အဖေ့သစ္စာ

“ကတိသစ္စာတည်သောခါဝယ်နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏ ”


ကတိသစ္စာလို့ သာဆိုလိုက်တယ်… တကယ်တော့ ကတိ နဲ့ သစ္စာဆိုတာက ကွဲပြားပါတယ်… စကားအရသာ တွဲသုံးလိုက်ကြတယ်… လေးနက်ပုံခြင်း ကွဲပြား ခြားနားတယ်လို့ ကျွန်တော်ထင်တယ်… တော်တော်များများပေါ့… လူတွေဟာ ကတိတစ်လုံးကို လွယ်လွယ်နဲ့ ပေးတတ်ကြတယ်… ပေးပြီးတဲ့ကတိကို တည်တဲ့လူ ရှိသလို အကြောင်းကြောင်းကြောင့် တည်ချင်ပါလျှက်နဲ့ ပျက်ကွက်ခဲ့တာ တွေလဲရှိတယ်…

ကတိဆိုတာ တစ်ခြားတစ်ယောက် တောင်းဆိုမှုကို ကိုယ်က လိုက်လျော လုပ်ဆောင်ပေးရတာ ဆိုတော့ အခြေအနေ အချိန်အခါအရ ပြောင်းလဲသွားနိုင်တယ်… ကိုယ်တိုင်က စိတ်ပါလက်ပါ လုပ်ပေးနိုင်မယ်လို့ ထင်ထားပေမယ့် တကယ်မလုပ်ပေးနိုင်တဲ့အခါ ကတိပေးထားတာ ပျက်နိုင်တယ် ..

အကျိုးက သူတပါး ကမျှော်လင့်ထားလို ဖြစ်မလာတော့ တစ်ဖက်လူအတွက် နစ်နာစေပြန်တယ်… ဒါပေမယ့် တစ်ယောက်အပေါ်တစ်ယောက် ကတိ ရှိထားပြီးရင်တော့ တန်ဖိုးထားတတ်ကြပါတယ်…

သစ္စာကြ တော့ မိမိပြူခဲ့သမျှ လုပ်ခဲ့သမျှကို စိတ်ထဲရည်မှန်းပြီး တစ်ခြားလူတစ်ယောက်အတွက်
ဒါမှမဟုတ် မိမိအတွက် အရေးကြုံလာတဲ့ အခါမှာ ထုတ်သုံးဖို့ အတွက် ရင်ထဲက ထွက်ပေါ်လာတဲ့ မှန်ကန်သော စကားလုံးတွေ… ဒါကို သစ္စာလို့ခေါ်မယ်ထင်တယ်..(ကျွန်တော်အထင်ပါ)


“မိမိကကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ လုပ်ခဲ့သမျှကို ဝန်ချပြောဆိုတာဟာ မိမိအတွက်သစ္စာ… ကောင်းတာ လုပ်ခဲ့တာကို ဆိုရင်သစ္စာ ကပိုပြီးထိရောက်တယ်”လို့ ဖေဖေကပြောဖူးတယ်... အဲဒါကိုလည်းဗာရာဏသီမင်းနဲ့ ပြည့်တန်ဆာသစ္စာပုံပြင်ကိုဥပမာထားပြီးပြောပြလေ့ရှိတဲ့ အဖေဟာ သူ့ ဘဝမှာ သစ္စာဆိုခဲ့ဖူးတယ်… ဆိုခဲ့တဲ့ သစ္စာက မေမေ့အတွက်ပေါ့…။
..................

”မောင်ထွန်းမြင့် မင်းမိန်းမအခြေအနေ မကောင်းတော့ဘူးဆို ထမင်းမစားတော့ ဘူးတဲ့ဟုတ်လား…အင်..ခက်ပါတယ်..”


