ခုတလော


ခုတလော တဲ့လား

ခုတလော ဖိုးစိန် ဘာတွေ ဖြစ်နေလဲဆိုတာတော့ ဖိုးစိန်နဲ့ နီးနေတဲ့ အကိုတွေ အမတွေ သိနေတာပဲ… စိတ်မပျော်ဘူး… နေမကောင်းဘူး… အရူးစိတ်နဲ့ ရောဂါသည် ဖြစ်နေတယ်… အကြာကြီး စိတ်တွေ ကောက်နေတယ်... တွေ့ရင် ရန်စကားပြော ဖြစ်နေတယ်... သည်းခံမှန်းသိလို့လဲ ရန်လုပ်မိတယ်... ပြီးတော့ ငိုပြန်တော့ ဒီအကိုအမတွေ ညီ ညီမတွေကို စိတ်မကောင်းအောင်လုပ်မိပြန်ရော.... အဆင်မပြေဘူး... ဘဝ.. ဘဝပါပဲ..ဒါကြောင့်

ခုတလော


တွေးမိနေတာက


(၁) ဘာဖြစ်ဖြစ် မကောင်းတာကို လာလာထိုးပေးတတ်တဲ့ လောကကြီးကို “မင်းသတ္တိရှိရင် ထွက်ခဲ့စမ်းပါ ယှဉ်ရဲရင် ရဲရဲဝံ့ဝံ့ ထွက်ခဲ့စမ်းပါ ငါလက်သင့်ခံမယ်… ငါလုံးဝ ဂရုမစိုက်ဘူး” လို့ လက်သီးလက်မောင်းတန်းပြီး စိန်ခေါ်လိုက်ချင်တယ်။
(၂) နာကျဉ်းမှု အပြည့်နဲ့ စိန်ခေါ်နေတာကို လောကကြီး အကြောင်း ကောင်းကောင်းမခံစားဖူးတဲ့ သူတွေက ဒီလောက်လေးနဲ့ ဖြစ်နေလိုက်တာများလို့ မိန့်မိန့်ကြီး ပြုံးပြီး ပြစ်တင်ဝေဖန် နေမယ့် သူတွေ အကြောင်း။
(၃) သတ္တိကြောင်ပြီး လူတွင်ကျယ် လက်သီးပုန်းထောင် နေတဲ့သူတွေ အကြောင်း။
(၄) ဝါးလုံးခေါင်းကြားမှာ လသာတာကို အဟုတ်ကြီးမှတ်နေတဲ့ ရေအိုင်ထဲက ဖားသူငယ် အကြောင်း။


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ငါသည် အရင်ကလဲ ဘာမှမဟုတ်ခဲ့၊ ခုလဲ ဘာမှ မဟုတ်သေး၊ နောင်လဲ ဘာမှဟုတ်မည်မဟုတ် ပါလား လို့…..။


ကျမ်းမာရေး

မေးစရာကိုမလိုဘူး… မေးတဲ့သူတိုင်းက ခေါင်းကိုက်သက်သာလားတဲ့… နေကောင်းလား မမေးကြတော့ဘူး… အရင်ဘဝက ဖြစ်ခဲ့တဲ့ ငါးစိမ်သည် ဝဋ်ကို ဒီဘဝမှာ ကျေအောင်ဆပ်လိုက်ချင်တယ်…။ ကိုက်စမ်းပါလေ့… စိတ်ကုန်တဲ့ထဲမှာ ဒီကိစ္စလဲပါတယ်။
ခေါင်းကိုက်တော့ စိတ်တွေတိုတယ်။ ဒေါသထွက်တယ်။ သွေးခုန်နှုန်းတွေမြန်တယ်။ အမေ့ကို ပြောရအုံးမယ် မြေကွက်တွေ ဈေးမကြီးခင် စရံပေးထားတော့ဖို့။


