Friday, 30 July 2010

FREEDOM... FREEDOM

Artist / Band : Akon

Song Lyrics Title : Freedom

Available on Album : Freedom

Music Genre : R&B


Freedom


လူ တယောက်မှာ အဓိက အရေးကြီးဆုံးက စိတ်ခံစားမှုပါပဲ။ လူတွေရဲ့စိတ်အင်အားက တန်းခိုးကြီးတယ်တဲ့။ အကောင်းဘက်ကို အသုံးချနိုင်သလို၊ အဆိုးဘက်ကိုလဲ အသုံးချနိုင်တယ်။ လူစိတ်ကို ကျကျနန ပြင်ဆင်ထားတတ်သူတစ်ယောက်က အပြင်လောက ကို ၀ါယာလက် ကရိယာတပ်ဆင်ထားသလို ဖြန့်ကျက် ခံစားနိုင်တယ်။ ဒီထက်ပိုရင် တန်ခိုးတွေ ၊စွမ်းအင်တွေ ရလာနိုင်တာပေါ့။

လောကမှာ အကောင်းနဲ့ အဆိုးက ဒွန်တွဲနေတော့ မေတ္တာတရား ရှိရင် ဒေါသလဲ ရှိတာပဲ။ သုခ ချမ်းသာ ရှိရင် ဒုက္ခလဲ ရှိတာပဲ။ ဒါနရှိတဲ့သူတိုင်း လောဘ၀င်တတ်တာပဲ။ ဒါကြောင့် သူတော်ကောင်းရှိတဲ့နေရာတိုင်း သူယုတ်မာရှိပါတယ်။ သူတော်ကောင်းတိုင်းလဲ အလုံးစုံ မဖြူစင်သလို သူယုတ်မာတိုင်းလဲ ကြင်နာသနားစိတ် ရှိတတ်ကြပါတယ်။ ဒါကြောင့် လူတွေ စိတ်ဟာ အလင်းနဲ့ အမှောင်မှာ ကျက်စားပြီး အကောင်းနဲ့ အဆိုးက အမြဲတမ်း အားပြိုင်နေတတ်ပါတယ်။

အဲဒီအားပြိုင်နေတဲ့ အပေါ် ကောင်းတာကို အပတ်တကုတ် ကြိုးစားအားထုတ်ရင် ကောင်းတဲ့ဘက်ဝင်သလို မကောင်းတဲ့ ဘက်ကို အလေးပါသွားရင်လဲ မကောင်းတဲ့ဘက်မှာ ကြီးစိုးရတတ်ပြန်တယ်။ အဓိက ကလူကို အသုံးချ လိုက်တာက စိတ်ပါပဲ။ စိတ်ကြောင့် ကြေ ၊ နှုတ်ကြောင့်သေ တယ် မဟုတ်လား။ တခါတလေ ကိုယ့်ကိုယ် ဒုက္ခပေးတဲ့ စိတ်ကို လွတ်လပ်ခွင့်ပေးထားချင်တယ်။

ဘာဖြစ်ဖြစ် အခုချိန်မှာ akon ရဲ့ ဒီသီချင်းကို နားထောင်ဖြစ်နေတယ်။ အရင်နားထောင်နေကြ ဆိုပေမယ့် အခုချိန်မှာ ဒီသီချင်းက ကျနော့်ကို တခုခုပြောနေသလိုပဲ။ ကျနော်တကယ်လိုအပ်နေတာလဲ လွတ်လပ်မှုပါ။ ကောင်းတဲ့ စိတ်ဖြစ်ဖြစ် မကောင်းတဲ့စိတ်ဖြစ်ဖြစ် လွတ်လွတ် လပ်လပ် နေချင်နေတာ။ ဘယ်သူမှ မချုပ်နှောင်ထားပါဘူး။ ကိုယ့်စိတ်က ကိုယ့်ကိုယ် ပြန်ချုပ်နှောင်ထားတာပါ။ နေ့စဉ်ဒူဝ လုပ်နေရတဲ့ လူ့ဘ၀ ဖြစ်စဉ်တွေ၊ တခါတလေ မစဉ်းစားချင်တဲ့ လက်ရှိမိသားစု ဘ၀နဲ့ နောင်ဖြစ်လာမယ့် ကျွေးမြီးသစ်တွေ။ လက်ရှိမဖြစ်မနေ လုပ်နေရတဲ့ လူ့ကျင့်ဝတ်တွေ။ တခါတရံ ပင်ပန်းရတဲ့ ဟန်ဆောင်အပြုံးတွေ။ တခါတရံ သုခကို အရောင်ပြောင်းတဲ့ ဒေါသတွေ...။ တခါတရံ ဒါနကို အရောင်ပြောင်းစေတဲ့ လောဘတွေ။ အလင်းကို အမှောင်ချချင်တဲ့စိတ်တွေ....။ ဒီစိတ်တွေကို လွတ်လပ်ခွင့်ပေးချင်နေတယ်။

