တိတ်တဆိတ်အခိုးခံရသောစိတ်တစ်စုံ







19th Street 
ဒီလမ်းဟာ လူစုံတယ်။ စရိုက်စုံတယ်။ ဘ၀စုံတယ်။ ဒီလမ်းပေါ်မှာ ရန်ဖြစ်သံတွေ၊ ရင်ဖွင့်သံတွေ၊ တီးတိုးငိုကြွေးသံတွေနဲ့ ပြည့်နှက်နေတတ်တယ်။ ဒီလမ်းဟာ မူးယစ်ရီေ၀လို့ အကောင်းဆုံးနေရာ၊ အော်ဟစ် ဆူညံပေါက်ကွဲလို့ အကောင်းဆုံးနေရာဖြစ်တယ်။ ဒီလို ဖန်ခွက်ခြင်း၊ ပုလင်းခြင်း ထိခတ်သံတွေ ဆူညံတဲ့ လမ်းဘက် ခြေလှမ်းလှမ်းပြီးမှ ကျနော် ရုတ်တရက် ကျောခိုင်းလိုက်တယ်။ 
သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်း ဆိုတာ တစ်ယောက်တည်း အထီးကျန်မှ လိုအပ္တာ မဟုတ်ဘူးလေ။ ဒါကြောင့် ခုလိုချိန်မှာ တစ်ယောက်တည်းက ပိုကောင်းလိမ့်မယ်လို့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကားမီးတွေ ကြောင့် မိုးဖြဲဖြဲ ရွာနေတာကို မြင်တော့မှ ကျနော် အကျီ ၤခေါင်းစွပ် ကို ခေါင်းပေါ် ဆောင်း၊ လက်ဖက်နှစ်ကို ဘေးအိပ်ကပ်ထဲ ထည့်ပြီး လမ်းမ ကျယ်ကြီး အတိုင်းလျှောက်လာခဲ့တယ်။ Journey ရဲ့ Dont Stop Believin သီချင်းကို တိုးတိုး ညည်းရင်း M2Mမွာ ခွေ၀င်၀ယ်မယ် ဆိုတဲ့ အတွေး၀င်ပြီး ဆိုင်ပိတ်သွားမလားဆိုတဲ့ အတွေးနဲ့ ခပ်သွက်သွက်လေး လမ်းလျှောက်မိတယ်။
 ညီလေး၊ မီးခြစ်ပါလား
ရုတ်တရက် နားထဲ ကပ်မေးလိုက်တဲ့ အသံကြောင့် လန့်သွားမိတယ်။ 
ထပ်ကြပ်မကွာ လိုက္လာတဲ့ ခြေသံ နဲ့ အတူ နောက်က ခေါ်နေသံကို ကြားမိပေမယ့် ကျနော့်ကို ခေါ်တယ် မထင်။ ကိုယ်အတွေးနဲ့ကိုယ် ဘာမွ အာရုံ မရ။ ဂျင်းဘောင်းဘီ နဲ့ တီရှပ်လက်ရှည် အကွက်ကြားကြားကို ၀တ်ထားတဲ့ သူကို အမှောင်ထဲမှာ သဲသဲကြဲကြဲ မမြင်။ ဆေးလိပ် ကို အသည်းအသန် သောက်ချင်နေတဲ့ပုံစံ နဲ့ မီးခြစ်ကို တောင်းနေတဲ့ သူ့ကို ကျော်ပြီး လမ်းမဘက် ေ၀့ ကြည့်လိုက်တဲ့ အချိန်မှာ အိမ္စီးကား တစီးစ နှစ်စီးစ ဖြတ်သွားတာက လွဲလို့ လမ်းပေါ်မှာ လူရှင်းနေလေရဲ့။
ညီလေးမှာ မီးခြစ်များ ပါသလားလို့
