မသက်ထွေးဆီသို့ လွမ်းချင်း

နိုင်ငံခြားဘာသာ တက္ကသိုလ် စတက်ဖြစ်တဲ့ ပထမနှစ်မှာ ကျနော် ကောင်မလေးတစ်ယောက်ကို စတင်ခင်မင်သိကျွမ်းခွင့် ရခဲ့တယ်… ရယ်လိုက်ရင် သွားတက်ကလေးတွေ ဖွေးနေအောင် ပေါ်နေတဲ့သူမကို ကျနော် အရမ်းသဘောကျ မက်မောစွာ စိုက်ငေးကြည့်တတ်ပါတယ်… ညိုညိုချောချောလေးနဲ့ မြန်မာဆန်တဲ့ မျက်နှာပိုင်ရှင်သူမက ကျနော့် မျက်စိထဲမှာ တော်တော်လေး ချစ်ဖို့ကောင်းလွန်းလှတယ်… သူမနဲ့ ခင်မင်ခွင့် ရတဲ့အချိန်ကစလို့ သူမဆီက မက်မောတမ်းတရလွန်းတဲ့ သွားတက်ဖွေးဖွေးလေးတွေကို မြင်ချင်လို့ သူမကို တမင်တကာ ဟာသဖြစ်စေမယ့် စကားတွေကို သာရွေးပြောခဲ့တယ်…

ဒီလိုဟာသတွေ ပေါက်ကရတွေ ပြောရင် သွားတက်ခလေးပေါ်အောင်ရယ်တတ် လက်ဝါးလေးအုပ်ပြီး ရယ်တတ်တဲ့ သူမ အရယ်သန်တာကို မြင်တိုင်း ကျနော်ပျော်နေခဲ့တယ်.. သူမကို ချစ်သွားခဲ့တယ်…

ဒီလိုသံယောဇဉ်တွေ တွယ်ရင်း ရှည်လျားလွန်းတဲ့ ပထမနှစ်အဆုံးမှာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်… သူမ ကျနော့်ကို အရမ်းချစ်ပါတယ်.. သူမစိတ်ညစ်တိုင်း အိမ်နဲ့ အဆင်မပြေဖြစ်တိုင်း ကျနော့်ကို ရင်ဖွင့်… ကျနော့်ကို အနားမှာထားပြီး စကားတွေ ပြောခိုင်းတတ်တယ်… တနေ့တော့ ကျနော်ကို သိပ်ချစ်တဲ့ ကျနော်ချစ်သူ ကို မေးခဲ့ပါတယ်… “ဘာလို့ ဗိုလ်စိန့် ဒီလောက်ချစ်ရတာလဲဟင်” ဆိုတော့
ကျနော့်မျက်နှာကို တချက်ကြည့်ပြီး “ခစ်ခစ်…ဗိုလ်စိန်မျက်နှာက ဘာမှ မပြောဘဲနဲ့ တောင်
မျက်နှာ ကစပလိန်လို ရယ်စရာ ကောင်းလို့… ဒီကြားထဲ ဟာသတွေပြောနေတော့ စိတ်ချမ်းသာတယ်… ဒါကြောင့် ချစ်တာ”..တဲ့… ကျနော့်ကို သူမက ပျော်တော်ဆက် လူရွှင်တော် ထင်နေလားမသိ… စိတ်ထဲကတော့ ကျိတ်ပြီး ဝမ်းသာမိပါတယ်…

ဒါကြောင့်လဲ သူမနဲ့ ချိန်းတွေ့တိုင်း သွားတက်ကလေးတွေ မြင်ချင်တာရယ်… သူမ ရယ်မောတာကို သဘောကျတာရယ် ပေါင်းပြီး ရယ်စရာတွေကိုပဲ ရှာကြံပြောပါတယ်… တခစ်ခစ်နဲ့ ရယ်နေတာကိုက တကယ့်ကို ချစ်စရာပါ… နောက်တစ်ခု သိလာရတာက သူမက အရယ်သန်သလောက် အထွက်လွယ်သူလဲ ဖြစ်ပြန်ရော… စိတ်ကမထိန်းထားနိုင်းဘူးတဲ့လေ… ဒါကြောင့် အပြင်ထွက်ပြီး တနေရာရာမှာ ထိုင်စကားပြောမယ်ဆိုရင် အိမ်သာနဲ့ နီးတဲ့နေရာမှာ အမြဲ ရှာကြံထိုင်ရတာ ကျနော်တို့ နှစ်ယောက်ဒုက္ခပေါ့… အဆင်ပြေအောင် လူရှင်းထက်နေရာထက် အိမ်သာရှိမယ့်နေရာကို အမြဲရှာကြံ ထိုင်ရတယ်..
သူမနဲ့ နှစ်ယောက်တည်းရှိတဲ့ အချိန်ကျ သူမကို ချစ်စနိုးနဲ့ မသက်ထွေးလို့ ခေါ်ရင် သူကကျနော့်ကို စိန်မျောက်မျောက် လို့ ခေါ်တတ်ပါတယ်…