”ထမင်းတော့မစားဘူး..ဒါပေမယ့် ကောင်းလာမှာပါဗျာ… ဆေးအရှိန်ကြောင့် သာ သူထမင်းမစား နိုင်တာပါဗျာ…”

အဖေက လူနာလာကြည့်တဲ့သူကို ဒီလိုစကားမျိုးသာပြောတယ်… ကုတင်ပေါ်မှာ အိပ်နေတဲ့အမေ့ ကို ကြည့်ရတာ စိတ်ထဲမကောင်းလှဘူး… အိမ်မှာ အကြီးဆုံးဖြစ်တဲ့ ကျွန်တော်ဟာ အမေ့ကို အနီးကပ်ပြုစု ရတဲ့ အတွက် အမေ့ရဲ့ အားမရလှတဲ့ အခြေအနေ တစ်ခုကို စိတ်မကောင်းစွာ ရိပ်မိနေတယ်… အဖေပြောတဲ့ စကားတွေက ပြန်ကောင်းလာမှာပါတဲ့… အမေ့ကို ကြည့်လိုက်တော့ သားအိမ်ကင်ဆာဖြစ်ပြီးလို့ ဓာတ်ကင်ပြီး ပြန်လာခါစရှိသေးတယ်… နောက်ထပ် ဝင်လာတဲ့ရောဂါတွေက နှလုံးသွေးကြော ကပိတ်နေတယ်… အဆုပ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် အသက်ရှုလို့ မဝတဲ့ ဝေဒနာ… အဆိုးဆုံး က လတ်တလော ခံစားနေရတဲ့ အသည်းရောင်အသားဝါ…

တစ်ကိုယ်လုံးပါမုန့် တစ်လုံးလို ဖောရောင်နေတဲ့ အမေဟာ ထမင်းမစားပေမယ့် ဗိုက်ကြီးကပူထွက်နေတယ်… မျက်တွင်းတွေက ညိုမဲဟောက်ပက် ဖြစ်နေပေမယ့် မျက်လုံးတွေက ဝါထိန်ပြီး ပြူးထွက်နေတယ်လို့တောင်ထင်ရတယ်… ဆံပင်တွေဟာ ကင်ဆာဆေး အရှိန်ကြောင့်ရိတ်လိုက်ရပြီး ပြန်ထွက်လာတဲ့ အခါ ဟိုတကွက်ဒီတစ်ကွက် နဲ့  ကျိုးတိုးကျဲတဲ အဖြူရောင်ဆံပင်များ… နှုတ်ခမ်းတွေကမဲပြာလို့  စကားမပြောနိုင် တိတ်ဆိတ်စွာ လဲလျောင်းနေတဲ့ အမေ့ကိုကြည့်ရင်း ကျွန်တော့် တို့ ဘဝအတွက်ရင်လေးမိတာအမှန်ပါ…

အဲဒီအချိန်တုန်းက ရှစ်တန်းကျောင်းသားကျွန်တော်… ခြောက်တန်း ကျောင်းသား ညီလေး နဲ့… နှစ်တန်းတက်နေတဲ့ ညီမလေး… ရောဂါသယ်အမေ အလုပ်ကတစ်ဖက် အိမ်အတွက်တစ်ဖက် မိန်းမကိုတလှည့် သားသမီးကိုတလှည့် ကြည့် နေရတဲ့ အဖေ့ကို တော်တော် လေးသနားမိတယ်…

ကင်ဆာစဖြစ်ကတည်းက အဖေ အမေ့ကိုဆေးကုနေတာ ရှိတဲ့စည်းစိမ် တစ်ဝက်လောက်ကုန် နေပြီးဆို တာ အဖေ နဲ့ အဖွား(အမေ့ရဲ့အမေ) ညညပြောနေတာကိုကြား နေရပေမယ့်.. အဖေတစ်ခါဖူးမှ အမေ့အတွက် ညည်းတာ မကြားဖူးဘူး… ဘယ်လောက်ကုန်ကုန် ကျွန်တော့်မိန်းမကို ရအောင်ကုမယ် ဆိုတဲ့ အဖေဟာ အသည်းရောင်ပြီး ဖောသွပ်နေတဲ့ အမေ့ကိုဆေးရုံပြန်တယ်မလို့ လုပ်ပြန်တယ်..

