လေလှိုင်းပေါ်က ဘလော့ဂါ ဖိုးစိန် အင်တာဗြူး

သာယာသော ညနေချမ်းမှာ အားလုံးပဲ မင်္ဂလာ အပေါင်းနှင့် ခညောင်း ကြပါစေရှင့်….

ယခုနားသောတ ဆင်နေကြသော ဘလော့ဂါပြည်သူ ပြည်သားအပေါင်း ပျော်ရွှင်ငြိမ်းချမ်းမှုအပေါင်းနှင့် ခညောင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့်…

အခု အစီအစဉ်ကြေငြာသူ ကတော့ ကျမ ဘလော့ဂါအချစ်တော် တီတီတာတာ ပလီပလာ များနဲ့ အာဘွား တစ်သိန်းကို အိမ်စေ့ပေးတတ်သူ တီတီဒွင်းရဲ့တူမ ၊ ပြည်သူ့အချစ်တော် ချစ်ချစ်ချစ်သောမောင်၊ မောင်ချစ်သောချစ်ချစ်ရဲ့ မောင့် ချစ်ချစ် အိပ်မက်ဒရင်း ပဲ ဖြစ်ပါတယ်ရှင့်….

အားလုံးကို အာဘွားပါရှင့်….

ယခု လို ညနေချမ်း ခါသမမှာ အထူး အစီအစဉ်တစ်ရပ် အနေနဲ့ တင်ဆက်ပေးမှာကတော့ နာမည်ကျော်ကြား လူကြိုက်များသော နာမည်ကြီးဘလော့ဂါများနဲ့ သူတို့ရဲ့ ပရိတ်သတ်များကို တိုက်ရိုက်ထိတွေ့ မေးမြန်းပြောဆိုခွင့် ရမယ့် အစီအစဉ်အသစ်ပဲ ဖြစ်ပါတယ်ရှင့်…. တစ်ယောက်ကို သုံးမိနစ်နှုန်း ပြောနိုင်ပြီး သုံးမိနစ်ပြည့်ရင် အလိုအလျှောက်ဖုန်း လိုင်းပြတ်တောက်သွားပါမယ်ရှင့်…

ပြည်သူချစ်သော ဘလောဂါများ နဲ့ ဘလောဂါများ လေးစားသော ပြည်သူများကို ရင်းနှီးချစ်ခင်စွာ ထိတွေ့ ဆွေးနွေး အကြံပြု ခြင်းများ ၊မိမိတို့ ချစ်သော ဘလောဂါများနှင့် စကားပြော ခွင့်ရစေလိုသော ရည်ရွယ်ချက်များနဲ့ ဒီအစီအစဉ်လေးကို တင်ဆက်ထားပါတယ်ရှင့်…

မိမိတို့ ချစ်သော ဘလော့ဂါများကို တယ်လီဖုန်းလိုင်းမှတဆင့် တိုက်ရိုက်စကားပြော မေးမြန်း ဆွေးနွေး နိုင်မှာဖြစ်ပြီး ထိုအစီအစဉ်ကို တိုက်ရိုက်ပြန်လည်ထုတ်လွှင့်ထားခြင်းဖြစ်ပါတယ်ရှင့်…

ဒီအပတ် ပရိတ်သတ်များရဲ့ ရွေးချယ်ချက်အရ ဘလော့လောကမှာ လျမ်းလျမ်းတောက် နာမည်ကြီးနေတဲ့ ပြည်သူအများ အသေချစ် အရှင်ချစ် ပိုးစိုးပက်စက် ချစ်တဲ့ ပြည်သူ့အချစ်တော် ဖိုးစိန်ပဲဖြစ်ပါတယ်ရှင့်….

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…..

ချစ်ချစ်ချစ်တဲ့မောင်၊ မောင်ချစ်တဲ့ချစ်ချစ်ရဲ့ မောင့်ချစ်ချစ်၊ ချစ် ချစ်တဲ့မောင် ရေ……….
အဆင်သင့်ဖြစ်ပြီးလားရှင့်….

