ကျနော်လူလိမ်၊ ကျနော်နှင့်လူလိမ်

ခင်မင်မှုနဲ့ ယုံကြည်မှု….

တစ်ယောက်နဲ့ တစ်ယောက် စပြီး ခင်မင်စွာ ပေါင်းသင်းဆက်ဆံဖို့အတွက် ယုံကြည်မှုက အဓိကကျတယ်ပေါ့။ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံချင်ရင် ယုံကြည်မှု ရှိရမယ်။

ခင်မင်မှုနဲ့ လိမ်လည်မှု…

ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံရင် မလိမ်လည်ရဘူး။ မလှည့်ဖျားရဘူး။ ယုံကြည်မှုပျောက်နိုင်တယ်ပေါ့။
ဒါဆိုရင် ယုံကြည်မှု တစ်ခုရဖို့ မလိမ်လည်ရဘူးပေါ့။ ယုံကြည်မှု ရပြီးမှ လိမ်ရမယ်လို့ ဆိုလိုတာလား။ အင်း… အဲလိုလူတွေလဲ အများကြီးလို့ ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ပါချင်ပါမယ်ပေါ့။း)

ကျနော့်ကို အရမ်းယုံကြည်တဲ့သူ တစ်ယောက်ရှိတယ်။ သူက ကျနော် ဘာပြောပြော လက်ခံတယ်။ ကျနော်ပြောတာကို သဘောကျတယ်။ ကျနော်ကို ခင်တယ်။ ချစ်တယ်။ ကျနော့်အတွက်ဆို သူ အဆင်သင့်ဖြစ်နေတတ်တယ်။ ဒါပေမယ့် သူနဲ့ ကျနော် သူငယ်ချင်း တစ်ယောက်အဖြစ် အတွင်းကျကျ မပေါင်းဖူးဘူး။ ညီအကိုလို ခင်မင်မှုမျိုးလဲ မဟုတ်ဘူး။ သူ့ကို ကျနော် အကြောင်းအရာ တစ်ခုကို ပြောပြ အကူအညီ ပေးရင်း ခင်မင်ခွင့်ရခဲ့တာ။ ဒါပေမယ့် သူက ကျနော့်ကို အမြဲတမ်း ယုံကြည်နေတတ်ခဲ့တယ်။ ကျနော် သူ့ကို ယုံပါလို့ တစ်ခွန်းမပြောခဲ့ဘူး။

ကျနော်ကိုယ်တိုင်လဲ လူတစ်ယောက်ကို ချက်ချင်းယုံကြည်ဖို့ သိပ်ကိုခဲယဉ်းတယ်။ ဒါကြောင့် သူ့ကို ယုံကြည်ဖို့ မယုံကြည်ဖို့ထက် ကျနော်လုပ်ပေးနိုင်တာကိုပဲ တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်။သူ့ဆီက ယုံကြည်မှုတွေ ရဖို့ ဘာမျှော်လင့်ချက်မှ မထားသလို ကျနော် လုပ်ပေးခဲ့တဲ့ အကြောင်းအရာအပေါ် ဘာတုန့်ပြန်မှုမှ မလိုချင်ဘူး။ ကိုယ်တိုင်က လူတစ်ယောက်ကို ယုံကြည်ဖို့ထက် သံသယတွေ များနေတဲ့စိတ်က အမြဲဝင်နေတတ်တော့ ဘာဘာညာညာ မစဉ်းစားဘဲ ကျနော်လုပ်ပေးနိုင်တဲ့ အရာတစ်ခုကို အတတ်နိုင်ဆုံး ကောင်းအောင်လုပ်ပေးလိုက်တာပါပဲ။ ဒီထက်မပိုခဲ့ဘူး။ ဒါပေမယ့် လူတစ်ယောက်ကို မုန်းပြီး ဆိုရင်တော့ လုံးဝ လှည့်မကြည့်တတ်တော့ဘူး။ စိတ်ထဲမှာလဲ မထားတော့ဘူး။ အရာအားလုံးက ဥပေက္ခာတရားဆီကို ဦးတည်သွားတာပါပဲ။ ဒီလူအပေါ်ယုံကြည်မှု မရှိတော့သလို ကိုယ်တိုင်ကလဲ သူယုံကြည်အောင် မနေတတ်တော့တာပဲ။

