အလွမ်းစီးချင်း




နေဝင်စ မှောင်ပြပြ အလင်းရောင် ခပ်ဆွဆွလေး ရေးရေးမြင်နေတဲ့ တစ်ခုသော ညနေခင်းမှာပါ.. မထင်မှတ်ထားပါဘူး... မရည်ရွယ်ခဲ့ပါဘူး... တမင်တကာ ကြံစည် မိရလောက်အောင် စိတ်တွေ မယိုင်နဲ့ ခဲ့ပါဘူး... မထင်မှတ်ပဲ ဆွတ်ပျံ့ပျံ့ ကောင်းကင်တနေရာက အနားသတ်ကင်းမဲ့တဲ့ တိမ်ညိုညိုတွေကတစ်ဆင့် ပြိုကျ စီးဆင်းလာခဲ့တဲ့ မိုးသားတွေက ကျနော့်ရဲ့ တည်ငြိမ်ရင့်ကျက်နေခဲ့တဲ့ ရင်ကို လှုပ်နိုးရင်း ပကတိ စီးဆင်းလာလိုက်တာ တဖြည်းဖြည်းနဲ့ အလွမ်းတစ်ခု ဖြစ်တည်လာခဲ့ရတယ်။

လွမ်းတတ်ဖို့ အတွက် အလွမ်းမှာ ဇာတ်ညွန်းတွေ ဇာတ်အိမ်တွေ မလိုအပ်ဘူးလေ.. ချစ်မိတာ မှားတယ်လို့ မထင်မိပေမယ့် အပြစ်ရှိနိုင်တဲ့ မျက်ရည်ခံ အချစ်ညတွေကို အံတုပြီး တစ်ကိုယ်တည်း အထီးကျန်နေမိတယ်...။ အတ္တပြေးလမ်းပေါ်က အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ကျနော့် မာနတွေ တိမ်တွေလို ဖရိုဖရဲနဲ့ ပျောက်ကွယ်သွားတာလား...။ ရုတ်တရက်ပေါ်လာတဲ့ အကြင်နာရောင်စုံ သက်တန့် တစ်ခုကို မြင်လိုက်ရပြီးတဲ့ အခါမှာ နှလုံးသားက ပေါက်ဖွားလာခဲ့တာက အလွမ်းတွေဆိုရင်လဲပဲ ကျနော်ဒီအလွမ်းတွေကို မြတ်နိုးခင်တွယ် မိမှာပါ…။

ကျနော့် မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝဲနေသလား...။ ဟန်ဆောင်ပြီး မခံစားချင်ခဲ့ဘူး...။ ငိုချင်နေမိသားဖြစ်နေပေမယ့် စိတ်ကိုတင်းခံ ပြီး ကြားနေရတဲ့ တဖွဲဖွဲ မိုးသံတွေကို ပြုံးမိရင်း အဆုံးမဲ့ အလွမ်းတေးတစ်ပုစ်ကို ဟိုတစ်စ ဒီတစ်စ ညည်းနေတာ စိတ်ပြေသွားရောတဲ့လား...။ ဘာမှန်းမရေရာတဲ့ အလွမ်းတွေ ကျနော့်ရင်ထဲ နူးညံ့စွာ စီးဆင်းလာခဲ့ချိန်မှာ အရာရာ နောက်ကျနေခဲ့ပါပြီ ။ သံသရာ အဆက်ဆက်က ဆုတောင်းမှားခဲ့တာကြောင့် ဒီအလွမ်းတွေက ဘ၀ဂ်ထိတိုင်အောင် ဝေနေဦးမည် ဆိုရင်တောင် များစွာသော မနက်ဖြန်တွေနဲ့အတူ အလွမ်းတွေ တမ်းတမက်မော ခုံမင်နေမိဦးမှာပါ..။

