငါတော့ ပြေးတော့မယ်။ :))
အစစအရာရာ ကံကောင်းမှုတွေပဲပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးနေပါတရ် ။
(ကိုရဲ)
စိန့် စူပါမင်းက အနီရောင်ဘောင်းဘီတိုမပါဘူးလား? မပါရင် ဘယ်လိုတူမှာလဲ?
ပြီးတော့ စိန်က အဲ့ဒီတုန်းက ပိန်ပိန်လေး.. ဗလလဲ မရှိပဲနဲ့.. စူပါမင်းဆိုတာ ကျိန်ပြောရမှာ.. ဝတ်ရုံပိနေမှာ မြင်ယောင်နေသေးတယ်.. ဟဟ
နောက်.. အင်း.. နောက်.. စင်ပေါ်က ဆင်းပြေးတော့ ဝတ်ရုံမနင်းမိဘူးလား? အဲ့ဒါဆို နာမည်ပိုကြီးမှာနော်?
ဆရာကြီးပြောသလိုပဲ ဝါသနာဆိုတော့လဲ အတန်းသူအတန်းသားတွေကို ဝေမျှချင်တဲ့ စိတ်နဲ့ပါ.. စေတနာနဲ့နော်? နှာဗူးထတယ် မဟုတ်ပါဘူး (အဲ့ဒီတုန်းက ငယ်သေးလို့).. ဟုတ်တယ်ဟုတ်
ရှည်ပြီလား? စိတ်ပါတယ်လို့ သတ်မှတ်လား?
ရီရတယ် ဖိုးစိန်ရယ်။
ခုရှိရင် ဘလော့ပေါ်တင်ပေးပါလာ။
မရီတော့ဖူးရယ်လေ
ကျဲကျဲနော်းးးးးးးးးးးးးးးးးးးးး
ဘယ်တော့မှ ၁ မရလို့လေ
လာပြေားမယ်ဆိုပြီးးးးးးးးးးးးးးးးးးးးးးး
မရီဘဲပြန်သွားတယ်
စိန်စူပါကြီးရဲ့
ပညာမျက်စိနဲ့ကြည့်ပြီး ပညာတွေ တသီကြီးရခဲ့တယ်ပေါ့...
အပေါ်မှာ သားရည်ကျတဲ့သူက ကျကုန်ပြီ...
းဝ)
ိကိုစိန်ပါ
ဝါ သနာက တားမရဘူးဆိုတာ
အဲဒါထင်တယ်
အုအား စူပါပြေး
ဟက်ဟက်
စာလာဖတ်ပါတယ်
တစ်ခါတည်း
မျက်နှာပါ သစ်ပေးလိုက်တယ်
ပြောချင်ဘူး
အဖက်စ် (Effects)
အန်နီမေးရှင်းးးးးးးး (Animation)
ဒါကြောင့်ထင်တယ်
ကီးတော်ကျန် မှာ ထိုင်နေတာ
စူပါပြေး ပဲ
အခုမှ ပဲ သိတာ
း)
ခင်တဲ့
ဝသန်
လေးစားလျက်
တောင်ပေါ်သား
ဘာတွေအုပြီး ဘာတွေအားနေတာလဲ...
ကြည့်ကျက်လုပ်အုံးဟေ့..
နောင်လာ နောက်သားတွေ အုရအောင်..
ဖွားကိ
ဒါက ပထမစာကြောင်းကိုဖတ်ကတည်းက အဟောင်းကြီးမှန်းသိတားပဲ...ဟွန်းးးးး
လူလည်ကျတယ်။ :)
အကိုတော့ ရုံးမှာ တဟားဟားမိလို့ ဂိနေဘီ။
စူပါ စိန်မျောက်မျောက်ရေ။
ဖြစ်တတ်ပါ့။
ပရောဂျက်လေးပါ တင်ပေးရင် ပိုကောင်းမယ်။ ဟီးးးးးးး
ခင်မင်လျှက်
မကြီး
အစ်ကို တော်ထားတယ်လေ..မျက်နှာပျက်အောင်လုပ်ရဘူးနော်......
သူတို့ ကလဲနော် ခက်လိုက်တာ...တကယ်ဘဲ
မေလေး အကိုပြောချင်တာ နားမလည် ဘဲနဲ့
သူတို့ကို က မကောင်းတာပါ......
အဟီး....ကော်ဖီ သီးအောင် ရီသွားပါတယ်.......
မွေးစားညီမ
မေလေး
P.S အကို ဖိုးစိန်ရေ
မေလေး ချစ်သူက အကို ဖိုးစိန် နဲ့ တော်တော်ရင်းနှီးပြီးသားပါ....သူကလဲ အကို ဖိုးစိန်ကို ချစ်ပါသတဲ့ရှင်...
နဲနဲ ပါးပါး ဖြတ်လိုင်ပါတော့လား..
ဖြစ်ရလေ...း)
သိပ်မတွဲဖြစ်လို့ပဲနော် ... ဘီယာဆိုင်ထိရောက်သတဲ့ ... အဟဲ နောက်တာနော်... :P
ဗရုတ်သုတ်ခလုပ်တာနဲ့  တူရီးတော် ရှက်ပါရဲ့ ။
အလကား စသွားတာ စူပါက စူပါပဲနော်
ခင်မင်ခြင်းများနှင့်
တူရီးတော်
သယ်ရင်းရေ။ သယ်ရင်းနှယ် ရေးလဲ ရေးတက်ပါ့
ကွာ။
သယ်ရင်းဖိုချစ်ရဲ့ ချစ်သယ်ရင်း
လွဲချက်က ရင်နှင့်စရာ...
ရုံဝင်ခတော့ တော်တော်ထောသွားမှာပဲ
နောက်တာပါဗျာ
...ခင်မင်သောအားဖြင့်..
ကိုဖိုးစိန်ကြီးကို
နံမည်နဲ့လိုက်ပ :P
ဦးနော်လည်း ဘားမှ မပြောတော့ဘူး..
“ပြောတော့ဘူး ပြောတော့ဘူး.. ပြောကို မပြောချင်တော့ဘူး..”
(ဒေါ်မြလေး စကား)
ကိုဂျီးတို့ကတော့လုပ်တော့မယ်။ ရယ်လိုက်ရတာဗျာ။
ထုံးစံအတိုင်း ကိုလေးနေဒေး ၁ ကျနော်က ဘိတ်ချေး။ ငှဲငှဲ။