နာကျင်သော စိတ်တို့ဖြင့်သာ ပေးသော မေတ္တာသံယောဇဉ်
စိတ်တွေ လေနေတဲ့ အခါပဲဖြစ်ဖြစ်… ဝမ်းနည်းကြေကွဲနေတဲ့ အခါပဲ ဖြစ်ဖြစ်…ဝမ်းနည်းခံစားနေရတာကို နှလုံးသားနဲ့ ထပ်တူ ခံစားပြီး ပြောတဲ့ စကားလုံးတိုင်းက ခံစားရတဲ့သူအတွက် အမည်ဖော်လို့ မရတဲ့ အားဆေးတခွက်ပါ… ခုရက်တွေမှာ သောက များနေတဲ့ ကျနော့်ကို နားလည်ပေးကြတဲ့ ညီအကို မောင်နှမ များကို ကျနော် အရမ်းကျေးဇူးတင်မိပါတယ်… ခုရက်ပိုင်းမှာ စိတ်သောကတွေ ကိုယ်စီရှိနေကြတာတောင်မှ ကျနော့် အတွက် ကျနော့် မိသားစု အတွက် (အထူးသဖြင့် ကျနော့် ညီအတွက်) ဝိုင်းပြီးစိတ်မကောင်းဖြစ် ပူပန်ပေးနေကြတဲ့ အကိုအမတွေ ကို ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်တယ်ဆိုတဲ့ စကားထက် လေးနက် ခိုင်မာတဲ့ စကားလုံးရှိရင် အဲဒီစကားလုံးကို ရွေးပြီးသုံးချင်ပါတယ်…
ခုကျနော့်ကို အားပေးကြတဲ့ အကိုအမ ညီညီမတွေ ဆိုတာက ဒီဘလော့စာမျက်နှာ တွေ ပေါ်ကနေ သံယောဇဉ် တွေ ဖြစ်ပြီး ညီအကိုမောင်နှမနဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမ စာနာနေကြတာပါ… ဦးနော် ပြောသလို အပြင်မှာ မတွေ့ဖူးမမြင်ဖူးပေမယ့် အနားမှာ မရှိကြပေမယ့် ခင်နေကြ ချစ်နေကြ သံယောဇဉ်တွေ ဖြစ်နေကြတယ်… ဒါဟာ လက်တွေ့ဘဝထက် ကြီးမားကျယ်ပြန့်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တစ်ခု… စိတ်တွေနဲ့ ဖြစ်တည်တဲ့ သံယောဇဉ်တွေ… ဘယ်လောက်ကြည်နူး စရာကောင်းတဲ့ စကားလဲလို့ မြင်တာနဲ့ သိသာပါတယ်...။
ညီမလေး မိုးခါ ပြောခဲ့သလိုပဲ “မိုးခါးတို့ တွေ့ ကြတယ် ဆုံကြတယ် ခင်မင်ကြတယ် .. ခင်ကြတယ်ဆိုတဲ့နေရာမှာ မိုးခါးအတွေးကတော့ အချိန်အကန့်အသတ်နဲ့မဆိုင်ပါဘူး .. တယောက်နဲ့ တယောက် တယောက်အကြောင်း တယောက် ၀င်ရောက်ခံစား ကိုယ်ချင်းစာပေးနိုင်မယ် .. နားလည်ပေးနိုင်မယ် .. အပြန်အလှန် ကူညီဖေးမမှုတွေ ပေးနိုင်မယ် .. (ကူညီဖေးမတယ်ဆိုတဲ့ နေရာမှာ စကားလုံးလေး တလုံးကလည်း အတိုင်း အတာ တခုအထိ ထိရောက်တယ်လို့ ထင်ပါတယ်..) စစခင်ချင်းမှာ လူတွေ ၄ ၅ ၁၀ ယောက် ဖြစ်ချင်ဖြစ်မယ် .. နောက် အချိန် ကြာလာတာနဲ့ အမျှ ကိုယ့်စိတ်နဲ့ နီးစပ်သူ .. ခံစားချက် ခံယူချက် နီးစပ်သူချင်း ပိုမိုရင်းနှီးသွားတတ်တာ သဘာဝပါ .. ခင်တာချင်းတူရင်တောင် ရင်းနှီးတဲ့စိတ်ခံစားမှုချင်း ကွာဟနိုင်ပါတယ် .. ” ဒီစကားလေးကို သိပ်သဘောကျပါတယ်…
မမဒါ အမှတ်တရ ရေးပေးခဲ့တဲ့ စိတ်ဘွဲ့ရတု ကဗျာလေးက တကယ့်ကို ဘလော့မောင်နှမတွေ စိတ်ချင်းဆက်သွားနေပုံကို လေးနက်စေပါတယ်…။
စိတ်ဘွဲ့ရတု
စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့
လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..
သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..
စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့
ပရိတ်သတ်အလည်မှာ...
စိတ်ဟာ..စိတ်ရှိလက်ရှိပျော်၇ွှင်လို့ရယ်ပေါ့...
ဘယ်မှာ အထီးကျန်ပါ့မလဲ...
ငါတို့ဘေးနားမှာ...
ဆွေမျိုးအရင်းအချာ
စိတ်တွေ..ရာထောင်မကရှိနေတယ်...။
ကျနော်သောကတွေ ဝမ်းနည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဒီစာမျက်နှာပေါ်က အကိုအမ ညီညီမတွေရဲ့ အားပေးစကားဟာ ကျနော်အတွက် တကယ့်ကို အားဆေးတစ်ခွက်ပါပဲ…
မနေ့ ညနေက ကျနော့်အတွက် ရည်ရွယ်ပြီး အားပေးခဲ့ Z ရဲ့ပိုစ့်လေးအတွက် ကျနော် မျက်ရည်ကျမတတ် ဝမ်းသာဝမ်းနည်း ခဲ့ရပါတယ်… ညီအကို တစ်ယောက်ရဲ့ထားခဲ့တဲ့ သံယောဇဉ်ကို အတိုင်းသာ မြင်ရတဲ့ အတွက်ကျေနပ်ဝမ်းနည်းမိတာပါ… ဒါကြောင့် Z ကို ကျေးဇူးတင်တဲ့စကားထက် လေးနက်တဲ့ စကားတခွန်းပြောချင်တာပါ… ဒီပိုစ့်လေးက ဝမ်းနည်းနေသူအားလုံးအတွက် ဆိုတော့ ကျနော့် ဘလော့ပေါ်မှာ အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်… (ခွင့်ပြုချက်တောင် မတောင်းခဲ့ပါဘူး)… Z ကျေနပ် မယ်ဆိုတာ ယုံကြည်ပြီးသားပါ...။
Wednesday, August 5, 2009
နာကျင်သောစိတ်တို့ဖြင့်သာ
ဒီပို့စ်ဟာ ၀မ်းနည်းနေတဲ့သူတွေအတွက်ပါ ...။ အထူးသဖြင့် ဆေးကုသမှုခံယူနေရတဲ့ ဖိုးစိန်ရဲ့ညီလေးအတွက်နဲ့ ... သောကများနေတဲ့ ဖိုးစိန်အတွက်ရည်ရွယ်ပါတယ်....။ ဘ၀မှာ တစ်ခါတစ်လေရလာတဲ့သောကတွေဟာ စိတ်နဲ့တောင်မမျှဘူးလို့တွေးမိပါတယ် ...။ ခေတ်ကိုက Age of Anxiety ဆိုတော့ နဂိုအခံကိုယ်ကု မအေးချမ်းတဲ့ကြားမှာ ကြုံလာရတဲ့လောကဓံတွေက ထပ်ဆင့်လာတဲ့အခါ စိတ်တွေဟာ လေးလံမှိုင်းညို့ကုန်တယ် ....။
စိတ်မချမ်းမသာဖြစ်နေတဲ့ သူငယ်ချင်းတွေအားလုံးကို စာပိုဒ်လေးတစ်ချို့ဖတ်ပြတယ်လို့ပဲ မှတ်ယူပါတယ် ...။
Your grief is dark cloud eclipsing the luster of your mind,
raining tears upon your heart that the tree of life may blossom again.