လွမ်းနေလျှက်နဲ့ ဟန်ဆောင်ပြီး ပြုံးရတဲ့ ဘဝဟာ မွန်းကျပ်လွန်းပါတယ်လေ... ကျနော့်ရင်ထဲမှာ သက်ပြင်းတွေကို အခါခါ ခိုးချ တမ်းတလွမ်းဆွတ်မိတိုင်း ပေါက်ကွဲ ခံစား လာတဲ့ အချစ်ကြောင့် ဖြစ်တည်သော အလွမ်းတွေက နွမ်းလျလျ သက်ပြင်းရှိုက်သံ တွေကြား မျက်ရည်တွေအဖြစ်နဲ့ တင်းကနဲစီးကျလာမြဲပါ…။

“ကြင်နာစွာ ချစ်ခဲ့သမျှကို
သေချာစွာနားမလည်ခဲ့ရင်
ဝေဒနာတွေ အပြည့်နဲ့
ဒီရင်မှာ လွမ်းနေရမယ်...။
ပြေးကြည့်လို့လဲမရ
နားစွင့်လို့လည်းမကြားနိုင်တဲ့မင်းကို
ငါ့အချစ်တွေ အနေတောင့်ဖို့
ဒီည…. ကောင်းကင်အနမ်းနဲ့
ငါမင်းကို လွမ်းနေတယ်
မင်းအိပ်ပျော်ပါစေကွယ်။”


ခံစားမှုမဲ့ ဒီအလွမ်းကဗျာ တစ်ပုစ်ကို အခေါက်ခေါက် ညည်းဆိုနေရင်း ဘယ်ဆီက မြစ်ဖျားခံလေသလဲမသိတဲ့ အကြောင်းအရာ တစ်ခုအတွက် အလွမ်းတွေ မှိုင်းနေအောင် ညိုနေခဲ့ရတဲ့ ဒီညနေခင်းလေးကို ကျနော် တမ်းတလွမ်းဆွတ်နေတတ်ခဲ့တယ်။ ဒီလိုနဲ့ စိတ်ဝိဥာဉ်တွေ တမြည့်မြည့် လောင်ကျွမ်း .. အားအင်ချိနဲ့ လို့ အဆုံးမရှိတဲ့ ဒီအလွမ်းတွေကို ကျနော့် နှလုံးသားက အံ့သြစရာကောင်းလောက်အောင် ခုံမင်တက်မက်နေမိပြန်တယ်။ အခု နေသားကျနေတဲ့ ဒီအလွမ်းတွေနဲ့ ကျနော် ပျော်တတ်နေခဲ့ပါပြီး...။

မရေရာတဲ့ ဘဝမှာ အစကတည်းက အနှုတ်လက္ခဏာ နဲ့ ကျနော်ပါ…။ ကြင်နာခြင်းတွေ ရဖို့ ဆုတောင်းရင်း တခါတရံ နားလည်မှု မရခဲ့တဲ့ ညတွေမှာ အလွမ်းတွေကိုပဲ အိပ်မက် တစ်ခု လို လိုချင်တမ်းတနေတတ်ခဲ့တယ်…။

မြင်လဲလွမ်း… မမြင်လဲလွမ်း… အချိန်တိုင်းလွမ်းနေမိလို့ တားဆီးမရနိုင်သော ရူးသွပ်ခြင်းတွေ နဲ့ စွဲလမ်းနေမိတာက ကျနော့် နှလုံးသားရဲ့တောင်းတချက်တစ်ခု ဖြစ်လာပြန်တယ်…။ ကျိန်စာသင့်နေတဲ့ လွတ်လပ်မှုတွေက မြတ်နိုးစွာ ချစ်တတ်လွန်းတဲ့ ကျနော့်အသက် ရှင်မှုကို ခါးသီးစွာ ရပ်တန့် သွားမိစေတယ်ဆိုရင်တောင် မျှော်လင့်မိတာ တစ်ခုက ကျနော်ပြောနေကျ …အသံတိတ်ပြောမိနေဆဲ အလွမ်းပုံပြင်ဟောင်း တစ်ပုစ် ဖြစ်ပါစေ ပေါ့…။

