ကျနော် နှင့် ကျနော်ချစ်သော စနေသား ကိုကို
အင်္ဂါ သား နဲ့ စနေသား
ခြင်္သေ့ နဲ့ နဂါး
ကျနော် နဲ့ ဖေဖေ
ပြီးတော့......
ကျနော် နဲ့ ကျနော် ချစ်တဲ့ ကိုကို....
ခြင်္သေ့ နဲ့ နဂါး
ကျနော် နဲ့ ဖေဖေ
ပြီးတော့......
ကျနော် နဲ့ ကျနော် ချစ်တဲ့ ကိုကို....
အင်္ဂါ သား နဲ့ စနေသားက နီးတကျက်ကျက် ၊ ဝေး တသက်သက် လို့ ပြော ကြတယ်။ ကျနော့် အတွက်တော့ ဟုတ်ကိုဟုတ်နေတာပဲ။ ငယ်ငယ်ကတည်းက အဖေနဲ့ ကျနော် မျက်နှာချင်း မဆိုင်နဲ့ ။ ရန်ပွဲပဲ။ အဖေက ကျနော့်ကို အပြစ် မပြောဖူးပါဘူး။ မအော်လဲ မအော်ငေါက်ဖူးဘူး။ အနည်းဆုံး ဆုံးမ ရင်တောင် ပုံပြင်လေးနဲ့ ဆုံးမတတ်တဲ့ အဖေပါ။ ကျနော်က သာ နေရာတကာ စွာလန်ကျဲ ရန်ပွဲတောင်းနေတာပါ။ လိုချင်တာ တစ်ခုကို မရမချင်း တဂျီဂျီနဲ့ ပူစာ တတ်သလို မရရင် မကြားတကြားနဲ့ အဖေ့နားကပ်ပြီး ပြော၊ အဖေက ဂရုမစိုက်ရင် မရမက ပြဿနာ လုပ်တတ်လွန်းလို့ အဖေတခါတလေ စိတ်ကုန်တဲ့အထိ ဖြစ်ဖူးတယ်။
ကျနော်ငယ်ငယ်က အဖေစိတ်ကုန်လို့ ကျနော့်ကို ကားပေါ်တင် လမ်းခုလတ်မှာ ချချန်ထားပြီး နောင်ကျဉ်အောင်လုပ်ဖူးတယ်။ အဖေဖြစ်စေချင်တာက ကျနော်က မှားပါပြီး နောက်မလုပ်တော့ပါဘူးလို့ငိုယို တောင်းပန်မှ ပြန်ခေါ်ခဲ့မယ်ပေါ့။ ဖြစ်လာတာက ကျနော် အဖေကို အော်ပြီး အဖေ့ကားကို ခဲနဲ့ထု၊ ကားနောက်ကို အတင်းပြေးလိုက်လို့ အဖေခမျာ မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ရသလို အရှက်ကွဲရပေါင်းများခဲ့ရတာပေါ့။ အင်္ဂါသား က စိတ်ပိုကြီးသမို့ စနေသား အဖေခမျာလည်း မျက်စောင်းကို ခဝါချ မတတ်သာပဲ ခွင့်လွှတ်ထားရတယ်။ နှီးဖျားနဲ့ ရိုက်မယ်ကြံတောင် အဖေ မရိုက်ခင်ကတည်းက ခါးပတ်နဲ့ ဆော်တယ်ဆိုပြီး ဆယ်အိမ်ကြားအောင် အော်ငိုတတ်တဲ့ကျနော့်ကို အဖေခမျာ ဘာမှကို မလုပ်ရဲလောက်ပါပဲလေ။ ဘာပဲ ဖြစ်ဖြစ်၊ အဖေက ကျနော့်ကို သားကြီး မို့၊ ရောဂါသည်မို့ ချစ်တယ်။ အခုတော့ အားကိုးရတဲ့သားမို့ ချစ်တယ်။ တကယ်တော့ အင်္ဂါသားနဲ့ စနေသားမှာ အင်္ဂါသားက မွှေတာကြီးပဲ ဖြစ်နေတာပေါ့။ ဒါပေမယ့် ကျနော်ကသာ အဖေ့ကို ပြောမယ် အော်မယ်။ ဘေးလူက အဖေ့အကြောင်း မကောင်းမဟနဲ့ ဓားဆွဲလိုက်ပြီးသားပဲ။
