P for ဖိုးစိန် ဟုခေါ်သော ကျနော် စိန်လျှံထွန်း


ဒီပိုစ့်လေးကို မကြီး က (FB) ကနေ တက်ဂ်ပါတယ်... အခု ချစ်ကိုကြီးမောင်ဟန်(ကိုမိုးကုတ်သား) ကထပ်တက်ဂ်ပါတယ်... ကျနော်စိတ်ပြေလက်ပျောက် ရေးလိုက်ပါတယ်... ပြုံးတော်မူ......


P for ... ...PHOESEIN
--




1. What is your name – Phoesein

2. A four letter word – Pain

3. A boy’s name – Patrick

4. A girl’s name - Patricia

5. An occupation – Professor

6. A color – Purple

7. Something you’ll wear -Pullover

8. A food – Pasta

9. Something found in the bathroom – Pajamas

10. A place – Paris

11. A reason for being late – Procrastinated

12. Something you’d shout – Piss Off!!!!!!!!!!

13. A movie title – Pulp Fiction

14. Something you drink – Pineapple juice

15. A musical group – Papa Roach

16. An animal – Pupa

17. A street name – Primrose Hill (London, UK)

18. A type of car – Porche

19. The title of the song – Prelude and Fuge in E Flat Major ... (J. S. Bach)

20. A verb – Push!! Push!!! Push!!!


စ for စပ်စပ်စုစုစိန်မျောက်မျောက်





1.What is your name – စိန်လျှံထွန်း

2. A four letter word – စင်ပေါ်ကပဲ

3. A boy’s name – စိန်စိုးစံလျှံထွန်း (သားလေးမွေးရင်ဒီနာမည်)

4. A girl’s name – စုစုထွေးချစ်လျှံထွန်း (သမီးလေးမွေးရင် ဒီနာမည်ပေးမယ်)

5. An occupation – စိတ်ရောဂါ အထူး စပယ်ရှယ်ကု အထက်တန်း ဆရာဝန်

6. A color – စိမ်းပြာရောင်

7. Something you’ll wear – စိန်လက်စွပ်

8. A food – စိမ်းစားဥ

9. Something found in the bathroom - စိန်များဖြင့် အနားကွပ်ထားသော စိန်လျှံထွန်း ပုံတူ ပန်းချီ

10. A place – စုံတောမြိုင်မှာ စိန်တွေစီထားသော စိန်လျှံထွန်း ပျော်စံရာ စိန်နန်းတော်

11. A reason for being late – စေ့စပ်သေချာ စီစစ်နေပါသောကြောင့်

12. Something you’d shout – စောက်က်က်က်……. အားးးးးးးးးးးးး… မရိုင်းတတ်တော့ ကွာ…. ခက်တယ်…..

13. A movie title – စိန်စီသောလမ်း

14. Something you drink – စိမ့်စမ်းရေ ထွက်ရာ စိန်စမ်းချောင်းမှ ရေသန့်အေးအေးလေး

15. A musical group – စွာလန်တေး ( ဒီပိုစ့်ကို ကော့မန့် ရှည်ရှည် လှလှ မရေးပေးတဲ့ မမ ညီမတွေကို စုပြီး အသံဗြဲနဲ့ ထင်ရာပေးအော်ဖို့ ဒီပိုစ့်ပြီးရင် အဖွဲ့တစ်ခု ဖွဲ့ ပေးမယ်) ကျနော် အနစ်နာခံပြီး ထုတ်လုပ်သူလုပ်ပေးပါ့မယ့်) အဖွဲ့တွင် မပါဝင်လိုသူများ ကော့မန့်ရှည်ရှည်ရေးကြပါ… လှည့်ပြန်သူများကို ခေါင်းဆောင်တင်ပါ့မယ်)း)

16. An animal – စာကလေး

17. A street name – စိန်လျှံ လမ်း (စိန်လျှံထွန်း အိမ်ရှိရာ စိန်လျှံ့အဖေ ရပ်ကွက်လူကြီး တယူသန် အမိန့်ဖြင့် ပေးမည့် လမ်းနာမည်)

18. A type of car – စိန်စစ်စစ်တွေ စိန်စီထားသော စိန်လျှံထွန်းစီးမဲ့ စိန်ကား

19. The title of the song – စိန့်ကို အရမ်းချစ်တယ် ( ဆိုချင်သူတွေကို စပ်ပေးပါမည်)

20. A verb – စဉ်းစား ဆင်ခြင်လိုက်စမ်းဘာာာာ…. စဉ်းစားဆင်ခြင် လိုက်စမ်းဘာာာာာ……


အားလုံးပျော်ရွင်ကြပါစေ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန် (မျောက်မျောက်)


