အချစ်ပျိုးတဲ့ အလွမ်းပင်


ကြည်နူးနေတဲ့ ချစ်သူနှစ်ဦးပေါ့... စကားလုံးတွေကို ကဗျာသီဖွဲ့ ချစ်ခြင်းဖလှယ်နေပုံ က ညနေဆည်းဆာအောက်မှာ အတိုင်းအဆမရှိ ကြည်နူးစွာ... လေအဝှေ့မှာ ကြားလိုက်ရတဲ့စကားသံတွေ...

နားထဲကကိုမထွက်တာပါ... ပဲ့တင်သံကို နားထဲ ကြားယောင်မိတာက..


ပြာလဲ့ကြည်စင်တဲ့ မိုးသားကောင်းကင်အောက်က အေးချမ်းတဲ့ ဆောင်းရင်ခွင်ထဲမှာ ယုယကြင်နာမှုတွေ ဝေဆာစွာနဲ့ ဝင်းပတဲ့ နေ့ရက်တွေကို ဖြတ်ကျော်ကြမယ်လို့ ကိုယ်တို့ ဆုံးဖြတ်လိုက်တယ်နော်...။

ချစ်သူရေ....

အချစ်ဆိုတာ
တကယ်တော့လည်း
မချစ်ဖူးဘဲ
ချစ်မိသွားရင်
ရူးမတတ်ဘဲ
ရည်းစားဦးတိုင်း
အချစ်ဦးမဟုတ်သလို
ရည်းစားဦးမဟုတ်ဘဲ
တကယ်ချစ်မိသွားရင်
“အချစ်ဦး” ပဲပေါ့။

နားလည်ပါတယ် ကို ရယ်... တကယ်တော့

မြင်ကတည်းက
အသည်းမြေပြင်
ထွန်ရေးငင်ကာ
အချစ်မျိုးစေ့ချ
ယုယပေါင်းသင်

တမ်းတရေစင်

နေ့စဉ်သွန်းလောင်း

လွန်ကြာညောင်းသော်
ပေါက်ရောက်သည်ကား
သခင်ပျိုးသည့် အလွမ်းပင်။


ရေစက်ပါလို့ ချစ်ခဲ့ကြပြီးလေ... အနာဂတ်ကိုမျှော်လင့်ရင်း ပျော်ရွင်စွာ ခရီးဆက်မယ် ကို ရယ်....။


ချစ်ညီနဲ့ ညီမလေးအတွက် ပျော်ရွင်စရာအနာဂတ်တွေ ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

Mogok Thar said…
အချစ်ဆိုတာ ရှိမှ အလွမ်းဆိုတာကလဲ ရှိရတတ်တာမျိုး.. မချစ်တဲ့သူတစ်ယောက်ကို ဘယ်သူကမှ မလွမ်းတတ်ကြဘူးမဟုတ်လား....

အချစ်ပျိုးတဲ့ အလွမ်းပင်မှာ မေတ္တာ သစ်ရွက်တွေ ဝေစည်ပြီး....

မြတ်နိုးခြင်း ပန်းတွေ ဖူးပွင့်ကာ....

နားလည်စာနာခြင်း ဝတ်မှုံတို့ ကူးလူးလျက်

အကြင်နာ သစ်သီးများ လှိုင်လှိုင်သီးရင်း...

တစ်ဘဝလုံးစာ သစ္စာတည် ခိုင်ကျည် ရှင်သန်နိုင်ကြပါစေ

ချစ်ခင်လျက်
ကျေးဇူးတင်ပါတယ်ကိုဖိုးစိန်
ပျော်စရာကြီးနော်...
noblemoe said…
ဒီချစ်သူနှစ်ဦး ဆံဖြူ၊သွားကျိုးတဲ့ ထိ တစ်ဦးကိုယ်တစ်ဦး
အမြတ်တနိုး ချစ်နိုင်ပါစေ။