ကျနော် အားနာစြာ ယဲ့ယဲ့လေး ပြုံးပြီး ခေါင်းခါ ပြလိုက်တော့ သူက ခေါင်းကုတ်ရယ်ပြီး Sorry လို့ ပြောတယ်။ ညီလေး ဘယ်ပြန်မှာလဲ 
တာမွေ
သူဆီက မေးခွန်းနောက်တခု ကို ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောမိတယ်။ 
ဟာ.. အတော်ပဲ.. ညီလေး ကားကြုံ လိုက်စီးလို့ ရမလား၊ အကိုက တာမွေအ၀ိုင်းထိပ်က နေ ကားပြောင်းစီးရမှာ၊ တာမွေအ၀ိုင်းထိပ်မှာ သန်လျင်ဘက် သွားတဲ့ကားတွေ ရှိတယ်
ကျနော် ရုတ်တရက် တွေေ၀ သွားတယ်။ သူ့ ကို မလိုက်နဲ့ လို့ ငြင်းလိုက်ဖို့ ကြတော့လည်း အားနာ၊ လိုက်ခဲ့ ပါလို့ ပြောလိုက် ပြန်တော့စိတ်ထဲမှာ ကြောက်သလိုလို တွေေ၀နေတဲ့ အချိန်မှာ သူက တက္ကစီကို တားလို့ ကားဈေးပြောပြီးနေပြီ။ 
ကဲ.. ညီလေးတက်.. ဘာတွေစဉ်းစားနေတာလည်း၊ အကို ၂၅၀၀ နဲ့ ငွားလိုက္တာ 
 မြန်ဆန်လွန်းတဲ့ သူ့လုပ်ရပ်တွေကို ကျနော် လိုက်မမှီ။ ဒီအချိန် မွားလား မွန္လား စဉ်းစားဖို့ထက် သူ့အချက်ပြတဲ့ သူ့ဘေးနာကို ၀င်ထိုင်မိတယ်။ တက္ကစီ စမောင်းတဲ့ အချိန်မှာ သူက ကျနော့်နားကို ပိုကပ်လာပြီး သူ့ ဘောင်းဘီ ဘေးအိတ်ထဲက တစုံတရာကို စမ်းပုံရတယ်။ ကျနော် မျက်စောင်းနဲ့ မသိမသာ ခိုးကြည့်တော့ သူ့ဘောင်းဘီ ထဲမွာ ဓားချွန်ချွန် သေးသေးလေး တစ်ချောင်းကို ထုတ္သလိုလို ပြန်ထည့်သလိုလို လုပ်နေတာ၊သူ ကျနော့်ဘက်လှည့်ပြီး ပြီတီတီ နဲ့ မျက်စိတဖက် ခပ်တည်တည် မှိတ်ပြတော့ ကျနော် မျက်နှာလွှဲပြီး ကားပြတင်းပေါက် အပြင်ဘက်က ညရှုခင်းတွေကို သဲကြီး မဲကြီး ငေးကြည့်နေမိတယ်။ စိတ်ထဲမှာ ကြောက်သလိုလို၊ ကားပေါ်ကပဲ ပြေးဆင်းချင်သလိုလို၊ ကားသမားကို ပဲ ပြောပြရကောင်းမလား၊ သူက လူကောင်းဆိုရင် အားနာစရာမ်ား ဖြစ်နေမလား တွေးရင်းနဲ့ တာမွေ အ၀ိုင်းထိပ်ကို ရောက်မှန်း မသိ ရောက်လာခဲ့တယ်။