သီချင်းလေးကို ခံစားနားလည်နိုင်ကြပါစေ။

စိတ်တွေကို လွတ်လပ်မှုပေးနိုင်ကြပါစေဗျာ...။




Everything I have, everything I own
All my mistakes man you already know
I wanna be free, I wanna be free

From Senegal West Africa
To St. Louis, Missouri
Thanks to Katherine Dunham
For giving my pops his glory
He came down with his drum
And a dream to change the world
In a free upliftin world
And thats all he ever want
Mom came a little after
Gave birth to my brother
then all of the pressure
Made em’ fight one another
See, the pain would never last
Did the best with what they had
He knew the world was out for grabs
And he searched to find his

Freedom, Freedom, Freedom
Oh Freedom
Everything I have, everything I own
All my mistakes man, you already know
I wanna be free (free), I wanna be free
So I search to find my (find my)
Freedom, Freedom, (Ohh yeaaa) Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free (free), I wanna be free (free) yeah
Akon Lyrics on www.lyrics-celebrities.anekatips.com

As a kid I never knew
I’d have to hustle just to make it through
So I found myself skipping school
Cause’ the girls don’t think I’m cool
And because of that I didn’t care
Wether or not I went to jail
I just wanna be treated fair
Cause’ that’s all I ever knew

Tellin’ me I need to slow down
Cause’ everybody in the whole town
Cause’ they know how I get down
Far enough from another town
Can you believe we still around?
After so many hit the ground
And we ain’t gon stop now
Until we get that ..

Freedom (Ooooh) Freedom,(oOOoh) Freedom, (Ooooh) Freedom
Everything I have (have) everything I own (own)
All my mistakes man you already know yeahh
I wanna be free (free) I wanna be free (free)

Won’t stop til’ I find my ..
Freedom (My Freedom!!) Freedom (My Freedom!!), Freedom Ouuuh Freedom
Everything I have (have) everything I own (own)
All my mistakes girl you already know yeaaah
I wanna be free (free), I wanna be free (free)

If you wanna be free, and the land is drug free
Put your hands up (hey) put your hands up (hey)
If you wanna be free, from all your misery
put your hands up (hey) put your hands up (hey)
If you wanna be free, with plenty money (hey)
put your hands up, put your hands up
If you wanna be free, just praise to your ….
put your hands (hey) up, put your hands up (hey)

Freedom (Ooooh) Freedom, (Freedom) Freedom, (Ooooh) Freedom
Everything I have, everything I own
All my mistakes girl you already know
I wanna be free (wanna be free), I wanna be free (wanna be free yea)




ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်










Thursday, 22 July 2010

ထူးထူးခြားခြား ထူးမခြားနား

ထိပ်စည်းပြောင်းသွားပြီးတဲ့...

ထူးထူးခြားခြား ဘာများ ဖြစ်လာသလဲလို့..။ ထိပ်စည်းလေးပြောင်းတာများ ထူးခြားလို့။ မိုးလင်း အိပ်ယာထ လို့ မှန်ကြည့်လိုက်တယ်။ ပြုံးလိုက်တယ်။ အရင်လို ချောတုန်း၊ နုတုန်း၊ လှနေတုန်းပဲ။ မှန်ထဲက ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ပြီး မနာလို လိုက်တာ။ ငါတစ်နှစ်ကြီးသွားတာတောင် နုနေ ချောနေလိုက်တာ။ ဒီကောင်နဲ့ တော့ ခက်ပါတယ် လို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ပြန်တင်လိုက်တယ်။ အင်းလေ... သဘာဝ တရားနဲ့ ကံတရားက ပေါင်းစပ်ထားတာဆိုတော့ ကိုယ့်ကို တွေ့တဲ့ သူတွေက အသက် ၂၀ ကျော်လို့ပဲ ထင်နေကြတာ။ ကိုယ်က တကယ်လဲ အသက် (၂၀) ကျော်ပါပဲ။

ထူးထူးခြားခြား ထိပ်စည်းပြောင်းလို့ ဘာများပြောင်းလဲသွားသလဲလို့ ပြန်ဆန်းစစ်တယ်။

အရင်လို ချောတုန်း၊ လှတုန်း (အမြင်ကတ်အောင်ပြောရတာ၊ မှန်နေတော့လဲ လူတွေက လက်ခံချင်တာမဟုတ်ဘူး)

