တလအတွင်း ဘလော့ဂါ သတင်းစဉ်

ကျမ်းမာတော် မူစပါစခင်ဗျာ..

ယနေ့ မြန်မာသက္ကရာဇ် (၁၃၇၂)ခု ပထမဝါဆိုလဆုတ် (၂)ရက် ၊ (၂၀၁၀) ခု ဇွန် (၂၈)ရက်၊တနလာင်္နေ့ မနက်ခင်း ဘလောဂါ အတင်း (သည်းခံပါခင်ဗျာ) များကို စတင် …. ကြေငြာပါတော့မည်ခင်ဗျာ..။

သတင်းခေါင်းစဉ်

  • တနင်္ဂနွေနံနှင့်စသော နာမည်ကြီး ဘလောဂါ ကဗျာဆရာမ အိမ်အပြောင်းအရွေ့ပြုခြင်း..
  • ဗုဒ္ဒဟူး နံနှင့်စသော နာမည်ကြီးဘလောဂါ အကို စကာင်္ပူသို့ ပြန်လည်ရောက်ရှိလာမည့် သတင်း..
  • ဘရက်ဒယ် မိသားစုဝင်များ တပတ်အတွင်း အိမ်သော့ခတ်ထားခဲ့ရခြင်း …


သတင်းစုံလင်မှာ..


ပြီးခဲ့သော စနေနေ့တွင် တနင်္ဂနွေ နံနှင့်စသော နာမည်ကြီး ကဗျာဆရာမက ဗေဒင်၊နက္ခတ်များအရ အပြောင်းအရွေ့ ပြုလျှင်ကြီးပွားတိုးတက်ပြီး နာမည်ကျော်ကြားမည်ဟု ဗေဒင်ဆရာဟောကြားကြောင့် နေ့သင့်၊ နံသင့် အချိန်သင့်သော ညနေနေမဝင်မှီ အချိန်တွင် အိမ်အပြောင်းအရွေ့များပြုလုပ်ခဲ့ပါသည်။ တိကျသေချာသော ဗေဒင်အလိုအရ မိန်းခလေး တစ်ဦးနှင့် ယောကျားလေး နှစ်ဦး(အပျို၊လူပျိုများသာ ဖြစ်ရမည်) ဆိုသဖြင့် နာမည်ကြီး ဘလော့ဂါ သုံးဦး အိမ်ဝိုင်းပြောင်းပေးခဲ့ကြပါသည်။ ထို့အတွက် ကဗျာဆရာမမှ စတင်းပုတ်ဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ကြောင်းကို အိမ်ရှင်များကို အားမနာတမ်း အကြိမ်တစ်ထောင်မက ကိုယ်တိုင်ကြွားဝါ ပြောခဲ့ပါသည်။ နာမည်ကြီးသည်နှင့် အညီ အိမ်ပြောင်းမည် ဆိုသည့်အကြောင်းကို မည်သူ မည်ဝါမှ မသိလိုသဖြင့် တိုးတိုး တိတ်တိတ် ပြုလုပ်ခဲ့သော်လည်း ည (၁၁)နာရီ နောက်ပိုင်းတွင် ကဗျာ ဆရာမ အိမ်ပြောင်းရာ အခန်းသို့ ပရိတ်သတ်များ အုံ့အုံ့ကြွက်ကြွက် ပျားပန်းခတ်မျှ ရောက်လာခဲ့ပါသည်။ ရောက်လာသော ပရိတ်သတ်များမှာ ကြပိုးများဖြစ်ပြီး ကဗျာဆရာမမှ မေတ္တာပို့ .. သတ် (သည်းခံပါခင်ဗျာ) မေတ္တာပို့သ နေရကြောင်းကို သတင်းရရှိပါသည်ခင်ဗျာ…။

