နှောင်ဖွဲ့မိုးတို့ ရင်ခတ်ချိန်


ကြည်လင်နေသော ကောင်းကင်တွင် ငွေ့ရည်များ ဖွဲ့တည် ပျံသန်းနေ၏။ မကြာခင် တိမ်ဆိုင်တိမ်ခဲများ ညိုမည်းလာမည်ထင်ရ၏။ ထို့ကြောင့် စိတ်များသည် ထွေပြားနေ၏ ဟု မဆီမဆိုင် ကြံဖန်တွေးမိ၏။ သို့သော် အရင်းစစ်လျှင် နှလုံးသားတည့်တည့်တွင် တစ်ခုတည်းသော စိတ်သည် တည်ငြိမ်စွာ မားမားမတ်မတ် ရပ်နေ၏။ စိတ်ကြောင့် ခံစား၍ ငိုနေရသော အချိန်များသည် ပူလောင်သလောက် အေးချမ်းမှုတစ်ခုကို ထွက်ပေါက်တစ်ခုအဖြစ် ရ၏။ ချစ်ခင်ကြင်နာမှုများ ပူလောင်နေသော်လည်း နွေးထွေးစွာ အသက်ဝင်နေ၏။ စိုးရိမ်ပူပန်မှုများနှင့်အတူ ပျော်ရွှင်မှုများက ထပ်တူကျနေ၏။ ရူးသွပ်နေသော စိတ်များသည် တစ်ဦးတစ်ယောက်အား ကြင်နာမှုများ အဖြစ် ဖန်တီးမိနေ၏။ ပတ်ဝန်းကျင်မှ ထိတွေ့မိသမျှသည် လွမ်းဆွေးကြေကွဲစရာ ကောင်းနေသော်လည်း ထိုလွမ်းဆွေးမှုများသည် အဖော်တစ်ခုအဖြစ် အနားမှာ ရှိနေပြန်၏။ အရာအားလုံးသည် ပြီးပြည့်စုံ သည်မဟုတ်သော်လည်း တစ်ခု မဟုတ် တစ်ခု လိုအပ်နေ၏။ထိုထိုသော အရာအားလုံးဖြင့် တစ်စုံတစ်ယောက်ကို ကြင်နာစွာ ချစ်မိ၏။ အပြစ်ရှိသည် မထင် သော်လည်း မှားလျှင်ခံနိုင်၏။ သို့သော် တခြားသူများမှလွဲ၍ ထိုသူ၏ ဥပေက္ခာပြုထားသွားခြင်း တစိုးတစိမျှ အလိုမရှိပြီး..။ နှောင်ဖွဲ့ခြင်းခံထားရသော မိုးတိမ်မှ မိုးရွာစ ပြုနေပြီး…….။နှောင်ဖွဲ့ထားခြင်း ခံရသော နှလုံးသားတွင်လည်း မျက်ရည်မိုးရွာနေခဲ့သည်။ ချစ်တယ်ဆိုသော တီးတိုးစကားသည် ရွာချလာသော မိုးရေစက် ပမာဏနှင့် ညီမျှ၏။ ပူလောင်ခြင်းမပါ နွေးထွေးသက်ဝင်နေဆဲ အရာအားလုံးသည် အေးချမ်းနေ၏။

သက်ဝင်နေသော စကားလုံးတိုင်းအတွက် ချစ်သောသူ ဖတ်၍ နားလည်နိုင်ပါစေ။

ခံစားချက်တူသူများ ခံစားတတ်ပါစေ။

အထူးသဖြင့်…. သိပါစေ။


အချစ်ကို အငိုနဲ့ အဆုံးသတ်ခွင့်ရချင်သော်လည်း အမုန်းများနဲ့ မဲ့ပြုံးပြုံးပြီး မပြီးဆုံးချင်ပါ။



ဖြေစရာအဖြေကား ထိုထက်ပို၍ မရှိတော့ပြီး….။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


ခေါင်းစဉ်နှင့် ဓာတ်ပုံလှလှလေးကို စိတ်ကူးကောင်းကောင်းဖြင့်ရှာပေးသော ကိုကိုမောင်ဟန်(ကိုမိုးကုတ်သား)ကို ကျေးဇူးတင်ပါ၏။

Photo Credit to PHOTOGRAPHER Tennerka from Flickr

Comments

Mogok Thar said…
တစ် ဥိးထားတယ်
စည်သူ said…
ပတ်ဝန်းကျင်မှ ထိတွေ့မိသမျှသည် လွမ်းဆွေးကြေကွဲစရာ ကောင်းနေသော်လည်း ထိုလွမ်းဆွေးမှုများသည် အဖော်တစ်ခုအဖြစ် အနားမှာ ရှိနေပြန်၏။..