တနေ့ပေါ့။ သူက ကျနော့်ကိုမေးတယ်။ ခင်ဗျား လိမ်တတ်လားတဲ့။ ကျနော် ခပ်တွေတွေ စိုက်ကြည့်ပြီး ခပ်ပြုံးပြုံးလေးပဲပြန်ဖြေလိုက်တယ်။ သူ မျက်နှာတချက်ပျက်ပြီး ကျနော့်အပေါ် ယုံကြည်မှုတွေ ပျောက်သွားသလိုပဲ။ ကျနော့် အဖြေက ခင်ဗျားကျနော့်ကို ဘယ်လိုထင်လဲ ဆိုတဲ့မေးခွန်း မဟုတ်ဘူး။ ရိုးရိုးပဲဖြေလိုက်တယ်… လိမ်တတ်တယ်.. တခါတလေ အမြင်ကတ်လောက်အောင်ကို သိရက်နဲ့ လိမ်တယ် ဆိုတဲ့ အဖြေပဲ။ သူက ဆက်မေးတယ်။ ဒါဆိုရင် ခင်ဗျားအပေါ် ယုံကြည့်မှု ရှိတဲ့ ကျနော့်ကိုရော လိမ်ခဲ့သလား။ လိမ်မှာလားတဲ့။ ကျနော်အဖြေကလဲ ရှင်းပါတယ်။လိမ်ခဲ့တယ်။ လိမ်သင့်ရင်တော့ လိမ်ရမယ်။ လိမ်ချင်လိမ်မယ်။ လိမ် ဖြစ်လိမ့်မယ် လို့ပဲ ပြန်ဖြေခဲ့ပါတယ်။သူကဆက်ပြောတယ်။ခင်ဗျား မှားနေပြီးတဲ့။ ကျနော်ကတော့ သူဘာပြောပြော လက်ခံလိုက်မယ်။ ဟုတ်တယ် ကျနော် မှားချင် မှားမယ်။ ဒါပေမယ့် ကျနော်မှန်တယ်ပေါ့။ သူကျနော့် ဆီက သူလိုချင်တဲ့ အဖြေမျိုး မရခဲ့ဘူး။ ကျနော် သူ့ကိုလဲ မလိမ်ပါဘူး ဆိုပြီး ယုံကြည်အောင် မပြောခဲ့ဘူး။ ဒါပေမယ့် သူနဲ့ ကျနော်ဆက်ဆံရေးက အခုထိ တည်မြဲနေတုန်း။


တခြားသူတွေ လိမ်လား မလိမ်လားတော့ ကျနော်သေချာမသိဘူး။ ဒါပေမယ့် နေ့တဒူဝ လှုပ်ရှားသွားလာနေကြတဲ့ သူတွေ တနည်းမဟုတ် တနည်းလိမ်နေကြမှာပဲ။ ဘယ်တော့မှ မလိမ်တဲ့သူတွေလဲ ရှိချင်ရှိ ကြမှာပဲလေ။ ကျနော်ကတော့ လိမ်ဖြစ်နေတယ်။

ကျနော်လိမ်တဲ့ လူငါးမျိုး ရှိတယ်။ ပထမက ရန်သူ။ ကိုယ့်မှာရန်သူ မရှိဘူးလို့ ဘယ်တုန်းကမှ မတွက်ထားဘူး။ စိတ်ထဲက ကိုယ် မသကာင်္တဲ့သူ မှန်သမျှက ကိုယ့်ရန်သူလို့ သတ်မှတ်တယ်။ ကိုယ်က ရန်မူဖို့မဟုတ်ဘူး။ ရန်မူလာရင်ကြိုတင်ကာကွယ်ဖို့ပဲလေ။ ဒါကြောင့် ဒီလိုလူမျိုးကို အမှန်ပြောလေ့မရှိဘူး။ လိမ်လည်မိမှာပဲ။ ကိုယ်သာ အမှန်ပြောနေရင် ကိုယ့်အားနည်းချက်တွေကို သိလို့ ခဏလေးနဲ့ အနိုင်ယူသွားမှာပေါ့။