ဘလော့လောကတွင် မအိမ်ကံကို ကန်ထရိုက်ယူပြီး ဘလောဂါများကို အင်တာဗြူးခြင်းဖြင့် ပိုစ့်များစွာ ဖန်တီးနေသော ဗုဒ္ဒဟူးနံနှင့်စသော နံမည်သုံးလုံး နာမည်ကြီးဘလော့ဂါ သည် အင်ဒိုနီးရှားနိုင်ငံတွင်း နှစ်လအတွင်း သတင်းများကို ရယူပြီး သကာလ ဇွန်လ နောက်ဆုံးပတ်အတွင်း စကာင်္ပူနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း၊ ပြန်ရောက်ပြီးသည်နှင့် ကန်ထရိုက်ယူထားသော မအိမ်ကံကို ပြန်လည် တင်ဆက်မည့်အကြောင်း၊ ဘလော့ဂါများနှင့် အင်တာဗြူးခြင်းကိုလည်းအကြံအဖန် ပြန်လုပ်မည်ဖြစ်ကြောင်း၊ အင်ဒိုင်္နီးရှားရောက် လူပျိုတစ်ယောက်၏ အတွေ့အကြုံများကိုလည်း ကြုံသလို ရေးသားသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်၊ အတင်းချခွင့် မူပိုင်ရထားသူ တစ်ဦးမှ ဘရယ်ဒယ် သတင်းငှာနသို့ ပြောကြားသွားကြောင်း သတင်းရရှိပါသည်ခင်ဗျာ…။


ဘလော့လောကတွင် ရက်အတန်ကြာ ဘလော့ပိတ်ပြီး ကိုယ်ယောင်ဖျောက်သွားသော ဗုဒ္ဒဟူးနံနှင့်စပြီး အင်္ဂလိပ်အက္ခရာ များဖြင့် ဆုံးသော မိန်းခလေးပရိတ်သတ်များသည့် ဘလော့ဂါ အကိုကြီးတစ်ယောက် ရုတ်တရက် စာပြန်ရေး၊ ဘလော့ပြန်ဖွင့်ခြင်းအပေါ် ဘလော့ဝေဖန်ရေးသုသေတီများက စိတ်ဝင်တစား ရှိနေကြောင်း သတင်းရရှိပါသည်။ ရုတ်တရက် ပြန်ပေါ်လာပြီး စာများရေးသားနေခြင်းအပေါ် သဘောကျလှသော်လည်း ပိုစ့်များ နေ့စဉ်လိုလို တက်နေခြင်းအပေါ် သကာင်္မကင်း ဖြစ်နေပါသည်။ အကြောင်းမှာ ရေးသားထားသော ပိုစ့်များ ကုန်ပြီးသကာလ ဘယ်နေ့ ဘယ်အချိန်အတွင်း ဘလော့ပြန်ပိတ်ပြီး ပိုစ့်များ ဖျက်ပစ်မည်ကို စိုးရိမ်နေသော ဘလော့စာဖတ်သူအများအပြား ရှိနေသည့်အတွက် ထိုသံသယကိုရှင်းရန် ဘလော့ဂါအကိုကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး ဘလော့ မပိတ်တော့ပါဘူး ကတိကဝတ် တောင်းလိုသူများ ရှိကြောင်းကို ဘလော့ဝေဖန်ရေး သုသေတီများမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ အကြံပေး ပြောကြားသွားကြောင်း သတင်းရရှိပါသည်ခင်ဗျာ…။


မိန်းမကြောက်ရသဖြင့် (သည်းခံပါခင်ဗျာ) မိန်းမရောက်ရှိနေပါသဖြင့် ဘလော့လောကမှ ခေတ္တ ခဏ အနားယူထားသော သောကြာနံနှင့်စသည့် င်္ခြသေ့နာမည်ခံ ဘလော့ဂါအကိုကြီးမှ မိသားစု ကျန်းကျန်းမာမာရှိကြောင်း၊ မိန်းမပြန်လျှင် စာပြန်ရေးမည်ဖြစ်ကြောင်း နှင့် မိန်းမပြန်ရန် ကြိုးစား အားထုတ်နေကြောင်း (သည်းခံပါခင်ဗျာ) မိန်းမပြန်လျှင် ပိုက်ဆံများများထည့်ပေးနိုင်ရန် ကြိုးစားအားထုတ်နေကြောင်း ဘရက်ဒယ် သတင်းငှာနသို့ ရယ်ရယ်မောမော ပါးရိုက်ပြောသွားကြောင်း သတင်းရရှိပါသည်ခင်ဗျာ...။


