ချစ်ခြင်းအနုပညာ

အနုပညာဆိုတာ
အဆင်ပြေမှုတစ်ခုတဲ့
ဆရာဇော်ဂျီက ပြောခဲ့တယ် ………..။


အဆင်ပြေမယ်ဆိုရင်….
ကောင်းကင်အိုအိုအောက်မှာ
စံပယ်ညိုညိုတွေ ပွင့်ချင်ပွင့်မယ်....

ခုတ်မောင်းနေတဲ့ ရထားက
ဘူတာကျော်ပြီး ရပ်ချင်ရပ်လိမ့်မယ်.....

ရေဇလုံထဲမှာ
လှိုင်းကြက်ခွပ်လေးတွေ ထချင်ထနေလိမ့်မယ်.....


ချစ်သူရေ....
မင်းနားမလည်ရင်နေပါ..
ဒီအတိုင်းလေးပဲ ငါ့အနားမှာရှိနေပေးပါ...
ငါ... အချစ်တွေနဲ့ အနုပညာမြောက်တဲ့ ဘဝတစ်ခု
ပိုင်ဆိုင်ခွင့်ရချင်တယ်………….။


ဖိုးစိန်( ဖိုးကြံ-၂၀၀၂)

ဖိုးကြံဆိုတာ ဖိုးစိန်ရဲ့ အရင်စာရေးတဲ့နာမည်ပါ.. သူငယ်ချင်းတွေက ကျန်ရစ်ဆိုပြီးခေါ်ကြတယ်.. ဖိုးကျန်တဲ့လေ...
ဒီကဗျာလေးကတော့ (၂၀၀၂)ကပါ... အဲဒီနှစ်က “မင်း-ငါ-ကိုယ်-အချစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစာအုပ် ပါးပါးလေး တစ်အုပ်ထုတ်ခဲ့ဖူးတယ်... ကော်ဖီဖိုးတောင်မကျေဘူး... အကြောင်းသိတွေ ဆိုတော့ ဝေဖန်လိုက်တာများ... ကဗျာစာအုပ်တောင် ဆွဲဖြဲချင်စိတ်ပေါက်တဲ့အထိ... ရေးခဲ့တဲ့သူတွေကတော့ ကျနော်ရယ်... ကလျာရယ်... ငယ်ရယ်.. ဟေမာန်ရယ်... ချစ်ဦးရယ်...ပါ... ဒီထဲကမှ တစ်ယောက်သောသူကို ရည်ရွယ်ပြီးရေးပေးခဲ့တဲ့ ကဗျာလေးကို တင်လိုက်တာပါ... (စကားများလွန်းလို့)း)


ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
၁ လာယူတာ :D
အဲဒီကိုနေဒေးက တနေကုန်များ စောင့်နေတာလားမသိဘူး..ဟွန်း.
MANORHARY said…
အမ်
အံ့ရော
Anonymous said…
ဖြစ်နိုင်ရင် အဲ့ ကဗျာ စာအုပ်ထဲက ကိုဖိုးချိန် လက်ရာ အားလုံး ဖတ်ချင်တယ် ...
:D
နေဒေးသစ်။
Anonymous said…
ကဗျာလေးလှတယ်.. ထပ်ရေးဦးလေ.. အဟောင်းတွေ ပြန်ခံစားနေတာလား
MANORHARY said…
အချစ်တွေနဲ့အနုပညာမြောက်တဲ့ဘဝတစ်ခု
ပိုင်ဆိုင်နိုင်စေ
မေလေး said…
ကိုကြီး
စိတ်မဆိုးပါနဲ့နော်။မနေ့ကစာမေးပွဲရှိလို့ ဘယ်အိမ်မှမလည်ဖြစ်ဘူးလေ။ ဒီနေ့မနက်ကျတော့ အိမ်လိုက်လည်နေတာ၊ကိုကြီးအိမ်ရောက်နေပြီ၊ဖတ်လဲဖတ်ပြီးပြီ။မန့််မလို့ဟာ သူဌေးကတော်လာလို့လေ။သူထွက်သွားလိုက် မန့်မလို့လုပ်လိုက် သူပြန်ဝင်လာလိုက်နဲ့ မမန့်ဖြစ်တာ။ စိတ်ဂျိုးနဲ့နော်။ရော့ရော့ ရေခဲမုန့် ဝယ်လာတယ်။စိတ်ဆိုးပြေလိုက်နော်။
မမနော်ပြောသလို “အချစ်တွေနဲ့အနုပညာမြောက်တဲ့ဘဝတစ်ခု
ပိုင်ဆိုင်နိုင်စေ”
Mogok Thar said…
အချစ်တွေကို ခုတလော တော်တော် ခံစားမိနေပုံရတယ်။ ဟုတ်စ။
အမနော်လို ၀ိုင်းပြီး ဆုတောင်းပေးသူတွေ အများကြီးပါ ညီလေး။ ချစ်ခြင်းရဲ့ အနုပညာ ကို ခံစားသိတတ် နားလည်သလို ချစ်သူကို ချစ်တတ်သူ တယောက်လဲ ဖြစ်ပါစေဗျာ။
*ဒီထဲကမှ တစ်ယောက်သောသူကို ရည်ရွယ်ပြီးရေးပေးခဲ့တဲ့ ကဗျာလေး* တဲ့။ ဆိုင်သူတယောက်လဲ ဒီကဗျာလေး ဖတ်ကာ အမှတ်ရပါစေဗျား။
ချစ်သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ...
ချစ်ခင်လျက်
ကိုကြီး မိုးကုတ်သား
တယောက်သောသူဆိုပါလား.. စိတ်ဝင်စားစရာပဲ
ကဗျာလေးကောင်းပါတယ်ရှင်
အချစ်နှင့်ထုံမွှန်းသော အနုပညာမြောက်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ပါစေ။ကောင်းကင် အိုအို အောက် မှာလည်း စံပယ် ညိုညိုတွေလည်း အဆင်ပြေပြေ ပွင့်နိုင်ပါစေဗျာ။
အဘိုးကြီး လေသံနှင့် ဆုတောင်းသွားသည်။ :)
ဖိုးကြံ ဆိုတာ ကလောင်နာမည်လား :)

ခင်မင်ခြင်းများစွာနှင့်
တူရီးတော်
ကိုကြီး....
ညီမဂျစ် ကဗျာလေးကိုကြိုက်မိတယ် ။
နောက်ထပ်ရှိရင် တင်ပေးစေချင်ပါတယ်....။

အဲ့ဒီကဗျာလေးက ခုထိအမှတ်တရ ကိုကြီး
ဆီမှာ ရှိနေသေးတာကို လေးစားမိတယ်။

ညီမလေးကတော့ ညီမလေးချစ်သူ ပေးတဲ့
ကဗျာတွေ စာတွေကို သိမ်းထားလေ့ရှိတယ် ...။

ဘာပဲဖြစ်ဖြစ် ဂျစ်ကိုကြီး ချစ်တဲ့သူနဲ့ ပေါင်းရပါစေ..။
ဘ၀လှလှလေး ပိုင်ဆိုင်ပါစေ............လို့ ဂျစ် ဆုတောင်းပေးလိုက်တယ်.....ကိုကြီး။

ချစ်ခင်လေးစားစွာဖြင့်
ညီမငယ်ဂျစ်
ကိုကြီး....
ညီမဂျစ် ကဗျာလေးကိုကြိုက်မိတယ် ။
နောက်ထပ်ရှိရင် တင်ပေးစေချင်ပါတယ်....။

