Sunday, 30 May 2010

မိသားစုဆိုတာ

မိသားစု ဆိုတာ.....


မောင်နှမ ဆိုတာ....


ဆွေမျိုးသားချင်း ဆိုတာ....


အဆင်ပြေ ချစ်ခင်နေကြတုန်း ဆိုရင်လေ....။


............................................................

မိသားစု ..... ဆိုတာ..

မောင်နှမ..... ဆိုတာ..

ဆွေမျိုးသားချင်း.... ဆိုတာ..

အဆင်မပြေတုန်း ခဏ ဆိုရင်လေ.....။


...........................................................


ဖေဖေက ပြောတယ်။ မိန်းမကို ဘယ်လောက်ပဲ မြတ်နိုး ချစ်ချစ်။ သားသမီးကို ဘယ်လောက် တွယ်တာ ချစ်ချစ်။ ကိုယ်ပိုင်စီးပွားရေး အတွက် ဘယ်လောက်ကြိုးစား ကြိုးစား။ ကိုယ်နေတဲ့ မိသားစု ကြီး နွေးထွေး ချစ်ခင်အောင် ဘယ်လောက်ပဲ သံယောဇဉ်တွေနဲ့ ဆောက်တည် ထားထား...။ အိမ်မှာ ဇွန်းတချောင်း ကျပျောက်သွားတာ ကိုတော့ အရေးလုပ်ပြီး တာဝန်မယူနိုင်ပါဘူးတဲ့။ ဇွန်းပျောက်သွားတဲ့ အတွက် အဖေ့ကို အရေးလုပ်ပြီး မတိုင်ကြပါနဲ့။ အဖေ့တာဝန်မကင်းဘူးလို့ မညည်းညူကြပါနဲ့တဲ့။ အဲသလို ညည်းညူ ပြစ်တင်မိလို့ အဖေ ဒေါသများထွက်ခဲ့ရင်.................


အဖေပြောတာကို စဉ်းစားမိလိုက်တယ်။ တွေးမိလိုက်တယ်။ ကျနော့်တို့ မောင်နှမ သုံးယောက် တွေးပုံခြင်း ကတော့ မတူညီခဲ့ပါဘူး။ ခုလဲအတွေး တခု ရသွားလို့။


ချစ်ခင်လေးစားစွာဖြင့်


ဖိုးစိန်

12 comments:

သိင်္ဂါကျော် said...

မိသားစု ဆိုတာ အဆင်မပြေလည်း ခဏပါပဲလေ..

Zay Tar Yar said...

ဟုတ်တယ်ကိုဖိုးစိန်

Anonymous said...

ဖုန်း ပျောက် သွားတယ် ဖေစိန်...:P ရှုးးးမီးးးလားးးး

ဘာမှ တွေးမနေနဲ့ အိပ်တော့....

မိုးခါး said...

ဘာအတွေးရလို့ ဒီပို့စ် ဖြစ်တာလဲ .. :D
ညီမကတော့ ဇွန်းပျောက်ရင် အပြစ်မတင်ပါဘူး
ကိုယ့်ဟာကိုယ် တချောင်းထပ်ဝယ်လိုက်တော့မယ် .. :D
ဘတ်ဂျက်သာ ချပေးဘာာာ :P

မေလေး said...

ဇွန်းပျောက်တာများကွယ်
လက်နဲ့စားလို့ပြောလိုက်
အလုပ်တွေကလောက်များတာ
ဒါလောက်ကလေးလာပြောမနေနဲ့လို့ :P

ရေတမာ said...

အရေးကြုံလာရင်တော့ အသက်ပေးမှာပေါ့

noblemoe said...

အဓိကနဲ့ သာမည
းp
သာယာချမ်းမြေ့ပါစေနော်
မိုး
ူps: အလှူပွဲမှာ ဇွန်းပျောက်သွားပုံရတယ်းp

Thetmar said...

အလှူမလာဖြစ်တဲ့အတွက်တောင်းပန်ပါသည် ကိုဖိုးစိန်။
တွေ့ ချင်လွန်းပါသည် ထိုမောင်နှမလူစုံတက်စုံကို။ နောက်တစ်ကြိမ်............................ကြိုးစားပါမည်။

TnT said...

သာဓုဗျာ သာဓု။ အရောင်မတူတာတွေကပဲ အမြင်ကို ဆန်းစေတာ မဟုတ်လား။

Mogok Thar said...

(ကြည့်သောသူ မြင်၏)

မောင်မျိုး said...

ကိုစိန် ခုတည်းက မိန်းမ ယူဖို့ ဇွန်းတွေစုနေတာလားမှမသိတား) စတာနော် ဟဲဟဲ

Angel Shaper said...

တွေးစရာလေးပဲ။
မိသားစုတဲ့လား။ တကယ်တော့ မခေါ်ချင်တောင် မတော်လို့မရဘူးလေ။