 ကျနော့်ဘ၀မှာ ရန်သူထက် မိတ်ဆွေဖွဲ့ဖို့ပဲ ကြိုးစားခဲ့တာပါ။ တယောက်တည်း အထီးကျန် ဆန်လွန်းတဲ့သူဟာ ရန်သူကိုတောင် မိတ်ဆွေလုပ် နိုင်ရမယ်လို့ ကျနော် အမြဲ တွေးတတ်တဲ့သူပါ။ ခုဟာက ကျနော် သူ့ကို မိတ်ဆွေ လုပ်ဖို့ လူဆိုးလား၊ လူကောင်းလား ဆိုတာ သေချာ ခွဲခြားမသိနိုင်သေး တဲ့ ကျနော့်ကို ကျနော် စိတ်ပျက်မိတယ်။
ညီ ဘာတွေ စဉ်းစားနေတာလည်း၊ တာမွေရောက်ပြီး၊ ဘယ်နားဆင်းမှာလဲ 
 ရတယ်. အကိုဆင်းမယ့် အ၀ိုင်းထိပ်မှာပဲ ချပေးပါ၊ ကျနော်လမ်းလျှောက်ပြန်လို့ရတယ်
 ကားပေါ်က ဆင်းပြီးချိန်မှာ ကျနော့်စိတ်တွေ တဖန် ပေါ့ပါးလွတ်လပ်သွားတယ်။ တကယ္ဆို ကျနော်ကိုယ်တိုင် ကားခရှင်းပေးပြီး ကျနော် သွားတော့မယ် အကို လောက်တော့ နှုတ်ဆက်သင့်တယ် မဟုတ္လား။ သူသာ လူကောင်းဆိုရင် နှုတ်မဆက်လိုက်ရတာ အားနာတယ်လို့ တွေးရင် အပေါင်းအသင်း သိပ်မက်တဲ့ ကျနော် ဘာသာ ပြုံးမိတယ်။ တခါတရံမွာ လူတွေဟာ မလို အပ်တာတွေ သိပ်လုပ်ချင်ကြတယ် မဟုတ္လား။ 
.
တိုက်ခန်းအောက်တံခါးကို သော့ဖွင့်ပြီး ဘာဂ်ာ တံခါးကို ဆွဲလိုက်တဲ့ အချိန် ကျနော် နောက်က တစုံတရာ ပွတ်တိုက် တိုး၀င်သွားတယ်လို့ ခံစားလိုက်ရတော့ အသည်းတွေ အေးကနဲ ဖြစ်သွားတယ်။ ပြီးတော့ ရှေ့တည့်တည့်မှာ အရိပ္တစ္ခု ရုတ်တရက် ကျလာတယ်။ တကယ်တော့ အရိပ္မဟုတ္ဘူး၊ လူစစ်စစ်၊ လူမွ စောစောက တွေ့ခဲ့တဲ့သူ။ ရုတ်တရက် မထင်မှတ်ပဲ ထပ်မမြင်လိုက်ရတာကြောင့် ကျနော် ခြေဖျား၊ လက်ဖျားတွေ အေးစက်တောင့်ခဲပြီး ကြောက်လန့်တဲ့ အကြည့်တွေနဲ့ ကျနော့်မှာ ပြောစရာ စကား အစ ရွာမရ။
ညီလေး၊ မင်းကလဲကွာ၊ သရဲမြင်တဲ့ အတိုင်းပဲ၊ အကို ကားမရလို့ မင်းနောက်လိုက်လာတာ
ကျနော့် အခန်း လိုက်လို့ မျဖစ္ဘူးအကို၊ ကျနော့်မိဘတွေရှိတယ်
မင်းကလည်းကွာ၊ သူငယ်ချင်းလို့ပြောပေါ့၊ တညတည်းပါကွာ၊ အကိုလူကောင်းပါကွ
ကျနော် ဘာပြောရမှန်းတကယ်မသိ။ ကျနော့် တယောက်တည်း နေတာအမှန် ပြောပြရမလား၊ ဒါမှမဟုတ် တိုက်ခန်းပေါ် မတက္သြားပဲ တခြားနေရာသွားရမလား၊ တခြားနေရာ သွားရင် သူ ကျနော့်ကို တခုခု လုပ္မလား၊ လောလောဆယ် ကျနော် မွာ ကိုင်ထားတဲ့ဖုန်းရယ်၊ ကျနော့်ဆွဲကြိုးရယ်၊ပိုက်ဆံ ၃ သောင်း ၄ သောင်းရယ်ပဲ ရှိတယ်၊ ဒါမွ မဟုတ် ကျနော် အော်လိုက်ရမလား၊ သူက ဘာမွ မလုပ်ပဲ နဲ့ ကျနော် ဘယ္လို အော်မှာလဲ 
