ရင်ထဲက သူမ

သူမ……………….

သူမ အကြောင်း စဉ်းစားရင် ကျနော် သက်ပျင်းတွေ အခါခါ ချမိတယ်။ ကျနော်ချစ်ပါတယ် မြတ်နိုးပါတယ်ဆိုတဲ့ သူမနဲ့ ဝေးနေခဲ့ရတဲ့ အချိန်တွေ မနည်းတော့ပါဘူး။

ကျနော့်ရင်ထဲမှာ နှစ်ရှည်လများ စွဲလမ်းနေတဲ့သူ တစ်ယောက်။ အချိန်တိုင်း မဟုတ်ပေမယ့် တိုက်ဆိုင်မှု ရှိတိုင်း ဆွေးသွား ငေးသွားရလောက်အောင် ဆွဲဆောင်နိုင်တာ သူမ ဆိုတာ ကျနော် ငြင်းမရပါဘူး။

စွဲလမ်း တမ်းတ တတ်တဲ့သူတိုင်း မေ့မေ့လျှော့လျှော့ ရှိတတ်တယ်လို့ ပြောရင်တောင် အချိန် အတိုင်းအတာ တစ်ခုရောက်လာရင် သူမကို မလွမ်းဘဲ၊ မတမ်းတပဲ ကျနော် မနေနိုင်ခဲ့ပါဘူး။ အစိမ်းရင့်ရောင် ဖိနပ်ပါးပါးကို အမြဲ စီးတတ်တဲ့ သူမမှာ နူးညံ့သိမ်မွေ့လွန်းတဲ့ ဝါရောင်သန်း အပြုံးတွေကို အမြဲ ဆင်မြန်းထားတယ်လေ။ အဝေးကနေ ငေးမောကြည့်နေရတဲ့ ပီတိနဲ့တင် သူမကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သူပါ။ သူမဆီက အနမ်းတစ်ချက် ရဖို့ နာရီပေါင်းများစွာ နေ့ပေါင်းများစွာ စောင့်နေခဲ့ရပေမယ့် ကျနော် တခါမှ စိတ်မပျက်ခဲ့ဖူးပါဘူးလေ။

ဧပြီ လမှာ မွေးတဲ့ သူမက ထူးထူးခြားခြား မိုးကို ကြိုက်တယ်။ ဒါပေမယ့် မိုးတွေ ရွာတိုင်း သူမ မပျော်ပေမယ့် မိုးပြေးတွေ လာရင် သူမ ပျော်မြူးနေတတ်တယ်။ အဲဒီအချိန် သူမ မျက်နှာမှာ အပြုံးပန်းတွေ ဝေနေလိုက်ပုံများ ကြည်နူးစရာ..။

ကျနော် သူမ အကြောင်းတွေးရင် ဝမ်းနည်းလာခဲ့ပြန်ပြီးလေ။ ခုနေများ သူမကို ကျနော် တမေ့တမော ငေးမော ကြည့်နေချင်တယ်။ သူမကို အားရ ပါးရ နမ်းရှိုက်ခွင့်တွေ ထပ်ရချင်တယ်။ မိုးတွေ ဖွဲဖွဲ ရွာတိုင်း ကျနော် သူမ ရှိနိုင်တဲ့ အရပ်ဆီကို ငေးမော တမ်းတ ရှာဖွေမိတယ်။ သူမရဲ့ ကိုယ်သင်းနံ့ကို အားရ ပါးရ ရှု ရှိုက်ခွင့် ရချင်မိတယ်။

အခုချိန် ကျနော် သူမနဲ့ ဝေးနေပေမယ့် သူမပြုံးနေမှာကို တွေးပြီးတော့ ပီတိဖြစ်မိပါတယ်။ သူမဟာ ကျနော့်အတွက် ဝေးနေပေမယ့် တချို့သော သူတွေနဲ့ နီးနေမှာပါ။ ကျနော့်လို့ သူမကို တမ်းတနေတဲ့သူတွေ ရှိနေသလို သူမနဲ့ နီးစပ်ခွင့် ရတဲ့သူတွေလဲ ရှိနေမှာပါ။
သူမ အကြောင်းစဉ်းစားရင်း အပြင်ကို ထွက်ကြည့်လိုက်တော့ အပြင်မှာ မိုးသားတွေ အုံ့မှိုင်း နေသယောင်။ ရေဒီယိုကနေ တူးပို့ တူးပို့ သီချင်းသံတွေ နံနက်ခင်းနဲ့အတူ လွင့်ပျံ့ လာတယ်။ အပြင်မှာ ကလေး တသိုက် ဗိုက်ကြီးသည်နဲ့ အတာပန်း ရောင်းသူတွေကို ရေပက်ခွင့် ရနေတယ်။ သရက်ပင် နောက်ကွယ်က လူပြို အရက်သမားတွေ ကလေးတွေကို အိုးမဲသုတ်ဖို့ ချောင်းနေတာ မြင်နေရတယ်။ တစ်ချက် တစ်ချက် ရလိုက်တဲ့ ဖယောင်းနံ့ သင်းတဲ့ ထမင်းနံ့။ စာကလေး သိုက်လို စုစုရုံးရုံးနဲ့ ညံစည်နေတဲ့ ရပ်ကွက် ဆွမ်းလောင်ရုံက အပျိုတသိုက် မုန့်လုံးရေပေါ် လုံးနေလေရဲ့။ အနားမှာ ရစ်သီ ရစ်သီနဲ့ လူပျို လှည့်ချင်သူများက အုန်းသီးကို ခွှာလို့ အနားကမခွာ။ ရုတ်တရက် အပျို တသိုက်ကြားမှာ ကျနော် သူမကို လှမ်းမြင်လိုက်ရတယ်။ ကျနော် အရမ်းပျော်သွားတယ်။ အဝေးကနေ ငေးရင်း သူမကို စိတ်နဲ့ တဝကြီး နမ်းရှိုက်မိတယ်။

