ကမ္ဘာကြီး ပျက်တော့မယ်ဆိုတဲ့အတွေးစများ


ကမ္ဘာကြီး ပျက်စီးတော့မယ်လား…

တခြားသူတွေတော့ မသိဘူး… ကျနော်က ကမ္ဘာပျက်တော့မယ်ဆိုတဲ့ သတင်းတွေကို မဖတ်မိဘူး… နားလဲမထောင်ချင်ဘူး… တွေးလဲ မပူဘူး.. ဖတ်ချင်စိတ်လဲမရှိဘူး… စိတ်မဝင်စားဖူးလေ… ဖြစ်လာမှ ဖြစ်ရောပေါ့…ဒီဘဝမှာ ကြုံလာသမျှကို ကျင်လည်သလို ဖြေရှင်းလာခဲ့တော့ နောက်ကြုံလာမယ့်အရာလဲ ဒီလိုပဲ ပြီးသွားမှာပဲလို့ စိတ်ထဲတွေးမိတယ်… ဘာမှ ထူးခြားလာမှာ မဟုတ်သလိုပဲ… ဒီအတွက် ဘာမှ တကူးတက ခံစားချက်မရှိသလို ပူပန်မှုလဲ မရှိဘူး… သေချာတာတစ်ခုကတော့ လုပ်မြဲတိုင်းလုပ်မယ်… ရှိရင်းစွဲစိတ်ရှိတဲ့အတိုင်းနေမယ်… ဒီလောက်ပါပဲ…

ဒါပေမယ့် မမအိန္ဒြာ က ကမ္ဘာမပျက်စီးခင် တစ်လလောက်အလိုဆိုရင် စိတ်ထဲမှာ ဘာတွေ ဖြစ်မှာလဲတဲ့… တွေးကြည့်မိတော့ ဒီအတိုင်းပဲထွက်လာပါတယ်…


(၁) ဘယ်သူတွေနဲ့ ရှိချင်သလဲ


ခုလောလောဆယ် စိတ်နဲ့ ဖြေရမယ်ဆိုရင်ပေါ့…
တစ်ယောက်တည်းပါပဲ… စိတ်ကူးမိတာက ဖြစ်ပျက်သမျှ ကိုယ့်အပေါ်ကျ ကောင်းသမျှ ကျန်ရစ်နေသူတွေအတွက် ဖြစ်စေခဲ့ချင်တယ်.. ပျက်စီးတဲ့အထဲမှာ ကိုယ်ပဲပါချင်ဖြစ်ချင်တယ်။

(၂) ဘာတွေခံစားနေရမလဲ


ဘဝမှာ နစ်နစ်နဲနဲ ခံစားချက်တွေများခဲ့တော့ ဒီဘဝက လွတ်တော့မယ် ဆိုတဲ့အတွေးနဲ့ ကြိတ်ပြီးဝမ်းသာမိမယ်… ဒါပေမယ့် ကျန်ရစ်သူတွေ အနေနဲ့ ကိုယ်ချစ်တဲ့သူတွေ ကျန်နေစေချင်တဲ့ စိတ်ကရှိနေမှာပေါ့…။ ဖြစ်ချင်ဖြစ် ငါ့ ဖြစ်လိုက်စမ်းပါ လို့ ခံစားမိမယ်။

(၃) ဘာတွေ ပြင်ဆင်ထားမလဲ

နေတတ်အောင်နေခဲ့တော့ သေတတ်အောင် ကျင့်ထားရုံပေါ့။

(၄) ဝမ်းနည်းမိမှာက

မဖြစ်သင့်တာတွေ ဖြစ်လာလို့ပေါ့။ (ဖြစ်သင့်တာ ကိုယ့်တစ်ယောက်တည်းလေ)



(၅) ကြောက်လန့်မိတာက


ကိုယ့်မိဘတွေ ကိုယ်မောင်နှမတွေ ကိုယ်ချစ်တဲ့သူတွေ ကြောက်လန့်စိုးရိမ်စိတ်များ ဝင်နေမလားလို့။