အဖေနဲ့ ကျနော် အရက်တူတူသောက်တယ်။
ဘဝရှေးရေးတွေ စီမံကိန်းဆွဲတယ်။
စကားနိုင်လုပြောတယ်။
မကျေနပ်ချက်တွေပြောတယ်။
နောက်ဆုံးကျတော့ ကျနော်က အနိုင်ပိုင်းတာချည်းပဲ။ ဒါပေမယ့် အဖေက အဖေ။ ကျနော့်ဘဝထဲက ထာဝရလေးစားရသော အဖေ။ အမြဲတမ်း အားကျ အတုယူ ခဲ့ ၊ မြတ်နိုးတွယ်တာရတဲ့ အဖေ။
အဖေက စနေသား။
နောက်ထပ်ကျနော့်ဘဝထဲကို ထပ်ရောက်လာတာကတော့ ကျနော် ကိုကို လို့ ခေါ်တဲ့ ကျနော်ချစ်ရ၊ သနားပြီးလေးစားရတဲ့ ကိုကို (စနေသား)ပါပဲ။
ဒုတိယ အကြိမ် အင်္ဂါနဲ့ စနေသားတို့ ထပ်တွေ့ကြတာပေါ့။ မနှစ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော် က ကိုမောင်ဟန်(ခ) ကိုကို (ခ) ကိုဘို(ခ) ကိုမိုးကုတ်သား ကို စခင်တယ်။ ကိုကို မွေးနေ့မတိုင်ခင် (၃)ရက်အလိုမှာပေါ့။ မှတ်မှတ်ရရ ကိုကို့မွေးနေ့အတွက်တောင် ဆိုဒ်ဘားမှာ တင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တယ်။ အသက် (၆) နှစ်ကြီးတဲ့ ကိုကို နဲ့ ကျနော်စကားတွေ ပြောဖြစ်တယ်။ စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ ကိုကို က ကျနော် ဝမ်းနည်းနေတဲ့ အချိန်မှာ ပျော်အောင် စကားတွေပြောတယ်။ ကျနော်ပျော်နေတဲ့ အချိန်မှာ ပြုံးပြုံးကြီး နေတတ်တယ်။ ကျနော် ဒေါသဖြစ် ၊ စိတ်တိုနေတဲ့အချိန်မှာ နှုတ်ဆိတ်နေနေတတ်တယ်။ ဒီလိုနဲ့ ကျနော်တို့ ခင်တွယ်လာတယ်။ ညပေါင်းများစွာမှာ အဝေးကနေပြီး ကျနော့် ဒုက္ခတွေကို ပျော်ပျော်ကြီး ထမ်းဆောင်ခဲ့တယ်။ အိပ်ရေးပျက်ခံ၊ အလုပ်ပျက်ခံ၊ သူငယ်ချင်းတွေ ငြိုငြင်တာ ခံပြီး ကျနော့်ကို ဦးစားပေးခဲ့တယ်။
တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးလို့ ကိုကို့ရဲ့ ငယ်ဘဝကို ပြန်ပြောပြတဲ့ အခါမှ ကိုကို တက်ခဲ့ရတဲ့ လမ်း ကြမ်းခဲ့ရတာတွေကို တွေးပြီး ကိုကို့ ကို သနားခဲ့တယ်။ အခု အသက်အရွယ်ထိ မိဘနဲ့ မောင်နှမ ကို ဖြည့်ဆည်းပေးနေတဲ့ ဘာကိုမှ မျှော်လင့်ချက် မထားတဲ့ ကိုကို့ ကို တခါတလေ အားမလို