ပုံတွေကို yahoo ကနေ အလွယ်ရှာလိုက်တာပါ။

Comments

Mogok Thar said…
တစ်လာယူတာ။ ပီးမှ မန့်မယ်
စည်သူ said…
ဟဲ ဟဲ.. တော်သေးတာပေါ့..
ကိုယ့်အတွက် Sတွေ ကျန်ခဲ့လို့

မဟုတ်ရင်တော့ သေဘီဆရာပဲ..း)

စိန်းစားဥကတော့ အမိုက်စားဗျို့ ကိုဖိုးစိန်ရေ..
ရွာဘူရားပွဲတွေမှာ.. သူများတွေက အတွဲလေးတွေနဲ့ တူစုံမောင်နှံ လက်ကိုတွဲပြီး ဘုရားတက်ကြတာ

ကိုယ်လည်း အတွဲနဲ့ပါပဲ
စိန်းစားဥနဲ့လေ..း)

ပျော်ရွှင်ပါစေကိုဖိုးစိန်ရေ..
စိန် တောက်တမ်း ကစားကြရအောင် အဟတ်ဟတ်:)
ရေချိုးခန်းထဲမှာ စိန်နှင့်ကွပ်ထားတဲ့ ပုံတူပန်းချီက ဘာလုပ်ဖို့ တုန်း ဘကြီးတော်ရ။
စိန် စိန် စိန် စိန် စိန် .......................................
ဟူး မူးသွားတာပဲ။
ဟာ စိန်မိသားစုကြီပေါ့
သား/သမီး မွေးရင်းပေးမဲ့နာမည်တွေက
လန်ထွတ် နေတာပဲ
စိန်လျှံထွန်း
စိန်လျှံထွန်း
စိန်လျှံထွန်း
အင်း ဆိုင်းဝိုင်းထောင်ပါလား ?
ဒီနာမည်ကို သုံးရင်ပေါက်မှာသေခြာပေါက်
( ခင်မင်လို့အကြံပေးတာနော် )
း) မယ်စိန် စိန်တော်တော်ကြိုက်တယ်လား တောင်ပေါ် ရှိနေသရွှေ့ စိန် စိန်တွေနဲ့ မပြတ်စေရဘူး၊ ၀တ်စရာစိန်မရှိလဲ ရှိတဲ့ စိန်တွေ ကျွေးမယ်။း) အဟေးးး


လေးစားလျက်
တောင်ပေါ်သား
yangonthar said…
ပြုံးပြုံး ကြီး ဖတ်သွားတယ်အစ်ကိုစိန်လျှံထွန်း ခင်ဗျား ....... :)
Anonymous said…
စိန်လျှံထွန်းအကြောင်းဖတ်ပြီးတော့ စိန်သွားတွေပေါ်အောင် စိန်စစ်စစ်တွေလို စိန်ရီရီသွားတယ်.. ...
တော်တော်ပေါတဲ့ မျောက်ဖိုးစိန်ပါ့လား...
ညီ့မျက်နှာကိုမှမထောက် .. အိုးမည်းသုတ်တဲ့မျောက်ဖိုးစိန်..
မ said…
ကလေးတွေတော့ မမွေးခင်ကို သနားလိုက်တာ..
စိန်တွေစီထားတဲ့ ကိုကိုစိန်ရယ်

သေချာတယ်.. ဒီတသက် ဘယ်မိန်းမမှ ယူရဲမှာ မဟုတ်ဘူး

စိန်ရောဂါ အထူးကုဆရာဝန်နဲ့ အမြန်ပြပါ.. နေမြင့်နေပြီ

(မရိုင်းတတ်တော့ ခက်တယ် ဆိုဘာလား.. နားကြားလွဲတာ နေမှာပါလေ)

ချစ်မ
မငုံ said…
ကလေး ကင်ပွန်းတပ်နေ့ကျင် ဖိတ်ဖြစ်အောင် ဖိတ်ပါ။ စိန်တွေနဲ့များ ဧည့်ခံမလားလို့ :) စိန်းစားဥစားပြိး ရေခဲချောင်းတော့ ဆက်မစားနဲ့နော် သူငယ်ချင်း..
ကဲ..ရတနာစိန်ကျောက် ဇယ်တောက်ကစားနိုင်ပါစေ။
WWKM said…
စိန်လျှံထွန်းအကြောင်းဖတ်သွားပါတယ် ဖိုးစိန်ရေ။
အစ်မလည်း အပျင်းကြီးနေတာ အိမ်လည်မရောက်ဖူး။

