ဘလော့ဂါတို့ရဲ့သီချင်း


CHO: ..... (လွတ်လပ်တဲ့ အချိန်တွေ ပြန်တမ်းတ... အလုပ်က တစ်ဖက် မြင်နေတဲ့ဘဝပန်းတိုင်း.... ရရှိခဲ့ ဒဏ်ရာတွေကို မမှုပဲ.... စာတွေရေးရင်း ဘဝခရီးလျှောက်နေမယ်....)

Rap 1 ... နေ့ တွေညနေလဲ…….. ငါ့စိတ်ကကြာညောင်းနေသလိုမျိုး…

ဆက်ကာဆက်ကာ အလုပ်ဒဏ်... အပူအမှောက်တွေက တစ်မျိုးပြီးတစ်မျိုး…

အခုတော့ငါအပိုးကျိုးပြီးရင်းကျိုးလာပီ….. ဒီဘဝကိုလဲ ကျွတ်ချင်နေပြီး...

ဒါပေမယ့် ငါတို့ မမှု... ဘဝ လှိုင်းတံပိုးတွေထဲ ရေးစပ်မယ် ဒီသီချင်း..

အမှတ်တရအခုချိန်...

ဘလော့ဂါ သူငယ်ချင်း အားလုံးစပ်လို့ဆို.. ဘယ်တော့မှမငို..

မငိုပါနဲ့ ဖိုးစိန်တစ်ယောက်.. ညီအကို မောင်နှမ ပြောသမျှ စကားတွေကိုလဲ..ကဗည်းတင်ထားဒီတသက်ပဲ...

မိဘချစ်တဲ့ သား ..အဲလိုလူမျိုး ဘယ်တော့မှလဲမဆင်းရဲဘူး…..ခဏပဲစိတ်တင်းထား..

ညီ့နဲ့ အတူ အကို ရှိနေမယ် ကိုမောင်ဟန် စကား အလေးထား...

ဒီသီချင်းကိုအတူတူဆိုမယ်... ရီနိုမန် နဲ့ တောင်ပေါ်သား..

ကာယသမားကိုဘလောဂါတွေနဲ့... အခုချိန်ပြောမယ့်ရင်တွင်းစကား..

ကိုရင်နော်ကြီး အနားနား လာပါ... ပြုံးပြီးတော့ပဲကြည့်မနေနဲ့..

ဇက်ရယ် ရှက်တယ် လုပ်မနေနဲ့... ချစ်တယ်ဆိုတာ ညီအကိုစိတ်ဓာတ်...

ညီငယ် ဝသန် ပျင်းမနေနဲ့..မင်းဘလော့ ပြန်ဖွင့်ရင် ကောင်းသွားမယ်..

ဖိုးစိန်တွဲဖက် ကိုပိုင်တစ်ယောက်လဲ ခုတော့ အသည်းတွေ ကွဲချင်နေပြီး...

ကိုအိမ်တစ်ယောက် အရက်သောက်လည်း အခုချိန်နောင်တရသင့်ပါပီ..

သံလွင်ဟီရိုး ရှေ့မတိုးနဲ့ ကောင်မလေးတွေ ဝိုင်းကာစည်...

တူးရီတလနွန် မွန်သီချင်းမဆိုနဲ့... အခုတော့အိမ်ကိုလွမ်းနေပါပြီး...

ကိုကြီးလူထွေး ဘလော့ချိန်လျှော့လို့ သီချင်းတွေစာစီ.ကာရံညီစကားလုံတွေနဲ့

ဘလော့ဂါမှတ်တမ်းသတိတရပေါ့..

နောင်တစ်ချိန်မှာပြန်နားထောင်ပြီး..အပြုံးတွေနဲ့သာလွမ်းကျတော့..

CHO………. (လွပ်လပ်ခဲ့အချိန်တွေကိုပြန်တမ်းတ... အလုပ်ကတစ်ဖက်မြင်နေတယ် ဘဝပန်းတိုင်
မောပန်းချက်တွေကိုမမှုဘဲ... ဘလော့ရဲ့ အနာဂတ်ခရီးလှပနေမယ်…..)