ဖတ်ဖြစ်နေတာက


မကြီးနော် ရေးခဲ့တဲ့ပိုစ့်ထဲက “တစ်ယောက်ယောက်” ဆိုတာကို အလွတ်ရတော့မယ်။ ကြိုက်လွန်းလို့… ကိုယ်ပြောချင်တာကို ဒီပိုစ့်လေး ဖတ်ပြလိုက်ရင်ပဲ စိတ်ထဲပေါ့သွားသလိုလို ခံစားရတယ်။ (ကြိုက်တယ်ပြောလို့ ပုဂ္ဂိုလ်စွဲ ရှိနေလား လို့ ပြောရင်လဲ ပြုံးပြုံးပဲ အပြောခံပါရစေ)
ပြီးတော့ မွေးနေ့လက်ဆောင်အဖြစ် ပိုစ့်ရေးပေးခဲ့တဲ့ z ရဲ့ပိုစ့်နဲ့ ညီမလေး မိုးခါး ပိုစ့်
မွေးနေ့မှာ တစ်စက်ကလေးမှ စိတ်မပျော်ရွှင်ခဲ့ပေမယ့် ဖိုးစိန်အကြောင်း ရေးထားတဲ့ ဇက်ရဲ့ အမှတ်တရ ပိုစ့်လေးကိုဖတ်တော့ ပြုံးရုံတင် မဟုတ်ဘူး… ထရယ်မိတဲ့အဖြစ်… ဒါတောင် ကျနော့်အကြောင်းနော်… ဖတ်တိုင်းလဲ ရယ်ဖြစ်တယ်… ခုထိလဲ ဖတ်တုန်း… ဖတ်တိုင်းလဲ ကြိုက်တယ်.. ရိုးမသွားဖူး…
အဲဒီအတွက် ကျေးဇူးတင်တယ် Z ကို (ကြော်ငြာဝင်တယ်ထင်လဲထင်)
ပြီးတော့ ချစ်စရာကောင်းအောင် ရေးထားတဲ့ ညီမလေး မိုးခါး ရဲ့ မွေးနေ့ပိုစ့်က အောက်ဆုံး ညီမလေးရဲ့ ခံစားချက်တချို့… စကားလုံးတွေက ရင်ထဲကလာတယ်… မြင်နေရတယ်… အဲဒီစကားစု ကိုကြိုက်တယ်ဆိုတာလဲ မိုးခါးချိုတူးလေးကို ပြောဖြစ်ခဲ့တယ်… ခုထိလဲ ဖတ်တုန်းပဲ… ဖတ်တိုင်းလဲ ပြုံးနေရလို့လေ… ဒါကြောင့် အဖန်တလဲလဲ စိတ်ဖြေပြီး ဖတ်ဖြစ်နေတာ ဒီပိုစ့်သုံးခုနဲ့ မြစ်ကျဉ်းသုံးခု ကကဗျာလေးတွေ…။

ရောက်နေတဲ့နေရာက

FARM TOWN ထဲကလယ်တောလေး…။ စိတ်တွေ လေနေတဲ့ အချိန်မှာ မကြီးလုပ်သူက အမွေအဖြစ် ခွဲပေးထားတဲ့ လယ်ကလေးကို ပိုင်ဆိုင်ရပြီး ချစ်ကို ကိုမောင်ဟတ်ကြီး ရဲ့ ဂရုတစိုက် စောင့်ရှောက်မှု အောက်မှာ ဖြစ်ထွန်းလာရတဲ့ လယ်တောလေး….။ လယ်တောထဲရောက်သွားရင် အလိုလိုပျော်နေမိတယ်။ စိုက်ထားတဲ့ အသီးအပွင့်တွေ မြင်လို့ ကြည်နူးရသလို လယ်တကာလှည့်ပြီး အလုပ်လိုက်တောင်းရတာကို ပျော်နေတယ်။ (စိတ်ချမ်းသာတယ်၊ မေ့ချင်တာကို လယ်ထဲမှာ နှစ်ထားလိုက်တာပဲ) အဲဒီအတွက် ကျေးဇူးထပ်တင်ပါတယ်။

ရေးဖြစ်နေတာက ခြစ်ဖြစ်နေတာက

ရေးနေတာတွေကတော့ အများကြီး…။ အတွေးထဲမှာ…။ တစ်ခုမှ လက်တွေ့ဖြစ် မလာပါဘူး…။ ဒါကြောင့် စိတ်ပေါက်တိုင်း ရေးခြစ်မိနေတာက ကိုယ်ချစ်ခင်ရတဲ့ ဘလော့ဂါ ကိုကို မမပုံတွေ…။ ခဲနဲ့ခြစ်လိုက် ဆေးနဲ့ ချစ်လိုက် ခုတစ်လော ကလောင်သွားထက် စုတ်ချက်က ပြင်းနေတယ်…။ ဘယ်လောက်ထိများ ပြင်းနေလဲဆိုရင် ပုံတူဆွဲပြီး ဒါ မမပုံလို့ ပြောတာတောင် အဲဒါဘယ်သူ့ပုံကြီးလဲ လို့ တအံ့တသြ မေးခံရလောက်အောင် လက်ရည်တွေ တက်လာတယ်။ ဘာဖြစ်ဖြစ် အမှတ်တရတော့ စိတ်ပေါက်ပေါက်နဲ့ ဘာပုံထွက်ထွက် ရေးခြစ်နေပါရဲ့။ ( လိုချင်သူများ စရင်းပေးထားပါ… ဘလော့ပေါ်တင်မှ ရွေးခွင့်မရှိ)