အားမရဖြစ်ပြီး ၊ တခါတလေ တိတ်တိတ်လေး စိတ်မကောင်း ဖြစ်ရတယ်။ ဒီလိုနဲ့ သံယောဇဉ် ဖြစ်လာတာ ခုဆိုရင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြန်ပြီး။ အကို တစ်ယောက်လို သည်းခံမှုထက် အဖေတစ်ယောက်လို စွန့်လွှတ် အနစ်နာခံ ဖြည့်ဆည်းပေးတတ်တဲ့ ကိုကို က ကျနော့်ဘဝရဲ့ မှတ်တိုင် တစ်ခုမှာ ထာဝရ ရှိနေမှာပါ။ အကိုမရှိတဲ့ ကျနော့်အတွက် ကိုကိုက ထာဝရ အကို ဖြစ်နေမှာပါ။
စကာင်္ပူ မှာ နေဖြစ်တဲ့ အကြောင်းထဲမှာ ကိုကို ကြောင့် ဆိုရင်လဲ ငြင်းလို့ မရပါဘူး။ ကိုကို က ကျနော့် အပေါ်မှာ ညီအရင်းတစ်ယောက်လို ကောင်းတာပါ။ ကျနော် အော်သမျှ မျက်နှာငယ်လေးနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်သလို၊ ကျနော်စနောက် နေရင်လဲ အတည် ထင်ပြီး မျက်စိ မျက်နှာ ပျက်တတ်တဲ့အကိုပါ။ ကိုကိုရဲ့ လက်သုံးစကား ရှိပါတယ်။"ကိုကို ဘာလုပ်လို့လဲ" ဆိုတဲ့စကားနဲ့ မျက်လုံးလေးပြူး လျှာလေးထုတ်၊ ပုခုံးလေး တွန့်တတ်တာ ကိုကို ( မိုးကုတ်သား) ရဲ့ အကျင့်လေးပါ။ သူ့ကို မြင်ရင် သူ့ ရဲ့ ကိုယ်ပိုင် ဟန်ကို တွေ့ရပါလိမ့်မယ်။ အသားဖြူတယ်။ ခပ်ချောချော စိတ်ကောင်းကောင်း အကိုကြီးပေါ့။ ဘရက်ဒယ် အိမ်ရဲ့ အကြီးဆုံး အကိုကြီး။ အားလုံးရဲ့ အသည်းကျော်။
လူရိုး၊ လူအ သင်္ချိုင်းမှာ ရှာဖို့ တောင်မလွယ်ဘူးတဲ့လား။ မယုံ မရှိနဲ့။ ကိုကို ရှိသေးတယ်။ ရိုးလွန်း၊ အလွန်းတဲ့ နေရာမှ နှစ်ယောက်မရှိပါဘူး။ အရိပ်ပြလို့ အကောင် မမြင်ဘူး။ အကောင်လုံးလုံးပြပြီး ဒါဘာကောင်လဲ မေးရင်တောင် ဘာကောင်မှန်းသိရက်နဲ့ မေးတဲ့သူကို အားနာကြောက်စိတ်နဲ့ ခေါင်းလေးကုတ်၊ လျှာလေးထုတ်ပြပြီး အဖြေကို မရဲ တရဲပေးမယ့်သူပါ။ ဒီလို ရိုးအ တတ်၊ အားနာတတ်လွန်းလို့ အားလုံးက ကိုကို့ ကိုဆိုရင် ဝိုင်းချစ်ကြပါတယ်။ စိတ်ထားကောင်းတဲ့ အတွက် အကိုတစ်ယောက်လို အားကိုးကြတယ်။ တိုင်ပင်တယ်။ ဝိုင်းစကြ၊ နောက်ကြတယ်။ ကိုကို ကတော့ အမြဲတမ်း မှားမှား၊ မှန်မှန် ပြုံးပြုံးလေးပါပဲ။ သူ အ ကြောင်း၊ ထုံ ကြောင်းကို သူကိုယ်တိုင် ပြောပြပြီး ဂုဏ်ယူနေတတ်တဲ့ အကိုပါ။
