Wednesday, 5 August 2009

ကိုးမရှိတဲ့ နဝင်း မှ နက္ခတ် ရစ်သမ် မရောက်မှီ




“ပလုံ”

ရေထဲကို ခဲကျသွားတာလဲ ဖြစ်နိုင်တယ်...



ရေထဲက ငါး ခုန်တက်လာတာလဲ ဖြစ်နိုင်တယ်...



တနေ့မှာ ငါ့ အတ္ထုပတ္တိ ကို ငါဖွင့်ကြည့်လိုက်တယ်..။



ဘယ်လိုဖြစ်သွားသလဲ မသိဘူး...


“ပလုံ”

တာရာမင်းဝေ

ပြောရမယ် ဆိုရင်တော့ ဒီကဗျာလေးက ကျနော့် အကြိုက်ဆုံးနဲ့ ရင်ထဲ အထိဆုံးကဗျာလေး တစ်ပုစ်...

ကိုတာရာမင်းဝေရဲ့ နောက်ဆုံးကဗျာဆိုလဲ ဟုတ်ပါတယ်..

အကြွေစောလို့ နှမြောမိပါတယ်... ဆရာရေးခဲ့တဲ့ ကဗျာ ၊ဝတ္ထုတို ၊ ဝတ္တုရှည်တွေ အများကြီး ရှိပါတယ်..

ဒါပေမယ့်...

ကဗျာကို ချစ်တဲ့ ကဗျာ ဆရာရဲ့ ရေးသားခဲ့တဲ့စာတွေထဲက ထုတ်ဝေခဲ့သောစာတွေကို ကဗျာတစ်ပုစ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်...



ကိုးမရှိတဲ့ နဝင်းမှ သည် နက္ခရစ်သမ် မရောက်မှီ




ကိုးမရှိတဲ့ နဝင်း အောက်

ကြယ်မြင်လမြင် လောကဓံတရားကို မမှု

မိုးခေါင်လို့ တီးတဲ့ ဗုံသံကြား

ပြိုင်မြင်းတို့ရဲ့ ခွာသံ တွေကို ကြားမိပါရဲ့ ….




ဒီခွာသံတွေနဲ့ အတူ

အလံမထူခဲ့သော လက်များကြား


ကောင်းကင်အကြွေတွေကောက်တဲ့လက် နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း


မြင်းစီးထွက်သော အိမ်မက်များ အကြောင်း

မှော်ဆရာရဲ့ ကျောင်းစာအုပ်မှာ ရေးချဖြစ်ခဲ့တယ်….။



ဒီလိုပါပဲ……

ဆောင်းရာသီ ဒဿန တွေနဲ့အတူ

မနက်ဖြန်ခါမှာ ထားခဲ့တဲ့ မျက်နှာနဲ့

တူးဖော်ခဲ့သည့်မြေစိုင်မြေခဲများ

ကြေးသွန်းယဉ်ကျေးမှု အသွင်ပြောင်း တဲ့

လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇဝင်အကြောင်း

ကိုယ်ရေးကိုယ်တာ ပုရပိုက်မှာ ရေးဖို့

ကျွန်တော့်ဆီမှ အပြန်မှာ ဧဒင် ကချေသည်နဲ့ ဝင်ကဖြစ်ခဲ့တယ်…။



တစ်ခုခုတော့ ထိန်ချန်မိတယ် ထင်ပါရဲ့

မလုံမလဲနဲ့

စိတ်ထဲမှာ ပြာ ဝေသွားတယ်

သေချာတယ်…

ဝှက်ထားမိတာတစ်ခု

ဘယ်ဘက်လက်ထဲမှာ

ဝှက်ထားတဲ့ပုံပြင်က

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး အကြောင်းပေါ့…။


လက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်မလေးရေ

ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော်

နတ်ပျိုမ အတွက်ပန်း ဆက်ဖို့

အရှေ့မြို့ရိုးမှမိုးရေစက်များ နဲ့အတူ

ပန်းခေတ်က လမင်း အောက်မှာ စောင့်နေပေးပါ….



သေချာပါသည်….။

သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့် ပြုမည်…။


တစ်ခုတော့ ရှိသည်..။

သူ့ အိုးပုတ်ကလေးကိုတော့ ကျွန်တော် ပြန်မပေးပါ…။


လိုချင်တယ်ဆိုရင်ပေါ့…..