လမ်းမပေါ်ကြည့်လိုက်တော့လည်း လူမပြောနဲ့ ခါတိုင်း ဘာဂ်ာ တံခါးနားတွေ့နေရတဲ့ ခွေးတွေ ခုတော့ ဘယ်ပျောက်ကုန်မှန်းမသိ။
မင်းကလည်းကွာ၊ သိပ်တွေးတာပဲ၊ မင်းဆီကလည်း ငါပိုက္ဆံမလုဖူး၊ မင်းမိဘတွေ ရှိနေတာတောင် ငါက မကြောက်ပဲ မင်းဆီမှာ တည နေဖို့ ပြောသေးတာပဲကွာ
ကျနော် ဘယ္လို ဆုံးဖြတ်ရမှန်းမသိ၊ ကျနော် သက်ပြင်းကို အရှည်ကြီး ချပြီး ကျနော် လှေကားတွေ အတိုင်း တက်သွားတယ်။ ကျနော့် အာရုံထဲမှာတော့ အိမ်ရောက်ရင် ကျနော် မနက္က ထားခဲ့တဲ့ ပိုက္ဆံ ထုတ္ကို ဘယ္လို သိမ်းရမလဲ ဆိုတာကိုပဲ ခေါင်းထဲက တွေးနေမိတယ်။ သူကေတာ့ ကျနော့် နောက်ကနေ သီချင်းလေး ညည်းပြီး ပေါ့ပေါ့ပါးပါးပဲ လိုက်ခဲ့တယ်။ ကျနော် တစ်ယောက်တည်း နေတာကို သိနှင့်နေတာလားလို့တောင် သံသယ ၀င်မိတယ်။ 
 အခန်းတံခါးကို ဖွင့်လိုက်တော့ သူက ခေါင်းလေး ပြူကြည့်ပီး ညီကလည်းကွာ.. မင်းအိမ်မှာ တယောက်မှ ရှိပုံ မပေါ်ပါဘူး ဆိုပြီး အောင်နိုင်သူ လေသံနဲ့ စိတ်လက်ပေါ့ပါးစွာ မျက်စိမှိတ်ပြပြန်တယ်။ စိတ်ထဲမှာ ကျနော့် အခန်းထဲက ပိုက္ဆံထုတ္ကို သူမမြင်အောင် ဘယ္လို ဖွက်ရမလဲဆိုတာ ခေါင်းထဲရောက်နေတယ်။ သူပြောတာကို ပြုံးလည်မပြ၊ ဒေါသဖြစ်ဟန်လည်းမပြပဲ အခန်းထဲရောက်ရောက်ခြင်း ကျနော်၀တ်ထားတဲ့ ခေါင်းစွပ်အကျီ ၤကို အမြန်ချွတ် ပိိုက်ဆံ ကို အကျီ ၤနဲ့လုံးလိုက်ပြီး အ၀တ်ခြင်းတောင်းထဲထည့် လိုက်တယ်။ သူ ပိုက္ဆံ ယူမယ်၊ ရှာမယ် ဆိုရင်တောင် ဒီအ၀တ်ခြင်းတောင်းမှာ ထည့်ထားမယ်လို့ သူတွေးထင်ထားမှာ မဟုတ်ဘူးပေါ့။ ရေချိုးခန်း နားမွာ ထားရင်ပိုသေချာတယ်လို့ တွေးမိရင်း အပြင်ထွက်လာတော့ သူက ရေခဲသေတ္တာထဲက ၀ိုင်ကို ဖန်ခွက်ထဲ ငှဲ့သောက်နေတယ်။ တိုက်မြေညီထပ်က