Filial Piety - နားလည်မှတွေတည်ဆောက်ကြ








နှလုံးသားချင်းကို နှလုံးသားနဲ့ ရင်းမယ်။ အရေးကြီးရင် သွေးနီးမယ်။ ဘယ်လောက် နီးနီးဝေးဝေး နှလုံးသားချင်းနားလည်မယ် ဆိုတာက မိဘနဲ့ သားသမီးပါပဲ။

အဲဒီနှလုံးသားချင်း နီးဖို့ မိဘနဲ့ သားသမီးကြားမှာ ဘာလိုလဲ အခြေခံကျကျ ရှာရင် သားသမီးက မိဘအပေါ် ရိုသေကိုင်းရှိုင်းမှုပဲ..။

ရိုသေကိုင်းရှိုင်းမှု ဆိုတာ တကယ်တော့ မိဘနဲ့ သားသမီးကြားမှာ အရေးကြီးတဲ့ ဆက်သွယ်မှု တခုဲ။ သားသမီးက မိဘအပေါ် ရိုသေမှုရှိမှ မိသားစု ပြသနာ လျှော့နည်းမှာ အမှန်ပဲ။ ရိုသေကိုင်းရှိုင်းမှုက ဘာတွေကို ယူဆောင်ပေးသလဲဆိုရင် စိတ်ခံစားမှုတွေ၊ အိမ်တွင်းရေး ပြသနာတွေ၊ စီးပွားရေး ပြသနာတွေ ကို မိဘနဲ့ သားသမီး တူတူ ဖြေရှင်း လို့ရမယ်။ မိဘအပေါ် ယုံကြည်မှုတွေ ရှိမယ်။ မိဘကလဲ သားသမီးကို တဖက်တလမ်းက အားကိုးလို့ရမယ်ပေါ့။

ဒီလို မိသားစု အဆင်ပြေမှ သားမီးတွေက သူတို့ရဲ ့ပညာရေးနဲ့ စိတ်ဓာတ်ရေးရာတွေ မြင့်လာမှာ အမှန်ပဲ။

ခုနောက်ပိုင်း ဘာတွေ တွေ့လာလဲ ဆိုရင် ဆယ်ကျော်သက်တွေက သူတို့ မိဘေတြ သူတို့ အတွက် ဘာလုပ်ပေးတယ်။ ဘယ္လို လုပ်ပေးတယ်ဆိုတာကို သူတို့ အသိအမှတ်မပြုတော့ဘူး။ သူတို့က မိဘပဲ. မိဘတာ၀န် ယူတတ်ရမှာပေါ့။ ကျောင်းထားပေးရမှာပေါ့။ လိုချင်တာ ၀ယ်ပေးရမှာပေါ့.. စသဖြင့် မိဘေတြကို ခုခေတ် ဆယ်ကျော်သက်တွေ မြင်လာတယ်။ အထူးသဖြင့် အိမ်မှာ မိမစုံ ဖမစုံနဲ့ နေရတဲ့သူတွေ အေဖတျခား အမေတခြားနေရတဲ့သူတွေနဲ့ မိဆိုးဖဆိုးနဲ့ နေရတဲ့သူတွေ ကြား ပိုများတယ်။

အထူးသဖြင့် ကိုယ်နဲ့ပတ်သက်တဲ့ Clients တွေက အမေနဲ့ အဖေနဲ့ ကွဲနေတာမျိုး၊ အိမ်မှာ အဖေနဲ့ အမေနဲ့ အဆင်မပြေတာမျိုးတွေများပြီး အဆင်ပြေပြန်တော့ မိဘက သားသမီးကို Take Care မလုပ်နိုင်တာတွေ တွေ့တယ်။ ငယ်ငယ်တုန်းက အရမ်းလိမ်မာတယ် ဒီနှစ်အတွင်းမှာမှ ပြောင်းလဲသွားတယ်ဆိုပြီး Clients မိဘေတြ ပြောပြောနေတာကြားနေရတယ်။ အဲဒါဘာလိုအပ်လဲဆိုရင် မိဘေတြရဲ ့နွေးထွေးမှု အေနအထား၊ သားသမီး ကြီးလာတာနဲ့ အမွ် ပြောင်းလဲ လာတဲ့ မိဘေတြရဲ ့ဆက်ဆံမှုကြောင့် သားသမီးတွေရဲ ့ရိုသေမှုတွေ လျှော့နည်းလာပြီး မိဘေတြ နဲ့ အတိုက်အခံ ဖြစ်လာတော့တာပဲ။

