ကြေငြာချက်အတင်း

ကျန်းမာတော် မူစပါစ ခင်ဗျာ…

ယနေ့ မြန်မာသက္ကရာဇ် (၁၃၇၁)ခု နတ်တော်လဆန်း (၁၂)ရက် ၊ (၂၀၀၉) ခု နိုဝင်ဘာလ (၂၈)ရက် မနက်ခင်း ဘလောဂါ အတင်း များကို စတင် …. ကြေငြာပါတော့မယ်…

အတင်းခေါင်းစဉ်

နာမည်ကျော် ပြည်သူ့အချစ်တော် အော့ကျောလန် ပတ်ချွဲ နှပ်ချွဲ ပေါ်ပြူလာ ဘလော့ဂါ မျက်စိနောက် စိန်မျောက်မျောက် (ခ) ဖိုးစိန် စင်္ကာပူနိုင်ငံသို့ (၅) ပတ်ကြာမျှ သွားရောက်ပွေလီ ဒုက္ခပေး လည်ပတ်မည်ဖြစ်ကြောင်း

နာမည်မကြီး ထမင်းငတ် ပေါ်ပြူလာ စကာင်္ပူ ဘလော့ဂါ အကျော်အမော်များ ပြည်သူ့ အရှုပ်တော် ဖိုးစိန်အား ချန်ဂီလေဆိပ်တွင် မျက်စိနောက်လောက်အောင် လာရောက်ကြိုမည်ဖြစ်ကြောင်း

စကာင်္ပူနိုင်ငံသို ရောက်ရှိတဲ့အပတ်အတွင်း စိတ်ပျက်လက်ပျက် တာဝန်ယူလိုက်ရသည့် အနုအလှ ဂွကျကျ ဂေါ်မစွံ လူပြိုကြီး မိုးကုတ်သားအိမ်တွင် မျက်စိနောက်စရာ ဘလော့ဂါ အကျော်အမော်များကို မျောက် ဖိုးစိန်မှ မတတ်သမျှ လုံးချ ဟင်းချက်နည်းများဖြင့် တခါစားရုံနဲ့ ဆလံ တသွားရလောက်သော ဂရိ ဟင်းလျာများကို ချက်ကြွေးမည်ဖြစ်ကြောင်း၊ ခိုင်လုံသော အတင်းရပ်ကွက်မှ အတင်းများကို လက်ခံရရှိထားပါတယ်…..

ပတ်ချွဲနှပ်ချွဲ အရှုပ်ထုပ် မျောက်ငို ၏ ပြောရေးဆိုခွင့် ရှိသူ ချစ်ချစ်ချစ်သောမောင် ၊မောင်ချစ်သော ချစ်ချစ်ရဲ့ မောင့်ချစ်ချစ် မက်မက် ၏ တရားမဝင် ရောင်းစားမှု အတင်းအရ ဖိုးစိန်မှာ စကာင်္ပူ မလာခင် သုံးလေး လကျော်ကျော်က ပင် စကာင်္ပူ သွားဖို့ ပြင်ဆင်နေခဲ့ကြောင်း သိရပါတယ်…

ဖိုးစိန်ဟာ စကာင်္ပူ မလာခင် သုံးလေးလ အလိုကပင် စကာင်္ပူတွင် ကြွားလုံး ထုတ်ဖို့ရန် (၅)ပတ်စာ နေ့ ည အင်္ကျီ အစုံ (၇၀) ကျော်ကို မီးပူ တိုက်နေခဲ့ပါတယ်… ထိုအဝတ် များကို သုံးလ မတိုင်ခင်က ပင် မျောက် အုန်းသီးရသလို အိတ်ထဲ ထည့်လိုက် ပြန်ထုတ်လိုက်နှင့် ကြွားလုံးထုတ်ချင်သော အင်္ကျီ ဘောင်းဘီများမှာ ကြွေမွ၍ အကြိမ်ကြိမ် ပင်မီးပူတိုက်ခဲ့ ပြန်လျှော်ခဲ့ရ၍ ယခုဆိုရင် ထိုအဝတ်အစားများက ဘေထုပ်သာသာ လက်နှီးစုတ် သာသာ ဖြစ်နေကြောင်း ဖိုးစိန်၏ ချစ်ချစ်ချစ်သော မောင့် ချစ်ချစ် မက်မက် ၏ မဲ့ကာရွဲ့ကာ ပြောကြားချက်များ အရ အတင်းရရှိပါတယ်…

