Monday, 1 February 2010

ကျိန်စာသင့်မျက်ရည်

အိပ်ယာနိုးနိုးခြင်း ခြင်ထောင်ကို အမြန်ဆွဲလှန်ပြီး အပြေးအလွှားရှာမိတာက အမေ့ကိုပါ။ အိပ်ယာထ နောက်ကျသွားခြင်းအတွက် ကျနော့်ကိုယ် ကျနော် မကျေမနပ်နဲ့ နောက်ဖေး မီးဖိုချောင်ထဲဝင်ပြီး...

“ မကြီး..အမေရော”….

“ ဟဲ့..ဘယ်အချိန်ရှိပြီးလဲ… အချိန်ကိုလဲ ကြည့်အုံး… ဒီအချိန် အမေဈေးရောင်းထွက်တာ သိရက်သားနဲ့”…..

“မဟုတ်သေးပါဘူး… ဒါနဲ့ မကြီးကိုအမေ ဘာမှမပေးခဲ့ဘူးလား”…

“ မပေးခဲ့ပါဘူး... သွားသွား… ကျောင်းသွားဖို့ လုပ်... ပြီးရင် ပဲပြုတ် နဲ့  ထမင်းစားသွား.. အမေ နင့် အတွက် လုပ်ပေးသွားတာ”..

“ ဟာဗျာ…အမေကတော့ လုပ်ချလိုက်ပြန်ပြီး”….

ကျွန်တော် တော်တော်လေး စိတ်ပျက်သွားမိတယ်… ကျွန်တော် ဒီနေ့ကျာင်းမှာ ကျွန်တော် တို့ ဘောလုံးအသင်းအတွက် တူညီဝတ်စုံဖိုးပေးရမှာ... ဒီနေ့က နောက်ဆုံးနေ့… အမေ့ကို သုံးရက်မတိုင်ခင် ကတည်းက ကြိုပြောထားတာ.. အမေကပေးမယ်ပြောပြီး အခုတော့ပေးမသွားဘူး... တော်ကြာ ကျွန်တော် ဝတ်စုံဖိုး မပေးလို့ ဘောလုံးမကန်ရဘဲနေဦးမယ်... စိတ်ထဲဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်းနှင့်အတူ တစ်ခုခုကို ဆုံးဖြတ်ချက် ချခဲ့တယ်။

ကျွန်တော်ထမင်းစား၊ ကျောင်းဝတ်စုံလဲ ပြီးတာနဲ့ အမေရှိတဲ့ဈေးထဲကိုလိုက်သွားခဲ့တယ်။

အမေက ဈေးထဲမှာ သူကိုယ်တိုင်လုပ်တဲ့ ငါးငပိ နဲ့ ချဉ်ဖတ်စုံရောင်းတယ်။ အဖေမရှိတော့တဲ့ နာက်ပိုင်း ကျွန်တော်တို့မိသားစု အမေဈေးထွက်ရောင်းတာနဲ့ အမကြီးစက်ချုပ်တဲ့ ငွေနဲ့ ဖူလုံအောင်စားနေရတယ်။ မောင်နှမ နှစ်ယောက်တည်းမှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်ကို အမေက အရာရှိကြီးဖြစ်တာမြင်ချင်တယ် ဆိုပြီး ကျောင်းဆက်နေခိုင်းတယ်။ ကျနော့်လိုအပ်တာ မှန်သမျှ အမေက မညီးမညူးဘူး။ အကုန်ရတယ်။

ဈေးထဲရောက်တော့ ပါးစပ်ကနေ တတွတ်တွတ် နဲ့ ဘုရားစာရွတ်ပြီးယင်မောင်းနေတဲ့ အမေကိုတွေ့တယ်။ အမေ့ရဲ့ နွမ်းလျတဲ့အပြုံးကို မျက်တောင်မခတ် ကြည့်ရင်း ခပ်ဆတ်ဆတ် မျက်နှာပေးနဲ့

“အမေ…ပိုက်ဆံပေးဗျာ.. ကျောင်းချိန်နီပြီး.. အိမ်မှာမကြီးကိုပေးထားခဲ့ရင်ပြီးရော… အခုတော့ ဒီထိလိုက်လာရတယ်”...

“သားရယ်... မနက်ဖြန် မှယူပါလား… အမေပိုက်ဆံမပြည့်သေးလို့… ပြီးတော့အခုဈေးဦးလဲ မပေါက်သေးဘူး”..

“ဟာ.ဗျာ….. အမေကိုကြိုပြောထားရက်နဲ့ ဗျာ”…..

