ကံ အလှည့်ဆိုတာ


ကျွန်တော် ဆိုက်ပရပ်စ်မှာ နေ တာ ကြာလာတာ နဲ့ အမျှ ရခဲ့တဲ့ ဘဝပေးအတွေ့  အကြုံတွေက
အသက်နဲ့ မမျှပါလားလို့ တွေးမိတယ်... လှေခါးတစ်ဆင့်ကို လှမ်းတက်တိုင်းမှာလဲ လက်တန်းမပါလို့ ထိန်းပြီးတက်ရတယ်... တစ်ဆင့်ရောက်တိုင်းလဲ နှစ်ဆင့်သုံးဆင့်လောက်ကို ပြန်ပြုတ်ကျနေသလို ခံစားမိတယ်...တစ်ခါတစ်လေ အပေါ်အဆင့်မှာရှိနေတဲ့သူ က ခြေချော်သလို သရော်တာခံရသလို ..ကိုယ်အောက်အဆင့်က သူ က ကိုယ်ခြေကိုလှမ်းဆွဲပြီးခေါ်ပါ ဆိုတာမျိုးလဲရှိတယ်လေ.... သြော်..ဘာဖြစ်ဖြစ် .... ဒီလှေကားက ငါတက်မှဖြစ်မယ်ဆိုတဲ့မာန နဲ့ ဇွဲ လေး ကျန်သေးလို့သာ ဆက်တက်ဖြစ်နေတယ်....အနည်းဆုံးတော့ ..ကိုယ်လှမ်းမိတဲ့ အဆင့်ကို မကျိုးကျအောင်...မပြုတ်ကျရအောင်လုပ်နိုင်ရင်ဘဲ..အသက်ရှူ ချောင်လှပါပီ...


ငယ်ငယ်က သင်တဲ့မပုကြွယ်နဲ့ ခရုငယ်မှာ ခရုငယ်က ခြံတိုင်ထိပ်ကို ရောက်အောင်တက်နိုင်တာ ခရုငယ်မှာ သူ့ရဲ့ လုံ့လ အပြင် သဘာဝတရားက ပေးထားတဲ့ တိုင်ကို ကပ်နေနိုင်တဲ့ သဘာဝ အရည်ကြည်ကြောင့် လဲ ပါတယ်လို့တွေးမိတယ်... တစ်ချို့လူတွေမှာ ဒီလို သဘာဝတရားက ပေးတာကို မရတဲ့ လူတွေလဲရှိပါတယ်.....

“လုံ့လနဲ့ ကြိုးစားနေကြတာပဲ ..ဖြစ်မလာတာက ကံတရားပေါ့လို့” ပြော ကြတဲ့လူတွေကို “ကံဆိုတာအလုပ်လို့ ”ပြောကြတဲ့ လူတွေကဘယ်လို ဖြေရှင်းချက်များထပ်ပေးမှာလဲ....


ဘာပဲဖြစ်ဖြစ်လေ လူဆို တာ ကိုယ့်ယုံကြည်မှု့ နဲ့တော့ကိုယ်ရှိကြတာပဲ..ရည်မှန်းချက်တွေ အနာဂတ်တွေ ကို အမြဲတမ်းပုံဖော်မှန်းဆပြီးကြိုးစားနေကြတာပဲမဟုတ်လား.... ကံဆိုတာ အလုပ်ပါဆိုတာမျိုးပေါ့...
ကျွန်တော့်အတွက်တော့ အလုပ်ကြောင့်ဖြစ်လာတဲ့ကံက အကျိုးပေးတာလား.. ကံကြောင့်ဖြစ်လာတဲ့အလုပ်က အကျိုးပေးတာလားဆိုတာပြောပြချင်တယ်

လက သြဂုတ်လ ..

သြဂုတ်လဆိုတာ ကျွန်တော်နေတဲ့ ဆိုက်ပရပ်စ်မှာ အပူဆုံးလ..

နေ့ အပူချိန်က (၄၀) ဒီဂရီလို့ ကြေငြာပေမယ်...တကယ်ကျတော့ အပူချိန်က အနည်းဆုံး(၄၆) ဒီဂရီ မှာရှိတယ်လေ.. ဒါကြောင်ဒီနိုင်ငံကလူတွေက ဒီလတစ်လလုံး ကို “အားလပ်ရက်”အဖြစ်သတ်မှတ်ပြီး အလုပ်တွေ ကျောင်းတွေ အကုန်ရပ်ဆိုင်းကြတယ်...စားသောက်ဆိုင်တွေကလွဲလို့ ပေါ့...)

နေ့က သောကြာနေ့..

တစ်ယောက်ယောက် က ကျွန်တော့် တံခါးကိုခေါက်နေပါလားဆိုတဲ့ အသိစိတ် ဝင်လာပြီးကျွန်တော်နိုးလားတယ်... အချိန်ကိုကြည့်လိုက်တော့ မနက်(၈) နာရီ.. အားလပ်ရက်မို့  ညဥ့်နက်မှအိပ်ဖြစ်တော့ ထတာတောင် မူးနောက်နောက်နဲ့ အံ့သြမိတာက ဒီလို အချိန်ကျွန်တော့်ဆီကို ဘယ်ဧည့်သည်မှမလာဘူးတာပဲ... လာမယ်ဆိုရင်တောင်ဖုန်းလေးလှမ်းတောက်မှာ သေချတ်ာတယ်...

တွေဝေ အံ့သြစိတ်နဲ့ တံခါးဖွင့်လိုက်တော့ ကျွန်တော် တခါမှမတွေ့ ဘူးတဲ့သူတစ်ယောက် စာအိတ်တစ်လုံးကိုင်ပြီး ရပ်နေတာကိုတွေ့တယ်... စာပို့ သမားနဲ့ လဲမတူတဲ့ ဒီလူက ကျွန်တော်ကို “မင်းက စိန်လား” လို့ မေးတော့ ကျွန်တော်လဲ “ဟုတ်တယ်”လို့ ပြောပြောချင်း ကျွန်တော်ကို စာအိပ်လှမ်းပေးပြီးထွက်သွားတယ်... စာအိတ်ကိုအာရုံရောက်နေလို့ စာအိတ်ပေးသူကို ကျေးဇူးတင်ကြောင်းတောင်မပြောလိုက်ရဘူး...
ဘာကြောင့်လဲဆိုရင် စာအိတ်ပေါ်မှာ အင်္ဂလိပ်လို ရေးထားတဲ့စာကြောင့် စာအိတ်ယူလာသူ ဆီကိုအာရုံမရောက်နိုင်တာပါ..