ဟုတ်ပါတယ် ကိုဖိုးစိန်ရေ..
ရှိနေဆဲပါ..
မြင်ရတာတော့ အေးသွားတာပဲ

ချစ်သောမိုးသာ ဖြစ်ပါစေ..

မုန်းသောမိုးတို့ ရပ်တန့်စေ
Anonymous said…
5 kyaw lar sar twar par tal
ပြီးပြည်စုံခြင်းမဟုတ်တော့ တခုခု လိုတော့မပေါ့ ဖိုးစိန်ရဲ့...း)

ဖတ်စေချင်သောသူ ဖတ်မိပြီး
ခံစားစေချင်သောသူ ဟတ်ထိပါစေ...

မိုးတွေညို့တိုင်း မျက်ရည်စို့မိနေတဲ့ ဖိုးစိန်တယောက် မိုးစက်တွေလိုပဲ အေးချမ်းပါစေ...

းဝ)
yangonthar said…
ချစ်ခင်နှစ်သက်လေသော တောင့်တမက်မော လေသော ရာတွေဟာ ခါးသက်ပေမယ့်ချိုမြနေ ပါတယ် လွမ်းဆွေးရပေမယ့် အဲဒီလွမ်းဆွေးမှု လေးမှာ ကြည်နူးနေရပါတယ် ... ကောင်းတယ် အစ်ကို ခံစားမှုကိုဖွဲ့ ထားတာ စေ့စေ့တွေး ရေးရေးမြင်ဆိုပေမယ့် အစ်ကိုရေးချလိုက်တော့ အတော်ကလေး ခံစားမိသွားတယ်
ကျေးဇူးအစ်ကို
ပျော်ရွှင်ပါစေ :))
kiki said…
အချစ်ကို အငိုနဲ့ အဆုံးသတ်ခွင့်ရချင်သော်လည်း အမုန်းများနဲ့ မဲ့ပြုံးပြုံးပြီး မပြီးဆုံးချင်ပါ။........

အချစ်ကို ဘာလို့ အငိုနဲ့  အဆုံးသတ် ရမှာလဲ ..
ဖိုးးစိန် တယောက် ငိုလဲ မငိုပါစေနဲ့  .. မဲ့ပြုံးလေးလဲ မပြုံးပါစေနဲ့ ...လို့ ဆုတောင်းပေးတယ် ..

မိုးအေးအေး လေးမှာ ဇိမ်နဲ့ကွေး နေရရင် ဘယ်လောက်ကောင်းလိမ့်မလဲ ။။

မိုးသက်မုန်တိုင်းတွေတော့ မထန်စေချင်ပါဘူး ။
WWKM said…
ဟင်းးးး မောင်ငယ်ဖိုးစိန် ဘာဖြစ်.
ငြိမ်ချက်သားကောင်းနေတယ်မှတ်တာ..သူက ဘာတွေ
ကြံစည်နေပါလိမ့်။မသိချင်ယောင်ပဲဆောင်သွားတော့မယ်။
အဆင်ပြေပါစေထက် ဆုတောင်းပေးချင်တာကတော့
ကျန်းမာပျော်ရွှင်နိုင်ပါစေ။

မကြီးဝါ
WWKM said…
တို့က အိခိုင်မှ အိခိုင်ပဲနော်.. ဒါပဲ.း)
စာလေးကလှလိုက်တာ။

ဒါပမယ့် အချစ်ကို အငိုနဲ့ အဆုံးသတ်ခွင့်ရချင်သော်လည်း အမုန်းများနဲ့ မဲ့ပြုံးပြုံးပြီး မပြီးဆုံးချင်ပါ။
ဆိုတော့...