“ကဲပါ သားရယ်..မနက်ဖြန် အမေတကယ်ပေးပါမယ်”…

“တော်ပြီဗျာ……အမေကလိမ်တယ်…ကတိမတည်ဘူး… တော်ပြီး... ဘောလုံးလဲ မကန်တော့ဘူး... သားကိုပေးတဲ့ ကတိ မတည်တဲ့အတွက် အမေဒီနေ့ ဈေးဦးမပေါက်ပါစေနဲ့”….

ကျွန်တော်စိတ်တိုတိုနဲ့ အမေကိုပြောချင်ရာပြောပြီးကျောင်းသွားလိုက်တယ်။ တနေကုန် ကျောင်းမှာ အဆင်မပြေခဲ့ဘူး။ အမေ့ မျက်နှာကိုမြင်ပြီး စိတ်ထဲ တစ်မျိုးဖြစ်နေခဲ့တယ်။

ညနေအိမ်ပြန်ရောက်တော့…..

“ မကြီး အမေရော”…..

“အိပ်နေတယ် နေသိပ်မကောင်းဘူးလို့ ပြောတာပဲ... မနေ့ကလဲ သွေးတက်လို့ ဆေးခန်းအတင်းသွားခိုင်းရတယ်... နေမကောင်းဘူး ဆေးခန်းသွားဆိုတာကို ပိုက်ဆံကုန်မှာကြောက်နေတယ်... ပေးစရာရှိတယ် ပြောတာပဲလေ... ဘယ်သူ့အကြွေးလဲတော့မသိဘူး… ဒီနေ့လဲဈေးရောင်းထွက်တာ ဈေးဦးတောင် မပေါက်ခဲ့လို့ စိတ်မကောင်းတာလဲ ပါမယ်နဲ့တူတယ်”…

“ဟောဗျာ“………………

ကျွန်တော် တော်တော်လေးငိုချင်သွားမိပြီး… ဒီမနက်က အမေကိုစိတ်တိုတိုနဲ့ မထင်မှတ်ဘဲ ပြောလိုက်မိတဲ့ စကားတခွန်းအတွက် စိတ်မကောင်းဖြစ်ရတယ်... ပြောမိတာနောင်တရနေမိတယ်။ ဖြစ်မှဖြစ်ရလေ အမေရယ်လို့ စိတ်ထဲက အကြိမ်ကြိမ်။

“ ဟဲ့ ငယ်လေး…ဘာစဉ်းစားနေတုံး… ငါပြောတာကြားလား… အမေကနင်ပြန်လာရင် သူ့ ကိုလာတွေ့ တဲ့”

“ သြော်…ဟုတ်…”

အမေ့အခန်းထဲဝင်တော့ ကျနော့်ကို ကျောပေးလှဲအိပ်နေတဲ့ အမေ့ကျောပြင်ကို ကြည့်ရင်း ငိုချင်စိတ်များက တားဆီးမရ...

“အမေ…..နေမကောင်းဘူးဆို”…..

“ခေါင်းနည်းနည်းမူးတာပါ သားရယ်…အခုကောင်းသွားပြီး… သြော်..ရော့ ရော့…သားတောင်းတဲ့ ပိုက်ဆံ”

အမေ ကုန်းရုန်းထရင်း ခေါင်းအုံးအောက်ကနေ ကျွန်တော်ကိုပိုက်ဆံနှိုက်ပေးတော့ 

“ ဟင်…မကြီးပြောတော့ အမေဈေးဦးတောင် မပေါက်ဘူးဆို... ဒီပိုက်ဆံကို ဘယ်လိုရတာလဲ”

“ဘယ်ကဘယ်လို ရလဲဆိုတာ မမေးချင်စမ်းပါနဲ့သားရယ်. သားလိုချင်တာကို အမေက ဖြစ်အောင်လုပ်ပေးရမှာပေါ့… ဒါအမေ့တာဝန်ပဲလေ... ရော့... မနေ့ကသားကိုပေးမယ့်ပိုက်ဆံက အမေဆေးခန်းသွားလိုက်ရတယ်… နေမကောင်းပဲနဲ့ ဈေးက ထွက်မိတော့ ဈေးဦးမပေါက်တာပါ... မနက်က သားကိုမပေးလိုက်ရလို့ အမေလဲ ဒီနေ့ တနေကုန် စိတ်မကောင်းဖြစ်ရတယ်လေ”