မုန်းနေမိတာက

နေ့စဉ်နေ့တိုင်း ညနေတိုင်း အလုပ်ဝင်ရင် ဆီးကြိုနေတတ်တဲ့ SEA BASS လို့ခေါ်တဲ့ ငါးတွေ။ ဒီငါးတွေကို မြင်တိုင်း ဒေါသက အလိပ်လိပ် တက်လာတယ်။ FILLET အလုပ်ခံဖို့ စောင့်နေတဲ့ ဒီငါး သတ္တဝါတွေကို တော်တော်မုန်းမိတယ်။ မုန်းလို့လဲ သူတို့ရဲ့ သုံးမရတဲ့ ခေါင်းတွေကို အမှိုက်တောင်းထဲ မထည့်ခင် ခုတ်ထစ် ဖြတ်တောက် နေမိတာက အကြိမ်ကြိမ်။ စိတ်ထဲမှာလဲ ဒီငါးတွေကို နှစ်သက်မက်မော စွာ စားနေတဲ့ လူတွေကို မေတ္တာအကြိမ်ကြိမ် ပို့သမိပါရဲ့။ z ကတော့ ဖတ်ပြီး ရယ်နေဦးမယ်…။ သူကလဲ ဒါလေးကို စိတ်စွဲပြီး ပိုစ့်တိုင်းမှာ ထည့်သုံးချင်နေတာ။ သူဆီက စာမူခ တစ်ဝက် ပြန်တောင်းရဦးမယ်။

ချစ်နေတာက

သက်မဲ့ထဲက သက်ရှိတွေရဲ့ အသံတွေ

ဘလော့ပိုင်ရှင်က မျက်စိမှိတ် နားပိတ်ပြီး ကြောက်လန့်တကြား မန်နေဂျာ ရာထူးကို မခန့်ချင် ခန့်ချင်နဲ့ ခန့်လိုက်လို့ မန်နေဂျာ အဖြစ်နေရာရပြီး စောင့်ရှောက်ပေးနေရတဲ့ စီဘုံးလေး။ “အမေကျော် ဒွေးတော်လွမ်းတယ်” ဆိုရမလားပဲ ။ အဲဒီစီဘုံးလေးကို ချစ်နေမိတယ်။ အဲဒီစီဘုံးလေး နဲ့ အတူ စကားလာပြောကြတဲ့ ညီအကိုမောင်နှမတွေ ဆုံတဲ့ ညနေခင်းလေး ကိုချစ်တယ်။ စလိုက်နောက်လိုက် နဲ့ အပြစ်ကင်းတဲ့ အချိန်လေးတွေပေါ့…။

စိတ်ပျက်နေမိတာက

ကိုယ်ရေးနေတဲ့ စာတွေ။ လူသားတွေ အတွက် အကျိုးမပြုနိုင်တဲ့ ရသမပေးနိုင်တဲ့ ပေါက်ကရအတွေးတွေနဲ့ စာတွေအတွက်။ ဒီစာတွေရှိနေတဲ့ ဘလော့လေးကို ချစ်နေရက်နဲ့ ဖြတ်တောက်မရ စိတ်ပျက်နေမိတာတော့ အမှန်ပင်။ (ကိုယ့်ရေးတဲ့ စာတစ်ကြောင်း စကားတစ်လုံးကြောင့် လူတစ်ယောက်ပျော်သွား စိတ်ချမ်းသာသွားရင် ကိုယ်လဲ ကုသိုလ်ရတယ်လို့ ပြောခဲ့တဲ့ z စကားလေးနဲ့တော့ ဖြေသာနေပါသေးတယ်)

နားထောင်နေမိတဲ့သီချင်း


ထူးအိမ်သင်ရဲ့ ဆန္ဒထဲ ရှိသမျှအဟောင်းတွေ…။ အကုန်နီးပါပါပဲ ။ အထူးသဖြင့် “ဂျက်ဆင်ထိပ်က လရိပ်ပြာ” လူနဲ့ အင်္ကျီ” “တကယ်လို့များ (ထူးအိမ်သင်ဗားရှင်းတော့ မဟုတ်) ဒီသီချင်းတွေကို အိမ်မှာ အမြဲဖွင့်ထားမိတယ်…။ အိမ်ရှင်တောင် အလွတ်ရတော့မယ်ရဲ့။ သံစဉ်တွေကို ကြားပါများတော့ သူပါလိုက်ညည်းနေတတ်ပြီးလေ….။