ဒုတိယလို လူမျိုးက ကိုယ့်အပေါ် မနာလိုစိတ်ဝင်နေတဲ့သူ။ သူက ကိုယ်အပေါ် မနာလို စိတ်ဝင်နေမှန်းသိနေရင် ကိုယ်က အသာလေးရှောင်ထွက်သွားဖို့ပဲ။ သူမနာလို ဝန်တိုနေတဲ့ အပေါ် ကိုယ့်က ရှောင်တတ်ရမယ်။ ဒီလို လူမျိုးကို ကိုယ့်ရဲ့စကားအမှန်တွေ ပြောလို့မဖြစ်ဘူး။ ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ အကြံအစည်တွေ၊ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေကို သူတို့ ကအမြဲ ချောင်းမြောင်းနေတတ်တယ်။ မှားတာနဲ့ သူတို့က နိုင်ကွက်ကိုနင်းမှာပဲ။ ဒီလိုလူတွေရှေ့မှာ ရင်တွင်းစကားမပြောဖြစ်တော့ဘူး။ နှုတ်က ထွက်လာတဲ့စကားတွေက စိတ်ထဲကမဟုတ်တော့ဘူး။ ဦးနှောက်က စီချထားတဲ့စကားတွေ။ ဒီစကားတွေက အမှန်တွေ မဟုတ်လောက်ဘူး။ကိုယ်စိတ်ထဲကလုပ်ချင်တာတွေနဲ့ ကိုယ်ပြောမိနေတဲ့စကားတွေက ပြောင်းပြန်ဖြစ်နေလိမ့်မယ်။ ဒါကလဲ လိမ်နည်းတမျိုးပဲ။

နောက်တစ်ယောက်ကတော့ ရူးကြောင်ကြောင်နဲ့ မိုက်သွေးကြွ နေတဲ့သူတွေ။ ဘယ်လောက်ပြောပြော နားမဝင်တဲ့သူတွေ။ ထင်ရာစိုင်းတဲ့သူတွေကို ဘယ်တုန်းကမှ အမှန်ပြောလေ့မရှိဘူး။ အမှန်ပြောနေရင်လဲ အမှားမြင်နေတဲ့အတွက် အမှန်က ထွက်မလာတော့ပါဘူး။သူတို့ကို တန်ရာပေးလိုက်တဲ့သဘော။

နောက်တစ်ယောက်ကတော့ လိမ်လည်လှည့်ဖျားတတ်သူတွေ။ သူတို့နဲ့ ဆက်ဆံရေးက မှန်လိုပဲ။ သူတို့လိမ်မှန်းသိနေသ၍ ကိုယ်ကလဲ လိမ်နေဦးမှာပဲ။ စောဒက မတက်နဲ့လေ။ သူတို့ ဘယ်လောက် လိမ်လိမ် ကိုယ့်ဘက်က မှန်နေဖို့က အဓိက တို့ ဘာတို့။ တကယ်တမ်းကျ ဘယ်သူမှ မလုပ်နိုင်ဘူးထင်တာပဲ။ လုပ်နိုင်တဲ့သူတွေလဲ ရှိပါတယ်။ ဥပေက္ခာတရားတွေနဲ့ပေါ့။ ကိုယ်တိုင်က ပုထုဇဉ်ဆိုတော့ တူညီတဲ့ တုန့်ပြန်မှုမျိုး ပြန်ပေးချင်ယုံသက်သက်ပါ။ သိရက်နဲ့ မသိလိုက်ပါဘူး။ မလိမ်ရပါဘူးဆိုတဲ့ သူတွေကို လိမ်ကြည့်လိုက်ပါ။ သူတို့ စကားအတိုင်း သူတို့ကို ပြန်ပေးကြည့်ပါ။ သူတို့ဘယ်လိုနေလိမ့်မလဲ။ အဲဒါအခါကျရင် သူတို့လဲ ကိုယ်ချင်းစားလိမ့်မယ်။ အဲဒါကိုပြန်လိုချင်တယ်။

