အေမ နဲ့ သူ၏ စိတ္တဇ

ကျနော်ငယ်ငယ်  သိတတ်စ ကတည်းက အေမက ကျမ်းမာရေးမကောင်းဘူး။ အထူးသဖြင့် ညီမအငယ်ဆုံးကို မွေးပြီးတော့ ဖြစ်လိုက်တဲ့ ရောဂါတွေက ဆက်တိုက်.. ဆက်တိုက်။ ကျနော့်နဲ့ အငယ်ကောင်ကို မွေးပြီးတဲ့ ချိန်ထိ အေမက မြ၀တီ.. ကော့ကရိတ်.. မော်လမြိုင်..မဲဆောက်တက်ပြီး ဈေးရောင်းဈေး၀ယ်(ဟိုတုန်းကအခေါ် မှောင်ခို) လုပ်နေတုန်း။ သွားတယ်။ လာတယ်။ စားတယ်။ သန်မာတယ်။ ကျမ်းမာရေးကောင်းတယ်။ ညီမအငယ်ဆုံးကိုလဲ မွေးပြီးရော အေမ ဖြစ်လိုက်တဲ့ ရောဂါတွေက ၉၆ပါး တရာ့နှစ်ပါး မျိုးစုံပါပဲ။



ညီမကိုဗိုက်ခွဲမွေးတယ်။ ပြီးတော သိပ်မကြာဘူး..့ သားအိမ်ကင်ဆာဖြစ်ပြီး ရန်ကုန်မှာ နှစ်ရှည်လများ ဆေးထိုး ဆေးစား ဓာတ်ကင်နဲ့ ေ၀ဒနာခံစားရတယ်။ ကင်ဆာ လုံးလုံးရှင်းရှင်းပျောက်လို့ မော်လမြိုင်ပြန်လာတော နောက်ရောဂါ့ စဖြစ်တယ်။ အသည်းရောင် အသားဝါတဲ့။ အဲဒီကတည်းက အိပ်ယာထဲကနေမထတော့ဘူး။ တနေ့ တနေ့ အမေဘယ်နေ့ ဆုံးမလဲဆိုတာ ကျောင်းကနေပြန်လာတိုင်း ရင်တမမနဲ့ပေါ့။



ငါကျောင်းကနေ ပြန်ရင် ငါ့အိမ်ရှေ့မှာ အိုးသုံးလုံးများ စီရီထားမလဲ။ အိမ်ပေါ် မတက်ခင် အေမ့ကို လာကြည့်တဲ့သူများနေရင် ဒုန်းကနဲ ဆို နှလုံးခုန်ပြီး ငါ့အေမ ဆုံးလို့ လူများတာလားဆိုပြီး အိမ္ကို မပြန်ချင်လောက်အောင် စိတ်မကောင်းဖြစ်ရတယ်။ မှတ်မိသလောက်တော့ ကျနော် ငါးတန်းတက်လို့ ခြောက်တန်း နှစ်ရောက်ပြီးပေါ့။ အေဖက အဲဒီတုန်းက အစိုးရ ၀န်ထမ်း ဆိုတော့ အေမ့ကို တနေကုန် မကြည့်နိုင်ဘူး။ အမေ့ရဲ့ အေမအဖြားကပဲ အေမ့ကို ပြုစုပေါ့။ အေမက အေပါ့အေလးသြား အိပ်ယာထဲမှာပဲ။ အဲဒါကို အိမ်ရောက်ရင် အဖွားနဲ့ အတူ အေမ့ကို အ၀တ်အစား လဲပေးရတယ်။