ချောတုန်း၊ လှတုန်း ပြောမိလို့ မိန်းမစိတ်များဝင်နေပြီးလား ထင်နေဦးမယ်။ ဟင်အင့် ယောကျားစိတ်ကို မရှိတာလို့ ပြောရင် ဟယ်.. ဖိုးစိန်က ဘာညာ၊ ဘာညာ အပြောခံရဦးမယ်။ ဟုတ်ချင်ဟုတ်နေမှာလို့ စိတ်ထဲပြောနေလား။ အင်းစဉ်းစားပေါ့..။ အခုခေတ်က ယောကျားပီပီသသ ခန္ဒာကိုယ် ဖွံ့ဖွံ့ထွားထွားတွေက ယောကျားစိတ် ပိုပျောက်နေသလားလို့။ ထင်တာပြောတာပါ။ (လူတိုင်းမဟုတ်ဘူးနော်.. သိလား.. မနာရဘူး)အင်းလေ ထင်ချင်တာထင်ပါစေ။ ကိုယ်ဟုတ်နေရင် ပြီးတာပဲ။ ကိုယ်ဟုတ်နေရင် ဆိုတာ ကိုယ် ဘာလဲဆိုတာ သိရင်ပြောတာပါ။ :P (အင်းလေး ရှုတ်ကုန်ဦးမယ်) ဖိုးစိန် အာဟာရ ကြိုက်တာ လူတိုင်းသိတယ်။ အင်း... အာဟာရ ကြိုက်တယ်ဆိုလို့ ဖိုးစိန် က နှာဗူးကြီးပဲ ထပ်ပြောနေဦးမယ်။ အင်းလေ... ဒူးလဲဒူးတယ်.. ဗူးလဲဗူးတဲ့ ခေတ်ကြီးထဲမှာ ဘာဖြစ်ဖြစ် ကောင်းပါတယ်။ ဒါတွေကိုပဲ တချို့ကောင်မလေးတွေက "ဟတ်ထိတယ်.. ဟတ်ထိတယ်" ဖြစ်နေတာပဲ မဟုတ်လား။ ကိုယ်ရေး၊ ကိုယ်တာတွေ လျှော့မယ်။ အပူအပင်မထားတာကို လူတွေ အထင်သေးသလားလို့။ အပူမကြီး ကို စကိုင်တော့မလို့ တာစူနေတာ။ တော်ကြာ ငှက်ပျောတုံးနဲ့ ပေးစားခံနေရမှာ ကြောက်တယ်။ ထားပါလေ...

အသက်ကြီးလာတော့ ပိုစပ်စုတတ်လာတယ်။ တကယ်တော့ အရာရာကို စူးစမ်းဆင်ခြင်လာတာပါ။ အဲလိုလုပ်တော့ ဘာဖြစ်လာသလဲမေးရင်း ဘာမှ မဖြစ်လာပါဘူး။ ဖြစ်လာတာတွေ ရှိပါတယ်။ ရန်ပါ။ :P ကိုယ်ဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ ရန်တိုက်ပေးတာပါ။ ရန်တိုက်တယ်ဆိုလို့ ခင်အေးဟန်လို မဲ့ကာ၊ ရွဲ့ကာ တော့မဟုတ်ပါဘူး။ ပြုံးပြုံးလေးနဲ့ ရယ်ရယ်မောမော သာသာလေးပိုပြောပေးတာပါ။ ဒီလိုနဲ့ ဟိုပြော၊ ဒီပြော ရန်တွေ ဖြစ်ကြ။ ကိုယ်က ဖျန်ဖြေပေးသလိုနဲ့ မျက်နှာကောင်းဝင်ယူတာပါ။ ဟယ်... ဖိုးစိန်က အဲလိုလား.. မထင်ရဘူးလို့ ပြောနေမယ်။ မဟုတ်ဖူး... အဲလိုမျိုး လုပ်ချင်နေတာလို့ ပြောချင်တာပါ။ လုပ်ချင်လဲ လုပ်မိမှာပေါ့။ သူငယ်ချင်းအရင်းခေါက်ခေါက် နှစ်ယောက်ကိုတောင် သာသာလေး ရန်တိုက်ပေးတာ။ အဲဒါ ချစ်လို့... သိလား။

ပညာရေးလား။ အဝေးသင်။ သင်လေ.. ဝေးလေပါ။ သင်လို့ မပြီးနိုင်တဲ့ အဝေးသင်ကို တက်တုန်းပါ။ ဟယ် ဖိုးစိန်က ဒီလိုလား။ ပညာမတတ်ဘူးလား လို့ မေးလာတဲ့သူကို ယူထားတဲ့ ဆာတီဖီကိတ် တွေနဲ့ ဖိသတ်လို့ ရပါတယ်။ တရားဝင်နော်။ ပန်းဆိုးတန်းမှာ တရားဝင်လုပ်ထားတာ။ ခုဆိုရင် ဈေးတက်နေပြီးတဲ့။ လုပ်လို့မလွယ်ဘူးတဲ့။ အဲလိုမထင်နဲ့နော်။ တော်ကြာ အထင်တွေ သေးပြီးရင်းသေး နေဦးမယ်။ နဂိုကတည်းက အထင်မကြီးဘူးဆိုတာသိပါတယ်။ ပညာတတ်ပါ။ အတတ်ဆုံးကတော့ လူကဲခတ်ပညာပါ။ ထမင်းတလုပ်မငတ်ပါဘူး။ သာပေါင်းညာစား မထင်ပါနဲ့။ မသာကို ပေါင်းလို့ မရလို့ပါ။