စာအိတ်ပေါ်မှာရေးထားတာက

” စိန်

ယူရိုငွေသား (၂၅၀)

ကော့စတာစ်”


စာအိပ်ကိုဖွင့်ရင်းကျွန်တော်ပြုံးမိတယ်...စိတ်ကလည်းလွန်ခဲ့တဲ့ နှစ်ပတ် သြဂုတ်လ အစဆီကို ရောက်သွားတယ်..


........................................


သြဂုတ်လစစချင်းမနက်တစ်ခုမှာ ကျွန်တော်ဖုန်းမြည်လာလို့ လှမ်းကိုင်လိုက်တော့သူ က ကျွန်တော် အမြဲ ခြံသွားသွားရှင်းနေတဲ့ အိမ်က အိမ်ရှင် ဝမ်းကွဲ မောင်ရဲ့ သူငယ်ချင်း ပါ... နာမည်က ကော့စတာစ်ပါ ... ကျွန်တော့်ဖုန်းနံပတ်ကို သူ့ သူငယ်ချင်းဆီကရတာပါဆို ပြီးမိတ်ဆက်တယ်..

အကြောင်းအရင်းက သူ့အိမ်နောက်ဖေးက ဂိုဒေါင်လေးကို ဖြိုချင်လို့တဲ့… ပြီးတော့ သူ ဂရိကို ဟော်လီးဒေး မသွားခင်လဲ ပြီးချင်တယ်တဲ့ဆိုပြီး အလုပ်တစ်ခုအပ်တယ်လေ.. ကျွန်တော်က ဒီရောက်ကတည်း က လုပ်နိုင်တဲ့ အလုပ်မှန်သမျှ ငြင်းလေ့မရှိဘူး..ကျွန်တော် စားသောက်ဆိုင်မှာ အချိန်ပြည့် အလုပ်လုပ်ပေမယ့် အားရင်အားသလို အချိန်ပိုင်းအလုပ်ကို လုပ်နေတာ နေသားကျနေပါပြီး… အခုဟာကလဲ ကျောင်းပိတ်ရက်လည်းဖြစ်.. ပူတော့လဲ အချိန်ပိုင်းအလုပ်ရှားနေ ချိန်ဆိုတော့ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်… သူ ကမလုပ်ခင်တစ်ရက် အိမ်ကိုလာကြည့်ပါ..ဘာလို လုပ်နိုင်တယ် ဘယ်နှရက်ကြာမလဲ… ဘယ်လောက်ယူမလဲ… ဆိုတာ ဈေးညှိချင်တယ်ဆို လို့ ကျွန်တော်လည်းသူလမ်းညွှန်တဲ့ လိပ်စာအတိုင်း ဆိုင်ကယ်နဲ့ သွားခဲ့တယ်...ကျွန်တော်နေတဲ့နေရာနဲ့ (၅)ပြန်စာလောက် ဝေးတဲ့ရွာလေးမှာ.. အိမ်ကိုတော်တော်လေး ရှာလိုက်ရတယ်.. ဖြိုမဲ့ ဂိုဒေါင်လေးကို ကြည့်လိုက်တော့ အိုနေပြီးဆိုပေမယ့် အုတ်တစ်ဝက် သစ်တစ်ဝက်နဲ့ ဆောက်ထားတာ... တော်တော်လေးဖြိုယူရမယ် တော်တော်လေးလဲရှင်းရမယ်ဆိုတာသိလိုက်တယ်...


ကျရောက်နေတဲ့ အပူချိန်ကို ရင်လေးမိပေမယ့် အားချိန်မှာ နားမနေချင်တာပေါင်းပြီး ဒီအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်.. သူ ဒီအလုပ်ကိုပေးတယ်ဆိုတာကလဲ သူတို့ နိုင်ငံသားအချင်းချင်း ခေါ်ခိုင်းမယ်ဆိုရင် ရက်ကကြာမယ်… ငွေပိုပေးရမယ်... စိတ်တိုင်းကျခိုင်းလို့ မရနိုင်ဘူးဆိုတော့ ကျွန်တော့်ကိုမြင်တာပေါ့... အမှန် ဒီ အလုပ်က လူ နှစ်ယောက်လုပ်မှ အဆင်ပြေနိုင်မယ့်အလုပ်မျိုး… တစ်ယောက်က ဖြို..တစ်ယောက်က ဖြိုထားသမျှကို ”စကစ်ပ်”လို့ ခ်ါတဲ့ အမှိုက်ကားကြီးထဲ ထည့်ရမှာ.. ဒါပေမယ့် လူရှာရမယ်ဒုက္ခရယ်..ရလာရင်လည်းကိုယ့်ကို ဆရာလာလုပ်မယ့် အခြေအနေရယ်တွေးပြီး စိတ်အေးအေးနဲ့ တစ်ယောက်ဘဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..

သူ က ဘယ်လောက်ယူမလဲလို့ မေးတော့ ကျွန်တော် က ဖျက်တာက နှစ်ရက် သိမ်းတာ ကသုံးရက် လောက်.. တစ်ရက်ကို (၈) နာရီ လောက်လုပ် (၅၀)နှုန်းနဲ့ ယူရင် (၅)ရက်ဆို (၂၅၀) တောင်းရင်ကောင်းမယ်လို့ စိတ်က တွေးပြီး ”ငါ့ကို(၂၅၀) ပေး ရက်ကတော့ အနည်းဆုံး (၅) ရက်(၆)ရက် လောက်ကြာမယ် ဆိုတော့ သူ က သဘောတူပြီး သူ ဂရိမသွားခင်ပြီးရင် ကျေနပ်ကြောင်းပြောတယ်..