သားသမီးတွေ အနေနဲ့ မိဘကို ရိုသေကိုင်းရှိုင်းမှု မြဲနေဖို့အတွက် မိဘေတြ အနေနဲ့ သားသမီးတွေကို ဆက္ဆံ ဆုံးမတဲ့အခါမှာ သားသမီးရဲ ့အပြုအမူအပေါ် မူတည်ပြီး စဉ်းစားချင့်ချိန် ဆုံးမတတ်ရမယ်။ အရွယ်ရောက်လာတာနဲ့ အမွ် ပုံစံအမျိုးမျိုးနဲ့ သားသမီးတွေ ပြောင်းလဲလာတာကို လက်မခံနိုင်ရင်တောင်မှ အသိအမှတ်ပြုမှု တခုပေးထားရမယ်။ ဒါမွ သားသမီးတွေက သူတို့ကို လက်ခံနားလည်ပေးနိုင်တဲ့ မိဘအပေါ် ယုံကြည်ကိုးစားပြီး ရိုသေကိုင်းရှိုင်းလာလိမ့်မယ်။


တခါတေလ မိဘေတြက သားမီးတွေဆီက ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို ကြားချင်သလို သားသမီးတွေကလဲ မိဘေတြဆီက သူတို့လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ တခုခုကို အသိအမှတ်ပြု လက်ခံတာကို ပေါ်ပေါ်ထင်ထင် တောင်းသလို ပါးစပ္က ထုတ်မပြောပဲ စိတ္ကေန တိတ်တခိုးကြိတ်မှိတ် မျှော်လင့်တတ်တာမျိုးတွေ ရှိတတ်တယ် ဆိုတာ မိဘေတြ အနေနဲ့ မမေ့သင့်ဘူး။ အဲလို တခုခုမွ လွှဲချော်သွားရင် ဆယ်ကျော်သက်တွေ အနေနဲ့ မိဘေတြ အပေါ် အတွေးအမြင် ပြောင်းလဲပြီး ရိုသေမှု လျှော့နည်းလာတာကို တွေ့ရတာပဲ..။


ဒီလိုအချိန်မှာ မိဘေတြက ငါ့ သားသမီးတွေက ငယ်ငယ်ကလိမ်မာပါတယ်. ဒီနှစ်ထဲမှာမှ ပြောင်းလဲသွားတာဆိုတာ ခဏခဏ ပြောတယ်။ မိဘေတြက သားသမီးတွေ နေ့စဉ်နဲ့ အမွ် ကြီးလာတဲ့အပေါ် လက်မခံပဲ အရင်လို ကလေးလို့ မြင်နေတာရာကနေ သူတို့ လက်ခံထားတဲ့ ပြောသမျှ နားထောင်တဲ့ အရွယ်ကို ပဲ ပြန်လိုချင်နေကြပြီး ပြောင်းလဲ လာတာကို လက်မခံ။ သားသမီးတွေကလဲ မိဘတွေအပေါ် အမြင်ပြောင်းပြီး ရိုသေကိုင်းရှိုင်းမှုတွေ ကုန္လြန္သြားတာပါပဲ။ အဲဒီမွာ နားလည်မှုတွေလွဲ. အနေေ၀း သွေးအေး သွားကြတာ. နှစ်ဆယ်ကျော် သုံးဆယ်ရောက်.မိဘလဲ နေရာပျောက် ဖြစ်သွားကြတာပါပဲ။