အေ တူ ဇက် ပိုစ့်ကို အများနှင့် မတူ တမူ ထူးခြားအောင် ခွင့်တလယူပြီး အပတ်တကုတ် ကြိုးစားအားထုတ်ရေးနေသည့် ကြာသာပတေးနာမ်နှင့်စသော နာမည်ကြီးလူပျိုကြီး ဘလော့ဂါမှ လာမည့်လအတွင်း ခွင့်ရက်စေ့သဖြင့် အလုပ်ပြန်ဝင်ရတော့မည်ဟု သတင်းရရှိပါသည်။ အေ တူဇက်ကို တမူထူးခြားအောင် ရှု့ထောင့်တခုမှ တင်ဆက်မည့် လူပျိုကြီးသည် ခွင့်ရက်စေ့သော်လည်း အေ တူ အီး အထိသာ ပြီးသေးသည့် အကြောင်းကို ဘရက်ဒယ်အတင်းငှာနသို့ မဲ့ကာ ရွဲ့ကာ ရှက်ဖွယ်စွာ ပြောကြားသွားပါသည်။ သို့သော်လည်း ကျေးဇူးတရားကို တန်ဖိုးထားသည် နှင့် အညီ အေတူအီး အထိ ရေးသားနိုင်ခဲ့ခြင်းအပေါ် အင်္ဂလိပ်- မြန်မာ dictionary များ၊ အင်္ဂလိပ် ဝေါဟာရ အထောက်အကူပြု ဝက်ဆိုဒ်များ နှင့်အတူ တိုပါးရိုး ဘုန်ကြီးကျောင်းမှ အေတူဇက်ပိုစ့်အတွက် အကောက်အကူပြု စာအုပ်ငှားပေးသည့် ကပ္ပိယ ကိုတီကိုလဲ ကျေးဇူးအမွှန်းတင် ကြောင်း ကျေးဇူးစကားများ မိုးမွှန်အောင် ပြောကြားသွားခဲ့ကြောင်းကို သတင်းရရှိပါသည်ခင်ဗျား။


ယခုအပတ်အတွင်း စနေတနင်္ဂနွေ လူအမြဲစည်ကားသော ဘရက်ဒယ် အိမ်ကြီး သော့ခတ်ထားခြင်းခံရပါသည်။ အကြောင်းမှာ အားလပ်ရက်တွင်း အချိန်အလဟသ မဖြစ်စေခြင်းအလို့ငှာ စနေသမီး စီးပွားရေးသုတေသီ၊ ရှာဖွေချွေတာစုဆောင်းရေး ပညာရှင် ဘလောဂါ ညီမမှ ဘရက်ဒယ် မိသားစုဝင်အားလုံးအား အပိုဝင်ငွေရရန် ရုံးချိန်လွတ် အလုပ်ကိုယ်စီ ရှာပေးလိုက်ကြောင်း သတင်းရရှိပါသည်။ ဘရယ်ဒယ် မိသားစုဝင် များမှာ နှစ်ယောက်တဖွဲ့ဖြင့် BOONLAY (MRT) နှင့် SENGKANG (MRT) အဝင်အထွက်များတွင် SINGTEL မှ ပေးသော အကျီအနီများကိုဝတ်ပြီး လက်ကမ်းစာစောင်များကို အလှည့်ကျ ကမ်းပြီး စီးပွားရေး သောင်းကျန်နေကြောင်း ၊နောင်အပတ်များတွင်လည်း အလှည့်ကျရာ MRT များတွင် လက်ကမ်းစာစောင်များ ဝေငှသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထိုကြောင့် MRT အနီးတဝိုက်အတွင်း SINGTEL အကျီအနီကို ဝတ်ပြီး လက်ကမ်းစာစောင်များဝေငှ နေလျှင် ဘရက်ဒယ်မိသားစုဝင်များ ဖြစ်ပြီး ထိုစာစောင်များကို အားမနာတမ်း လိုသလောက်လာရောက်တောင်းယူ နိုင်ကြောင်း၊ ဘရက်ဒယ်မိသားစု နှင့်အတူ လာရောက် အလုပ်လုပ်နိုင်ကြောင်း သတင်းတရပ် ရရှိပါသည်ခင်ဗျာ။ ယနေ့တွင်မူ ဘရယ်ဒယ်မိသားစု များအား နာမည်ကြီးဘလော့ဂါများ၊ ဓာတ်ပုံဆရာများမှ လာရောက် အားပေးကြည့်ရှု့ပြီး ဓာတ်ပုံများ ရိုက်ယူသွားကြောင်း၊ အတင်း (သည်းခံပါခင်ဗျာ) သတင်းများကိုပြန်လည်ဝေငှမည်မှာ ယုံကြည်ကြောင်းကိုလည်း ဘရက်ဒယ် မိသားစုတစ်ဦးမှ ပြော ကြားလိုက်ပါသည်။ စက်ရပ်သတင်း အနေနှင့် ဘရက်ဒယ်မိသားစုဝင်များ အလုပ်အကြောင်းပြ ရရှိလာမည့်ငွေကို မျှော်မှန်းပြီး နားဖောက်ခြင်း၊ အိတ်ဝယ်ခြင်း၊ အဝတ်အစားဝယ်ခြင်းများ၊ အသုံးအဆောင် အလှပြင်ပစ္စည်းများဝယ်ယူခြင်း ပြုလုပ်ကြောင်း၊ ပင်ပန်းသည်ဟု အကြောင်းပြပြီး စားသောက်ဆိုင်တွင် အတွေ့အကြုံများကို ဖလှယ်ရင်း တနင့်တပိုး စားသောက်ကြနေသောကြောင့် ချွေတာစုဆောင်းရေး ပညာရှင် ညီမ ဘလောဂါမှ ပရိတ်ရွတ်နေကြောင်းကိုလဲ သတင်းရရှိပါသည်ခင်ဗျား။