အားလုံးက နောက်ဆုံးချိန် အဖြစ်အမေ့ကို အိမ်မှာပဲထားတော့… ပိုက်ဆံအကုန်မခံပါနဲ့ တော့လို့ ဝိုင်းပြောကြပေမယ့် အဖေက အားလုံးကို ဆန့်ကျင်တိုက်ခိုက်ပြီး အမေ့ကိုဆေးရုံထပ်ထင်ဖို့ ပဲလုပ်နေတယ်လေ… အမေစကား ပြောနိုင်တုန်းကတော့ အမေ့ကို ပြုစုတုန်းမှာ အမေက ရောဂါအရှိန်နဲ့ အရာရာကို စိတ်တိုင်းမကြ ဒေါသတကြီး အော်ငေါက်တုန်းက စိတ်ထဲ ဝမ်းနည်းစွာ စိတ်ကုန်ပေမယ့် ကျောင်းကနေပြန်လာတိုင်းမှာ ကျွန်တော် အိမ်မှာလူတွေစည်မနေပါစေနဲ့… အိမ်ရှေ့မှာ အိုးသုံးလုံး ထားတာမတွေ့ ပါရစေနဲ့လို့ ဆုတောင်းခဲ့ရတဲ့ ရက်တွေကို သတိရမိတယ်…..
အမေမရှိမဲ့နေ့ ရက်တွေကိုတွေးပြီး အိပ်မရခဲ့တာ ကျွန်တော့်တစ်ယောက်ထည်း မဟုတ်ဘူး..
အဖေ ရော.. အဖွားရော… ညီရော… ညီမလေးရော…

အရက်မသောက် တတ်တဲ့အဖေတောင် အိမ်မှာ အရက်လေး သောက်လာတတ်ပေမယ့် မနက်အလုပ်ရှိတာကိုတောင် ညဘက်တွေမှာဆို မအိပ်ပဲ အဖွား နဲ့ အဖေ တလှည့်စီစောင့်အိပ်တယ်.. မထနိုင် မလှုပ်နိုင်တဲ့ လူမမာကို ပြုစုတယ်ဆိုတာမလွယ်ဘူး ဒါပေမယ့် အဖေ အမေ့ကို အနားကမခွာ စိတ်တိုင်းကျ မညီးမညူ ပြုစုတယ်လေ..

ဒီလိုနဲ့ အဖေမရှိတဲ့ တစ်မနက်မှာ အမေ အမောဖောက်လာတယ်… တော်တော်လေးကို ဆိုးဆိုးရွားရွားပဲ… ပြီးတော့ လုံးဝကို ငြိမ်ကျသွားခဲ့တယ်… အဖွား နဲ့ အမေ့မောင်အငယ်ဆုံးက ဆရာဝန်ကို ပင့်လာပြီး ဆရာဝန်စစ်ကြည့်တော့ “အသက် မရှိတော့ဘူး” တဲ့…

အဖေမရှိတဲ့ အချိန်လဲဖြစ်တော့ အားလုံးက ကမ္ဘာပျက်မတတ်ပဲ… အမေ့အချစ်ဆုံး အမေ့မောင် က အမေ့အတွက် ပြင်ဆင်မှုတွေလုပ်နေချိန်မှာ အဖေရောက်လာတယ်… ရောက်ရောက်ချင်း အမေ့အလောင်းကို ပြင်ဆင်နေတာတွေ့တော့ တော်တော်လေးကို စိတ်ထိခိုက်ပြီး ဒေါသကြီးသွားတယ်..ပြီးတော့ အားလုံးကိုမောင်းထုတ်တယ်…

အမေ့ အချစ်ဆုံးမောင်နဲ့ အဖွားကလွဲလို့ အဖေ့ကိုနားမလည်တဲ့သူတွေက အဖေက သွေးရူးသွေးတန်း… သေတဲ့သူအတွက် အကောင်းဆုံး လုပ်ပေးနေတာကို စေတနာ စော်ကားတယ်ဆိုပြီး ပြန်တဲ့သူက ပြန် အားလုံးယောက်ယက်ခတ်ကုန်တာပဲ…
အဖေက ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ အမေ့ အလောင်းနားမှာ ထိုင်ပြီး အမေ့ ကိုစမ်းပြီးတော့ “သူတကယ် မသေသေးဘူးအမေ…သူမေ့နေတာ..ကျွန်တော်သိတယ်..ကျွန်တော့်ကိုယုံကြည်ပါ..”လို့ အဖွားကို တဖွဖွပြောတယ်…