အသိအိမ္ကို အကူအညီ လှမ်းတောင်းရမလား စဉ်းစားမိပေမယ့် ကျနော့် အခြေအနေက ဘာအကူညီတောင်းရမှန်း မသိ။ စိတ်မသက်မသာ သူ့အတွက် ဖျာနဲ့ ခေါင်းအုံးကို ဧည့်ခန်းထဲမှာ ခင်းပေးတော့ သူက ဒီမွာ အကို အိပ်ရမှာလား၊ ညီက အခန်းထဲမှာ အိပ်မှာလားလို့မေးတယ်။ခေါင်းငြိမ့်ပြပေမယ့် ဘာတခွန်းမှ မပြောဖြစ်။ 
သူ့ အတွက် ပြင်ဆင်ပြီး အခန်းထဲ ပြန်၀င်လာချိန် အိပ်မရမယ့် တူတူ ရုပ်ရှင် တကားလောက်ကြည့်မယ် ကြံစည်နေတုန်းမှာ သူ အနားရုတ်တရက် ရောက်လာပြီး ကျနော့် နားကို ရုတ်တရက် နမ်းလိုက်တယ်။ ကျနော် ကြက်သီး မွေးညင်း တွေ ထိုးထောင် ထွသွားပြီး ဒေါသ ထောင်းကနဲ ဖြစ်သွားတယ်။ ကျနော် ရုတ်တရက် ခြင်းထဲမှာ ထည့်ထားတဲ့ ကတ်ကြေးကို ဆွဲယူလိုက်တယ်။ 
အကို ကျနော့်ကို ဘာထင်နေလဲ၊ ကျနော် ကို ထိရင် ဒီကတ်ကြေးနဲ့ ထိုးထည့်လိုက်မယ်
 မင်းမထိုးရဲပါဘူးကွာ၊ မင်း က အိမ်ပေါ်ထိ ခေါ်လာပြီးမှ ကတ်ကြေးနဲ့ ထိုးမယ် ဆိုပြီး ရှက်ရမ်း မရမ်းနေပါနဲ့ကွာ၊ မင်း ဘာလိုချင်လဲ ဆိုတာ ငါသိတယ်
ကျနော် ခြေတွေ လက်တွေ တုန်ပြီး ပြောတဲ့စကားတွေကလည်း အယောင်ယောင် အမွားမွား ဖြစ်နေတယ်။ ၀မ်းနည်းပြီး မျက်ရည်လည်းကျမိတယ်။ သူ့အပေါ် ဒီအထိ ကောင်းနေတာတောင် ဘာတွေ အခွင့်အရေးယူ ချင်ရတာလည်း ဆိုတာ ကျနော် နားမလည်။
အကို ရှေ့ဆက်တိုးရင် ကျနော် အော်မှာ
ဟဟ.. မင်းအော်မယ်ဆိုလည်း အော် မင်းအော်ရင်ရော ဘယ္သူက ယုံမှာလည်း၊ မင်းငါ့ကို အိမ်ပေါ်ခေါ်တင်လို့ မင်းအခန်းထဲ ငါရောက်နေတာလေး၊ မင်းမခေါ်ရင် ငါလာလို့မရဘူးလေ
သူ့ရဲ့ တဖက်သတ် ဆန်တဲ့ စကားအပေါ် ကျနော် အမှားကြီး မွား မှန်း ကျနော်သလိုက်ရသလို၊ ကျနော်မှာ ပြင်ဆင်ချိန်လည်းမရှိတော့ပါဘူး။
ဒီတော့ အကို ဘာဖြစ်ချင်လည်း
ဘာဖြစ်ချင်လည်း ဆိုတော့ မင်းသိက္ခာ၊ ငါ့သိက္ခာ အတွက် မင်းငါ့ကို ငွေပေးရလိမ့်မယ် အနည်းဆုံး (၃) သိန်း 
ဟာ.. ငွေပေးရအောင် အကိုနဲ့ ကျနော်နဲ့က သိက္ခာ က်စရာ ဘာမွ မလုပ္တာပဲဗ်ာ
