Wednesday, 7 July 2010

ကျနော်နဲ့ယတြာ

လူတိုင်း ဗေဒင် ယတြာ ချေဖူး ကြမယ်ထင်ပါတယ်။ အနည်းဆုံး မလုပ်ဘူး ဆိုရင်တောင်မှ တခါလောက်တော့ စိတ်ပြေ လက်ပျောက် လုပ်ဖူးကြမယ်ထင်တာပဲ။ ယုံတဲ့သူက ယုံသလို အကျိုးပေးမယ်။ အယုံအကြည် မရှိတဲ့သူကလဲ မယုံကြည်လို့ မလုပ်ကြည့်ဖူး။ ဒါပေမယ့် စမ်းသပ်ကြည့်တဲ့ သူလဲ ရှိမယ်။ အိမ်မှာတော့ ကျနော်ငယ်ငယ် သိတတ်စလောက် ကတည်းက အိမ်မှာ တခုခုဆို ယတြာက ချေရတယ်။ အဖွားကနေ စတာပဲ။ အမေနေမကောင်းလို့ အဖေ အလုပ်အဆင်ပြေဖို့၊ စီးပွားတက်ဖို့၊ အိမ်၊ ခြံ ရောင်းထွက်ဖို့ စသဖြင့်ပေါ့။ အဖွားက ဘုန်ကြီး၊ ဘိုးတော် ၊အကြားအမြင်ဆရာ၊ ဗေဒင်ယတြာ ဆရာ အကုန်သွားတယ်။ ပြန်လာရင် ယတြာချေဖို့ တပွေတပိုက်နဲ့။ ဖေဖေကိုယ်တိုင်က ယောက်ခမလုပ်နေတာ အကုန်လုံးကို သဘောမကျပေမယ့် သူ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ယတြာတွေကို လုပ်ပါတယ်။ ဖေဖေကိုယ်တိုင် အယုံအကြည်မရှိဘူး။ (ယုံကြည့်သွားတဲ့ အတိုင်းအတာတခုလဲ ရှိခဲ့ဖူးပါတယ်)

ဘာဖြစ်ဖြစ် ကျနော်ကတော့ အဖွား ဗေဒင်မေးဘာမေးပြီး ပြန်လာလို့ ယတြာ စာရွက်ရလာရင် ပျော်တယ်။ တခါတလေ ထူးဆန်းတဲ့ ယတြာမျိုးတွေ ချေရတတ်တယ်။ ပုံမှန်အားဖြင့်တော့ ယတြာပါ ပစ္စည်းတွေ လိုက်စုရတာ ပျော်တယ်။ ပိတောက်ကိုင်း၊ ဇီးကိုင်း၊ သရက်ရွက်၊ မန်ကျည်းစေ့ ၊ငါးပြားစေ့ စသဖြင့် စာရွက်ထဲမှာ အဖွားလိုချင်တာကို ကူရှာပေးရတာ။ အကုန်ရရင် ပျော်တယ်။လိုချင်တဲ့ အကိုင်းအခက် မရမချင်း စာရွက်ကိုင်ပြီး မောင်နှမ သုံးယောက် ပတ်ရှာရတဲ့ အရသာကို ကြိုက်တာ။ ပြီးရင် အဝတ်တွေနဲ့ ရောပြုတ်ရတာမျိုး၊ မြေကြီးထဲ မြှုပ်ရတာမျိုးနဲ့ အဲလိုထူးဆန်းတာတွေ ကြည့်ရတာလဲ သဘောကျတာပဲ။ ဖေဖေက တော့ ပြောပါတယ် သူ့ ဟာနဲ့ သူတော့ အဆင်ပြေနေတာပဲ တဲ့။ ဘာပြောပြော ဖေဖေသဘောကျသည် ဖြစ်စေ မကျသည် ဖြစ်စေ ဖေဖေကတော့ အဖွားက ဒါလေးလုပ်ဆို မငြင်းဆန်ပဲ လုပ်ခဲ့တာပဲ။

