ထုတ်စည်းထိုးပွဲ
ဘဝနဲ့ ကစားတဲ့ ထုတ်စည်းထိုးပွဲ
ကံကြမ္မာက သူ့ဘက်ခေါင်သူကြီး
ကိုယ်ဘက်ခေါင်သူကြီးက စိတ်ဓာတ်
ကိုယ့်နောက်မှာ ဇွဲ ဥာဏ် ဝိရိယရှိတယ်…။
ပွဲ အစမှာ
ကိုယ့် သူကြီးကိုလွှတ်ပေးတယ်
နောက်လိုက်တွေကို အော်ရင်းဟစ်ရင်း....
နောက်လိုက်တွေလဲ
သီသီလေး ကပ်ကာကပ်ကာ
လွတ်အောင်ပြေးပေါ့ လွှားပေါ့..
ခေါင်လေးတွေ ကျော်နိုင်လို့
ဝေးကနဲ အော်လိုက်ချိန်မှာ
ကိုယ့်စိတ်ဓာတ်လေးကို
ကံကြမ္မာက ဖမ်းမိသွားတယ်..။
မင်းရှုံးပြီးတဲ့………..။
Comments
ဟုတ်တယ်အကို ဘဝဟာ ထုတ်ဆီးတိုးပွဲပဲ
တခါတခါတော်တော်မောတယ်.. တချို.အခေါက်ကျပြန်တော့လည်း လွယ်လွယ်နဲ့နိုင်ချင်နိုင်နေပြန်ရော......
ထုတ်စည်းတိုးရတာ မောလာရင် ခဏနားပေါ့၊ ပြီးတော့ ပြန်တိုးလေ၊ ပွဲတိုင်းတော့ ကံတရားက မနိုင်နိုင်ပါဘူး
ပြီးတော့ အဖေက အမြဲ ပြောတယ်.. ကံ=ကမ္မ=အလုပ် တဲ့
ဘောလုံးပွဲ ပိုမိုက်တယ် .. အားမွေးထား ...
(အဟဲ ခေါက်ဆွဲတောင်ကျွေးသေးတယ် ...)
အားပေးခင်မင်လျက်...
အဲ့ ဒီ စိတ်ဓါတ်ကို ဇွဲတွေ၊ ဉာဏ်တွေ၊ ဝိရိယတွေ နဲ့ တစ်သားတည်း ဖြစ်အောင် ပေါင်းပြီး..
အဲ့ဒီ ကံကြမ္မာဆိုတာကို ရှောင်ထွက်နိုင်အောင်၊ ရင်ဆိုင်နိုင်အောင်..
ကြိုးစားပေါ့.. အားမွေးပေါ့..
ချစ်ခင်တဲ့..
လျှပ်စည်းတွေ သတိထားရမယ့် စည်းတွေလည်း
ဘဝမှာအများကြီးပဲ...............
တစ်ခေါက်ရှုံးတော့လည်း နောက်တစ်ပွဲပြန်ကစားကြမှာပေါ့ ဘယ်သူဟာ အမြဲနိုင်နိုင်မလဲ
ဘယ်သူဟာ အမြဲရှုံးနိုင်မလဲ
လှချက်ကယ် ... !!!
ဒီလိုပါပဲ ဖြစ်တတ်တဲ့သဘေားတရားလေးတွေပေါ့
ကိုဖိုးစိန်ပြောသလိုပါပဲ
ခံစားတတ်သလို ခံစားသွားတယ်။
ခင်မင်စွာဖြင့်
စည်သူ။
ခင်မင်လျှက်
အဆိပ်ခွက်
အဲဒီ ခေါင်သူကြီးကိုတော့ အပြုတ်တိုက်မယ်..။
ကိုယ့်ဘက်က သူတွေကို သေခြာ train လိုက်ဦးမယ်...။
(ထမင်းသိုး ဟင်းသိုးသာ ဖြစ်ချင်ပါတယ်လေ)
ထုပ်စည်းထိုးတဲ့အခါ ကိုယ်က ပျင်းလာရင် အမိသာ အဖမ်းခံလိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ့်အသင်းကလူတွေ မရှုံးစေချင်တော့လဲ အမိ မခံရအောင် ကာကွယ်ရတာပေါ့ကွာ။
သူံဘက်ကနိုင်လိုက်၊ ကိုယ့်ဘက်ကနိုင်လိုက်....
ကိုယ်ကတော့ ဘယ်သူမှ မနိုင်တဲ့ သရေပွဲနဲ့ သူံဘက်တက်၊ ကိုယ့်ဘက်လဲ တက်တာကို ပို လိုလားတယ်။
ပွဲတိုင်းမှာ အရှုံး နဲ့ အနိုင် နှစ်မျိုးတည်းသာ ရှိတယ် ဘယ်သူ ပြောသလဲဗျာ။
နှစ်ဘက်စလုံး အောင်မြင်နိုင်တဲ့ ပွဲတွေလဲ ရှိမှာ အသေအချာ။ ။
ဘယ်သူမှ မရှုံးစတမ်း တပွဲတလမ်း အကဲစမ်းကြစို့။
ကံကြမ္မာက သူ့ဘက်ခေါင်သူကြီး
ကိုယ်ဘက်ခေါင်သူကြီးက စိတ်ဓာတ်
သူ့ဘက်အသင်း နဲ့ ကိုယ့်ဘက်အသင်း
ပွဲ စခင်းလိုက်ပြီ။ ။
ချစ်ခင်စွာဖြင့်
ကိုမောင်ဟန်
လို့ အသံကုန်အော်နိုင်တဲ့ ကိုယ်ဖြစ်ပါစေ..မောင်လေးရေ