(၆) ဆောင်ထားချင်တာ


သေခြင်းတရား

(၇) ဘာတွေရေးမိမလဲ


ဘုရားသခင် နားလည်နိုင်မယ့်စာမျိုးပေါ့…
ဘုရားသခင် တကယ်ရှိတယ်ဆိုရင် ကိုယ်မိဘ ကိုယ်မောင်နှမ ကိုယ်ချစ်တဲ့သူတွေ မကြောက်လန့်အောင် မေတ္တာတရားနဲ့ ထိန်းချုပ်ပေးပါလို့ ရေးခဲ့ချင်တယ်..။

(၈)တွေးမိတွေးရာ အတွေး


နောက်ထပ် ကမ္ဘာတွေ ထပ်ရှိမယ်ဆိုရင် လူဖြစ်ရမှာကို ကြောက်တယ်…။
ဖြစ်ပျက် သံသရာမှာ တဝဲလည်လည် ထပ်လည်နေရမှာကို ကြောက်တယ်…။ ခုကတည်းက မရှိမသိတဲ့နေရာကို ရောက်ချင်တဲ့အတွေးတစ်ခု။

(၉) ဂုဏ်ယူချင်တာက


ဒီဘဝမှာ တော်ခဲ့ရတဲ့ မိဘနှစ်ပါးကို တတ်နိုင်သလောက်လုပ်ကျွေး ပြုစုနိုင်ခဲ့လို့။ ပြီးပြည့်စုံတယ်မဟုတ်ပေမယ့် တတ်နိုင်တဲ့အင်အားတွေနဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့လို့။


(၁၀) ရှာကြံဖြေသိမ့်တတ်တာက


သြော်… ငါ ဒီဘဝကို ဒီနည်းနဲ့ ကျွတ်ရတာ တန်ပါတယ်… အဖန်(၅၀၀)နဲ့ (၅)ကမ္ဘာ ဝဋ်လည်ရတဲ့ဒုက္ခက ကင်းသွားလို့ပေါ့… (သေကြောင်းကြံမိရင်ခဲ့ပေါ့)

(၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း

ငါအဆင်သင့် ဖြစ်နေပြီး…….


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်မျောက်

ချစ်ခင်လေးစားရသော မမ ရေ... မမ ကျေနပ်တယ်ဟုတ်...း))

Comments

သေတာ့လည်း သေလိုက်တာပေါ့
နေတော့လည်း နေလိုက်တာပေါ့
အမ်မယ် ၁ တွေ ရလို့ပါလား
ပြောမယ့်သာပြောတာပါ ၂၀၁၂ တဲ့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် မသိကြဘူး...။

တကယ်ဖြစ်ရင်လည်း ကံထူးတယ်လို့ပဲ ရှာကြံဖြေသိမ့် လိုက်မယ်....။

ကမ္ဘာကြီးပျက်တာကိုယ်ကိုယ်တိုင် ကြုံလိုက်ရတာလေ

ကံထူးတာပဲ...။
အမ် ငါတယောက်ထဲ သောင်းကျန်း သလို ဖြစ်နေပြီ
Anonymous said…
သြော် လူကြီးတွေ တောင် ဒီလိုဖြစ်နေကြတာကိုး
ခလေး တွေ ဖြစ်တဲ့ ၀က်ကလေးနဲ့ ပါးလုံး ကတော့
ဘာမှ ပြေားစရာ မရှိတော့ဖူးပေါ့
၁ ကနေ ၁၀၀ ထိ ယူသွားပါလား


ရုံလေး
Anonymous said…
ကိုကြီးးးးးးးးးးးးးးးးးးးး
ဖတ်သွားတယ်
ကမ္ဘာကြီး ပျက်တော့မယ်ဆိုရင်တော့
မစေားလွန်းဖူးလားဟင် ရုံလေးက ငယ်ငယ်လေးရှိသေးတာ
နေချင်သေးတာပေါ့ အပေါ် ကလူကြီးတို့ 
အချိန်တန်ပါပြီ ဘာမှဖြစ်မှာမဟုတ်ဖူး
နံပါတ် (၁၀)ကို အကြိုက်ဆုံးပဲ

