ပုံပြင်ထဲက အရသာ
ကျနော်တို့ ငယ်ငယ်က လသာတဲ့ ညတွေမှာ ထမင်းစားပြီးရင် ကျနော်တို့ မိသားစုတွေ အိမ်ရှေ့က ကန်ပေါ်မှာ ဖျာလေးခင်းပြီး စကားပြောကျတယ်… အဖေက ကျနော်ညီအကို နှစ်ယောက် နဲ့ ညီမလေးကို ပုံပြော သီချင်းဆိုပြရင် ပုံပြောခ အဖြစ် ကျနော်တို့ ညီအကိုက အဖေ့ကို မျက်ခုံးမွေး သန်းရှာတာ ကျောကုန်းဖု ထိုးတာ ဂဏန်းလမ်းလျှောက်နင်းတာ မျိုးတွေ အလှည့်ကျ လုပ်ရတယ်… အမေကတော့ အဖေ့ဘေးမှာ ထိုင်ပြီး ယပ်တောင်လေး တစ်ချောင်းနဲ့ ခြင်ယပ်ပေါ့…
တစ်ခါတစ်လေ အဖေ့ ပုံပြင်ထဲမှာ မျောသွားတာ ရှိသလို တစ်ခါတစ်လေ အိပ်ပျော်သွားတာမျိုးရှိတယ်… အဖေက အသိပေးချင်တာပဲ ဖြစ်ဖြစ် တခုခုကို ဆုံးမချင်တာပဲ ဖြစ်ဖြစ် ပုံတို ပတ်စလေးတွေနဲ့ နားဝင်အောင်ပြောတတ်တယ်… နောက် ရွေနန်းကျင်တို့ တစ်ဝဂူတို့ ဆိုရင် ကျနော်အကြိုက်ဆုံး သီချင်းပုံပြင်လေးတွေ… အဖေသီချင်းဆိုရင်တော့ ကျနော်တို့ အိပ်ပျော်ပီးမှတ်…
အဖေသီချင်းဆိုပြီး ပြောပြဖူးတဲ့ တစ်ဝဂူ ပုံပြင်ဆို အခုထိ မဆုံးသေးဘူး… အဖေကတော့ ညတိုင်းပြောပါတယ်… အမေလုပ်သူကတောင် အလွတ်ရတယ်… ကျနော်တို့ မောင်နှမတွေက အိပ်ပျော်သွားတယ်ဆိုတော့ ပုံကို အစကနေပြန်ပြန်ပြောရော… အဲဒါကြောင့် သီချင်းပုံပြင်ဆို မဆုံးတော့ဘူး…
တစ်ညတော့ ကျနော်တို့ မိသားစု ကန်ပေါ်ထိုင်ရင်း အမေလုပ်သူက လေလယ်လိုက်တာ ညီလုပ်သူရဲ့ အနားမှာ ဆိုတော့ အငယ်ကောင်က အမေ့အီးက နံလိုက်တာ ပုပ်နေတာပဲ ဆိုပြီး စိတ်ဆိုးတယ်လေ... အဖေက “အမေကို ချစ်တယ်ဆို... ချစ်ရင် အမေ့ မစင်ကိုတောင် စားဖူးရမယ်” ဆိုပြီး စတယ်.. အဲဒါနဲ့ ညီမလေးက မစင်က ဘာအရသာရှိလဲ ဒီလောက်နံတာဆိုတော့ အဖေက “ကဲ သားတို့ သမီးတို့သိအောင် မစင် ဘာအရသာရှိလဲ ဆိုတာပြောပြမယ် ”ဆိုပြီး ဒီပုံပြင်လေးကို ပြောပြပါတယ်…
ရှေးအခါတုန်းက ဘာမသိတဲ့ ဗာရာဏသီပြည်မှာ ဘာမသိတဲ့ မင်းတစ်ပါး အုပ်စိုးပါသတဲ့… ဒီဗာရာဏသီမင်းဟာ အရာရာကို စူးစမ်း စပ်စုလိုစိတ်ရှိတာကြောင့် ဥာဏ်ပညာ နဲ့ ပြည့်စုံပြီး ဗဟုသုတ ကြွယ်ဝတဲ့ မူးမတ်များကိုသာ အခစားဝင်ဖို့ ရွေးချယ်ခန့် ထားသတဲ့လေ… သူမေးသမျှ မေးခွန်းတိုင်းကိုလဲ ဂုဏ်ယူစွာနဲ့ မေးတတ်သတဲ့လေ...