နှလုံးသားက တောင်းဆိုတဲ့ လိုအင်ဆန္ဒတွေကို သက်ပြင်းများအဖြစ် ခဏခဏ ခြွေချ ။ ကာရံ တွေ သံစဉ်တွေမညီတဲ့ ကောင်းကင်မှာ တိမ်တွေ ရွေ့လျား နောက်..တဖြည်းဖြည်း ငွေ့ရည်ဖွဲ့ရွာချလိုက်ကြသလို အလွမ်းတွေ မျက်ရည်အဖြစ်ငွေ့ရည်ဖွဲ့ကုန်တာ..ဘယ်နှစ်ရာသီလဲ...။ ကျနော့် အလွမ်းတွေ မျက်ရည်အရောင်နဲ့ ရွာချနေခဲ့ပါရောကွယ်...
ကျနော့် အလွမ်းတွေ ပုလဲအရောင်နဲ့ ရွာချနေခဲ့ပါရောကွယ်... သေချာတာ တစ်ခုကတော့ အချစ်တွေ ကာရံထားတဲ့ ဒီအလွမ်းတွေ ဖျက်ဆီးဖို့ ကြိုးစားတိုင်း ဘယ်တော့ မှ ဖျက်ဆီးမရခဲ့သလို ဘယ်တော့မှလဲ ဖျက်ဆီးပစ်မိမှာ မဟုတ်ဘူးဆိုတာပါပဲ…။

အချစ်တွေ သယ်ဆောင်လာတာ လွမ်းဆွတ်မှုဆိုရင် ရွာရန် ရာနှုန်းအပြည့်အ၀ တရိုတသေ သိုလှောင် ထုပ်ပိုးသိမ်းဆည်းထားမယ်လေ။ ကျနော့် ရင်ခွင် ဘူတာရုံလေးမှာ နောက်ထပ်အလွမ်းရထားတွေ ဘယ်လောက်များများ..ကျနော် ၀မ်းသာ အားရလင့်ကြိုကမ်းဆင့်နေဦးမှာပါ..။

ရင်ထဲမှာ ရှိတဲ့ အလွမ်းတွေကို ဖြေချရင်း သံယောဇဉ်များနဲ့ မချည်နှောင်ပါနဲ့…။ နူးညံ့တဲ့စကားလုံးတိုင်းမှာ ကျဆုံးရလောက်အောင် အလွမ်းတွေ မပေးပါနဲ့လို့ နှုတ်က တဖွဖွရေရွတ်နေရင်း ရခဲ့တဲ့အလွမ်းတွေကို သံယောဇဉ်တွေနဲ့အတူ ချည်နှောင်ယူငင်နေမိဦးမှာပါ။ အလွမ်းစီးချင်းလေးတစ်ခု အမြဲတမ်းရှင်သန်နေဖို့ လွဲမှားစွာ ဆုတောင်းနေမိဦးမှာပါ..။

ချစ်သူ...
မင်းဟာ အလင်းများရဲ့သခင်
ငါ့ကောင်းကင်ရဲ့ ဘုရင်တစ်ပါးဖြစ်တယ်..။
ရှတတနေ့ရက်တွေ
ပုံပြင်ဆန်လွန်းတဲ့ညတွေမှာ
အလွမ်းနဲ့ တင်ဆက်ခဲ့တဲ့
ငါ့ရဲ့မှော်သံစဉ်ကို မင်းနားဆင်ရင်း
အကြင်နာဆုလာဒ်တွေ ပေးတဲ့
မင်းဟာ
ငါ့ဘဝရဲ့ထာဝရ အရှင်သခင်ပါ...။
ငါကတော့
မင်းဆီမှာ တဖဝါးမှ မကွာ ခစားနေမယ့်
အလွမ်းရဲ့ကျေးကျွန်တစ်ယောက်..။