ဘုန်းကြီး ခေါင်းခေါက်ပြီး ကန်တော့ ဆိုတာမျိုးက ကျနော်နဲ့ ကိုကို ကိုပြောတာနေမှာပါ။ ကျနော် ကိုကို့ ကို အားမလို အားမရဖြစ်တိုင်း အော်ပါတယ်။ အော်တဲ့အခါတိုင်းမှာ ကိုကိုက ကြောက်လန့်ပြီး ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပြီး ထပ်မှားပြန်တယ်။ အဲဒီအခါကျ ကျနော် ပိုပြီး စိတ်တို ဒေါသထွက်တတ်ပါတယ်။ ကျနော်ဘယ်လောက်စိတ်တိုတို၊ ဒေါသထွက်ထွက် ကျနော့်တခုခု လုပ်ရင်တောင် ငြိမ်ခံမယ့် အကိုတစ်ယောက်ပါ။ ကျနော် အော်လိုက်တဲ့ အခါတိုင်း မျက်နှာတစ်ခုလုံးနီရဲပြီး မျက်ဝန်းမှာ မျက်ရည်တွေ စို့တက်သွားတာ မြင်တိုင်း ကျနော် ရင်ထဲ တော်တော်ဝမ်းနည်းမိတယ်။ ဒါပေမယ့် ကျနော် အော်မိနေဆဲပါ။စိတ်ဆိုးပြေ တိုင်း ကျနော့်မှာ ကိုကို့ ကို ပြန်ကန်တော့ရ ၊ တောင်းပန်ရနဲ့ အလုပ်ကို ရှုပ်ရပါတယ်။ နောက်နေ့ ကျတော့လဲ ကျနော် မအော်ဘူးလား ဆိုတော့ အော်မိတာပါပဲ။ စိတ်ထဲ ထည့်ထားတာက ကျနော်အော်တာ ကိုကို့ ကိုကောင်းစေချင်လို့ ဆိုတာပါပဲ။
ကိုကို က တကယ့်ကို အလွဲများနဲ့ လူသားပါ။ တခါတလေ သူလွဲတာတွေက သည်းမခံနိုင်လောက်အောင် လွဲတတ်လွန်းပါတယ်။ သူလွဲတိုင်းလဲ ရယ်ရပါတယ်။ သည်းခံတတ်တဲ့ နေရာမှာလဲ ကိုကို့ ကို မှီနိုင်မယ့်သူ မရှိပါဘူး။ အားနာတတ်၊ သနားတတ်တာလဲ ကိုကိုပါပဲ။ အရာရာကို လွယ်လွယ်နဲ့ မေ့တတ်ပြီး သံယောဇဉ် ကြီးတတ်သူ တစ်ဦးဖြစ်ပြန်တယ်။ ကိုကို့ လွဲချက်တွေကို စာစီရေးရင် ရေးကုန်မှာ မဟုတ်ပါဘူး။
တခါတလေ မိသားစု အပူအတွက်၊ ကျနော့်အပူအတွက်၊ အလုပ်အပူ၊ သူငယ်ချင်း ညီအကိုမောင်နှမတွေရဲ့ အပူနဲ့ အိပ်ယာမှာ ခွေခွေခေါက်ခေါက်လေး ပုန်းနေတတ်၊ အိမ်အောက်မှာ တစ်ယောက်တည်း အိပ်ပျော်နေတတ်တဲ့ ကိုကို့ ကို အရမ်းသနားပါတယ်။ ဘယ်တုန်းကမှ ပူပန်နေတာကို တော်ရုံ ထုတ်မပြောပဲ စိတ်ထဲမှာ မြုံထားတတ်ပေမယ့် လိမ်လို့ မရတဲ့ ကိုကို မျက်နှာကြောင့် ကျနော်နှစ်ခါ အစ်စရာ မလိုပဲ ပေါ်တတ်ပါတယ်။ အဲဒီအခါကျရင် ကျနော် ရင်နဲ့ အမျှ ကိုကို့ ကိုသနားပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ကိုကိုဟာ သူ့ဘဝမှာ လိုချင်တာ မရှိသလောက်ရှားပြီး သူတပါးအပေါ်ကို လိုအပ်နေတာ အကုန်ဖြည့်ဆည်းပေးနေတဲ့ သူတစ်ယောက်ပါ။