ဒါကြောင့် သားသမီးတွေ မိဘကို ရိုသေကိုင်းရှိုင်းတတ်အောင် ခေတ်နဲ့ အညီ လမ်းညွှန် ပြုပြင် ဆုံးမတတ်ပါစေ။ မိဘေတြ အနေနဲ့ ဆယ်ကျော်သက် သားသမီးတွေကို မဆုံးမ တတ်ရင် ကြားခံ တေယာက္ကို အလည်ထားပြီး သားသမီးတွေ ဆီက ရိုသေမှုကို လိမ္မာပါးနပ္စြာ ယူပါလို့။


ဒီနေ့ CASE GROUP WORK တခု လုပ်ဖြစ်တယ်။ ကိုယ့် Clients တွေပါပဲ။ သူတို့ကို ပစ္စည်း သုံးခု ပြတယ်။ ငယ်ငယ်တုန်းက အမေနဲ့ သမီး ချစ်ကြတဲ့ပုံ၊ ပြီးတော့ အေမက သမီးအတွက် ဆုတောင်းစာရေးထားတဲ့ မွေးနေ့ကဒ်၊ သမီးက အေမ့ကို ခ်စ္တယ္ဆိုတဲ့ အကြောင်း ရေးထားတဲ့ စာရွက်တရွက်.။ ဒါတွေကို Clients တွေ ကို ချပြတယ် ပြီးတော့ သူတို့ကို(Role) ရာထူးပေးလိုက်တယ်။ ဥပမာ တေယာက္ကို Youth Counselor နောက်တယောက်ကို Family Therapist ပြီးတော့ psychiatrist ဆိုပြီး Role ပေးတယ်။ အဲပစ္စည်းသုံးခုလုံးက အမေနဲ့ သမီး မေတ္တာကို ပြတယ် ဆိုတော့ အခုချိန်မှာ ကိုယ်တွေက အဲဒီအမေနဲ့ သမီးနေရာမှာ သရုပ်ဆောင်ပြီး အဆင်မပြေတဲ့ ပြသနာတွေ နဲ့ စကားမ်ား ရန်ဖြစ် စေတယ်။ အဲဒီပြသနာတွေကို Clients တွေက သူတို့ အနေနဲ့ အမေနဲ့ သမီး နေရာ သရုပ်ဆောင်တဲ့ သူတွေကို အင်တာဗြူး လုပ်ပြီး ပြေလည်အောင် ဖြေရှင်းခိုင်းတာ.။


အဓိကက သူတို့ လို ဆယ်ကျော်သက်အနေနဲ့ မိဘေနရာ ကေန မိဘကို သူတို့ ဘယ္လို မြင်သလဲ ဆိုတာ သိချင်လို့ သူတို့လို ဆယ်ကျော်သက်တွေ အနေနဲ့ ဒီလို ပြသနာတွေ ကြုံလာတဲ့ အခါ သူတို့က မိဘေတြကို ဘယ်လို တောင်းဆိုသလဲ ဆိုတာ သိချင်လို့ Drama Therapy ကို သုံးပြီး Filial Piety Workshop တခု လုပ်ဖြစ်တယ်။ သူတို့ ဆီက မိဘအနေနဲ့ ခံစားပေးတတ်တဲ့သူတွေ သားသမီးဘက်က ခံစားပေးတတ်တဲ့သူတွေ ထွက်လာတယ်။ ပြီးတော့ သူတို့တွေရဲ့self awareness တွေကို လက်တွေ့ သိလိုက်ရတာပါပဲ။ အဲဒါကို အခြေခံပြီး ဒီပိုစ့်လေးကို ရေးမိတာပါ.။

ချစ်ခင်လေးစားစွာဖြင့်

စိန်လျှံထွန်း 


Comments

mstint said…
မိဘနဲ့သားသမီး ဆရာနဲ့တပည့် အလုပ်ရှင်နဲ့အလုပ်သမား လူသားအချင်းချင်း ရိုသေလေးစား အသိအမှတ်ပြုမှု ဆိုတာလေးတွေဟာ အမြဲရှိသင့်တဲ့အရာဖြစ်ပေမယ့် ခေတ်ရေစီးကြောင်းနဲ့တော့ အံဝင်ဂွင်ကျဘို့လိုတယ်လို့ ယူဆမိတယ် ဖိုးစိန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Popular Posts