Tuesday, 23 February 2010

ပြဇာတ်

ကံ ဆိုတဲ့ ခဲတံကို ကိုင်ပြီး ဘဝ စာရွက်ပေါ်မှာ ဇာတ်လမ်းတစ်ပုဒ် အသာလေး ရေးခြစ်နေတယ်။ ဒီလို ရေးနေရင်း လိုအပ်တဲ့ ဇာတ်ကောင်တွေ ရွေးဖို့စဉ်းစားတယ်။ ကိုယ်တိုင် ဇာတ်လမ်း ကောင်းကောင်း တစ်ပုစ် ကို နှစ်နှစ် ကာကာ စိတ်တိုင်းကျ ဖန်တီးချင်ခဲ့တာ။

ဖြစ်ချင်တာတွေ များနေတယ်။

ဖြစ်စေချင်တာတွေ ရှိနေတယ်။

လုပ်ချင်တာတွေက ဒုနဲ့ဒေး...။

တဖြည်းဖြည်းချင်းသဲ့ယူ လုပ်ယူနေရတော့ အားမရဘူး။ ရလာလေ ပိုလုပ်ချင်လာလေပဲ။ ဒါကြောင့် လောဘကြီးတယ်လို့ ဖြစ်လာတယ်။ လောဘ ဆိုတာ တကယ့်တော့ ဗီလိန် ဆန်တဲ့ လူကြမ်းကြီးတွေ..။

လောဘကြီးတယ်ပဲ ထား..။

ဖြစ်သင့်တာကို ဖြစ်လာအောင် အကောင်ထည်ဖော်ရင်း ဖြစ်လာတဲ့ နောက်ကို တကောက်ကောက် လိုက်နေရတယ်။ လောဘနောက် တကောက်ကောက်လိုက်နေရတဲ့ မောဟတွေ။ လူကြမ်းတွေ နောက်ကို တကောက်ကောက် လိုက်နေရတဲ့ လူရွှင်တော်တွေ။

ဖြစ်လာတဲ့ အပေါ် ပျော်နေလားလို့ မေးကြမလား။ ပြုံးရယ်နေတာကို မြင်ရပေမယ့် ဝမ်းနည်းမှုတွေ ရင်မှာပြည့်ကျပ်နေတာကို မြင်ရင်မြင်နိုင်မှာပါ။

ကိုယ်က မြင်စေချင်နေရင် ကိုယ်က အတ္တ တွေ များနေပြန်ပြီး..။ သူကတော့ မင်းသားပေါ့။

ဒေါသတွေကြီးနေတယ်။ ထစ်ခနဲ ဆို ဒေါသထွက်နေပြီ။ ဒေါသကထွက်ပြီး ထိန်းလို့သိမ်းလို့ မရ။ မရတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထုနှက်။ ရလာဒ်က ကိုယ်ပဲနာတယ်။ နာလဲ မတတ်နိုင်ဘူးလေ။ ကိုယ့်ဒေါသကို ကိုယ်ထိန်းဖို့က ကိုယ့်အသားနာမှပဲ ငြိမ်းမှာကိုး။

ဘာကြောင့် ဒေါသထွက်လဲ မေးရင်လဲ ကိုယ့်အတ္တ အတွက်ပဲ။ ဒေါသကြီးတတ်မှန်း သိလို့ ထိန်းသိမ်းပြီးနေပါတယ်။ ပျော့ပျောင်းစွာ ဆက်ဆံပါတယ်။ အမြဲတမ်းပြုံးနေပြီး အပျော်နဲ့ ဖုံးနေတတ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်ရင်တော့ မျက်စိထဲ ဘာမှ မမြင်တော့ဘူး။ မျက်စိထဲရှိတာ လုပ်ချင်တာကို ဒေါသနောက် လိုက်မိတယ်။ နောင်တရလားမေးရင် မရဘူး။ နောင်တ ရနေတဲ့ နောက်တော့ ဒေါသ ဘယ်ထွက်တော့မလဲ။ ဒါကလည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲလေ..။ မင်းသားနဲ့ တွဲရမယ့် မင်းသမီးဟာ ဒေါသ ပါပဲ။

