ချစ်ခြင်းအနုပညာ
အနုပညာဆိုတာ
အဆင်ပြေမှုတစ်ခုတဲ့
ဆရာဇော်ဂျီက ပြောခဲ့တယ် ………..။
အဆင်ပြေမယ်ဆိုရင်….
ကောင်းကင်အိုအိုအောက်မှာ
စံပယ်ညိုညိုတွေ ပွင့်ချင်ပွင့်မယ်....
ခုတ်မောင်းနေတဲ့ ရထားက
ဘူတာကျော်ပြီး ရပ်ချင်ရပ်လိမ့်မယ်.....
ရေဇလုံထဲမှာ
လှိုင်းကြက်ခွပ်လေးတွေ ထချင်ထနေလိမ့်မယ်.....
ချစ်သူရေ....
မင်းနားမလည်ရင်နေပါ..
ဒီအတိုင်းလေးပဲ ငါ့အနားမှာရှိနေပေးပါ...
ငါ... အချစ်တွေနဲ့ အနုပညာမြောက်တဲ့ ဘဝတစ်ခု
ပိုင်ဆိုင်ခွင့်ရချင်တယ်………….။
ဖိုးစိန်( ဖိုးကြံ-၂၀၀၂)
ဖိုးကြံဆိုတာ ဖိုးစိန်ရဲ့ အရင်စာရေးတဲ့နာမည်ပါ.. သူငယ်ချင်းတွေက ကျန်ရစ်ဆိုပြီးခေါ်ကြတယ်.. ဖိုးကျန်တဲ့လေ...
ဒီကဗျာလေးကတော့ (၂၀၀၂)ကပါ... အဲဒီနှစ်က “မင်း-ငါ-ကိုယ်-အချစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစာအုပ် ပါးပါးလေး တစ်အုပ်ထုတ်ခဲ့ဖူးတယ်... ကော်ဖီဖိုးတောင်မကျေဘူး... အကြောင်းသိတွေ ဆိုတော့ ဝေဖန်လိုက်တာများ... ကဗျာစာအုပ်တောင် ဆွဲဖြဲချင်စိတ်ပေါက်တဲ့အထိ... ရေးခဲ့တဲ့သူတွေကတော့ ကျနော်ရယ်... ကလျာရယ်... ငယ်ရယ်.. ဟေမာန်ရယ်... ချစ်ဦးရယ်...ပါ... ဒီထဲကမှ တစ်ယောက်သောသူကို ရည်ရွယ်ပြီးရေးပေးခဲ့တဲ့ ကဗျာလေးကို တင်လိုက်တာပါ... (စကားများလွန်းလို့)း)

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
အံ့ရော
:D
နေဒေးသစ်။
ပိုင်ဆိုင်နိုင်စေ
စိတ်မဆိုးပါနဲ့နော်။မနေ့ကစာမေးပွဲရှိလို့ ဘယ်အိမ်မှမလည်ဖြစ်ဘူးလေ။ ဒီနေ့မနက်ကျတော့ အိမ်လိုက်လည်နေတာ၊ကိုကြီးအိမ်ရောက်နေပြီ၊ဖတ်လဲဖတ်ပြီးပြီ။မန့််မလို့ဟာ သူဌေးကတော်လာလို့လေ။သူထွက်သွားလိုက် မန့်မလို့လုပ်လိုက် သူပြန်ဝင်လာလိုက်နဲ့ မမန့်ဖြစ်တာ။ စိတ်ဂျိုးနဲ့နော်။ရော့ရော့ ရေခဲမုန့် ဝယ်လာတယ်။စိတ်ဆိုးပြေလိုက်နော်။
မမနော်ပြောသလို “အချစ်တွေနဲ့အနုပညာမြောက်တဲ့ဘဝတစ်ခု
ပိုင်ဆိုင်နိုင်စေ”
အမနော်လို ၀ိုင်းပြီး ဆုတောင်းပေးသူတွေ အများကြီးပါ ညီလေး။ ချစ်ခြင်းရဲ့ အနုပညာ ကို ခံစားသိတတ် နားလည်သလို ချစ်သူကို ချစ်တတ်သူ တယောက်လဲ ဖြစ်ပါစေဗျာ။
*ဒီထဲကမှ တစ်ယောက်သောသူကို ရည်ရွယ်ပြီးရေးပေးခဲ့တဲ့ ကဗျာလေး* တဲ့။ ဆိုင်သူတယောက်လဲ ဒီကဗျာလေး ဖတ်ကာ အမှတ်ရပါစေဗျား။
ချစ်သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ...