ဒီသီချင်းကို စိတ်ကူးပေါက်ပေါက်နဲ့ စပ်ဆိုမိပါတယ်... အမှတ်တရပါ... ကိုကြီးထွေး လုပ်ချင်တဲ့ ဘလော့ဂါနာမည်တွေ အားလုံးပါဝင်တဲ့ အမှတ်တရ အတွက်လည်းရည်ရွယ်ပါတယ်... ဒီသီချင်းကို Rap 2 , 3, 4 စသဖြင့် စပ်ဆိုသွားမှာပါ... ရေးချင်တဲ့သူများလည်း ကော့မန့်မှာ ရေးခဲ့ကြပါ... ပျော်ပျော်ပါးပါး ဘလော့ဂါသီချင်း စပ်ဆိုကြမယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်
(မျောက်မျောက်)

Comments

နံပါတ် တစ် ရပါပြီးခင်ဗျာ
ရယ်လိုက်ရတာ ဖိုးဖိုးရယ်...ဒါခြေဆင်းပေါ့ ဟုတ်လား။ ပြီးတော့မှ နှစ်ပါးသွားက မှာပေါ့လေ =)
ဒဏ္ဍာရီ said…
သီချင်းလေးဖတ်ပြီး ရီသွားတယ်။ တော်လိုက်တာနော်။

ခင်မင်လေးစားလျှက်
အိန္ဒြာ said…
ကိုယ့်နာမည်မှမပါသေးတာ

မဖတ်ပါဘူးးးးးးးး(

ပေါက်ပေါက်ရှာရှာပျော်စရာရေးတတ်တဲ့
မောင်မျောက်ကလေး စိတ်ချမ်းသာပါစေ
Ree Noe Mann said…
တောင်ပေါ်ကို သွားခေါ်လိုက်အုံးမယ် သယ်ရင်းရာ။
တူတူ သီချင်းဆိုဖို့လေ။
စောစောစီးစီးပါလာတော့ စောစောစီးစီး ကျေနပ်ရတာပေါ့ကွာ။

ချစ်တဲ့ ရီနို
မြ ကို ဘယ်နားက ထားမလဲ ကဖိုးစိန်

လာနားသောတဆင်သွားတယ်နော်..
CHO: .... Rap ..........အပိုဒ်တွေ ရော ကောင်းမှကောင်း။ တစ်ချို့ စာသားတွေက အားတက်စေတယ် ဦးရီးတော်ရေ....
တကယ်လည်း အမှတ်တရရှိမိမယ့် အောက်က စာသားးးးးးးး

နောင်တစ်ချိန်မှာပြန်နားထောင်ပြီး..အပြုံးတွေနဲ့သာလွမ်းကျတော့..



ခင်မင်ခြင်းများနှင့်
တူရီးတော်
အမ်ဟမ်းးး အမ်ဟမ်းးး

ယို့ ယို့
တိုးမှာပဲ တိုးမှာပဲ သံလွင့်ကို လာမတားနဲ့...
မိုးလင်းတည်းက စဉ်းစားမိတာ ဘလော့ဖို့ပါပဲ...
ရေးမှာပဲ...ရေးမှာပဲ...
ဟဲဟဲ ဦးစိန် အကုန်လုံးအားရပါးရဆိုကြမယ်...
ပျော်စရာကြီးဗျို့
သယ်ရင်းရေ ဒီသီချင်းလေးကို စာအုပ်အဖွင့်မှာ
ထား ရမယ်....။

သဘောကျတယ် ...စိတ်ကူးလေးကောင်းတယ်...။
မေလေး said…
ပေါက်ပေါက်ရှာရှာတော်
ဒါနဲ့ အတင်းတုတ်မလို့
မနေ့ကလေ ကိုမောင်ဟတ်က ပြောတယ်
သူ့တော့မသိစေပါနဲ့
ဖိုးစိန် ၂ ပတ်လောက်ဘဲနေရင်ကောင်းမယ်တဲ့.