သင့်ရဲ့ဝမ်းနည်းပူဆွေးမှုဟာ သင့်စိတ်ရဲ့လင်းပမှုကို နေကြတ်သလိုဖြစ်စေတဲ့ မှောင်မိုက်တိမ်တိုက်တွေလိုပါပဲ ... နှလုံးသားပေါ်ရွာချနေတဲ့ မျက်ရည်တွေကပဲ ဘ၀သစ်ပင်လေး ပြန်လည်ပွင့်လန်းစေပါလိမ့်မယ် ....။
The turbulent emotions that pass through your heart follow the same laws
that direct the rivers toward the deep.
သင့်နှလုံးသားကို ဖြတ်သန်းသွားတဲ့ ရိုင်းခက်မာကျော ကြမ်းထန်လှတဲ့ ခံစားချက်တွေဟာ မြစ်တွေကို ပိုနက်ရှိုင်းရာကို လမ်းညွှန်ပေးတဲ့ နိယာမတစ်ခုကို တူညီစွာလိုက်နာနေတော့တယ် ....။
Surrender as a river surrenders to its source; you will be lifted above the hills again and again,
until at last you descend, laughing through the valleys on your way home.
့မြစ်နဒီလေးက သူ့ အသွင်သဏ္ဍာန်ကို စွန့်လွှတ်လိုက်သလို ...(ရေခိုးရေငွေ့အဖြစ်ပြောင်းလဲလိုက်တယ်လို့ဆိုလိုမယ်ထင်ပါတယ်)၊ သင်ဟာ တောင်ကုန်းတွေ အပေါ်ကို အကြီမ်ကြိမ်ပင့်တင်ခံရပြီးနောက်ဆုံးမှာ သင့်အိမ်ပြန်လမ်းက တောင်ကြားလမ်းတစ်လျှောက်ရယ်မောနိုင်သွားမှာပါ .....
Gazing into an apple like a crystal ball, I saw a candlelit room from my forgotten childhood. I sensed my brother's spirit, my mother's love and my father's pride.
ပန်းသီးတစ်လုံးကို အနာဂတ်ကြည့်ဖန်လုံးလို ငေးနေမိတယ် ....။ မေ့လျော့နေတဲ့ ကိုယ့်ရဲ့ငယ်ဘ၀က ဖယောင်းတိုင်ထွန်းထားတဲ့ အခန်းလေးကို မြင်ခဲ့ရတယ် ...။ ကိုယ် ကိုယ့်ညီရဲ့ ၀ိညာဉ်ကို အာရုံနဲ့သိနေရတယ် ... အမေ့ရဲ့မေတ္တာနဲ့ အဖေ့ရဲ့ဂုဏ်ယူမှုတွေကိုလည်း ခံစားနားလည်နေမိတယ် ....။
The well of love that waters your garden is at times filled with your tears.
သင့်ဥယျာဉ်ကို ရေစင်သွန်းလောင်းတဲ့ ချစ်ခြင်းမေတ္တာစမ်းရေတွင်းဟာ သင့်မျက်ရည်များနှင့်သာ အခါခပ်သိမ်းပြည့်လျက်ရှိပြီ ....။
And it is good as it is so, for no waters are purer than those precious droplets released in your moments of surrender.
ဒါဟာကောင်းပါတယ် ...။ ဘာလို့လဲဆိုတော့ ဘယ်ရေကမှ သင့်လက်နက်ချသလိုစွန့်လွှတ်လိုက်ရတဲ့ အခိုက်အတန့်မှာ စီးဆင်းကျလာတဲ့ ဒီအဖိုးတန်မျက်ရည်စက်လေးတွေထက်မသန့်စင်နိုင်တော့လို့ .. အဲဒါဟာ ကောင်းမွန်ပါပေတယ် ...။
Tears are seed drops of joy shed by your soul's physician.