တမ်းတနေမိတာက

ပုဂံလမ်းက နေလျှောက်သွားရင် ရောက်တဲ့ ပဒေသာက လူကျမှ စားကောင်းတဲ့ ပစ်စက်လက်ခတ် တရုတ်အစားစာတွေ၊ အဲဒီကနေဆက်သွားရင် ဦးချစ်၊ ပြီးရင် ဦးတင်အောင်တုတ်ထိုး နဲ့ မန်ကျဉ်ဖျော်ရည်၊အသည်းပန်းက ပဲပြုတ် နံပြား၊ မလိုင်နဲ့ နံပြား၊ ရွှေညောင်ပင် ဒံပေါက်၊ မင်းသစ္စာ ကြက်ဆီထမင်း၊ ရွှေယုံလေး သို့ Ykko ကြေးအိုး၊ ရွက်လှ အရက်ဆိုင်က ဂဏန်းချဉ်စပ်၊ ပါရမီမီးပွိုင့်ထိပ်က ငါးခေါင်းဟင်းချို၊ ရန်ကင်း က ရခိုင်မုန့်တီ၊ လက်ကီးဆဲဗင်းက လက်ဖက်ရည်(ဒါတော့ မကြီးနဲ့တူနေပြီး)၊ (၃၇) လမ်းထဲက ထမင်းဆိုင်၊ ပြီးတော့ မြောက်ဒဂုံက သူငယ်ချင်းအိမ်မှာ ညည စုစု ပြီး ပေါက်ကရချက်စားတဲ့ ဟင်းနဲ့ အတင်းစကားတွေး) ပြီးတော့… ပြီးတော့…. ရထားထွက်တော့မယ်……


စွဲလမ်းနေမိတာက

တက်ခဲ့ရတဲ့ UFL ကျောင်းဝင်း၊ ဆရာမတွေနဲ့ သူငယ်ချင်း ကန်တင်းနဲ့ NB OB နဲ့ မြဝတီ အဆောင်တွေ
လှဲအိပ်ခဲ့တဲ့ မြက်ခင်း ထုစားခဲ့တဲ့ ဗံဒါသီး၊ ခဲနဲ့ပေါက်ပြီး စားခဲ့ရတဲ့ မန်ကျဉ်းသီး၊ ချစ်သူပန်ဖို့ အစောကြီး လာလာခိုးခူးရတဲ့ ကျောင်းထိပ်က ကံကော်ပန်းပင်။

မေ့လျှော့ပြစ်နေတာက

ခုချိန်မှာ နှမြော တသသ စွဲလန်းနေမိတဲ့အရာတွေ။

ခါးသက်နေမိတာ

လက်ရှိ အခြေအနေနဲ့ ဘဝအကျိုးပေး။


လိုအပ်နေတာက

မေတ္တာတရား…။ စာနာမှု…။ အားပေးမှု…။ နားလည်မှု…။ အနားမှာ ဖြေသိမ့်အားပေး တတ်မယ့် စကားလုံးတွေနဲ့ နွေးထွေးတဲ့ အကြည့်၊ နူးညံ့နဲ့ အပြုံးတွေနဲ့ သူ (ခုတော့ အနားမှာ ဒီအကိုတွေ အမတွေ ရှိနေတဲ့ အသိနဲ့ ကျေနပ်နေမိပါတယ်)။

စားဖြစ်နေတာက


မစားချင်လဲ အတင်းကြိတ်မှိတ်ပြီး စားရတဲ့ ဖြူဖတ်ဖြူရော် အရည်ပျစ်ပျစ် ငရုတ်ကောင်းမှုန့်ခပ်များများနဲ့ ဆန်ပြုတ်။

လွမ်းနေမိတာက

မမေးနဲ့ ။ သိနေတဲ့အတိုင်းပဲ။ ကျနော်ချစ်တဲ့ ဖေဖေ၊ မေမေ၊ ညီ၊ ညီမနဲ့ ကျနော့်တို့အိမ်ကလေး။


သနားနေမိတာက

ကိုယ့်ကိုယ်ကိုပဲ (ဘာမှ ဖြစ်မလာသေးတဲ့ နုံချာချာ ဘဝလေးကို သနားနေမိတာ)။


တောင်းမိတဲ့ဆု


ချစ်တဲ့ ညီလေး အကောင်းပကတိ ကျမ်းမာလာဖို့ …။ ဒါက ဘဝမှာ မိဘအတွက်ကလွဲရင် မတောင်းစဖူး အတောင်းထူးတဲ့ မေတ္တာတွေ အပြည့်နဲ့ ညီလေးအတွက် ဆုတောင်း..။ ဒီဆုတောင်း ပြည့်ဖို့ အသက်ပေးရမယ် ဆိုရင်တောင် ခုပေးဖို့ အဆင်သင့်။ တစ်ခုတည်းသော လက်ဆောင်အဖြစ် ညီလေးကို ပေးချင်ခဲ့တဲ့ ဆန္ဒ။ ဒီဆန္ဒတွေ ပြည့်ဝဖို့ အကြိမ်ကြိမ် အသံထွက် ဆုတောင်းနေမိပါရဲ့…။


ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

ဖိုးစိန် နင်ဘာကောင်လဲ…. နင်ဘာလဲ… နင်ဘာဖြစ်ချင်တာလဲ… နင်ဘာတွေလုပ်နေတာလဲ… ဆိုတဲ့ လဲပေါင်း များစွာသော ကိုယ့်ကိုယ်ကိုယ် မကျေနပ်တဲ့ မေးခွန်းတွေ…။