အားလုံးက အဖေခဏ စိတ်ချမ်းသာအောင် အင်းလို့သာ ခေါင်းညိတ်ပေမယ့် အမေကတုတ်တုတ်မျှမလှုပ်… အဲဒီအချိန်မှာ အဖေက အမေ့အနားက နေခွာပြီးကျွန်တော့်ကို ရေတစ်ခွက်ယူခိုင်းတယ်… အမေ့ကို လဲ အဖေက ဘုရားခန်း ရှိရာကို ချီလာကြတယ်… အမေ့ကို ဘုရားအရှေ့မှာ ထား အဖေက ဒူးထောက် လက်အုပ်ချီပြီး ငါးပါသီလခံတယ်.. ပြီးတော့ မေတ္တာသုတ် ကိုရွတ်တယ်… ဓာရဏပရိတ်ကိုရွတ်တယ်… ဘယ်နှကြိမ်လဲဆိုတာ ကျွန်တော်မသိပေမဲ့ (၉)ခေါက်ထက်မနည်းတာတော့သေချာတယ်..

ပြီးတော့..“အရှင်ဘုရား…ဘုရားကျွန်တော်မျိုးကသူတော်စင်မဟုတ်ပါ... ဒါပေမယ့် တပည့်တော်ဘဝမှာလုပ်ခဲ့တာ တစ်ခုက တပည့်တော်မိန်းမ ရောဂါစဖြစ်ကတည်းက ဘယ်လောက်ကုန်ကုန် ပြောက်အောင်ကုမယ်လို့ ရည်ရွယ်ခဲ့ပါတယ်…. ရည်ရွယ်တဲ့ အတိုင်းလဲကုခဲ့ပါတယ်..စည်းစိမ်ချမ်းသာတွေ ကုန်လို့ ဘာတစ်ခုမှ မကျန်တော့ပေမယ့် တစ်ခါမှ တပည့်တော် မိန်းမအတွက် စိတ်မပျက်ကွက် မငြိုငြင်ခဲ့ပါဘူး… ဖြူစင်သော မေတ္တာတစ်ခုတည်းနဲ့ အသက်ရှင်ခွင့် ရနိုင်တဲ့ ဘဝတစ်ခုကို သံယောဇဉ်နဲ့ ကယ်တင်ခဲ့တာပါ… တပည့်တော်ရဲ့ ဤစကားမှန်ကန်ပါက သူ့ကိုအသက်ရှင်ခွင့်ပေးပါ”
လို့ အဖေ ပြောပြီး ခုနက အဖေရွတ်ထားတဲ့ ပရိတ်ရေ နဲ့အမေ့ကိုဖျန်းတယ်…

ငါးမိနစ်…

ဆယ်မိနစ်…

နာရီဝက်…

အမေတုန့်တုန့်မျှမလှုပ်…

အဖွားရော …ဦးလေးပါ..အဖေ့အတွက် ဝမ်းနည်းနေကြတယ်..
အဖေ…
ကြာတော့ ဒေါသတွေထွက်လာတယ်ထင်ပါတယ်…. သွေးရူးသွေးတန်း လို့ ပြောရမလားပဲ...
“မိန်းမ. .. မင်းမသေဘူး… ငါသိနေတယ်… ထတော့… ထတော့ဆိုပြီး..” အမေ့ကို လှုပ်နှိုး.. စိတ်ကမရှည်တော့ အမေ့ကိုရိုက်... ကြေကွဲ ပေါက်ကွဲ ပြီး သုံးလေးချက်လောက် အဖေ့ဒေါသအားနဲ့ ရိုက်ပြီးချိန်မှာ အမေ တဖြည်းဖြည်းနဲ့ လှုပ်လာတယ်…

အဖေ ငိုရင်းနဲ့…“အမေရေ..အမေသမီး နိုးလာပြီး ပြန်ထလာပြီး”လို့ အော်တော့ အားလုံးက အံ့သြကြတယ်… ဦးလုပ်သူကဆရာဝန်ကိုပြန်ပင့် အချိန်တို အတွင်းမှာပဲ အားလုံး ယောက်ယက်ခပ်ကုန်တယ်… ဆရာဝန်ကအံ့သြလို့ လူနာကို မစမ်းရဲ ဘူးဖြစ်နေတယ်… သူကိုယ်တိုင်သေပြီးလို့ ပြောထားတဲ့လူနာကိုလာပြန်စမ်းပြီးမသေဘူးဆိုတာကိုပြောရတာ အံ့သြအားနာမှုတွေ ရှိနေမှာအမှန်ပဲ..

