ဆေးရုံတက်ခဲ့တယ်




နာတာရှည်ခံစားနေရတဲ့ရောဂါလို
ကျိန်စာမိနေတဲ့ ဝဋ်ကျွေးတွေလား….
အသက်ငင်နေတဲ့ သွေးကွက်တွေကြားထဲမှာ
လောကဓံရဲ့ထိုးနှက်ချက်တွေက နေရာအနှံ့
အသက်ရှုမဝတဲ့ သွေးသံရဲရဲ နှလုံးသားကို
ပစ်သွင်းတဲ့ မြှားတံတွေက သေသပ်ကျနလို့….


သေဆုံးနေတဲ့ မျှော်လင့်ချက်အတုအယောင်တွေက
သွေးပြည်ယိုစွတ်လို့ ဘယ်နာမှန်းမသိ
နာကျဉ်းမှုတွေနဲ့ အစားထိုးကုသမှု
အစိမ်းချုပ် ချုပ်ခံရတဲ့ ပျော်ရွှင်ခြင်းတွေ
ငိုနေတဲ့မျက်ရည်တွေက ငါ့ကို ပြန်သွင်းနေတဲ့ အားဆေး
ကျွမ်းနေတဲ့ အမည်မသိရောဂါက
ဆေးရှိပေမယ့် ဆေးမတိုးတဲ့အဖြစ်နဲ့
ကုထုံးတွေက အခြေနေတကျ…..


ဒါနောက်ဆုံးအချိန်လား
ငါ့ညနေတွေ ညိုမဲနက်မှောင်နေပါပြီး
အနာဂတ်က အရောင်လွင့်ကွယ်ပျောက်
ငါးမျှားချိတ်မိနေတဲ့ ကျောက်ကြားညှပ်ငါးလို
ကယ်ပါ….ယူပါ…….. ကယ်ကြပါ
တကြော်ကြော် အော်နေရင်း…..
ငါဆေးရုံတက်ခဲ့ရတယ်….။

ငါ.....

ဆေးရုံတက်ခဲ့ရတယ်...လေ..။

ခင်မင်လေးစားစွာဖြင့်


ဖိုးစိန်

Comments

Anonymous said…
ကိုကြီးးးးး
ဆုတောင်းပေးနေပါတယ်
ခုရောသက်သာလား???
ရုံလေးတော့မမန့် တတ်ဖူးရယ်လေ
ဘာပဲဖြစ်ဖြစ် ကိုကြီးနေကောင်းဖို့ 
ဆုတောင်း ပေးနေတယ်သိလား

ချစ်တဲ့
ရုံလေး
မငုံ said…
ဆေးရုံတက်ခဲ့ရတယ်လို့ ဒီနေ့မှ သိရတာ။ အခုသက်သာပလား ??? အမြန်နေကောင်းပါစေလို့ ဆုတောင်းတယ်နော့။
Ree Noe Mann said…
သယ်ရင်း

ကျန်းမာရေးဂရုစိုက်ပါကွာ....နော်

ချစ်တဲ့ ရီနို
Angel Shaper said…
ကိုကြီးစိန် သက်သာသွားပြီလားဟင်။
သတိတရ ဆုတောင်းပေးပါတယ်။
လုံးဝကို သက်သာပျောက်ကင်းပါစေနော်။
ဂရုစိုက်ပါဗျာ။။။
ကျန်းမာရွှင်လန်းပါစေ။။။။
Mogok Thar said…
ဆေးရုံတက်တာလဲ ကဗျာ ရေးတာပဲလား။

အသက်ရှုမဝတဲ့ သွေးသံရဲရဲ နှလုံးသားကို
ပစ်သွင်းတဲ့ မြှားတံတွေက သေသပ်ကျနလို့….
(အိပ်ရေးမ၀တဲ့ ညတွေကြောင့် အသက်ရှူမ၀တာပါဗျို့)

သေဆုံးနေတဲ့ မျှော်လင့်ချက်အတုအယောင်တွေက
(ဘယ်နား နာမှန်း မသိတာက ထုံနေလို့နေမှာ)

ငိုနေတဲ့မျက်ရည်တွေက ငါ့ကို ပြန်သွင်းနေတဲ့ အားဆေး
(မျောက်အိုကြီး ပုံနဲ့ ငိုနည်းလေးနဲ့ ငိုတော့ ငိုပြပေါ့)

ကျွမ်းနေတဲ့ အမည်မသိရောဂါက
ဆေးရှိပေမယ့် ဆေးမတိုးတဲ့အဖြစ်နဲ့
ကုထုံးတွေက အခြေနေတကျ…..

