အရောင်းစင်တာ နှင့် သူ၏မာယာများ
နိုင်ငံတနိုင်ငံရဲ့ အရောင်းပြခန်းတွေ၊ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာ ဈေး၀ယ်ထွက်ရင် ကိုယ်ဖြုန်းချင်တဲ့ ငွေကြေးပမာဏကို တိုင်းတာပြီး ၀ယ်ယူသုံးစွဲလို့ရတယ်။ မော်တော်ကား က အစ ပင်အပ်အဆုံး ရောင်းသူရမဲဲ့ အျမတ္တန္ဖိုးကို တွက်ဆက်ချက်ပြီး ဈေးနှုန်းတွေကို ကပ်ထားတတ်ကြတယ်။ ဈေးနှုန်းမကပ်တာဆိုလို့ နိုင်ငံခြားသားတွေ ကို ဆွဲဆောင်ရောင်းရတဲ့ လမ်းဘေးရောင်း အမွတ္တရ ပစ္စည်းတွေက လွဲလို့ ကျန်တဲ့ အရောင်းပစ္စည်းတွေမှာ ဈေးနှုန်းကပ်ထားလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ ဈေးနှုန်းကပ်ဈေးမဟုတ်ပါဘူး။ ပါးစပ်ဈေးနဲ့ လူကြည့်ပြီး တည့်သလို ရောင်းနေကြတာပါ။ 
မြန်မာပြည် ပြန်ရောက်တော့ ဖလက်တီဗွီ တလုံး၀ယ်ချင်လို့ ရန္ကုန္က အရောင်းစင်တာတွေ ဆီသွားပါတယ်။ ဒီလို လျှပ်စစ်ပစ္စည်းတွေနဲ့ မရင်းနှီးတဲ့ ကျနော်က အရောင်းပြခန်းရောက်တော့ အမျိုးအစားနဲ့ အပ်တူဒိတ်တွေရဲ့ ဈေးနှုန်းကွာဟမှု တွေကို မေးပါတယ်။ ရောင်းတဲ့ သူတွေက ပါးစပ်လေးနဲ့ အလျင်အမြန်ရှင်းပြ ပေးမယ့် ကျနော် နားမလည်ပါဘူး။ ကျနော် မေးတဲ့ မေးခွန်းတွေကိုလဲ စိတ်ရှည်လက်ရှည်နဲ့ မဖြေချင်သလို ကျနော် မေးတာတွေကိုလဲ သူတို့ မသိကြပါဘူး။ ဒါတောင် အရောင်းမန်နေဂျာ နဲ့တွေ့တာပါ။ ဒါနဲ့ သူငယ်ချင်းတယောက်ကို ခေါ်ပြီးဘယ်အမျိုးအစားက ကောင်းတယ် ဆိုတာ လှမ်းမေးရပါတယ်။ သူငယ်ချင်းပြောတော့မှ အဲဆိုင်မှာ ပစ္စည်းအမျိုးအစားနဲ့ မော်ဒယ်နံပတ်ပြ ပြီးတော့ ဈေးမေးပါတယ်။ မန်နေဂျာကိုယ်တိုင် ကျနော့်ကို ကြည့်ပြီး ဈေးကို တင်လိုက်ပါတယ်။ ကျနော် ပထမဆိုင်ကနေလှည့်ထွက်ခဲ့တယ်။ 
ဒုတိယဆိုင်ရောက်တော့ ကျနော် ပစ္စည်းအမျိုးအစားတွေကို ထပ်မေး မေနေတာ့ပဲ ဆိုင်တပတ် လှည့်ကြည့်ပြီး ဈေးနှုန်းများ ကပ်ထားမလားလို့ရှာမိပါတယ်။မတွေ့ပါဘူး။ ဒါနဲ့ အကို ဘာကူညီရမလဲလို့ မေးလာတဲ့ ရောင်းသူကို ကျနော်ဒီပစ္စည်းလိုချင်ပါတယ်လို့ မော်ဒယ်နံပတ် ပြလိုက်တော့ မန်နေဂျာ ထိုင်တဲ့ ကောင်တာဆီခေါ်သွားပါတယ်။ မန်နေဂျာက ကျနော့်ကို