အဲ့ဒီကဗျာလေးက ခုထိအမှတ်တရ ကိုကြီး
ဆီမှာ ရှိနေသေးတာကို လေးစားမိတယ်။

ညီမလေးကတော့ ညီမလေးချစ်သူ ပေးတဲ့
ကဗျာတွေ စာတွေကို သိမ်းထားလေ့ရှိတယ် ...။

ဘာပဲဖြစ်ဖြစ် ဂျစ်ကိုကြီး ချစ်တဲ့သူနဲ့ ပေါင်းရပါစေ..။
ဘ၀လှလှလေး ပိုင်ဆိုင်ပါစေ............လို့ ဂျစ် ဆုတောင်းပေးလိုက်တယ်.....ကိုကြီး။

ချစ်ခင်လေးစားစွာဖြင့်
ညီမငယ်ဂျစ်
Ree Noe Mann said…
သယ်ရင်းရေ

ကဗျာလေး ကိုလာခံစားသွားတယ်နော်။
ခုထိကော ရှိသေးလား။ အဲ့ တစ်ယောက်သော သူလေး။

ချစ်တဲ့
သယ်ရင်းရီနို
ကဗျာရဲ့ အသက်က ကာရံဗျ...ကာရံထည့်ပါမှ ရွတ်ဖတ်ရာမှာ သာရာချောမွှေ့မှုရှိခြင်း...မှတ်သားရလွယ် ကူခြင်း... (အဓိပ္ပါယ် လေးနက်မှုပေါ် မူတည်၍) ခေတ်ကာလမရွေး အမြဲကျန်ခြင်း ဆိုတဲ့ ဂုဏ်ပုဒ်တွေရ နိုင်မှာပေါ့...ငါလဲကာရံ မင်းကိုပဲဆရာလုပ် လိုက်တယ်....ဟီးဟီး...
Anonymous said…
မင်းနားမလည်ရငိနေပါ ဆိုတော့ ဟိုက အူကြောင်ကြောင်ဖြစ်နေမှာပေါ့ဗျ။ နားလည်အောင်လုပ်လေဗျာ ဒါမှနှစ်ဦး နှစ်ဖက် အဆင်ပြေတော့ မပေါ့။
mgnge said…
ဒီကဗျာကဘာအမျိုးမစားလည်း.... ချစ်သူနားလည် မလည် တော့မသိဘူး ကျွန်တော်တော့ နားမလည်ဘူး
:P

ဘာလို့ ဘူတာကျော်ရပ်တာလည်း... ကြားထဲက လူတွေ ကို မတင်ချင်လို့ လား...။

ရေဇလုံထဲမှာ လှိုင်းကြပ်ခွပ်ထတာတော့ မမြင်ဖူးသေးဘူး
ဖြစ်နိုင်မယ်ဆိုရင်ဘယ်လို လုပ်ရမလဲ ရှင်းပြပါလား
ဟီးးး

လိုက်ဖျက်စီးတယ်လို့ မထင်နဲ့ နော်...။
ချစ်လို့ စတာ..။
JuneOne said…
ရေဇလုံထဲမှာ လှိုင်းကြပ်ခွပ်ထအောင် ဇလုံကို လေတိုက်တဲ့
နေရာမှာထား။:)
သုဒြေ္န said…
ဒီရက်ပိုင်းလေတွေမှာ.....ကဗျာလေးတွေခံစားနေတာ.... သတိထားမိလာတယ်...တခုခုတော့ လိုနေပြီထင်၏......တခုမက....လိုအပ်သည်များ....မတောင်း..မတ..မကြောင့် ကျဘဲ...တလုံးတ၀တည်းသာ..ပြည့် စုံသည်...ဖြစ်ပါစေဗျား.....ချစ်တဲ့ ...ကိုကြီး....သုဒြေ္န
Unknown said…
အော်.....ဘာပဲဖြစ်ဖြစ် ချစ်သူအတွက် ကိုစိန် မှာ သတိရခြင်းလေးတော့ ပိုင်ဆိုင်ခွင့်ရှိမှာပါ၊ တစ်နေ့ အဆင်ပြေတဲ့ ကောင်းကင်အောက်မှာ စံပယ်ညိုညိုကို ချစ်သူအတွက် ဖန်ဆင်းပေးနိုင်ပါစေ.......
အော်.....ဘာပဲဖြစ်ဖြစ် ချစ်သူအတွက် ကိုစိန် မှာ သတိရခြင်းလေးတော့ ပိုင်ဆိုင်ခွင့်ရှိမှာပါ၊ တစ်နေ့ အဆင်ပြေတဲ့ ကောင်းကင်အောက်မှာ စံပယ်ညိုညိုကို ချစ်သူအတွက် ဖန်ဆင်းပေးနိုင်ပါစေ.......