ဘာပဲဖြစ်ဖြစ် ဖိုးဖိုးပျော်ရွှင်ပါစေ။

ခင်မင်စွာဖြင့်...
MANORHARY said…
မိုးကတဖြည်းဖြည်းသည်းလာ
လေကလည်းပါလာ
လေတွေတဖြည်းဖြည်းထန်လာပြီဆိုရင်..း))
(သူများဆွေးမြေ့နေတာကို လာနှောက်သွားပါတယ်)
အဆိပ်မိနေလို့ပါ ..သည်းခံပါ ..
အချစ်ကို အငိုနဲ့ အဆုံးသတ်ခွင့်ရချင်သော်လည်း အမုန်းများနဲ့ မဲ့ပြုံးပြုံးပြီး မပြီးဆုံးချင်ပါ။ လန်းတယ်ဗျာ..
ကိုစိန်ကတော့ ဟုတ်နေတာဘဲ..

ခင်မင်လျှက်
အဆိပ်ခွက်
အချစ်အကြောင်းကို ခံစားပြီးဖတ်ပေမဲ့ ခံစားချက် ခြားနားနေရင် သို့မဟုတ် မတူညီခဲ့ရင် တစ်မျိုးကြီးဗျနော် ဖိုးစိန် လူတိုင်းကတော့ အချစ်ကို ဖွင့်ဆိုကြတယ် အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီးမှသာ အချစ်ကို ခံစားတာ ကောင်းတယ်ဗျ ကဲပါလေ ဆရာဖိုးစိန် အချစ်ကို ၀ါးလုံးကွဲရီပြီး အဆုံးမသတ်ရရင် တော်တော်ကံကောင်းနေပါပြီ ကျန်တာကတော့ သတ်ချင်ရာနဲ့သတ်တော့
တကယ်ချစ်ရင် အငိုနဲ့ အဆုံးမသတ်ပါစေနဲ့ဗျ
ကြိုးစားထား ပျော်ရွှင်မူတွေနဲ့ အဆုံးသတ်ရမယ်ဆိုတဲ့ စိတ်ကလေးသာ လိုအပ်တာပါး)

အဆင်မပြေရင် ပေါ်ပေါ် ဆီလာခဲ့း)


လေးစားလျက်
တောင်ပေါ်သား
Anonymous said…
အချစ်ကို ပျော်ရွှင်မှူနဲ့ အဆုံးသတ်နိုင်ပါစေဗျာ

ခင်တဲ့
ညီဝသန်မိုး
Mogok Thar said…
အချစ်မိုး ဘယ်တော့ ရွာမှာလဲ။
အချစ်မိုးးးးး... ဘယ်တော့ ရွာမှာလဲ....

ကြာဖူးတဲ့ သီချင်းတစ်ပုဒ်ကို စာလေးနဲ့ အတူတွဲမြင်လိုက်မိတာ

မိုးကုတ်မှာ မိုးရေ ကြီးသွားပါတယ်ခင်ဗျား။ (စကားချပ်)

စိတ်ကြောင့် ခံစား၍ ငိုနေရသော အချိန်များသည် ပူလောင်သလောက် အေးချမ်းမှုတစ်ခုကို ထွက်ပေါက်တစ်ခုအဖြစ် ရ၏။
(အချစ်အလွမ်းတို့ဖြင့် နှောင်ဖွဲ့သော မိုးတိမ်မျာသည် တစ်ခါတရံ မိုးကြိုးမုန်တိုင်းများကို သယ်ဆောင်လာတတ်သော်လည်း ကျွန်တော် မမှုပါ။ ထိုအခါ ထွက်ပေါက်ဆိုသည်က ကျွန်တော့အတွက် လိုအပ်လာမည် မဟုတ်ချေ။)

ပတ်ဝန်းကျင်မှ ထိတွေ့မိသမျှသည် လွမ်းဆွေးကြေကွဲစရာ ကောင်းနေသော်လည်း ထိုလွမ်းဆွေးမှုများသည် အဖော်တစ်ခုအဖြစ် အနားမှာ ရှိနေပြန်၏။
(ကျွန်တော်ကတော့ အလွမ်းတွေနှင့်ယဉ်ပါးကာ နေသားတကျ ရှိလို့ နေခဲ့ပြီ။)