(ဆေးတွေက ဘေးနားမှာ ရှိပီး မသောက်တာ နေမှာပါ)

ငါးမျှားချိတ်မိနေတဲ့ ကျောက်ကြားညှပ်ငါးလို

(ငှက်ပျောသီး ပျောက်ရာက သစ်ကိုင်းပါ လွတ်သွားတဲ့ မျောက်ပါ)

ကယ်ပါ….ယူပါ…….. ကယ်ကြပါ

(အဲလိုတောင် မအော်နိုင်ရှာ.. ဆေးရုံ တခါထဲ ရောက်သွားပါလေရော)

ညိုမဲနက်မှောင်နေတဲ့ ညနေတွေ အစား လှပတဲ့ ဆည်းဆာ ညနေတွေသာ မြင်ရပါစေ

အရောင်လွင့်ကွယ်ပျောက်တော့မဲ့ အနာဂတ်တွေအစား တောက်ပလင်းလက်တဲ့ အနာဂါတ်တွေကိုသာ ပိုင်ဆိုင် နိုင်ပါစေ။

ချစ်ခင်စွာဖြင့်

ကိုမောင်ဟန်
kiki said…
ဘာရောဂါဖြစ်တာလဲ။
အနာတခြား ဆေးတခြား မဖြစ်စေနဲ့ အုံး
မျက်ရည်ကို အားဆေးလိုလုပ်ပြီး ပြန်သွင်းပေးတဲ့ ဆေးရုံမျိုးတော့ မတက်စေချင်ပါဘူး။
ဆေးရုံကောင်းတရွေးတက်မှပေါ့ကွဲ့  ။
အမြန်ဆုံး နေကောင်းပါစေ ..
(ဆေးရုံစရိတ်ကလည်း ကြီးပါပေ့နဲ့ )

ခင်တဲ့ 
မကြီးကိ
ကျောက်ကြားညပ်တာတောင်အစာလှမ်းမဲလို့ ငါးမြှားချိန်စိတ်မိသွားသေးတယ်...းO

ဘာဘဲဖြစ်ဖြစ်..မြန်မြန်နေကောင်းကျမ်းမာပါစေ။။
ဘာဖြစ်တာလဲ အကိုရေ
ခုနေကောင်းပြီလား
ဘာမှ စိတ်မညစ်နဲ့နော် စိတ်ဓါတ်လည်း မကျနဲ့
အမြန်ဆုံး နေကောင်းလာပါစေ ဆုတောင်းပေးတယ်နော်
ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ပါ
အရင်နေကောင်းအောင် ကြိုးစားပါ
အကို့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာတွေးလိုက် ..
ဆေးရုံကဆင်းတာ မကြာသေးဘူး..
နားနေပါဆိုတာကို မရဘူး..
အိပ်နေပါဆိုတာကို မရဘူး..
အွန်လိုင်းပေါ် မတက်နဲ့ဦး ဆိုတာကို မရဘူး..
ခက်တယ် ခက်တယ်..
ဒီကလေး စာထရေးနေတယ်..

မလွယ်ပါလား..

စားချိန်စား.. အချိန်ပြည့်နား.. အားရှိဖို့ လိုတယ်..

ဒါဘဲ..။

အတည်ပေါက်နဲ့ ချစ်ခင်စွာ ငေါက်သွားတယ်..

ဦးနော်၊ တီငယ်
အကိုရေ အစစအရာရာ အဆင်ပြေ ချောမွေ့နေပါစေလို့ ဆုတောင်းပေးပါတယ်။ အရာအားလုံးဟာ သတ်မှတ်ပြီးသားမလား အတင်းလုပ်ယူလို့မရဘူးလေ ဘုရားတရားကို ပိုတာလုပ် အကိုရ... အမြဲနေကောင်းကျန်းမာနေပါစေ


လေးစားလျက်
တောင်ပေါ်သား
မေဇင် said…
အမြန်ဆုံး ပျော်ရွှင်ကျန်းမာစွာ ပြန်နေနိုင်ပါစေ..။
ချစ်ကိုယောက်ဖကြီး နေအမြန်ကောင်းအောင်လုပ်ပါ
ညီတို့ တစ်တွေ စုပြီးဆုံချင်သေးတာကိုမမေ့နဲ့ နော်
တွေ့ ရင်သောက်ကျမယ်လေ
ဒီတော့ အမြန်နေကောင်းအောင်နေနော်
စိတ်ဆင်းရဲစ၇ာတွေ သိပ်မတွေးနဲ့ လေ
ကိုယ့်ကျန်းမာရေးလည်းဂရုစိုက်အုန်းမှပေါ့
ဒီတော့အမြန်နေကောင်းအောင် လုပ်ပါ
စိတ်ပူရအောင်မလုပ်နဲ့  ဒီညီတွေကို ပစ်မထားပါနဲ့ နော်
Anonymous said…
မောင်လေး နေကောင်းပြီလား။ သက်သာရဲ့လား။
အစစ အရာရာ ဂရုစိုက်ပါနော်။ စိတ်ပူတာက လွဲလို့ ဘာမှ လုပ်ပေးလို့မရဘူး။ မောင်လေး လာမှ မောင်နှမတွေ လျှောက်လည်ကြမယ်။ အားမွေးထားနော်။