မျက်ရည်တွေဟာ သင့် စိတ်ရဲ့သမားတော်ကြဲပက်ဖြန့်ချလိုက်တဲ့ ၀မ်းမြောက်မှုအစေ့လေးတွေပါပဲ ...။
You may curse the physician's medicine, but the cure for your suffering is in your tears.
သင်ဟာ အဲဒီသမားတော်ကြီးရဲ့ ဆေးဝါးကို မုန်းတီးကျိန်ဆိုမိနိုင်တယ် ...၊ ဒါပေမယ့် သင့်ရဲ့သောကတွေအတွက် သက်သာငြိမ်းချမ်းမှုဟာ သင့်မျက်ရည်တွေမှာ ဖွဲ့တည်ပါရှိနေတာပါပဲ ...။
Weep until seeds of joy take root in the womb of your soul.
သင့်စိတ်ဝိညာဉ်ရဲ့ ၀မ်းခေါင်းမှာ ၀မ်းမြောက်မှုသစ်စေ့လေးတွေ အမြစ်စွဲတဲ့အထိ ငိုကြွေးလိုက်ပါ ....။
Bliss grief, as it softens the sinew that shields your deprived heart.
Yield to pain, for armor must be torn from you to expose your innocent strength.
ပူဆွေးမှုအားမင်္ဂလာရှိပါစေသတည်း .... သူဟာ သင့်ရဲ့ဆင်းရဲညှိုးငယ်တဲ့ နှလုံးသားကို အုပ်ကွယ်ထားတဲ့ ကြမ်းတမ်းမာကျောတဲ့အရွတ်တွေကို နူးညံ့စေပါတယ် ...။ နာကျင်ခံစားမှုကိုဖော်ထုတ်ပြသလိုက်ပါ ...။ အဲဒီ သံချပ်ကာ(လိုအပေါ်ယံဟန်ဆောင်မှုတွေ)ဟာခွဲဖျက်ပစ်ခံရပြီး သင့်ရဲ့ အပြစ်ကင်းတဲ့ ခွန်အားကို ထိတွေ့နိုင်စေဖို့ နာကျင်မှုခံစားချက်ကို ထုတ်ဖော်ပြသပါ ....။
But what joy is there that know not pain?
နာကျင်မှုကိုမသိတဲ့သူဟာ ဘယ်လိုလုပ်ဝမ်းမြောက်မှုကိုသိနိုင်ပါ့မလဲ ...။
Verily, pain is your necessity.
အမှန်တော့ နာကျင်တဲ့စိတ်ခံစားချက်ဟာ သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုသာပါ ...။
Be patient, for time has a way of putting wings on tears.
စိတ်ရှည်ပါ ... အချိန်မှာ မျက်ရည်တွေကို တောင်ပံတပ်ပေးဖို့ နည်းလမ်းရှိပါတယ် ....။ ။
Notes;
ဒီစာကို ဖတ်ရတဲ့သူတိုင်း ဖိုးစိန်ရဲ့ညီလေး လူရောစိတ်ပါ အမြန်ဆုံး သက်သာပါစေလို့ ၀ိုင်းဝန်းကူညီဆုတောင်းပေးစေလိုပါတယ် .....။
ခင်မင်စွာဖြင့်
Zephyr
http://zthegardener.blogspot.com/
Posted by Zephyr at 9:36 PM
ဒီရက်တွေမှာ ကျနော် စိတ်ပေါက်ပေါက်နဲ့
ဂျစ်တိုက်သမျှကို စိတ်ရှည်သီးခံ ပေးခဲ့တဲ့ ကျနော်ချစ်ခင်ရတဲ့ ကိုကြီးကိုမိုးကုတ်သား ၊ ကိုကြီးဦးနော်
ကျနော့်ခံစားချက်တွေကို ထပ်တူခံစားပေးတဲ့ Z ၊ မကြီး ၊ မဒါ ၊တီငယ် ၊ မမမေ (Mae) ၊ မနှင်း နဲ့ ညီမလေးမိုးခါးတို့ကို ကျေးဇူးတင်ပါတယ်…
ပြီးတော့ ညီတစ်ယောက်လိုချစ်တဲ့ ကိုကြီးလူထွေးရဲ့ စိတ်ပူပင် စွာ ဆုတောင်း ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... အကိုကြီးသုန်နြေ္ဒ ရဲ့စိတ်ပူပင်ပေးမှုများအတွက် လဲ ကျေးဇူးတင်ပါတယ်...