စီးပွားရေး..။ တိုးတက်လာပါတယ်။ သင်တုန်းက ပြင်သစ်စာ၊ သွားဖို့လုပ်တာက အင်္ဂလန်၊ ရောက်တာက ဆိုက်ပရပ်စ်။ ဆိုက်ပရပ်စ် ရောက်တော့ ခြံရှင်း၊ မြက်ပေါက်၊ စားပွဲထိုး။ ခု စင်္ကာပူရောက်တော့ ဖလိုင်ယာ စာရွက်တွေ ဝေတယ်။ ဟောကနဲ. ဟောကနဲ ကုန်တယ်။ အရမ်းပီတိဖြစ်တယ်။ စီးပွားရေးတွေ အရမ်းတိုးတက်လာလို့။

ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာတယ်။ ကိုယ့်အနားမှာ စကားတွေ တတွတ်တွတ်နဲ့ အဖော်လုပ်ပေးကြတာ။ ကိုယ်ပြန်ပြီး သူတို့ကို ကိုယ်ဘာလဲ ရှင်းပြ ပြောပြနေစရာမလိုဘူး။ ကိုယ်ဘာလုပ်လုပ်သူတို့ ကျေနပ်တယ်။ ကိုယ်လဲ သူတို့ နားက မခွာတော့ဘူး။ ဘယ်သူတွေလဲ ဆိုတော့ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ။ ကဲ ဘယ်လောက်တိုးတက်လာတဲ့ ဆက်ဆံရေးလဲ။

ခုဆို တစ်နှစ်ကြီးလာတော့ ဘာတွေ တိုးတက်လာလဲ ဆိုတာ သိရောပေါ။

ဘာဖြစ်ဖြစ် ခုထိ အသက်ရှင် နုပျိုနေအောင် ထားပေးခဲ့တဲ့ မိဘ နှစ်ပါးကို ကျေးဇူးတင်တယ်။

အနားမှ နားလည်ချစ်ခင်ပေးတဲ့သူငယ်ချင်း၊ မောင်နှမတွေကို ကျေးဇူးတင်တယ်။

တကယ်တော့ ဘာမှ မထူးခြားတဲ့ ထူးမခြားနားတွေပါ။



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Wednesday, 21 July 2010

Monday, 19 July 2010

La Vie




Richesse et pauvreté,

Bonheur et Malheur,

Amour et Haïne ,

En tous cas,

Je suis content

En particulier , je dois être content


ချမ်းသာခြင်း နဲ့ ဆင်းရဲခြင်း

ကံကောင်းခြင်း နဲ့ ကံမကောင်းခြင်း

အချစ်နဲ့ အမုန်း

ဘယ်လိုပဲဖြစ်ဖြစ်

ငါကျေနပ်တယ်

အထူးသဖြင့် ငါကျေနပ်ရမယ်...။




ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်













Sunday, 18 July 2010

Au secours!



A cause du devoir,
La nervosité est née.

A casue de la demande,
L’impatience exsite.

A cause de la règle,
L’ennui vit.

A casue de l’égoïsme,
La générosité est morte.

A cause d’eux,
Mon rêve est en panne.

Mon coeur est perdu.

Mon amour est déjà parti.


(parfois, quelqu'un ne sais pas comment se comporter)







တာဝန် ဝတ္တရား တွေကြောင့်
စိတ်ရှုပ်ထွေးမှုတွေ မွေးဖွားလာရတယ်။

တောင်းဆိုမှုတွေ ရှိလာတော့
စိတ်မရှည်မှု (သည်းမခံနိုင်မှု) တွေ ဖြစ်တည်လာတယ်။

စည်းမျဉ်းစည်းကမ်းတွေကြောင့်
ပျင်းရိမှုတွေ ရှင်သန်လာရတယ်။

တကိုယ်ကောင်းဆန်မှုတွေကြောင့်
ရက်ရောမှုတွေ သေဆုံးကုန်တယ်။

ဒါတွေ...ဒါတွေကြောင့်

ငါ့အိပ်မက်တွေ နာကျင် ကျိုးပျက် ကြေမွ....

ငါ့ကြင်နာတတ်တဲ့ နှလုံးသားတွေ ပျောက်ဆုံး....