တစ်ပတ်တစ်ခါ ညီလာခံဝင်ရင် မင်းကြီးက သူသိလိုတဲ့ အကြောင်းအရာများကို မေးမြန်းပြီး နောက်တစ်ပတ်ညီလာခံ ကျရင် အဖြေတော်ကို ပေးစေတော်မူသတဲ့… မင်းကြီးကျေနပ်အောင် အဖြေပေးနိုင်သူများကိုလဲ မင်းကြီးက ဆုလာဘ်များကို အစဉ်ပေးသနားတော် မူသတဲ့… မဖြေနိုင်ခဲ့ရင်တော့ မင်ကြီးက “ငါ့လိုစဉ်းစားတာကို ဘယ်သူမှ လိုက်မမှီဘူး” ဆိုပြီး ဂုဏ်ယူဝင့်ကြွားတတ်သေးသတဲ့လေ…
အပတ်စဉ်ရောက်တိုင်း မင်းကြီးက ခက်ခဲနက်နဲတဲ့ အရာတွေ… ဘယ်သူမှ မထင်မှတ်ထားတဲ့ မေးခွန်းတွေကို မေးတတ်လွန်းတော့ မင်းကြီး ကျေနပ်လောက်အောင် အဖြေပေးနိုင်တဲ့ မူးမတ် လေးယောက်သာ နောက်ဆုံး ဆံကာတင်ကျန်ပြီး ဒီလို ခက်ခဲနက်နဲတဲ့ အရာများကိုထပ်ခါတလဲလဲ မင်းကြီးကျေနပ်လောက်အောင် ဖြေနိုင်နေခဲ့တယ်…
ဒါကိုမင်းကြီးက မကျေနပ်နိုင်ပဲ တနေ့ မနက်ညီလာခံဝင်တော့…
မင်းကြီးက… “တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရေမြေ့အရှင် ငါဘုရင် ကဒီတစ်ခေါက် အကြောင်းအရာ တစ်ခုကိုသိလိုတော်မူ၍ မေးတော်မူ လိုတယ်… ဒီအကြောင်းရာသည်ကား…. မစင်၏ အရသာ မည်သို့မည်ပုံ ရှိသည်ဆိုတာကို သိလိုတော်မူတယ်… နောက်တစ်ပတ် ညီလာခံ ဝင်လျှင် ငါကိုယ်တော်မြတ်သိလိုတော် မူသော မစင်အရသာကို လျှောက်တင်ရမယ်… မလျှောက်တင်နိုင်ပါက ငါကိုယ်တော်မြတ်နိုင်ငံက နေ ရာထူးစည်းစိမ်ကို ဖြုတ်ပြီး နှယ်နှင်ဒဏ်ပေးတော်မူမယ်” လို့ မိန့်တော် မူပြီး ညီလာခံကို သိမ်းစေခဲ့သတဲ့လေ…
မူးမတ်လေးယောက်ကတော့ မျက်စိမျက်နှာပျက်ပြီး နောက်တစ်ပတ် ညီလာခံ ဝင်ဖို့အရေးကို တွေးကြောက်လို့ နန်းတော်ကနေ ခေါင်းငိုက်စိုက်ပြန်ခဲ့သတဲ့… နောက်တစ်ပတ်အဖြေမှန် ကိုမပေးနိုင်ရင် လူပုံအလယ် အရှက်ကွဲရုံမျှမက မိသားစုအလိုက် နယ်နှင်ခံပေးခံထိမယ့် အရေးတွေးပူလို့ ရက်သတ္တပတ်ပြည့်အောင် စောင့်ခဲ့ရတဲ့ ရက်တွေမှာ သူတို့အတွက် ငရဲကျနေချိန်… မင်းကြီးကတော့ ဒီတစ်ခါ သူတို့ ဖြေရှင်းမယ့် နည်းလမ်းများကို တွေးရင်း ဝမ်းသာနေပါသတဲ့…
ရက်သတ္တပတ်ပြည့်ပြီးလို့ ညီလာခံဝင်တဲ့ အခါမှာ ဗာရာဏသီပြည်သူ ပြည်သားများက မစင်အရသာ မည်သို့ မည်ပုံရှိကြောင်းကို သိလိုတော်မူကြတဲ့ အတွက် နန်းရင်ပြင်တစ်ခုလုံး အုံ့အုံ့ ကြွက်ကြွက်နဲ့ မူးမတ်များရဲ့ အဖြေကို နားထောင်ဖို့ရောက်လာကြသတဲ့…
မင်းကြီး ပလင်ပေါ်ရောက်တော့ “ကဲ ငါကခန့်ထား ငါ့ဆန်စားတဲ့ ငါ့အလိုတော် မူးမတ်များ… ငါသိလိုတော် မူသော မစင်အရသာကို ယခု ပြည်သူပြည်သား များရှေ့တွင် ပြောကြားစေ”လို့ မိန့်တော်မူတော့…