အာလာဒင်မသိလိုက်တဲ့ မီးခွက် နားမှာ

ဝင်္ကပါကို ဖွင့်တဲ့ သော့ ရှိတယ်…။

နက္ခရစ်သမ် ကျတဲ့ အချိန် ဝင်ယူလှည့်ပါ…။


ဖိုးစိန်


ဆရာ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ


* ကိုးမရှိတဲ့နဝင်း

* ကောင်းကင်အကြွေ ကောက်တဲ့လက် (ဇန်နဝါရီ ၂ဝဝ၆)

* ကိုယ်ရေးကိုယ်တာ ပုရပိုက် (ဖေဖော်ဝါရီ ၂ဝဝ၇)

* ကိုယ့်လက်နဲ့ ဖမ်းမိတဲ့နဂါးငွေ့တန်း (အောက်တိုဘာ ၂ဝဝ၂)

* ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ အကြောင်း (စက်တင်ဘာ ၂ဝဝ၅)

* ကျွန်တော်နှင့် ဆောင်းရာသီ ဒဿန (ဇန်နဝါရီ ၂ဝဝ၇)

* ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု

* ကျွန်တော်နှင့် ကြယ်မြင်လမြင် လောကဓံ

* ကျွန်တော်နှင့် ဧဒင်ကချေသည်

* ကျွန်တော်မှ အပြန် (သြဂုတ် ၂ဝဝ၆)

* ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် ရခဲ့သော် (ဒီဇင်ဘာ ၂ဝဝ၆) ဒုတိယအကြိမ်

* နတ်ပျိုမအတွက် ပန်း (ဒီဇင်ဘာ ၂ဝဝဝ)

* ပန်းခေတ်က လမင်း

* ပန်းလက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင်မလေး

* ပြာ

* ပြိုင်မြင်းတို့ရဲ့ ခွာသံ (ဇန်နဝါရီ ၂ဝဝ၅) ဒုတိယ အကြိမ်

* ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ပုံပြင် (ဇွန် ၂ဝဝ၆)

* မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ

* မိုးခေါင်လို့ တီးတဲ့ဗုံသံ (ဇူလိုင် ၂ဝဝ၄)

* မြင်းစီးထွက်သော အိပ်မက်များ (နိုဝင်ဘာ ၂ဝဝ၆)

* မှော်ဆရာရဲ့ ကျောင်းစာအုပ်

* ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး (ဇန်နဝါရီ ၂ဝဝ၆) တတိယ အကြိမ်

* လူငယ်တယောက်ရဲ့ ကျောက်ထွင်းရာဇဝင်

* ဝင်္ကပါကို ဖွင့်တဲ့သော့ (စက်တင်ဘာ ၂ဝဝ၆)

* သူ့အိုးပုတ်ကလေးကို ကျွန်တော် ပြန်မပေးပါ (ဇူလိုင် ၂ဝဝ၇)

* သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည် (ဇွန် ၂ဝဝရ) တတိယ အကြိမ်

* အရှေ့မြို့ရိုးမှ မိုးရေစက်များ

* အလံမထူခဲ့သော လက်များ (မေ ၂ဝဝ၇)

* အာလာဒင်မသိလိုက်တဲ့ မီးခွက် (ဇူလိုင် ၂ဝဝ၆)


မှတ်တမ်းထဲမှာမပါပေမယ့်..နောက်ထပ်စာပေပေါင်းများစွာကိုဆရာဖန်တီးခဲ့ပါသေးတယ်...

ဒါကတော့ ရှာလို့ ရသမျှပါ...


ကဗျာဆရာ ကိုတာရာမင်းဝေ အတွက် အမှတ်တရ ဂုဏ်ပြုထားတဲ့ ကဗျာပြပွဲလေးကို ဒီမှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်..။

ကဗျာဆရာ ကိုတာရာမင်းဝေ.... ကောင်းရာဘုံမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ...။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

15 comments:

မငုံ said...

ဆရာ တာရာမင်းဝေရဲ့ စာတွေ လာဖတ်တယ်။ ထိပ်ဆုံးတစ်ခု ပလုံ ဆိုတာလေးကို သဘောကျတယ်။ တွေးစရာနဲ့ စာတွေချည်းပါ။ မနက်ဖြန်မှ တခေါက်ပြန်ာဖတ်ဦးမယ်။
ကိုဖိုးစိန်ရေ အဆင်ပြေပါစေ။

နှင်းနဲ့မာယာ said...

ကိုဖိုးစိန်
စာတွေရေးနေပြီပေါ့လေ...
ဟုတ်လား..
အဲဒီစာတွေ အားလုံးတော့ မဖတ်ဖူးဘူး...
ဒါပေမယ့် ဖတ်လို့တော့ ကောင်းတယ်
ဖတ်ဖူးသလောက်ပေါ့နော်...
ဆရာ့စာတွေတခါတလေတော့ ဖတ်ဖြစ်တယ်လေ...


နှင်း

ခရာလင်း said...