အကိုဘယ်လောက် ပေးချင်လဲမေးတော့ ကျနော်က တစ်ကျပ် လို့ ဖြေတာကို မန်နေဂျာက ခင်ဗျားနောက်မနေနဲ့.. ခင်ဗျားမှာ ရှိတဲ့ပိုက်ဆံနဲ့ ညှိပြီး စေတနာနဲ့ ရောင်းပေးမလို့ လို့ ပြောပါတယ်။ ဝါးလုံးကွဲ ရယ်ချင်တဲ့စိတ်ကို မျိုသိပ်ပြီး ခပ်တည်တည်နဲ့ ခင်ဗျားတို့ရောင်းနိုင်တဲ့ ဈေးပြောပါ လို့ပြောတော့ ပထမဆိုင်ထက် သောင်းဂဏန်း ကွာပြီး ဈေး ပြောပါတယ်။ ဈေးစကားမဆုံးဘူး ကျနော်လှည့်ထွက်တော့ အေနာက္ကေန မန်နေဂျာက သူ့အရောင်းသမားတွေကို ပြောတာက အစကတည်းက ရုပ်ကြည့်ပြီး မ၀ယ်နိုင်ဘူး ဆိုတာ သိပြီးသားမို့ တမင်ဈေးပြော လိုက္တာ ဆိုတဲ့ အသံကို ကြားဖြစ်အောင် ကြားလိုက်တော့ ကျနော် ပြန်လည့်ပြီး အိတ်ထဲက ပိုက်ဆံထုတ်တွေကို ထုတ်ပြပြီး ကြွားဖြစ်အောင် ကြွားလိုက်မိသေးတယ်။ 
မထူးပါဘူး ဆိုပြီး ပန်းဆိုးတန်းထဲက ဆိုနီ အရောင်းပြခန်းကို သွားတော့ အကို ဘာယူမလဲ..၀င်ကြည့်သွားလို့ရတယ်နော်. ပစ္စည်းမှန် ဈေးမှန်တယ် ဆိုတဲ့ ခေါ်သံတွေက ထိုင်ရာ က မထပဲ အိပ်ငိုက်သံတွေနဲ့ ခေါ်နေတာပါပဲ။ ဆိုင်ထဲ ၀င်သွားရင်တော့ ယင်တွေလို အုံလာပြီး ၀ယ်တဲ့သူ အေးဆေး လှည့်ပတ်ကြည့်လို့ မရအောင် အေနာက္ကေန တကောက်ကောက်လိုက်တဲ့အတွက် စိတ်ကျဉ်းကျပ်မိပါတယ်။ ကျနော်တို့ ၀ယ်ချင်အောင် ပစ္စည်းတွေကို လိုက်ရှင်းပြတာမျိုးမဟုတ်ပါဘူး။ ကျနော်အနောက်ကနေ လိုက်ပြီး သူတို့ပြောနေတဲ့စကားလက်စတွေကို ဆက်ပြောနေကြတာပါ။ ဈေးမေးရင်လဲ အရောင်းပြခန်းက သတ်မှတ်ထားပြီးသား ဈေးမဟုတ်ပဲ ပါးစပ်တဲ့ ရွိတဲ့ ဈေးတွေနဲ့ တယောက်တပေါက် ဆိုသလိုဖြစ်နေပါတယ်။ အရောင်းပြခန်း ဆိုပေမယ့် ဈေးနှုန်းမပါပါဘူး။ ဒါတောင် တရုတ္ကလာတဲ့ ပစ္စည်းနဲ့ ယိုးဒယားက လာတဲ့ ပစ္စည်းဆိုပြီး ရောရောင်းတာ ခံရသေးတယ် ဆိုတာ လဲရှိသေးတယ်။ 
 ကျနော်လိုချင်တဲ့ပစ္စည်းနဲ့ မော်ဒယ်နံပတ်ပေး မေးတော့လဲ ပထမဆိုင်နှစ်ဆိုင်ထက် များနေပြန်တော့ ဘာမွ မ၀ယ်တော့ဖို့ ဆုံးဖြတ်ပြီး တိတ်တိတ်လေးပဲ လှည့်ပြန်ခဲ့တော့တယ်။ နောက်က ကျနော့်ကျောပြင်ကို ကြည့်ပြီး ၀ယ်မှာ မဟုတ္ဘူးဆိုတာ သိပြီးသားပါဆိုတဲ့ မျက်လုံးတွေကို ကျောခိုင်းရင်းနဲ့ပေါ့..