တခါတလေ ပျော့ခွေခေါက်နေတတ်တဲ့ ကိုကို့ ကို အားအင်တွေ ပြည့်စေဖို့ ကျနော်အော်ပါတယ်။ စိတ်ဓာတ် ကျနေတာကို မမြင်ချင်လို့ ကျနော် အော်ပါတယ်။ အမြဲတမ်းလွဲလွဲ ချော်ချော် ဖြစ်တတ်တာကို သတိရှိစေဖို့ ကျနော် အော်ပါတယ်။ မေ့မေ့လျှော့လျှော့ ဖြစ်တတ်တာကို မမေ့အောင် အော်ပါတယ်။ စည်းကမ်းရှိဖို့၊ အကိုကြီးလို အားမာန်တွေ ပြည့်နေစေဖို့ ကျနော်အော်ပါတယ်။ ကျနော် စနောက်ပြီးလဲ အော်ပါတယ်။ ကျနော် အော်ချင်လို့လဲ အော်ပါတယ်။ ကျနော်အော်တိုင်းမှာ မျက်နှာငယ်လေးနဲ့ ကိုကို ဘာလုပ်လို့လဲ ဆိုတာကို ကြားချင်လို့လဲ အော်ပါတယ်။ အမြဲတမ်းလဲ အော်ပါတယ်။ နေ့တိုင်း အချိန်တိုင်းမှာ ကြုံရင် ကြုံသလို အော်ပါတယ်။ အဲလိုမှ မအော်ရရင် ကိုကိုလဲ ထမင်းစားမဝင်ပါဘူး။ ကျနော်လဲ နေမထိ ထိုင်မသာ ဖြစ်ရပါတယ်။ အဲဒါကြောင့် အကိုကြီး မောင်ဟန်ကို အမြဲ အော်ပါတယ်။ အော်ပြီးတိုင်းလဲ ဖင်ထောင်ပြီး ကန်တော့ရတာ အကြိမ်ကြိမ်ပါ။
ဘာဖြစ်ဖြစ် ကျနော့်အတွက်ဆိုရင် ရှေးတန်းတင် ဦးစားပေးတဲ့ ကိုကို ကို ချစ်လဲ ချစ်တယ်။ သနားလဲ သနားတယ်။ သွေးမတော် သားမစပ်တဲ့ သူတစ်ယောက်ကို ညီအရင်းထက် မခြား၊ သားတစ်ယောက်လို စိတ်ထဲထားပေးနိုင်တဲ့ ကိုကိုရဲ့ သံယောဇဉ် နဲ့ မေတ္တာတရားကို လေးစားတယ်။ တန်ဖိုးထားတယ်။ အကိုတစ်ယောက်လိုထက် အဖေတစ်ယောက်လို အနားကနေ ဖေးမ စောင့်ရှောက်တဲ့ ကိုကို ဟာ ကျနော့်အတွက် နွေးထွေးပြီး အလင်းရောင်ပေးတဲ့ မီးအိမ်လေးတစ်လုံးပါ။ အခန့်မသင့်လို့ အော် ငေါက် စကားများပေမယ့် ကျနော့်ရင်ထဲမှာ ကိုကို ကို အမြဲတမ်း ချစ်ခင်လေးစားနေပါတယ်။ အကိုတစ်ယောက် ကို ညီတစ်ယောက် ဖြစ်စေချင်တဲ့ ဆန္ဒတွေကလည်း အများကြီးပါပဲ။ ဖြစ်လာအောင်လဲ ညီတစ်ယောက် အနေနဲ့ လုပ်ပေးချင်တာတွေက အများကြီးပါပဲ။ (ဒါကြောင့်လဲ အော် ငေါက်နေရတာပါ)။ ကျနော့်ရဲ့ အနန္တော အနန္တ ငါးပါးထဲ မှာ ထားပြီး ကိုးကွယ်ရမယ့် သူထဲမှာ ကိုကို လဲ တစ်ယောက် အပါဝင်ပါ။