အကိုတာရာမင်းဝေရဲ့ ကဗျာတွေထဲက ဒီစာသားလေးကို.....လွမ်းမိတယ်ဗျာ။
"မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။"
ကိုဖိုးစိန်ဆုတောင်းသလိုပေါ့........
"အကို.......
ကောင်းရာဘုံမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ...။
ရောက်လေရာဘ၀အဆက်ဆက်မှာ
မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါစေ။"

စည်သူ said...

တစ်လာယူတာ

လေးဖြစ်သွားပြီ

မဖတ်ရသေးဘူး.. အိပ်လိုက်အုံးမယ်

တလနွန် said...

ဆရာတာရာမင်းဝေ ရဲ့ စာတွေလာဖတ်ပါတယ်။

မဖတ်ရသေးတာ အများကြီးပဲ။ ဖတ်ပြီးသားအကုန်

ကြိုက်တယ်

တနေ့မှာ ငါ့ အတ္ထုပတ္တိ ကို ငါဖွင့်ကြည့်လိုက်တယ်..။

ဘယ်လိုဖြစ်သွားသလဲ မသိဘူး...


“ပလုံ” တဲ့

အဲဒီ စာသားလေးက အသိတစ်ခုပေးသွားတယ်ဗျာ။

Mogok Thar said...

ဆရာ တာရာမင်းဝေ ကို လွမ်းတယ်။

လူငယ်တစ်ယောက် ထွင်းခဲ့တဲ့ ကျောက်စာတိုင်တစ်ခု ကျွန်တော့်ရင်မှာ စိုက်ထူလို့။

တသက်စာ၊ ထာဝရ..
အမြဲ အျွှတ်၇နေစေမဲ့ ဆပ်ကပ်တစ်ခုကို ကျွန်တော် ဓားသွားတွေ ပေါ် လျှောက်လှမ်းရင်း... သု့ညလေး ဖြစ်ချင်နေမိသလို သော့ပျောက်ကိုလဲ ရှာနေမိရဲ့။

မရှိခိုးနိုး
မိုးကြည့်နေတဲ့ မနှင်းဆီကိုလဲ တမ်းမိရဲ့။


လွမ်းရပါသည်ကော ဆရာ တာရာမင်းဝေ။

အခုလို ကဗျာလေးတွေနြ့တကွ ဆရာ့ စာလေးတွေ ပြုစုထားတဲ့ မှတ်တမ်းလေးကို ဆရာ့ အတွက် အမှတ်နရ ဖြစ်စေတဲ့ ညီလေးကို လည်း ကျေးဇူး အထူး တင်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။


မေတ္တာဖြင့်

မိုးခါး said...

ကြိုက်တယ် အကိုရေ ..း) စာအုပ်တွေ ထပ်ဖတ်ဦးမယ်
ငြိမ်းချမ်းပါစေ ဆုတောင်းပေးပါတယ်

မြစ်ကျိုးအင်း said...

ပြန်ရှင်ခွင့်သာရှိမယ်ဆိုရင် ပြန်ရှင်သန်စေချင်တဲ့ သူထဲမှာ ကိုတာရာမင်းဝေပါတယ်...။ ကျွန်တော် တကယ်ကို နှစ်သက်တဲ့ စာရေးဆရာပါပဲ...။
အရေးအသားရော အတွေးအခေါ်ရော အမြဲတမ်း ရှေ့ကို ရောက်နေတဲ့ ဆရာပါပဲ....။
ကျွန်တော်မမေ့နိင်တဲ့ သူ့ရဲ့ စာသားတွေ အများကြီး ရှိပါတယ်...။
အနှစ်သက်ဆုံး စာသားလေးကတော့...
“ ပန်းမွေ့ယာပေါ်မှာ အိပ်မှမဟုတ်ပါဘူး ကျောက်ခင်းလမ်းပေါ်မှာ အိပ်တဲ့သူလည်း နတ်သမီး အိမ်မက် မက်ခွင့်ရှိပါတယ်”

တကယ်နှမျော မိပါတယ်...။

kiki said...

ပလုံ ဆိုတဲ့  အသံလေးကြားလိုက်ရပြီး နစ်မြုပ်သွားရတဲ့ အရာတွေ မြင်လိုက်ရတာ ဟာ ဘာသံမှ မမြည်လိုက်ပဲ နစ်မြုတ်သွားရခြင်းထက်စာရင် ဖြေသာပါသေးတယ် ..

ကိုယ့်အလှည့်ကျရင်သာ ဘယ်လို ပုံစံမျိုးနဲ့ မှန်း မသိတာလေ ။
အင်း... စိတ်ထွေထွေနဲ့ လျှောက်ရေးမိတယ် ။
ကဖိုးစိန် လည်း နေကောင်းပါစေ .. ပျော်ရွှင်ချမ်းမြေ့ ပါစေ ။
မကြီး ကိ..