အဖွားတယောက်တည်းကလဲ အေမ့ကို မ မနိုင်။ အေမ့အသားကို မထိရဘူး။ ထိလိုက် ကိုင်လိုက်ရင် လက်ရာကြီး အတိုင်း နာရီ အတော်ကြာအောင် ကျန်ရစ်နေတာ။ လက်လေးနဲ့ အသားကို ဖိလိုက်ရင် ပြန်မတက်လာတော့ဘူး။ ကျောင်းကပြန်ရောက်ရင် ရေချိုးခန်းထဲ က အမေ့ထမိန် တပုံကိုလျှော်ရင်း အမေနေကောင်းပါစေလို့ မျက်ရည်စမ်းစမ်းနဲ့ ဆုတောင်းရတာအမော။ အဲဒီတုန်းက ကျောင်းတောင် မနေချင်တဲ့ဘ၀။ အေမက တချိန်လုံး ဆေးရုံနဲ့ အိမ်နဲ့..။ ဆေးရုံမှာ နေရတဲ့ရက်က ပိုမ်ားသလိုပဲ။ အမေ့မျက်နှာကလဲ မမှတ်မိလောက်အောင် ပြောင်းလဲသွားတယ်။ မျက်နှာ တခုလုံးဝါထိန်ပြီး မျက်တွင်းကဟောက်ပက်။ မျက်လုံးက ပြူးပြီးဝါနေသယောင်။ ဗိုက်ကလဲပူ.ဘာမှာလဲမစားနိုင်။ တမှိုင်မှိုင်နဲ့ အေမ့ကို အစာကျေွးတိုင်း ပါးစပ္ကေန ပြန်အမ်တာကို ကြည့်ပြီး အစားအသောက်ပျက်ရတယ်။



အဲဒီလို ရှိသမျှစည်းစိမ်တွေပုံအောပြီး သကာလ အေမ့ကုသိုလ္ကံက ကောင်းတော့ အေမ အသည်းရောင် အသားဝါ ပျောက်သွားတယ်။ နဂိုမူလအတိုင်း ကျမ်းမာလာတယ်။ အဲဒီမွာ စရတဲ့ ရောဂါက မန်းနီးကင်ဆာပဲ။ ပိုက္ဆံရွိမွ ဆေးကုလို့ရတယ်။ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့ မရဘူး ဆိုပြီး အေမ့ခမ်ာ စိတ္တဇ ၀င်သွားတယ်။ လက်ထဲမှာ ငွေအလုံအလောက်မရှိတော့ရင် ငါရောဂါမကုနိုင်တော့ဘူး။ ငါသေရတော့မယ်ဆိုပြီး အမြဲညည်းလေ့ရှိတယ်။ အမေညည်းတော့ အေဖေရာ သားသမီးတွေရော မနေနိုင်ဘူး။ အမေကံကောင်းချက်က တကယ့်ကို ကြင်နာ သနားတတ်တဲ့ ယောကျားကောင်း ရထားလို့ပဲ။



ဆိုက်ပရပ်စ်မှာ နေတုန်းက အမေ့သားအိမ် ကင်ဆာထပ်ဖြစ်တယ် လို့ လက္ခဏာ ပြတော့ အမေစိတ်ဓာတ်တွေ အကြီးအကျယ် ကျတယ်။ အဲအချိန်တုန်းက ဆရာ၀န္ကလဲ ဒီမွာ ကုလို့ မေပ်ာက္ဘူး. နိုင်ငံခြားမှာကုမှ ရမယ်လို့ပြောတဲ့ နေ့ကစပြီး အိပ်မပျော် စားမ၀င်. တသသ နဲ့ နိုင်ငံခြားမှာ ကုဖို ့စွဲလန်းနေတာ။ ပြီးတော့ မြန်မာပြည်က ဆရာ၀န္ကို ပျောက်အောင် မကုနိုင်ဘူး ဆိုပြီး သြားမျပေတာ့ပဲ သူ့မှာ ကုဖို့ ပိုက်ဆံအလုံအလောက်မရှိမှာကိုလဲ စိတ်ပူပြီးတော့ အိပ်ယာထဲက နေမထနိုင်တော့ဘူး။ အဲဒါနဲ့ ကိုယ္က မပူနဲ့ အကုန်တာ၀န်ယူတယ်. ပျောက်သွားအောင်သာကု လို့ ပြောရတယ်။ အဲဒီအခါမွ သားက ကုပေးမယ်ဆိုတဲ့ အားတွေ ပြန်တက်ပြီး နောက်ဆရာ၀န်ဆီပြန်သွား ဆေးပြန်စစ်တော့ အခြေအနေကောင်းတယ်။ဒီမှာကုလို့ရတယ်လို့ပြောလိုက်တော့ အေမခမ်ာ နေပြန်ကောင်းသွားတယ်။ မြန်မာပြည်မှာကုလဲ တော်တော်ကုန်တာပဲ။ တကယ်လို့များ အေမသာ နိုင်ငံခြားမှာ ကုခဲ့ရရင် ကျနော်လဲ ခုလောက်ဆို အကြွေးပတ်လည်၀ိုင်းနေမှာပဲ။ အမေသိပ်ကံကောင်းတယ်။