မေလ (၂၅) ရက်နေ့မှာ ကျရောက်မယ့် အသက်အရွယ် ရလာပြီးဖြစ်တဲ့ ကိုကိုရဲ့ (၃၆) နှစ်မြောက်မွေးနေ့မှာ ဒီပိုစ့်လေးနဲ့ အော် ငေါက်(အဲလေ) ဝန်ချ တောင်းပန်ရင်း အပြစ်အားလုံးကို ခွင့်လွှတ်ဖို့ ကန်တော့လိုက်ပါတယ်။
ကိုကို့ ဘဝနဲ့ ကိုကို့ အကြောင်းကို နားလည်ချင်ရင်တော့ မနှစ်က အမှတ်တရရေးခဲ့တဲ့ ကိုကို့ ပိုစ့်တွေကို ဖတ်ပေါ့။ ကျနော်ကိုယ်တိုင် အဲဒီပိုစ့်တွေကို ဖတ်ပြီး ကိုကို့ ကို လေးစား၊ သနား၊ ချစ်ခင်လာတာပါ။
သားဦးစနေ
သားဦးစနေ ဒုက္ခပွေ
စနေသား၊ စနေဂြိုလ် နဲ့ အလောင်းအစား
ကျနော့်ချစ်တဲ့ ကိုကို(ခ) ကိုမောင်ဟန် (ခ) ကိုဘို (ခ) ကိုမိုးကုတ်သား
ကိုကို ညီ့ ရဲ့ အအော် အငေါက်ကနေ အမြန်ဆုံးလွတ်ကင်းပါစေ။
ကိုကို့ မိဘနှစ်ပါးနဲ့ ညီအကို မောင်နှမများ ကျမ်းမာချမ်းသားပြီး ကိုကိုနဲ့ ပျော်ရွှင်စွာ အမြဲနေနိုင်ပါစေ။
ဘရက်ဒယ် မိသားစုရဲ့ အဖေ လို အကို လိုဖြစ်နေတဲ့ ကိုကို မွေးနေ့မှာ ဘရက်ဒယ်မိသားစု နဲ့အတူ ပျော်ရွင်ပါစေ။
ဘဝတစ်လျှောက်လုံး သည်းခံ နိုင်တဲ့ မိန်းမနဲ့တွေ့ပြီး သာယာတဲ့ အိမ်ထောင်ရေးကို ထာဝရ တည်ဆောက်နိုင်ပါစေ။
ကျမ်းမာချမ်းသားပြီးလိုရာ ဆန္ဒ တလုံးတဝ ကြီးပြည့်ပါစေဗျာ။
ကိုကို့ ကိုချစ်တဲ့
မျောက်ငို
နောက်ပြီး
အသားဖြူ၊ ရုပ်ချော၊ သဘောကောင်း၊ စိတ်ရင်းပြည့်ဝတဲ့ လူရိုး လူအ လူပျို အကိုကြီး မောင်ဟန်ကိုလဲ အစွံထုတ်ချင်ပါတယ်။ ဝါကျွတ်အမှီ အမြန် ဆက်သွယ်နိုင်ပါကြောင်း။
မေလ က ကျနော်ချစ်တဲ့ အကိုကြီးနဲ့ ညီမ မွေးနေ့ ရှိခဲ့လို့ တကယ့်ကို မှတ်မှတ်ရရ လ ကြီးပါပဲ။
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

Comments
ပေါက်ပေါက်
ချစ်သောကိုကိုရေးတဲ့သူကြီးကလည်း အရေးကောင်းသမို့ ဘာမှ ပြောစရာမရှိပါဘူးးP
သတ်စရာရှိတာ သတ်ကြပါ
မောင်ကိုကို
ဖိုးစိန်နှိပ်စက်တာ ခံရလို့ သနားသွားပြီ။ :P
ဦးဘို ၃၆ မွေးနေ့မှသည် ... သက်ဆုံးတိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေ။
ကြိတ်လုပ်တယ်....