အမေ့ရဲ့စကားက ရင်ထဲကို နစ်ကနဲ စူးရှနာကျင်သွားစေတယ်... နေမကောင်းတဲ့ ကြားက ဈေးရောင်းထွက်ရလောက်တဲ့ အထိတောင်လား အမေရယ်။ စိတ်ထဲက ပြောနေပေမယ့် အမေ့ကို မေးခွန်းတွေ

“ အမေရယ်… ကျွန်တော် အမေကိုကျိန်မိလို့ ဒီလိုဖြစ်ရတာပါ……”

တားဆီးမရတဲ့ ကျနော့်မျက်ဝန်းမှ မျက်ရည်တွေ နဲ့အတူ အမေပေါင်ပေါ်ခေါင်းအပ်ပြီးငိုတော့အမေက ကျနော့်ခေါင်းကိုဖွဖွလေးပွတ်ပြီး

“သားရယ်... အမေက အမေဈေးဦးမပေါက်တာ ခံနိုင်ရည်ရှိတယ်…..သားမျက်ရည်ကျတာ အမေခံနိုင်ရည် မရှိဘူးကွယ်....”


........................................................................................................

အတိတ်တွေက ကြာပြီဆိုပေမယ့် မျက်ဝန်းထဲမှာတော့ ထင်ထင်ရှားရှားမြင်နေရတုန်းပင် ။ နွမ်းလျသော ဖျာလေးတစ်ချပ်ပေါ်မှာ နွမ်းယဲ့စွာလှဲလျောင်းနေသော.. ပုံရိပ်တစ်ခု.......။
အမေ .... အမေ...ရယ်လေ...။

လွမ်းဆွတ်တမ်းတစိတ်တွေနှင့် ပူခနဲ စီးကျလာတဲ့ မျက်ရည်ကို ကြေကြေကွဲကွဲ လျှို့ဝှက်စွာ သိမ်းဆည်းလိုက်မိတုန်း နောက်ကနေ အသံတစ်ခုပေါ်လာသည်။


“ဖေကြီး”

“ဖေကြီးရေ.....” တဲ့...။ အမေရေ... အမေ့ကို လွမ်းလိုက်တာ.ဗျာ...။အမေ့သားငယ်လေးက ခုဆို သမီးလေးတစ်ယောက်ရဲ့ အဖေ ဖြစ်နေပြီ အမေ။ အမေနဲ့ သိပ်တူတဲ့ အမေ့မြေးလေးကို မြင်တိုင်း အမေ့ကို ပြောခဲ့တဲ့ စကားတွေ ကျိန်စာသင့် သလို အမြဲ အမှတ်ရနေပါပေါ့လား အမေ..။ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်မှ မိဘရဲ့စေတနာတွေကို နားလည်ခံစားမိတယ်ဆိုရင် အိမ်ထောင်ဦးစီးမရှိဘဲ ရပ်တည်ခဲ့တဲ့ အမေ့နေရာကနေ ဝင်ခံစားတိုင်း သား မျက်ရည်ပူတွေ ကျဆင်းရပါတယ် အမေ.။

“ဟာ…သမီးခေါ်နေတာကြာလှပြီး… ဘယ်သူ့ အကြောင်းစဉ်းစားနေလဲ..မှန်မှန်ပြော”

“ ဟားဟား…မဟုတ်ပါဘူး သမီးရာ…သမီးဖွားဖွား ဖေကြီးမေမေကို သတိရမိလို့ပါ… ကဲ... အဖေ့သမီးက ဘာများပြောစရာရှိလို့လဲ…”

“ မနက်ဖြန်ကျရင် သမီးတို့ အတန်းထဲ မှာကျောင်းကပွဲအတွက် ဝတ်စုံဖိုးတွေပေးရတော့မှာ... မနက်ဖြန်နောက်ဆုံးနေ့ … မေကြီး ကဖေကြီးကို ပြောဆိုလို့ အသိလာပေးတာ… ဖေကြီး မပေးရင်တော့နော်..ဟင်း..ဟင်း..”

စသလို နောက်သလို ကြိမ်းမောင်းပြီးထွက်သွားတဲ့ သမီးရဲ့ကျောပြင်ကိုကြည့်ရင်း အတိတ်က ကျခဲ့တဲ့ နောက်ဆုံးလက်ကျန် မျက်ရည်စနဲ့အတူ တကယ်လို့များ ကျနော်က သမီးလေးရဲ့ လိုအင်ဆန္ဒတစ်ခုကို လိုအပ်ချိန်မှာ မဖြည့်ဆည်းပေးနိုင်ခဲ့ရင် သမီးလေးက ဘယ်လိုများတုံ့ပြန်မှုပေးမှာလဲ ဆိုတာတွေးရင်း....