ပထမမူးမတ်က “အရှင်ဘုရား… မစင်ရဲ့ အရသာက ချိုသော အရသာ ရှိကြောင်းပါဘုရား…”
ထိုအခါမင်းကြီးက အံ့သြစွာဖြင့် “ကဲ… မစင် အရသာ ဘယ်လိုချိုကြောင်းကို ရှင်းစမ်းပါအုံး အမတ်ကြီးရဲ့”
ထိုအခါ ပထမအမတ်က “ဘုရားကျနော်မျိုး မစင်အရသာကို သိလိုတော်မူ၍ တစ်ပတ်တိတိ အစားကောင်းများကို စားပြီး စွန့်ထားတဲ့ မစင်ကို စားရန် ကြိုးစား ပါတယ်ဘုရား… သို့ပါသော်လည်း စားဖို့မဝံ့ရဲခဲ့ပါ… ဒီမနက် ညီလာခံဝင်ခါနီးမှ မဖြစ်မနေဆိုပြီး မစင်သွား အလျှင်အမြန် မျက်စိမှိတ်ပြီး လက်နဲ့တစ်တို့ စားခဲ့ပါသဖြင့် မစင်အရသာ ချိုကြောင်းသိခဲ့ရပါသည်ဘုရား” လို့ လျှောက်တင်တော့ မင်းကြီးနှင့် တကွ ပြည်သူပြည်သားများက ဝက်ဝက်ကွဲ ရယ်မောကြသတဲ့…
“ကဲ ဒုတိယ အမတ်ကြီးကရော”
“တင်ပါ့ဘုရား…. မစင်၏အရသာ သည် ချဉ်သော အရသာ ရှိကြောင်းပါဘုရား…”
ထိုအခါ မင်းကြီးထပ်မံ အံ့သြတဲ့ အမူအရာနဲ့ “အလျှင်အမြန်လျှောက်တင်စမ်း မောင်မင်း”
“ဒီလိုပါဘုရား… မစင်၏ အရသာ ချဉ်သည်ဆိုသည်မှာ ဘုရားကျွန်တော်မျိုး လဲ မစင်ကို စားဖို့ရန် ချိတုံ ချတုံ ဖြစ်နေခဲ့ရပါသည်ဘုရား… မနေ့ကတော့ နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် မဖြစ်မနေ လုပ်ရမှာကို သိတော့ မစင်သွားခဲ့ပါတယ် ဘုရား… သို့ပေသည့် မစင်စားဖို့ရန် မဝံ့မရဲ ဖြစ်နေသည့်အတွက် နေစောင်းခဲ့ရပါတယ် ဘုရား.. သို့ပေမယ့် မိသားစု အရေးတွေးပူလို့ လက်နဲ့တစ်တို့ကို မြည်းကြည့်လိုက်ပါတယ်ဘုရား… ထိုအရသာမှာ ချဉ်တဲ့ အရသာဖြစ်ကြောင်းပါဘုရား” ဟုလျှောက်တင်တော့ မင်းကြီး နဲ့ ပြည်သူပြည်သားများ သဘောတကျ ရယ်မောကြပြန်တယ်…
“ကဲ… တတိယ အမတ်ကြီးကရော”
“တင်ပါ့ဘုရား… အရှင်မင်းကြီး သိလိုတော်မူသော မစင်အရသာမှာ ခါးသက် ကြောင်းပါဘုရား… ”
“အလို… မောင်မင်းက ထူးဆန်းပေတယ်… လျှောက်တင်စမ်းပါအုံး”
“ဒီလိုပါဘုရား… ကျွန်တော်မျိုးလဲ ဒုတိယ အမတ်လိုပဲ နောက်ဆုံး နေ့မှာ စားဖို့ရန် တစ်ပတ်လုံးလုံး အစားကောင်းများကိုသာ စားပြီး မနက်စောစော မစင်ကို စွန့်ခဲ့ပါတယ်… သို့ပါသော်လည်း မစင်ဖြစ်နေသည့် အတွက်ကြောင့် စားဖို့ရန် တွန့်ဆုတ်ခဲ့ပါတယ်ဘုရား… ဒီမနက် ညီလာခံ မဝင်ခင်မှသာ မနေ့က စွန့်ထားခဲ့တာကို စားခဲ့ပါတယ်ဘုရား… မစင်၏ အရသာမှာ ခါးသက်ကြောင်း ပါဘုရား” ဟုလျှောက်တင်တော့ မင်းကြီးနှင့် တကွ ပြည်သူ ပြည်သားများက သဘောကျပြီး ရယ်တော်မူပြန်တယ်…
“ကဲ… နောက်ဆုံးအမတ်ကြီးကရော… ဘယ်လိုအရသာမျိုး ခံစားမိတုန်း”
“တင်ပါ့ဘုရားးးး…. မစင်၏အရသာမှာ တနေ့တာ အတွင်း ချိုချဉ်ခါး အရသာသုံးမျိုးရကြောင်းပါဘုရား..”