ဖိုးစိန်
(၂၂.၁၀.၂၀၀၉)




(၂၂)ရက်နေ့မှာ မွေးတဲ့ကျနော်က (၄)ဂဏန်းသမားတဲ့... (၄)ဂဏန်းသမားတွေက ကံကောင်းတာ နည်းသလားမသိဘူး... တိုက်ဆိုင်တာ တစ်ခုက ဘဝမှာ အမှတ်တရ ဖြစ်ပျက်တဲ့ အဖြစ်အပျက်မှန်သမျှ (၂၂)ရက်နေမှာပဲ ဖြစ်နေတယ်... အစွဲရှိနေလို့ စွဲနေရင်တောင်မှ တိုက်ဆိုင်လွန်းပါတယ်... မွေးနေ့ကအစပြုလို့ ဗီဇာဝင်တဲ့ရက်တွေအလည် အချစ်တစ်ခု ဖြစ်တည်တာအဆုံး မထင်မှတ်ပဲ (၂၂)ရက်နေ့ ဖြစ်နေတတ်ပါတယ်... ထူးဆန်းလွန်းတာက ခင်မင်မိတဲ့ သူငယ်ချင်းတစ်ချို့လဲ (၂၂)ရက်နေ့ ဖြစ်နေတတ်သလို (၄)ဂဏန်းသမားတွေ ဖြစ်နေတတ်ပါတယ်... အခုတခါ ကျနော့်ရင်ထဲမှာ မြတ်မြတ်နိုးနိုး လွမ်းဆွတ်တမ်းတခဲ့ရတဲ့ နေ့ရက်က (၂၂)ရက်ဖြစ်နေပါတယ်... ခုဆို တစ်စုံတစ်ခုက စလို့ လွမ်းနေခဲ့ရတာ (၅)လ တိုင်ခဲ့ပါပြီး... ကျနော်လွမ်းဆွတ်မိတဲ့သူ ဒီအလွမ်းစီးချင်းကို ဖတ်ပြီး ခံစားနားလည်နိုင်ပါစေလို့ ဆုတောင်းမိတယ်... အချစ်တွေနဲ့ တည်ဆောက်ခဲ့ရတဲ့ ဒီအလွမ်းကို လွမ်းဆွတ်နေရတာတောင် ချစ်တဲ့စိတ်ကြောင့် ခံစားရတဲ့အတွက် ထိုက်တန်စွာ ကျေနပ်မိပါတယ်...

ထပ်တူခံစားသွားသူများကိုလဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိမှာပါ... အထူးသဖြင့် (၄)ဂဏန်းမွေးနေ့ ရှင်တွေပေါ့....

အလွမ်းစီးချင်းမှာ ကျနော့်ရင်ထဲ အမှတ်တရ ရှိသူတွေရဲ့ အငွေ့အသက်တွေပါတယ်... အလွမ်းစီးချင်းမှာ ပါဝင်နစ်မျောသူတွေရှိတယ်...

ဒီအလွမ်းစီးချင်းကြောင့် ခံစားရမယ့်သူတွေရှိတယ်... ဖတ်ပြီး ပြုံးမယ့်သူရှိတယ်... ဖတ်ပြီးကျေနပ်မယ့်သူရှိတယ်.. ဖတ်ပြီး ရယ်မယ့်သူရှိတယ်... ဘာဖြစ်ဖြစ် အလွမ်းစီးချင်းဝိညာဉ်ကို ဝင်ပူး သူများအားလုံးကို ကျေးဇူးတင်ပါတယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

(မျောက်မျောက်)