ရွတ်နေမိတဲ့ကဗျာက

ဒီလိုပါပဲ ဆိုတဲ့ ကဗျာလေးနဲ့
ကိုယ့်ကိုယ်ကိုယ် စစ်ဆေးခြင်း ဆိုတဲ့ ကဗျာလေး( သိတယ်မဟုတ်လား ဘယ်သူ့ကဗျာတွေ လဲဆိုတာ)

ကြိတ်ပြီး ချီးကျုးနေတာက

ကိုယ် ဂျီကျ ကောက်လိန်သမျှကို စိတ်ရှည်ရှည်နဲ့ ဒေါသ ပြေပြေလေးထွက် ပြီး အတတ်နိုင်ဆုံး သည်းခံနေနေတဲ့ အကိုတစ်ယောက် (အလွဲများနဲ့ လူသား ဆို လူတိုင်းသိပေါ့)း) နာမည်တောင် ရေးမှာတာလေ...း)
ကိုမောင်ဟတ်ကြီး ရှိနေလို့လဲ ပျော်မိပါတယ်... ကျေးဇူးပါ Nowel.....

ကြိတ်ပြီးအထင်သေးနေမိတာက


ကိုယ့်ကိုယ်ကိုယ် ဂျီကျ လိမ်ကောင်ကွေး ဂျစ်တိုက် ဆိုးချင်နေတဲ့စိတ် (ပြင်လို့လဲမရး))

ဝန်ခံချင်တာက

ဒီပိုစ့်ရေးပြီး နောက်ထပ် ဘယ်လောက်ကြာကြာ ထပ်ပျောက်နေဦးမှာလဲ ဆိုတာ အာမ မခံနိုင်တာပဲလေ။ ( ဒီပိုစ့် တစ်ခုနဲ့တင် ကော့မန့် အခုတစ်ရာ ရခဲ့ရင်တော့ စာတွေ ဆက်ရေးကောင်း ဆက်ရေးမှာပါ… ကျီးနဲ့ ဘုတ်ဆိုပေမယ့် ကျီးကလဲ ဘုတ်ဆီက အားပေးစကား တွေကို ကော့မန့် အနေနဲ့ ရချင်ပါသေးတယ်… သြော်… ကျနော်လဲ လောကီသားပေးကိုး… ဘလော့ လောကက ကျီးနဲ့ဘုတ် ဆိုရင်လဲ အပြောခံပြီး လိုချင်မိပါရဲ့… မရတော့လဲ အားမရှိတော့ဘူးလေ… ကော့မန့် များများ ရခဲ့ရင်တော့ ပိုစ့်တွေ ကဗျာတွေ တင်ဖို့အတွက် ဘလော့ စာပေ နဲ့ ကဗျာ သဒ္ဒါနဲ့ သတ်ပုံကြမ်း စိစစ်ရေးကို တင်ထားတဲ့ စာတွေ ပါမစ်ရတဲ့ အခါ တင်ပေးဖို့တော့ စိတ်ကူးရှိပါရဲ့ (ဒါတောင် စာလုံးပေါင်းတွေကို အကိုတစ်ယောက် က အမြဲ စစ်ဆေးပေးနေကျ)

မကြီး ( မနော်ဟရီ) ရေ....

စိတ်တွေလေနေတဲ့ အချိန်မှာ ဒီပိုစ့်လေးနဲ့ ထွက်ပေါက်ရမလားပဲနော်..... သားတာဝန်ကျေပါတယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

MANORHARY said…
တတိယရပါတယ်။ ပထမက နန်းညီ ဒုတိယက မကြေးမုံ ခု တတိယက ဖိုးစိန်ပါ။
Mogok Thar said…
မတစ်ဘူး။ နှစ်တွားဘီ။
တစ်လာယူဆိုပီး မောအောင်လုပ်တယ်။
နက်မကောင်းဘူး။ နေမကောင်းဘူး။
MANORHARY said…
Z ကိုကြော်ငြာတယ်။း)
ပဒေသာက ပစ်စလက်ခတ်တရုတ်စာတွေ
ကိုယ်လည်းလွမ်းလာတယ်။း)
အသားလုံးကြော်များဆို အသားချည်းကြော်ရင်
မစားတတ်အောင်ဖျက်ဆီး ပေးခဲ့တာ သူတို့ပေါ့
ကော်လေးပုံသုံးပုံမှမပါရင် စားကိုမစားတတ်တော့တဲထိ..
ဦးချစ်နဲ့ ဝက်သားတုတ်ထိုးသည်လည်းသတိရသွားတယ်
တော်ပြီ...ကိုယ့်ထက်ဆိုးတဲ့လူနဲ့တွေ့နေလို့..
အိန္ဒြာ said…
ဖိုးစိန်...

ရောက်တဲ့ အရပ်မှာ ပျော်အောင်နေတော့ ကလေးရေ..