ငါထားရှိခဲ့တဲ့ အချစ်တွေကတော့ နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့ပါပြီလေ....။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Friday, 16 July 2010

မေမေ



နှစ်လုံးထဲပဲ

နှစ်နှစ်ကာကာ

အချိန်တိုင်း

သတိရတိုင်း

လွမ်းလွမ်းဆွတ်ဆွတ်

ဆွေးဆွေးမြေ့မြေ့

တသသ

ရေရွတ်မိတာ

မေမေ...

မေမေ...

မေမေ....

တစ်သက်လုံး

တစ်ဘဝလုံး

ဘယ်တော့မှ...




မေမေ ကျမ်းမာပျော်ရွင်ပါစေ။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Tuesday, 13 July 2010

ဒန်းစီးခြင်း


ပေါ့ပေါ့ပါးပါးပဲ….

တွဲလောင်းချ ကြိုးကွင်းထဲ

အသာလျှိုဝင်လိုက်ရုံ

တတ်နိုင်တဲ့ အားလေးနဲ့ တခါလေးလွှဲ

တိတ်တိတ်လေးလား...

ငြိမ့်ငြိမ့်လေးလား...

ခံစားတတ်ဖို့မလို

အောက်ခြေတော့ လွတ်တတ်ရတယ်။



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်





















Monday, 12 July 2010

အဲဒါ ... ငါ..

မျောက်နှစ်မှာ မွေးပြီး ဂဏန်းလို သွားတဲ့ ခြင်္သေ့ကောင်...


မျောက်လို ၊ ဂဏန်းလို ၊ ခြင်္သေ လို... လို...


ဘာလို လို မှန်းကို မသိတဲ့ကောင်...။


လေးပါတယ် ဆိုတဲ့ လေးဂဏန်းကို အပိုင်သိမ်းပြီး


ပက်ကျိ လို လေးလေးပင်ပင်လျှောက်..။


တက်လိုက် ကျလိုက်နဲ့


စနေဂြိုလ်ထဲမှာမှ ငုတ်တုတ်ထိုင်မိတဲ့


နဂါးခေါင်းက ငါ့ဘက်လှည့်ရာကနေ မထွက်တော့ဘူး။


ဘယ်ဖက်လက်တဆုပ်... ညာဘက် လက်တဆုပ်


သယ်လို့မကုန်တဲ့ ၅၂၈ မေတ္တာပန်းခြင်းတွေ


ခုနေ ဘယ်များ ဖျန့်ခင်းမိပါလိမ့်။


ကယ်ပါ... ယူပါ ... သနားပါလို့ အော်မယ်ကြံကာရှိသေး။


ယမမင်းက ငါ့ပါးစပ်ကို ကျကျနန ဂုန်နီကြိုးတုပ် ချုပ်သွားလေရဲ့။


င့ါ မှာ ငါဆိုတာ ငါပဲလို့ ကြွေးကြော်ဖို့ ငါ့ပါးစပ်က


ဝစီနှုတ်ပိတ် ဆိတ်ဆိတ် နေလိုက်ရတယ်.


သြော်...



အဲဒါ.... ငါ... တဲ့..............



ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Wednesday, 7 July 2010

ကျနော်နဲ့ယတြာ

လူတိုင်း ဗေဒင် ယတြာ ချေဖူး ကြမယ်ထင်ပါတယ်။ အနည်းဆုံး မလုပ်ဘူး ဆိုရင်တောင်မှ တခါလောက်တော့ စိတ်ပြေ လက်ပျောက် လုပ်ဖူးကြမယ်ထင်တာပဲ။ ယုံတဲ့သူက ယုံသလို အကျိုးပေးမယ်။ အယုံအကြည် မရှိတဲ့သူကလဲ မယုံကြည်လို့ မလုပ်ကြည့်ဖူး။ ဒါပေမယ့် စမ်းသပ်ကြည့်တဲ့ သူလဲ ရှိမယ်။ အိမ်မှာတော့ ကျနော်ငယ်ငယ် သိတတ်စလောက် ကတည်းက အိမ်မှာ တခုခုဆို ယတြာက ချေရတယ်။ အဖွားကနေ စတာပဲ။ အမေနေမကောင်းလို့ အဖေ အလုပ်အဆင်ပြေဖို့၊ စီးပွားတက်ဖို့၊ အိမ်၊ ခြံ ရောင်းထွက်ဖို့ စသဖြင့်ပေါ့။ အဖွားက ဘုန်ကြီး၊ ဘိုးတော် ၊အကြားအမြင်ဆရာ၊ ဗေဒင်ယတြာ ဆရာ အကုန်သွားတယ်။ ပြန်လာရင် ယတြာချေဖို့ တပွေတပိုက်နဲ့။ ဖေဖေကိုယ်တိုင်က ယောက်ခမလုပ်နေတာ အကုန်လုံးကို သဘောမကျပေမယ့် သူ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ယတြာတွေကို လုပ်ပါတယ်။ ဖေဖေကိုယ်တိုင် အယုံအကြည်မရှိဘူး။ (ယုံကြည့်သွားတဲ့ အတိုင်းအတာတခုလဲ ရှိခဲ့ဖူးပါတယ်)