သြော်… ငါ ဒီဘဝကို ဒီနည်းနဲ့ ကျွတ်ရတာ တန်ပါတယ်… အဖန်(၅၀၀)နဲ့ (၅)ကမ္ဘာ ဝဋ်လည်ရတဲ့ဒုက္ခက ကင်းသွားလို့ပေါ့… (သေကြောင်းကြံမိရင်ခဲ့ပေါ့)
:P
ဒီလိုလှည့်တွေးတော့လည်း ပျော်စရာကြီးပဲ။
အဲဒီလို သေမယ်လို့ ကြိုကြိုတင်တင်သိရတာလည်း ကောင်းတာပဲ။
မယုံတဝက်ပေမယ့် ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလေ။
ကျနော်ကတော့ မဖြစ်နိုင်ဘူးလို့ လုံးဝယုံတယ်...
khin oo may said…
ဖြစ်တော့လည်းအများနည်းတူးပေါ့
အိန္ဒြာ said…
ဖိုးစိန်ရေ..

ပထမဆုံးရတယ်..
အမြန်ဆုံးနဲ့ အမှန်ဆုံး..း))

ကျေးဇူးတင်တယ်မောင်လေးရေ..

အစ်မက ဖြစ်မလာဘူးမပြောနိုင်တဲ့ အခြေအနေတစ်ခုအတွက် ဖြစ်လာခဲ့ရင် ....
ဖြစ်ဖို့ကျိမ်းသေမယ်ဆိုရင်..
ဘယ်လိုတွေများ..တွေးမိကြ..မလဲဆိုတာမျိုး.. အတွေးတစ်ခုရလိုက်လို့ပါ..

တကယ်ရင်ဆိုင်ကြရတော့မယ်ဆိုရင်.....


မောင်လေး အစစအရာရာအဆင်ပြေပါစေ..။

ချစ်ခင်စွာ
အခုကြည့်ချင်နေတာက
အဲဒီကမ္ဘာပျက်တဲ့ကားဖြစ်တဲ့ ၂၀၁၂ ပဲ။
ဘွတ်ကင်အခုတည်းကလုပ်ထားမှး)
ဒီနေ့ကိုဘဲတွေးတာကောင်းပါတယ်လေ။
၂၀၁၂ မပြောနဲ့ ညနေဆိုတာတောင် ကိုယ်ပိုင်ဆိုင်တာမှမဟုတ်ဘဲ။
pandora said…
ဖိုးစိန်ရဲ့ အတွေးစတွေကို ကြားအောင် လာနားထောင်သွားတယ်။ လုပ်စရာတွေ လုပ်မြဲလုပ်နေမယ် ဆိုတဲ့ အတွေးလေးကို ကြိုက်တယ်။
တကယ်ဖြစ်ရင်..credit card အကြွေးတွေ..မပေးရတော့ဘူး ဆိုပြီး ဝမ်းသာနေတာ....း)
MANORHARY said…
တကယ်ကြီးကို အဆင်သင့်ဖြစ်နေပြီလား
ready 1...2................
:)
2012 ရုပ်ရှင်ကားကြည့်ချင်တာတော့သိတယ်...
တကယ်ပျက်တော့လည်းပျော်စရာကြီးပေါ့ အဲ့ဒီကား ထွေလာထဲက စာသားလေးအတိုင်းပဲ...

ဘယ်နေရာမှာနေထိုင်သည်ဖြစ်စေ...
ဘာကိုယုံကြည်ကိုးကွယ်ကြသည်ဖြစ်စေ...
တစ်နေ့မှာတော့ ကျွန်ုပ်တို့အားလုံး တသားတည်းဖြစ်ကြလိမ့်မည်... တဲ့...
Anonymous said…
သေတော့လဲ တဘဝငြိမ်းတာပေါ့ဗျာ... ပျက်တော့လဲ ပျက်ပေါ့ ကျနော်တို့ မြန်မာတွေအတွက်က သေသော်မှတည့်အောကောင်း၏တဲ့ အုပ်ချုပ်မှု မကောင်းတဲ့ လူတွေရဲ့အောက်မှာ နေရတာထက်စာရင် သေသွားတာမှ ဟုတ်တုတ်တုတ်ရှိသေးတယ် မဟုတ်လား..။
Ree Noe Mann said…
သယ်ရင်း လာဖတ်သွားတယ်။

ကိုယ်ဆိုရင်းတော့ တွေးမိမယ် မထင်ဘူး။

အမအိန္ဒြာ ပြောသလိုပေါ့
အစ်မက ဖြစ်မလာဘူးမပြောနိုင်တဲ့ အခြေအနေတစ်ခုအတွက် ဖြစ်လာခဲ့ရင် ....
ဖြစ်ဖို့ကျိမ်းသေမယ်ဆိုရင်..
ဘယ်လိုတွေများ..တွေးမိကြ..မလဲဆိုတာမျိုး.. အတွေးတစ်ခုရလိုက်လို့ပါ..