Comments
mstint said…
ဖိုးစိန်ပြောသလို ဝန်ဆောင်မှုလုပ်ငန်းဟာ အတော်လေးအားနည်းတာကြောင့် တီတင့်တော့ ဝယ်ယူသူ စိတ်ချမ်းသာစေပြီး ဈေးဆစ်စရာမလိုတဲ့ နာမည်ရှိ ဆိုင်တွေမှာပဲ ဝယ်ဖြစ်တယ်။
"ကျနော် ပြန်လည့်ပြီး အိတ်ထဲက ပိုက်ဆံထုတ်တွေကို ထုတ်ပြပြီး ကြွားဖြစ်အောင် ကြွားလိုက်မိသေးတယ်" ဒါမှဖိုးစိန်ပီသတော့မှာပေါ့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်တယ်...ဖိုးစိန်။ မြန်မာပြည်က ၀န်ဆောင်မှုတွေ အရမ်းအားနည်းတယ်။ ဘာမဟုတ်တဲ့ အင်္ကျီဆိုင်လေးတောင် ၀န်ဆောင်မှု မကောင်းတော့ ကြည့်ရတာနဲ့တင် ကသိကအောက်ဖြစ်စရာ ကြုံရတယ်။ မဇွန်လည်း မြန်မာပြည်ပြန်ရောက်ရင် တစ်ယောက်တည်း ဈေးမ၀ယ်တတ်လို့ တစ်ယောက်ယောက် အဖော်ခေါ်သွားရတယ်။
sosegado said…
sony တော့ မြန်မာပြည်ရောက်မှ နာမည်ပျက်ပါပြီ၊
လွန်ခဲ့သော နှစ်၃၀တုန်းကလည်း ယိုးဒယားက ဒီလိုပဲတဲ့
အချိန်နဲ့တော့ လိုက်ပြောင်းမှာပဲလို့ အကောင်းမြင်လိုက်ပါသည်
AMK said…
ဖိုးစိန် ....
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေ ....
¸☆´.•´
.•´✶`*.
*.*¸v . ¸•´ ¸´,•*´¨¸ Ձ๏13
¸✶.•´¸.•*´✶
☆´¸.•★´ ¸.✶* ☆★
╱◥◣
│∩ │◥███◣ ╱◥███◣
╱◥◣ ◥████◣▓∩▓│∩
│╱◥█◣║∩∩∩ ║◥█▓ ▓█
๑۩๑๑۩๑๑۩๑๑۩๑๑۩๑๑۩๑๑۩
۩๑ ӇƛƤƤƳ ƝЄƜ ƳЄƛƦ!﹗๑۩
Ko Boyz said…
အခြေအနေက အရင်အနှစ်နှစ်ဆယ်တုန်းကလဲ ဒီလို
အခုလဲ ဒီလို ဆိုရင် ဘာမှ ထူးတော့မှာ မဟုတ်ဘူး...။
တီဗွီတွေ နိုင်ငံခြားကနေ သယ်သွားကြပါ...။
တစ်ကိုယ်ရည်သုံးဆိုရင် ၃၂ လက်မအထိ သယ်နိုင်ပါတယ်။
အကောက်ခွန်လွတ်ပါတယ်။
Anonymous said…
Hello. Facebook takes a [url=http://www.onlineslots.gd]baccarat online[/url] bet on 888 casino furnish: Facebook is expanding its efforts to institute real-money gaming to millions of British users after announcing a sell with the online gambling companions 888 Holdings.And Bye.
Popular Posts