ထုတ်စည်းထိုးပွဲ




ဘဝနဲ့ ကစားတဲ့ ထုတ်စည်းထိုးပွဲ

ကံကြမ္မာက သူ့ဘက်ခေါင်သူကြီး

ကိုယ်ဘက်ခေါင်သူကြီးက စိတ်ဓာတ်

ကိုယ့်နောက်မှာ ဇွဲ ဥာဏ် ဝိရိယရှိတယ်…။

ပွဲ အစမှာ

ကိုယ့် သူကြီးကိုလွှတ်ပေးတယ်

နောက်လိုက်တွေကို အော်ရင်းဟစ်ရင်း....

နောက်လိုက်တွေလဲ

သီသီလေး ကပ်ကာကပ်ကာ

လွတ်အောင်ပြေးပေါ့ လွှားပေါ့..

ခေါင်လေးတွေ ကျော်နိုင်လို့

ဝေးကနဲ အော်လိုက်ချိန်မှာ

ကိုယ့်စိတ်ဓာတ်လေးကို

ကံကြမ္မာက ဖမ်းမိသွားတယ်..။

မင်းရှုံးပြီးတဲ့………..။

Comments

တာရာ said…
တစ်ကွ
တာရာ said…
တော်တော်လေးလှတယ်
ဟုတ်တယ်အကို ဘဝဟာ ထုတ်ဆီးတိုးပွဲပဲ
တခါတခါတော်တော်မောတယ်.. တချို.အခေါက်ကျပြန်တော့လည်း လွယ်လွယ်နဲ့နိုင်ချင်နိုင်နေပြန်ရော......
တာရာ said…
ကိုယ့်စိတ်ဓာတ်လေးကို ကံကြမ္မာကဖမ်းမိသွားတယ်... ကြိုက်တယ် အဲဒီစာသားလေးကို...
mae said…
မရှုံးပါဘူး၊ ခုမှ အသက်ငယ်ငယ်လေးကို၊

ထုတ်စည်းတိုးရတာ မောလာရင် ခဏနားပေါ့၊ ပြီးတော့ ပြန်တိုးလေ၊ ပွဲတိုင်းတော့ ကံတရားက မနိုင်နိုင်ပါဘူး

ပြီးတော့ အဖေက အမြဲ ပြောတယ်.. ကံ=ကမ္မ=အလုပ် တဲ့
kiki said…
ဒီတပွဲပြီးရင် နောက်ပွဲတွေဆက်ပြိုင်လို့ ရသေးတာဘဲလေ ...ဘာဖြစ်သေးတုံး ....ဘဝမှာ တိုက်ပွဲတွေ အများကြီးရယ်။ ထုတ်စည်းတိုးတာ လောက်တော့ကွယ်...
ဘောလုံးပွဲ ပိုမိုက်တယ် .. အားမွေးထား ...
(အဟဲ ခေါက်ဆွဲတောင်ကျွေးသေးတယ် ...)
ဒါဟာ ခဏပါ မကြာခင် ကောင်းကင်ပြန်လင်းလာတော့မှာ....

အားပေးခင်မင်လျက်...
ကဗျာလး ကောင်းတယ်...

အဲ့ ဒီ စိတ်ဓါတ်ကို ဇွဲတွေ၊ ဉာဏ်တွေ၊ ဝိရိယတွေ နဲ့ တစ်သားတည်း ဖြစ်အောင် ပေါင်းပြီး..
အဲ့ဒီ ကံကြမ္မာဆိုတာကို ရှောင်ထွက်နိုင်အောင်၊ ရင်ဆိုင်နိုင်အောင်..
ကြိုးစားပေါ့.. အားမွေးပေါ့..

ချစ်ခင်တဲ့..
အားမာန်ပါတဲ့ ကဗျာလေးဗျာ။အရေးအသား၊စာသားလေးတွေ နှစ်ချိုက်တယ် ညီလေးဖိုးစိန်ရေ။မိုက်တယ်ကွာ။ခိုက်တယ်။ဖတ်သူအပေါ်လဲ အမြင်ရှင်းစေ အသိလင်းစေတယ်။
MANORHARY said…
အင်း..ထမင်းရည်ပူစည်းတွေ
လျှပ်စည်းတွေ သတိထားရမယ့် စည်းတွေလည်း
ဘဝမှာအများကြီးပဲ...............
တစ်ခေါက်ရှုံးတော့လည်း နောက်တစ်ပွဲပြန်ကစားကြမှာပေါ့ ဘယ်သူဟာ အမြဲနိုင်နိုင်မလဲ
ဘယ်သူဟာ အမြဲရှုံးနိုင်မလဲ
ဇော် said…
အယ် ..
လှချက်ကယ် ... !!!
စည်သူ said…
ဟုတ်ပါ့ ကိုဖိုးစိန်ရေ

ဒီလိုပါပဲ ဖြစ်တတ်တဲ့သဘေားတရားလေးတွေပေါ့

ကိုဖိုးစိန်ပြောသလိုပါပဲ

ခံစားတတ်သလို ခံစားသွားတယ်။

ခင်မင်စွာဖြင့်
စည်သူ။
လာဖတ်တယ် ဗျ.. ဟုတ်တယ် ကျနော် တောင်ထုတ်စီ ထိုးချင်လာပြီ အဟီး..