ဒီအကိုတွေ အမတွေ ညီညီမလေးတွေက ခုရက်ပိုင်းမှာ ကျနော့်နဲ့ အနီးစပ်ဆုံး ရှိနေခဲ့လို့ပါ…။
ကျနော့်ကိုအားပေးကြတဲ့ ညီအတွက် ဝိုင်းပြီးဆုတောင်းပေးတဲ့ ကျန်တဲ့ ဘလော့ပေါ်က ညီအကိုမောင်နှမတွေ အားလုံး အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်…။
ကျနော့် ချစ်တဲ့ ညီလေးလဲ ဒီအကိုအမတွေ ညီညီမတွေ ပို့သတဲ့ မေတ္တာနဲ့ အမြန်ဆုံး နေကောင်းသွားမယ်လို့ မျှော်လင်မိပါတယ်…။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Comments
mae said…
အားလုံး အဆင်ပြေသွားပါစေ၊ ဆုတောင်းပေးပါတယ်၊
ဒီထက် ပိုပြီး ထိရောက်အောင် အားပေးချင်ပါတယ်၊ ဒါပေမယ့် စကားရှာမရလို့...
Anonymous said…
ကိုကြီး
အားလုံးအဆင်ပြေသွားမှာပါ
စိတ်အေးအေးထားပါနော်
ရုံလေးလဲအမြဲဆုတောင်းပေးနေပါတယ်
ခင်တဲ့
ရုံလေး
MANORHARY said…
ဥယျာဉ်မှူးကလေးဆီက အေးမြစိမ်းလန်းတဲ့
မေတ္တာတရားတွေနဲ့ ချစ်ခင်သော မောင်နှမများ
သူ့ဥယျာဉ်ထဲက သစ်ပင်လေးတွေလို အမြဲငြိမ်းချမ်း နေကြပါလိမ့်မယ်.....
စိတ်ညစ်ပျောက်တဲ့ ဆေး မဟုတ်ရင်တောင် အနည်းအပါး သက်သာစေနိုင်တဲ့ ဆေး တစ်ခုတော့ ရှိတယ်...
ဒီညနေ ဦးနော် ညီ့ကို ကုစားမယ်...
ခံစားပေးမယ်...
မျှဝေယူမယ်...
လောလောဆယ် သက်ပြင်း တစ်ခု အရင် ချထားလိုက်..
ချစ်ခင်တဲ့
ဦးနော်...
khin oo may said…
ဖိုးစိန်ညီလေးအမြန်သက်သာပါစေ။
ကိုကိုစိန်လေး အမြန်ဆုံး စိတ်ရောဂါက သက်သာပါစေဗျာ
အဟိ
WWKM said…
ဖိုးစိန် ညီလေး အမြန်ဆုံးကျန်းမာပါစေ။
မကြီးဝါ
ဆုတောင်းပေးမယ်..
ဘယ်လောက်နာကျင်ကျင်.. စိတ်ထိခိုက်ခံစားစား..