ဒါပေမယ့် အဲဒီအချိန်ကစလို့ အမေ အသက်ပုံမှန်ပြန်ရှုလာတယ်…

တစ်ရက်ပြီးတစ်ရက်…

ဆရာဝန်ဆေး... အမေ့ ကုသိုလ်… အဖေ့သစ္စာ ပေါင်းလိုက်တော့ လုံးဝကို ပြန်ကောင်းလာတယ်…

ပြန်ကောင်းလာတော့ အမေပြောတယ်… သူ လူတွေပြောသမျှကို အကုန်ကြားတယ်… အထူးသဖြင့် အဖေသစ္စာ ဆိုနေတဲ့အချိန်မှာ အမေက အတွင်းစိတ်ကနေ ဝမ်းနည်းပြီးငိုနေရတယ်ဆိုပဲ ဒါပေမယ့် အဖေရိုက်ခဲ့တာကိုတော့ အခဲမကြေဘူး ဖြစ်နေတယ်… အဖေ့ကို စိတ်ကောက်တိုင်း အမေ့ကို ရိုက်ခဲ့တာကို ပြောမဆုံးပေါ့…
ဘာပဲဖြစ်ဖြစ်..
အခုအမေကတော့ ဒေါင်ဒေါင်မြည်တယ် ပြောရမှာပဲ… တစ်ခါတစ်လေ ရှိခဲ့ဘူးတဲ့ ရောဂါ အခံနဲ့ ကျမ်းမာရေး ခြူခြာတာကတော့ ဖြစ်တတ်ပါတယ်..
ထူးခြားတာက ဘယ်လိုပဲ မကျန်းမာပါစေ… အဖေ့ရဲ့ ဓာရဏပရိတ်ရေ နဲ့ တွေ့ ရင် အမေ နေကောင်းသွားစမြဲ ပါ…
အဖေ့ရဲ့ အမေ့အတွက် သီးသန့် ဓာရဏသစ္စာရေလို့ ထင်ပါတယ်..

“ဖေဖေ နဲ့ မေမေ”
သားဆုတောင်းပေးနေပါတယ်…

အမြဲတမ်းစိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ အဖေ နဲ့ အမေ ဘဝမှာပျော်ရွင်ချမ်းမြေ့ပါစေ…
ချစ်တဲ့ သားသမီးတွေနဲ့ တစ်သက်လုံး ပျော်ရွှင်စွာနေသွားနိုင်ပါစေလို့ သားစိန် ဆုတောင်းပေးပါတယ်…

သားတို့ ချစ်တဲ့ ညီလေးအတွက်ပါပေါ့… အဖေ့ထားမယ့် သစ္စာ တည်ပါစေလို့ ဆုတောင်းပါတယ်...

ညီလေးလဲ အဖေ့မေတ္တာတွေ သစ္စာတွေနဲ့ အကောင်းပကတိ စိတ်ကျမ်းမာ ကိုယ်ချမ်းသာရှိပါစေ...

သားစိန်

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Anonymous said…
ပြန်လာမယ်သိလား

ခင်တဲ့
ရုံလေး
Anonymous said…
ကိုကြီးတို့ မိသားစု အမြန်ဆုံးပျော်ရွှင် နိုင်ပါစေ
ကိုကြိး ဖေဖေရဲ့ သစ္စာလဲတည်မှာပါ ကိုကြီးရယ်
အမြန်ဆုံးသက်သာ လာမှာပါ ရုံလေးဆုတောင်းပေးနေမယ်နော်ကိုကြီးကျန်းမာရေးဂရုစိုက်ပါ အဆင်ပြေ သွားမှာပါ