(အီးမေး မှားပြီးထည့်လိုက်မိလို့ ထပ်မန့်လိုက်တာပါ)
khin oo may said…
ဖတ်သွား၏
ငယ်လက်ရာဆိုပေမယ့် ကဗျာကောင်းလေးပါပဲဗျာ
မငုံ said…
ကဗျာကောင်းတယ်ဗျို့။ ဆက်တင်ပါဦး။
kiki said…
အဟက် ..
ဘာပြောရ မှန်း ကို မသိလို့ 
ဘာမှ မပြော တော့ ဘူး ဆို တာ ကို
လာပြောတာလေ ။
ပြော ကို မပြောချင်တော့ဘူး ...
ပြော ကို မပြောချင်တော့ဘူး .......

ဒေါ်မြလေး လေသံ နဲ့  ပြောသွား ပါတယ် .
အခု အဲဒီတယောက်ရော...

ယောက်ျားရသွားပြန်ပြီ မဟုတ်လား...

းဝ)
ကျဲကျဲ said…
ကျဲကျဲ
အဲ့တယောက်ဘီသူလဲဟင်
း(

ချစ်ခင်လေးစားစွာဖြင့်
ကျဲကျဲ
ကဗျာကောင်းလေးတွေကို လာခံစားသွားတယ်ဗျ ကိုဖိုးစိန်ရေ ငယ်လယ်ရာဆိုပေမဲ့ ကဗျာလေးကေင်းတယ်ဗျာ။
ကဗျာလေး လာခံစားတယ် အကိုရေ.. ဒီရောက်ရင် ကော်ဖီလိုက်တိုက်မယ် အားမငယ်နဲ့ စိတ်မပျက်နဲ့ ဆက်ရေးဗျာ


လေးစားလျက်
တောင်ပေါ်သား
ချစ်ကိုကြီးယောက်ဖရေ နေကောင်းသွားပြီလား
ညီတော့ နည်းနည်းထိထားတာ သက်သာသွားပြီ
အဟတ် ကဲ ခုချိန်ကစပြီးညီ သောင်းကျန်းတော့မယ်
ချစ်ကိုလိုက်ထိန်းပေတော့
ရေခွက်ထဲမှာ
အရက်ရှိချင်ရှိမယ်
ချီးထူရေ မင်းနားမလည်ရင်
အမြည်းလုပ်ပြီးအနားနေပေးပါ
ဒီအတိုင်းမနေပါနဲ့  ငှဲ့ ပေးပါ အရက်
အဟတ် အမှန်က ဒီလို မလား ချစ်ကိုရ
ကောင်းလိုက်တဲ့ကဗျာလေး...
ဘူတာကျော်ပြီး ရပ် ရင် ပြေးလိုက်ရမှာ ပေါ့..
ရပ်ရိုး ရပ်စဉ် ရပ်..း))
စပယ် ပန်း သိပ်ကြိုက် မွှေးနေတာပဲ..
ဖိုးစိန်က ကဗျာရေးလည်းကောင်းတာပဲ
ခင်မင်လျက်
WWKM said…
ချစ်သူရေ....
မင်းနားမလည်ရင်နေပါ..
ဒီအတိုင်းလေးပဲ ငါ့အနားမှာရှိနေပေးပါ...
ငါ... အချစ်တွေနဲ့ အနုပညာမြောက်တဲ့ ဘဝတစ်ခု
ပိုင်ဆိုင်ခွင့်ရချင်တယ်………….။


ကောင်းပါ့. :D

Popular Posts