ကိုယ်မကြိုက်တာကို သူတပါးအပေါ်မလုပ်မိစေနဲ့တဲ့။ ကိုယ်တိုင်က မကြိုက်တော့သူတို့လဲ ကြိုက်မှာမဟုတ်ဖူးလို့မှတ်ပါတဲ့။ ဒါဆိုရင် သူတို့မကြိုက်တာ ကိုယ့်ကို လုပ်တော့ ကိုယ်က သူတို့ကြိုက်တယ်ထင်လို့ ပြန်ပေးရုံသက်သက်လို့ပဲ မှတ်သားပါတယ်။

နောက်ဆုံးတစ်ယောက်ကို လိမ်ရတာတော့ ရိုးသားပါတယ်။ မလိမ်ရင် ဘဝပျက်စီးလောက်မယ့် လူမျိုးတွေကို ကောင်းစေချင်လို့ လိမ်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက မမှန်ပေမယ့် သူတို့အတွက် အကျိုးရှိသွားတယ်ဆိုရင် လိမ်ရကျိုးနပ်ပါတယ်။ ဖြူစင်သောလိမ်နည်းပေါ့။ လူတော်တော်များများတော့ ဒီလိုလူမျိုးတွေကို ဒီနည်းနဲ့ လိမ်တတ်ကြပါတယ်။ ငရဲမကြီးလောက်ပါဘူး။ ကံငါးပါးထဲမှာ ဒီလိုကံမျိုးက ကျုးလွန်ပေမယ့် အပြစ်မရှိဘူးလို့ထင်ပါတယ်။

အဓိကကတော့ ကိုယ်က ဘယ်လောက်ပဲ လိမ်လိမ်။ ပလီတယ်ပဲပြောပြော တစ်ဖက်က စိတ်ချမ်းသာသွားရင် ကုသိုလ်တောင်ရတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် မဟုတ်မမှန်ပေမယ့် လုပ်ကြံပြီး ဟုတ်မှန်ရာကို ပြောတတ်ပါတယ်။ တခါတလေ တဖက်က ပလီတာကို သိနေပေမယ့် ကျေနပ်စွာ လက်ခံတတ်ကြပါတယ်။ကိုယ်တိုင်ကလဲ ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ့်ကိုရိုးရိုးသားသား ပလီနေတာဆို ကျေနပ်စွာ လက်ခံတတ်ပါတယ်။ အဓိက က ရိုးသားမှုပါ။ ကိုယ်လိမ်တဲ့အပေါ်မှာ ရိုးသားဖို့လိုပါတယ်။ သူတပါးကို မနာလို ဝန်တို မစ္စိယ စိတ်တွေနဲ့ ပျက်စီးရာ ပျက်စီးကြောင်းလိမ်တဲ့သူကတော့ ငရဲသွားရမှာပဲ။ ကိုယ်က လိမ်ပေမယ့် သူတပါးအတွက် အကျိုးမယုတ်သလို ကိုယ်လဲ အကျိုးမယုတ်ဖူးဆိုရင်လိမ်ပါ။ လူကြီးတွေကတော့ ပြောကြလိမ့်မယ်။ အတတ်နိုင်ဆုံး မလိမ်လည်ပါနဲ့ပေါ့။ အတတ်နိုင်ဆုံးပါ။ သူတို့တွေလဲ လိမ်ညာခဲ့ကြတာ ရှိမှာပဲလေ။

အဓိက ကတော့ ကိုယ့်လိမ်လည်မှု အပေါ်မှာရိုးသားဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့။

ဘာပဲပြောပြော…။ လူအမျိုးမျိုး…. စိတ်အထွေထွေ…။ လိမ်တဲ့သူရှိမယ်။ လုံးဝ မလိမ်တဲ့သူရှိတယ်။

