ဖိုးစိန်နဲ့ ဥ ရာဇဝင်
ခုဆိုရင် ဆိုက်ပရပ်စ်မှာ နွေရာသီရောက်ပြီး… အငွေ့တွေ တလျှံလျှံ နဲ့ အပူရှိန်ကမြင့်လာပြီး… နေရာတိုင်းမှာ ပူလောင် ခြောက်သွေ့လို့ ရှိရှိသမျှ လူတွေက ကမ်းခြေတွေကို မနက် လင်းတာနဲ့ ရောက်ကုန်ပြီး… ကျနော်ကိုယ်တိုင် နွေမှာ ခြံရှင်းတဲ့ အလုပ်တွေကို လက်ခံရင် မနက်ကို (၅)နာရီလောက်ထပြီး မနက်(၈)လောက်ထိပဲလုပ်တယ်… တစ်ရက်တည်းနဲ့ မပြီးရင်တော့ နှစ်ရက်လောက် ဆက်လုပ်ပေါ့… မနက်(၈) နာရီ နေက တော်တော်ပူနေပြီးဆိုတော့ မလုပ်နိုင်ဘူး… ခုရက်ပိုင်းလဲ အားနေတာနဲ့ အချိန်ပိုင်း ခြံတစ်ခြံ သန့်ရှင်းရေးသွားလုပ်တယ်…
အိမ်ရှင် အဖိုးကြီးက ကျွန်တော့်ကိုချစ်လို့ ဆိုပြီး ခြံရှင်းပြီးတော့ ကျနော့်ကို မနက်စာ သူတို့ လင်မယားနဲ့စားဖို့ ဂရိဆန်ဆန် ပြင်ဆင်ထားတယ်… ကျနော့်အတွက် ခရမ်းချဉ်သီးကို အကွင်းလိုက် လှီးပြီး အိုးကပ်ကြော်တယ်… ဟာလူမီချိစ့် လို့ခေါ်တဲ့ ချိစ့် အမာကို ကြော်တာရယ် ကြက်ဥမကျက်တကျက်ကြော်တာ နှစ်လုံး… ပါမုန့်မီးကင် ထောပတ်သုတ်လေးနဲ့ နွေရာသီမှာ သောက်တဲ့ကော်ဖီအေး (Frappé) ကိုပြင်ဆင်ပြီး သူတို့လင်မယားကတော့ ဖရဲသီးကို ဟာလူမီချိစ့်နဲ့စားပြီး ဂရိကော်ဖီ(ကျနော့်အခေါ် မြေကြီးကော်ဖီ) ကိုသောက်တယ်
အိမ်ပြန်တော့လဲ သူ့ခြံထွက် ကြက်ဥတွေ ပေးလိုက်တာမှ အလုံးရေ တော်တော်များတယ်… ဥမကြိုက်တဲ့ ကျွန်တော်လဲ စေတနာနဲ့ ပေးတာဆိုတော့ မလိုချင်ပေမယ့် စေတနာကို အသိအမှတ်ပြုယူခဲ့တယ်… အပြန်လမ်းမှာဒီဥတွေကို ကုန်အောင်လဲ မစားနိုင် ဘာလုပ်ရင်ကောင်းမလဲတွေးရင်းနဲ့ ကျွန်တော့်အိမ်ကို သတိသွားရမိတယ်… အမေသတိရတိုင်းပြောတဲ့ ရာဇဝင်ထဲတွင်စေတဲ့ ကျွန်တော်နဲ့ ဥ အကြောင်းပြောပြမယ်..
