ကင်းမြီးကောက်ပုံပြင်

လူတေယာက္က ရေထဲမှာ အကူအညီမဲ့ျပီး ရေနစ်တော့မယ့် ကင်းမြီးကောက်ကို တွေတော့ ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အနီးအနားမွာ ရေထဲ ထိုးပြီးအကူအညီရနိုင်မယ့် တုတ်ချောင်းလေး တချောင်းမှ မတွေ့တော့ လက်လေးထိုးပေးပြီး လှမ်းတက်လာလို့ ကင်းမြီးကောက် လှမ်းတက်လာလို့ ရအောင် လမ်းခင်းပေးတော့ ကင်းမြှီးကောက်က ကိုက်ပါလေရောတဲ့.။ ဒါပေမယ့် အဲဒီလူက ကင်းမြီးကောက် ရေထဲကနေ လွှတ်မြောက်ဖို့ ဆက်ကယ်ပေမယ့် ကင်းမြီးကောက်က လက်ထိုးပေးတိုင်း လှမ်း ကိုက်တယ်။


ဘေးကက ဖြတ်သွား ဖြတ်လာ သူတွေက ဒီလောက်တောင် ပြန်ကိုက်နေတာ မကယ်ပဲ ထားလိုက်ဖို့ ပြောကြတယ်။ အဲ့အခါမွာ အဲလူကြီးက ကင်းမြီးကောက် ရဲ ့ သဘာ၀က ကိုက်တတ်တဲ့ သဘောရှိတယ်။ လူဆိုတာက သနားကြင်နာတတ်တဲ့ စိတ်နဲ့ ကယ်တင်ချင်တဲ့စိတ်ရှိတယ်။ ဘာကြောင့် ငါတို့ ဆီမွာ ရွိတဲ့ စိတ္ဓာတ္ကို ဒီလို ကိုက်တတ်တဲ့သဘာ၀ ရွိတဲ့ ကင်းမြီးကောက်ကြောင့် ကယ်တင်ချင်တဲ့စိတ်ကို ရပ်လိုက်ရမှာလဲ တဲ့..။


တခါတရံမွာ လူတွေက တျခားသူ တယောက်ကြောင့် စိတ်နာကျင်တာ ခံစားရတယ်။ ဒါလို နာကျင်ခဲ့ရလို့လဲ ပြန်ပြီးကိုယ့်လို ပြန်ခံစားစေချင်တဲ့ စိတ် ရှိတတ်ကြတယ်။ ဘာလို့လဲ ဆိုတော့ တခြားသူကြောင့် ငါတို့ ဘယ္လို ခံစားခဲ့ရလဲ ဆိုတာ ပြန်ပြီးကိုယ်ချင်းစာတတ်စေချင်တဲ့စိတ် ကိန်းအောင်နေလို့။ ဒီလိုနဲ့ ဟိုလူက ဒီလူ့ကို ပြန်ခံစားစေချင်လိုက်၊ ဒီလူက ကလဲ့စားချေလိုက်နဲ့ သံသရာကို လည်ပြီး ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ အရှိန်တွေ တဖြေးဖြေး မြှင့်လာ ပေါက်ကွဲရတော့တာပဲ။


ဘ၀ မွာ တယောက်နဲ့ တယောက် ကောင်းမွန်တဲ့ ခင်မင်မှု ရချင်တယ်ဆိုရင် ကိုယ့်ပင်ကိုယ် ချစ်တတ်တဲ့ သဘော၀အတိုင်း မွန္ကန္စြာ ချစ်တတ်ဖို့နဲ့ ကိုယ့်ချစ်နေတာကို ဘာအကြောင်းနဲ့မှ အရှုံးမပေးလိုက်ဖို့ပဲ။


ဒါပေမယ့် ရလာဒ္ကေတာ့ နှစ်မျိုးတော့။ ကိုယ့်က ချစ်ခင်မှုတွေ ကြင်နာမှုတွေ ပဲ စေတနာသန့် သန့်ထားတော့ တဖက္လူက ကိုယ့်ကို တဖြည်းဖြည်းချင်း ပိုနားလည်လာသလိုပဲ နောက်ရလာဒ်ကတော့ ကင်းမြှီးကောက် လို ကိုယ့်စိတ်ဘယ်လို ထားထား ကိုက်တတ်တဲ့သဘာ၀အတိုင်း ကိုယ့်ကို ပြန်ကိုက်နေမှာပဲ။ ကင်းမြီးကောက် ကိုက်လို့ ပြန်ရိုက်သတ်ဖို့ ကြိုးစားနေသ၍တော့ ကိုယ့်မှာ ချစ်တတ်တဲ့စိတ်မရှိနေသေးလို့ပဲမှတ်လိုက်ပါ့.။


ကိုယ်တော့ ကင်းမြီးကောက်....


ချစ်ခင်လေးစားစွာ


ဖိုးစိန်

Comments

mstint said…
မတူညီနိုင်တဲ့ တွေးခေါ်မှုလေးတွေကြောင့် ခံယူချက်ခြင်း ကွာခြားတဲ့တိုင် တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးရင်း စစ်မှန်တဲ့ မေတ္တာကိုလက်ကိုင်ထားရင် အဆင်ပြေကြမယ်လို့ ယုံကြည်မိတယ် ဖိုးစိန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
ကင်းမြီးကောက်ကအမြီးနဲ့ထိုးတာ...
နာတယ်....
သူ့ကိုကယ်ချင်ရင် တုတ်နဲ့လှမ်းဆယ်မှရမယ်..
တစ်ခါတစ်လေ ကိုယ့်စိတ်ရင်းနဲ့ကယ်တင်ခြင်းတိုင်း အခြေနေအပေါ်မူတည်ပီး တွေးခေါ်မှန်ကန်မှုနဲ့ ထိရောက်တဲ့လမ်းကိုအသုံးပြုမှ ကယ်တင်ရာရောက်မယ် လို့ ကျွန်မအမြင်လေးပြောပါရစေ။ ပြန်ကိုက်နေတိုင်း ကိုယ်က အကိုက်ခံနေရင်း နဲ့ သံသရာလည်နေမယ့်အစား ထိရောက်မယ့်နည်းလမ်း တစ်ခုနဲ့ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ကျိုးစားသင့် တယ်..ကူညီရာလဲရောက်သလို ကိုယ့်အတွက်လဲ အချိန်အလဟသမကုန်တော့ဘူးပေါ့...
ဝင်ဆွေးနွေးတာ..း))))
ခနွဲ said…
အတွေးအခေါ်တော့ ကြိုက်တယ်ဗျာ....
လေးစားစွာဖြင့်
ခနွဲ (မြင်းခြံ)
ကင်းမြှီးကောက်ကနေ ရလိုက်တဲ့ အတွေးစလေး ထင်ပါရဲ့။ ဖတ်ပြီး တွေးချင်စရာ...။
ညီမကတော့ ကင်းမြီးဖြောင့် :P

Popular Posts