ကျန်းမာပါစေ.
အောက်ပို့စ်မှာ မန့်သွားသေးတယ်.
စင်္ကာပူခရီးစဉ်မှာ ပျော်ရွှင်ပါစေ။

မကြီးဝါ
emayarKhin said…
တော်လိုက်တဲ့..ကိုဖိုးစိန်..
သောက်တဲ့ဆေးလေးက စိန်နဲ့သံပုရာ။:P
ကိုယ်ရောင်ပျောက်ဆေး လာသောက်ပါဦးဗျာ။
ဒီပိုစ့်ကို ကော့မန့် ရှည်ရှည် လှလှ မရေးပေးတဲ့ မမ ညီမတွေကို စုပြီး ........တဲ့
ကိုကိုညီညီတွေကျ မပါဘူး။
ဖိုးဖိုးတို့ ချိန်ခွင်လျှာ ဘယ်ဘက်ယိမ်းတယ်ဆိုတာ သိသာလွန်းလှချည့်။ :P
ပြုံးပြုံးရွှင်ရွှင် ဖတ်သွားပါတယ်ရှင်။
စိန်များဖြင့် အနားကွပ်ထားသော စိန်လျှံထွန်း ပုံတူ ပန်းချီ
ကို ရေချိုးခန်းမှာ ထားတယ်ဆိုတော့ စလုံးလာရင် ဓမြတိုက်မှပါ :P
အိန္ဒြာ said…
စိန်မျောက်မျောက်ရေ...

စပ်စပ်စုစုလာဖတ်ကြည့်မိတာ

စိတ်လေသွားတယ်....

စွပ်ပြောမနေနဲ့ဦး..

စိတ်တိုတိုနဲ့ရေးသွားတာ....

း))
ရေချိုးခန်းထဲမှာ ထားတဲ့ ပုံတူပန်းချီဆိုတော့... ??? ... အင်း ... အင်းပေါ့လေ... တစ်ခုခုပေါ့...
:P
ပြီးတော့ ဘာဆက်ရေးရမလဲ.. စဉ်းစား .. စဉ်းစား... စဉ်းစား....
စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေ ပေါ်လာ... စဉ်းစားပြီး ကျမရဲ့ မေးခွန်းလေးဖြေပါ... အိ..... ဆက်ဆိုလို့ မရတော့ဘူး.. လျှော့ရှိတယ် ကိုယ်က အဲ့လောက်ကြီးလည်း ခေါင်းခွံမမာဘူးလေ... နော့ ... :p
Unknown said…
ဘာတွေလည်း ?????????????

အရူးလေးးးးးးးး
MANORHARY said…
စိတ်ညစ်တယ်
စိမ်းစားဥနဲ့နွားနို့နဲ့တွဲသောက်ပစ်လိုက်မှထင်တယ်
ကျေးဇူးတင်ပါတယ်..ညီလေးရေ..
အကို ကြိုက်တဲ့..S ကို မသုံးပဲချန်သွားလို့ ......း))
P ရေ ...စိန် ရေ... A လာသွားတယ်နော်။း))
ပေါတတ်ပါပေ့ကွယ်။ ဘာပဲဖြစ်ဖြစ်ဖတ်လို့ ကောင်း တယ်၊ ဟာသ ၀ိဇ္ဇာကိုဖိုးစိန်ရေ..
khin oo may said…
စိန်ကို သံ့ရာသီးနဲ့မွေပလိုက်မယ်။
PPPPPPppppppp..................
ဆိုတာ ကာတွန်းတွေထဲမှာတော့ အီအီးပေါက်တာကို ပြောတာ...

သမီးလေးနာမည်မှာ "ထွေး" ပါတဲ့အတွက် ချစ်ညီက ကိုထွေးကို ဘယ်လောက်ချစ်သလဲ ဆိုတာ ပိုပြီး တိတိကျကျ ခိုင်ခိုင်မြဲမြဲ စွဲစွဲလန်းလန်း ယုံကြည်သက်ဝင် သွားပါပြီ...

ဖိုးစိန်ကို အစဉ်ချစ် အရှင်ချစ် သဲသဲလှုပ်ချစ် ငြိမ်တည်ပြီးချစ် ထိန်ထိန်ညီးချစ် စိန်စီပြီးချစ်ပါတဲ့...

ကိုလူထွေး
Thatonthu said…
ိကိုဖိုးစိန်ရဲ့ အိမ်ကိုလာလည်ဖူးပေမဲ့ အခုမှပဲ မန့်ဖြစ်တယ်.။ ဒီပို့စ်ကိုကြည့်ပြီး ကိုဖိုးစိန်ပာာ ပွဲကြိုက်ခင်နဲ့ အမျိုးတော်တဲ့ စိန်ကြိုက်ခင်များလားလို့..။

စတာပါရှင်...။
စိတ်မဆိုးပါနဲ့..