တနေ့ ကျနော်တို့ နှစ်ယောက် ကျောင်းချိန်လစ်ပြီး အင်းယားက ပန်းခြံမှာ ထိုင်ဖြစ်ကြတယ်.. ချစ်သူဖြစ်တာ ဘယ်နှရက်မြောက် ဆိုတဲ့ အထိမ်းအမှတ်လေးပေါ့… သူမကို မြန်မာဆန်ဆန်ဝတ်ခဲ့ပါဆိုလို့ သူမက ပါတိတ်အနီရောင်ဝမ်းဆက် ၊ပါးကွက်လေးနဲ့ သိပ်ကိုလှနေတာပါပဲ….
သူမကို ထိုင်ကြည့်နေရင်း ချစ်လွန်းလို့ ထုံးစံအတိုင်း သူမ ရယ်အောင် စနောက်ပါတယ်… ကျနော်က အတန်းထဲကအကြောင်းတွေ အိမ်က အကြောင်းတွေ ကို ဟာသလုပ်ပြီးပြောတော့ သူမကလည်း တခစ်ခစ်နဲ့ ပွဲကျနေတာပေါ့… ခဏကြတော့ သူမက အိမ်သာသွားပါရစေတဲ့… ဒါပေမယ့် ကျနော်က ညစ်ပြီး “မသွားရဘူး အောက်ထားကွာ” ဆိုပြီး အတင်း ဖက်ထားမိတော့… သူမမျက်နှာလေး နီးမြန်းလာပြီး.. “ဗိုလ်စိန်ရယ်… လွှတ်ပါ.. တကယ်မအောက်နိုင်တော့လို့ပါ”လို့ပြောရင်း…
ရုန်းရင်း… ကျနော်ကလဲ အတင်း ဖက်ထားရင်း………

ဟောဗျာ……………..

ကျနော်ခမျာ…. နဖူးတွေ ဒူးတွေ တုန်လို့ သူမကို မင်သက်စွာငေးရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားတယ်… ခေါင်းတွေက ဒဿဂီရိခေါင်း ဆယ်လုံးထက်မကကြီးသွားတယ်… သူမကို အားနာလိုက်တာလဲ မပြောနဲ့ပေါ့…

သူမက ရှက်ရှက်နဲ့ ငိုရှာတယ်… သူမ ခုချိန်ထလို့ လုံးဝ မဖြစ်နိုင်… ပြန်ဖို့ကလဲ လင်းအားကြီးနေတဲ့ အချိန်ဆိုတော့ စောသေးလို့ ချက်ခြင်းထပြန်လို့ မရ… ကျနော်ကလဲ မထင်ထားဘူလေ… ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ သူမ လက်ကလေးကိုကိုင် ကျနော်ကိုယ်တိုင် ငိုချင်လာပြီး သူမကို သနားကြည့်နဲ့ ကြည့်နေရင်း.. သူမက ငိုနေရာကနေ “တခစ်ခစ်” နဲ့ ချက်ခြင်း ထရယ်ပါလေရောဗျာ…

အဲဒီအခါကျမှ ကျနော်လဲ သက်ပျင်းလေးချပြီး နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်… ရယ်လိုက်နဲ့ ဘယ်မှ မသွားရပဲ တနေရာတည်းမှာ ငုတ်တုတ် မိုးချုပ်မှောင်တာကို စောင့်ခဲ့ရတယ်… မြန်မာဆန်ဆန်ဝတ်လာပါလို့ ပြောခဲ့မိလို့သာပေါ့… နောက်မဟုတ်ရင် မသက်ထွေး အကွက်လေးနဲ့ အိမ်ပြန်ရရှာမှာ…

ဘယ်အချိန်ဖြစ်ဖြစ် ကျနော်တို့ နှစ်ယောက်သားဆုံရင် ဒီအကြောင်းက ရယ်စရာ အဖြစ်ပါလာမြဲ… သူမကလည်း စဉ်းစားပြီး တခစ်ခစ်ရယ်မြဲ… အိမ်သာကိုပြေးမြဲပေါ့….