ဒီလိုနဲ့ နောက်နေ့မှာဘဲ ကျွန်တော်အလုပ်စတယ်.. သူ့ကို မနက် (၇) နာရီအလုပ်စမယ်ပြောထားပေမယ့် နေပူရင်မလုပ်နိုင်မှာစိုးတာနဲ့ မနက် (၄)နာရီ အိပ်ယာထ ..ဆိုင်ကယ်နဲ့ ဆို သူ ဆီ နာရီဝက်နီးပါး သူ့ဆီကို (၅)နာရီမထိုးခင် ရောက်အောင် သွားပြီးအလုပ်စတယ်.. အလုပ်ကိုလဲ ညနေ (၅) နာရီမှသိမ်း ပြီးစားသောက်ဆိုင်ကို အပြေးလစ်ရတယ်.. အချိန်ဆွဲ နားပြီးမလုပ်ချင်ဘူး … ပူမယ့်တူတူ အပူခံလိုက်မယ်.. အမောခံလိုက်မယ်… ပင်းပန်းနှုံးချိနေပေမယ့် ပြီးမှပဲပေါင်းနားတော့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုခဲ့တာ (၃)ရက်အတွင်းကို လက်စသတ်နိုင်တယ်... မောလိုက်တာ..ပင်ပန်းတာ တွေ အပြင် လက်တွေလဲ စုတ်ပြတ်သတ်လို့ ပေါက်ပြဲ လူက လည်းအပူရှိန်နဲ့ ပိန်ချောက်နေတဲ့ မျောက်အိုကြီး နေလောင်ထားတဲ့ရုပ်ထွက်လာတယ်..ဒါပေမယ့် ကျွန်တော်ထင်ထားတဲ့ ရက်ထက်စောပြီးလို့ ကိုယ်ကို ကိုယ် ငါတယ်လုပ်နိုင်ပါလား ဆိုပြီးဂုဏ်ယူကျေနပ်မိတယ်... (ကျွန်တော့်စားသောက်ဆိုင်က သူဌေးမိန်းမဆို သနားလို့ ငိုသေးတယ်)

နောက်နေ့ ကျွန်တော်သူ့ ဆီကိုသွားပြီး ပိုက်ဆံသွားတောင်းတော့သူ အိမ်မှာမရှိဘူး… ကျွန်တော်လာမယ် ဆိုတာဖုန်းကြိုဆက်ပြီးသား…ဒီခရီးက ဝေးတယ် ပြီးတော့ (၃)နာရီ်ကျော်ကျော် သူ့ အိမ်ရှေ့မှာထိုင်စောင့်နေရတယ်… “ရောက်လာတော့လဲ ခဏစောင့်ဦး… ဘဏ်သွားပြီးငွေထုတ်ရမယ်”ဆို လို့ နောက်တစ်နာရီထပ်စောင့်လိုက်ရတယ်... ဖုန်းခေါ်တော့လဲ မဖြေပြန်ဘူး.. ပြန်လာတော့ကျွန်တော့ကို ပေးတာ က (၁၅၀)ယူရို..သူ့ မျက်နှာကို ကြည့်ပြီးနောက်ထပ်(၁၀၀) ကိုတောင်းတော့သူ က

“နင်လုပ်တာက (၃)ရက် ပဲ ..နင်ပြောတော့ (၂၅၀) ကို (၅)ရက် အခု နင်က (၃)ရက်ပဲလုပ်တော့ (၁၅၀)ပေါ့...ဒီပိုက်ဆံက နင့်အတွက်များပါသေးတယ်.. နင်တို့ဒီလို လိုလွယ်လွယ်ရလို့ လောဘတက်နေတာ..သွားသွား..ပြန်တော့” လို့ ပြောတယ်လေ... ကျွန်တော် တော်တော်လေး စိတ်ဓာတ်ကျပြီး ဝမ်းနည်းသွားတယ်... ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာ အခုသူ က ဒီလို တွက်ပြီးပေးတယ်... ကျွန်တော်တို့က နေ့ စားအနေနဲ့ သဘောတူထားတာမှမဟုတ်တာ... ပုတ်ပြတ် ပြောထားတာပဲ... ကျွန်တော်က “ဘာဖြစ်ဖြစ်နင်နဲ့ငါက (၂၅၀) နဲ့ သဘောတူထားတာ ငါဘယ်လောက် ပင်ပန်းလဲဆိုတာ နင်လဲမြင်တယ်လေ..နင်ငါ့ကို ပေးသင့်ပါတယ်..ငါ့မှာမိုးလင်းကနေ မိုးချုပ် နားချင်တောင်မနားပဲ ပြီးချင်ဇောနဲ့ ကြိုးစားလိုက်ရတာ … နင်တခြားလူကိုခိုင်းရင် ငါ့ကို ပေးတာထက်နင်ပိုပေးမယ်ဆိုတာသိရက်သားနဲ့ နင်အတွက်ဒီငွေကလည်း နင်ပေးနိုင်လို့ သဘောတူထားတာ” ဆိုတော့ သူ က“ဒါဆို နင်က ဘာလုပ်ချင်လဲ ရဲ ခေါ်ချင်လား ခေါ်..သတ်ချင်လား… လာသတ် ငါကနင့်လိုကောင်ကို ဂရုစိုက်မယ်ထင်လား ရီစရာကြီး” ဆိုပြီးရယ်နေလိုက်တာဗျာ..

