လေလှိုင်းပေါ်က ဘလော့ဂါ ဖိုးစိန် အင်တာဗြူး (၂)

လေလှိုင်းပေါ်က ဘလော့ဂါ ဖိုးစိန် အင်တာဗြူး(၁) (ဒီမှာကလစ်နှိပ်ပါ)

သာယာသော ညနေချမ်း အချိန်ခါသမမှာ အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ ကြပါစေရှင့်…။


ယခု နားသောတ ဆင်နေကြသော ဘလော့ဂါ ပြည်သူ ပြည်သားအပေါင်း ပျော်ရွင်ငြိမ်းချမ်းမှု အပေါင်းခညောင်းပါစေလို့ ပြည်သူ့ အချစ်တော် ပေါ်ပြူလာ ဘလောဂါ မင်းသားချောလေး ဖိုးစိန်ရဲ့ မောင်ချစ်သောချစ်ချစ် ၊ချစ်ချစ်ချစ်သော မောင့်ချစ်ချစ် ချစ်မက်မက်က ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်…။


အားလုံးကို အာဘွားတစ်သိန်း ပေးပါတယ်ရှင့်…။


ယခုလို ညနေချမ်း ခါသမမှာ အရင်တစ်ပတ် ကလိုပဲ အောင်မြင်ကျော်ကြား လူချစ်များသော ပြည်သူ့ အချစ်တော် ပေါ်ပြူလာ ဘလောဂါ မင်းသားချောလေး ဖိုးစိန်ရဲ့ ဒုတိယပိုင်း အင်တာဗြူးအစီအစဉ်ပဲ ဖြစ်ပါတယ်ရှင့်…။


ပထမပိုင်းမှာ စကားမပြောလိုက်ရလို့ ဖုန်းကိုဆောက်ချ
ပြီး ငိုကြီးချက်မနဲ့ အိမ်ပြန်သွားကျတဲ့ ညီမလေးများ….



ဖိုးစိန်အသံကို ကြားချင်လွန်းလို့ ဖုန်းစောင့်ရင်း အိပ်ပျော်သွားကြတဲ့ အကိုကြီး၊ အမကြီးများ….


ဖိုးစိန်ကို သည်းသည်းလှုပ် ချစ်ကြတဲ့ ဆယ်ကျော်သက် ကောင်မလေးများ…ကို ဒီနေရာက တောင်းပန်ရင်း ဒုတိယပိုင်း အစီအစဉ်မှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်…။


အထူးအစီအစဉ် တစ်ရပ်အနေနဲ့ စကာင်္ပူက ဘလော့ဂါတွေနဲ့ တွေ့ဆုံမှု အစီအစဉ်များကိုပါ မေးမြန်းသွားမှာ ဖြစ်ပါတယ်ရှင်…။


အင်တာဗြူး မစခင်မှာတော့ ပရိတ်သတ်များ ကြားချင် သိချင်နေမယ့် မေးခွန်းတစ်ချို့ကို မေးရင်း အစီအစဉ်လေးကိုစတင်မှာ ဖြစ်တဲ့အတွက် ရင်ခုန်စွာ ဖုန်းခေါ်ရင်း ပြည့်သူ့အချစ်တော် ဘလော့ဂါ ဖိုးစိန်နဲ့ လေလှိုင်းပေါ်မှာ ပျော်ရွင်စွာ စကားပြောနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့်…။


ကျေးဇူးတင်ပါတယ်ရှင့်…။


ချစ်ချစ်ချစ်တဲ့မောင်၊ မောင်ချစ်တဲ့ချစ်ချစ်ရဲ့မောင်ရေ…. ခုလိုပထမဆုံးအကြိမ် အဗြူးခံရတဲ့ အတွက်စိတ်ထဲဘယ်လိုခံစားရလဲ ဆိုတာ……”