သထုံသူ
မောင် said…
မေတ္တာေ၇ာင်ပြန်ရဲ့"မေဖန်ဆင်းသောပန်းတပွင့်"
ဆိုတယ့် tag post ကလုပ်ကြံဇာတ်လမ်းကြီးပါ.
အရှက်မရှိလျှောက်ေ၇းထားခြင်းဖြစ်ပါသည်.
တစ်ခါမှလည်းမတွေ့ဖူးပါ..တစ်ခါမှလည်းမဖြစ်ဖူး
ပါ..တမင်သက်သက်လုပ်ကြံေ၇းသားထားခြင်းဖြစ်ပါသည်
စိန်အကြောင်းကို စပ်စပ်စုစုဖတ်ပြီး စိတ်ကြီးဆင်းရဲသွားလို့... စိတ်လိုလက်ရမန့်ပြီး စိတ်မြန်လက်မြန်ပြန်သွားပြီ..
Unknown said…
ကိုဖိုးစိန်ရေ...

P for ဖိုးစိန် ကိုလာခံစားသွားပါတယ်....

အခုတလော အက္ခရာနာမည်တဂ်တွေက နေရာအနှံ့ပဲဗျ...

ကျနော်လည်း အပါအ၀င်ပေါ့ဗျာ...

မေးခွန်းတွေက တူနေတော့ အဖြေတွေပါ တချို့ တူနေကြတယ်....

နှစ်ခုစလုံးကို ခံစားဖတ်ရှုသွားပါတယ်ဗျာ...

ခင်မင်စွာဖြင့်
ပြည့်စုံ
sweetpeony said…
အမလေးး
ကော့မန့်မြင်မြင်ပေးမှ
လှည့်ပြန်ရင် ခေါင်းဆောင်တင်ခံနေရဦးမယ်...
သားလေးနံမယ်... စိန်...... အဲ မေ့တွားပီ..
သမီးလေးနံမယ်... စု.... အဲ ဒါလဲမေ့တွားပီ...
ဟူးးးးး
ဆရာမတွေ ဒုက္ခရောက်ဦးတော့မယ်....
ကိုကြီးစိန်က အားကျလို့လား...
စိန်တွေကြီး ထပ်နေတာ.. ဟက်ဟက်...
ကော့မန့်လည်း ရှည်ရှည်ပေးသွားပါတယ်...
အဖွဲ့ဝင်ထဲ ထည့်နေမှာစိုးလို့..
း))))))))
Angel Shaper said…
စိန်လာကောက်တာ။ အဟီးးးးးးးးးး
စိန်လျှံထွန်း
စိန်မိသားစု
စိန်ရောင်းဝယ်ရေး
စိန်ကင်ပွန်းတပ်
စိန်နှင့်ဧည့်ခံ
စိန်လာကောက်မည်။
စိန်ကောက်တမ်းလာကစားမည်။ အဟိ
ပေါက်ကရလာရေးသွားတယ်ဗျိုးးးးးးး
မရှည်ရှည်အောင်။။။ ကွန်မန့်ပြောပါတယ်။အဟဲ
စိန်တွင်း သူဌေးကြီးအတွက်...

ကောမန့် ရှည်ရှည် ....
ကောမန့် ရှည်ရှည် ....
ကောမန့် ရှည်ရှည် ....
ကောမန့် ရှည်ရှည် ....
ကောမန့် ရှည်ရှည် ....
ကောမန့် ရှည်ရှည် ....
ကောမန့် ရှည်ရှည် ....
ကောမန့် ရှည်ရှည် ....
ပေးခဲ့ပြီနော်...

နှင်း
Anonymous said…
ကျန်နေသေးပါတယ်... ပီဖော်...?????????
စိန်တွေကြည့်ပါလား...ကမ္ဘာမှာ ၂၅ ရာနှုန်းလောက် စိန် ထုတ်လုပ်ပေးတဲ့ ru မှာ စိန် လိုချင်ရင် ပြောနော်...parcel ပို့လိုက်မယ် :)...ပျော်ရွှင်ပါစေ ဇာတ်ဆရာကြီးရေ...
နေဒေးသစ် said…
ဟီးဟီး
စိန်တွေ စိတ်တွေ စိမ့်တွေနဲ့ ရေးထားတာ ဟုတ်နေတာပဲ
ကိုချိန် စကားမစပ် နေကောင်းလား
ဘာတွေလုပ်
စာရေးကျဲနေတယ်
သိပ်မတက်ကြွသလိုပဲ
ဒါမှမဟုတ် မကြွတက်တာလား
ကြွတက်အောင် လုပ်ပေးရမလား :)

နေဒေး။
JJ said…
ကဖိုးစိန် စိန်စီသောည အခွေလေးများကော မရိုက်ချင်ဘူးလားး)
kaungkinpyar said…
စိန် စီသောလမ်း ဖြောင့်တန်းစေ....

Popular Posts