
ပေါ့ပေါ့ပါးပါးပဲ….
တွဲလောင်းချ ကြိုးကွင်းထဲ
အသာလျှိုဝင်လိုက်ရုံ
တတ်နိုင်တဲ့ အားလေးနဲ့ တခါလေးလွှဲ
တိတ်တိတ်လေးလား...
ငြိမ့်ငြိမ့်လေးလား...
ခံစားတတ်ဖို့မလို
အောက်ခြေတော့ လွတ်တတ်ရတယ်။
တွဲလောင်းချ ကြိုးကွင်းထဲ
အသာလျှိုဝင်လိုက်ရုံ
တတ်နိုင်တဲ့ အားလေးနဲ့ တခါလေးလွှဲ
တိတ်တိတ်လေးလား...
ငြိမ့်ငြိမ့်လေးလား...
ခံစားတတ်ဖို့မလို
အောက်ခြေတော့ လွတ်တတ်ရတယ်။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဖိုးစိန်
10 comments:
အောက်ခြေလွတ်တတ်သူတွေတော့ ဒန်းစီးတတ်မှာပေါ့ 
ဒန်းစီးခြင်းလို့ သွယ်ဝိုက်ပေးထားတာလား။
စာသားအဖွဲ့လေး ကောင်းတယ်။
အောက်ဆုံးအကြောင်းက အဓိကအကျဆုံးပဲနော့။
အောက်ခြေ လွတ်ရမယ်ဆိုရင်တော့ ဒန်းစီးလို့တွေ့မယ့်အရသာကို သဘောကျပေမယ့် မစီးတော့ပါဘူးလို့ ကျ ရင် နာမှာစိုးတယ် ။
ကိုစိန် ခုတလော ဘာဖြစ် ရေးတဲ့စာတွေထိနေလို့း)
အပေါ်ကကြိုးကွင်းပုံကိုမြင်တော့ လည်ပင်းကို စွပ်ဖို့လားလို့ ထင်လိုက်တာ.. :D
ဒန်း မစီးဘူး ..မူး တတ်လို့...း)
အဲ့လိုကြီးတော့ စီးရဲပါဘူးနော်..
ဖိုးစိန်လေး ဘာဖစ်နေတုန်းး
စိတ်ကောင်းကောင်းထားလေ..
ပျော်တုန်းကတော့ မျောက်လွှဲကျော်.
စိတ်ညစ်တော့ မျောက်မှိုင် မှိုင်နေတာလားး
ဘဝဆိုတာ ဒီလိုပေါ့. ဒန်းစီးသလိုပဲလေ. နိမ့်ချည် မြင့်ချည်. လောကဓံကို ခံနိုင်ရည်ရှိမှ လူတော်လို့ ခေါ်လို့ရမှာ။
အလွယ်တကူ အရှုံးပေးတတ်တာ မကောင်းဘူးလေ။ စိတ်ဓာတ်ခိုင်မာရမယ်လေ.. ဟုတ်လားးးးး
ခုတလော ဘာဖစ်..
ခင်မင်တဲ့
နေ၀သန်
ဒီလိုနည်းနဲ့ အောက်ခြေလွတ်ရင် အကျမနာလောက်တော့ဘူး...
းဝ)
အောက်ခြေလွတ်ကျွမ်းကျင်သူ တစ်ချို့အတွက် ကူးသွားပါတယ်...။ :P
Post a Comment