အလုပ်+ အလုပ် = နားချိန်

အခုရက်ပိုင်း စိတ်ရော လူရော မနားရဘူး ဖြစ်နေတယ်။ သင်တန်းက တဖက်၊ ကျောင်းက တဖက်နဲ့ အလုပ်က တဖက်နဲ့ ကလေးက လှည့်ထိန်းလိုက်သေးတယ်။ ဒီကြားထဲ ပတ်တိုင်း ကလုပ်ဖို့ စိတ်ကူးလိုက်သေးတယ်။ တခါတလေ ညည အိပ်ပျော်နေရင်းနဲ့ အိပ်မက်ထဲမှာ အီးမေးလ်တွေ ပြန်နေတယ်။ ဖုန်းဆက်ရင် ဘယ်သူ့ကို ဘယ်လို စကားမျိုး ပြောရမလဲ ဆိုပြီး အိပ်မက်ထဲမှာ အလုပ်ရှုပ်နေတယ်။ အိပ်ယာနိုးလာတော့လဲ ဖုန်းကောက်ကိုင်ပြီး ရုံးက အီးမေလ်ကို ကောက်ကောက်စစ်တာ အကျင့်ဖြစ်နေပြီး။ ဒီကြားထဲ တရေးနိုး ထကြည့်လို့ အရေးကြီးတဲ့ မေးလ်ဝင်နေရင် ပြန်အိပ်လို့မရတော့ဘူး။ အလုပ်ကို တော်တော် စွဲ နေပြီး။ ဘိန်းစွဲသလိုကို စွဲနေတာ။ ကိုယ်ကိုယ်ကိုယ်သိလိုက်ရတဲ့အချိန်ကနောက်ကျနေပြီး။


ငယ်ငယ်က အဖေပြောတာကို သတိရတယ်။ တရေးနိုးတိုင်း ညအချိန်မတော် အဖေအလုပ်လုပ်နေတာကို မြင်တိုင်း အဖေ့ကို ဒါလုပ်လို့ မချမ်းသာ သွားဘူးလို့ ပြောရင် အဖေက မင်းတို့ အသက်ကြီးလို့ မိန်းမရရင် သိလိမ့်မယ်လို့ပြောတယ်။ အခုတော့ မိန်းမမရခင် သိနေပြီး။ အဖေ့ကို ကိုယ်ချင်းစာတတ်သွားပြီး။ အဖေပြောသလို ကျွန်ဇာတာ ပါတယ်ပဲ ပြောရမယ်။ အလုပ်မရှိရင်ကို မနေတတ်တာ။ အခု အလုပ်များတဲ့ နေရာမှာနေရတော့ အလုပ်များတယ်ဆိုပြီး ညည်းပြတာက လွဲလို့ အလုပ်လုပ်နေရတာကို ပျော်နေတော့တာ။ အလုပ်များတာကို က ပျော်စရာကောင်းနေတာ။ အလုပ်မရှိရင် ဘယ်လောက်များ ပျင်းစရာ ကောင်းလိုက်မလဲ။


ဒီမှာ အဲယားကွန်းခန်းထဲမှာထိုင်ပြီး ဘောပင်ကိုင်၊ ဖုန်းကိုင်ပြီး အလုပ်များရတယ်။ ဆိုက်ပရက်စ် မှာတုန်းက ပေါက်တူးကိုင် ဆေးသုတ်တံ ကိုင်နိုင်ဖို့တောင် အိမ်ပေါက်စေ့ ကြော်ငြာလိုက်ကပ်နိုင်မှ အလုပ်များတယ်။ ကာယအားကိုး ပြီး ရတဲ့ ပိုက်ဆံနဲ့ ဉာဏအားကိုး ပြီး ရတဲ့ ပိုက်ဆံယှဉ်လိုက်ရင် ကာယအားနဲ့ ရတဲ့ ပိုက်ဆံကို ပိုပြီး နှမြောတယ်။ မသုံးရက်ဘူး။ ဒီမှာက ကံကောင်းလို့ အချက်ပိုင်ရင် အလုပ်ကောင်း၊ ဝင်ငွေကောင်းပြီး။ အထက်က အဆူအပူခံရတာ ကလွဲလို့ ပေါက်တူးပြေးမကိုင်ရဘူး။ ဆေးသုတ်တံ မရှာရဘူး။ ဘယ်လောက်ညည်းညည်း စိတ်ပင်ပန်းပေမယ့် လူမပင်ပန်းဘူး။ ဒီတော့ အရင် အလုပ်ထက်စာရင် အခုလက်ရှိ လုပ်နေရတဲ့ အလုပ်ကို ပိုလေးစားတန်ဖိုးထားမိတယ်။ လုပ်နေတဲ့ အလုပ်ပေါ်မှာလဲ ကောင်းကောင်းဆိုးဆိုး၊ ကိုယ့်စိတ်ကောင်းလေးကို နှစ်ပြီးလုပ်လိုက်တယ်။ ကိုယ့်မှာ အရင်က အတွေ့ အကြုံ ရှိပြီးသား။ ယှဉ်လိုက်ရင် လုံးဝကွာခြားတာကို သိနေတယ်။ (ဒီတော့ စကာၤပူမှာ အလုပ်ကောင်းကောင်း နဲ့ ဝင်ငွေလေးရှိနေတာကို သိပ်မညည်းကြပါနဲ့။ လက်ရှိမှာ အကောင်းဆုံးကိုပဲ လုပ်ပါ လို့ ပြောချင်ပါတယ်)။