တနေ့ တနေ့ လိုသောပစ္စည်းများကို စာရင်းရေးပြီး ခေါင်းအုံးအောက်တွင်ထည့်အိပ်၊ တရေးနိုးလျှင် လိုအပ်သော ပစ္စည်းများကို သတိရသလို ထထထည့်တတ်သော၊ အလုပ်မရှိ အလုပ်ရှာပြီး ထည့်ထားသော ပစ္စည်းများကို ထိုင်ကြည့်နေတတ်သည့် မျောက်ငို၏ စိတ်ကျမ်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ထိုစိတ်ခံစားမှုများဖြင့် ချန်င်္ဂီလေဆိပ်သို့ရောက်လျှင် ရောက်ချင်း နာမည်မကျော် ဘလော့ဂါ အကျော်အမော်များကို တွေ့လျှင် အကို မျောက်ငို တစ်ယောက် ရူးသွားနိုင်ဖွယ် ရှိသည်ကိုလည်း ညီမဖြစ်သူ အချောအလှ မိုးခါး ချိုတူးလေးမှ အားမနာ ပါးပနာ ဝေဖန်ပြောသွားကြောင်း အတင်းရရှိပါတယ်…

ဖိုးစိန်၏ အတင်းအဓမ္မ တောင်းဆိုချက်အရ မသက်မသာ လက်ခံလိုက်ရသော လူပြိုကြီး မိုးကုတ်သားမှာ ဖိုးစိန်လာခါနီးလေ ခေါင်းကျိမ်းလေလေဖြစ်၍ ဆံပင်များပင်ကျွတ်လာ၍ ကတုံးဆံပင်သို့ ပြောင်းညှပ်လိုက်ရကြောင်း၊ ဖိုးစိန်၏ အသည်းကျော် ပေါ်ပေါ်(တောင်ပေါ်သား) ခမျာလဲ ဖိုးစိန်လာဖို့အရေး တွေးပူလို့ အဖျားများပင်ဝင်ခဲ့ကြောင်း၊ ဘလော့မှာစာရေးကျဲသွားသော မေလေး ခမျာမှာလဲ ဖိုးစိန်လာရင် ဟင်းကောင်းစားရရေးအတွက် ကြက်ဥ၊ဘဲဥများကို စကာင်္ပူတနိုင်ငံလုံး လိုက်လံဝယ်ယူနေ၍ ဘလော့ပင် မရေးအားကြောင်း၊ ဦးရှင်ကြီးမှာ ခုကတည်းကပင် ဝိုင်းဖြစ်မြောက်ရေးအတွက် အရက်ချက်စက်ရုံတွင် အော်ဒါမှာယူနေကြောင်း အပြင် ဖိုးစိန်ကို ကြောက်သော သက်ပိုင်သူ တို့လို ဘလော့ဂါတစ်ချို့မှာ အထုပ်များပြင်၍ အမိမြေသို့ ပြန်ပြေးမည်ဖြစ်ကြောင်း၊ ဖိုးစိန်၏ ချစ်ချစ်ချစ်သော မောင့်ချစ်ချစ် မက်မက်က ဘုန်းကြီးအတင်းဝတ်ပေးမည့် အကြောင်းများကို ကွမ်းတမြုံမြုံ ဝါးရင်း မကောင်းကင်ပြာက အတင်းချသွားခြင်းဖြစ်ပါတယ်။