ဟုတ်တယ်ချစ်ရာ … မောင်ရင်တွေခုန်နေပါတယ်…

အဆင်သင့်ဖြစ်ရင် စလိုက်ရအောင်နော်…

မကြာခင် မိနစ်ပိုင်းအတွင်းမှာ ဖုန်းလိုင်းများကနေတဆင့် ပြည်သူ့အချစ်တော် ဖိုးစိန်ကို တိုက်ရိုက်စကားပြော မေးမြန်းနိုင်မှာ ဖြစ်တာမို့ အဆင်သင့် ရင်ခုန်စွာ ဖုန်းပေါ်က တွေ့ဆုံပွဲ အစီအစဉ်လေးကို စတင်ပါတယ်ရှင့်...

တီ…. တီ….တီ….

“ဟလို…. တစ်လားးး …. အဲလေ… မှားလို့ ကိုဖိုးစိန်လားး”

“ဟုတ်ပါတယ်ခင်ဗျ”

“ညီမက အိန်ဂျယ်(Angel Shaper) ပါ… ဟိဟိ… တစ်လာယူတာနော်… ဟိဟိ… တစ်လား… တစ်ဟုတ်… ဒါပဲနော်… သူများပြောတာ နားထောင်လိုက်အုံးမယ်… ဟိဟိ”

……

အဲ..

ဂွပ်

တီ…. တီ….တီ….

“ဟလို… ဟလို… ကိုဖိုးစိန်လား”

“ဟုတ်ပါတယ်ခင်ဗျ… ညီမက….”

“ညီမက ပါးလုံးလေးပါ… ညီမက တစ်လားဟင် ကိုကြီး..”

“ဟုတ်ဖူးခင်ဗျ… နှစ်ပါ.. တစ်က အိန်ဂျယ်….”

“ဟင်… တစ်ထင်လို့ ပျော်နေတာ… တစ်မရရင်မပြောဘူး… စိတ်ဆိုးတယ်.. ဒါပဲ.. ဟွင့်”

….

ဂွပ်…


(အဲ… ဖြစ်ရပြန်ပြီး… ငါ့ကိုဘာမှလဲ မဗြူးကြပါလားနော်..)

တီ…. တီ….တီ….

“ဟလို…ကျနော် ဖိုးစိန်ပါခင်ဗျာ”

“ကိုဖိုးစိန်လား… ကျနော် ကိုကိုသုန်ပါ ခင်ဗျ”

“ဟုတ်.တွေ့ရတာဝမ်းသာပါတယ်”

“အကိုဖိုးစိန်ဘလော့ကို ကျနော် နေ့တိုင်းရောက်ဖြစ်ပါတယ်ခင်ဗျ”

“ဟုတ်လား.. ဝမ်းသာပါတယ်... အကို့စာတွေ ကြိုက်တယ်ပေါ့”

“အင်… အဲ… အာ.. ကျနော်က နေ့တိုင်းရောက်တယ် ပြောတာပါခင်ဗျ… စာမဖတ်ဖြစ်ပါဘူး… ဆောရီး နော်ကိုဖိုးစိန်”

“အင့်… ရပါတယ်ခင်ဗျာ”


“ဒါပဲနော်… ပြောဖူးတယ်ရှိအောင် ပြောတာပါ..”

ဂွပ်…
...................
တီ…. တီ….တီ….

“ကိုဖိုးစိန်လား ရှင့်… ခိ…ခိ…”

“ဟုတ်ကဲ့ပါခင်ဗျ”

“ဟယ်… အသံလေးက ခလေးအသံတော့…. ခိ… ခိ”

“ဟမ်”

“ခိ..ခိ… ကိုဖိုးစိန်ကို မေးလို့ရလားဟင်… ခိ… ခိ”

“သြော်..ရပါတယ်… မေးပါဗျာ… ကျနော် ဖတ်မှတ်ထားသလောက် ဖြေမှာပါ…”

“ခိ..ခိ… ကိုဖိုးစိန်က နှာခေါင်းကြီးတယ်ဆို… ခိ..ခိ..”

“အဲ.. ဟုတ်..”

“ခိ…ခိ… သွားလဲခေါနေတယ်ဆို… ခိ…ခိ…”

“အဲ.. ဟုတ်ပါတယ်ဆိုနေ”

“ခိ..ခိ.. မှန်လားသိချင်လို့ပါ… အသံလဲကြားဖူးချင်လို့လေ… ဒါပဲနော် ကိုဖိုးစိန်… ကျမက မယ်ကိုး ပါ … ခိ..ခိ”

ဂွပ်….


(ဟင်းးးးးးးး တစ်ယောက်မှ စာရေးကောင်းတယ်လို့ မချီးကျူးကြသေးဘူး ငါ့နှယ်နော်)….