မှတ်မိသလောက် ကျနော် ချေရတဲ့ ယတြာ တစ်ခုက ဆယ်တန်းစာမေးပွဲ ဖြေတုန်းကပေါ့။ စာမေးပွဲ ဖြေတဲ့ရက်မှာ တရက် တမျိုးစီ အဆောင်ယူသွားရတယ်။ ဒီယတြာက မေမေ လုပ်ပေးတဲ့ယတြာပါ။ ပထမရက် က အုန်းပွင့်၊ အင်္ကျီအိပ်ထဲ ထည့်သွားပါတယ်။ ဒုတိယရက် ဇီးရွက် ထည့်သွားပါသေးတယ်။ တတိယရက်ကြတော့ ထန်းမြစ်တဲ့။ ရှာလို့ရတဲ့ထန်းမြစ်ကို အမေက အဆောင်အဖြစ်ပေးတယ်။ ရှည်ရှည် တုတ်တုတ်ဆိုတော့ ဘယ်နေရာထည့်ရမလဲ။ ခါးပုံစထဲ ထည့်တဲ့။ ထည့်တော့ အဆင်မပြေပြန်ဘူး။ ခါးကြားထိုးဆိုတော့လဲ အနောက်ကနေ အမြီးထွက်သလို ထွက်နေမှာ။ ဒါနဲ့ ခါးပုံးစထဲ မထည့်ပဲ ဒီတိုင်း ထိုးထည့်ခဲ့တယ်။ စာမေးပွဲခန်းထဲရောက်တော့ အဆောင်ယတြာကို မေ့နေခဲ့တယ်။ စာမေးပွဲဖြေရင်း စဉ်းစားမိတယ်။ ဒီနေ့ အတန်းစောင့်တဲ့ ဆရာမက အဝေးကနေ ကွက်ကြည့်ကွက်ကြည့်နဲ့ မယုံသကာင်္ ဖြစ်သလို အနားလဲ လာမစစ်ဘူးပေါ့။ဘေးနာက ကောင်မလေးကလဲ ခဏခဏ လှည့်ကြည့် တော့ စိတ်က ဒေါသဖြစ်လာတယ်။ မထင်မှတ်ပဲ မျက်စိက အောက်ကို ငုံ့ကြည့်မိတယ်။ ထန်းမြစ်ကြီးက လုံချည်ကြားကနေ ထောင်လို့။ ရှက်လိုက်တာ .. ရှက်လိုက်တာ။ လုံချည်ကြားထဲက အဲဒီထန်းမြစ်ကိုကြီး လက်နဲ့ ကိုင်ထားလို့ကလဲ မဖြစ်၊ ကာထားလို့ကလဲ မဖြစ်၊ ထလိုက်ဖို့ကလဲ မဖြစ်နဲ့ သချာင်္ကို ကောင်းကောင်းမဖြေလိုက်ရဘူး။ ဆရာမတော့ ဘယ်လိုထင်သွားမလဲ မသိ။ ကျနော်ကတော့ အဲဒါ ထန်းမြစ်ကြီးပါလို့ သွားဖြေရှင်းလို့ကလဲ မဖြစ်။ သြော် ယတြာမျာ… ထူးဆန်းပါပေတယ်။ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တခါ ယတြာချေရင် ထန်းမြစ် မဆောင်တော့ဘူး။ ကျနော်က ထန်းမြစ်မှ မဟုတ်တာဘဲ။ (ဆိုလိုတာက ထန်းမြစ်မှ မဟုတ် ဘာအမြစ်နဲ့မှ အမှားမခံနိုင်ဘူးလေ)ရှက်လို့ပါ။