စိတ်လဲပျက် စိတ်လဲတို ဒေါသထွက်လာတဲ့ကျွန်တော်က“အေး ကောင်းပြီး… နင့်ကို ငါဘာမှမလုပ်ဘူး..ရဲခေါ်ရလောက်အောင်လဲ ဒီကိစ္စက သေးသေးလေး… သတ်ရလောက်အောင်လဲ ငွေကမများဘူး..ဒါပေမယ့်..နင်သိထားဖို့ က နင့်စိတ်ကိုငါသတ်နိုင်တယ်… နင်ငါ့ကိုအထင်သေးတယ်… စိတ်ပျက်စိတ်ဆိုးအောင်လုပ်တယ်… ရော့ နင်ပေးတဲ့ပိုက်ဆံကိုနင်ပြန်ယူ..နင့်အတွက်ငါပြန်ပေးခဲ့တယ်...အမှတ်တရပေါ့..ငါလဲမလိုချင်တော့ဘူး… ဒါပေမယ့်တနေ့နေ့မှာ နင်က ဆိုးဆိုးရွားရွား ဝေဒနာတစ်ခုမဟုတ်တစ်ခု ဒါမှမဟုတ်ရင် အခက်အခက်တစ်ခု ခံစားရလိမ့်မယ်… ခံစားရတိုင်းလဲ ငါလုပ်နေတာပါဆိုတာအမှတ်ရပါ… နင့်ကို ဒီနည်းနဲ့ သတ်မှာ… ဒါကငါရဲ့ကလဲစားပါ... နင့်ကြောင့်လဲမဟုတ်ဘူး… ငါကြောင့်လဲမဟုတ်ဘူးနော်.. နင်ငါ့ကိုပေးခဲ့တဲ့ သင်ခန်းစာကြောင့်..ကျေးဇူးတင်ပါတယ်“ဆိုပြီး သူ့ ပိုက်ဆံကိုပေးပြီး ကျွန်တော်ပြန်လာခဲ့တယ်..

ကျွန်တော်ခြံရှင်းနေကျ အိမ်ရှင်ကိုပြောပြတော့သူ က ပိုက်ဆံအစား ထိုးပေးပေမယ့် ကျွန်တော်လက်မခံခဲ့ဘူး… တစ်ပတ်လောက်ကြာတော့လဲ တခြားအလုပ်တွေနဲ့ ပုံမှန်လည်ပတ်သွားတယ် ဆိုတော့ မေ့သွားသလောက်ြ ဖစ်နေပါပြီး..
စိတ်ဆိုးတုန်းမို့ ပြောချင်ရာပြောခဲ့ပေမယ့် သူ့ ကိုဘာတွေပြောခဲ့တယ်ဆိုတာ မမှတ်မိဘူး.. အခုဒီစာကိုဖတ်ရင်းနဲ့ မှကျွန်တော့်သူ့ ကို ဘာတွေပြောခဲ့သလဲဆိုတာ သတိပြန်ရလာတာ..
သူရေးတဲ့စာက

”စိန်

နေကောင်းရဲ့ လား....
ပထမဆုံးအနေနဲ့ ငါပြောခဲ့သမျှကိုတောင်းပန်ပါတယ်..ပြီးရင်အခုစာအိပ်နဲ့ ထည့်ပေးလိုက်တဲ့ နင့်လုပ်အားခကို လက်ခံပေးပါ… ငါ့ကိုကျိန်ခဲ့ တာတွေကိုလဲ ချေပေး ပါ.... ငါဂရိကို ဟော်လီးဒေးသွား ကတည်းက စ ပြီးဖျားတယ်.. ငါမရှိတုန်းအိမ်မှာလဲ လျှပ်စစ်မီးက ရှော့ဖြစ်တယ်...နေမကောင်းလို့ ပြန်လာတော့လဲ ရှော့ဖြစ်ထားတာမသိဘဲ မိုက်ခရိုဝေ့ကို သုံးမိလို့ ငါမီးဖိုချောင်မီးလောင်တယ်… တစ်ခုချင်းစီသာ ချပြောရရင် အများကြီး… တော်တော်လေး ဒုက္ခရောက်တယ်.. နင်လုပ်တာမဟုတ်ဘူး ဆိုတာသိနေ ပေမယ့် နင်ပြောခဲ့သလို တစ်ခုခုဖြစ်တိုင်းမှာ နင့်ကို အမှတ်ရနေတယ်… ငါအတွက်မကောင်းဘူး..မှားခဲ့သမျှတောင်းပန်ပါတယ်… ငွေနဲ့ စာကိုရပြီးရင်ငါ့ကို ခွင့်လွှတ်ပေးပြီး နင်ထားခဲ့တဲ့ကလဲ့စားကို ဖျက်ပေးပါ..ကျေးဇူးတင်ပါတယ်..
ကော့စတာစ်

စာကို အကြိမ်ပေါင်းမနည်းဖတ်မိနေတယ်..ကိုင်ထားတဲ့ပိုက်ဆံကိုလဲ လက်ထဲမှာပွတ်သတ်နေမိတယ်… အခုကျွန်တော်ပြုံးနေမိတယ်… ဒါကတော့ သူအရင်ကတည်းက လုပ်သင့်လုပ်ထိုက်တာနဲ့ ကျွန်တော်ရသင့်ရထိုက်တာပါ… သူ့ ကိုကျွန်တော်စိတ်ဆိုးဆိုးနဲ့ဒေါသရှေ့ ထားပြောခဲ့မိပေမယ့် သူ့ အတွက် တစ်ခုခုပြန်လုပ်ဖို့ ကျွန်တော်မှာ မကောင်းတဲ့ စိတ်မထားမိခဲ့ဘူး..


ကျွန်တော် စာဖတ်ပြီး ကောင်းကောင်းသိလိုက်တာက မြတ်ဘုရားကိုယ်တော်တိုင် ကျွန်တော့်အတွက် ပြုံးနေမယ်ဆိုတာပါဘဲ...