“တရားလေးထိုင်၊ ဘုရားများများရှိခိုး” ပေါ့လို့ ဆိုတော့လဲ အတိုင်းအတာ တစ်ခုထိပဲ လုပ်နိုင်ပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ မှာ အတ္တ၊ ဒေါသ၊ မောဟ တွေ က ထင်သလောက် မထိန်းသိမ်းနိုင်သေဘူး။ မာနကတော့ မရှိသလောက် ဖြစ်နေပြီး။ အဲဒီအတွက်တော့ ဇာတ်က နည်းနည်းနာတယ်။

“ကိလေသာ ကုန်ခမ်းသွားပြီး” ဆိုတော့လည်း ကျန်တာက တဏှာ လို့ပဲ ပြောရမလိုလို...။

တကယ်တော့....

အတ္တမင်းသားက ဒေါသ မင်းသမီးကို မောဟ လူပျက် အကူအညီကိုယူ လောဘလူကြမ်းတွေလက်က ကယ်တင်ဖို့ ကိလေသာ ဆိုင်းတီးပြီး တဏှာဆန်တဲ့ လောက ဇာတ်ကြမ်းကြီးကို ဘဝဇာတ်ခုံပေါ်မှာ ဆုံးခန်းတိုင်တဲ့ အထိတော့ ကကြရမှာ။


တကယ်တော့...

ဘဝဟာ ပြဇာတ်ဆန်တယ်။ မင်းသား၊ မင်းသမီး၊ လူကြမ်း၊ လူရွှင်တော် တွေနဲ့ ဆိုင်းတီးပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်။


တကယ်တော့

ကိုယ်တိုင်က ဇာတ်ညွန်းရေးဆရာ...။ ကိုယ်တိုင်က ဒါရိုက်တာ..။



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်












15 comments:

kaungkinpyar said...

ဒါရိုက်တာ ဇာတ်ညွှန်းရေး ဆရာကြီး ရေ ဘာပဲဖြစ်ဖြစ် စိတ်လျှော့ပါ၊ ဒေါသကြီးလွန်းရင် ကိုယ်ပဲ ခံစားရတာလေ...း)

ရေတမာ said...

ဆေးစက်လေးတွေ တခုချင်း ချရင်း ပုံဖော်သွားတဲ့ ပန်းချီကားလိုပဲ။ ပထမ အောက်ခံအရောင်ချယ်တယ်။ နောက်တော့ တခုချင်းဖြည့်လိုက်တာ တော်တော် ကောင်းတဲ့ ပန်ချီကားလေးဖြစ်လာတယ်။ ဒီလို အရေးသားမျိုးကို သဘောကျတယ်။ ကောင်းလိုက်တဲ့ အက်ဆေးး။ ဒီပြဇာတ်မှာ တောထွက်ခန်းထည့်လိုက်အေးးးရော အဲဒါ။ အကို လက်တက်လာပြီ များများရေးပါ ဟိ။းP

မိုးခါး said...

စွယ်စုံရလေ :D

noblemoe said...