နောက်ယတြာ တခုက အင်္ဂလန်ကို သွားဖို့ လုပ်တုန်းကပေါ့။ ဗေဒင်ဆရာက အင်္ဂလန်နဲ့ ပတ်သက်တဲ့ ပုံတွေ၊ ပစ္စည်းတွေကို ခြေသုတ်ခုံ အောက်မှာ သြဇာရွက်နဲ့ ရောထုပ်ပြီး သတိရတိုင်း သွားသွားနင်းပေးရမယ်တဲ့။ ဈေးသွားတဲ့မေမေနဲ့ ညီမနဲ့က ကြုံတိုင်း အင်္ဂလန်တံဆပ်ပါတဲ့ ပစ္စည်းတခုခုကို ဝယ်ခဲ့ပေးတယ်။ ကျနော်လဲ သြဇာရွက်နဲ့ ပတ်ပြီး ခြေသုတ်ခုံအောက်မှာထား နင်းတာပေါ့။ သတိရတိုင်း နင်းဆိုတော့ ကျနော်က ဒီကိစ္စကိုလုပ်နေတော့ သတိက တနာရီကို မိနစ် (၆၀) သတိရနေတဲ့သူဆိုတော့ တချိန်လုံး နင်းရုံတင်မကဘူး သွားရပ်နေမိတယ်။ ယတြာက လွန်သွားတာလား၊ လိုသွားတာလားမသိဘူး အင်္ဂလန် မရောက်ဖြစ်ပဲ သူ့အနီးအနားက အလှမ်းမကမ်းကို ရောက်သွားရတာပါပဲ။ ညီမက အမြဲ နောက်ပါတယ်။ အကိုကြီးက သွားချင်တဲ့ နိုင်ငံကိုဖယ်ပြီး ကျန်တဲ့နိုင်ငံတွေကို နင်းရမှာတဲ့။ ပြောစရာ ဖြစ်ကျန်ခဲ့တဲ့ ယတြာချေနည်းပေါ့ဗျာ။

နောက်တခု ရှိသေးတယ်။ ကျနော့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ စုပ်ရော လာဘ် ရောပွင့်ကိန်းရှိတယ်ဆိုလို့ မေမေက သားမိန်းမရမှာ ကြောက်ပြီး အရုပ်မကို တည လုံး ပေါင်ကြားထားအိပ်ခိုင်းပြန်သေးတယ်။ တညလုံး ထည့်အိပ်ရမယ်ဆိုလို့ အိပ်တာ ဒီအရုပ်မက စိတ်ထဲ ငြိမ်ငြိမ်နေတယ်လို့ကို မထင်မိဘူး။ အရုပ်က ဆံပင်တွေ ယားတာကို ပြောချင်တာပါ။ မနက်မိုးလင်းတော့ အမေက အရုပ်မကို လာသိမ်းတယ်။ လွှင့်ပစ်ဖို့ပေါ့။ ဆံပင်တွေ ပွနေတဲ့ အရုပ်မကို ကောက်ယူကြည့်လိုက် သားကို ကြည့်လိုက်နဲ့ အရုပ်မနဲ့တောင် အမေက သကာင်္မကင်း ဖြစ်နေသေးတယ်။ ကျနော်လဲ ဘာမှ မလုပ်မိပါဘူး။ သြော်.. ဒါအရုပ်ပဲ ဆိုတာ စိတ်ထဲ အမြဲ မှတ်ထားပါတယ်လေ။ အမေတွေများ သားတွေကို အဲလို သဝန်တိုတာ။(အဲဒီယတြာကြောင့်ထင်တယ် ခုထိ မစွံသေးတာ)