ကျနော်သူ့ကို ကျနော့်လက်ထဲက ကိုင်ထားတဲ့ ကတ်ကြေးနဲ့ တစွပ်စွပ် ထိုးထည့်လိုက်ချင်တဲ့ အထိ အာရုံမှာ ပေါ်လာတယ်။ သူ ကျနော့်ကို အနိုင်အရမ်းကျင့်တယ်။ ကျနော် ဘာလုပ်ရမှန်း မသိဘူး။ 
ဒီမွာ ကျနော့်ပိုက်ဆံအိတ်၊ ကျနော်မှာ ရွိတာ ဒါအကုန်ပဲ၊ အကိုတောင်းတဲ့ ငွေ ၃ သိန်းတော့ ကျနော် မပေးနိုင်ဘူး၊ ရော့ ပိုလိုချင်ရင်တော့ ကျနော့်ကို သာ သတ်သွားတော့ ဆိုပြီး ကျနော် ကတ်ကြေးကို ကမ်းပေးလိုက်တယ်။ ဒီချိန်မှာ ကျနော့်လည် သေချင်တဲ့စိတ်ပဲ ရှိတယ်။ 
သူ့ကို ကျနော် လှမ်းကြည့်လို်က်တော့ ကျနော့်ပိုက်ဆံအိတ်ထဲက ပိုက္ဆံကို ကတ်ကြေးကိုင်ပြီး ရေနေတယ်။ သူ ပိုက္ဆံ မြန်မြန်ယူပြီး ထွက်သွားဖို့ပဲ ကျနော် မျှော်လင့်မိတယ်။ သူ ပိုက္ဆံ ကို အကျီ ၤထဲ အသာအယာ ထည့်လိုက်တယ်။ ပြီးတော့ သူက မတ်တပ်ရပ်ပြီး ကျနော့် ဗီဒိုကို ဖွင့်တယ်။ ဗီဒို ထဲက အကျီ ၤတွေကို သူက တထည်ချင်းစီ ကိုင်ကြည့်ပြီး သူ ကြိုက်တဲ့ အကျီ ၤတွေကို ရွေးထုတ်ယူနေတယ်။ ကျနော် ပိုက္ဆံသာ ရက်ရောမယ်။ ဒီအကျီ ၤတွေ ကျနော် သူ့ကို မပေးချင်ဘူး။ ကျနော့် အကျီ ၤတစ်ထည်ချင်းစီမှာ အမွတ္တရ နဲ့ အဓိပါယ် သတ်မှတ်ချက်တွေ ရှိနေတယ်။ ကျနော် အသက်ရှိနေသ၍ ဒီအကျီ ၤတွေ ကျနော် မပေးပါရစေနဲ့။ ကျနော် စိတ်ထဲမှာ မယူပါစေနဲ့လို့ ဆုတောင်းပေမယ့် ဆုတောင်း မပြည့်ခဲ့ဘူး။ ကျနော့် မီးဖိုခန်းထဲကို သူ ပြန်သွားတယ်။ ကျနော် အသည်းအေးကနဲ ဖြစ်သွားတယ်။ အ၀တ်ခြင်းထဲမှာ ပိုက္ဆံ ဖြက္ထားတာ သူ သိနေတာလား ဆိုပြီး သူနောက်လိုက်သွားမိတယ်။ သူ မီးဖိုချောင်ထဲကနေ ကျွတ်ကျွတ်အိတ် တလုံး ယူပြီး သူရွေးထားတဲ့ အကျီ ၤတွေကို ထည့်လိုက်တယ်။
မင်း ငါထွက်သွားလို့ အော်ဖို့ မစဉ်းစားနဲ့၊ မင်းကို သနားလို့ ငါ ပြန်တာမှတ်
ကျနော် သူ့ကို ကျေးဇူးတွေ အထပ်ထပ် တင်မိတယ်။ တကယ် ကျနော့် အမှားတွေပါ။ ကျနော့် ဘ၀ အတွက် အမှားကြီး မွားခဲ့တာပါ။ ကျနော် တံခါးဖွင့်ပေးပြီး သူ ပြန်ထွက်တော့ ကျနော် သော့အမြန် ပြန်ခတ်တယ်။ သူ လှေကားတဆစ် ဆင်းတဲ့ အချိန်မှာ 