ထိုအခါ မင်းကြီးနှင့်တကွ ပြည်သူပြည်သားများက
ဟို ဟင် ဟာ
စသဖြင့် အာမေဋိတ် သံများပြုပြီး မင်းကြီးမှာ အမျက်ထွက်တော်မူကာထို အမတ်ကို ဖမ်းချုပ်စေတယ်..
ပြီးတော့ “မောင်မင်း… မောင်မင်းဟာ ရှေးအမတ် သုံးယောက်ရဲ့စကားကို အခြေကောက်ပြီး မစင်ရဲ့ အရသာ ဘယ်လိုရှိကြောင်း ပြောတော့မူတယ်… မောင်မင်း၏ ကြိုးစားအားထုတ်မှု လုံးဝမပါပါ… မောင်မင်း ငါကိုယ်တော်မြတ် အား ကျေနပ်အောင် အဖြေမပေးနိုင်ပါက မောင်မင်းကို ကွက်မြက်တော်မူမယ်” လို့ မိန့်တော်မူတော့…
နောက်ဆုံးအမတ်က “အရှင်မင်းကြီးဘုရား… တပည့်တော်လဲ မင်းကြီး၏ အမိန့်ကို မဖီဆန်ဝံ့ပါ… မင်းကြီးသိလိုသော မစင်အရသာကို သိရန်အလို့ငှာ အိမ်တွင် အကြိမ်ကြိမ် ကြိုးစားခဲ့ ပါသည်ဘုရား… သို့ပါသော်လည်း မစင်ဆိုသည့် စိတ်ကြောင့် တွေဝေ နေခဲ့ပါသည်ဘုရား… မနေ့က နောက်ဆုံးနေ့ဖြစ်သည့် အတွက် ဘုရားကျွန်တော်မျိုး လူမသိအောင် မစင်ကို စွန့် ပြီးစားဖို့ရန် တောထဲသွားခဲ့ပါသည်ဘုရား… မစင်ကို စွန့်ပြီး သကာလမှာ ဘုရားကျွန်တော်မျိုး မစင်ပုံကို ကြည့်ရင်း တွေဝေနေခဲ့မိပါတယ်… ထိုအချိန်မှာ မစင်နားကို ယင်ကောင်များ တအုံးအုံးရောက်လာခဲ့ပါတယ်ဘုရား… ထိုယင်ကောင်များကို ကြည့်ရင်း တွေဝေနေချိန်မှာပဲ ညနေကို စောင်းသွားပါတယ်ဘုရား… အဲဒီ အချိန်မှာ ယင်ကောင်တွေ ပျောက်သွားပြီး ဖြုတ်ကောင်လေးတွေ ရစ်ဝဲလာပြန်ပါတယ်… ဒါကို တွေဝေစွာနဲ့ ထိုင်ကြည့်နေရင်း မိုးစုန်းစုန်းချုပ်တော့ စိတ်ပျက်စွာ အိမ်ပြန်လာခဲ့ပါတယ်… မနက်ညီလာခံ မဝင်မှီ မဖြစ်နေ မစင်အရသာကို သိဖို့ရန် တောထဲသွားပြန်တော့ မနေ့က မစင်ပုံနား ကင်းမြီးကောက်တွေ လာစားနေတာ တွေ့လိုက်ပါတယ်… ဒါကြောင့် ဘုရားကျွန်တော်မျိုး သိလိုက်တာက ယင်ကောင်ဆိုတာ အချိုကြိုက်တယ်… ဖြုတ်ကောင်လေးတွေက အချဉ်ဓာတ်ရတဲ့နေရာကို လာတတ်တယ်… ကင်းမြီးကောက် က ခါးသက်တဲ့အရသာကို မှနှစ်သက်တဲ့ အတွက် မစင်၏ အရသာမှာ ချိုချဉ်ခါး ဖြစ်သည်ဟု ပြောရကြောင်းပါဘုရား” လို့ လျှောက်တင်တော်မူမှ မင်းကြီးနှင့် တကွ ပြည်သူပြည်သားများက နောက်ဆုံးအမတ်ကို နှစ်ထောင်းအားရ အားပေးချီးမြှောက်တော်မူတယ်… မင်းကြီးလဲ နောက်ဆုံးအမတ်ကို သေဒဏ်က လွှတ်စေပြီး အဆောင်အယောင်များကို တိုးမြှင့်ပေးသလို ချီးစားခဲ့တဲ့ မူးမတ်များကိုလဲ အဆောင်အယောင်များ ပေးသနားတော်မူသတဲ့လေ။။။။။။