ဖိုးစိန်၏ အတင်းများကို တရားဝင်ထုတ်ဖော်ကြေငြာသူ သူငယ်ချင်းရီနိုမာန်၏ ပြောပြချက်အရ ဖိုးစိန်မှာ ဆိုက်ပရပ်စ်နိုင်ငံ မှ (၂၀၀၉) ဒီဇင်ဘာလ (၃)ရက် ကြာသာပတေးနေ့ နိုင်ငံစံတော်ချိန် ည(၇) နာရီခွဲတွင်ဆိုက်ပရပစ်နိုင်ငံ လာနာကာ မြို့မှ ထွက်ခွာလာပြီး ဒူဘိုင်းတွင် တထောက်နားပြီး သကာလ စကာင်္ပူနိုင်ငံ ချန်ဂီ လေဆိပ်သို့ ဒီဇင်ဘာလ (၄)ရက် သောကြာနေ့ စကာင်္ပူနိုင်ငံ စံတော်ချိန် ည(၉)နာရီတွင် ရောက်ရှိမှာ ဖြစ်ကြောင်း အတင်းရရှိပါတယ်။ မိုးကုတ်သား၊ တောင်ပေါ်သားနှင့်တကွ သူငယ်ချင်းရီနိုမာန်က လေဆိပ်တွင် ဖိုးစိန် ကို အသင့်စောင့်ကြိုနေမှာဖြစ်ပြီး ပျော်လွန်း၍ ရူးမသွားစေရန် စောင့်မတ်ကြည့်ရှု့ရမှာ ဖြစ်ကြောင်း လဲ သိရပါတယ်။

ဒီဇင်ဘာလ (၆)ရက် တနင်္ဂနွေနေ့တွင် စကာင်္ပူမှာ ဘလောဂါများ ဘလော့ဂါမဟုတ်သော စာဖတ်သူများ ဖိုးစိန်နှင့်တူတူ ပျော်ရွင်စွာ အရူးထနိုင်ရန်အလို့ငှာ လူပြိုကြီး မိုးကုတ်သားအိမ်တွင် တွေ့ဆုံပွဲ ပြုလုပ်မှာ ဖြစ်ပြီး ဖိုးစိန်မှ ဂရိအစားအစာများဖြင့် တခါတည်းဆလံတအောင် ချက်ကြွေးမည်ဖြစ်ကြောင်း၊ အသားစားသူများ၊ မစားသူများ၊ သက်သက်လွတ်သမားများအတွက်၊ အားလုံးအတွက် အဆင်ပြေအောင်ချက်ကြွေးမည်ဖြစ်ကြောင်း လဲသိရပါတယ်။ ထိုအပြင် ထိုနေ့တွင် အမှတ်တရအနေနဲ့ ညီငယ်ဆောင်းချမ်းမိုးကလဲ မွေးနေ့ ပြုလုပ်မည်ဖြစ်ပါသောကြောင့် အားလုံးအမှတ်တရ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြမည့်အကြောင်း စကာင်္ပူနိုင်ငံမှ ဘလော့ဂါများအားလုံးနှင့် စာဖတ်သူများအားလုံးကို ကိုမိုးကုတ်သားအိမ်သို့ လာရောက်ဖို့ ဖိတ်ခေါ်ထားကြောင်း၊ ပျော်စရာကောင်းသော နေ့လေးတစ်နေ့ ဖြစ်ပါ့မည့်အကြောင်း ကိုလဲ ရီနိုမာန် မှ ပြောကြားသွားကြောင်း သတင်းရရှိပါတယ်.. ဆက်သွယ်ရန်ဖုန်းနံပတ်များကတော့ ကိုမိုးကုတ်သားတောင်ပေါ်သားရီနိုမာန်၊ မက်မက် မိုးခါး စသော ဘလော့ဂါများ နှင့် တစ်ယောက်ကို တစ်ယောက် ဆက်သွယ်နိုင်ကြောင်းလဲ သိရပါတယ်။


မျောက်ငိုမှာ စကာင်္ပူတွင် နေစဉ် (၅)ပတ်တာ ကာလအတွင်း စကာင်္ပူမှာ ထမင်းကျွေးသူများကို ဖုန်းကိုင်မျှော်နေမည်ဖြစ်ကြောင်းနှင့် တအိမ်တက်တအိမ်ဆင်း အားမနာတမ်းလိုက်စားမည်ဖြစ်ကြောင်းကိုပါ သိရပါတယ်...