(ကိုမိုးကုတ်ခေါ် ကိုမောင်ဟတ်လေ။ သွားမပေါနဲ့နော်)

ဆက်ရန်မျှော်နေဒယ်။
ညန်ညန်လေးဆက်ပါ။
ဟားဟားဟား.. တယ်လဲ အစပ်ကောင်းပါလား.. ကိုဖိုးစိန်ရေ...း)
Yu Ya said…
Rap စာသားတွေ ပြောင်မြောက်နေပါရောလား ကိုဖိုးစိန်ရေ... အိုင်ဒီယာကို အရမ်းနဲ့ သဘောကျတယ်ဗျာ။

yu ya
yangonthar said…
သဘောကျတယ်အစ်ကိုရေ စိတ်ကူးကောင်းပါ့ ဗျာ
ခင်တဲ့
ရန်ကုန်သား
kiki said…
ဇီးသီး ထုတ်မလို့လား ။။ အဲ.. ဆီးရီးစ် ထုတ်တော့ မလို့ လား ကွဲ့  ... ပရိုဂျုဆာ .. လိုရင်ပြော နော် ..
း))
သံစဉ်လေးပါ ထည့်
ပြီးရင် ဂစ်တာလေးခေါက်ပြီး အသံသွင်း :D
ဖတ်သွားတယ် အကိုကတော့ တော်တော် စနောက်တတ်တာပဲး)
ရို့..ရို့...

အများနဲ့မတူ တမူထူး...
ဒါ တို့ ဖိုးစိန်ရဲ့စိတ်ကူး...
ဘလော့ဂါတွေအားလုံး ရွှင်လို့မြူး...
သွားကြမယ်ဟေ့ အဲဒီနှစ်သစ်ကူး...

ရို့ရို့...


ကြိုက်သွားပြီ ချစ်ညီရေ့...

းဝ)
Anonymous said…
မစပ်တတ်ဘူး.. အခုစပ်ထားတာကို အသံသွင်းပေးပါ..ဒါပဲ
Angel Shaper said…
အားးးးးးးးပါးးးးးပါးးးးးးးးးးး
ကိုကြီးစိန် တော်လိုက်တာဗျာ။
သမီးက Rap မဆိုဘူး။
Ft. Angel ဟဲဟဲ။။။
Ft. တွေ သမီးဆိုမယ်နော်။ ဒါပဲ။
ဒါနဲ့  သံစဉ်လေးတွေ ထည့်ပေးလေ။
ဘီလိုဆိုရမှာတုန်းဗျ။
ဟင် နာ့ နာမည်လည်းပါဘူး ဟီး
လုပ်နေကြတယ်ကွယ် ဘလော့ဂါဆိုသူအပေါင်းတို့ရယ်... သီချင်းတွေဆိုကြတယ်... စာအုပ်တွေထုတ်ကြမယ်.... ပြဇာတ်တွေ ခင်းကြတယ်... သိုင်းလောကထဲ ၀င်လို့ သိုင်းကျမ်းတွေ ခိုးကြမယ်.. အာဏာတွေ သိမ်းကြမယ်... အိမ်ကိုလဲ လွမ်းပါတယ်... အားလုံးရဲ့အလွမ်းတွေ ဒီဘလော့လေးပေါ်မှာ ဖြေသိမ့်ကြမယ်...


လေးစားလျက်
တောင်ပေါ်သား
Mogok Thar said…
;-)
;-)
;-D

can't type Mm font, not good in English, so.....

;-)
;-)
;-D
MANORHARY said…
:)
:)
:)
:)
I can type mm font but
don't have enough energy to type
all I can do is smile :)
:)
:)
emayarKhin said…
သီချင်းစာသားတွေကတော့လန်းတယ်..
ကူတော့မစပ်တတ်ဘူး...အဲကူတော့ဆိုချင်တယ်..
ဆိုကြမယ်ဆိုလက်တို့လိုက်......
ရို့ရို့... rapper ကိုဖိုးစိန်.. ကိုဖိုးစိန် rapper ဆိုတော့ဆိုတတ်ဘူး. ရို့ရို့တော့အော်ပေးမယ်.. အမြင်ကတ်တဲ့ခွေးတွေ လိုက်ဆွဲရင်တော့မသိ...

Popular Posts