နှောင်ဖွဲ့ခြင်းခံထားရသော မိုးတိမ်မှ မိုးရွာစ ပြုနေပြီး…….။နှောင်ဖွဲ့ထားခြင်း ခံရသော နှလုံးသားတွင်လည်း မျက်ရည်မိုးရွာနေခဲ့သည်။ ချစ်တယ်ဆိုသော တီးတိုးစကားသည် ရွာချလာသော မိုးရေစက် ပမာဏနှင့် ညီမျှ၏။ ပူလောင်ခြင်းမပါ နွေးထွေးသက်ဝင်နေဆဲ အရာအားလုံးသည် အေးချမ်းနေ၏။
(ချစ်ခြင်းသည် နှောင်ဖွဲ့တတ်၏။ အချစ်မိုးတို့ စွေရွာသောအခါ အေးမြစေတတ်သလို လေပွေကြမ်းတိုး သရမ်းလေသောအခါ ကြောက်မက်ဖွယ်ကောင်းအောင် ခြောက်ခြားတုန်လှုပ်စေတတ်၏။ ကို့သော် ကျွန်တော့်နှလုံးသားသည် မျက်ကန်းတစေ မကြောက်သလို စွတ်စိုထုံထိုင်းနေသောကြောင့် ထိုလေပွေကြမ်းတို့ကို ကန်းနေပေလိမ့်မည်)
အချစ်ကို အငိုနဲ့ အဆုံးသတ်ခွင့်ရချင်သော်လည်း အမုန်းများနဲ့ မဲ့ပြုံးပြုံးပြီး မပြီးဆုံးချင်ပါ။
(ကျွန်တော်ကတော့ အချစ်ကို အချစ်နှင့်စပြီး အချစ်နှင့်သာ ဆုံးချင်ပါသည်။ သို့သော် အချစ်သည် ပန်းချီကားတစ်ချပ်သာ ဖြစ်ပါက ကျွန်တော် ဘယ်သောအခါမျှ ရေးဆွဲလို့ ပြီးနိုင်မည် မဟုတ်သော ပန်းချီကားတစ်ချပ်သာ ဖြစ်ပါလိမ့်မည်)

သက်ဝင်နေသော စကားလုံးတိုင်းအတွက် ချစ်သောသူ ဖတ်၍ နားလည်နိုင်ပါစေ။

ခံစားချက်တူသူများ ခံစားတတ်ပါစေ။

အထူးသဖြင့်…. သိပါစေ။

ဖြေစရာအဖြေကား ထိုထက်ပို၍ မရှိတော့ပြီး….။
(ထိုအခါ အချစ်က အချစ်ကို ချစ်ကြောင်းသက်သေများ၊ ထွက်ဆိုချက်များ အားလုံးသည် ရူးသွပ်မိုက်မဲမှုများသာ ဖြစ်ပြီး အချစ်ကို အချစ်က တယုတယ စောင့်ရှောက်ခြင်းသည် အနုပညာတစ်ခုဖြစ်ကြောင်း ကျွန်တော် သဘောပေါက်သွားလေတော့သည်)
**********
လွတ်လပ်စွာ ဖျက်ထားပါသည် အဲလေ လွတ်လပ်စွာ ကွဲလွဲထားပါသည်။
မကျေနပ်က စိန်မျောက်မျောက်.. မျောက်ငို ငိုစေသော်ဝ်
ဟေ ဟေ ဟေ့ ဟေ
ပြေးပြီ
ကိုပိုင် said…
တခုခုပဲ
အင်းနော် တစ်ခုခုတော့ တစ်ခုခုပဲ ။ ကိုထောင် အဆင်ပြေပျော်ရွှင်ပါစေ