ကျွန်တော်ငယ်ငယ် လေးကတည်း ကပေါ့... (ငယ်တယ်ဆိုပေမယ့် တော်တော်လေး သိတတ်တဲ့ အရွယ် ရောက်နေပါပြီး)… ဥ ဆိုရင် ကျွန်တော်က ဘဲဥ၊ ကြက်ဥ၊ ငုံးဥ၊ ဥ မှန်သမျှ အကုန်မုန်းတယ်… လုံးဝကိုမကြိုက်တာ… ဒါပေမယ့် ပါမုန့် ကြက်ဥကြော်ကိုတော့ ကြိုက်သဗျာ… အသီးအရွက် အမျိုးအစားမှာပါတဲ့ … ကန်စွန်းဥ၊ ဝဥ ၊မုန်လာဥ ၊ပီလောပီနန်ဥ… ဒီဥတွေကိုတော့ တော်တော်လေး ကြိုက်တယ်… ကျွန်တော်တို့ အိမ်က အိမ်သား ငါးယောက်ထဲမှာ ဥမစားတာ ကျွန်တော် တစ်ယောက်ပဲ ဆိုတော့ လေးမဲ တစ်မဲနဲ့ ရှုံးလေ့ရှိတယ်…
ကျွန်တော် ဥကိုမုန်းသလောက် ညီ နဲ့ ညီမ က တော်တော်လေးကြိုက်တယ်လေ… အမေက သူတို့  လေးတွေ ကြိုက်မှန်းသိတော့ ဘဲဥဟင်း၊ ကြက်ဥဟင်းတို့ကို ပြုတ်ချက်၊ ကြော်ချက်… ချက်နည်းမျိုးစုံ သုံးပြီး ချက်ကြွေးလေ့ရှိတယ်… ဒီဥဟင်းက အချိန်လဲ သက်သာတယ်… လူလဲသက်သာ တယ်ဆိုတော့ အမေခမျာ တစ်ပတ်မှာ လေးရက်လောက် ချက်ချင်နေတယ်လေ..
ကျွန်တော် ဥမကြိုက်တာကို သိတော့လဲ ဟင်းချက်ရင် ငါးခြောက်ဖြစ်ဖြစ် အာလူး၊ ခရမ်းသီးဖြစ်ဖြစ် ရောချက်တယ်… ကျွန်တော်က အဲဒါလေးတွေပဲ ရွေးစားရတာ... အငယ်နှစ်ကောင်က ကျတော့ ဥလဲ စားရတယ်…ငါးခြောက်ဖတ်ကလဲ ပါလိုက်သေး… အာလူးဆိုလဲ နှစ်တုံးလောက်ရတယ် ဆိုတော့ ကြာတော့လဲ စိတ်ထဲမှာ တင်းတင်းလာ တာပေါ့…
တစ်နေ့ ကျွန်တော် မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ အမေ့ကို ဘာဟင်းလဲလို့ လှမ်းမေးတော့ အမေက သွားစရာလေးရှိလို့ မြန်မြန်ပြီးအောင် ဥဟင်းတဲ့… စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားတယ်… တနေ့ကပဲ ကြက်ဥမွှေချက်ချက်ပြီးတယ်… ဒီနေ့တစ်ခါ ဘဲဥကို ရေကျန်ဆီပြန် ကာလသားချက်တဲ့လေ… စိတ်တိုတိုနဲ့ အမေ့နားသွားပြီး အမေဖွင့်ပြတဲ့ ဟင်းအိုးလေးကို ကြည့်လိုက်တော့ ဆီတဝင်းဝင်းနဲ့ ဖြူဖြူဖွေးဖွေး ဥတွေ… ကြည့်ရင်းကြည့်ရင်း ဒေါသတွေက တဖွားဖွား…
စိတ်ထဲမှာလဲ အခဲက မကျေချင်… တစ်ခါလာလဲဒီဥ နှစ်ခါလာလဲဒီဥ… သူမအားတိုင်း ချက်ပဲချက်နိုင်တဲ့ ဒီဥဆိုပြီး ဟင်းအိုးနဲ့အတူ အမေလုပ်သူကို ဒေါသဖြစ်လာတယ်… ဒါနဲ့ အမေ့ကို “ကျက်ပြီးလာအမေ” လို့ မေးတော့… အမေက “အံမယ်… ငါ့သားစိန်က ဒီနေ့ကျတော့ အမေ့လက်ရာကို သွားရည်ယို နေပြီးပေါ့ ဟုတ်လား… စားချင်နေတယ်ပေါ့လေ… ကြည့်လိုက်စမ်းဘာအုံး… ဘယ်လောက်ကောင်း သလဲဆိုတာ…လျှာလည်လို့ ဆွေမျိုးမေ့သွားမယ်... ကျက်ပါပြီးရှင်” ဆိုပြီးဟင်းအိုးကိုထပ်ဖွင့်ပြတော့…