တီ…. တီ….တီ….

“ဟုတ်ကဲ့… ကျနော် ဘလော့ဂါ စာရေးဆရာ ပြည်သူ့ အချစ်တော် ဖိုးစိန်ပါခင်ဗျ”

“ဟာ… ကိုဖိုးစိန်…. တွေ့ရတာ ဝမ်းသာတယ်ဗျာ.. တကယ်.. ”

“ဟုတ်ကဲ့… ကျနော့်ကို ပြောစရာ..”

“ဟာ… ရှိတယ်ဗျ… ကျနော်နာမည် ခရာတွန် ပါ… ကျနော် စာရေးဆရာမ မနော်ဟရီရဲ့ အီးမေလ်လိပ်စာ လိုချင်ပါတယ်… မမ အိန္ဒြာ ရဲ့ ကဗျာလေးတွေ ကောင်းတယ်လို့ ပြောပေးပါ… သူ့မေးလ်ပါ ပေးပါ… ကိုရင်နော်ကြီး ခရီးထွက်တာ ဘယ်တော့ ပြန်လာမှာလဲ ဆိုတာ မေးပေးပါ… ကိုမိုးကုတ်သား ရဲ့ နုနု ရွရွ စာလေးတွေ ဖတ်ချင်ပါတယ် လို့ ပြောပေးပါ… မဂျူ.. မဂျူ နဲ့ ကော့မန့်တွေမှာ တွေ့နေရတာ စာရေးဆရာမ ဂျူးလား… ဇက်ရဲ့ အိမ်မှာ စီဘုံးထားဖို့ ပြောပေးပါ…. ကျနော်မအားလို့ ကျနော့်မေးလ်ထဲကို ကျနော်မေးတဲ့ မေးခွန်းတွေ ပို့ထားပေးပါ… ကျေးဇူးတင်ပါတယ်… ကျနော့်မေးလ်က………. ဒါပဲနော် ကဖိုးစိန်…”

ဂွပ်….

တီ…. တီ….တီ….

“ဟလို… ကိုကြီးစိန်… ညီမလေး ဆွိ ( sweetpeony )လေ….”

“အေး.. ဆွိ…”

“ကိုကြီးဖိုးစိန် စာရေးကောင်းတာပဲနော်… အရမ်းကောင်းတယ် သိလား… ”

“ဟုတ်လား… ပြောပါအုံးဗျ”

“ညီမက ကိုကြီးအိမ်လာရင်လေ… ခေါင်းစဉ်နဲ့ ကော့မန့်ကို ဖတ်တယ်သိလား… အားလုံးက စာရေးကောင်းတယ်… ခံစားရတယ် ရေးကြတော့ ဆွိလဲ ခံစားရတယ် ကိုကြီးဖိုးစိန်.. ဟိ”

“အဲ…. ”

“နောက် ခေါင်းစဉ်လှလှလေးနဲ့ ကော့မန့်များများ ရအောင်ရေးနော်… ကော့မန့်တွေ ဖတ်ပြီး ခံစားချင်တယ်.. ဟိ”

“ဒါပဲနော်… တာ့တာနော်”

ဂွပ်…


တီ…. တီ….တီ….

“ဟုတ်ကဲ့ပါ… ကျနော် မောင်ဖိုးစိန်ပါ”

“စိန်… သားစိန်လေး… နေကောင်းလား”

“ဟုတ်ကဲ့”

“အန်တီက သားရဲ့ စာဖတ်ပရိတ်သတ် တစ်ယောက်ပါကွယ်… အန်တီ့နာမည်က အန်တီ ကောင်းကင်ပြာ ပါကွယ်…”

“ဟုတ်ကဲ့ အန်တီပြာ… ပြောပါခင်ဗျ”

“အေးကွယ့်… ပြောရရင် အားလုံးကောင်းပါတယ်… တစ်ခုပဲ ရှိတယ်… စာလုံးပေါင်းတွေအမြဲ မှားတာရယ် စကားလုံးတွေ ထပ်တာရယ်… ကဗျာတွေက သိပ်ပြီး အားမရှိတာရယ်… စာရေးရင်လဲ ဟိုအကြောင်းရောက် ဒီအကြောင်းရောက် ပေါ့ကွယ်… စကားပြေ လဲအရေးအသားတွေ လိုနေသလားလို့… ပြီးတော့ စာရေးတိုင်း ငိုနေသလားလို့… ကောင်းပါတယ်ကွယ်.. ကောင်းပါတယ်… အားပေးနေမယ်နော်… အန်တီကွမ်းသွားဝယ် လိုက်အုံးမယ်ကွယ်… တာ့တာပါကွယ်…”

“ဟုတ်”

ဂွပ်…

တီ…. တီ….တီ….တီ.....တီ....