ခေတ္တ

အလွမ်းမင်းသား

Comments

ဖြူ said…
၎ ဂဏာန်းသမားချင်းတူနေလို့ ထပ်တူ ခံစားသွားပါတယ်..
Angel Shaper said…
အိ...........
သမီးက တစ်ဂဏာန်း သမားပါ။
နှစ်ပဲ ရနေတယ်။ အဟဲ
Angel Shaper said…
အကိုရေ... အလွမ်းစီးချင်းလေးကို ကျေကျေနပ်နပ်ကြီးပြုံးရင်း ဖတ်သွားပါတယ်။
လေးသမား အဲလေ... လေးဂဏာန်းသမားကြီး အလွမ်းများ ငြိမ်းစေသတည်းးးးးးးးးးးး
ကံကောင်းပါစေ။
အဆင်ပြေပျော်ရွှင်ပါစေဗျာ။
အချစ်တွေ သယ်ဆောင်လာတာ လွမ်းဆွတ်မှုဆိုရင် ရွာရန် ရာနှုန်းအပြည့်အ၀ တရိုတသေ သိုလှောင် ထုပ်ပိုးသိမ်းဆည်းထားမယ်လေ။ ....

နံနက်ခင်းစောစောမှာ အလွမ်းတွေ တွန်းတွန်းတိုက်တိုက်နဲ့ လာလွမ်းသွားပါတယ် ဖိုးဖိုး။ စကားလုံးတစ်လုံးချင်း။ စာတစ်ကြောင်းချင်း။ စာတစ်ပုဒ်ချင်းမှာ ထိထိခိုက်ခိုက်ခံစားသွားပါတယ်။
khin oo may said…
ရေးထားတာ သိတ်ပိုတယ။် တစ်ကယ်လား။
MANORHARY said…
အလွမ်းတွေနဲ့စီးချင်းထိုး
တမ်းတခြင်းတွေနဲ့စစ်ခင်းရင်း
သတိရခြင်းတွေကကမ်းပြိုသလိုပြိုကျလာတယ်
ဘယ်လိုလဲကွယ်
လောကရဲ့မာယာတဲ့လား ..
သိပ်ခါးလွန်းပါတယ်။
Anonymous said…
ကျဲကျဲ
ပြုံးရင်း ဖတ်သွားပါတယ်။
အလွမ်းသမားဖြစ်သွားပြန်ပြီလား စိန်
ကျနော်က ၄ ဂဏန်းမဟုတ်ဘူးဒါပေမဲ့ ၄ပါပဲး) အဟီး
အလွမ်းတွေ အမြန်ပြေပျောက်လို့ ၄ဂဏန်း အိမ်ထောင်ရှင်မလေးနဲ့ အမြန်ဆုံး တွေ့ပါစေဗျာ..

လေးစားလျက်
တောင်ပေါ်သား
အဲ.. ဒီတစ်ခါ အလွမ်းလေးတွေနဲ့ပါလား.. ကိုဖိုးစိန်..
ကျနော့် မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝဲနေသလား...။ ဟန်ဆောင်ပြီး မခံစားချင်ခဲ့ဘူး...။ ငိုချင်နေမိသားဖြစ်နေပေမယ့် စိတ်ကိုတင်းခံ ပြီး ကြားနေရတဲ့ တဖွဲဖွဲ မိုးသံတွေကို ပြုံးမိရင်း အဆုံးမဲ့ အလွမ်းတေးတစ်ပုစ်ကို ဟိုတစ်စ ဒီတစ်စ ညည်းနေတာ စိတ်ပြေသွားရောတဲ့လား...။ ဘာမှန်းမရေရာတဲ့ အလွမ်းတွေ ကျနော့်ရင်ထဲ နူးညံ့စွာ စီးဆင်းလာခဲ့ချိန်မှာ အရာရာ နောက်ကျနေခဲ့ပါပြီ ။<--- ရင်ဘတ်ထဲကိုလှမ်းမျှော်ရင်း ၀င်လွမ်းသွားပါတယ် ကိုကြီးရေ....
ညီမက ၆ ဂဏန်းဆိုတော့ ကျေးဇူးတင်တဲ့ထဲ ပါဝူးပေါ့ :P
ဘာတွေလွမ်းနေသလဲ ငါ့အကို
ကျန်းမာရေးဂရုစိုက်ပါ အလွမ်းတွေ ပုံမှန် ပြန်ဖြစ်ပါစေ ..း)