မနက် ရုံးသွားလို့ ကားပေါ်ကနေ အကျီဆင်တူဝတ်ပြီး ဆေးပုံတွေပေါ် ငိုက်ပြီး ကားသယ်ဆောင်ရာပါသွားတဲ့ ကားနောက်က လူတွေကို တွေ့တိုင်း ကိုယ့် ဆိုက်ပရပ်စ်က ဘဝကို သတိရတယ်။ ကိုယ်လဲ ဒီလိုပဲ ဘဝကိုစခဲ့ရတယ်။ ရောက်ခါစက အလုပ်လိုချင်လို့ မနက်ဆိုရင် အစောကြီးထ၊ ထမင်းဗူးလေးပြင်၊ အကျီဘောင်းဘီ အပိုထည့်ပြီး ကားဝင်းအဝိုင်းထဲကို သွားရတယ်။ သူလို ကိုယ့်လို အလုပ်လိုချင်လို့ လာတဲ့သူတွေ ဒုနဲ့ဒေး။ ကားတစီးဝင်လာပြီး ဆိုရင် ဘုရားစာရွတ်ရတယ်။ ငါ့ကို မြင်ပြီးခေါ်ပါလို့ စိတ်ထဲက နေအကြိမ်ကြိမ် ဆုတောင်းရတယ်။ ဝင်လာတဲ့ ကားတွေက ဆောက်လုပ်ရေး အတွက် အုတ်သယ်၊ခဲသယ် လူအပိုလာခေါ်တဲ့ကား နဲ့ ဆေးသုတ်ရင် သိမ်းဖို့ လူအပိုလာခေါ်တဲ့ကားတွေ။ ကားတစီးက ကိုယ့် ဘေးက လူကိုခေါ်ပြီးထွက်သွားရင် ကိုယ်စိတ်မကောင်း ခြင်းကြီးစွာ ကျန်ခဲ့တတ်တယ်။ ကိုယ့် က ပိန်တော့ ဆောက်လုပ်ရေးက လက်ကြောတင်းမယ့်ပုံ မပေါ်လို့ ဆိုပြီး လုပ်ချင်တာတောင် ခိုင်းဖို့ မခေါ်ဘူး။ ကံကောင်းတဲ့နေ့က ဆေးသုတ်တဲ့ကားနဲ့ ပါတဲ့နေ့ပဲ။ ကားနောက်ခန်းကနေ ထိုင်လိုက်ပြီး ကိုယ့်ကိုယ် ဘယ်ဆီဘယ်ဝယ်ခေါ်ပြီး ဘာခိုင်းမှန်းမသိပဲ လိုက်သွားရတယ်။ ရောက်တဲ့နေရာမှာ သူတို့ ခိုင်းတာ တွေကို တတ်တတ် မတတ်တတ် လုပ်ရတယ်။ နောက်တော့လဲ မြင်ရ ကြားရတာနဲ့ တတ်သွားတာပဲ။