အခုစာလေးဖတ်ပီးရင် တစ်ချက်ပြုံးပေးပါ..း)
sweetpeony said…
ကိုကြီးစိန်ရဲ့ ညီလေး နေမကောင်းဘူးဆိုတာ ခုမှသိရပါတယ်။
အမြန်ဆုံးနေပြန်ကောင်းလာပါစေနော်။
Mogok Thar said…
အစစ အရာရာ အဆင်ပြေဖို့ ဆုတောင်းပေးရုံထက် ပိုတာ ရှိရင် လုပ်ပေးချင်ပါတယ်။
တတ်နိုင်သမျှ စိတ်ညစ်စရာတွေ မျှဝေယူ၊ ဆုတောင်းပေးရုံတင်မက... ပေါ့။
စကားလေး တစ်ခွန်းတော့ ပြောမယ်။
Never Give up no matter what
တဲ့။
ဘ၀ ဆိုတာ အိပ်မက်ပမာ.. ဒါပေမဲ့ ကိုယ်တို့တွေ အဲ့ဒိအိပ်မက်တွေထဲမှာပဲ ရယ်တလှည့်၊ ငိုတလှည့်ပေါ့။
အချိန်တန်တော့ အားလုံး ပြီးဆုံးသွားမှာပါ။
အငယ်လေးးးး အမြန်ဆုံး သက်သာ ပျောက်ကင်းဖို့ ဆုလဲ တောင်းပေးတယ်။
ကိုယ်တို့ မောင်နှမတွေ တတ်နိုင်သမျှလဲ ကူပေးကြမယ်။ ဘာမှ စိတ်အားမငယ်နဲ့။
ချစ်ခင်လှစွာသော
မေတ္တာဖြင့်
ကိုမောင်ဟန်
ချစ်ကိုေ၇ အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
မြန်မြန် ပြန်ကောင်းလာပါစေ...ကိုကြီးဖိုးစိန် လဲစိတ်ကျန်းမာ..ကိုယ်ချမ်းသားပါစေ....
တိမ်ကင်းစင်ပြီး ကြည်လင်နေတဲ့ ကောင်းကင်လို စိတ်ရှုတ်စရာတွေကင်းပြီး ပျော်ရွှင်တဲ့အချိန်တွေကို အမြန် ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ထောင်ထောင်ရေ
သာကောရေ .. သာကော ဒီအချိန်မှာ ဘယ်လောက် စိတ်ပူလောင်နေရမလဲဆိုတာ ကျနော်နားလည်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အကိုကြီးတယောက်ဆိုတော့ ... ။
ကျနော် ရန်ကုန်ပြန်တုန်းက တရားတရက်ထိုင်ခဲ့ဖူးတယ် သာကော။ ကြိုးစားပီး ထိုင်ကြည့်ပါလား တကယ့်ကို အေးချမ်းပါတယ်။ အဆင်ပြေပါစေ ..
သုဒြေ္န said…
kiki said…
မောင်ဖိုးစိန်ရဲ့  ညီလေး အမြန်ဆုံးသက်သာပြီး ကျန်းမာပါစေ ။
ဖိုးစိန်လေး တယောက်လည်း သောကတွေ ကင်းဝေးပါစေ ။ဒီမိသားစုလေး အမြန်ဆုံး ပျော်ရွှင်စွာ အတူတကွ ပြန်လည်ဆုံစည်းရပါစေ...
ခုတလော မှာ ဘလောဂါ မောင်နှမ များ ..အတော်လေးစိတ်လေနေကြတာ..
ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ .ခုလို အပြန်အလှန် အားပေး နှစ်သိမ့်ကြတတ်တာလေးတွေ မြင်ရတော့ စိတ်ချမ်းမြေ့ မိတာ တကယ်ပါဘဲ ...
မောင်ဖိုးစိန်လေးလည်း ရယ်စရာ ပျော်စရာ အကြောင်းလေးတွေ မကြာမီမှာ ပြန်ရေးမဲ့ ရက်ကို စောင့်နေပါတယ်.
မကြီး ကိ။
မငုံ said…
အားပေးနေပါတယ်လို့ပဲ ပြောတတ်တော့တယ်။ Z ရဲ့ပိုစ့်ကိုဖတ်ရတာ သိပ်ကောင်းတယ်။
အကို့ညီလေး အမြန်ဆုံး သက်သာပြီး နေကောင်းကျန်းမာလာမှာပါ
ယုံကြည်နေလိုက်ပါ
ကိုယ်ရော စိတ်ရော ပျော်ရွှင် ချမ်းမြေ့ပါစေ
Popular Posts