ဤတွင် လတ်တလော အတင်းများကို ကြေငြာလို့ ပြီးပါပြီး။ နောက်ဆက်တွဲ သတင်းများကိုလဲ ရလျှင်ရသလို ကြေငြာသွားမည်ဖြစ်ကြောင်းပြောကြားရင်း အတင်းကဏ္ဍကို ရပ်နားလိုက်ပါတယ်

ကိုယ်စိတ်နှဖြာ ကျန်းမာတော်မူကြပါစေခင်ဗျာ…

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်ငို

Comments

သဲလေး said…
ကိုကို သဲထည့်ပေးလိုက်တဲ့ အင်္ကျီတွေ မထပ်အောင်ဝတ်နော် မှာထားတာတွေမမေ့နဲ့ အရမ်းလည်းမကဲနေနဲ့နော် ဘူဖေးပဲစားနော် ကိုယ်တိုင်မချက်စားနဲ့ ပင်ပမ်းမယ်..ကိုယ့်ပိုက်စံတွေအရမ်းမသုံးနဲ့ နော် ကိုကိုက ဘာမှနားလည်တာမဟုတ်ဘူး သူများနားကပဲယူသုံးကြားလား...တစ်နေရာထဲမှာ အကြာကြီးမနေနဲ့ ကိုကိုပျင်နေမယ်..အိမ်တကာလည့်နေနော် ( တနေရာတည်းနေရင် သူများအမြင်ကပ်မစိုးလို့)..နောက်ဆုံးတစ်ခု သဲမှာ ထားတာမမေ့နဲ့နော်..
အဲ
်မျောက်ငိုတစ်ယောက် ခရီးရှည် ထွက်တော့မယ်ပေါ့
မျက်စိနောက်စရာ ခရီးဖြစ်ပါစေ....
မျက်စိနောက်စရာ နောက်ဆက်တွဲ သတင်းများကို စောင့်မျှော်နေပါမည်....


မနှင်း
ဇော် said…
အယ် .. သဲလေးတဲ့ .. ဒူယဲဂျ .. =D

ဟားဟားဟား .. ပျော်ရမှာထက် .. ၀မ်းသာရမှာထက် .. ကျနော် ဟက်ဟက်ပက်ပက်ရယ်လိုက်တာ .. ယူနီဖောင်းအကျီပြဲသွားပြီ .. အဲ့ဒါ ဆိုက်ပရပ်စ်စ်စ် ( တံတွေးတောင်စင်တယ် ) အသစ်ယူလာခဲ့ပေးတော့.. ဒါဘဲ .. ဟွင်း ..
ဝမ်းသာတယ်ကိုဂျီးရာ .. ပျော်ပါစေ .. =)
အမြင်ကတ်လိုက်တာ...ဟွန်း...
သူကတော့ Holiday ရသွားပြီပေါ့လေ..
ဒီမှာတော့ Cyprus မှာနေတာချင်းအတူတူတောင် ..
အလုပ်ကမပြတ်သေးဘူး..ရပါတယ်..ရပါတယ်...
သွားနှင့်ဦးပေါ့...နတ်သမီးလည်း (၃)လပိုင်းကျရင် (အားကျမခံ) သွားလည်ဦးမှာ.....း)..း)...း)...
မနာလိုဖြစ်နေပါသည်...
khin oo may said…
ဖုန်းကိုင်မျှော်နေမည်ဖြစ်ကြောင်းနှင့်...............