“ဟုတ်..

ကဲ့…..

ကျ….. နော်…… ဖိုး…… စိန်….. ပါ”

“အေး..ဖိုးစိန်…အကို ကသုနြေ္ဒပါကွာ……… ညီလေးရာ… စာရေးလဲ ရေးပေါ့ကွာ… မင်းက ကွာ… ခုတော့ကွာ… အိမ်တကာလှည့်ပြီး လှည့်ပတ်ချွဲ နေတယ်ကွာ… အကိုသတိထားမိနေတာ ကြာပြီးကွာ… အဲဒီအချိုးလေးတွေ ပြင်ပေါ့ကွာ… ငါ့ညီရာ… မင်းကွာ…. နောက်စာရေးရင် တချိန်လုံး မငိုနဲ့ကွာ… မင်းကွာ…. လေ့လာပါကွာ… သင်ယူပါကွာ… ဖတ်ပါ မှတ်ပါကွာ… အကိုကြီးမှာချင်တယ်ကွာ… ဒါပဲ ငါ့ညီရာ..”

ဂွပ်..

တီ…….. တီ………… တီ…………….

“ဟေ့ကောင်… ဖိုးစိန်က မင်းလားကွ… မင်းကို ပြောဖို့ စောင့်နေတာကွ… အချိန်အားနေလို့တော့ မဟုတ်ဘူးကွ.. ငါ စိုင်းစိုင်းလားရှိုး… ငါ့ကို ပြန်မရှိုးနဲ့… အရိုးကျိုးသွားမယ်… မင်းက ဘာကောင်လဲကွ… အေးဆေးစာရေးစမ်းပါကွ… မင်းကွာ… ကြည့်နေကြည့်စားပေါ့ကွာ… ဘလော့ပေါ်မှာ သိပ်ပြီး ထောင်မနေနဲ့ကွ… စိုက်ကြည့်ရင် အလိုက်သိပါ… ပြေးထိုးမှ သွေးဆိုးတယ် မထင်နဲ့ကွ… ဘာလဲကွ… မင်းကို မင်းမြောက်နေလားကွ… မင်းကိုမင်း စာရေးကောင်းတယ် ထင်နေလားကွ… မြောက်မနေနဲ့ မင်းကမျောက်ကွ…. ဒါပဲကွ… “three shadow ,don’t understand ” မလုပ်နဲ့… ငါ့အတင်းပြန်အုပ်ရင် မင်းနာရင်းပြုတ်သွားမယ်ကွ.. မင်းဘာကောင်လဲ… ငါဘာကောင်လဲ… အေး ခုလောလောဆယ် ငါ ဟောက်စားလုပ်လို့ ရလို့ လုပ်တယ်ကွာ… ဒါပဲ”

ဂွပ်.. ဂွပ်…



လေလှိုင်းပေါ်က ဘလော့ဂါ တွေ့ဆုံပွဲ ပထမ ပိုင်း အစီအစဉ် ပြီးပါပြီးရှင်… ပြည်သူ့ အချစ်တော် ဖိုးစိန်ကို ယခုလို ဝိုင်းသမ (အဲလေ) ဝိုင်းချစ်၊ ဝိုင်းအားပေးကြတဲ့ ညီအကိုမောင်နှ များအားလုံး ကျန်းမာ ချမ်းသာပါစေ၊ ချစ်ချစ်ချစ်တဲ့မောင်ချစ်တဲ့ချစ်ချစ်ရဲ့ ချစ်လှစွာသောမောင်လဲ ခုလို အားပေးစကားပြောသွားတဲ့ လေလှိုင်းပေါ်က အစီအစဉ်လေးကို ပီတိဖြစ်နိုင်ပါစေလို့ ဆုတောင်ရင်း…

မင်္ဂလာ ညချမ်းပါရှင့်… အားလုံးကို အာဘွား တစ်သိန်းပါရှင့်…

ပြည်သူ့ အချစ်တော် ဖိုးစိန်ရဲ့ အင်တာဗြူးအစီအစဉ် ပထမပိုင်း ပြီးဆုံးပါပြီ…. ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာ ကြပါစေရှင်….

တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်….


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကျနော်ချစ်တဲ့ မောင်နှမ နာမည်တွေကို ယူသုံးထားတဲ့ အတွက် စိတ်မဆိုးလောက်ဘူးထင်ပါတယ်နော်… ပျော်ရွင်စေလိုခြင်းသက်သက်ပါ….

Comments

Angel Shaper said…
မပြန်ခင် တစ် လာယူပါတယ်ဗျိုးးးးးးးးးးးးး ဟိဟိ
Angel Shaper said…
နှစ်လဲ ယူရင် အပြစ်ပြောမလား။
Angel Shaper said…
ကဲ လာလေရော့။
သုံးတဲ့ဟေးးးးးးးးးးးးးးး
Angel Shaper said…
ကဲပါဗျာ။
လေးဆိုတော်ပါပြီနော်။
ဟိဟိ အနောက်က နောက်လိုက်တွေ အတွက် နေရာချန်လိုက်ပါဦးမယ်ဗျိုးးးးးးးးးးး
Angel Shaper said…
ကဲ။ ညီမတော် အိန်ဂျယ် စာဖတ်နေပြီနော်။
လူကြီးမင်းများ ရှုးတိုးတိုးးးးးးးး ရှုးမပေါက်ရ။ အဲလေ... ရှုးတိုးတိုး အိန်ဂျယ်စာဖတ်နေပြီ။ ဟိဟိ
စကားမစပ်... ငါးတောင်ရောက်လာပြီပဲ။ အဟက်
Angel Shaper said…
ကိုကြီးစိန်ရေ........
အားရပါးရ ရယ်ရလို့ ကျေးဇူးတင်တယ်ဗျာ။
မပြန်ခင်လေး တစ် ရ သွားလို့လဲ ကျေးဇူးတင်တယ်လေ။ အဟိ...
မထင်မှတ်ပဲ တစ်ရလာလို့ ပျော်နေတယ်နော်။
ကျေးဇူးတင်တယ်ဗျိုးးးးးးးးး
ကိုကြီးစိန် ကျန်းမာပျော်ရွှင်ပါစေဗျာာာာာာ
Taw Lu Thit said…
အကိုလေးဖိုးစိန် ကော်မန့်ဆိုတာ ကောင်းစရာပဲရေးရလားဗျ.သိဘူးလေ.ဆိုးအောင်ရေးဦးမယ်.“ခင်ဗျားအင်တာဗျူးကို ဆက်ပါဦး ခုလို ခဏလေး ဘယ်ကောင်းမလဲ.ဒါပဲ”
ဇော် said…
ဟားဟားဟား ...
အူတက်မတက်ကို ရယ်ရတာ ..
ကျနော်က မောနင်းဒျူတီဆိုပြီး ခု နံနက်၎နာရီထိ အိပ်မရလို့ ကိုယ့်ဟာကိုယ်ဒေါသတွေ ထွက်နေတုန်း .. ကိုဂျီးစိန်ဆီရောက်တာ ပိုဆိုးသွားတယ် .. ရယ်လိုက်ရတာ သောက်သောက်လဲ .. ဟားဟားဟား ..

အရမ်းကြိုက်တယ်ဗျိုးးးး ... =D
Anonymous said…
့HELLO PHOE SEIN ?
THANKS FOR YOUR POST !
I CAN REFRESH THE DAY WITH YOUR POST.
REALLY NICE AND IT'S GOOD IDEA !
KEEP ON GOING
MA GYI
ဟား..ဟား...
အရမ်းရီရတယ်...
သွားတွေအအေးပတ်ကုန်ပြီ....
ပြန်လျှော်ပေး...ဟား..ဟား..ဟား...
moekhar said…
အိမ်ကျယ်တို့ ပို့စ်မှာလည်း တစ် ကော့မန့်မှာလည်း တစ်သွားပါလား .. :D
ရီနေရတယ်
နေကောင်းတယ်ဟုတ်..း))
ကိုသီဟသစ်ပို့လို့ရောက်လာတာ... ဒီရောက်တော့အင်တာဗျူးနဲ့တိုးနေတယ်... အူလှိုက်သည်းလှိုက် ရယ်သွားပါတယ်အကိုရေ...