ရောက်လာမဲ့ မွေးနေ့အတွက် စသိခင်မင်ခဲ့ရတဲ့ နေ့မှာ အမှတ်တရ ပို့စ်ရေးတင်ပေးတာ အတိုင်းမသိ ကျေးဇူးတင် ဝမ်းမြောက်ကြည်နူးရကြောင်းပါ...
မေ့ထားချင်တဲ့ အသက်ကို ဖော်ကောင်လုပ်သွားတာရယ်... စိတ်ညစ်နေတဲ့ မျောက်ငိုကို... ပျော်စေချင်လို့ ပြောင်ပြထားတဲ့ ပုံတွေကို တင်ထားတာရယ် ကိုတော့ တင်းတယ်ကွာ..... :-)
(ရှက်တာဗျာ).....
:-))))))))
ကိုကို့ဘဝမှာ မိသားစုနဲ့ ဒီမောင်နှမလေးတွေရယ်..
ရှိတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ချို့ရယ်.. ဒါတွေဟာ.. ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ အဖွား (အဲလေ) ရတနာတွေပဲလေ...
မပြည့်စုံပေမဲ့...... ကျေနပ်ဖို့ကောင်းတဲ့ ဘဝလေးထဲမှာ... နေပျော်ပါတယ်...
အင်း.....
မွေးနေ့ မရောက်ခင်ကတည်းက ဒီပို့စ် ဖတ်ပြီး ပြည့်စုံသွားပြီ...
တခြား..ဘာလက်ဆောင်မှ....လိုတော့ဘူး......
(အဲဒီတော့ မွေးနေ့ရောက်ရင် ဘာ ကျွေးတော့ဘူးနော) ဟဲဟဲ.......
မျောက်ငို အရေးကောင်းတာနဲ့ ကိုယ့်ဘာသာတောင် သနားချင်ချင် ဖြစ်သွားတယ်....
ဆိုးချင် ဗိုလ်ကျချင်လို့ အော်တာ ငေါက်တာ မဟုတ်ပဲ ကောင်းစေ၊ တော်စေချင်လွန်းတဲ့ စေတနာနဲ့ ဆူတာ ငေါက်တာ သိထားလို့လဲ စိတ်မဆိုးတတ်တာပေါ့ဗျာ..
မဟုတ်.. ကျနော်စနေသား ဆိုးတာတွေ ပုန်ကန်တတ်တာတွေ ရေးစရာ တပုံကြီး ဖြစ်နေမှာ....
"ကိုကို ဘာလုပ်မိလို့လဲ၊ ဘာအလွဲတွေ လုပ်မိပြန်ပြီလဲ"
:-)))))
မွေးနေ့အမှတ်တရ ဘာရေးမပေးဘူးနော် လို့ ပြောထားပြီး ဒီ ပို့စ်လေး မြင်ရတော့ .. ပျော်လွန်းပြီး.. ဘာဆက်ပြောရမယ် မသိတော့ဘူးးး....
မျောက်ငိုရဲ့ မောင်ချစ်တဲ့ ချစ်ချစ် (မက်မက်) ဆီက အာဘွားတစ်သိန်းပဲ အငှားတောင်းပေးလိုက်မယ်ဗျာ...
(((((အာဘွား)))))) အမြှောက် တစ်သိန်း
းးးးးးး)))))))))
မျောက်ငိုကို
ချစ်တဲ့
ကိုကို (ကိုမောင်ဟန်)
းးးးးး))))))))
ပြုံးမိနေတဲ့ ဒီ ပါးစပ်ကြီးက ပိတ်လို့ မရတော့ဘူးးးး...... ဟဟဟဟ
းးးးးး))))))))
ချစ်သော ကိုကို
မွေးနေ့ မှ စ ကိုကို့ လိုအင် ဆန္ဒတွေ အားလုံးပြည့်စုံပြီး စိန် ရဲ့ အော်ငေါက် သံလေးတွေ နဲ့ အမြဲ သာယာ အဆင်ပြေ နေနိုင်ပါစေ၊ မိန်းမ လှလှ ချောချော သဘောကောင်း ညီမတွေ နဲ့ အဆင်ပြေမဲ့ သူနဲ့ တွေ့ပါစေ၊
ညလေးးးးးးးးးးးး
:P
မွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး အောင်မြင်ပျော်ရွှင်ပါစေ...