ဘာဖြစ်ဖြစ် ကျနော်ကတော့ အဖွား ဗေဒင်မေးဘာမေးပြီး ပြန်လာလို့ ယတြာ စာရွက်ရလာရင် ပျော်တယ်။ တခါတလေ ထူးဆန်းတဲ့ ယတြာမျိုးတွေ ချေရတတ်တယ်။ ပုံမှန်အားဖြင့်တော့ ယတြာပါ ပစ္စည်းတွေ လိုက်စုရတာ ပျော်တယ်။ ပိတောက်ကိုင်း၊ ဇီးကိုင်း၊ သရက်ရွက်၊ မန်ကျည်းစေ့ ၊ငါးပြားစေ့ စသဖြင့် စာရွက်ထဲမှာ အဖွားလိုချင်တာကို ကူရှာပေးရတာ။ အကုန်ရရင် ပျော်တယ်။လိုချင်တဲ့ အကိုင်းအခက် မရမချင်း စာရွက်ကိုင်ပြီး မောင်နှမ သုံးယောက် ပတ်ရှာရတဲ့ အရသာကို ကြိုက်တာ။ ပြီးရင် အဝတ်တွေနဲ့ ရောပြုတ်ရတာမျိုး၊ မြေကြီးထဲ မြှုပ်ရတာမျိုးနဲ့ အဲလိုထူးဆန်းတာတွေ ကြည့်ရတာလဲ သဘောကျတာပဲ။ ဖေဖေက တော့ ပြောပါတယ် သူ့ ဟာနဲ့ သူတော့ အဆင်ပြေနေတာပဲ တဲ့။ ဘာပြောပြော ဖေဖေသဘောကျသည် ဖြစ်စေ မကျသည် ဖြစ်စေ ဖေဖေကတော့ အဖွားက ဒါလေးလုပ်ဆို မငြင်းဆန်ပဲ လုပ်ခဲ့တာပဲ။

မှတ်မိသလောက် ကျနော် ချေရတဲ့ ယတြာ တစ်ခုက ဆယ်တန်းစာမေးပွဲ ဖြေတုန်းကပေါ့။ စာမေးပွဲ ဖြေတဲ့ရက်မှာ တရက် တမျိုးစီ အဆောင်ယူသွားရတယ်။ ဒီယတြာက မေမေ လုပ်ပေးတဲ့ယတြာပါ။ ပထမရက် က အုန်းပွင့်၊ အင်္ကျီအိပ်ထဲ ထည့်သွားပါတယ်။ ဒုတိယရက် ဇီးရွက် ထည့်သွားပါသေးတယ်။ တတိယရက်ကြတော့ ထန်းမြစ်တဲ့။ ရှာလို့ရတဲ့ထန်းမြစ်ကို အမေက အဆောင်အဖြစ်ပေးတယ်။ ရှည်ရှည် တုတ်တုတ်ဆိုတော့ ဘယ်နေရာထည့်ရမလဲ။ ခါးပုံစထဲ ထည့်တဲ့။ ထည့်တော့ အဆင်မပြေပြန်ဘူး။ ခါးကြားထိုးဆိုတော့လဲ အနောက်ကနေ အမြီးထွက်သလို ထွက်နေမှာ။ ဒါနဲ့ ခါးပုံးစထဲ မထည့်ပဲ ဒီတိုင်း ထိုးထည့်ခဲ့တယ်။ စာမေးပွဲခန်းထဲရောက်တော့ အဆောင်ယတြာကို မေ့နေခဲ့တယ်။ စာမေးပွဲဖြေရင်း စဉ်းစားမိတယ်။ ဒီနေ့ အတန်းစောင့်တဲ့ ဆရာမက အဝေးကနေ ကွက်ကြည့်ကွက်ကြည့်နဲ့ မယုံသကာင်္ ဖြစ်သလို အနားလဲ လာမစစ်ဘူးပေါ့။ဘေးနာက ကောင်မလေးကလဲ ခဏခဏ လှည့်ကြည့် တော့ စိတ်က ဒေါသဖြစ်လာတယ်။ မထင်မှတ်ပဲ မျက်စိက အောက်ကို ငုံ့ကြည့်မိတယ်။ ထန်းမြစ်ကြီးက လုံချည်ကြားကနေ ထောင်လို့။ ရှက်လိုက်တာ .. ရှက်လိုက်တာ။ လုံချည်ကြားထဲက အဲဒီထန်းမြစ်ကိုကြီး လက်နဲ့ ကိုင်ထားလို့ကလဲ မဖြစ်၊ ကာထားလို့ကလဲ မဖြစ်၊ ထလိုက်ဖို့ကလဲ မဖြစ်နဲ့ သချာင်္ကို ကောင်းကောင်းမဖြေလိုက်ရဘူး။ ဆရာမတော့ ဘယ်လိုထင်သွားမလဲ မသိ။ ကျနော်ကတော့ အဲဒါ ထန်းမြစ်ကြီးပါလို့ သွားဖြေရှင်းလို့ကလဲ မဖြစ်။ သြော် ယတြာမျာ… ထူးဆန်းပါပေတယ်။ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တခါ ယတြာချေရင် ထန်းမြစ် မဆောင်တော့ဘူး။ ကျနော်က ထန်းမြစ်မှ မဟုတ်တာဘဲ။ (ဆိုလိုတာက ထန်းမြစ်မှ မဟုတ် ဘာအမြစ်နဲ့မှ အမှားမခံနိုင်ဘူးလေ)ရှက်လို့ပါ။