ဤတွင် ဘလော့ဂါ အတင်း (သည်းခံပါခင်ဗျာ) သတင်းများကို ကြေငြာလို့ ပြီးပါပြီ။ ကိုယ်စိတ်နှဖြာ ကျမ်းမာ ချမ်းသာတော်မူစပါစေခင်ဗျာ။


မှတ်ချက်

သတင်းကြေငြာချက်ထုတ်ပြန်သူမှာ ကြေငြာသူ အသစ်ဖြစ်သောကြောင့် လုပ်သက် မရင့်ကျက်သေးခြင်းအပေါ် သည်းခံပေးပါရန်နှင့် သည်းခံပါခင်ဗျာဟု တောင်းပန်ခြင်းကို အသာတကြည်လက်ခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပုံ

သတင်းကြေငြာသူနှင့် ကြောငြာချက်ရေးသူ


ချစ်၍ဖဲ့သည်။

ဘလော့ဂါသတင်းများကို ရယူလိုခြင်း၊ ဖြန့်ဝေ အသိပေးလိုခြင်း၊ ဝေမျှခြင်းများရှိပါက ဘရက်ဒယ် သတင်းငှာနသို့ လူကိုယ်တိုင် အစားအသောက်များဝယ်ပြီး အိမ်လာလျှင်ဖြစ်စေ၊ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်တွင် ချိန်းပြီး သတင်းပေးလျှင်ဖြစ်စေ သတင်းများကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါကြောင်း အသိပေးအပ်ပါသည်။

ဆက်သွယ်ရန် လိပ်စာ

BLD GOSSIP & NEWS DEPAREMENT

01 @2345, BLK 005, SINGAPORE

pH. 789-456-123-00

MAIL- bldgossip@gmail.com

www.bldgossip.com



ချစ်ခင်လေးစားစွာဖြင့်



ဖိုးစိန်










Comments

khin oo may said…
မှန်းမှန်းပြီးဖတ်သွားတယ်။
တော်တော်စဉ်းစားယူရတယ်ဗျာ...
အပြောအဆိုကတော့...မြန်မာနိုင်ငံကသီတင်းကြေငြာသူ
ကျနေတာပဲ...ဟားဟား..
အရေးအသားကတော့သဘောကျပြီးသားပဲ...
ရင်တထိတ်ထိတ်နဲ့တော့ဖတ်ရတယ်...
ဘယ်တော့များငါ့ကိုချစ်တော့မလဲလို့...ခွိခွိ..
ကိုဖိုးစိန်ကချစ်ရင်ဖဲ့တယ်လေ....
နောက်မှတွေ့မယ်...
မနည်းကိုစဉ်းစားပြီးဖတ်ရတယ်။ :) ဒါတောင်အားလုံးသိဘူးးးးး
ပေါက်ပေါက် said…
သည်းခံပြီးဖတ်သွားသည်းP
မမ said…
ဆိုး ပ..
:)))

ပြောတတ်လိုက်တဲ့ အတင်းတွေ...
တင်းပုတ်နဲ့ လိုက်ထုခံနေရမယ်..