ဘာဖြစ်ဖြစ် ဘဝမှာ အမေနဲ့ အဖွားလုပ်လို့ ချေလိုက်ရတဲ့ယတြာတွေ ၊ နည်းတွေ အများကြီးမှ အများကြီး။ တချို့နည်းတွေက အထောက်အကူ ပြုပါတယ်။ တချို့ကတော့ ကမောက်ကမ နဲ့ ရယ်စရာကောင်းပါတယ်။ တချို့ကတော့ စိတ်အနှောက်အယှက် ဖြစ်ပြီးလုပ်ရပါတယ်။ ဘာဖြစ်ဖြစ် ယုံကြည်လျှင် ယုံကြည့်သလောက် အတိုင်းအတာ တခုထိတော့ ယတြာက အကျိုးပေးပါတယ်။ ကျနောကတော့ မေမေ ဘာပြောပြော၊ အဖွားဘာပြောပြော ကျနော့်အတွက်မို့ ကျနော် ပြောတိုင်းလုပ်ပေးပါတယ်။( ကိုယ်တိုင်တော့ ဘယ်တုန်းကမှ မေးမြန်းမလုပ်ပါဘူး)။ ကိုယ့်ကိုကောင်းစေချင်လို့ လုပ်ပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ယုံကြည်မှု မျှော်လင့်ချက်တစ်ခုနဲ့တော့ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ တရိုတသေ လုပ်ပေးပါတယ်။


ခုထိစိတ်ထဲ ထစ်နေရင် ဗေဒင်မတွက် မမေးမမြန်းပဲ ငယ်ငယ်ကတည်းက ဘာဆို ဘာလုပ်ရမလဲ ဆိုတဲ့ယတြာ တချို့ကို မှတ်မိနေတဲ့အတွက် ဒီလို ချေလို့လွယ်တဲ့ယတြာတွေကိုတော့ ချေနေမိပါသေးတယ်။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

11 comments:

မမ said...

စိန် ယတရာ ခြေချင်လို့...ကူညီပါနော်...:P

ရီလိုက်ရတာ ထန်းမြစ်ရယ်..အဲ..စိန်ရယ်...

Anonymous said...

ယတြာတွေက စွမ်းပုံရပါတယ် .. :D
ခုရော ဗေဒင်မေးဦးမလား .. ပင်နစူလာမှာ သွားမယ်လေ .. :D
(စာမေးပွဲဖြေခါနီးမှ) :P

မိုးခါး

chocothazin said...

ဟိ အရုပ်မ ဘယ်ရောက်သွားလဲ
း)

sweetpeony said...

ဒါဆို ခု ပြန်စွံအောင် ကျားရုပ်နဲ့ အိပ်...
ဟိဟိ...

မယ်ကိုး said...

:D :D :D ရယ်လိုက်ရတာ :D :D :D

နေ၀သန် said...

ဖတ်ရင်းပြုံးသွားတယ်း)))

ခင်မင်တဲ့
နေ၀သန်

ဇွန်မိုးစက် said...

ဖြစ်ရမယ် စိန်စိန်ရယ်။ ဖတ်ပြီး ပြုံးလိုက်ရတာ။ အကြောတွေလျော့သွားလို့ ကျေးဇူးတင်ပါတယ်။း))

စနေသား said...

ဟီးဟီး... အရုပ်မနဲ့  ယားဆိယားဆိကြီးနေမှာ... ဟတ်ဟတ်...

အသိတရားတစ်ခုကို ရလိုက်သလိုပါဘဲ ကိုကိုဖိုးစိန်ရေ...

ပျော်ရွှင်ပါစေ...

လေးစားလျက်
စနေသား

Anonymous said...

အော် အဲလို ယတြာ ခြေရတယ်လား ခက်တာက သားတွေက အရုပ်နဲ့အိပ်ပါ့မလားမသိ ..း(

kokomaung.uk said...

အင်း... ယတြာ ဆိုတဲ့ စကားလုံးကြီးကတောင် တစ်မျိုးကြီး။ မြန်မာစာလိုလို။ ကုလားစာလိုလို။ ပါဠိစာလိုလို။ ဘာမှန်းအတိအကျမသိပေမဲ့ ယတြာဆိုတဲ့ အသုံးအနှုန်းကတော့ အတော်လေးတွင်ကျယ်နေလေရဲ့။

ဒါနဲ့.. စကားမစပ်။ အဲဒီအဆောင်ကြောင့် ဆယ်တန်းစာမေးပွဲအောင်ခဲ့တယ်ပေါ့းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Sint said...

Very funny!