နောက်ပိုင်း အေမက ခေါင်းမူးပြီးဆိုရင်လဲ ဆိုက္ကို ၀င်ပြီး ဆေးခန်းပြရမှာ နေသာထိုင်သာ ရွိတဲ့ သူ ဖြစ်သွားတယ်။ ဘာဖြစ်ဖြစ် ဆေးခန်းသွားရမှ. ဆေးသောက်ရမှ။ တခါတေလ ကိုယ္က သူဆေးတွေကို သကြားလုံး ပဲလှော်စားသလိုမျိုး ထမင်းစားပြီးတိုင်း စားစားနေတာ မြင်တော့ အမေရယ် မလိုအပ်ရင် ဆေးခန်းမသွားပါနဲ့ လို့ တားလိုက်ရင် ကိုယ္က ကပ်စည်းနည်းပြီး ပေးမသွားချင် ဖြစ်မှာ စိုးပြီး မတားရဲဘူး။ သူက ကိုယ္က မသွားနဲ့လို့ပြောရင် မသွားပဲနေပေမယ့် သူစိတ်မကောင်း ဖြစ်ဖြစ်နေတာ. ဆေးခန်းမသွားလိုက်ရလို့ စိတ္တဇ တွေ ဖြစ်ပြီး နေမကောင်းပိုဖြစ်တာကို တွေ့ဖူးတယ်။ ဒါနဲ့ နောက်ပိုင်း ဘာမွ မပြောတော့ဘူး။ သူစိတ်ချမ်းသာအောင် ဆေးခန်းပြစေတယ်။ သူလိုအပ်တဲ့ ဆေးဖိုးဝါးခ မပူပါနဲ့ အေမ့သားက ထောက်ပ့ံပါတယ်လို့ ပြောရတယ်။ ခုဆိုရင် အေမက တခုခုဆို ကိုယ့်ကိုပဲ ပြောတော့ အဖေသက်သာသွားတယ်။ အခုဆိုရင် အေဖက အမေ့အတွက် ပင်တိုင် ဆရာ၀န် ထားထားရတယ်။ အေမတခုခုဆို ချက်ခြင်း ပို့ရတယ်။ နောက်ကျရင် အမေဖြစ်နေတာထက် ဆေးခန်းမသွားရလို့ ပိုဖြစ်တတ်တယ်။




ပြီးခဲ့တဲ့ နှစ်လတုန်းက အမေဒီကိုလာဖို့ ပြင်ဆင်နေတုန်း မော်လမြိုင်မှာ ဆိုင်ကယ်ပေါ်ကပြုတ်ကျတယ်။ ညီမနောက်ကနေလိုက်စီးပြီး ခေါင်းတွေမူးလို့ လဲက်သြားတာ။ အရှိန်မရှိပေမယ့် အသက်ကြီးတော့ ခေါင်းကွဲသွားတယ်။ အုပ်ဆက် ပွင့်သွားတယ် ဟသွားတယ် ဆိုလားပဲ။ သေချာမသိဘူး။ ဆရာ၀န်တွေ စိတ္ပူတာက အေမ ဦးနှောက်က မသိမသာ သွေးယိုမယ်ဆိုတာကိုပဲ။ ဒီလိုနဲ့ ဆေးရုံမှာ တလခွဲလောက် နေလိုက်ရတယ်။ အဲဒီမွာ အေမက စိတ္တဇ ၀င်ပြန်တယ်။ သူ့ကွဲနေတဲ့ ခေါင်းက ဘယ်တော့မှ ပြန်မဆက်ရင် ဟဟ နဲ့ အမြဲနေရမှာပေါ့ဆိုပြီးတော့ စိတ်မကောင်းဖြစ်တယ်။ ဖုန်းခေါ်ရင်ငိုတယ်။ အဲဒါနဲ့ အမေပျောက်အောင်ကု ဟေနတာကို ဆက်အောင်ကု သားတာ၀န်ယူတယ် ပြောမှ သူစိတ်ချမ်းသာတယ်။ ဒါပေမယ့် အဲဒီစိတ္တဇက မေပ်ာက္ဘူး အေဖက သူကားနဲ့မပို့ပေးရလို့ သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံး။