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

မှတ်ချက်... ကျွန်တော် ” MY REVENGE ” ဆို တဲ့ ပိုစ့်ကို အင်္ဂလိပ်လို ရေးခဲ့ဘူးတယ်... ရေးခဲ့တဲ့ ပိုစ့်ကို အကြောင်းတိုက်ဆိုင်လို့ ပြန်ခံစားတင်ပြထားတာပါ

Comments

MANORHARY said…
ကံအလှည့်ဆိုတာ
ဒီလိုပါပဲ
ဒီတစ်ခါတော့
ပထမရအောင်ယူလိုက်ပါသည်။
MANORHARY said…
လောကပါလတရားဆိုတာရှိတယ်
ကိုယ်ကသူတစ်ပါးကို မကောင်းတာ
လုပ်ထားမိရင် မကောင်းတဲ့ဒါဏ်က
ကိုယ့်ဆီပြန်လာတာပဲ..ဒါ buddhism မှာလည်းရှိပါတယ်
လိုက်လံကလဲ့စားခြေစရာမလိုတဲ့
လောကပါလတရားရဲ့ဒါဏ်ခတ်မှုတစ်မျိုးပေါ့..
ဒီပို့စ်လေးကို ဒုတိယအကြိမ် လာဖတ်ပါတယ်နော်...
ဟိုးအရင်က ပို့စ်အဟောင်းလေးကို ပြန်တင်တာလား...
ဘာပဲဖြစ်ဖြစ် ပြန်ဖတ်ရတာပေါ့နော်...
စည်သူ said…
နေရာအရင်လာယူတာတောင်.. မရဘူး

ကိုဖိုးစိန်ရေ.. အိပ်လိုက်အုံးမယ်...

နိုက်ထွက်ဖြစ်နေလို့ပါဗျ....
သုဒြေ္န said…
ဆားချက်တယ်...ပင်လယ်ကမ်းဘေးမှာ..လူုတယောက်.ပေါက်ပြားတလက်နဲ့ ...အလုပ်ရှုပ်နေတာ...................စိတ်ဝင်စားလို့  ကြည့် မိတော့ ..ဖိုးစိန်ဖြစ်နေတယ်.......ဘာလုပ်နေတာပါလိမ့် စူးစမ်းတဲ့ အခါ..ဆားချက်နေတာပေါ့ ....ညီလေးနေကောင်းတယ်ဟုတ် သတိရတယ်မတွေ့ တာကြာပေါ့ ...ကျမ္မာပျော်ရွှင်ပါစေ ခင်မင်မှုများစွာဖြင့် ...ကိုကြီးသုဒြေ္န
kiki said…
တဦးမေတ္တာ တဦးမှာ ။
မောင်ဖိုးစိန်ရဲ့မေတ္တာစူးသွားတာလား ။
ကျိန်စာလား ။ကိုယ်ပြုတဲ့ ကံ ကိုယ်ပြန်ခံရတာလား ။
တိုက်ဆိုင်တာလား ။

ဘာဘဲဖြစ်ဖြစ် ကိုယ့်လုပ်အားနဲ့ရသင့်တာကို ရအောင် ပြောတာ ၊ ဒေါသမဖက်ဘဲ တဖက်သားကို ဆုံးမလိုက်တာ ကောင်းပါ၏ ။

ကံကောင်းသော အလုပ်များဖြင့် အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ ။( လယ်ပိုင်ရှင် သူဌေးကြီးက သိပ်ငြီးမနေနဲ့အုံး ။ သူရင်းငှား လာလုပ်မယ် ၊ အလုပ်ပေးအုံး ၊ ဒီမှာ ပိုက်ပိုက်ပြတ်နေတယ် ။ဟိဟိ)
sweetpeony said…
အဲလိုပဲ ကိုဖိုးစိန်
သူများနိုင်ငံမှာလာလုပ်ရတာ သူတို့က နှိမ်ချင်တယ်...။
ဒီမှာလဲ ဒီလိုတွေအများကြီးမှ အများကြီး။
သူတို့နိုင်ငံကလူတွေကို ဒီလိုလုပ်ကြည့်ပါလား ရမလားလို့။ ဒါမျိုးကျသိတယ်လေ။ အခွင့်မသာသေးလို့ အောက်မှာနေနေရတယ်လို့ပဲ မှတ်ထားပါတယ်။ တနေ့ဆိုတာရှိမှာပဲ။ ခု ကိုဖိုးစိန်လိုပေါ့။
မေဇင် said…
အိုးးးးးးးးးးးးးးး တကယ်ထင်နေတာ ကိုကြီး ဖိုးစိန် ရဲ့.... ကတယ်ထင်နေပြီးတော့ အရမ်းနဲ့ကို သနားနေတာ...။ သူဌေးကတော် တောင် မျက်ရည်ကျတယ်ဆိုတော့ ဒီကတောင် ငိုတော့မလို့... ဟဟဟ ဘာသာပြန်တဲ့... ဘာပဲဖြစ်ဖြစ်တော်တော်လေး စိတ်ထဲမှာ စွဲနေတယ်..။မကောင်းတာလုပ်ရင် မကောင်းတာ ပြန်ဖြစ်မယ်...ဒါပဲလေ...။
ဖတ်ပြီး ညီမလည်း ပြုံးသွားတယ်
တကယ်လားလို့
ဘာသာပြန်ဖြစ်နေတယ် ..း)
တော်သေးတာပေါ့
အဆင်ပြေ ပျော်ရွှင်ပါစေ
ဘာသာပြန်ပေမယ့် ဒီလို လာနှိမ်ရင် ဒီလို လေး ပြန်ဆုံးမ လို့  ရတယ် သိသွားပြီ..ကောင်းတယ်..စိတ်ထားကောင်းမှ ကံကောင်းမည်...
Mogok Thar said…
မကြီးနော် ပြောသလိုပေါ့။ လောကပါလတရား ဆိုတာ...။
ကိုယ်က ဒဏ်မခတ်ပေမဲ့ လောကတရားက ပြန်ပြီး ဒဏ်ခတ်တာလေ။
ဒိတော့ မြတ်တဲ့ စိတ်နှလုံးလေး ထာဝရ မွေးမြူထားရင် ကိုယ့်အကျိုး ထိခိုက်အောင် လုပ်သူတွေက သူ့တရားသူ ဖြေရှင်းသွားတတ်ကြတာပါ။
လူတိုင်း တရားမျှတပြီး မှန်ကန်တဲ့ စိတ်စေတနာ ရှိကြမယ်ဆို ကောင်းသောတရားတွေသာ ဒီကမ္ဘာကြီးမှာ စည်ပင်သာယာနေတာ ကြာပေါ့ဗျာ။

(မဆီမဆိုင် ဒီ ပို့စ်လေး ဖတ်ပြီး The Thinner ဆိုတဲ့ ရုပ်ရှင်လေး သွား သတိရတယ်)

ချစ်ခင်စွာဖြင့်

ကိုမောင်ဟန်
ထင်တော့ထင်သား ဖိုးစိန်တစ်ယောက် ဒီလောက်ပင်ပန်းရင် လူရုပ်ပေါက်မှာ မဟုတ်တော့ဘူးလို့။
ဖတ်လို့တော့ လွတ်ကောင်းဗျာ။
တကယ်ဖြစ်ရပ်မှန်ထင်နေခဲ့တာ။
ဖိုးဖိုးက ဘာသာပြန်တာ အရမ်းကောင်းတယ်။
သြော်......