ပုံ
ချို တူး ခါး :D
Mogok Thar said…
ဖြတ်ခနဲ ကြွေကျတဲ့မျက်ဝန်းအိမ်က ရေကြည်တစ်ပေါက်ဟာ
ငါ့ညခင်းတစ်ခုလုံးကို မှိုင်းအုံ့ ဝေသီစေခဲ့တယ်။
လှပ်ခနဲ ဝေ့၀ဲခဲ့တဲ့ မင်းမျက်ဝန်းလေပြည်ထဲမှာ
ငါ့နံနက်ခင်းတွေ ကြွေကျကျန်ခဲ့တော့
လွမ်းရနံ့တွေ သယ်ပိုးလာတဲ့ မိုးတိမ်ဟာ
လေးလံ သိပ်သည်းလာတော့တယ်။
ဒီလိုနဲ့ တစ်နေ၀င်တစ်မိုးချုပ်
သတိရခြင်းတောအုပ်တောင် စိမ်းညို့လို့။

(အလွမ်းသမား မျောက်ငို အတွက် ရေးလက်စ ကဗျာလေး တစ်ပိုင်းတစ်စ ဆုချ သွားတယ်။ အလင်းများရဲ့သခင် နဲ့ အမြန်ဆုံး ပေါင်းဆုံတွေ့ပါစေဗျာ..

ချစ်တဲ့
ကိုမောင်ဟန်
အလွမ်းစီးချင်းကို ထပ်တူကျစွာ လွမ်းကြည့်သွားတယ် ။ တူရီးတော်ကတော့ နံပါတ် ၆ ဂဏန်း :) ။
အိန္ဒြာ said…
တစ်ယောက်စိတ်မှာ တစ်ယောက်ကနေထိုင်လို့
တစ်ယောက်ဟာ တစ်ယောက်ရဲ့ အိမ်..
တစ်ယောက်ရယ်မောသံမှာ..တစ်ယောက်ဒေါမနသတွေက အငွေ့ပျံ
တစ်ယောက်ခြေသံနဲ့တစ်ယောက်ခရီးဆက်ခဲ့ကြ...

ဘာညာ......

အစ်မ ရေးဖူးတဲ့.အချစ်ကဗျာ..တစ်ပုဒ်ထဲကပေါ့

ိဖိုးစိန် ရယ်သာပြ..ဒေါမနသတွေ အငွေ့ပျံကုန်မှာပါ

ဖိုးစိန်ကောင်မလေး..စိတ်ကောက်ပြေပါပြီ...
မယုံမေးကြည့်

စိတ်ကောက်ပြေရင် ပျော်နေတဲ့ ပိုစ့်တစ်ခုရေးတင်လိုက်ဦး...

သိပ်လွမ်းချင်စရာ..ကောင်းတဲ့ စီးချင်းတစ်ခုပါပဲ...
နည်းနည်းတော့ မော သွားတယ်...
Young said…
မောင်လေးရေ ......

၂၂ အတွက် တင်ထားတဲ့ ပိုစ့်လေးနဲ့ သီချင်းလေးကို မကြီး ဖတ်သွားပါတယ်နော်။ ဆုတောင်းပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ် မောင်လေး။

ချစ်တဲ့ မကြီး
လိုက်လွမ်းကြည့်တယ်....
ဆွေးသွားတယ်... :)
စည်သူ said…
ကိုဖိုးစိန်ရ
ကျွန်တော်ကလည်း အပူးပဲဗျ
ကိုဖိုးစိန်က ၂၂ ကျွန်တော်က ၁၁ ဟဲဟဲ..း)

အလွမ်းစီးချင်းလေတိုင်း လိုက်ပါစီးမျောသွားလိုက်တာ တော်သေးတယ်ဗျာ ရှေ့မှ ရေတံခွန်ကြီး..:P