ချစ်တဲံ မကြီး
ကဗျာလေးကောင်းတယ်ဖိုးဖိုး။
ဒါပေမယ့် အမြဲပျော်ရွင်အောင်နေတဲ့ ဖိုးဖိုး စိတ်ဆင်းရဲနေတာ တကယ်စိတ်မကောင်းပါဘူး။
ဖိုးဖိုးပျော်ရွှင်ပါစေ။

ခင်မင်စွာဖြင့်...
သြော် ဒါကြောင့်ဖိုးစိန်လေးပျောက်သွားတာကိုး။
ကျန်းမာရေးဂရုစိုက်အုံး။ ကျန်းမာမှချမ်းသာမယ်လေ။
အဆင်ပြေပျော်ရွှင်ပါစေ။
ကဗျာကောင်းကောင်းရေးတတ်တယ်....း)

အားလုံးအဆင်ပြေပါစေ...
Anonymous said…
ကဲ ကြည့်
ဆေးရုံဆင်းတာမှမကြာသေးဘူး
ဘလော့ဂ်ဂင်နေပြန်ပြီ
အားရှိအောင်နားဦးလေ
အားပြည့်မှပြန်ေ၇းပေါ့
အားလုံးလည်းသိပါတယ်
ကိုကိုစိန် ကျန်းမာရေး မကောင်းသေးဘူး
ဆိုတာ
ကျန်းမာရေးဂရုစိုက်နော်

ခင်တဲ့
ညီငယ်ဝသန်မိုး
နေဒေးသစ် said…
မာန်တင်းနိုင်တဲ့ သူတစ်ယောက်အတွက်
ပြန်ဆင်းလာမယ်ဆိုတာ သေချာလို့
ဆေးရုံတက်နေရတာ အတွက် စိတ်မပူမိဘူး ...
တစ်ခုပဲ ..
နောက်ထပ်တော့ ထပ်မတက်စေချင်တော့ဘူး ..
အမြဲလန်းဆန်းနေစေချင်တယ် ..

နေဒေးသစ်။
ဖိုးေ၇ွှ said…
ဖိုးးးးးးစိန်..ဘာေ၇ာဂါဖြစ်နေတာလဲ.... ၄ လုံးေ၇ာဂါ မဟုတ်ပါဘူးနော်
yangonthar said…
ဟာ အစ်ကို ပျောက်နေတယ်လို့ ခု ဆေးရုံတက်
ရတယ်လား ... အာ ... ခုကော ဘယ်လိုလဲ
အစ်ကို သက်သာရဲ့ လား ... ကျန်းမာရေး ဂရု
စိုက်ဦးဗျ ... ကဗျာလေးက ခံစားချက်တွေ ပြည့်
သိပ်နေလို့  ဖတ်လို့ ကောင်းတယ် ခံစားလို့  တော့ ကောင်းဟန်မတူဘူး ..... နားဦးလေ
အစ်ကို ရာ ကောင်းကောင်းစား အိပ်နားတော့
မြန်မြန် ပြန်ကောင်းတာပေါ့
ခင်မင်လေးစားလျှက်
ရန်ကုန် :D
MANORHARY said…
ကဗျာကလည်းခံစားချက်အပြည့်
စကားပြေပြန်ထားတဲ့ မိုးကုတ်သားကလည်း
ခံစားချက်အပြည့်...
အင်း ဖိုးစိန်ပြီးရင်တော့..နောက်တစ်ယောက်က
....??????????
mae said…
ဆေးရုံတက်ရတာလဲ ကဗျာရေးတယ်၊ နားနေတာမဟုတ်ဘူး

နေမကောင်းတာလဲ ကြာနေပြီ၊ ကောင်းအောင်လဲ မနေဘူး..

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊ မစိုက်နိုင်ရင်လဲ စိုက်မယ့် တစ်ယောက်မြန်မြန်ရှာပြီး ယူပါ၊
Anonymous said…
ခုရော သက်သာပြီလား။ လေးစားပါတယ်ဗျာ ဆေးရုံတက်တာတောင် ကဗျာလေးနဲ့...။ ချီးမကျွေးဘဲကို အဲလေ ချီးမကျူးပဲကို မနေနိုင်အောင်ကို တော်ပါပေတယ်ဗျာ။
လူတိုင်းတချိန်ချိန်မှာတော့ ဆေးရုံဆေးခန်းနဲ့ ပါတ်သတ်ကြမှာပဲလေ..။
ဘာပဲဖြစ်ဖြစ်သူငယ်ချင်း စိတ်အားမငယ်နဲ့
ဘ၀မှာ အကောင်းတွေကြီးပဲ မျှော်လင့်လို့ မရဘူးလေ။
နာကျင်လဲကျရင် မြန်မြန်ပြန်ထ ကြရမယ်...။
အမြန်ဆုံးသက်သာပါစေ...။
WWKM said…
ဖိုးစိန်ရေ..