ဆောင်းနဲ့ မြသာယာချမ်းမြေ့ပါစေ။
ိမိုး
ဟိဟိ........
ဟဟဟ.......
ဟိုဟိုဟို.........
ခွိခွိခွိ.......
မိုက်တယ်............ =)
:D
အမတယောက် ဆုပေးသလို
သားတရာ မြေးတဖျာ :P
Anonymous said…
ဖိုးစိန်: အခုသိပြီးလေ.. ဖြုတ်လိုက်ပေါ့.. မကြိုက်ဘူးဆိုကာမှ
1 Feb 10, 12:32 AM
casper: ကိုဖိုးစိန်ဆိုတာ ဗမာတွေရဲ့ common name ပဲလေ...ရေးတဲ့လူက သူမသိလို့ရေးပါတယ်လို့ ဆိုနေပြီပဲ...ကြားထဲက မဆိုင်ပေမယ့် မနေနိုင်လို့ ၀င်ပြောမိပါတယ်....
1 Feb 10, 12:19 AM
sweet: အင်း... မkom ရေးထားတာကိုး) တယ်ဆိုထဲက ကိုဖိုးစိန်ကို အစထဲက သိနေတယ်ထင်တယ်... သိနေတယ်ဆိုရင်လဲ အဲနံမယ် မသုံးနဲ့ပေါ့လေ...
31 Jan 10, 11:46 PM
ဖိုးစိန်: အံ့သြပြီး စိတ်မကောင်းဖြစ်တယ်ဆိုရင် ဖြုတ်ပါ
31 Jan 10, 11:45 PM
ဖိုးစိန်: မကြိုက်လို့ လာပြောတာပါ
31 Jan 10, 11:45 PM
ဖိုးစိန်: ဖြုတ်ပါ
31 Jan 10, 11:45 PM
ဖိုးစိန်: ဒီနာမည်ဆိုပေမယ့် ရွေးတတ်လွန်းတဲ့မင်းကို အံ့သြလို့ ပါ
31 Jan 10, 11:39 PM
jr.လွင်ဦး: ဒါဟာတိုက်ဆိုင်မှုတစ်ခုပါ။ နောက် ကိုဖိုးစိန်ဆိုတာကလည်း common name တစ်ခုပါ။ ကျွန်မမှာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာလိုတဲ့စိတ် မရှိပါဘူး။ ဒီလိုလာရေးသွားတာကြည့်ပြီးလည်း အံ့သြစိတ်မကောင်းဖြစ်မိပါတယ်။
31 Jan 10, 11:23 PM
ရီနိုမာန်: ဖိုးစိန် နေရာမှာ တခြားနာမည်ကို သုံးလိုက်ရင် ပိုပြီး အဆင်ပြေမယ်ထင်တယ်လို့ အကြံပေးချင်ပါတယ်။
31 Jan 10, 11:23 PM
ဖိုးစိန်: ကျနော့် နာမည် အစား တခြားနာမည်ပြောင်းပါ... ဥပမာ လွင်ဦးပေါ့... ကျနော်လုံးဝ မကြိုက်ပါဘူးခင်ဗျ
=================================
အဲဒီ စီဘောက်က စာတွေဖတ်ပြီး ဖိုးစိန်ကို တော်တော်အံသြသွားမိတယ်။ အစက ဖိုးစိန်စာတွေဖတ်ပြီး ရယ်ရလို့ သဘောကျနှစ်သက်နေခဲ့တာ။ ခုတော့ အဲလောက်သဘောထားသေးသိမ်ရသလားလို့ စိတ်ထဲ မကောင်းဘူး။ ဖိုးစိန်ဆိုတာ အများပိုင်နာမည်ပဲ။ ငါပိုင် လုပ်လို့မရပါဘူး။ ၀တ္ထုထဲမှာ သာမန်ကာလျှံကာသုံးလိုက်တဲ့ နာမည်ကို သိပ်အကဲဆတ်နေတာ အံ့သြတယ်။
ဘာတွေ ဖြစ်နေတာတုန်းး) အချစ်ပျိုးတဲ့ အလွမ်းပင် ဆိုတဲ့ နာမည်တော့ ကြိုက်ဘူးရယ်... ဘယ်သူ့ကိုရည်ညွန်းမှန်း မသိဘူးးးးးး ကောမန့်ဖတ်မှ ဇာတ်ရည်လည်တော့တယ် အဟေးဟေးးးးး အော် သူတို့က ဒီလိုလားးးးးး ရပါတယ် ရပါတယ်


လေးစားလျက်
တောင်ပေါ်သား
လုပ်ကြပစ်စေ...လုပ်ကြပစ်စေ....
kaungkinpyar said…
၂ယောက်လုံး ပျော်ရွှင်ပါစေ...
အစကတော့ နားမလည်ဘူး... ကွန်မန့်တွေ လိုက်ဖတ်မှ နားလည်သွားတယ်... လူချင်းမသိပေမယ့် ဒီလို စကားကြားရတာ ၀မ်းသာပါတယ်... ဘ၀တစ်ခုလုံး လက်တွဲသွားနိုင်ပါစေလို့ ကူဆုတောင်းပေးပါတယ်...

ခင်မင်တဲ့
ဂျပန်ကောင်လေး
Anonymous said…
ခွိ... ကောင်းတယ်
မြောင်းနဲ့ဆ၊ မြနဲ့ဆောင်း အဟီးဟီး ...... :D:D
တို့က သက်သက်စနေတယ်ထင်တာ။ အတည်ကိုးး)

ချစ်သူနှစ်ဦး ပျော်ရွှင်ပါစေ။
အိုဘာတဲ့..

ချစ်သူ၂ ဦး ပျော်ပျော်ရွှင်ရွှင် ရှိကြစေ..
မောင်ဆောင်းမဂေါက်နဲ့
မယ်မြ မပေါက်နဲ့
:)

Popular Posts