ဆိုရင်တော့ တွေးစရာတွေက အများသာနော်

ချစ်တဲ့ သယ်ရင်း ရီနို
ဘယ်အရာမှ မတည်မြဲတတ်ဘူးဆိုတဲ့ ဓမ္မတာပါပဲ...ကြုံရင်လည်း ဆုံတွေ့ ဖူးသွားတာပေါ့
ဖြစ်ချိန်တန်ရင်တော့ ဖြစ်လာမှာပဲလေ
ဘာလို့ လူဖြစ်ဖို့ ကြောက်ရမှာလဲ
လူဖြစ်မှ ကောင်းတာလုပ်ဖို့ အခွင့်အရေးရှိမှာလေ
ဘုရားကို ဘုရားမှန်း တရားကို တရားမှန်း သိတာက အသိဥာဏ်ရှိတဲ့လူမို့ သိခွင့်ရှိတာမဟုတ်လား
ဘယ်အချိန် သေရ သေရ အသေတတ်ဖို့တော့ ကြိုပြင်ဆင်ထားသင့်တယ်
အရေးကြီးဆုံးအချိန်က သေခါနီးအချိန်ပဲလေ
အသေမတတ်ရင် ကောင်းတာ ဘာလုပ်ခဲ့ လုပ်ခဲ့ စွဲမိစွဲရာစွဲပြီး မရောက်သင့်တဲ့ နေရာတွေ ရောက်ရမှာ ကြောက်တယ်
(ဆရာလုပ်ပြန်ဘီ :P)
ဒီအတိုင်းဆိုရင် ကမ္ဘာပျက်မှာကို ကျိတ်ပြီး ၀မ်းသာနေတာ ကိုယ်တစ်ယောက်ထဲမဟုတ်တော့ဘူး.. တော်သေးတာပေါ့...
တစ်ယောက်ထဲထင်လို့ ငါ ပုံမှန်မှ ဟုတ်ရဲ့ လားဆိုပြီး
စိုးရိမ်နေတာ..
လူတော်တော်များများကတော့ ပျက်လည်းပျက်ပေါ့ ဆိုတဲ့ အတွေးမျိုးပဲ ရှိမယ်ထင်တယ်နော်..
လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ မို့ 
သေမယ် ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။
သေနည်း တတ်ဖို့ က အဓိက ပါ။
သေနည်း မတတ်ခဲ့ရင်တော့ ဒီသံသရာ
ဝဲဂယက် က ပြန်လည်နေဦးမှာပါပဲလေ။
သုဒြေ္န said…
အေ၇းသားကတော့  အရင်တိုင်းမပြောင်းလဲးးးးးးး မဖြစ်နိုင်သေးတာတွေ ဖြစ်လာခဲ့ ရင်ဆိုတဲ့  အတွေးတွေနဲ့  ပူပင်နေမဲ့ အစား လက်ရှိ အခြေနေတခုကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရင်း လာမဲ့ အနာဂတ်ကို လှပအောင် ဖန်တီးချင်တာပါ ပြောရရင်ကျယ်ပြန့်လွန်းလို့  အစဉ်သင့် လေး အလိုက်သင့် လေး နေရတဲ့  အခိုက်တန့်လေးမှာအချိန်လေးနဲနဲပေးနိုင်မယ် ဆိုရင် ညစဉ်မအိပ်ဖြစ်သေးခင်မှာ ဘုရား တရား သံဃာ အနည်းဆုံး ဦးသုံးကြိမ်လောက် ၀တ်ပြုပြီး ခ န္တာကိုယ်ရဲ့ ဖြစ်ပျက် ပြောင်းလဲ တာလေးဂရုစိုက် ကြည့် လိုက်ရင် လွယ်လွယ်လေးနဲ့  တခဏအေးချမ်းမှုကို ရနိုင်ပါလိမ့် မယ်လို့  အလျှင်းသင့် သလို အကျဉ်းချုံးတင်ပြလိုက်ချင်ပါတယ် ချစ်တဲ့  ကိုကြီး သုဒြေ္န
Anonymous said…
ဘ၀မှာနစ်နစ်နဲနဲခံစားခဲ့ဘူးတော့ဒီဘ၀ကကျွတ်တော့မယ်ဆိုပြီးကြိတ်ပြီးဝမ်းသာရတယ်။
ဆိုတဲ့စကားစုကိုကြိုက်တယ်။
အကုန်လုံးသေရမယ်ဆိုတော့ဝမ်းမနည်းပါဘူး။
အားလုံးမျှမျှတတဘဲလေ။
သေချင်လည်းသေပါလေ့စေတော့။
ကျေနပ်တယ်။
Unknown said…
on that day, take nice bath shower , wear nice beautiful cloth,prepare beautiful flower ,eat a lot >what ever u like ,sit down nice sofa or lie down clean bed ........wait for ready to go ........think what u like. think what u done in ur life . so after that wait .....( what time they said ) i don't what time ???/??????????????
Julian said…
ဟေး.....ပျော်စရာကြီး....
ကြည့်ရတာ ကမ္ဘာပျက်လို့သေမယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင် သေကြမယ့်သူတွေချည်းဘဲ ..... နေပါအုန်း ကမ္ဘာမပျက်ဘဲ အခုသေရမယ်ဆိုရင်ကော.... ဟားဟား..... မဂျူကတော့ ကိုယ့်ရဲ့နောက်ကြောင်းမအေးတဲ့ မိဘတွေကိုဘဲစိတ်အေးချမ်းစေချင်တယ် သူတို့ဟာဘာမှကိုမသိလိုက်ဘဲ ကံကုန်သည်အထိ အေးအေးချမ်းချမ်း နေသွားစေချင်တယ်....ဖိုးစိန်လိုဘဲ ကိုယ်ဘဲ မကောင်းသောအရာအားလုံးကို သိမ်းကြုံးယူသွားလိုက်တော့မယ် .....ခက်တာက အဲလိုမှမဖြစ်နိုင်တာလေ.....တစ်ခေါက်လောက်တော့ အမရဲ့အမေကိုဒီမှာခေါ်ပြီးပျော်ပျော်ရွှင်ရွှင်နေစေချင်သေးတယ်... အိမ်ပြန်ဘို့ဆိုတာကမလွယ်ဘူးလေ...