ခုဒီမှာ အလုပ်ရှာရတာ မနက် သတင်းစာလေး ဆင်းဝယ်၊ ကော်ဖီတခွက်ဖျော်ပြီး ကွန်ပြူတာရှေ့ ချက်ရင်း၊ ဖဘဝင်ရင်း အလုပ်လျှောက်၊ ဖုန်းလေးထိုင်မျှော်နေရုံပဲ။ အချက်သင့်ရင် တခါတည်းနဲ့ အလုပ်တန်းရ၊ ပတ်စ်ကျ ဘဝက ငြိမ်းတယ်။ အဲလို အလုပ်ရတဲ့သူက ပင်ပန်းတယ်၊ စိတ်မသက်သာဘူး ညည်းတိုင်း ကျနော်ဆိုက်ပရပ်စ်မှာ အလုပ်ပင်ပန်းတာကို ခဏလောက်ခေါ်ပြချင်တယ်။ အလုပ်ဘယ်လောက်ပင်ပန်း၊ စနေ၊တနင်္ဂနွေဆို ပင်ပန်းတာပျောက်တာပဲ။ ကျော့ကျော့မော့မော့နဲ့ အလုပ်လေးလုပ်၊ ကွန်ပြူတာရှေ့ထိုင်ရင်း ညည်းရင်း လကုန်မှန်းမသိကုန်၊ ပိုက်ဆံလေးရ သုံးလိုက် ကုန်လိုက်နဲ့ သံသရာ လည်သွားတာပဲ။


ကျနော့်အတွက်တော့ အလုပ်+ အလုပ် = နားချိန်(မေသူမ မဟုတ်ပါဘူး)ပါပဲ။ ဘာလို့လဲ ဆိုတော့ ခု မအားတဲ့ ကြားထဲက ပတ်တိုင်း လုပ်မယ်လို့ စိတ်ကို ဆုံးဖြတ်ထားလို့ပါပဲ။


အားလုံး အလုပ်အကိုင် အဆင်ပြေပါစေ။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

အချိန်ပိုင်းအလုပ် ကောင်းကောင်းလေးရှိရင် လက်တို့လိုက်ပါကဖိုးစိန်.. အားနေရင် သားသားကိုလွမ်းနေလို့.. အလုပ်တွေပဲရှုပ်နေချင်နေလို့ပါ..း)
Anonymous said…
း) ကိုဖိုးစိန် ပြောမှပဲ ကိုယ့် လက်ရှိ အလုပ်ကို တန်ဖိုးထားတတ်ဖို့ ထားရဖို့ သတိရသွားပြီ။ ကျေးဇူးး)

နောင့်
TZH1985 said…
အလုပ်အတွက် စိတ်ဖိစီးလွန်းပြီး ကျန်းမာရေး ထိခိုက်နေပါဦးမယ် ဂရုစိုက်ပါခင်ဗျာ... :P
နွေးနေခြည် said…
အလုပ်ကိစ္စတွေနဲ့ စိတ်ညစ်နေတာ.. ဒါဖတ်လိုက်တော့ ကိုယ့်ကိုယ်များတည့်တည့်ပြောသလားတောင် ထင်မိတယ်။
အလုပ်ကမသေမချင်းလုပ်ရမှာနော်
ကျန်းမာရေးတော့ဂရုစိုက်ပါ
ကျန်းမာမှ အရာအားလုံးအဆင်ပြေတာနော်..
rose of sharon said…
မအားတဲ့ကြားက part time လုပ်ဦးမယ်ဆိုတော့ ကျန်းမာရေးတော့ ဂရုစိုက်ပါကွယ့်... အလုပ်ကိုတန်ဘိုးထားတဲ့စိတ်ဓာတ်ကိုလေးစားပါတယ်...
မရောက်တာကြာပြီဖြစ်တဲ့ ဘလော့လေးသို့ လာလည်ခဲ့ပါတယ်။ စာဖတ်ပြီး ပြန်ပါပြီ။
mstint said…
"ကျောင်းက တဖက်နဲ့ အလုပ်က တဖက်နဲ့ ကလေးက လှည့်ထိန်းလိုက်သေးတယ်" တဲ့။ နောက်ပြီး "အခုတော့ မိန်းမမရခင် သိနေပြီး" မောင်ဖိုးစိန် ဘယ်က ကလေးကိုလှည့်ထိန်းတာလဲး))။
အလုပ်ကိုတန်ဘိုးထားတတ်တာ ကောင်းတယ် ဒါပေမယ့် ကျန်းမာရေး ထိခိုက်အောင်တော့ လောဘမကြီးနဲ့ပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်
Unknown said…
ဆိုက်ပရက်စ် ကို သတိရနေ သေးတယ့် ဘိုစိန်ရေ ကိုယ်တော့ နောက်လ ထဲ သွားဖို့ ရှိတယ်
ဝင်ခဲ့ပါဦး
Unknown said…
ဆိုက်ပရက်စ် ကို သတိရနေ သေးတယ့် ဘိုစိန်ရေ ကိုယ်တော့ နောက်လ ထဲ သွားဖို့ ရှိတယ်
ဝင်ခဲ့ပါဦး

Popular Posts