စိတ်ထဲမှာ နမ်းလို့ မဝသေး။ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရလို့ ကျနော် လန့်သွားရင်း အိပ်ယာက နိုးလာတယ်။ အော်…. ကျနော် အိပ်မက် မက်နေပါလား။

ကျနော် ကျောင်းနောက်ကျနေပြီး။ တာ့တာ။ ကျန်တဲ့သူတွေ သူမ အကြောင်း ဆက်တွေးလိုက်တော့နော်။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



Comments

ပေါက်ပေါက် said…
သင်္ကြန်က မိန်းကလေးလား ဟားဟားဟားဟား

ဘာလဲ တရားစခန်း ဝင်မယ်မရှိဘူး။ ကဲ ချင်ရတာနဲ့။ နမ်းချင်ရတာနဲ့။

ခုပဲလွမ်းလို့ ပုံရိပ်တွေ လိုက်ရှာနေတားP
ပေါက်ပေါက် ကစ်သွားဘီ
ခွိ :P

ဒါကြောင့် မနက်က အစောကြီးနိုးနေတာကိုး
တူမကို ဒလိယနေတော့ ဘယ်ပြန်စလိလို့ရတော့မလဲ .. ဟင်းးးးးးးးးးးးးးးးးးး :P
မင်္ဂလာပါ..

ကိုဖိုးစိန် ရေ... ကျန်တဲ့သူတွေ သူမ အကြောင်း ဆက်တွေးလိုက်တော့နော် ဆိုလို့ သူမ ကို ညကြမှ ဆက်ပြီး အိပ်မက်ထဲမှာ ထည့်မက်လိုက်တော့မယ်.....
:) :)...

ရွှင်လန်းချမ်းမြေ့ပါစေဗျာ...

ခင်မင်စွာဖြင့်
ကိုမျိုး
Pwint Myue Zin said…
သူမ = ပိတောက် .. ဟုတ်လား
စိန်ပလိန်တိန် မောင်ဖိုးစိန်...

အားရပါးရ နမ်းချင်ရတာနဲ့... ရှူရှိုက်ချင်ရတာနဲ့
ဒီကလေး တယ်မလွယ်...

သင်္ကြန်မှာ ပျော်ပါစေကွယ်...

ဦးနော်တော့မူးနေပြီကွယ်... အေ့..း))

သတိတရချစ်ခင်စွာ...

ဦးနော်
noblemoe said…
နှစ်ရှည်လများ စွဲလမ်းနေတဲ့သူမ နဲ့ အမြန်ဆုံနိုင်ပြီး ဘဝတစ်လျှောက်သာယာချမ်းမြေ့မှုတွေအပြည့်န့ဲ့ လက်တွဲနိုင်ပါစေနော်
မိုး
noblemoe said…
ခုဏ သူဌေးလာလို့ တစ်ဝက်ပဲဖတ်ပြီးမန့်လိုက်တာ မိုး ဆုတောင်းပေးတာ ရီစရာကြီးဖြစ်နေလို့ ဟီးဟီး အိမ်မက်ထဲမှာဟုတ်ဖူး အပြင်မှာ ကိုဘိုနဲ့လိုက်ပြီး ပိတောက်တွေကို တဝကြီး ရူပလိုက်းp
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနဲ့ပြည့်စုံတဲ့ပြင် သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေနော်
မိုး
Mogok Thar said…
“ရင်ထဲကသူမ”

ထာဝရ....

မွှေးမြနိုင်စေသော် ဝ်.....



ပျော်ရွှင်ချမ်းမြေ့ပါစေ...။



ချစ်ခြင်းများစွာဖြင့်

ကိုမောင်ဟန်
sweetpeony said…
ဘူလေးလဲ အဲဒါဘူလေးလဲ.................း)))))))
Angel Shaper said…
အိပ်မက်ထဲမှာမဟုတ်ဘူးးး အပြင်မှာရော
ထာဝရနမ်းရှိုက်ခွင့်ရပါစေ :)
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။
kaungkinpyar said…
အော်.......သူမ............သူမ........
Vista said…
သူမ ဆိုတာ ပိတောက်ပန်းကိုပြောတာမှလား...
တို့လည်း သူမကို တယုတယ မွှေးရှိုက်ချင်မိတယ်။း)

ဒီနှစ် စင်္ကာပူမှာ သင်္ကြန်ကျတဲ့ ဖိုးစိန် ပျော်ရွှင်နေမယ်ဆိုတာ မဇွန်ယုံတယ်။
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ....ပျော်ပျော်ရွင်ရွင် တီးမှုတ်ကြတဲ့ပွဲမှာ ....

(သီချင်းအော်သွားတယ်)
မျောက် အိပ်မက်ထဲမှာပဲလား ? အပြင်မှာရော ?
ဒီနှစ်ပိတောက်ဒီမှာ မပွင့်သလိုပဲ...

မနှစ်တုန်းက ရုံးနားက ပိတောက်ပင်နှစ်ပင်လုံး ပွင့်တယ်.......

ငပေါက် နဲ့ မိုးခါး တွယ်သွားကြပြီ...

ကဲကဲ..ကိုယ့်အစ်ကိုလဲ တရားစခန်းဝင်သင့်ပြီ...

Popular Posts