ဇော် said...

ကျွန်တော့်အကြိုက်ဆုံးစာရေးဆရာ နံပါတ်၂က တာရာမင်းဝေလေ။
သူ့ဒဿနတွေကို ကျနော် အရမ်းကြွေတာဗျာ။
သူသေတော့ ငိုလိုက်ရတာ။ =(
ခု ကိုကြီးပြောသွားတဲ့အထဲမှာ စာအုပ်၎အုပ် ကျနော့်ဆီမှာ မရှိဘူး။ သေချာပြန်ရှာရဦးမယ်။ =(

စည်သူ said...

ကိုဖိုးစိန်ဗျာ...

ဘလော့ဂ်က အကို အမတွေနဲ့ စာဖတ်သူတွေပြောသွားလိုက်တာ အားရစရာပါဗျာ..

ဆရာ တာရာမင်းဝေကို သိပါတယ်
အမှန်တိုင်းပြောတာပါ စာတွေမဖတ်ဖူးပါဘူး
စာပေဗဟုသုတနဲ့ ပက်သက်လို့ အဲလောက်ထိနှံ့စပ်တာ

အခုလိုသိသွားတော့ လိုက်လို့ရတာပေါ့ဗျာ ကိုဖိုးစိန်ရေ

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

reenoemann said...

သယ်ရင်းရေ

လာဖတ်တယ်။ ဆရာ တာရာမင်းဝေ ဆိုတာကို
သိပြီးသားပါ။ တစ်ခါမှ ကောင်းကောင်း မဖတ်ဖူး
ဘူး။

ကိုယ် သတ်မှက်ထားတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါက အီကို ဘာသာရပ်ပဲ။
စီးပွားရေးကို စိတ်ဝင်စားတယ်။ အီကို ဘာသာကို မုန်းတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ် စာ ဘယ်လောက် ကျက်ကျက် အလွယ်တကူ မရတဲ့ ဘာသာရပ်မို့ မုန်းတယ်။
အယောက် ၁၀၀ ကို မေး အီကို က အလွယ်ဆုံးလို့ ဖြေလိမ့်မယ်။ မှန်တယ်လို့
လက်ခံတယ်။

အမှန်က ကိုယ်က ဥာဏ်မမှီတာ။ ဖတ်လိုက်ရင် ဘယ်ကိုရောက်ရောက် သွားမှန်းကို မသိတာ။

အဲလိုပဲ ကိုယ်ဥာဏ်မမှီလို့ မဖတ်တဲ့ ဆရာတွေ အများကြီးပဲ။

ဘလောဂ့်တိုင်းလဲ ကိုယ်ဥာဏ်မမှီတဲ့ အရေး အသားတွေနဲ့ ဆိုရင်း ကိုယ် မဖတ်ဖြစ်ဘူး။
အမှန်က အရေးအသား ကောင်းလွန်တော့
ဖတ်ရတာ နားမလည်းတော့တာပါ။
ဦးနှောက်က မလိုက်နိုင်တော့ဘူးလေ။

ကိုယ့် ဦးနှောက်မလိုက်နိုင်တဲ့ အထဲမှာ
ဆရာတာရာမင်းဝေ လည်း ပါသွားတယ်။
အဘယ်သို့ သော် ဆရာတွေဖြစ်ဖြစ် လေးစားပြီသားပါ။

ငယ်ငယ်က ဆေးမှားသောက်ခဲ့ မိလို့ထင်ပါတယ် သယ်ရင်းရေ။
နောက်တာဟုတ်ဘူးနော်။
ဘာမှ မဖြစ်လို့ ခုလိုတွေ့နေရတာ သယ်ရင်းရေ။

ချစ်တဲ့ ငနို

khin oo may said...

:P

အနမ်း said...

ပလုံဆိုတာလေးက အရှင်းဆုံးအတိုဆုံးလေးနဲ့ အဓိပ္ပါယ် ပေါ်လွင်တယ်။ တာရာမင်းဝေကို လေးစားတယ်။ သူ့ စာအုပ်အချို့ လည်းဝယ်မရတော့ ပါဘူး။ လိုချင်တာမေးရင်မရှိတာများတယ်။ သူ့ စာအုပ် နာမည်လေး တွေဖော်ပြပေးတာကျေးဇူးပါ။
ဖိုးစိန်ရေ အဆင်ပြေပျော်ရွှင်ပါစေနော်။

ကိုလူထွေး said...

ပန်ခေတ်ကလမင်းကို ဖတ်ပြီး အရူအမူး ဖြစ်ခဲ့ဖူးတယ်...