ယုတ်မာကောက်ကျစ်စွာ လိမ်တဲ့သူရှိတယ်။ ဝန်တိုမနာလိုစိတ်နဲ့ ပျက်စီးရာ ပျက်စီးကြောင်း လိမ်တဲ့သူရှိတယ်။

တီတီတာတာ ပလီပလာနဲ့ ရိုးသားစွာ လိမ်ပြီး စကားချိုချို ပြောတဲ့သူတွေရှိတယ်။

သူတပါးအကျိုးစီးပွား ပျက်စီးတာကို မလိုလားလို့ ရိုးရိုးသားသား လိမ်တဲ့သူရှိမယ်။

ကျနော့်လို လူမျိုးကတော့ လိမ်စရာ မရှိရင် ကိုယ့်ပေါင်ကိုယ်ပြန်လိမ် နေတယ် ဆိုတော့ကာ…..။


ဟုတ်ကဲ့…။

ကျနော်လိမ်တတ်ပါတယ်။


အခုတလောလဲ ပလီပလာ တီတီတာတာ တွေက များနေတယ်... ကိုယ်တိုင်ကလဲ အဲဒီအပေါ် သာယာနေသလို ကိုယ်တိုင်ကလဲ ပွေလီနေတော့ကာ….။

ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်






Comments

kaungkinpyar said…
မမ လဲ လိမ်မိ ပါတယ် ....း)
khin oo may said…
တိဲု့ကတော့လူရိုးကလေးပါ။
:P
ဒါကြောင့် အညိုအမဲတွေ စွဲနေတာနေမယ် :P
ပြောတော့ ပေါက်ပေါက် ကန်တာဆို
ခုနောက်တမှုတိုးဘီ :D
Mogok Thar said…
လိမ်တတ်ရုံပဲလားးးး
မထင်ပါဘူး.....
ကိုက်လဲ ကိုက်တတ်ပုံရတယ်...(သက်သေတွေရှိတယ်)

သူတပါးအတွက် ဘေးဥပါဒ် မဖြစ်စေဘူး...
ကိုယ့်အတွက်လဲ အန္တရယ် မဖြစ်စေဘူး ဆို.. လိမ်လို့ ရတယ်ပေါ့.. လိမ်ခွင့်ပေးတယ်ပေါ့....။

လိမ်ချင်သလောက်သာ လိမ်.. ။ အင်းး. ဒါပေမဲ့...အညိုအမဲ စွဲအောင်တော့ မလိမ်နဲ့လေ...

;-P

ကိုယ်ကတော့ လိမ်တတ်တယ်...
မကိုက်တော့ မကိုက်တတ်ဘူးး...
“အာဘွား”ပဲ အပေးသန်တယ်။

ကိုယ် စိတ်ချမ်းသာအောင် လိမ်ပေးတဲ့သူဆို.. ပိုတောင် “အာဘွားပေးအုံးမယ်”...
များများလိုချင် များများ လိမ်ပေါ့...

;-P

မိုးခါးလေးက နောက်တစ်မှုတိုးဘီတဲ့..

ဘာအမှုလဲ.. မသိလိုက်ရပါလားးးး...။



ချစ်တဲ့

ကိုမောင်ဟန်
သြော်....သြော်... ဒီလိုလားး)
လိမ် တလိမ် ၂ လိမ် ပွေလိမ် ရှုပ်တယ် လူညာကြီးပေါ့ကွယ်..... လိမ် လိမ် လိမ်..... လိမ် ဆိုတာကြီး မြန်မာလို အများကြီးရေးရတာ တမျိုးပဲ အဟား လိမ်... လိမ်....

လူဆိုတာ ကောင်းသောလိမ်ခြင်းလား... မကောင်းသော လိမ်ခြင်းလား.... ၂ မျိုးပဲ ရှိမယ်နော့် ကောင်း၏ မကောင်း၏ဆိုတာကတော့ ကိုယ်ခံယူတဲ့ စိတ်ကလေးပေါ်ပဲ မူတည်မယ်ထင်တယ်... ကျနော်က မလိမ်တတ်ဘူးဗျ ဒါပေမဲ့ ပါးစပ်က ပေါက်တတ်ကရ လျှောက်ပြောတတ်တာ... အဲ့ဒါ လိမ်တာ ခေါ်မလားဟင်....