နောက်ယတြာ တခုက အင်္ဂလန်ကို သွားဖို့ လုပ်တုန်းကပေါ့။ ဗေဒင်ဆရာက အင်္ဂလန်နဲ့ ပတ်သက်တဲ့ ပုံတွေ၊ ပစ္စည်းတွေကို ခြေသုတ်ခုံ အောက်မှာ သြဇာရွက်နဲ့ ရောထုပ်ပြီး သတိရတိုင်း သွားသွားနင်းပေးရမယ်တဲ့။ ဈေးသွားတဲ့မေမေနဲ့ ညီမနဲ့က ကြုံတိုင်း အင်္ဂလန်တံဆပ်ပါတဲ့ ပစ္စည်းတခုခုကို ဝယ်ခဲ့ပေးတယ်။ ကျနော်လဲ သြဇာရွက်နဲ့ ပတ်ပြီး ခြေသုတ်ခုံအောက်မှာထား နင်းတာပေါ့။ သတိရတိုင်း နင်းဆိုတော့ ကျနော်က ဒီကိစ္စကိုလုပ်နေတော့ သတိက တနာရီကို မိနစ် (၆၀) သတိရနေတဲ့သူဆိုတော့ တချိန်လုံး နင်းရုံတင်မကဘူး သွားရပ်နေမိတယ်။ ယတြာက လွန်သွားတာလား၊ လိုသွားတာလားမသိဘူး အင်္ဂလန် မရောက်ဖြစ်ပဲ သူ့အနီးအနားက အလှမ်းမကမ်းကို ရောက်သွားရတာပါပဲ။ ညီမက အမြဲ နောက်ပါတယ်။ အကိုကြီးက သွားချင်တဲ့ နိုင်ငံကိုဖယ်ပြီး ကျန်တဲ့နိုင်ငံတွေကို နင်းရမှာတဲ့။ ပြောစရာ ဖြစ်ကျန်ခဲ့တဲ့ ယတြာချေနည်းပေါ့ဗျာ။

နောက်တခု ရှိသေးတယ်။ ကျနော့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ စုပ်ရော လာဘ် ရောပွင့်ကိန်းရှိတယ်ဆိုလို့ မေမေက သားမိန်းမရမှာ ကြောက်ပြီး အရုပ်မကို တည လုံး ပေါင်ကြားထားအိပ်ခိုင်းပြန်သေးတယ်။ တညလုံး ထည့်အိပ်ရမယ်ဆိုလို့ အိပ်တာ ဒီအရုပ်မက စိတ်ထဲ ငြိမ်ငြိမ်နေတယ်လို့ကို မထင်မိဘူး။ အရုပ်က ဆံပင်တွေ ယားတာကို ပြောချင်တာပါ။ မနက်မိုးလင်းတော့ အမေက အရုပ်မကို လာသိမ်းတယ်။ လွှင့်ပစ်ဖို့ပေါ့။ ဆံပင်တွေ ပွနေတဲ့ အရုပ်မကို ကောက်ယူကြည့်လိုက် သားကို ကြည့်လိုက်နဲ့ အရုပ်မနဲ့တောင် အမေက သကာင်္မကင်း ဖြစ်နေသေးတယ်။ ကျနော်လဲ ဘာမှ မလုပ်မိပါဘူး။ သြော်.. ဒါအရုပ်ပဲ ဆိုတာ စိတ်ထဲ အမြဲ မှတ်ထားပါတယ်လေ။ အမေတွေများ သားတွေကို အဲလို သဝန်တိုတာ။(အဲဒီယတြာကြောင့်ထင်တယ် ခုထိ မစွံသေးတာ)