လေးစားစွာဖြင့်

ဏီ(န်)ကင်း
“ကိုဖိုးစိန္လားခင္မ်”

“ဟုတ်ပါတယ် ကျနော်ဖိုးစိန်ပါ”

“ကောင်းတယ်ဗျ ဆက်ချွဲ အဲ ဆက်ဆွဲ”

ဂွပ်

အိုင်ဒီယာ မိုက်တယ် သယ်ရင်း

ပြုံးရုံတင်မဟုတ်ဘူး တကယ်ရယ်ရတယ်...။
ဟားဟားဟား..ဂလိုဟာသတွေဖတ်ချင်တာ..
ကဖိုးစိန်..နဲ့ ဗူးမဲ့သူတွေ ..အဲလေ.ဗျူးမဲ့သူတွေ တိုကင်ဝေထားပါ
Ma Thandar said…
:)

Have a good week ahead!
Vista said…
ဟားဟားဟား ရယ်ရတယ်
ဟဲလို ကိုဖိုးစိန်လားဗျာ.... ဟာမဟုတ်ပါဘူးလူပါဗျ.... မှားကုန်ပါပြီ.... ဟီးဟီး ကျွန်တော် ကိုဖိုးစိန် ဘလော့ကိုရောက်ပါတယ်.... ဒါပေမယ့် စာတွေလည်းအကုန်ဖတ်သွားတယ်နော်.... ဒါပြဲ ကျန်းမာရေးလည်း ဂရုစိုက်လိုက်ဦး ကိုဖိုးစိန်....ဒါပြဲ ဒါပြဲ....
Mogok Thar said…
စိတ်မကောင်းအောင်လဲ လုပ်တတ်၊ ပြုံးအောင်လဲ လုပ်တတ်၊ တတ်လဲ တတ်နိုင်တဲ့ ပတ်ချွဲနှပ်ချွဲ ဖိုးစိန်၊ မျောက်ငိုလေး...

လေလှိုင်းပေါ်ကနေ

“မျက်ရည်ရော၊ နှာရည်ရော ဘယ်လိုထွက်အောင် ငိုတတ်သလဲ ဗျူးချင်ပါတယ်။ ဗဒယို နဲ့ တကွ တင်ဆက်ပီး ဖြေပါ။”

အဲလေ.. ဘလောက်ဂါ ပါဆို၊ စာရေးတာလေးလဲ ဗျူးအုံးမှ။

“စာရေးတဲ့အခါ မျက်ရည်ရော၊ နှာရည်ရော ဘယ်လိုထွက် ထွက်ပီး ရေးတတ်သလား၊ ပြုံးပြုံးကြီး ရေးတတ်သလား ဗျူးချင်ပါတယ်။”

အင်.. ဟုတ်သေးပါဘူး။ ရေးဖူးတဲ့ စာတွေ ဗျူးချင်ပါတယ်ဆိုမှ တစ်ခုမှ မမှတ်မိတော့ဘူး။ တော်ဘီဗျာ။ အဲတာပဲ ဗျူးတော့မယ်။ ဗျူးတာပဲဖြေ ၊ ရှာမရှည်နဲ့။

ချစ်ညီမျောက်ငိုကို

အစဉ်ချစ် အရှင်ချစ် သဲသဲလှုပ်ချစ် ငြိမ်တည်ပြီးချစ် ထိန်ထိန်ညီးချစ် စိန်စီပြီးချစ်ပါတဲ့...
(ကိုလူထွေး စကား ငှားသုံးတာ၊ ;-P)

ကိုမောင်ဟန်
Waing said…
ကိုဖိုးစိန်ရဲ့ လေလှိုင်းပေါ်က အင်တာဗျူးက တကယ် ရယ်ရတယ်တော့းD
ဟားဟားဟားဟားဟား!!!!!!!!!!!!!!!!!!!!!
တော်လိုက်တဲ့ ဖိုးစိန်.... ကဲကဲ သားလေးရေ လုပ်လိုက်ဦးဟ... ဘုရားဖူးတွေ လာနေပြီ။
အလုပ်လုပ်နေရင်းနဲ့ စိတ်ရူပ်လို့ ဘလော့ခ်လေး လာ ဖတ်လိုက်တာ ပြုံးရုံမကဘူး ၀ါးလုံးကွဲရယ်သွားတယ် ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
မငုံ said…
:) ကိုဖိုးစိန်ရေ..မျက်စိထဲကို မြင်ယောင်ပြီး ရယ်မောစွာဖတ်သွားပါတယ်။ :)) ညပိုင်းအစီအစဉ်မျှော်နေတယ်နော့
ရယ်ရတယ်။ ဒါပေမယ့် စလုံးလာရင် သတ်ပစ်မယ်။=(
mae said…
ကိုယ့်ကိုယ်ကို စာလုံးပေါင်းတွေ မှားမှန်းသိသားပဲ
:P
kaungkinpyar said…
လူဇိုးးးးးးး
ဘွားပြာ..လာသွားတယ်...
ရီရလွန်းလို့ ကွမ်း မစားနိုင်ဘူးး
Ree Noe Mann said…
နှစ် ကို စောငိ့ဖတ်နေတယ်။