လွမ်းမိပါတယ် သက်ထွေးရယ်….

ခုနေ သက်ထွေးလေးဖတ်ပြီး ရှက်လို့ တခစ်ခစ်ရယ်… အိမ်သာပြေးနေမှာ မြင်ယောင်သေး…

သက်ထွေးကို ခေတ္တလွမ်းသွားလို့ပါ…

ချစ်သူတိုင်း ဒီဒုက္ခမှ ကင်းဝေးပါစေ...း)

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

သက်ထွေးဆိုတော့... သေး............ ×× ပေါ့...

းဝ)
mgnge said…
အဟ... ဖြစ်တတ်ပ့ါ သူ့ ရီးစား က.။ ကျွန်တော့ကောင် မလေးလို့ တော့ လက်ယန်းယန်းပြီး စကားမပြော တာ တော်သေးတယ်လို့ ပြောရမယ်..။ ဘေးလူ ကိုဒုက္ခမရောက် စေလို့ လေ..။ အချင်း ချင်း ကတော့ ကိစ္စမရှိဘူးပေါ့..။
အိန္ဒြာ said…
ဖြစ်ရမယ်...

ဖိုးစိန်တို့ အတွေ့အကြုံတွေများ...

ထူးဆန်းပါ့..း)
ဖြစ်ရလေ.. ကိုဖိုးစိန်ရယ်. အတွေ့အကြုံကတော့ စံပဲ...း)
ဖြစ်မှဖြစ်ရလေ သေးတပြင်းပြင်း သက်ထွေး ရယ်
မသက်ထွေး နှင့် ကိုစိန်မျောက်မျောက်
ရယ်ရတယ် :)
ဖြစ်တတ်တယ်
အဲဒါပဲ ကြော်ငြာနေတာပဲ :P
kaungkinpyar said…
လွမ်းစရာလေးတွေ ပြန်တွေးနေတယ် ပေါ့လေ...
Mogok Thar said…
ဖြစ်ရလေတယ် “မသက်ထွေး” ရယ်။

အရယ်သန်ရှူးထွက်တတ်တဲ့ ချစ်သူကိုမှ ရယ်စရာ ပြောတတ်တဲ့ အမောင် ဗိုလ်စိန် ငမိုက်သား

သင့်အား အမှုတွဲတင်မည်။

“မသက်ထွေး” ခုံရုံးသို့ သွားနေသည်။

;-P

ဖတ်ရင်း ရယ်ရင်း....

;-)
ကလျာ said…
တစ်ချိန်တုန်းကတက္ကသိုလ်ဇာတ်လမ်းလေးတစ်ခုရဲ့လျှို့ဝှက်ချက်တစ်ခုကို မထင်မှတ်ဘဲ သိလိုက်ရလို့ ကျေနပ်ပါကြောင်း……….တစ်ခုထပ်ပြောလိုတာက သူ့ရဲ့မသက်ထွေးကအမှန်တကယ်ကို ချစ်စရာကောင်းတာထောက်ခံပါကြောင်း……..


ကလျာ
Anonymous said…
စိန်လျှံ..
နင့်ဘယ်သူကိုရေးတာလဲ..ငါသိတဲ့တစ်ယောက်တော့ မဟုတ်ဘူး..သေချာတယ်.. ဒါဆို ဘယ်သူဖြစ်မလဲ..
ခေါက်ဆွဲခြောက်လား... မဒမ် ဆိုလဲရီ လာ... ဟိဟိ
မိချိုမဟုတ်တာသေချာတယ် ဆက်ဖော်ရအုံးမလား..