ကျွန်တော်လဲ တင်းတင်းနဲ့ ဒီလောက်တောင် ချက်ချင်နေတဲ့ ဥဟင်း လျှာလည်လို့ ဆွေမျိုးမေ့အောင် စားကောင်းစေရမယ် ဆိုပြီး ဘောင်းဘီဇစ်ကိုဖွင့် ဟင်းအိုးထဲ ကို ရှူးရှူးတွေ ပန်းလိုက်တာပေါ့ဗျာ… အမေခမျာ “အဲတော့ တကယ် ပေါက်တယ်တော့်” ဆိုပြီး ဟင်းအိုးကို နမ်းလိုက် ကျွန်တော်ကို ငေးကြည့်လိုက်နဲ့ အမေ့ခမျာ ငိုမလို ရယ်မလို… အိမ်ရှေ့မှာ ဧည့်သည်နဲ့စကားပြောနေတဲ့ အဖေကို ဟင်းအိုးပြပြီး လှမ်းတိုင်ပါလေရောဗျာ…
အဖေ နောက်ဖေးဝင်လာတော့ ဟင်းအိုးကို ထပ်နမ်းပြီး ဒေါသထွက်တဲ့ မျက်နှာနဲ့ “မင်းကွာ” ဆိုပြီးရိုက်မလို့ နှီးဖျားနဲ့ ရွယ်ရုံရှိသေး… “အောင်မလေး သေပါပြီးဗျ” လို့ ကြိုအော်တော့ သူခမျာ တကယ်ပဲ ရိုက်ရမလိုလို… ပြန်ပြီးချော့ရမလိုလို အမေကတော့ ဟင်းကိုပဲ သွန်ပြစ်ရတော့ မလိုလို… ဥတွေကိုရေဆေးပြီး ထပ်ချက်မလိုလိုနဲ့ တော်တော်စိတ်ကုန်သွားပြီး သွန်လိုက်ရတယ်… တနေကုန်လဲ ပရိတ်ရွတ်သလို ပွစိပွစိလုပ်နေတာ မပြီးတော့ဘူး… ကျနော့်ကို ဒဏ်ခတ်တဲ့ အနေနဲ့ ဆီနဲ့ ဆားနဲ့ ထမင်းစားလိုက်ရတယ်…… မိန်လိုက်တာ... ဥဟင်းထက်တော့ ကောင်းတယ်…..
ထိုအချိန်မှစ၍ပေါ့ …
အိမ်မှာ ဥဟင်းချက်ရင် အမေက ကျွန်တော် မမြင်အောင် ချက်ပြီးတာနဲ့ ဖွက်တော့တာဘဲ... တစ်ခါတစ်လေများ အမေက ကျနော်ရှိတဲ့အချိန် ဟင်းကို သိမ်းထားဖို့များ မေ့ခဲ့ရင်… ညီမလေးက အစ အဖေ အဆုံး ထမင်းစားခါနီး ဟင်းအိုးကို ပြေးနမ်းလိုက်… ကျွန်တော့် မျက်နှာကို လာကြည့်လိုက်... ပြုံးစိစိနဲ့ ထမင်းမစားခင် အလုပ်ကို ရှုတ်လို့…
အခုချိန်ထိ အမေက အိမ်မှာ ထမင်းလာစားတဲ့ ဧည့်သည်တိုင်းကို ကျွန်တော် ရဲ့  ဥ ရာဇဝင် အကြောင်း အမြဲ ပြောပြတုန်းပဲ… အမေက ဘယ်တော့မှလဲ မေ့မှာမဟုတ်ပါဘူး… ဒီရောက်တော့ ဥကို မကြိုက်လဲ စားဖြစ်နေတယ်… တစ်ခါတစ်လေ အမေနဲ့ ဖုန်းစကားပြောလို့ “သားဘာဟင်းချက်လဲ” လို့မေးတဲ့အခါ ကျနော်ဥဟင်းချက်တာနဲ့ဆုံခဲ့ရင် ကျနော်က “ဘာဟင်းရှိမလဲ အမေရယ် ကျနော်သိပ်ကြိုက်တဲ့ “သေးဥဟင်း” ပေါ့ ”လို့ပြောရင် အမေ့ခမျာ တစ်ခစ်ခစ်နဲ့ သဘောကျလို့ မဆုံး…
သြော် … ကျွန်တော် မကြိုက်တဲ့ ဥ…. အခုတော့ တပွေ့ တပိုက်ကြီးဗျ…

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
နံပါတ်တစ်ပါလား...
ကောင်းမှကောင်း...
ဥဟင်းကို လာဖတ်တယ်နော်...
နှာခေါင်းပိတ်ပြီး ပြေးပြီ...
နောက်နေ့မှ ပြန်လာလည်မယ်...
ရာဇဝင်ထဲက ဥ ပေါ့နော်...