ခင်တဲ့
ရုံလေး
MANORHARY said…
သစ္စာနဲ့မဝေးခဲ့ကြလို့
နွယ်မြက်သစ်ပင်တင်မက
ရေစင်တစ်စက်ကတောင်
ဆေးဖက်ဝင်ခဲ့ပြီ......
သစ္စာဆိုရင်... တစ်ကယ်ဖြစ်တယ်ဆိုတာ ကြားဖူးခဲ့ရုံသာရှိတာ..လက်တွေ့ရှိတယ်ဆိုတာအခု ယုံသွားပီ
ကိုဖိုးစိန် အဖေရဲ့ သစ္စာက လေးစားဖို့ ကောင်းတယ်။

ကိုဖိုးစိန် တို့  မိသားစု ကျန်းမာပျော်ရွင်ပါစေ။
kiki said…
တကယ့်ကို စွမ်းတဲ့ သစ္စာ ပါလားနော်။။
မယုံကြည်နိုင်လောက်အောင်ပါဘဲ ...

မှန်ကန်သော သစ္စာစကားပေါ့ ...
ဖိုးစိန်တို့  မိသားစုလေး ကို အားကျမိတယ် ။
အားလုံး ကျန်းမာကြပါစေ ....
မောင် said…
ကိုဖိုးစိန် အဖေ့ သစ္စာက အံ့မခန်း ပါပဲ... ကိုဖိုးစိန် မိသားစု ကျန်းမာပါစေ...
ကတိသစ္စာတည်ခြင်းဟာ တကယ်ပဲ တန်ခိုးကြီးမာပါတယ် သာကောရေ။
သုဒြေ္န said…
အကောင်းဆုံးထဲက....အစွမ်းထက်ဆုံးက..သစ္စာ.........ဒီသစ္စာကြောငိ့ ....ဘုရားလောင်းငုံးမင်းတောင်............အသက်အန္တရယ်..တောမီးဘေးကလွတ်ခဲ့ တာ............ကျမ်းစာအဆူဆူနဲ့ ....ဘုရားဟောတရားတော်တွေမှာ...အထင်ရှားရှိခဲ့ တာညီလေးရေ...ဒီလိုဘဲ...ဖိုးစိန်ဖေဖေရဲ့ မှန်ကန်တဲ့ .."အဖေ့ သစ္စာ"...တွေကြောင့် ...မင်းလျှံ....ညီလေးရဲ့ ဝေဒနာတွေ..အမြန်ဆုံး...သက်သာပျောက်ကင်းလိမ့် မယ်လို့ ...ယုံကြည်ထားပါ...ဖိုးစိန်ရေ....ခင်မင်ခြင်းများစွာဖြင့် ..ကိုကြီး...သုဒြေ္န
ဖတ်နေရင်းနဲ့ စိတ်တွေ တော်တော်လှုပ်ရှားသွားတယ်။ တကယ့် သစ္စာစစ်ပဲနော် အကို
အံသြဖို့ကောင်းတယ်နော်
ပျော်ရွှင်ချမ်းမြေ့ပါစေ တစ်မိသားစုလုံး
း)
မငုံ said…
ကတိက ပျက်တာမြန်သလောက် သစ္စာကျတော့ တကယ့်ဖြစ်စေချင်တဲ့ စေတနာအရှိန်ကြောင့် ပိုပို အစွမ်းထက်တယ်တဲ့လို့ ကြားဖူးတယ် သူငယ်ချင်းရေ။
မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာစွုနေထိုင်သွားပါစေ။
ကိုဖိုးစိန်တို့ မိသားစု အားလုံး
အဆင်ပြေပျော်ရွှင်ပါစေ ဗျာ
သစ္စာအစွမ်းတွေကတော့
ယုံယုံကြည်ကြည်နဲ့ လုပ်
လက်တွေ့ အောင်မြင် တယ်
ဆိုတာ တကယ်ပဲဗျို့ 
Mogok Thar said…
ညိလေးမျောက်မျောက်

သစ္စာ အကျိုးကို အဲလို ကိုယ်တွေ့ မြင်ဖူးဈ ကြုံဖူးရတဲ့ သူတော့ မသိ။ အကိုတော့ ဖတ်ရင်း စိတ်ထဲ အံ့ဩ ကြည်နူးရတယ်။