အရေးသားလေး ဖတ်လို့ ကောင်းပါ၏။
ဒေါသဆိုတာ လူတိုင်းဖြစ်တတ်တာပါတယ်။
လူဆိုတာမျိုးက လေဘ ဒေါသ မောဟ တွေကနေကင်းနိုင်တာမှမဟုတ်တာ အနည်းန့ဲ့ အများလူတိုင်းမှာရှိတတ်တာပါပဲ။
"စိတ်ရှည်သည်ခံခြင်းသည် ဥာဏ်ပညာရှိခြင်းနှင့် မိမိကိုယ်ကိုထိန်းချုပ်တတ်ခြင်းတို့ ဖြစ်စနစ်တကျ ပူပေါင်းထားခြင်းဖြစ်သည်" အဲဒီ အခေါင်းစည်းလေးထင်တာ ဖတ်မိတာကနေ ကိုဖိုးစိန်စာတွေကို ဆက်ဖတ်ဖြစ်တာပါ။
အဲဒီခေါင်းစဉ်လေးတိုင်းပဲလေ ဒေါသစိတ်ကလေးကို
လည်းသည်းခံလိုက်ပါ။ အဲဒီစာတန်လေးကို အရမ်းလည်းနှစ်သက်လို့ ပါ။
ကိုယ်ကိုကိုယ်ထုရိုက်မနေပဲ ဒေါသမီးတွေကို စိတ်အေးအေးလေးနဲ့ ငြိမ်းနိုင်ပါစေ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ဇွန်မိုးစက် said...

ဖိုးစိန်ရေ...လူတွေက တစ်နေ့တစ်နေ့ လောဘ၊ ဒေါသတွေနဲ့ပဲ ရှင်သန်နေထိုင်ကြတာ မဟုတ်လား။ အဲဒါတွေက အကုသိုလ်စိတ်တွေပဲလေ။ တတ်နိုင်သလောက် အကုသိုလ်ဖြစ်စိတ်တွေအဖြစ်မခံဖို့ အသိလေးကပ်ပြီး ကိုယ့်ကိုယ်ကို သတိပေးကြည့်ပါ။

ခင်တဲ့
မဇွန်

တောင်ပေါ်သား said...

ဘာတွေ ပြောသွားကြတာလဲ ဘာအရေးအသားက ကောင်းတာလဲ မသိတော့ပါဘူး အဟေးဟေး သိတာက တခုပဲ ဒေါသထွက်တယ် ကိုယ့်အတ္တနဲ့ကိုယ်ပဲး) ဒါရိုက်တာလဲ ကိုယ်၊ ဇာတ်ညွန်းရေးတာလဲ ကိုယ်တဲ့ .. ကဲ ကျနော်က ဘာလုပ်ရမှာတုန်း ခန်းဆီးဆွဲတဲ့ ပိတ်ကားနားက လူလုပ်ပေးရမလားးးး ပြော...... ပြော....... ပြော........ ပြော............

အတတ်နိုင်ဆုံး စိတ်ကိုလျှော့ စိတ်ကိုမလွတ်ပေးနဲ့ တခုခုဖြစ်လာရင် အော် ဖြစ်တတ်ပါတယ် ဆိုတဲ့ စိတ်ကလေး တွေးးးးးးးးးးးးး မှတ်ထားးးးးးးးးးး ကိုယ်ပြောရင် မှတ်ထားးးးးးးးးးးးးးးးးးးးးးးး ကြားလားးးးးးးးးးးးးးးးးးးးးးးးးး ကြားးးးးးးးးးလားးးးးးးးးးးးးး ကြားးးးးးးးရဲ့လားးးးးးးးးးးးးးးး


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

ပြဇာတ်ထဲမှာ ပေါ်ပေါ်က... လိုက်ကာ ဆွဲတဲ့သူ လုပ်မယ်ဆိုတော့ ကျန်တဲ့ မောင်နှမတွေလဲ တစ်ထောင့်တစ်နေရာက... ပြဇာတ် ကို ပွဲဆူ (အဲလေ) ဝိုင်းကူပြီး....
မြိုင်မြိုင်ဆိုင်ဆိုင်.. ကလိုက်ကြရအောင်ဗျို့....