ဘာသာပြန်ရေးတာမဟုတ်ရပါဘူး...

ကိုယ်တိုင်ခံစားချက်ပါ....

ကိုယ်တိုင်ခံစားတာကို ” MY REVENGE ” ဆိုတဲ့ ပိုစ့်ကို ရေးခဲ့ဘူးတယ်...

ပိုစ့်စရေးခါစ မြန်မာလိုမရိုက်တတ်သေးတော့...

ခု မြန်မာလိုပြန်ရေးထားတာပါ... သူများပိုစ့်ကို ဘာသာပြန်ထားတာမဟုတ်ရပါဘူး....

ရန်တွေ့တာဟုတ်ဘူး.... အမှတ်မှားမှာကြောက်လို့

ညီမ မိုးခါး၊ နောင့်၊ မယ်ကိုး ကိုစိုင်းနဲ့ မမချစ်ကို ပြန်ပြောပြတာပါ...း)

သူတို့လုပ်မှ အသနားမခံရတော့ဘူး ခံစားချက်ပေါ့သွားပြီး....

ဟီးးး

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်
စေတနာအကျိုးပေးတာပါ..
ကိုယ်က စေတနာထားပြီး သေချာလုပ်ပေးခဲ့တာပဲ..

ဘာပဲ ဖြစ်ဖြစ်..
ဒီပိုစ့်လေးမှာ ရပ်တည်မှုတွေ.. ဘဝတွေ.. လူငယ်တစ်ယောက်ရဲ့ ကြိုးစားမှုတွေ.. လူတွေရဲ့ စိတ်ဓါတ်တွေ.. အများကြီး တွေ့လိုက်ရတယ်..

ချစ်တဲ့..
သူငယ်ချင်းရေ အမြင့်ဆုံးအပူချိန်မှာ အလုပ်တွေ
လုပ်နေရတာ တကယ်စိတ်မကောင်းဖြစ်မိတယ်..။
မနက်၅နာရီထဲက လုပ်တယ်ဆိုတာဖတ်ရတော့ လေးစား ရတယ်...။
အလုပ်ရှင်ရဲ့စကားကြားတော့ ငါပါဒေါသထွက်မိတယ်။
သူငယ်ချင်းတုန့်ပြန်သလို ငါဆိုရင်ရော တုန့်ပြန်နိင့်ပါ့ မလား မသေချာပါဘူး...။
စာကိုသေသေချာချာဖတ်ပါတယ် သူငယ်ချင်းရဲ့ အရင်
ထဲက အင်္ဂလိပ်လိုရေးထားတဲ့ ကိုယ်ပိုင်ဝတ္ထုလေးမှန်း ဖတ်ပြီးသိရပါတယ်..။
နွေးနေခြည် said…
တော်လိုက်တဲ့ နာ့အကို
ကောင်းပါတယ် ကိုဖိုးချိန်
နောက်လည်း ဒီလိုဇာတ်လမ်းမျိုး ဆက်ပါဦးနော်.. ဖတ်ကောင်းလို့
mae said…
ဗမာလို ပြန်ရေးထားတာလဲ ကောင်းတယ်၊ အပြစ်ရှိတဲ့လူအတွက် ကြောက်စရာအကောင်းဆုံးက သူ့စိတ်ပါပဲ၊

ဒီမှာတော့ august က သိပ်မပူဘူးဖြစ်နေတယ်၊
yangonthar said…
ပိုစ့်လေးက စိတ်ဝင်စားဖို့ လည်း ကောင်း တယ် ကိုဖိုးစိန်ကြီး ပင်ပင်ပန်းပန်း အလုပ် တွေ လုပ်ရ တာ ကို လည်း ကိုယ်ချင်းစာမိ တယ် နောက်ဆုံးတော့ စေတနာဟာ တူ သော အကျိုး ပေး၏ ပေါ့အစ်ကိုရာ ..... ကျွန်တော်ကတော့ အဲ လိုလူမျိုးတွေနဲ့ ဒီဘဝ သာ မက ဘဝဆက် တိုင်း မတွေ့ ရမဆုံရ မ ကြုံရပါစေနဲ့ လို့ ဆု တောင်းတယ် အစ်ကို လည်း နောင် ဒါမျိုး ဘယ်သော အခါမှ မကြုံ ရပါစေနဲ့ ဗျာ ......

အေးမြသာယာပါစေ :D
(ရန်ကုန်သား)
စည်သူ said…
ကိုဖိုးစိန်ရေ..
အဲလောက်ကြီးမကြိုးစပါနဲ့လေ..

မဟုတ်မှလွဲရော.. :P

အေးပေါ့ဗျာ.. လူဆိုတာ ဒီလိုပဲ..
အခုတစ်မျိုး တော်ကြာတစ်မျိုး
အဆင်ပြေချိန်တစ်မျိုး မပြေချိန်တစ်မျိုး

အကူညီလိုတော့ ပေးလိုက်တဲ့ကတိတွေ
အဆင်ပြေသွားတော့ မေ့လိုက်တဲ့အသိတွေ

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ..
ကိုကသာ သူများကိုမလုပ်မိအောင် နေရမှာပါလေ..