အဖေ့သစ္စာ၊ အမေပသစ္စာ၊ မိသားစု သစ္စာ.....
များစွာသော သစ္စာတို့နဲ့ ချစ်လှစွာသော ညိလေးမျော်ကမျောက်တို့ မိသားစုရော၊ အငယ်လေးရော...
ကျန်းမာပကတိ ချမ်းသာစွာ ရှီကြပါစေ.. လို့

မေတ္တာဖြင့်

ကိုမောင်ဟန်
mae said…
ဖတ်ပြီး စိတ်ထဲမှာ တော်တော်ခံစားရပါတယ်၊

ညီလေးလဲ တနေ့ကျ ဒေါင်ဒေါင်မြည်လာမှာ ယုံကြည်ပါတယ်၊ မိသားစုတွေ အားလုံး ကျန်းမာပါစေနော်
ကိုဖိုးစိန် အမှန်ပြောရရင် ဒီစာလေးကို အခေါက်ခေါက် အခါခါ ဖတ်နေမိတယ်ဗျာ။
ကျွန်တော်ဘဝနဲ့ တိုက်ရိုက်ကို အချိုးကြစေပါတယ်ဗျာ။ကျွန်တော်မေမေလဲ ဒီရောဂါနဲ့ပဲ အတူတူပဲဗျာ။ခင်ဗျားရဲ့ကံကောင်းမှု ခင်ဗျားမေမေရဲ့ ကုသိုဟ်အဟုန်ကြောင့်နေမှာ ဝမ်းသာပါတယ်ဗျာ။ခင်ဗျားမေမေ အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။ကျွန်တော်မေမေကတော့ ဘဝရဲ့ ကံကနည်းတယ်ဆိုရမပေါ့ နှုတ်ဆက်ထွက်ခွာသွားပါတယ်။ ခင်ဗျားဖေဖေ ကိုလေးစားပါတယ်ဗျာ။ သစ္စာရဲ့ သဘောကိုနားလည်ယုံကြည်လို့လေ။ သူတော်ကောင်းတွေအတွက် နတ်ကောင်းမပါတယ်လေ။ရံဖန်ရံခါသာ သူတို့ မေ့သွားကြတာနေမှာပါ။ ခင်ဗျားရဲ့မိသားစုတွေ ပျော်ရွှင်ပါစေလို့ ရင်ထဲကကို ဆုတောင်းပေးပါတယ်။
အိန္ဒြာ said…
ဖိုးစိန်ရေ..

မေတ္တာသည်အေးချမ်း၏
သစ္စာသည်ဆေးစွမ်း၏ ဆိုတဲ့ဆောင်ပုဒ်ကလေး
တစ်ခုကြားဖူးတယ်..

ဖိုးစိန်အဖေရဲ့ ကြီးမားတဲ့ မေတ္တာ သစ္စာက
ဂုဏ်ယူလေးစားစရာပါ...

ဖိုးစိန်ဖေဖေ့ မေတ္တာ တရားတွေ သစ္စာဓါတ်တွေနဲ့
ဖိုးစိန်ညီလေး..အကောင်းအတိုင်းပြန်ဖြစ်လာမှာ..နော်..
ယုံကြည်လိုက်....
ဇော် said…
ဖတ် ပြီး ဘာပြောရမယ်မသိဖြစ်သွားတယ်။ =)
Ree Noe Mann said…
သယ်ရင်း

ညီလေး အမြန်ဆုံးနေကောင်းပါစေကွာ။

ရင်ထဲက ဆုတောင်းသံပါ သယ်ရင်း။

ချစ်တဲ့ ငနို
တကယ်ကို အံ့သြစရာပဲဖိုးစိန်ရ...

ဆရာဝန်က မှားသွားတာလား... ဒါမျိုးက မှားကောင်းတဲ့ ကိစ္စတော့မဟုတ်ဘူးလေ...

အဖေ့ရဲ့ ယုံကြည်မှု၊ ဇွဲနဲ့ စေတနာကို တော့ အသိအမှတ်မပြုလို့ မဖြစ်ဘူး...