လေးစားလျက်
တောင်ပေါ်သား
sweetpeony said…
hummm
ko gyi sein...
wht's happening????
:)
လိမ်တာတော့ လိမ်ပါ.....

=)

အသားတော့ ဆွဲဆိတ် မလိမ်နဲ့ ........

=P
ပေါက်ပေါက် said…
ဘာာာာာာ ငါကန်တယ်ဟုတ်လားးးးးးး တောက်တီးတောက်တဲ့ လုပ်ပါ့မလား။ လိမ်တယ်ဆိုတာတော့ မကောင်းပါဘူး။ ဒါပေမယ့် တခါတလေတော့လည်းးးးးးးးးးးး
Ree Noe Mann said…
ဒါ ဘယ်သူနဲ့မှ မလွတ်ပါဘူး။
ကိုယ်ကိုတိုင်လည်း လိမ်နေတာပဲ။
ဆက်ပြီးတော့လည်း လိမ်နေမိအုံးမှာပါပဲလေ။
အိန္ဒြာ said…
အင်းးးးးး
ဖိုးစိန်ပိုစ့်လေးဖတ်မိတော့
ကဗျာဆရာမောင်လင်းခက်ရဲ့ကဗျာလေးသွားသတိရမိတယ်..။
ကဗျာဆရာကတော့ ကွယ်လွန်သွားတာ ၁၅နှစ်လောက်ရှိပါပြီ ။ ဟင်္သာက ကဗျာဆရာပေါ့..။

ကဗျာလေးနာမည်က ခမဲ လို့မှတ်မိနေတယ်.။
သားလေးအတွက် သားလေးနေထိုင်မကောင်းတဲ့ အတွက် ခမဲအနေနဲ့ ကြက်မလေးတစ်ကောင်ကို မင်းဇနီးဆိုပြီး ညာပေးတယ်တဲ့
နောက်ကြေးပြားလေးကို လည်ပင်းမှာဆွဲပေးပြီး
ဒါ မင်းအတွက် ရွှေဒင်္ဂါးပြားဆိုပြီးညာပြီးပေးတယ်တဲ့..

ကလေးလေးနေရာကရေးထားတာလေ

"မေတ္တာလှရင်ညာတယ်နော်
ညာပါ မေမေရယ်"

လို့ဆုံးထားတယ်..။

မေတ္တာလှရင် ညာတယ်နော်..တဲ့

သိပ်လှတာပဲ....

မေတ္တာနဲ့ ညာတဲ့ အလိမ်အညာမျိုးလေးတွေကြတော့
ကြည်နူးစရာပေါ့ကွယ်...