သယ်ရင်း ရီနို
ခေါင်းစဉ်နဲ့ကော်မန့်တွေဖတ်ပြီး ရယ်စရာပိုစ့်ဆိုတာ သိသွားတယ်...

ဟားဟားဟား...

တအားကောင်းတယ် ဖိုးစိန်ရေ့...
ဆက်ရန်မြန်မြန်လုပ်...

းဝ)
အိန္ဒြာ said…
ငါတောင်မခေါ်လိုက်ရပဲ ၃ မိနစ်ပြည့်သွားတယ်..

စိတ်ကူးလေးကောင်းတယ်ဖိုးစိန်
ဒုတိယပိုင်းဆက်ပါဦး..။
တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်….
သုဒြေ္န said…
တီ............တီ.တီ..... ညီလေးနဲ့ ဗျူးခြင်လို့  စောင့် နေတာကြာပြီ ဟုတ်ကဲ့  ကျနော် ဖိုးစိန်ပါ ခင်ဗျာ ...ဂွပ် ဟင် သုံးမိနစ် ပြည့် သွားပြီလား
သုဒြေ္န said…
ကောင်းတယ်ညီရေ ဘလော့ ဆိုတာဒါမျိုး ကိုခေါ်တာလို့  ပညာတွေထုပ်သုံးလိုက်တာလား အတွေးခ်ါဆန်းသစ်မှုတခုနဲ့  တင်ဆက်လိုက်တာပေါ့  တခါလာလဲ စိတ်ညစ်တဲ့ အကြောင်း တခါလာလဲခေါင်းကိုက်တဲ့ အကြောင်း တခါလာလဲအဆင်မပြေတဲ့ အကြောင်း အဲဒါတွေကြီးဘဲဖတ်ရတော့  စိတ်ညစ် ခေါင်းကိုက် အဆင်မပြေတဲ့  ရောဂါတွေ စာဖတ်သူတွေကို ကူးစက်သွား တော့ တာပေါ့  ခုလိုတင်ဆက်မှုတွေကိုကြိုဆိုတယ်ဗျာ သိတဲ့ အတိုင်း ပျော်ရွှင်ခြင်းတွေ တပွေ့  တပိုက်ကြီးရလိုက်တယ် အပျော်တွေကူးစက်သွားတယ် ညီ ချစ်တဲ့ ကိုကြီး သုဒြေ္န
Dream said…
ယနေ့ နာမည်ကျော် ပြည်သူ့အချစ်တော် ဖြစ်တဲ့
ချစ်ချစ်ချစ်တဲ့မောင် ၊ မောင်ချစ်တဲ့ ချစ်ချစ်ရဲ့
ဖိုးစိန်နဲ့သူဧ။်ချစ်စရာချစ်သူများ အိမ်သာဘူးကဏ္ဏ ..
အဲလေ..အင်တာဗျူး ကဏ္ဏအစီအစဉ် ထုတ်လွင့်မှု
အပိုင်းတစ် ဤတွင်ပြီးဆုံးပြီဖြစ်ပါတယ်ရှင်....

အပိုင်းတစ် ထုတ်လွင့်မှု အစီအစဉ်မှာ အချိန်အကန့်အသတ်အရ မောင်ချစ်တဲ့ ချစ်ချစ်၊ ချစ်ချစ်ချစ်တဲ့မောင်နဲ့ စကားမပြော၊ ဖုန်းမဆက်လိုက်ရတဲ့ မောင်ချစ်တဲ့ ချစ်ချစ် ၊ ချစ်ချစ်ချစ်တဲ့ မောင် ရဲ့ ချစ်စရာပရိတ်သတ် များအနေနဲ့ အပိုင်းနှစ် အစီအစဉ်မှာ လာရောက် ဘူးနိုင်ပါတယ်..အဲ...ဗျူးနိုင်ပါတယ်ရှင်...