အင်း..
လွမ်းတော့လည်း လွမ်းတာပေါ့ဗျာ
အားမတန်လို့ မာန်လျှော့ထားတယ်ပဲ သဘောထားလိုက်ပါ ကိုဖိုးစိတ်ရေ

ခင်မင်စွာဖြင့်
စည်သူ။
ဗိုလ်ချုပ်လဲ လေးဂဏန်းပဲ။သူရဲကောင်းတွေပေါ့
မ said…
လွမ်းတတ်လိုက်တာ.. ရေးလဲ ရေးတတ်လိုက်တာ
အငှားခံစားသွားတယ်..

မောပ
WWKM said…
ဖိုးစိန်လေးလွမ်းနေတာ ၅လတောင်ရှိနေပြီဆိုပဲ..မသိရပါလားကွယ်.ဘယ်သူ့ကိုလွမ်းနေတာပါလိမ့်။း)
အလွမ်းတွေ အလွမ်းတွေ.......။

၎ ဂဏာန်းသမားတွေ ကံမကောင်းတတ်ဘူးတဲ့လား



လွန်ခဲ့တဲ့ ၅ လက ဆို ကိုယ့်မွေးနေ့ကွ

မရှင်းမရှင်းတော့ မလုပ်နဲ့ :)
mae said…
၎ ဂဏန်းမို့ ကံမကောင်းဘူးတဲ့လား? ကံကောင်းတာတွေလဲ မေ့မပစ်နဲ့လေ၊ တသမတ်ထဲမှ မဟုတ်တာကွယ်

တစ်ဦးမေတ္တာ တစ်ဦးမှာ တဲ့၊ လွမ်းနေရတဲ့သူဆီက အကြင်နာတွေ ရခဲ့တယ်ဆိုရင် အဲ့ဒီသူကလဲ ထပ်တူသတိရနေမှာပါ၊

သံယောဇဉ်များနဲ့ မချည်နှောင်ပါနဲ့…။

ထားတတ်ရင် သံယောဇဉ်က အေးမြပါတယ်၊ စိတ်ပင်ပန်းနေတဲ့ အချိန်မှာ အားဆေးတစ်ခွက်လဲ ဖြစ်စေနိုင်တယ်၊

ကဗျာလေးတွေ သဘောကျတယ်၊ လွမ်းလို့ ဒီစာမျိုးတွေ ရေးထွက်တယ်ဆိုရင်တော့ ဒီထက် လွမ်းနိုင်ပါစေ အလွမ်းမင်းသားလေး စိန်
:P
Yu Ya said…
အရေးအသားလေးကို သဘောကျတယ်ဗျာ။

yu ya
yangonthar said…
လွမ်းဆွေးမြေ့ပြီးတောင် ကြွေသွားမတတ်ပါပဲ အစ်ကိုရေ ..... အလွမ်းမှာ အဆုံးရှိမယ်ဆို ရင်တောင် အားတင်းပြီး မလွမ်းချင်ပါဘူးဗျာ လွမ်းမော ရလို့ ကုန်ဆုံးသွားတဲ့အားအင်တွေ ကို အချစ်အတွက်ပဲဖြစ်စေချင်တယ် ...... အလွမ်းစီးချင်းတော့ မထိုးချင်လှဘူး အရေးအသား ကဗျာစာသား အားလုံး ကတော့ လှပ နုရွ လွမ်းရပါတယ် အစ်ကို ဖိုးစိန်ရေ
ခင်တဲ့
ရန်ကုန်သား :)
sweetpeony said…
ကိုကြီးစိန်
ထပ်တူခံစားသွားပါတယ်..
တူတူပဲလေ...
တူတူပဲဆိုတာဘာလဲ သဘောပေါက်မှာပေါ့..
သခ်ာၤဆုိင္ရာ ေ၀ါဟာရ....

Popular Posts