ကဲ...
ဇာတ်ညွန်းရေးဆရာကြီး...ဒါရိုက်တာကြီးရေ..။

ထုချင်သလိုထု.. ရိုက်ချင်သလိုရိုက် (မှားပြန်ပြီ)

“ပြဇာတ်” ကို... ရေးချင်သလိုသာ.. ရေးပါဗျို့....။

ပရိတ်သတ်ဆိုတာ ရှိပါမှ... “ပြဇာတ်”.. ဆိုတာကလဲ အသက်ဝင်တာမလား...။

ဒီတော့

ဘဝဆိုတဲ့ “ပြဇာတ်” ကို ပရိတ်သတ်ကြီးဆီ ကပြ အသုံးတော်ခံဖို့အတွက်...

ပျော်... ပျော်.... ပါးး... ပါးးး....

က...
လိုက်.....
ကြ.........
စို့...............
လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

းးးး)))))

( မျောက်ငို ဘဝကနေ ဦးစိတ်တို...ဘဝ ပြောင်းသွားတာတောင် မသိလိုက်ဘူး... :-P )

ကိုမောင်ဟန်

ဆောင်းနှင်းရွက် said...

သြော် ...
လောဘ တွေ ၊
မောဟ တွေ ၊
ဒေါသ တွေ ၊

သိဘူးး .. ဘာတွေ မှန်းကို
လူတိုင်းမှ မကင်းတာ ... :P
ထွက်တော့ လည်း ထွက်တယ်ပေါ့ ..

လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင် ပဲ ..

Angel Shaper said...

ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုသာ ဆင်ခြင်ဖို့ပဲ အားပေးနေမိပါတယ်။ သမီးလဲ ဒေါသတော့ ကြီးတတ်တယ်။ ဘာပဲဖြစ်ဖြစ်လေ ဇာတ်ညွှန်းဆရာ ဒါရိုက်တာကြီးရေ... ဒေါသလေးလျော့ပေါ့နော့်။ ဘဝမောမောလေးတွေ ပြေပါစေ။

reenoemann said...

သယ်ရင်း ဘယ်အရာပဲ ဖြစ်ဖြစ်
အလွန်အကျွံ ဖြစ်ရင်တော့ မကောင်းဘူး။
အဓိက က စိတ်ပဲ

Anonymous said...

ကိုယ်တိုင်ဇာတ်ညွှန်းရေး ကိုယ်တိုင် ဒါရိုက်တာ ကိုယ်တိုင်မင်းသား ဆိုပေမယ့် တကယ့်တကယ်ကျ
ကံဇာတ်ဆရာဆိုတဲ့ ငနဲကြီးကို မကျော်နိုင်တာနဲ့ပဲ ..
မကြာခဏ လဲပြိုနေကြရ ..
မကြီး

အိန္ဒြာ said...

ကိုယ့်အသားတော့ အနာ မခံနဲ့ နီးရာလူဆွဲထုလိုက်းP

ကိုလူထွေး said...

အခုတလော ဘဝဒဿနတွေ တော်တော် ရေးဖြစ်နေပါလား...

ရီနိုပြောတာ သဘောကျတယ်...

တကယ်တော့ “ဆိတ်” သာ အဓိကပါ ဖိုးစိန်ရာ...

ပဲ... ဟဲဟဲဟဲဟဲ...



ဖိုးစိန်ကို ပျော်စေချင်သူ
းဝ)

Anonymous said...

ဖိုးစိန် တရား ပေါက်သွားတာလား၊ တရား ရှာတွေ့သွားပြီ။ ကောင်းလေစွ။

့ မင်းသား ဖိုးစိန်ပဲ ကိုယ့်ဇာတ်ကို ကိုယ် နိုင်အောင် ကတတ်ပါတယ်။:)

မအယ်

မေလေး said...

မမအိန္ဒြာမဟုတ်တာမြှောက်ပေးနေပီ
နီးရာလူကဒီမောင်နှမတွေထဲသီးခံတတ်တဲ့ကိုဘိုလိုမျိုးလိုဟုတ်တာပေါ့
တခြားအပြင်လူဆွဲထုလိုက်လို့ကတော့ မမနော် မမ

ကဲ ဘုန်းကြီးတစ္ဆေသိရင်လျှော့ကွယ်