ခင်မင်တဲ့
နေ၀သန်
အားလုံးကို သိတယ်။း)
Anonymous said…
သတင်းစုံလင်မှာ ...... :P

မိုးခါး
Anonymous said…
မျောက်ဘွဲ့ ခံယူထားသော သတင်းကြေငြာသူမှာ...

လက်ကမ်းစာစောင်များ ဝေရခြင်းကို အကြောင်းပြလျက်...

ကော်ဖီဝယ်ပေး...
မုန့်ဝယ်ကျွေး...
ရေခဲမုန့်စားချင်တယ်...
အအေး သောက်ချင်တယ်...
အဝတ်အစား အသစ်လိုချင်တယ်...ဟု.. တဂျီဂျီပူဆာနေကြောင်း

လိုချင်တာ မဝယ်ပေးလျှင် နှုတ်ခမ်းတစ်တောင်လောက် ရှေ့သို့ ချွန်ထွက် စိတ်ကောက်နေကြောင်းကိုလဲ......

လက်ကမ်းစာစောင်ဝေငှရာ နေရာသို့ လာရောက်စပ်စုအားပေးကြသော ဘလော့ဂါများ မြင်တွေ့ခဲ့ရကြောင်းကိုလည်း သတင်းရရှိခဲ့ပါသည်။

ပုံ
AE


ချစ်၍ဖဲ့သည်။
ကိုရီနို ပြန်လာတော့မယ်ဆိုလို့ ဝမ်းသာပါကြောင်း...

ကိုသီဟသစ်တို့ မိသားစုလဲ ကျန်းမာချမ်းသာ၍ မိန်းမပြန်လျင် ပိုက်ပိုက် များများ ထည့်ပေးလိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါကြောင်း

SingTel အင်္ကျီ အနီဝတ်တဲ့ လူတွေတွေ့ရင် ဝေါင်ဝေါင်ရှေးရမယ်ဟု နားလည်လိုက်ပါကြောင်း (မဟုတ်ရင် လက်ထဲရှိသမျှ ကြော်ငြာစာရွက်အားလုံးကို အမြန်ကုန်အောင် ပေးလိုက်မှာဆိုးရကြောင်း) စတင်းဘုတ်ဝယ်ကြွေးပါမယ်လို့ ဂတိပေးရင်တော့ ၁ မိနစ်ခြားတခါ စာရွက်ဝေတဲ့ အရှေ့က ဖြတ်လျောက်ပြီး စာရွက်များ အမြန်ကုန်အောင် ယူပေးမည်ဟုပြောချင်ကြောင်း SingTel အင်္ကျီဝတ် ဘလော့ဂါများကို ပြောပေးစေလိုကြောင်း...

ကိုဘိုဘို အလုပ်ပြန်ဆင်းရတော့မှာကိုလဲ ဝမ်းသာကြောင်း

ကျန်လူများ အားလုံးကိုလဲ သတိရကြောင်း

နာမယ်ထည့်မရေးတာကလဲ ကျန်တဲ့ အတင်း... သတင်းများကို မသိတော့ကြောင်း

ခင်မင်စွာဖြင့်

ပူးတေ
အိန္ဒြာ said…
အပေါ်က အနော်နီးမတ် မိုးကုတ်သား ပြောတာ ထောက်ခံပါတယ်.
ထောက်ခံပါတယ်.။

ဘောင်းဘီကတောင်းကျိုက်ပြီး
ဖုန်မှုန့်တွေကြားမှာ
မုန့်ဟင်းခါးစားနေကြမှာလည်း မြင်ယောင်ပါတယ်..

ဒါ့ထက် ဒီကဗျာဆရာမက ဘယ်သူပါလိမ့်..

စတင်းဘုတ်ကိုကျွေးပစ်တာနော်..
သဒ္ဒါတရားတော်တော်ကောင်းတယ်..
စိတ်ကောင်းတော်တော်ရှိတာပဲ..
Zephyr said…
Nice post!!!

:)

Next Time , Inform to me.

I will take 100 times..


:)
Ree Noe Mann said…
အတင်း ( အဲ့ မှားလို့ ) သတင်းကလည်း
မြန်လိုက်တာ. စက်သေနက် ပစ်သလိုပဲ

Popular Posts