“အမေရေ... သားကိုတော့ အမေ့မြေးက သားအမေကိုကျိန်ခဲ့သလို မပြောလောက်ဘူးလို့ထင် ပါတယ်ဗျာ”...






ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

24 comments:

မြရေလျဉ် said...

ထိထိရှရှ ခံစားရပါတယ် ကိုဖိုးစိန်ရယ်

ဒီတစ်ခါ မြတို့က တစ်ဗျ

ဟာဟ

kaungkinpyar said...

ငိုချင်ရက် လက်တို့ပဲအေ ဖတ်လိုက်ရတာ စိတ်ထဲ မကောင်း ဖတ်ပီးးး...
ကိုယ်လဲ နောင် တချိန် အဲ့လို မဖြစ်စေနဲ့...

အိုက်ခီလောက် said...

ဟိုက် သုံးတဲ့ မရစဖူး အရထူးသွားပါလား ဟိဟိ
အမြန်နေရာလာဦးတာ ခုတော့ ပြန်ဖတ်လိုက်ဦးမှ
ချစ်ကို ရေ သနပ်ခါးပါးကွက်နဲ့ အရူးလိုပဲတဲ့ ဒူကျောတာတုံး အဟတ်

အိန္ဒြာ said...

ဖိုးစိန်ရေ...

ဟာသတွေ ပေါက်ကရတွေရေးတဲ့နေရာမှာ လက်စောင်းထက်သလို
မိသားစုဖွဲ့ လေးတွေရေးရင်လည်း ထိထိမိမိရေးတတ်ပါပေတယ်.။

ဒီ့ထက်ကြိုးစားပါဦး မောင်လေး..

စာကောင်းကောင်းလေးတွေ ဖတ်ချင်တယ်

အိုက်ခီလောက် said...

ရေးလိုက်တာတော့ သူများမျက်ရည်ကျအောင်ေ၇းသွားလိုက်တာ
ဖတ်ပြီး ဝမ်းနည်းမယ်ကြံသေး သူ့ ပုံကိုပို့ လိုက်တာ မြင်ပြီး
အော်ရီချင်သွားတယ် အဟတ်
ဘာတဲ့ သနပ်ခါးပဲကြားနဲ့ အပြတ်စားပဲများတယ်
လျှောက်လည်ရင် ချက်ပြုတ်ပုဆိုးနဲ့  ခွက်ပုန်းခုတ်တဲ့လူမျိုး

်အဟတ် မဆူရတာကြာပြီ ချစ်ကိုအိမ်မှာ
ဝဋ်လည်လိမ့်မယ် သတိထား
ယူမယ့်မိန်းမက ဘယ်ဆီနေမှန်းမသိသေးဘူး
ချစ်ကိုက သမီးတောင် မွေးပြီးပါပေါ့လား ဟဟ
အနော့မိန်းမတောင် ဗိုက်မပူသေးဘူး
သူ့ က ကလေးတောင်ရနေပြီ အဟီး

Anonymous said...

စိန်မျောက်မျောက်ကွ..

ဂျပန်ကောင်လေး said...

ခံစားရပါတယ်.... ၀မ်းလည်းနည်းရပါတယ်.... အမေဆိုတာ သားသမီးအတွက် ဘာမဆို လုပ်ပေးနိုင်တဲ့ ခွန်အားရှိတယ်ဆိုတာ ကျွန်တော်ထစ်ထစ်ချ ယုံကြည်တယ်....


ခင်မင်တဲ့
ဂျပန်ကောင်လေး

ရေတမာ said...

သားသမီးနဲ့ မိဘကြားက နားလည်မှုအလွှဲလေးကို ရေးပြထားတာ အတုယူစရာကောင်းပါတယ်။ သားသမီးတိုင်း မိဘကို ချစ်နိုင်ကြပါစေ

Anonymous said...

ဒီလိုမျိုး လေး ရေးထား ပြန်တော့ လည်း ဖတ် လို့ ကောင်း ပ ! မိဘမေတ္တာ နဲ့ ပတ်သက် ရင် ခံစား ရ
လွယ် သူ မို့ မျက် ရည် စို့ သွား ပါတယ် .....

mie nge

တောင်ပေါ်သား said...