ဒီမွာ အကို၊ ကျနော် အကို့ကို သူငယ်ချင်း မိတ်ဆွေ အမှတ်နဲ့ အားနာ ပြီး အိမ်ပေါ်ထိ ခေါ်တင်ခဲ့တာ ကျနော့် အမွားပါ။ အကို့ကို အမြင်မှားမိအောင် လုပ်မိတယ်။ ဒါပေမယ့် အကို လူမသိ၊သူမသိ ကျနော့်ကို အနိုင်ကျင့်ချင်တယ်၊ မရေတာ့ ငွေညှစ်ပြီး ပိုက်ဆံတောင်းတယ်၊ ကျနော့်အကျီ ၤတွေ ယူသွားတယ်။ တကယ်လို့ မနက်ဖန် စိတ်ပြောင်းပြီး ကျနော် ရဲတိုင်ရင် ကျနော့်ဆီက ယူသွားတဲ့ပစ္စည်းတွေကို သက်သေခံ အဖြစ်နဲ့ ဖမ်းခံရင် အကို အမှု ပိုကြီးပြီး၊ အကို ကံကောင်းပါစေ လို့ ပြောလိုက်တယ်။
သူ လှေကားသုံးဆစ် မွာ ပြန်တက်လာပြီး စောစောက ယူသြားတဲ့ အကျီ ၤထုတ်ကို ဖုတ္ကနဲ ပစ်ချပြီး ပြန်ဆင်းသွားတယ်။ ကျနော် အရမ်းပျော်သွားတယ်။ သူဟာ လူကောင်းတယောက်ပါပဲ၊ ငွေလိုနေလို့ပဲ ဖြစ်ရမယ်လို့ ကျနော် တွေးထင်မိတယ်။ သူ့ ခြေသံတွေလှေကားကနေ မကြားရတော့တဲ့ အချိန်မှာ ကျနော် အကျီ ထုတ်တံခါးဖွင့်ပြီး အသာအယာ ပွေ့ယူမိတယ်။ ကျနော် သိပ်ပျော်သွားတယ်။ ရင်ထဲမှာ ဘာမွ မရွိတဲ့ အတိုင်းမသိ ကျေနပ်သလိုလို၊ သူ့ကိုလည်း သနားလိုလို၊ သူဘာကြောင့် ငွေလိုနေသလဲ ဆိုတာလည်း ခေါင်းထဲ ရောက်လာခဲ့တယ်။
ကျနော် အတိုင်းအဆ မရွိ ခုန်နေတဲ့ ရင်တွေ ရပ်လို့ အခန်းထဲ ၀င်မယ် ကြံတုန်း ၀ုန်း၀ုန်း ဆိုပြီး ကျနော့် အိမ်ရှေ့ တခါး ဆြဲခါသံကို ကြားရတော့ ကျနော် တုန်လှုပ်သွားရပြန်တယ်။ ကျနော် မရဲတရဲ နဲ့ ဘယ်သူလဲလို့ မေးလိုက်တော့ အကိုပါပဲ လို့ ပြန်ဖြေသံကြားတဲ့ အချိန်မှာ ကျနော့် လက္ဖ်ား၊ ခြေဖျားတွေ အေးစက်သွားခဲ့ပြန်တယ်။ ကျနော် သူ့ကို မြင်တော့ မျက်နှာငယ်လေးနဲ့ အောက်က တိုက္တံခါး ပိတ်ထားလို့ ကို ထွက်လို့ မရဘူးညီ၊ ကို့ကို သော့ပေးပါ၊ ကို ပြန်ချင်လို့ပါ၊ ညီ့ပိုက္ဆံကို အကို ပြေလည်တဲ့ တနေ့ ပြန်ဆပ်ပါမယ်
လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းက ကျနော် ဒေါသထွက် ၀မ်းနည်း ခဲ့ရပေမယ့် ခုချိန်မှာ ကျနော် သူ့ကို သနားသွားတယ်။ ကျနော် တိုက်အောက်သော့ကို ကမ်းပေးပြီး 
အကို့ကို ပိုက္ဆံ ပေးလိုက်ကတည်းက ကျနော်ပြန်လိုချင်တဲ့ စိတ်မရှိပါဘူးအကို၊ ကျနော် ကေတာ့ လူဆိုးတယောက်လုပ်ချင်စိတ်ရှိတဲ့ လူကောင်းနဲ့ တွေ့ တယ်လို့ပဲ မှတ်ပါတယ် အကို
ကျနော့်ကို ကျေးဇူးတင်စကား နှုတ်က မပြောပေမယ့် သူ့ မျက်နှာမှာ ကျနော့်ကို ကျေးဇူးဆိုတဲ့စကား ပေါ်လွင်နေတယ်လို့ ကျနော် သတ်မှတ်ပါရစေ။ ကျနော် သူလှေကားပေါ်ကနေ ခပ်မြန်မြန်ဆင်းသွားတဲ့အသံ၊ဘာဂျားတံခါး ဖွင့်ပြီး ပြန်ပိတ်သွားတဲ့အသံ၊နောက် သူ လမ်းမကြီးကို ကျောခိုင်း လမ်းလျှောက်သွားတဲ့ ခြေသံ ကုန်တဲ့ထိ နားစွင့်နေမိတယ်။ နောက်တချိန် သူ ပြန်လာမှာကို ကျနော် မကြောက်တော့ဘူး။ ကျနော့်ကို သူ ဒုက္ခလာပေးမှာကို မကြောက်မိတော့ပေမယ့် နောက်ထပ် ကျနော့်လို လူတွေ နဲ့ မတွေ့ပဲ ဒုက္ခ ပေးမယ့် သူ အချင်းချင်း ပြန်တွေ့မှာကိုတော့ စိုးရိမ်မိတယ်။ 
အေ၀းကနေ လှမ်းကြည့်နေတဲ့ သူ့ ပုံရိပ် ပျောက်သွားတဲ့ အခါမွ ကျနော့် ခေါင်းထဲ Murphys Law ရောက်လာတယ်။ 
Anything that can go wrong will go wrong တဲ့
တကယ်လို့များ ကျနော်သာ သူ့ အလို ဆန္ဒတွေကို လိုက်လျောခဲ့ရင်၊ 
တကယ်လို့များ ကျနော်သာ သူ ထင်သလို လူတယောက် ဖြစ်နေခဲ့ရင်၊
တကယ်လို့များ ကျနော် သူ့ကို သော့မပေးပဲ လူသိရှင်ကြား အော်ဟစ်အကူအညီတောင်းခဲ့ရင်၊
တကယ်လို့များ သူ ကျနော့်ကို လာပြန်ရှာခဲ့ရင်..
ကျနော့် အတွေးတွေ ဒီနေ့ထိ မဆုံးသေးပါဘူး။ 


စိန်လျှံထွန်း  
IDEA Magazine

Comments

စည္သူ said…
ကိုဖိုးစိန်ရေ ဘယ်ရောက်နေလဲ အားလုံးကို အရမ်းသတိရတယ်ဗျာ
စည်သူ said…
ညီကိုမောင်နှမတွေကို အရမ်းသတိရတယ် ဆက်သွယ်ပေးပါအုံး ၀၉ ၄၉၂၆၄၉၅၀
Unknown said…
အေ ရး အသား အရမ်ေ ကာင်း တာဘဲ

Popular Posts