တော်ပါပြီး အသစ်လေးတွေကိုအားနာလို့

သိချင်ငါ့မေးလ်ပေးလိုက်လေ.. သေချာရှင်းပြပေးပါမယ်.
နင့်အလှည့်ရောက်ပီးပေါ့.. ဟင်းးဟင်းး

ခိုင်ဆု

နေကောင်းအောင်နေပါ သူငယ်ချင်း.. ကြားရတာရင်မောလို့
မေလေး said…
ခါးပြောတာဟုတ်ပ
ကြေငြာသလား
မမေးနဲ့
မမေးတော့ပါဘူး
ကိုသက်ထွေး အဲလေ
မသက်ထွေး ချစ်ချစ်ရယ်။း))
ကိုဖိုးစိန် အီးမေးလ်ကလည်း စိန်မျောက်မျောက်ဖြစ်မယ်
ဂျပန်ကလည်း ဖြစ်မယ်ဆို ကျနော်တို့ထူးဆန်းစွာပြန်ဆုံ
ကြပြန်ပြီ မသက်ထွေးကိုတော့ နောက်သိပ်မဖက်နဲ့ပေါ့ဗျာ ဖက်ရင်လည်းမေးပြီးမှဖက်ပေါ့..
Anonymous said…
အိခိုင်

Is it real ? I don’t know.But i m sure it wasn’t me.:P
ငါမသိလိုက်တဲ့အချိန်မှာ ဘယ်ကောင်မလေးနဲ့ရည်းစားဖြစ်လိုက်သေးတာတုန်း။ ဘာဖြစ်လို့လဲဆိုတော့ i m the best enemy of all of your girlfriends. ချစ်သူငယ်ချင်းကောင်းမှုနဲ့ ငါ့မှာ ခင်သူတွေပေါများလိုက်တာ မပြောပါနဲ့။ နင် အသိဆုံးနေမှာပါ။


နေကောင်းအောင်နေပါ

လွမ်းမနေနဲ့ နာမယ်
MANORHARY said…
I just remember my bro's name who's away from us now ! :(
ကိုဖိုးစိန်ရေ..

သက်ထာဝရထွေးပါနော်...
ေ...း ထာဝရ ...က် အဟီး
နာမည်ပြောင်းလိုက်ပီနော်...


နှင်း
သုဒြေ္န said…
စဉ်းစဉ်းစားစားရေးပါငါ့ ညီရာ မသက်ထွေး လွမ်းချင်းဆိုပြီး စာတစောင်ပေတဖွဲ့ ရေးလို့  တခြားကျန်တဲ့ သူတွေ သူတို့ အကြောင်း မရေးဘူးဆိုပြီး စိတ်ဆိုးလို့  စီးတဲ့ ခုံဘိနပ်နဲ့ ပေါက် နီးရာဒါးဆွဲလိုက် မောင်မင်းကြီးသားကျမ္မာပါစေ အစရှိတဲ့  မတော်တရော် မေတ္တာပို့  နေမှဖြင့်  ပြေးပေါက်မှားနေမယ် ညီလေးရေ ချစ်ခင်ချင်းများစွာဖြင့်  သုဒြေ္န
Angel Shaper said…
လွမ်းစရာလေးကို ရယ်ရယ်မောမော ဖတ်သွားတယ်ဗျိုးးးးးးးးးးးးးး
ပျော်ရွှင်ပါစေ ကိုကြီးစိန်....
နေကောင်းအောင်နေပါ။
ကျန်းမာရွှင်လန်းပါစေ။
စည်သူ said…
တော်တော်ကိုဆိုးတဲ့ ကိုဖိုးစိန်ကြီး ဟီးဟီးဟီး..းP

ဟိုမှာ မသေးထွက်က.. အဲ.. ဟုတ်ပါဘူး
မသက်ထွေးက.. သနားစရာပါဗျာ..

ဟေဟေးးး
ဖတ်ရင်းနဲ့ မသက်ထွေးကိုပဲ သနားတယ်..
ကိုဖိုးစိတ်ကြီးဟီးဟီး ကိုတော့.. ဒန်ဒန့်ဒန်..း)

ခင်မင်စွာဖြင့်
စည်သူ။
မနက်က ကိုဖိုးစိန်ဘလော့ဂ်က invited reader only ဆိုလို့ မဖတ်ရတော့ဘူးထင်နေတာ။ တော်ပါသေးရဲ့။ အဲလို မနောက်နဲ့လေ
ဒီကိုဖိုးစိန် ကတော့မလွယ်ဘူး.... မြန်မာဆန်ဆန်လေးသာ ၀တ်မလာရင်တော့ အိမ်မပြန်ရဲတော့ဘူးလား မထူးပါဘူးဆိုပြီး အဖတ်တင်အောင်လုပ်ချင်ပုံရတယ်ဗျာ...

မခင်ဦးမေပြောသလို "လူဆိုး" "လူဆိုး"

ခင်မင်စွာဖြင့်
ကိုကိုသုန်

Popular Posts