အဆင်ပြေပါစေဗျာ ကိုဖိုးစိန်..
ဟိုလူ မတရားလုပ်တာ တော်တော်ဒေါသဖြစ်မိတယ်။ မှန်မှန်ကန်ကန် လုပ်ခဲ့တဲ့ ကိုဖိုးစိန်အတွက်တော့ နောက်ဆုံးတော့ အောင်မြင်စမြဲပဲမဟုတ်လား။
ပျော်ရွင်ပါစေဗျာ။
အခု အမှန်တကယ် ကိုယ်ချင်းစာသနားစာနာမိပါပြီရှင် :)

အရင်က ဖိုးဖိုးကို ပေါ့ပေါ့ပါးပါးလူငယ်တစ်ယောက်လို့ပဲ ထင်နေမိတာ။
ဒီလိုအလုပ်ကြိုးစားတာ ဖတ်ရတော့ လေးလည်းလေးစားမိပါတယ်။ တကယ်ပါ။
မတိဘူးလေး .. အပေါ်က လူတွေ က ဘာသာပြန်ဆိုတာကိုး..ဖတ်လို့ ကလဲ ကောင်းဆိုတော့ အဲ့လို ထင်သွားတာ ..အတိုး နဲ့ လာပြန် သနားသွားပြီ.. ဟိဟိ..ချောတီး
အစ်ကိုရေ.. တကယ်ကောင်းတဲ့ စာလေးပဲ..သူများတွေက ဘာသာပြန်လို့ပြောနေပေမယ့် ကျနော်ကတော့ မထငိဘူး.. အစ်ကိုအရင်က အီးလိုရေးခဲ့တာလေးကို မြန်မာလိုပြန်ရေးတာ ဟုတ်တယ်မလား....
တော်သေးတာပေါ့...ဖိုးစိန် အဲဒီတုန်းက ဒေါသကြီးပြီး အုတ်ဖြိုတဲ့ တူကိုဆွဲပြီး တခါထဲ ရိုက်မချလိုက်တာ...

မဟုတ်ရင်တော့ သူ့အပြစ်က ကိုယ့်အမှားဖြစ်ပြီး ဘလော့ကို သံတိုင်ကြားကနေ လည်နေရလိမ့်မယ်...

စိတ်ထိန်း... စိတ်ထိန်း...

းဝ)
နေဒေးသစ် said…
အံ့သြဖို့ ကောင်းတဲ့ တိုက်ဆိုင်မှုလို့ ပြောရမလား ..
မေတ္တာတရားရဲ့ ဒဏ်ခတ်မှုလို့ ပြောရမလား ..
တိတိကျကျတော့ မသိဘူး ကိုစိန် ..
ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တစ်ခုကို တန်ကြေး ဖြတ်ခံရတာ တွေ့လိုက်ရတော့ စိတ်ထဲ ထောင်းကနဲ ဖြစ်သွားတယ် ..
ဒါပေမယ့် ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည် ဆိုသလို သူပြုခဲ့တဲ့ မကောင်းမှု စိတ်အကျင့်ဆိုး တစ်ခုကြောင့် သူ ပြန်ဒဏ်ခံရတာပါ ..
ရည်ရွယ်ကျိန်ဆိုခဲ့တာ မဟုတ်ပေမယ့် ထိုက်သင့်တဲ့ လုပ်အားခတစ်ခု ရရှိခဲ့လို့ ကျွန်တော်လည်း ပို့စ်အဆုံးမှာ ကိုစိန့်အတွက် ကျေနပ်ခဲ့မိတယ် ..