ချစ်ခင်လျက်
ကိုကြီး မိုးကုတ်သား
ကဗျာလေးကောင်းပါတယ်ရှင်
အဘိုးကြီး လေသံနှင့် ဆုတောင်းသွားသည်။ :)
ဖိုးကြံ ဆိုတာ ကလောင်နာမည်လား :)
ခင်မင်ခြင်းများစွာနှင့်
တူရီးတော်
ညီမဂျစ် ကဗျာလေးကိုကြိုက်မိတယ် ။
နောက်ထပ်ရှိရင် တင်ပေးစေချင်ပါတယ်....။
အဲ့ဒီကဗျာလေးက ခုထိအမှတ်တရ ကိုကြီး
ဆီမှာ ရှိနေသေးတာကို လေးစားမိတယ်။
ညီမလေးကတော့ ညီမလေးချစ်သူ ပေးတဲ့
ကဗျာတွေ စာတွေကို သိမ်းထားလေ့ရှိတယ် ...။
ဘာပဲဖြစ်ဖြစ် ဂျစ်ကိုကြီး ချစ်တဲ့သူနဲ့ ပေါင်းရပါစေ..။
ဘ၀လှလှလေး ပိုင်ဆိုင်ပါစေ............လို့ ဂျစ် ဆုတောင်းပေးလိုက်တယ်.....ကိုကြီး။
ချစ်ခင်လေးစားစွာဖြင့်
ညီမငယ်ဂျစ်

ကဗျာလေး ကိုလာခံစားသွားတယ်နော်။
ခုထိကော ရှိသေးလား။ အဲ့ တစ်ယောက်သော သူလေး။
ချစ်တဲ့
သယ်ရင်းရီနို
:P
ဘာလို့ ဘူတာကျော်ရပ်တာလည်း... ကြားထဲက လူတွေ ကို မတင်ချင်လို့ လား...။
ရေဇလုံထဲမှာ လှိုင်းကြပ်ခွပ်ထတာတော့ မမြင်ဖူးသေးဘူး
ဖြစ်နိုင်မယ်ဆိုရင်ဘယ်လို လုပ်ရမလဲ ရှင်းပြပါလား
ဟီးးး
လိုက်ဖျက်စီးတယ်လို့ မထင်နဲ့ နော်...။
ချစ်လို့ စတာ..။
နေရာမှာထား။:)
(အီးမေး မှားပြီးထည့်လိုက်မိလို့ ထပ်မန့်လိုက်တာပါ)
ဘာပြောရ မှန်း ကို မသိလို့ 
ဘာမှ မပြော တော့ ဘူး ဆို တာ ကို
လာပြောတာလေ ။
ပြော ကို မပြောချင်တော့ဘူး ...
ပြော ကို မပြောချင်တော့ဘူး .......
ဒေါ်မြလေး လေသံ နဲ့  ပြောသွား ပါတယ် .
ယောက်ျားရသွားပြန်ပြီ မဟုတ်လား...
းဝ)
အဲ့တယောက်ဘီသူလဲဟင်
း(
ချစ်ခင်လေးစားစွာဖြင့်
ကျဲကျဲ
လေးစားလျက်
တောင်ပေါ်သား
ညီတော့ နည်းနည်းထိထားတာ သက်သာသွားပြီ
အဟတ် ကဲ ခုချိန်ကစပြီးညီ သောင်းကျန်းတော့မယ်
ချစ်ကိုလိုက်ထိန်းပေတော့
ရေခွက်ထဲမှာ
အရက်ရှိချင်ရှိမယ်
ချီးထူရေ မင်းနားမလည်ရင်
အမြည်းလုပ်ပြီးအနားနေပေးပါ
ဒီအတိုင်းမနေပါနဲ့  ငှဲ့ ပေးပါ အရက်
အဟတ် အမှန်က ဒီလို မလား ချစ်ကိုရ
ရပ်ရိုး ရပ်စဉ် ရပ်..း))
စပယ် ပန်း သိပ်ကြိုက် မွှေးနေတာပဲ..
ခင်မင်လျက်
မင်းနားမလည်ရင်နေပါ..
ဒီအတိုင်းလေးပဲ ငါ့အနားမှာရှိနေပေးပါ...
ငါ... အချစ်တွေနဲ့ အနုပညာမြောက်တဲ့ ဘဝတစ်ခု
ပိုင်ဆိုင်ခွင့်ရချင်တယ်………….။
ကောင်းပါ့. :D