အဖေပြောတဲ့ မစင်အရသာ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ… တစ်ခုခုတော့ ရလိုက်မယ်ထင်ပါတယ်... ကျနော်တို့ မောင်နှမလဲ အဖေပြောတဲ့ မစင်ပုံပြင်လေးမှာ နှစ်မြောခဲ့ရပါတယ်… အခုချိန် အဖေပြောမယ့် ပုံပြင်တွေကို နားထောင်ချင်နေသေးတယ်… အဖေ့ကို ကျောကုန်းဖုထိုးရင်း မျက်ခုံးမွေး သန်းရှာရင်းပေါ့လေ...
ခုလောက်ဆို မစင်ရဲ့ အရသာ ဘယ်လိုရှိကြောင်း သိကြရောပေါ့… အရင်မူးမတ်တွေလိုတော့ မစမ်းလောက်ဖူးလို့ ထင်ပါတယ်… သေချာတာက အိမ်သာတက်တိုင်း ဖိုးစိန်ရေးခဲ့ဖူးတဲ့ ပုံပြင်ကို သတိရပြီး ဖိုးစိန်ကို မြင်ယောင်ပြီး ပြုံးမိမှာ ကြိုမြင်နေသလားလို့….
ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်
Comments
ဝသန်နဲ့ ပြိုင်ရမယ် ဆိုပဲ ...
haha
အပျော်ပေါ့ နော့်
:D
ဖတ်တာတော့ နောက်မှ ဖတ်မှာ
အခုက နေရာဦးတာ
နေဒေးသစ်။
ခုတော့ ၂ပေါ့
ဟီဟိ
ကုန်မှရောက်လာတာနော်
ဟဲဟဲ
စိတ်မဆိုးနဲ့ 
နောက်ဆုံးအမတ်က တော်တယ်။
တူရီးတော်
ဟိ
ပြန်ပြီ
တော်တော်နောက်တဲ့အကို
ခက်ပ
အီးအကြောင်းကြီးးးးးး
:D
စကားမစပ် ကိုဖိုးချိန်ကရော ၁ အမတ်လား
၂ အမတ်လား
ကျွန်တော်ကတော့ ၄ အမတ်ပဲ လုပ်မယ်
ကိုဝသန့်ကို ၂ ပေးလိုက်
ကိုချိန် ၁ လုပ်
:D
ခင်မင်မှုဖြင့်
နေဒေးသစ်။
မှတ်ချက်။ ။ ဒီညနေစာ မစားတော့ပါ ။။။ :D
ပုံပြင်ထဲက အရသာ....ခံစားမှတ်သားသွားပါတယ်။
ကိုကြီးတို့ မိသားစုလေးက တကယ်နွေးထွေးကြ
တယ်လို့ ယူဆမိပါတယ်.....။
ကိုကြီးပျော်ရွှင်ပါစေ....နော်
အမြဲအားပေးလျှက်...
ညီမဂျစ်
မစင် ဆိုတာနဲ့ ပြေးလာတော့တာကိုကွ။
အဖေပြောသော ပုံပြင်လေးနှစ်သက်မိတယ်။
အဖေကိုလည်း သတိရသွားတယ်။
ကျနော် အဖေက ပုံမပြောပြတက်ဘူး။
အဖေ ဆိုတဲ့ ကရင် သီချင်းတော့ နည်နည်း ရတယ်။
ခုလိုတွေ့ရတော့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
ဒီလိုလေးပဲ နေပါကွာ။
ရီနို
ရှုလို့ ပီးသွားပြီး)
ကျွန်တော် ကတော့ မင်းတြားကြီးပဲ လုပ်တော့မယ်
မကောင်းဘူးလား
ကိုစိန် က ၁ အမတ်
ဟဲဟဲ
ခင်တဲ့
ညီ
ဝသန်
အလျှောက်ကောင်း အထောင်းသက်သာတဲ့
ဒီပုံပြင်လေး မနက်တိုင်း သတိရနေတော့မှာ.. သေချာတယ်။
ဖေဖေချစ်တဲ့ သားကြီးးးးးး.....