နေဒေးသစ်။
Anonymous said…
နိုပြန်ပရား တောင်ကရေး..။ အဲဒါ ကိုစိန်ကြီးမို့ ငြိမ်ခံတာ ကျနော့်လိုလူနဲ့တွေ့လို့ကတော့ ဟင်းဟင်းဟင်း... ဘာမှတောင် မပြောဘဲ ပြန်လာမှာ....အဟီးဟီးဟီး..။ နောက်တာပါဗျာ တကယ်ပြောတာ ကျနော်လိုလူနဲ့တွေ့လို့ကတော့ သေပြီသာမှတ်ဘဲ.. ရဲနဲ့ အရင်ရှင်းမှာ မရရင် ရှေ့နေနဲ့ ရှင်းမှာ... ဒါမှမရရင်တော့ လက်ပါပြီပဲ ကိုယ့်ဆရာ ခေါအကြောင်းမသိသေးလို့ နေမှာပါ ဒီကောင်တွေက သောက်စကားများဖို့ပဲ သိတာဗျ သွေးရှိတဲ့ ကောင်တွေ မဟုတ်ဘူး ကျနော်နဲ့ဆို ခဏခဏညိုတာဗျ ကားမောင်းနေတော့ ပိုဆိုးတယ်ဗျ အနဲဆုံး၂ရက်တခါ ပွဲပဲ.. ကျနော်ဆို ကားထဲ ဘေ့ဘောရိုက်တဲ့ တုတ်ဆောင်ထားတာ တကယ်ရိုက်ဖို့တော့ မဟုတ်ပါဘူး ဖြဲခြောက်ဖို့ပါ။ ဒါပေမဲ့ အဲဒီအဆင့်ထိ မရောက်ပါဘူးဗျာ ပြန်အော်ဆဲပြီး ကားပေါ်ကဆင်းတာနဲ့တင်ကို ဒီကောင်တွေ မောင်းပြေးတာဗျ။
အဓိကပြောခြင်တာ ဘာမှမကြောက်နဲ့ ပြန်ဖြဲဗျ ဒီကောင်တွေက အဲလိုပဲ ဖြဲခြောက်တတ်တဲ့ အကျင့်ရှိတယ် ကိုယ်ပြန်ကောတော့ သူငယ်ချင်းကလဲ ဘာညာနဲ့ လုပ်တာဗျ..။
ဘဝနဲ့ ပါတ်သတ်လို့ ပြောရရင်တော့ ကိုယ့်ဆရာ ဘာကို အားငယ်နေတာလဲ...။ ဒီမှာ ကျနော်တို့ အလုပ်လုပ်နေတာပါ သူများပစ္စည်းခိုးစားနေတာ မဟုတ်ဘူး။ ပြီးတော့ ဘဝဆိုတာ အတက်ရှိသလို အကျရှိတယ်။ အနိမ့်ရှိသလို အမြင့်ရှိတယ်။ ဘယ်သူမှ တသတ်မှတ်ထဲ နေလို့ မရဘူး။ အရေးကြီးတာ ကိုယ့်လုပ်ဆောင်ချက်တွေဟာ အကောင်းဆုံး ဖြစ်စေဖို့ဘဲဗျ.. အဲဒီအကျိုး တချိန်မှာ ခံစားရမှာပါ။ ယောကျာင်္းလေးပဲဗျာ ဒေါင်ကျကျ၊ ပြားကျကျပေါ့။ ကိုစိန်ကြီးကြည့်ရတာ လောကကြီးကို ရင်မဆိုင်ရဲသလိုဘဲ၊ လူရယ်လို့ ဖြစ်လာရင် သုခခံစားရမှာ ဖြစ်သလို ဒုက္ခလဲ အပေါင်းအသင်းတွေနဲ့ ကိုယ့်ဆီလာလည်တတ်တယ်ဗျ။ ကျနော်နဲ့များ ကွားပါ့ဗျာ..ကျနော်ကတော့ ဘာလာလာ အေးဆေးပဲ ဘာမှခေါင်းထဲမထည့်ဘူး ကိုယ်မကျေနပ်ရင်လဲ သူဌေးမကလို့ ခွေးဖြစ်ဖြစ် ပြန်ပြောတာပဲ၊ ကိုယ့်ဘက်က မှန်နေဖို့တော့ အရေးကြီးတာပေါ့နော...။
လုပ်စမ်းပါဟ.. ခင်ဗျားကြည့်ရတာ အားမရလိုက်တာ... အဲလိုသာ ငြီးကြေးဆို ကျနော်အကြောင်း အစုံပြောပြရင် ခင်ဗျား မပြောနဲ့ ရေထဲက ငါးတောင် မျက်ရည်ပေါက်ပေါက်ကျသွားမယ်...။ အခု ခင်ဗျား ကြုံရတယ်ဆိုတာ ကျနော့် ခြေဖျားတောင် မမှီသေးဘူးဆိုတာ ယုံလိုက်။
ထားပါတော့ ဒါတွေက တချိန်တုန်းကပါ ခုတော့ လာထားပဲ ပါးရည်နပ်ရည်လဲရှိလာသလို အရေထူလာတာလဲပါတာပေါ့။ စိတ်ဓာတ်မကျနဲ့ ကျရင်ပြန်ကောက်ထား ပျောက်သွားမှ ပိုဆိုးမယ်။
နောင်ကို စိတ်ညစ်စရာတွေ မေ၇းနဲ့ဗျာ စိတ်ပျော်ခြင်လို့ လာတာ ခုတော့... ဟင့်ဟင့်
ဇော် said…
မတရားရင် တရားသဖြင့်က ကြည့်မနေဘူးထင်တယ်နော် ကိုဂျီး။ =)
အမှန်တရားဆိုတာ အမြဲရပ်တည်နေပါတယ်။အလှည့်ရောက်ဖို့သာစောင့်နေကြရမှာ။အတော်ကောင်းတဲ့ ရသလေးတွေရသွားပါတယ်။ပျော်ရွှင်ပါစေဗျာ။
တာရာ said…
မအားတာနဲ့ အခုမှအိမ်လည်ရတယ်... မကောင်းတဲ့တာလုပ်ရင် မကောင်းတာပဲဖြစ်မှာလေ.. ကိုကြီးစိန်က ဘာမှပြန်မလုပ်ပေမယ့် သူ.အကုသိုလ် သူအကျိုးပေးတာပါ....သူများမကောင်းကြံ ကိုယ်သာဘေးရန်ထိတဲ့...
အကိုရေ ဒီလိုပါပဲ ဘ၀ဆိုတာက မှောက်လဲ ပြန်ထ ရမှာမလား ။ တရားသဖြင့် ရသင့်ရထိုက်တာကို ယူရမှာပါပဲ။ ဒီလိုပဲ ပေးသင့်ပေးထိုက်တာကို မပေးတဲ့ လူတွေဟာလဲ လက်ရှိမဟုတ်တောင်မှ နောင်တချိန် အဲ့ဒီ အကျိုးဆက်လေးတွေကို ခံစားသွားရမှာပါ။ မြန်မာတွေ အယူအရဆိုရင်တော့ ကံ အကျိုးပေးပဲ ပြောရမယ်ထင်တယ်နော့် အားလုံး အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ

လေးစားလျက်
တောင်ပေါ်သား
nyimg said…
ဒိုင်ယာလော့တွေခိုက်တယ်ဗျာ။
Anonymous said…
အော် ကံတရားရဲ့ အလှည့်အပြောင်းဆိုတာ ဒါပဲပေါ့ မောင်လေးရယ်။

မကြီးမောင်လေး အဆင်ပြေပါစေနော်။
Anonymous said…
မှန်ပါတယ်ဗျာ
သူ့ စေတနာ သူ အကျိုးပေးတာပေါ့လေ
ကိုဖိုးစိန်ကတော့ ဒေါသထွက်တုန်းပြောလိုက်တာပါ
ဒါပေမယ့်လည်း သူ့ အတွက် က တော့
သူ့ လိပ်ပြာ သူ မလုံဖြစ်နေတာပေါ့
တူသော ကံအကျိုးပေးပါလိမ့်မယ်
ကိုယ့်စေတနာလည်း ကိုယ့်ကိုအကျိုးပေးမှာပါဗျာ

ခင်တဲ့
ညီငယ်ဝသန်မိုး
သူ ကန်တဲ့အလှည့်ကျတော့လည်းသူပေါ့.. ကို ကန်တဲ့ အလှည့်ကျတော့လည်း ကိုပေါ့.. ဘတပြန် ကျားတပြန် ... ကံ အလှည့်မှာစောင့်ကြတာပေါ့ ..း))

Popular Posts