ခင်မင်လျှက်
သမီးပျို
ခုလို Romantic ဆန်တာလည်း ဖြစ်တာပဲ ကိုကိုစိန်တို့က

:D

ကလူထွင်းလို ဆုတောင်းပေးသွားတယ်
ဇော် said…
ကိုဂျီးက ခံစားချက်တွေရှိနေလို့လားဟင် ..
mae said…
စာလေးရော ပုံလေးရော အရမ်းလှတယ်၊ တကယ်ပါ၊ တော်တယ်၊
သံယောဇဉ်၊ အချစ်နဲ့ မကင်းသူတိုင်း အလွမ်း ဆိုတာကို ချန်ထားပစ်လို့မရပါဘူး.. လေ
အမြဲကိုဒွန်တွဲပါနေတာမဟုတ်လား.. မှန်ပါတယ်..
Anonymous said…
ဒီလိုပဲပေါ့ မောင်လေးရယ်။ အေးချမ်းတဲ့ မိုးတွေနဲ့ ရှင်သန်နိုင်ပါစေ
ဖတ်ရတာ ကဗျာလေး တပုဒ်လိုပဲ
လှတယ်
အချစ်ကို အပြုံးနဲ့ ပဲအဆုံးသတ်ပါ ဖိုးစိန်ရေ။
အဆင်ပြေပျော်ရွှင်ပါစေ။
အကိုရေ
နေကောင်း ကျန်းမာ စိတ်ချမ်းသာပါစေနော်း))
လွမ်းတာလည်း လွမ်းပေါ့ :D
sweetpeony said…
ကိုကြီးစိန်ရေ
ခံစားချက်တူတဲ့လူမို့ခံစားသွားပါတယ်..
စကားလုံးတိုင်းကို ခံစားသွားပါတယ်...
အိန္ဒြာ said…
ပန်းချီဆန်တဲ့ ဓါတ်ပုံလေးရယ်..
ပန်းချီဆန်တဲ့ စာသားလေးတွေရယ်..

လှလိုက်တာ

မျောက်တစ်ယောက်..လုတရင် ဘွဲ့ရလိုက်တာ..
တစ်ခုပဲး))
chitpalone said…
“အပြစ်ရှိသည် မထင် သော်လည်း မှားလျှင်ခံနိုင်၏။ သို့သော် တခြားသူများမှလွဲ၍ ထိုသူ၏ ဥပေက္ခာပြုထားသွားခြင်း တစိုးတစိမျှ အလိုမရှိပြီး..။”
အဲ့ဒါကို အပြတ်အသတ်ထောက်ခံတယ်ဗျာ။
ိငိုနဲ့ တိတ် တိတ် ဒီမှာလည်း မိုးတွေရွာလွန်းလို့ စိတ်ညစ်နေတာ။ ငိုနဲ့တော့ တိတ်တော့။
ခင်မင်လျှက်
ညီမလေး ပါးလုံး
နေဒေးသစ် said…
ကိုချိန် ..
ဘယ်လိုဖြစ် ..
မတွေ့ဖြစ်တာ ကြာတော့ ခံစားချက်တွေတောင် အရောင်တွေ လက်နေပါပေါ့လား .. :)

နေဒေးသစ်။
Anonymous said…
ပတ်ဝန်းကျင်မှ ထိတွေ့မိသမျှသည် လွမ်းဆွေးကြေကွဲစရာ ကောင်းနေသော်လည်း ထိုလွမ်းဆွေးမှုများသည် အဖော်တစ်ခုအဖြစ် အနားမှာ ရှိနေပြန်၏.....
တာရာ said…
လွမ်းတာလား? တကယ် ဟတ်ထ်ထိတာလားကွယ် .. ဒီလိုပါပဲ.. ဖြစ်ပြီးရင်ပျက်တာပဲလေ.. မဲ့ပြုံးနဲ့တော့လမ်းမခွဲပါနဲ့...
Anonymous said…
ခံစားချက်တွေများလား... ရေလည်လန်းပါ၏
အချစ်ကို အငိုနဲ့ပဲ ဆုံးဆုံး အပြုံးနဲ့ပဲ အဆုံးသတ်သတ်ပါ တနေ့တော့ ကျနော်တို့တတွေ မခွဲချင်ပေမဲ့ ခွဲသွားကြရဦးမှာပါ။
မအားလို့ ဖိုးစိန်ဆီ ခုမှရောက်တယ်
တိမ်စိုင်တိမ်ခဲတွေကို မိုးမရွာအောင် လေနဲ့မှုတ်ထုတ်ပစ်လိုက်
မေလေး said…
မိုက်စ်

Popular Posts