ခင်မင်စွာဖြင့်
သီဟသစ်
မွေးနေ့အကြိုဆုတောင်းပေးပါတယ်ဗျို့
All the best :)
ခင်မင်တဲ့
ညီညီထွေး (ဂျပန်ကောင်လေး)
ကိုဘို့ဘ၀ ပျော်ရွှင်ချမ်းမြေ့ပါစေ...
Happy Birthday, Ko Bo.
အင်္ဂါနေ့ မအားမှာစိုးလို့ ကြိုလုပ်သွားတယ်။
မွေးနေ့မှစ ပျော်ရွှင်ချမ်းမြေ့ပြီး ငြိမ်းချမ်းသာယာပါစေ။ ကိုဘိုချစ်တဲ့ မိသားစုနဲ့လည်း အမြန်ဆုံး ပျော်ရွှင်စွာ ဆုံတွေ့နိုင်ပါစေ...
နွေးနေခြည်
( ရေးထားလိုက်တာ ကြက်သီးတောင်ထတယ်(ရူးပေါက်ချင်လို့) ခွီးခွီးး)
း))
မင်းလောက်ကိုယ့်ကို ဘယ်သူမှမကောင်းဘူး ၊ မင်းတစ်ယောက်ထဲသာ ကိုယ့်အတွက် အကောင်းနိုင်ဆုံး..ရှာမနေတော့ဘူး။ မင်းလောက်ကောင်းမယ့်သူရှိတော့မှာမဟုတ်ဘူး။
ကိုဘိုလောက်ကောင်းတဲ့သူရှိတော့မှာ မဟုတ်ဘူး။
ု
အဟဲ..သီချင်းလေးလိုမျိုးပေါ့
အူးအူးဖွတ်ချိန်ရေ....ကိုဘိုက ဒုတိယဖခင်ဆိုလဲ မမှားပါဘူးနော်...... လေးစားသင့်၊ချစ်ခင်သင့်၊ကြင်နာသင့်ပါတယ်။
(နာ့တိုတိုကိုရဲပေါ်အောင်ထားနော်) ... :P
(မွေးနေ့ရှင် အုပိုပိုမှောင်ဟတ်... ကျမ်းမာချမ်းသာပြီး အရာအားလုံး အဆင်ပြေပါစေ။ယနေ့မှစပြီး
အဆိုးအညံ့တွေပျောက်
အကောင်းတကာ့အကောင်းဆုံးတွေ
ကောင်းခြင်းတွေကျရောက်ပါစေ...း)
ကိုဖိုးစိန်ကြီး လဲ ဆက်လက် အော် နိုင်ပါစေ...
သာယာချမ်းမြေ့ပါစေနော်
မိုး
ps (မိုး အစစ်)
ဆန္ဒတွေ ပြီးပြည့်စုံပါစေ .. နောက် နှစ်ပေါင်းများစွာ ချစ်သူ ခင်သူတွေနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေ ..
ဘတ်ဒေးအာဝါးးးး (ဒါလည်း အကြို :P)
ကိုဘိုတော့ နွေးပြောသလိုဘဲ အရမ်းခင်တယ်..အကိုအရင်းတစ်ယောက်လိုဘဲ...
မိုက်သကွာာ...
ကိုဘိုနဲ့ ကိုကြီးစိန်.. အသက်ထက်ဆုံး ဒီလိုပဲ အမြဲ နေနိုင်ပါစေ...း)
သနားပါတယ်ဟယ်... ငါ့အတွက်ပါ ပိုအော်ပေးစမ်းပါ...