ရေးရင်းစိတ်မကောင်းလာလို့ ရပ်တော့မယ်

မဂျူ
Unknown said…
ma gulian
of course , i am ready for any thing ,by the way my mother is with me in new york , 20 years ago . we have every thing ,we did every thing . if that day does come, why sit around and wait for it? why not do something beneficial for you and your family.
i am enjoy my life already .
Unknown said…
he said right
i am agree , if u not marry look hurry ......haa haa haa ....aaaaaaa

သုဒြေ္န said...

အေ၇းသားကတော့  အရင်တိုင်းမပြောင်းလဲးးးးးးး မဖြစ်နိုင်သေးတာတွေ ဖြစ်လာခဲ့ ရင်ဆိုတဲ့  အတွေးတွေနဲ့  ပူပင်နေမဲ့ အစား လက်ရှိ အခြေနေတခုကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရင်း လာမဲ့ အနာဂတ်ကို လှပအောင် ဖန်တီးချင်တာပါ ပြောရရင်ကျယ်ပြန့်လွန်းလို့  အစဉ်သင့် လေး အလိုက်သင့် လေး နေရတဲ့  အခိုက်တန့်လေးမှာအချိန်လေးနဲနဲပေးနိုင်မယ် ဆိုရင် ညစဉ်မအိပ်ဖြစ်သေးခင်မှာ ဘုရား တရား သံဃာ အနည်းဆုံး ဦးသုံးကြိမ်လောက် ၀တ်ပြုပြီး ခ န္တာကိုယ်ရဲ့ ဖြစ်ပျက် ပြောင်းလဲ တာလေးဂရုစိုက် ကြည့် လိုက်ရင် လွယ်လွယ်လေးနဲ့  တခဏအေးချမ်းမှုကို ရနိုင်ပါလိမ့် မယ်လို့  အလျှင်းသင့် သလို အကျဉ်းချုံးတင်ပြလိုက်ချင်ပါတယ် ချစ်တဲ့  ကိုကြီး သုဒြေ္န
ဖတ်သွားတယ် မဖြစ်သေးတာကို တွေးပူပြီ ၀မ်းနည်းနေမဲ့လူ မဟုတ်တာကို ဂုဏ်ယူပါတယ်။ စိန့်အတွက် ပေါ်ပေါ် ဂုဏ်ယူပါတယ်