ဘာဖြစ်ဖြစ် ဘဝမှာ အမေနဲ့ အဖွားလုပ်လို့ ချေလိုက်ရတဲ့ယတြာတွေ ၊ နည်းတွေ အများကြီးမှ အများကြီး။ တချို့နည်းတွေက အထောက်အကူ ပြုပါတယ်။ တချို့ကတော့ ကမောက်ကမ နဲ့ ရယ်စရာကောင်းပါတယ်။ တချို့ကတော့ စိတ်အနှောက်အယှက် ဖြစ်ပြီးလုပ်ရပါတယ်။ ဘာဖြစ်ဖြစ် ယုံကြည်လျှင် ယုံကြည့်သလောက် အတိုင်းအတာ တခုထိတော့ ယတြာက အကျိုးပေးပါတယ်။ ကျနောကတော့ မေမေ ဘာပြောပြော၊ အဖွားဘာပြောပြော ကျနော့်အတွက်မို့ ကျနော် ပြောတိုင်းလုပ်ပေးပါတယ်။( ကိုယ်တိုင်တော့ ဘယ်တုန်းကမှ မေးမြန်းမလုပ်ပါဘူး)။ ကိုယ့်ကိုကောင်းစေချင်လို့ လုပ်ပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ယုံကြည်မှု မျှော်လင့်ချက်တစ်ခုနဲ့တော့ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ တရိုတသေ လုပ်ပေးပါတယ်။


ခုထိစိတ်ထဲ ထစ်နေရင် ဗေဒင်မတွက် မမေးမမြန်းပဲ ငယ်ငယ်ကတည်းက ဘာဆို ဘာလုပ်ရမလဲ ဆိုတဲ့ယတြာ တချို့ကို မှတ်မိနေတဲ့အတွက် ဒီလို ချေလို့လွယ်တဲ့ယတြာတွေကိုတော့ ချေနေမိပါသေးတယ်။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sunday, 4 July 2010

ဟောင်း ဒူးယူ သင့်ခ်???

အက် ဘိရှမ်း အမ်အာတီ စတေးရှင်း (နီးယား ဘတ်စတော့)

အိုင် ဒီစထွီဗြု သည် ဖလိုင်ယာ…….

မီး ….

ပီးပဲး စန်းခယူး

မီး နိုးနိ

(နဲဗား ထရိုင်း တူ စမိုင်း)

……………………………………………..

မီး တိတ် ခ်…

ပီးပဲး အိုး.. ဝှတ် အဘောက်

မီး လွတ်ခ် ယူဝါရှက်ဖ်

(ပီးပဲ လွတ်ခ် အက်မီ အမ် ဂိုးအဝေး)

(အိုင် လွတ်ခ် ဗယ်ရီး အပ်ပဆက်)
…………………………………………

မီး ………

ပီးပဲး အိတ်စရုစ် မီ… ဝှတ် အိစ် ဒက်

မီး အိုင်သင့် ယူ ဂေါ့ ယူဝါ အိုင်းစ် အမ် လွတ် ယူဝါရှက်ဖ်

ပီးပဲး ဝပ် တူ နိုးလား

မီး ယူ ဝပ်တူ နိုး၊ ယူ ဂိုးအမ် အပ်စ် .. ဘတ် နော့ မီ.... အိုကေ??????? အိုင်အမ် ဘေးဇီး

(ပီးပဲ လွတ်ခ်အက်မီ … အိုင်ဂေါ့ အန်ဂရီးဖေ့စ်)

……………………………………………………

မီး …………………………….

ပီးပဲး ဒုန်း ဝေါ့လား..

မီး ဂိုးအဝေး

………………………………………………….

ပီးပဲး ဂခ်ဖ် မီလား….
မီတူးလား…

(အိုင်အမ်ဘေးဇီး အက် သည် မို့မက် ဘီခေါ့ခ်စ် အော အာ ချေးဒရန်း)

................................................

မီး တိတ် ကစ်

ပရစ်တီးဂဲလ်း စန်းခယူ

မီး ယူအာ ဗြူတီးဖိုး

ပရစ်တီးဂဲလ်း စန်းခယူး

မီး ဘိုင်...... စွိ...ဟတ်


(အိုင်အမ် ဘယ်ရီး တိုင်းယက် တူ ဂခ်ဖ် အ စမိုင်း ဖော် ဟာ)
………………………………………….

………………………………………….

အိုင် သင့်ခ် အိုင် အမ် ဗယ်ရီး စွိ……..


အော့ဖ်ကော့်စ် အိုင်အမ်……


ဒူး ယူ သင့်ခ်??????


ဒူး ယူ သင့်ခ်??????

ဒူး ယူ သင့်ခ်??????

(အိုင် ဒုန်း ကဲ ဝှတ် သည် ပီးပဲ သင့်ခ် အ ဘောက် မိုင် အင်းဂလိစ် ဘီခေါ့ခ်စ် အိုင် စတေး အင် စကာင်္ပူ အက် သည် မို့မက်)



သင့်ခ်ယူး ဗယ်ရီး မတ်ခ်ျ




ချစ်ခင်လေးစားစွာဖြင့်



ဖိုးစိန်