အမြဲ ကျန်းမာပကတိ ချမ်းသာစွာ ရှိပါစေဗျာ
ဖိုးစိန်ချီးးးးးးးးးးးးးးးးးးးးးးးးးစ် ကြိုက်တယ်ဆိုတာလဲ သူပြောပြဖူးတာပဲ...
းဝ)
မမြည်းတော့ဘူး
မစပ်တယ်ဆို ရင်တော့ မြည်းမလားလို့ 
စဉ်းစား နေတာ ။။
ရှေ့ က လူတွေ စားတာ နဲ့ ကုန်သွားလို့ 
တော်သေးတာပေါ့ ကွယ်။။ ဟိဟိ
ဘာမှမယူဘူးနော်
ဒါနဲ့နေပါအုံး
နေဒေးသစ်နဲ့ ၀သန်နဲ့က
နံပတ်ပဲလုနေတာလား
သူတို့ပဲမန့် နေကြတယ်
အပြိုင်အဆိုင်ပဲနော်
ချစ်ခင်တဲ့
ကျဲးကျဲး
ဒါကြောင့်ခု မနက်မှဖတ်ရတယ်
ကြားဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ပေမယ့်
ခုလိုပြန်ဖတ်ရတော့လည်းကောင်းတာပါပဲ..
ပန်ပန်ကလည်း အီးဋီကာတဲ့
ခုလည်း အရသာခံနေပြန်ပေါ့ :D:D
ခင်မင်လျှက်
အဆိပ်ခွက်
တော်တော်ပုံပြင်ပြောတတ်တာပဲ။
တော်တော်ရ ယ်ရတယ်။
ဟတ်ဟတ်
အူးအူးဖွတ်ချိန်ကရော အီအီးရဲ့
အရသာ ဘာလဲတော့ တိမှာမဟုတ်ဘူး...
ပိပီပီး ကိုတော့သိမှာ ..အဟတ်
:P :P
(ညအိပ်တဲ့ အခါကျရင်လဲ ညတိုင်းညတိုင်း ပုံပြင်ပြောပြရမယ်နော်....မောင် )
ထက်ထက်မိုးဦး ကာတီးရား စိန်တိုက် ကြော်ငြာသံဖြင့် ပြောသွားခြင်း ....
အဟတ်အဟတ်.. :P
မောင်ချစ်တဲ့ချစ်ချစ်
ချစ်ချစ် ချစ်တဲ့မောင်
အဟတ်... :P
ခုမှလာတာဟုတ်ဘူးးးး
လာဖတ်ပီးတာ ကြာပီ...
ခုမှ မန့်ဖြစ်တာ....
ပုံပြင် လန်းလန်းလေးတွေ ရေးပါအုံးနော်...
ေ-းပုံပြင်ရယ် -ီး ပုံပြင်ရယ်...
ပြီးတော့ ဘာလာအုံးမလဲဟင်....
with best wishes,
avocado
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
အခုရောက်ရော ဘာမှကို မရှိတော့ဘူး ပြောင်လို့ ရှင်းလို့
ဒီပုံပြင်တော့ မကြားဖူးဘူးဗျ...
စာဖတ်သူတွေကို ပြုံးပျော်စေတာကိုက ရေးသူရဲ့
စေတနာပေါ့ဗျာ...။
ကိုဖိုးစိန်လည်း လန်းဆန်းပျော်ရွှင်ပါစေ
ဝေါ့ ထွီ....
နေဒေးတို့ကတော့ မစင်ဆိုလဲ နံပါတ် ၁ ပဲ..တော်ပါ့.း)
ဗဟု သုတ တိုးပါ ဘိဗျာ
ပြီးတော့ အီအီး
ဖိုးစိန်ရေ နင့်ဟာ မရိုးတော့ဘူးနော်..
မှန်မှန်ပြော.....
ခံတွင်း မလိုက်တော့ဘူးနဲ့တူတယ်....
ဟိဟိ ...စတာနော်....
Best regards,
Hillary