မျက်ရည်မကျအောင် ထိန်းထားရတယ်း(
ငယ်တုန်းကလဲ အမေ့ကို အဲ့လို စိတ်ကောက်ဖူးခဲ့တယ် ခုပြန်စဉ်းစားတော့ အမေတယောက်ထဲ ရှာဖွေကျွေးမွေးခဲ့တာတွေဟာ ကျနော်တို့အတွက် လုံလောက်ယုံတင်မကဘူး ပိုတောင် ပိုပါသေးတယ်။ အမေ့ကျေးဇူးကို ဆပ်နိုင်တဲ့ သားတယောက် ဖြစ်ချင်တယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ဖတ်လို့လည်းကောင်းတယ်
စိတ်မကောင်းလည်း ဖြစ်သွားတယ် ..

ဏီ(န်)ကင်း said...

ရင်ထဲမှာနက်နက်နဲနဲခံစားလိုက်ရတယ်...
စာအရေးအသားကောင်းတယ်အကိုရေ...
ကျွန်တော်တို့လဲမိဘတွေမသေခင်မှာအကောင်းဆုံး
ကျေးဇူးဆပ်နိုင်အောင်ကြိုးစားပါစို့လားဗျာ...

စကားမစပ်...သနပ်ခါးဘဲကြားလေးနဲ့နော်...ဟဟ

မေသူ said...

အင်း... ခဏခဏ အမေနဲ့ အဖေကို စိတ်ကောက်တယ်။

ပြင်ဦးမှပဲ

=)

noblemoe said...

စာဖတ်ရင်း မျက်ရည်တောင်ဝဲခဲ့ ရပါတယ်
တော်တော်စာရေးကောင်းတဲ့ စာရေးဆရာကြီး
သာယာချမ်းမြေ့ပါစေ
မိုး

နွေးနေခြည် said...

တကယ်ကောင်းတယ့် ပိုစ့်လေးပါ။

ဇွန်မိုးစက် said...

ဒီပိုစ့်လေး အရင်ကဖတ်ဖူးတယ်။ ဆားချက်လိုက်တာ မဟုတ်လား :P

anyway...ပိုစ့်ကောင်းလေးပါ။ ဒီလို စာအတည်လေးတွေ များများရေးပါအုံး။

Mogok Thar said...

ဒီလို ဇာတ်လမ်းလေးမျိုး
ရေးတာ ဖတ်ရတော့ heart ထိသွားတယ်...

ဖတ်နေရင်း.. မိဘကို သတိရနေမိတယ်...

ကိုယ်ငယ်ငယ်တုန်းကလဲ ကျောင်းက ဆုပေးပွဲမှာ ကျောင်းစိမ်းပုဆိုး အသစ်မရလို့ ဂျီကျခဲ့ဖူးတယ်...

အဲတာကို ပြန်တွေးမိပီး စိတ်မကောင်း ဖြစ်သွားတယ်။



ပို့စ်ကောင်းလေးတွေ ရေးနိုင်သလို...

စာဖတ်သူတွေကို ပျော်စေတဲ့ ပို့စ်လေးတွေလည်း ရေးနိုင်တဲ့

ချစ်ညီကို လေးစား ချိးကျူးပါတယ်...

ချစ်ခင်တဲ့

ကိုမောင်ဟန်

sweetpeony said...

ကောင်းလိုက်တဲ့ ပို့စ်လေးးးး
မျက်ရည်တောင် ကျလုကျခင် ဖြစ်သွားတယ်...

ဗီလိန် said...

မဲဆွယ်တာဖြစ်မယ်။ :D

mae said...

ရေးပြီးသားကို၊ တချက်တချက် ဆားထချက်တယ်၊

ပွင့်မြူးဇင် said...

ရေးတတ်လိုက်တာနော်.. သူများသားသမီတွေတော်ချက်

ခရေညို said...

မိဘတိုင်းက သားသမီးတွေ အတွက် အဖြည့် ခံတွေပါပဲ။

မေဇင် said...

အိမ်ကိုလွမ်းတယ်....း(( ။ ရေးတတ်တယ်...နောက်ပြီး တစ်ခု သတိထားမိတယ်...မိဘမေတ္တာအကြောင်းရေးတိုင်း...နောင်တ ရ စရာ တစ်ခုခု ကိုရေးထားတာတွေ့တယ်...။ အပြင်မှာ အဲ့လို မဖြစ်မိပါစေနဲ့နော်...။

ပိုးဟပ်လေး said...

ဗျို့ ကိုကြီးစိန်
ဘယ်တုန်းက ဘယ်လို
သမီးလေးရသွားတာတုန်းဗျ.....