ပိုလိုက်တာ.............ချွဲကလည်းချွဲပါ့။ အသည်းမခိုင်ရင်ကြွေ့ကျသွားဦးမယ်။
khin oo may said…
ဘလာဘလာ...........said.........
ကိုကို..အိမ်မှာ့အလကားရတာတွေ ဝယ်မစားနဲ့နော်။။။။။။။။။။။။။
Pwint Myue Zin said…
အိမ်ကိုလည်းလာလည်နော်...
မေလေး said…
ဟဲ့ ပလုတ်တုတ် ဘုတ်ဒေါ
အလာကယ်ပါ အပြန်ကယ်ပါ
ကြက်ဥတွေဘဲဥတွေထားရတာနဲ့အိမ်မှာပြည့်တွားလို့
သူညားအိမ်မှာသွားအိပ်ရမှာ
အိမ်မှာလူအရှိဝူးး
တိရားး
ဟိ
(ကြိုကာထားရတာ။ လန့်ထှာ)
ကိုဖိုးစိန်ကို လာရောက်ပြီး အော်တိုများ အော်ရှည်များ လည်းရေးပေးနိုင်အောင် စီစဉ်ထားကြောင်း၊ ငိုယိုပြီးရေးသား ထုတ်ဝေထားသော စာအုပ်များကိုလည်း လက်မှတ်ထိုးပြီး ရောင်းချနိုင်အောင်လည်း စီစဉ်မယ်ဟု ပြောရေးဆိုခွင့်မရှိတဲ့ ကိုကိုသုန် ကပြောဆို လိုက်ကြောင်းလည်း ထပ်မံသိရှိရပါတယ်... ချန်ဂီးလေဆိပ်သို့ ရောက်ရှိချိန်မှာ ကိုဖိုးစိန် ပျော်ပြီးအရမ်းအရမ်း သောင်းကျန်းမှာကို စိုးရိမ်တဲ့အတွက် ခရီးသည်များ အထူးလုံခြုံရေး ကိုလည်း ဘလော့ဂါ မမများ၊ ညီမလေး များအား တာဝန်ပေးထားကြောင်း ထပ်မံသိရှိရပါတယ်...
Ree Noe Mann said…
အမလေးဗျ ငါ့တော့ မြင်ယောင်နေပါသေတယ် လေဆိပ်မှာ ဘယ်ပုံ ဘယ်နည်းများလဲ ဆိုတာ။

ချစ်တဲ့ သယ်ရင်း ရီနို
ပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေ ကိုဖိုးစိန်
ီညီလေးသာ ရှိနေရင် စလံသအောင် ကောင်းမဲ့ ဟင်းတွေ စားးချင်သေးပါ့

ခင်မင်လျှက်

ဖိုးဂျယ်
kiki said…
အဲ့ဒီနေ့  ချန်ဂီ လပျံဆိပ်မှာ စက်ခရုပတီး(security) တွေ များများချပေးထားရမယ် ။ ပျံဘေးဆွဲ တဲ့ ဂိုဏ်းရှိနေတယ် လို့  အတင်း သိုးသိုးသန့် သန့်  ရ ထား တယ် ၊
အိုဖိုးဗားမားစိန် ရဲ့  ယပ်တောင် ( fans ) တွေ နဲ့ လပျံဆိပ်တောင် ဆန့် ပမလား ပဲ ။း))))

တော်ပါသေးရဲ့  တိုင်ဂွမ် မှာ ခရီးတထောက် မနားတာ ... ဟိဟိ...
ရေတမာ said…
ရီလိုက်ရတာ ပိုစ်ရော၊ ကွန်မန့်ရောကို အင်းးး အားလုံးတော့ မျက်ခုံးလှုပ်ပြီ ရောက်လာရင်တော့ ပြောတဲ့အတိုင်း ရှိတာ အကုန်လှုပ်မည်ထင်တယ်
thetpaingthu said…
ဟွန့်... တော်ပီ..
ကိုစိန်လာရင်... မြန်မာပြည်ကကို ပြန်မလာတော့ဘူး
rose of sharon said…
ံတကယ်သွားမှာလား... Have a nice trip :)
Anonymous said…
စိတ်ကောက်တယ်.. မလာဘူး.. ဒါဗြဲ....

အဆိပ်ခွက်
အိန္ဒြာ said…
ဒီဇင်ဘာ ၃ရက်နေ့ အိမ်ပြောင်းမှာ

Dova နဲ့အဝေးဆုံးနေရာ..
Mogok Thar said…
ွှအင်း
မျောက်ငိုကို ကြိုဆိုလိုက်ကြတာ။ သဲသဲကို လှုပ်နေကြပါရောလားးးးးး။ တလေသံတဲ..တကယ် သဲတုန်အောင်ကို ကြောက်နေကြတဲ့သူကြီးပါပဲလားဗျာ။
ကိုမောင်ဟန်လဲ ဟန် ကိုယ့်ဖို့သာ နေရတယ်။ တကယ်တော့ ဒီပို့စ်ဖတ်ပြီး စိတ်က သိပ်မခိုင်ချင်တော့ဘူး။ တစ်လလောက် ကမ္ဘာပတ်ရင်ကောင်းမလားးး....
နေမကောင်းပဲ ဖြစ်ရတော့မလားးး
ဖလားးး ဖလားးးးးးးး