ချစ်ခင်စွာ
ငယ်ငယ်လေးတုန်းက အမေဆူမှာစိုးလို့ လိမ်ဖူးတယ်။ အခုတော့ တစ်ချို့ကိစ္စတွေ..အလုပ်မှာ..မလိမ်ချင်ဘဲ လိမ်ရတာမျိုးတွေရှိတယ်။ ကိုယ့်အတွက်တော့ မဟုတ်ဘူး။ တစ်ခြားလူတွေအတွက်ပါ။ သူတို့ဖုန်းမဖြေချင်တဲ့ အခါမျိုးကျတော့ ကိုယ်က သူတို့ဆန္ဒအရ မရှိဘူး၊ သန့်စင်ခန်းသွားနေတယ် ဘာညာပေါ့လေ။ အဲလိုဖြေပေးရတာကို စိတ်ကမလုံဘူး ဖြစ်နေတာ။ တစ်ခါတစ်လေမှာ မဖြစ်မနေလိမ်ဖို့လိုအပ်တဲ့ ကိစ္စရှိတွေလည်း ရှိတတ်တယ်။ အခြေအနေပေါ်မူတည်တာပေါ့လေ။ ငါးပါးသီလထဲမှာ မုသာဝါဒ - အဲဒီ့တစ်ပါး စောင့်စည်းရအခက်ဆုံးပဲ။
Angel Shaper said…
လိမ်တယ်၊ ညာတယ် ဆိုပေမယ့် ဒါဟာလဲ အဖြူရောင်မုသား တစ်မျိုးပဲမဟုတ်ပါလား။ ဟုတ်တယ်ဟုတ်။ အဆင်ပြေပျော်ရွှင်ပါစေနော်။
noblemoe said…
ကိုယ်လိမ်တဲ့အပေါ်မှာ ရိုးသားဖို့လိုပါတယ်။ သူတပါးအတွက် အကျိုးမယုတ်သလို ကိုယ်လဲ အကျိုးမယုတ်ဖူးဆိုရင်လိမ်ပါ။
အဓိက ကတော့ ကိုယ့်လိမ်လည်မှု အပေါ်မှာရိုးသားဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့။အဲဒီစကားတွေကို တော့ မိုးလည်းထောက်ခံတယ်လေ အမြင်ချင်းလည်းတူလို့ ပါ
တက်နို်င်သလောက်မလိမ်ဖြစ်အောင်နေတယ် ဒါပေမဲ့ လိမ်ဖူးတယ် နောက်လည်း မလိမ်ဖူးလို့ အာမခံလို့ မရပြန်ဖိုး ဒါပေမဲ့သေချာတာကတော့  သူတပါးကိုထိခိုက်အောင်မလုပ်ဖူးတာပါပဲ
သာယာချမ်းမြေ့ပါစေနော်
မိုး
Anonymous said…
တားတို့ကတော့ လိမ်စရာမရှိ ကိုယ့်ပေါင်ကိုယ်ပြန်လိမ်တယ်၊ ဒါပေမဲ့ အခုလက်ရှိ အုပ်ချုပ်နေတဲ့ သန်းရွှေတို့လောက်တော့ ဗြောင်လိမ် ဗြောင်စားတော့ မလုပ်ရဲဘူး ..ဟဲဟဲ
အူးအူးဖွတ်ချိန်ကတော့ လိမ်တတ်ဒယ်ချိုပါရား...
သေချာစစ်ဆေးရမယ်။ ဟားဟ
အမှုတွဲတွေမျာ.းနေဒယ်ဒဲ့.... :P

ချစ်ချစ်ချစ်တဲ့မောင်
မောင်ချစ်ချစ်တဲ့ချစ်ချစ်ရဲ့
မက်မက်.....ဟတ်ဟတ်
အူးအူးဖွတ်ချိန်ကတော့ လိမ်တတ်ဒယ်ချိုပါရား...
သေချာစစ်ဆေးရမယ်။ ဟားဟ
အမှုတွဲတွေမျာ.းနေဒယ်ဒဲ့.... :P

ချစ်ချစ်ချစ်တဲ့မောင်
မောင်ချစ်ချစ်တဲ့ချစ်ချစ်ရဲ့
မက်မက်.....ဟတ်ဟတ်
အူးအူးဖွတ်ချိန်ကတော့ လိမ်တတ်ဒယ်ချိုပါရား...
သေချာစစ်ဆေးရမယ်။ ဟားဟ
အမှုတွဲတွေမျာ.းနေဒယ်ဒဲ့.... :P

ချစ်ချစ်ချစ်တဲ့မောင်
မောင်ချစ်ချစ်တဲ့ချစ်ချစ်ရဲ့
မက်မက်.....ဟတ်ဟတ်
Dream said…
မှားလို့မှားလို့
မေသူဟာနဲ့မှားရေးမိတယ်။

အဲဒါမက်မက်နော်....ဟင့်...ဆိုးပါ့...
ကျွန်တော်က ချစ်ရင်ပိုလိမ်တယ်
ခုထက်ထိ ကျွန်တော်လိမ်တာအခံရဆုံးက အဖေ၊ အမေ၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင်

Popular Posts