နေမကောင်းအရမ်းဖြစ်နေရင်လည်း မိဘတွေနားပြန်ပါ
လား။မိဘတွေလည်းစိတ်ပူနေကြမှာပဲလေ။
၂ လ ၃လလောက်အလုပ်ကနေခွင့်ယူပြီး မြန်မာပြည်မှာ
ခဏ အနားသွားယူရင်ကောင်းမယ်ထင်တယ်နော်။
အစ်မကတော့ အဲလိုပဲ အကြံပေးချင်တာပဲ။
၂ လ ၃လမဟုတ်တောင် ၁လလောက်ဖြစ်ဖြစ် ပြန်နား
ရင်မကောင်းဘူးလား။

အဆင်ပြေပါစေ။
မကြီးဝါ
Anonymous said…
ငါးမျှားချိတ်မိနေတဲ့ ကျောက်ကြားညှပ်ငါး တဲ့.. ရေးမှရေးတတ်ပလေ.. အဲ့လောက်တောင်ဖြစ်နေရင်တော့ မလွယ်ကြောပဲ။ နေကောင်းအောင်နေ၊ များများအိပ်၊ များများစား။
ဖိုးစိန်............

အခြေအနေပြန်ကောင်းသွားပြီလား...
ဘာမပြောညာမပြောနဲ့ ပျော်သွားတော့ စိတ်ပူကြတာပေါ့...

အခုလို ပိုစ့်ပြန်တင်နိုင်ပြီဆိုတော့ သက်သာလာလို့ပဲလို့တွေးပြီး စိတ်အေးရပါတယ်...

သိပ်ပြီးတော့ အပင်ပန်းတော့ မခံနဲ့ဦး ကိုယ့်လူရေ... နားနားနေနေ နေသင့်တဲ့အချိန်မှာ အပင်ပန်းခံမိလို့ နာတာရှည်ဖြစ်သွားရင် မကောင်းဘူး...

အမြန်ဆုံးနေကောင်းပါစေ ဆုတောင်းပေးပါတယ်...

ဖိုးစိန်ကို အရှင်အလဲ ချစ်တဲ့
ကိုလူထွေး
ကိုဖိုးစိန်ရေ
ဂရုစိုက်နော်
စိတ်ရောလူရော အနားယူလိုက်...
မကြာခင် သက်သာသွားမှာပါ...
Julian said…
ဖိုးစိန်ပြီးနောက်တစ်ယောက်

ဘယ်သူအရင်ဖြစ်မလဲ မကြီးနော်လား မဂျူလား

ကံကောင်းစွာ ၂ယောက်သား ကိုယ့်တောင်ဝှေးကိုယ်ပြန်ကောက်ပြီး မတ်တပ်ရပ်နေသေးတယ်

ဖိုးစိန် အဘိုးကြီးလေး နေကောင်းအောင်နေ

အမတို့လိုညဉ့်နက်သန်းခေါင် မအိပ်မနေ အသက်တိုအောင်မလုပ်နဲ့

မဂျူ
အင်း..ငါ့ကိုကြီး ဘယ်လိုဖြစ်ရတာလဲ...အနာပေါင်းစုံအမြန်ဆုံးပျောက်ကင်းပါစေကွယ်...စကားမစပ် ဖတ်လို့ တော်တော့်ကိုကောင်းတဲ့ကဗျာ....
ဇော် said…
သြော် .. အဲ့လောက်တောင် ခံစားနေရလားဗျာ။ =]
sweetpeony said…
ကိုကြီးစိန်
ဘယ်လိုဖြစ်လဲ......
မသိလိုက်ရဘူး...
ဒါကြောင့် ဒီတလောပျောက်နေတာလား...
ခုကော????
စည်သူ said…
ကိုဖိုးစိန်ရေ...

ဘယ်လိုဖြစ်သွားတာလဲဗျာ..

ဟိုအိမ်ကို ဖျက်ပေးလိုက်ကတည်းက ပျောက်သွားတာ
ကိုဖိုးစိန်က အလည်သွားတာကိုး.....

အငြိမ့်က လိုက်လို့လား..းP

ကျန်းမာရေးကိုလည်း ဂရုစိုက်ပါဗျာ......

ခင်မင်စွာဖြင့်
စည်သူ။
မစိုးရိမ်ပါနဲ့ဗျာ ဇာတ်ဆရာမသေနိုင်သေးပါဘူးဗျာ.. :D
Don't Worry Be Happy ;)

Popular Posts