ဘ၀ဆိုတာ ကိုယ်ရေးလို့မရတဲ့ ကိုယ်ပိုင်စာအုပ်တစ်အုပ်
နံပါတ်အားဖြင့် ၅း)
ပျော်ရွှင်ပါစေ အကိုရေ
အကို့ညီလေး အမြန်ဆုံး နေကောင်းကျန်းမာဖို့လည်း ဆုတောင်းပေးပါတယ် ..
ဘာပြောရမှန်းတောင်မတိတော့ဘူး တူပြောတွားတာက စုံနေတာပဲ....။

တိတော့ဘူး..တယ်ရင်းရာ
လုပ်ချင်တာတွေ ဆက်လုပ်ကွာ

လောကကြီးကို လောလောပြီးသာ က ပစ်လိုက်တော့

(ဟုတ်ဟုတ်မဟုတ်ဟုတ် အားပေးသွားတယ်)

လယ်နီချင်းဖြစ်မှပဲ ရေနွေကြမ်းဝိုင်းမှာ ဆက်ပြောတော့ မယ်..။
မပျောက်နဲ့လေ ကိုဖိုးချိန်ရဲ့...
နေခြည့်ကွန်းမန့်ကို ၁၀၀နဲ့ မြှောက်လိုက်နော်...

ကွန်းမန့်x ၁၀၀ = ကွန်းမန့်၁၀၀

ပေးခဲ့ပြီနော် ကွန်းမန့်တရာ... ဒါပဲ မပျောက်နဲ့
ဟိဟိ
ပျော်ရွှင်ပါစေ ကိုဖိုချိန်
Anonymous said…
စားချင်တာတွေရွေးဖတ်သွားတယ်... ခွိ
khin oo may said…
စိတ်ချမ်းသာဘို့ဆုတောင်းပေးသွားတယ။်
mae said…
ရေးချလိုက်ပြီးရင်တော့ စိတ်ပေါ့သွားမယ်လို့ မျှော်လင့်ပါတယ်၊ မညစ်ပါနဲ့၊ လူတိုင်းလဲ တခါတခါ ဒီလို စိတ်ကုန်တဲ့ အချိန်တွေ ရှိကြတာပါ၊ အားပြန်တင်းလိုက်ပါဦး၊

တစ်ရာ ပြည့်အောင် တစ်နေ့တခါ လာရေးမယ်လေ

;)
Ree Noe Mann said…
သယ်ရင်း က လေးဖြူလို့ သူ့ပရိတ်သက်ကို အကဲစမ်းလိုက်တာပဲ ကိုးကွ။

လေးဖြူ သူစမ်းလိုက်တဲ့ ပွဲ အောင်မြင်သွားသလို့
သယ်ရင်း စမ်းလိုက်တဲ့ အရာလေးလဲ
ဗေဒင် သွားမမေးနဲ့ သယ်ရင်း
စမ်းစရာ မလိုအောင် မင်းကို ချစ်ကြောင်း
လာပြလိမ့်မယ်။

ကိုယ်တောင် မအားတဲ့ ကြားကလာရတာကို ကြည့်ခြင်းအားဖြင့်
သိနိုင်ပါတယ်ကွာ။

လောလောဆယ်တော့ သယ်ရင်း အရာရာ အာလုံး အဆင်ပြေပါစေလို့ပဲ စုတောင်းတောင်းပေးနေတယ်ကွာ။

ညီလေးလဲ အမြန်ဆုံး အကောင်းပကဓိအတိုင်း ပြန်ဖြစ်ပါစေကွာ။

နည်းတယ်များတယ် သဘောမထားနဲ့ သယ်ရင်းလာရင် မွေးနေ့လက်ဆောင်ပေးဖို့
သွားကြည့်ထားတယ်။ လာမမေးနဲ့ ပြောပြဘူး။
သတ်ချင်သတ်လိုက် ဟီးဟီး နောက်တာ ဟုတ်ဘူးနော် တကယ်ပြောတာ။

ချစ်တဲ့ ရီနို
WWKM said…
မနော်.. ရက်စက်တယ်..း(((
အဆင့်တွေပေးနေတာကို... မီး မသိရပါလားကွယ်.
အဲလိုမှန်းသိရင် ချက်ချင်းရေးတာပေါ့. ပထမရချင်လို့.
အခုတော့ ပထမ မရတော့မယ့်အတူတူ နောက်ဆုံးပဲယူ
ရတော့မယ်ထင်ပါရဲ့.. အဟတ်.
ဖိုးစိန်ရေ... အများကြီးတွေးတတ် ၊ရေးတတ်ပါပေရဲ့.
အစ်မကတော့ မရေးနိုင်၊မတွေးနိုင်သေးဘူး ဖြစ်နေတာ.

ကျန်းမာပါစေ.