လာဖတ်တယ်နော်
း)
ညီမလေး
ကျဲးကျဲး
ကျတော့ မပန်းတော့ဘူးလား
ဟာဟ
သူလည်း ဥ ရာဇ၀င် နဲ့ ကိုး
းဝ))
ဝသန်မိုျး
ကိုယ်က ကြက်ဥကြော်ဆို သိပ်ကြိုက်။
ကြံကြံဖန်ဖန် နော် ကိုယ်ဆို အမေက ဆော်ပြီးသားပဲ။
ချစ်သယ်ရင်း ရီနို
ရက်စက်ပါပေ့။ ဒီလောက်ကောင်းတဲ့ဟင်းကိုများ။မေလေးဆိုရန်ကုန်မှာအဆောင်နေတုန်းကကြက်ဥကြော်ကိုဟင်းကောင်းလုပ်စားလာတာ။ကြက်ဥကြော်။ကြက်ဥအချဉ်ရည်ဟင်း၊ကြက်ဥပြုတ်ကိုကြက်သွန်နီနဲ့သုတ်၊နောက်ချက်နည်းတွေလဲရှိသေး။အဟီးးသိချင်လာမေးနော်။သင်ပေးမယ်။အခုလဲကြက်ဥချက်တဲ့ရက်ကခပ်များများရယ်။စလုံးလာလည်ရင်ကြ်ဥကိုနည်းမျိုးစုံချက်ကျွေးမယ်သိလားးလာသာလာခဲ့ချေ။
မေလေး
ကိုယ်ချင်းရယ်မှ မစာနာ ...
ဥ ... ဥ ...အဲဒီ ဥ....
ရှိတာလေး ဘာလုပ် ပစ်လိုက်လဲ ၊
ပြော ပါ ။ ပြော ပါ
လုပ်ရက်လိုက်တာ
ဘာတဲ့နာမည်လေးလှတယ်
သေးဥဟင်းတဲ့
:P
ဥ မုကိုက်တဲ့ ငါ့ညီကို ဥဟင်း ချက်မကျွေးရဘူး ဆိုတာ။
ဟားးဟားးးးးး
:-)
ရတယ်လို့ ။ ရာဇဝင် နှင့် ဥ ကို တဝါးဝါး တဟားဟားနှင့်
ဖတ်သွားပါကြောင်း။
ခင်မင်ခြင်းနှင့်
တလနွန်
ဒီပိုပစ် ဖတ်ပြီး စိတ်ပြောင်းရတော့မယ်ထင်ပ...။
အီးဟီး..
လာဖတ်တယ်နော်
ရေးတတ်ပါ့
ခင်မင်လျက်
နေဒေးသစ်။
but I have to now :( :(
by the way,how are u ? long time no see !!
မသိခက်မယ်နော်... :P
ခင်တဲ့
မကြီး
ပြန်ဖတ်သွားတယ် .. ငယ်ငယ်လေးတည်းကလဲ ကြိုကန်တဲ့ အကျင့်ရှိတယ်နော်?
လေးစားလျက်
တောင်ပေါ်သား
:(
ကိုကြီးရဲ့ အရေးအသား တွေက ပေါ့ပေါ့ပါးပါး
လေးတွေနဲ့ ရယ်ရတယ်...ဗျ ။
ကိုကြီးရဲ့ ဥရာဇ၀င်ကို လာအားပေးသွားတယ် ။
ကိုကြီး အမြဲအားပေးလျှက်ပါနော်.....။
ညီမဂျစ်ရဲ့ အိမ်လေးကို မငြီးမငြူ လာအားပေး
လို့ ကျေးဇူးပါကိုကြီး....။
အသစ်လေးတွေကို အားပေးနေတတ်တဲ့ ကိုကြီးကို
တကယ်လေးစားမိပါတယ်.....။
ကိုကြီး အမြဲပျော်ရွှင်ပါစေ....လို့ ဆန္ဒပြုပါရစေနော်။
ချစ်ခင်လေးစားစွာဖြင့်...
ညီမငယ် ဂျစ်
ခင်မင်လျှက်
အဆိပ်ခွက်
ဥဟင်းချက်စားတိုင်း ဒီပို့စ်ကို သတိရပြီး ပြုံးနေမိတော့
မှာပဲ.....။
ဟေ့ဖိုးစိန်..ကမ္ဘာရန် ကွ..
ကျွန်တော်က ဥသူရဲ
ဥသိပ်ကြိုက်
း)
မင်းနှယ်ကွာာာာာာာာာာာာ
းo|
ဆိုးလိုက်တာ
း(
နာနာရိုက်သင့်တယ် :P