လေးစားလျက်
တောင်ပေါ်သား
ဖိုးစိန် ရေ အရေအသားတွေကတော့ ခံယူချက်တွေက အရမ်းကောင်းတယ်
mae said…
အဆင်သင့်ဖြစ်နေပြီဆိုလို့ ချီးကျူးပါတယ်

အားလုံးအဆင်ပြေပါစေ
နေ့အိပ်မက်တော့ ကမ္ဘာပျက်မယ်ဆိုတာ မယုံ.... ဘုရားဟောထားတယ်လေ.... နောက်ဘုရားတစ်ဆူမပွင့်မချင်း ကမ္ဘာမပျက်.....

ဒါနဲ့ ကိုဖိုးစိန်ရေးထားတာ ဖတ်လို့ကောင်းတယ်.. ဒါပေမဲ့ အကောင်းမြင်သလိုလိုနဲ့ နည်းနည်းများ အဆိုးမြင်စိတ်ပါနေသလားလို့.. တွေးမိတာ ပြောပါတယ်..
မငုံ said…
ကမ္ဘာပျက်တော့မယ်ဆိုတော့..အိမ်ပြန်တော့မယ်။ မိသားစုနဲ့ပဲနေတော့မယ်။
ပျော်ပျော်ကြီး သေကြတာပေါ့..း)
ကိုဖိုးစိန်ရေ မရောက်တာကြာသွားတယ်ဗျာ.... နေမကောင်းလို့ စာရေးချင်စိတ်တောင် ပျောက်သွားတယ်... ဒါပေမယ့် စာရေးချင်တဲ့ ပိုးကတကယ်မသေဘူးဗျာ... ဒါကြောင့် အစ်ကိုတို့ အိမ်တွေတော့လာလာလည်ပြီးတော့ ဘာမှခြေရာတွေ မထားတဲ့မိပေမယ့် အခုတော့မရတော့ဘူး... ပြန်ရေးတော့မယ်ဗျာ... ကိုဖိုးစိန်လည်းနေကောင်း ကျန်းမာပျော်ရွှင်ပါစေဗျာ....

လေးစားစွာဖြင့်
ကိုကိုသုန်
ကိုဖိုးစိန်
ကမ္ဘာကြီးပျက်ပျက် မပျက်ပျက် ကိုယ်ကတော့ ကျိန်းသေပျက်ပါတယ် ကိုယ်ပျက်တာ သဘာဝကျပေမဲ့
ကမ္ဘာကြီးပျက်မှာကိုတော့ စိတ်မကောင်းပါဘူး.
အဆင်သင့်ဖြစ်နေတဲ့ကိုဖိုးစိန်ကိုလည်း အားကျပါတယ်.
ကျိန်းသေတာကတော့ ကမ္ဘာကြီးပျက်အောင်ဖျက်တဲ့အထဲ
ကိုယ်မပါခဲ့တာဂုဏ်ယူပါတယ်.
ကမ္ဘာမြေစိမ်းလန်းနေဦးမည်လို့ယုံကြည်လျှက်..
Angel Shaper said…
ကိုယ်လေ အဆင်သင့်ဖြစ်နေပြီ။ ဟိဟိ
ဂယ်ကို အဆင်သင့် ဖြစ်နေပီလားဂျ....

Popular Posts