မကြီးဝါ
WWKM said…
This comment has been removed by the author.
Mogok Thar said…
မျောက်စိန် ရေးတွားတာ နာရေးဖို့တောင် ကျန်တော့ဘူး။

မကြီးနော် Tag ထားတာ ကိုမောင်ဟန် တစ် ပြန်ယူမယ်။။ နောက်ဆုံးကနေ ရေရင်လေ။ မကြီးဝါကို အဲ့ တစ် မပေးနိုင်ဘူး။

ဘ၀မှာ ဘာတွေပဲ ကြုံရ၊ ကြုံရ... အားလုံးက တဒင်္ဂတွေပါပဲ ညီလေးရေ။ ပျော်ရွှင်တာ၊ မပျော်ရွှင်တာတွေ အားလုံးက ဘ၀ဆိုတဲ့ အချိန်ပါးပါးလေးထဲ အားလုံး နစ်မြှုပ် ပျောက်ကွယ် သွားကြမှာ။

ညီလေး လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ကြင်နာမှုတွေကို ညိလေးချစ်တဲ့ အကို၊ အမ၊ ညီ၊ ညီမ နဲ့ သူငယ်ချင်းများစွာ ဆီကနေ ရနေပြီပဲ။ အထီးကျန်တာတွေ၊ ၀မ်းနည်းတာတွေ၊ အားငယ်တာတွေ မဖြစ်နဲ့တော့။

အငယ်လေး နေကောင်းကျန်းမာဖို့၊ ညီလေးတို့မိသားစု အားလုံး ကိုယ်စိတ်နှစ်လုံး သုံးပါးစလုံး ကျန်းမာ ချမ်းသာကြစေဖို့ (ညီလေးရောပေါ့) ဆန္ဒမွန် ပြုပါတယ်။


မေတ္တာဖြင့်

ကိုမောင်ဟန်
သုဒြေ္န said…
ညီလေးတောင်းတဲ့ မန့် တရာ.....ကြိုးစားပြီးရေးပေးမယ်....ဘ၀ဆိုတာ...ပင်လယ်ရဲ့ .......သဘောထားနဲ့ တူတယ်လို့ နှိုင်းပြချင်တယ်.................အတက်ကျတွေရှိနေမယ်.....ကြမ်းတမ်းမယ်...............သိမ်မွေ့ မယ်....ပျော်ရွှင်စေမယ်..ငိုကြွေးရမယ်............ရယူနိုင်တယ်....ပေးဆပ်ရမယ်...ဒါကိုအခြေခံပြီး.........နားလည်သဘောပေါက်နှိုင်ပါစေညီလေးရေ...............ချစ်တဲ့ ကိုကြီး.....သုဒြေ္န
ကိုကိုစိန်
စိတ်ညစ်နဲ့လေဗျာ
ခဏခဏလာပါတယ်
မမန့်အားလို့ပါ
စိတ်ညစ်ရင် မောင်အီးဒူကိုသွား အူလှိမ့်အောင် ရီရလိမ့်မယ် အဟီး
စိန်ရေ ဘ၀ အမောတွေ ပျောက်ဖို့ ကိုယ်တိုင်သာစိတ်တင်းထားပါလို့ အမ ပြောနိုင်ပါတယ်၊စိတ်ချမ်းသာပါစေ၊ ညီလေးလဲ နေကောင်းပါစေနော်
မငုံ said…
ထင်တယ်။ ကိုဖိုးစိန်တယောက်အခုတလော ပျောက်ချက်တာကောင်းနေတာ။ ခုတလော စိတ်ညစ်တာ ပိုများနေတယ်နော့။
တောင်းဆုလေးပြည့်ပါစေ။ ကျန်းမာရေးဂရုစိုက်ဦး သူငယ်ချင်းရေ။
ဇော် said…
အာ ကိုဂျီးရာ
ကွန်းမန့်အခု၁၀၀ ရမှ ရေးမယ်ဆိုတာမျိုး မလုပ်ပါနဲ့ဗျ။ ကျနော်က အမြဲနောက်ကျမှ ဖတ်ဖြစ်ပေမယ့် ( ဒျူတီရှိတာကိုး ) ကိုဂျီးအိမ်ကို ကြည့်လိုက်လို့ အသစ်မတွေ့ရင် .. ရင်ထဲ ဟာတာတာနဲ့ ဘယ်လိုကြီးလဲ မသိဘူး။
အဲ့လို တူများတွေကို မနှိပ်စက်ရဘူးလေ။ ရေးပါဗျ။
=(

ဒီပိုစ့်ကို ကျနော် အလုပ်က ပြန်ရောက်ပြီး ထမင်းစားရင်း ဖတ်တာ မစားမိပဲ ထမင်းပန်းကန် ဘေးချထားရတဲ့အထိ ရင်ထဲ မကောင်းဖြစ်သွားတယ်။ =(
တော်သေးတာပေါ့...
ခုတလော ကယ်လို့...
ပေါ်တော်မူလာသေးတယ်...
အဆင်မပြေတာတွေက ခဏပါ...
မေ့ထားလိုက်တော့....