ခင်မင်လျှက်
အဆိပ်ခွက်
sweetpeony said…
ငယ်ငယ်ထဲက အမြဲထုပ်စည်းတိုးခဲ့တာ
အဲဒီ ခေါင်သူကြီးကိုတော့ အပြုတ်တိုက်မယ်..။
ကိုယ့်ဘက်က သူတွေကို သေခြာ train လိုက်ဦးမယ်...။
သုဒြေ္န said…
ညီလေး..ဖိုးစိန်နေကောင်းတယ်ဟုတ်...(ဟုတ်ကဲ့ ..ကောင်းပါတယ်ကိုကြီး)..၀မ်းသာတယ်ဟေ့ (ကိုကြီးရော)ထုတ်စည်းတိုးနေတယ်လေရှုံးသေးဘူး.....ကံကြမ္မာရဲ့ တာကိုဖေါက်ထွက်ဘို့ ပြင်ဆင်ဆဲပေါ့ .....ဇွဲနဲ့ ဝိရိယက...ဘယ်ညာတောင်ပန်မှာ...နေရာယူထားပြီ...စိတ်ဓါတ်နဲ့ ..ဥာဏ်ပညာကရှေ့ ဆင့် နောက်ဆင့် ....ဥာဏ်လေးက....ကံကြမ္မာကို...၇ှုးရှုးရှုး.လို့ ခြောက်နေလေရဲ့ ..ကံကြမ္မာရယ်..နင့် မလောက်လေး..မလောက်စားအစွမ်း.အစလေးနဲ့ ...ငါ့ ကိုဒုက္ခပေးမယ်ကြံနေလားသနားတယ်..ဒို့ လေးယောက်ပေါင်းမိချိန်မှာတော့ ..ကံကြမ္မာဟာ..ဗျာများလို့ မျက်စေ့ လည်နေပြီ....ဘယ်တောင်ပံ.....ညာတောင်ပံကိုဖမ်းမယ်လုပ်...ကိုရွှေဥာဏ်ကထပ်လို့ ရှုပ်စိတ်ဓါတ်ကဖေါက်ထွက်လို့ .သွား.ဒီပွဲမှာနိုင်ရသူက...ကျနော်လူသား....ချစ်တဲ့ ညီလေးကိုအားပေးတဲ့ .......့မန့်လေးပါ....ဘလော့ ညီကိုမောင်နှမများကိုလဲ............အစဉ်မြဲအားပေးလျှက်...များစွာသောချစ်ခြင်းတို့ ဖြင့် ....သုဒြေ္န
Mogok Thar said…
ထုတ်စည်းထိုးပွဲမှာ ထမ်းသိုး ဟင်းသိုးအဖြစ် ပါ ပါရစေ။
(ထမင်းသိုး ဟင်းသိုးသာ ဖြစ်ချင်ပါတယ်လေ)

ထုပ်စည်းထိုးတဲ့အခါ ကိုယ်က ပျင်းလာရင် အမိသာ အဖမ်းခံလိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ့်အသင်းကလူတွေ မရှုံးစေချင်တော့လဲ အမိ မခံရအောင် ကာကွယ်ရတာပေါ့ကွာ။

သူံဘက်ကနိုင်လိုက်၊ ကိုယ့်ဘက်ကနိုင်လိုက်....
ကိုယ်ကတော့ ဘယ်သူမှ မနိုင်တဲ့ သရေပွဲနဲ့ သူံဘက်တက်၊ ကိုယ့်ဘက်လဲ တက်တာကို ပို လိုလားတယ်။

ပွဲတိုင်းမှာ အရှုံး နဲ့ အနိုင် နှစ်မျိုးတည်းသာ ရှိတယ် ဘယ်သူ ပြောသလဲဗျာ။
နှစ်ဘက်စလုံး အောင်မြင်နိုင်တဲ့ ပွဲတွေလဲ ရှိမှာ အသေအချာ။ ။

ဘယ်သူမှ မရှုံးစတမ်း တပွဲတလမ်း အကဲစမ်းကြစို့။

ကံကြမ္မာက သူ့ဘက်ခေါင်သူကြီး

ကိုယ်ဘက်ခေါင်သူကြီးက စိတ်ဓာတ်
သူ့ဘက်အသင်း နဲ့ ကိုယ့်ဘက်အသင်း
ပွဲ စခင်းလိုက်ပြီ။ ။

ချစ်ခင်စွာဖြင့်

ကိုမောင်ဟန်
khin oo may said…
အမြဲဒွန်တွဲနေတာဘဲ ရီုးလိုက်နိုင်လိုက်
မငုံ said…
ဘ၀ဟာ ထုတ်စီးတိုးပွဲသာဆိုရင် ကံကြမ္မာရဲ့ လှည့်ကွက်မှာ လွတ်တုန်းတော့ ရှောင်နိုင်ပေမဲ့ မိသွားရင်တော့ အရှုံးပဲ။ အဆင်ပြေပျော်ရွှင်ပါစေ။
အိန္ဒြာ said…
((((ဟေးးးးးးအောင်ပြီ ))))

လို့ အသံကုန်အော်နိုင်တဲ့ ကိုယ်ဖြစ်ပါစေ..မောင်လေးရေ

Popular Posts