ပြီးခဲ့တဲ့ အပတ္က စကာၤပူက ဆရာ၀န်ကြီးတွေ မြန်မာပြည်(ရန်ကုန်)မွာ လူနာအခမဲ့ ကြည့်ပေးတယ် လို့သတင်းကြားတော့ အမေကသွားချင်တယ်တဲ့။ ဒါပေမယ့် ဆရာ၀န်တွေက ရောဂါအခြေအနေရ စကာၤပူထိ တက္ကု ရမယ်ဆိုရင် ပိုက်ဆံကုန်မှာ သြားကု ရမလား သြားမကု ရဘူးလား ဆိုပြီးဖုန်းဆက်လာတော့ အေမေရ.. သွားပြ.. ပျောက်အောင်ကု.. ဟနေတယ်ထင်တဲ့ ခေါင်းကိုလဲ ဆရာ၀န်တွေ အကြံပေးချက်အတိုင်း ကုလို့ ပြောလိုက်တော့ အေမခမ်ာ ၀မ်းတွေသာပြီး ရန္ကုန္ကို ဆင်းလာပြတယ်။ ကံကောင်းချင်တော့ ဆရာ၀န္က စိတ္ပူစရာ မလိုတဲ့ အကြောင်း၊ ခေါင်းကလဲ တဖြည်းဖြည်းနဲ့ ဆက်နေပြီး ဆိုတဲ့အကြောင်း.ဆေးတွေ ဆက်သောက်ဖို့ ၊ အစားအသောက်ဆင်ခြင်ဖို့ ပြောပြီးပြန်လွှတ်လိုက်တယ်။ အမေတယောက် မော်လမြိုင်ကို ပျော်ပြီး ပြန်သွားတယ်။ မပြန်ခင် ဖုန်းဆက်တယ်။ သူ့ခေါင်းက စကာၤပူက ဆရာ၀န်ကြီးနဲ့ ပြလိုက်မှ ကောင်းသွားပြီးတဲ့.။ ကိုယ်စိတ်ချမ်းသားပါတယ်။



အေမ့ကို အမြဲကျမ်းမာပျော်ရွှင်တာ မြင်ချင်ပါတယ်။ (အိုင်ပက်နဲ့ ေ၀းချင်ေ၀းပေါ့))))))))




အမေ့ကိုသတိရစွာဖြင့်




ဖိုးစိန်


မေ့ကိုသတိရစွာဖြင့်




ဖိုးစိန်


မေ့ကိုသတိရစွာဖြင့်




ဖိုးစိန်



Comments

Anonymous said…
သားလိမ္မာလေးဖိုးစိန်
သာဓုခေါ်သွားတယ်

အမ အမေလည်း အရမ်းချူချာတယ်။
သူနေမကောင်းရင် အမလေ ဒီကနေပြေးသွားလိုက်ချင်တယ်။
ဖုန်းတွေဆက်လိုက် ငိုလိုက် အိပ်မပျော်နဲ့ ရင်တွေကို ပူနေရတယ်။

သူဟိုမှာ နေမကောင်းရင် အမဒီမှာ မျက်ခမ်းတွေလှုပ်ရောဘဲ။
AMK said…
အမေ ကို သိပ်ချစ်တဲ့  ကိုဖိုးစိန် ကိလေးစားပါတယ်ဗျာ
အမေ့အပေါ်ထားတဲ့ သားရဲ့မေတ္တာ
သားအပေါ် အားကိုးတဲ့အမေ
အထင်အရှားပါဘဲ...။
အမေများ ကျန်းမာပါစေ...။
Anonymous said…
မိဘအပေါ်သိတက်တဲ့ကိုဖိုးစိန်ကို လေးစားပါတယ်ဗျာ။ ဘယ်လောက်စိတ်ပူရမယ်ဆိုတာလဲ ကိုယ်ချင်းစာပါတယ်။
တစ်ခုခုဆိုရင် အမေ့ကိုလျှော့ပြောပေးဖို့ ဆရာဝန်တွေကို ကြိုတောင်းပန်ထားပေါ့ဗျာ။
(လီယို)

Popular Posts