မောင်ချစ်တဲ့ ချစ်ချစ်ရဲ့ ချစ်ချစ်ချစ်တဲ့မောင်နဲ့ အင်တာဗျူး အစီအစဉ် သုံးမိနစ် စကားပြောခန်းကို
ပါဝင်နိုင်ပါကြောင်း ပြောကြားရင် ယနေ့ထုတ်လွင့်မှု အစီအစဉ်ကို ဒီတွင်ပြီးဆုံးပါပြီရှင်....

မောင်ချစ်တဲ့ချစ်ချစ် ချစ်ချစ်ချစ်တဲ့မောင်ရဲ့
ချစ်မက်မက်....


ဟားဟားဟား....အမလေး ရယ်ရတယ်..အိုင်ဒီယာကလဲ ကောင်းပါ့...ချစ်ချစ်ချစ်တဲ့မောင်လို့ မပြောရဘူး..တကယ်ပဲ..တကယ်ပဲ....း)း)
အားရပါးရကို ရယ်သွားတယ်...
Anonymous said…
ဟဟဟဟားးး.. ရီရတယ် ကိုဖိုးစိန်.. ညီက အရှည်ဆုံးပဲ (စာ).. ဟိ.. ဖတ်ကောင်း၏
sweetpeony said…
ဟဲလို ကိုဖိုးစိန်လား
ပြောစရာကျန်ခဲ့လို့ နောက်တစ်ခေါက် ထပ်ဆက်တာပါ...
ညီမက ခေါင်းစဉ်နဲ့ ကော့မန့်တင်မကပါဘူး အလယ်က စာပါ ဖတ်ပါတယ်နော်...............
ဟားဟားဟားးးး
ဗျူးချင်တယ်ဗျာ။
Anonymous said…
ဖိုးစိန် အင်တာဗြူးကိုတွေ့တော့ လာမယ်လာမယ်နဲ့ အပျင်းထူနေတာ..း)
ခုတော့ ကျမသိသွားပြီ ပေါ်ပြူလာ ဘလောက်ဂါဖိုးစိန်
အကြောင်း...
ပျော်ရွှင်ပါစေ။

မကြီးဝါ
yangonthar said…
အစ်ကို ဖိုးစိန် ပေါ်ပြူလာ ဖြစ်ပုံလေးတွေ ဗိုက်နှိပ်ပြီး ဟားဟား ရယ်ပြီး သဘောကျပြီး ပြီးအောင်ဖတ်သွားပါပြီ အစ်ကိုရေ
ခင်တဲ့
ရန်ကုန်သား ...... :))
ဖိုးစိန်လေးရဲ့ လေလှိုင်းပေါ်က အင်တာဗြူးလေးကို လာ ဖတ်သွားပါတယ်။ အတော်လေး ဗြူးထားကြတာမို့ ထပ် မဗြူးတော့ဘူးနော် ။
ဒါပါပဲ ..ဂွပ်
တီတီတီ.....း))
အဆင်ပြေပျော်ရွှင်ပါစေ စိန်စိန်ရေ..
စည်သူ said…
အင်းတာဗျူးလာဖတ်တာ ခိခိခိ
အကြောင်းစုံကို သိရတော့တာပဲ..

ဆက်လက်စောင့်မျှော်နေတယ် ကိုဖိုးစိန်ရေ့
အောင်မယ်လေး ပါးတောင် ညောင်းသွားတယ်.

ခင်မင်စွာဖြင့်
စည်သူ။
အပိုင်း(၂)ကျ တို့လာဗျူးမယ်..
ကဖိုးစိန်ဆိုတဲ့ နာမည်လေး စတင်ဖြစ်ပေါ်လာပုံ..။
သက်မွန်မြင့်နဲ့ ဘာလို့ အဆင်မပြေတော့တာလဲ အလယ်.။အခု ကြားနေတဲ့ ဟောလိဝုဒ်က မင်းသမီးနဲကိစ္စ ဘာညာ အဆုံး..။
၃မိနစ်အတွင်းဗျူးမယ်

ပြင်ထားးးးး ။။ဒါပဲ..။

Popular Posts