စိတ်ညစ်ခဲ့ရတဲ့ မနေ့က တနေ့က ကိစ္စတွေ
အတိတ်တွေမေ့လိုက်တော့...

မလှပတဲ့ နေ့တွေရှိတတ်ပေမယ့်
မလှပတဲ့ အတိတ်ကို သတိတရနဲ့ သယ်သွားနေမယ်ဆိုရင် ဝန်ထုတ်ဝန်ပိုးဖြစ်တတ်တယ်။

စိတ်ညစ်နေတဲ့ နေ့တွေလို့ မှတ်တမ်းတင်ထားရမှာ နှမြောစရာကြီး...

မနက်ဖြန်တိုင်းနဲ့ လက်ရှိ အချိန်တွေကို အကျိုးရှိအောင် ဖန်တီးပီး ပျော်အောင်နေပါ....

မိသားစုနဲ့ အဝေးမှာ တစ်ယောက်တည်း...
မျက်ရည်တွေနဲ့ အချိန်တွေ မဖြုန်းပါနဲ့...

ဖြစ်ချင်တာကို ဒုတိယနေရာပို့လိုက်..
ဖြစ်နေတဲ့ အပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေကြည့်လိုက်ပါ....

စိတ်ရောဂါ အမြန်ပျောက်ပါစေ...

နှင်း
ညီရေ...
ညီ့ထက်ပိုပြီး အဆင်မပြေ စိတ်ဆင်းရဲနေရတဲ့သူ ရှိသေးတယ်..း(

ဆန္ဒတွေ ပြည့်ပါစေနော်...
ချစ်ခင်သူတွေ အများကြီး ရှိနေတယ်ကွ စိတ်ဓါတ်မကျကြေး

တော်သေးရဲ့ သွယ်ဝိုက်ထားလို့..

ချစ်ခြင်းများစွာဖြင့်..

ဦးနော်၊ တီငယ်
Vista said…
ကဖိုးစိန် ကိုယ်.ကိုယ်ကိုအရမ်းမသနားပါနဲ.
ကိုယ်.ကိုယ်ကိုအရမ်းသနားတတ်တဲ.လူက စိတ်မချမ်းသာဘူး ဘယ်တော.မှ လည်ပျော်ရွင်မှာမဟုတ်ဘူး ။ငါ.ကို ငါကခံလိုက်ရတာ ။ငါ.ကိုမုန်းကျတယ် ..
ငါဟာအစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိရင်လည်း မကောင်းဘူး ။ လောကမှာနေရာ ၁ ခုရောက်လာပြီ ပိုကောင်းတဲ.နေရာရောက်ချင်ရင်ကြိုးစားရုံပဲ .မောရင်နားလိုက်ကြိုးစားလိုက်နဲ.သွားရတာပဲ။
ခေါင်းကိုက်တယ်ဆိုလို.ပြောရအုံးမယ် Vista လည်းခေါင်း ၁ခြမ်းကိုက်တာပဲ အသေကိုက်တာနော် အခုဆို နခေါင်းသွေးတောင်ယိုနေပြီ ။ဘာမှစိတ်မညစ်ပါဘူး ဒီလိုပဲ ပျော်အောင်နေတယ် ။ခေါင်းကိုက်လို.စိတ်တိုလို.ကတော.ရူးလိမ်မယ် .သူများခံစားချက်တွေအမြင်တွေလည်းအရမ်းဂရုမစိုက်နဲ.
” တရားထိုင်ကြည်.ပါ ” ၁ နေ.ကို ၅ မိနစ် ၁၀ မိနစ်လောက်ထိုင်ပြီးကိုယ်စိတ်ကိုပြန်ပြန်ကြည်.ပေး အရမ်းအကြိုးရှိပါတယ် .စမ်းကြည်.ပါ
sweetpeony said…
အားတင်းထားပါ ကိုကြီးစိန်
ဘ၀ဆိုတာ တိုက်ပွဲ
အသားလုံးကြော်က လိုက်ပွဲ
ခိခိ
ပြောသွားတာကစုံနေတာပဲး)ဖတ်ရတာမောလိုက်တာ ပေးပါရေအေးအေးလေးတခွက်

ခင်မင်စွာဖြင့်
နှင်းဆီနက်
mae said…
အပေါ်က ပုံလေးလှတယ်၊
၅ ခါလောက် ပြန်ကြည့်သွားတယ်
အကိုရေ အခုတလောလေး လာဖတ် သွားတယ်
ရေးထားတာ စုံနေတာပဲ

အကိုရေ ပျော်ရွှင်ပါစေဗျာ

ခင်တဲ့ ညီလေး ဖိုးဂျယ်

Popular Posts