မသေကောင်း မပျောက်ကောင်း အမေပြန်သက်သာလာတယ်ဆိုတော့ တော်သေးတာပေါ့လို့ ဟင်းး ချမိတယ်...

ဒီအဖေဒီအမေနဲ့ ပြန်တွေ့ပြီး အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေး ရပါစေလို့ ဆုတောင်းပါတယ် ဖိုးစိန်ရာ...

ဖိုးစိန်ကို အသေအလဲ... အရှင်လဲ လဲ ချစ်တဲ့
ကိုလူထွေး
ဇာတ်ဆရာရဲ့ Life က Feeling တွေ တယ်များပါလား...
ဒီစာလေး ဖတ်ရတာ သိပ်အကျိုးရှိသွားပါတယ်။

အံ့ သြဖို့ ကောင်းတဲ့ ချစ်ခြင်းသစ္စာပဲနော်။ ကိုဖိုးစိန်ရဲ့ အဖေကို တကယ်ပဲ လေးစားချီးကျူးမိပါတယ်။

ခင်မင်လေးစားစွာဖြင့်...
yangonthar said…
အစ်ကို ရင်ထဲမှာ ပြောမပြနိုင်တဲ့ သာယာကြည် နူးမှုကိုခံစားရတယ် သစ္စာရဲ့ အစွမ်းကို ယုံကြည် ရင်းရှိရာက ပိုစွဲသွားတယ် စိတ်ရဲ့ ခွန်အားတွေ ကိုလည်း ပိုပြီးနားလည်လာတယ် အများကြီးပဲ အစ်ကိုရာ ..... အစ်ကို့ မိဘတွေ အသက်ရှည် ကျန်းမာ၍ အစ်ကိုတို့ မိသားစု ထာဝရ ရွှင်လန်း ချမ်းမြေ့ကြပါစေ ............
khin oo may said…
ချမးမြေ့ပါစေ
မိသားစု အမြဲပဲ ပျော်ရွှင် နိုင်ပါစေ နော်း))
တကယ့်ကို အံ့မခန်းတဲ့ဖြစ်ရပ်လို့ပြောရမှာထက် ကိုဖိုးစိန် အဖေရဲ့ ယုံကြည်မှုနဲ့ သူ့ဇနီးအပေါ်မှာထားတဲ့
မြတ်နိုးကြင်နာမှုတို့ကို မြင်ရပါတယ်..။

ဒီလိုချစ်မေတ္တာတွေနဲ့ဆို မိသားစုအားလုံး ပျော်ရွှင်စွာနဲ့ အသက်ထက်ဆုံး နေသွား နိင်မှာပါဗျာ..။
noblemoe said…
သစ္စာနဲ့ ဆုတောင်းတာကို မိုးလည်းယုံကြည်ပါတယ်။
ခု မိုးတင်တဲ့ပိုစ့်ကလည်း ဦးလေးကြီးကတရားတအားထိုင်တာလေ သူလည်းဒီလိုပဲ သစ္စာပြုခဲ့ဆုတောင်းခဲ့ လို့ ပါ။
စာဖတ်ရင်း အတယ် စိတ်ထဲမကောင်းဖူးဖြစ်ရပါတယ် ကိုဖိုးစိန်အမေရဲ့ ခံစားခဲ့တဲ့ဝေဒနာ အကြောင်းရေးထားတာ မကြည့်ရဲ့ မမြင်ရဲ့ စရာပါပဲ။
ကိုဖိုးစိန်အဖေရဲ့ မေတ္တာမှန် သစ္စာမှန် တွေကြောင့် ကိုဖိုးစိန်အမေ ခုလိုအသက်ရှင်နေနိုင်တာ နေမှာ
သာယာချမ်းမြေ့ပါစေနော်
မိုး
မေဇင် said…
အံ့သြစရာ.....ကိုဖိုးစိန် ရဲ့ မေမေ သိပ်ကို ကံကောင်းပါတယ်။ ကိုဖိုးစိန် တိုလဲ ဒီလို သစ္စာတရားကြီးမားတဲ့ အဖေ ရဲ့ သားသမီး တွေ ဖြစ်ရတာ ကံကောင်းလိုက်တာ။

Popular Posts