မျောက်ငိုချစ်တဲ့
ချစ်ကို
ကိုမောင်ဟန်
(အမြင်ကတ်ချင်သူ ကတ်အောင်ကို ချစ်ပါသည်.....)
Anonymous said…
ပျော်စရာကြီးရေးထားတာ ..တို့လဲ လမ်းမှာတွေ.ရင် နှုတ်ဆက်မယ်နော်
ဘူဒူလဲ စလုံး ဆလိမ်ကိုလာမှာ .. :P
သဲလေးတဲ့ .. သဲကြီးရော .. ချစ်ချစ်ချစ်တဲ့မောင်ရော .. ရှုပ်နေတာပဲ :D
အား .. ကိုယ်ပူချင်လာသလိုပဲ .. ခေါင်းမူးချင်လာသလိုပဲ .. အတိတ်မေ့တော့မယ် ထင်တယ် .............. :P
သားစိန်...
ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက်ပါကွာ...

းဝ)
Julian said…
ဖိုးစိန်

ဖတ်ရတာ တော်တော်ကိုပြုံးမိတယ်
ခရီးတစ်လျောက်ပျော်ရွှင်ပါစေ

ဂျူ
စလုံးခရီးသွားဖိုးစိန်လေး ပျော်ပါစေဗျာ။
စည်သူ said…
အော်.. ဒီလိုလား ကိုဖိုးစိန်ကြီးရ.
မသိလိုက်ဘူးဗျ.. ခုမှသိတာ.. တော်တော်ဆိုးတဲ့ ကိုဖိုးစိတ်ကြီးဟီးဟီး..းP

အဝတ်စားတွေကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ထည့်ထားရတယ်လို့.. ခိခိခိ

ဘေထုပ် ဝယ်တယ်ဗျို့ ဘေထုပ်..းP
Dream said…
ကြားဖြတ်အတင်းအနေနဲ့ ဆိုက်ပရက်ရောက် စိတ်ကျန်းမာရေး အထူးကုသမှု ခံယူနေသော ချစ်ချစ်ချစ်တဲ့မောင် မောင်ချစ်တဲ့ချစ်ချစ်ရဲ့ ချစ်လှစွာသော ချစ်ဖိုးစိန်တစ်ယောက် သူဧ။်ရောဂါအခြေအနေအရ ပြင်းထန်သော အပျော်လွန်မှုကို ရရှိနေပါ၍ စင်္ကာပူအခြေစိုက် ဒိုဘာစိတ် ကျန်းမာရေးဆေးရုံတွင် အန်ဘီဘီအက်စ်ဒေါက်တိုမောင်ဟန်နှင့် အထူးကြပ် မတ်ကုသမှုကို ခံယူမည်ဖြစ်ပါကြောင်း တိုးတိုးတိတ်တိတ်ရပ်ကွက်မှ အတင်းရရှိပါတယ်ရှင်...

ဤတွင်အတင်းများကို ကြေငြာလို့ပြီးပါပီရှင်.....

း)) ပြေးပြီဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဖတ်ရတာနဲ့တင် တော်တော်လေး တော်တော်လေး တော်တော်လေးကို ဟုတ်နေပြီ

တကယ်များရောက်လာလို့ကတော့ မြင်ယောင်ပါသေးတယ်.. :)
mae said…
ဒီ holiday အတွက် စိတ်ရော လူရော မောထားရတာနဲ့ တန်အောင် ပျော်ခဲ့
;)
Ma Thandar said…
phoe sein lett yar musaka sar ya tot mel..:)
စလုံးမှာ တန်အောင်နေခဲ့ ဖိုးစိန်ရေ...
ဘလော့ဂါတွေများတဲ့ စလုံးမှာ ဘလော့ဂါတွေနဲ့  ဆုံဆည်းကာ ပျော်နိုင်ပါစေ။း))
JuneOne said…
အယ် တကယ်လာမှာလား။သားလေးနဲ့ဆော့ရအောင်အိမ်ကိုအလည်လည်အုံးလေ။ရောက်ဖြစ်တယ် မန့်သာမမန့်ဖြစ်သာ။
Sandy said…
ရောက်ပြီပေါ့ အခု 10:30 ရှိပြီ =)

Popular Posts