“ချစ်ရယ်… မောင်က ချစ်ချစ်ချစ်တဲ့မောင်လေကွာ… မောင်က ခုလို ဘလော့ဂါ ဖြစ်ရတာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်… ဖိုးစိန် ဆိုနာမည်ကြားရင် ဘလော့လောက တစ်ခုလုံးသိတာ.. ဖိုးစိန်စာရေးကောင်းတာ… ဖိုးစိန် တော်တာ… ဖိုးစိန်ကိုချီးကျူးကြတာ… ဖိုးစိန်ကို သည်းသည်းလှုပ် ချစ်ကြတာ တွေက ဖိုးစိန်ကို ဘယ်သူမှ မပြောပဲ ဖိုးစိန်ကိုယ်တိုင် ပြောပြီး ကိုယ့်ဘာသာ ကိုယ် စိတ်ထဲက သိနေတာ ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလဲ ချစ်ရာ…. ”


“ဟုတ်ပါပီး… တကတည်း… မေးဖြင့် မမေးရသေးဘူး.. အကဲဆတ်နေလိုက်တာ… ဒါနဲ့
ဖိုးစိန် ဆိုတဲ့ ပေါ်ပြူလာ ဘလော့ဂါတစ်ယောက် ဖြစ်အောင် ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာ ပရိတ်သတ်များသိအောင် ပြောပေးပါလား ချစ်ချစ်ချစ်တဲ့မောင် ရှင့်…။”


“အင်းပေါ့နော်… ပြောရရင် ရှည်တယ်ပေါ့နော်… အတိုချုံးပြောရရင်တော့ တိုနေမယ်ပေါ့နော်… အဓိက ကပေါ့နော်… ဖိုးစိန်ကိုပေါ့နော်… သိကြတယ်ပေါ့နော်… ချစ်ကြတယ်ပေါ့နော်… စာရေးဖို့ အားပေးကြတယ်ပေါ့နော်… ပေါ်ပြူလာဖြစ်တယ်ပေါ့နော်… ဖိုးစိန်လဲမြောက်တယ်ပေါ့နော်… ဒီလိုနဲ့ ပေါ့နော်… ဖြစ်လာတယ်ပေါ့နော်.. ပေါ့နော်… ဒီပေါ့နော် ကလည်း ဇက်ပိုစ့်ကနေ ကူးချထားတယ်ပေါ့နော်… ပေါ့နော်.. ”



“ပေါ့နော်ရေ (အဲ) မောင်ရေ… ရပြီးပေါ့နော်… တော်သင့်ပြီပေါ့နော်… ဆက်မေးနေရင် ဆက်ကြွားနေတော့ ပေါ်ကုန်တော့မှာပေါ့နော်… ဒါကြောင့် ခုချိန်ကစပြီး ဖိုးစိန်ကို သည်းသည်းလှုပ်ချစ်ကြသူများ လေလှိုင်းပေါ်ကနေ စကားပြောမယ့် အစီအစဉ်လေးကို စတင်လိုက်ပါတယ်ရှင့်….။”


တီ…. တီ….တီ….


“ဟလို… အကို.. ကိုဖိုးစိန်နော်… ကျနော် ရာတမေ ပေါက်ပေါက် ပါ”


“အေး… ပြော… ညီလေးပေါက်ပေါက်”


“ပြောချင်တာက အကို့ ဘလော့ကို မကြိုက်လို့ လာမဖတ်ဘူး ဆိုတာကိုပါဗျ”


“ဟမ်…. ညီလေး ဘာများမကြိုက်… ကြိုက်...”


“ဘာမှ ကို မကြိုက်လို့ လာမဖတ်တာ သိစေချင်ယုံသက်သက်ပါ အကို… ဒါပဲနော်… ဟဲဟဲ.. အရသာရှိထှာ… အားတော့နာပါတယ်ဗျ”


ဂွပ်



တီ…. တီ….တီ….


“ဟလို… အမိန်ရှိပါ… ကျနော် ပေါ်ပြူလာ ဘလော့ဂါ ဖိုးစိန်ပါခင်ဗျ….”


“မင့်က ဖိုးစိန်လား… ခုပြောနေတာ ငါကွ”


“ဟုတ်ကဲ့ ပြောပါ…ဦး…. ”


“ဘာာာာာာာ… ဘာ..ဥတွေ ဦးတွေ မလုပ်နဲ့ ငါက မင့်အမေ့လင် မင်းအဖေ ထွန်းမြင့်ကွ”


“ဗျာ…ဖေဖေ လားး… အဲ… ဘာလို့ဆက်”


“အေးကွ… မင်းကွာ.. အိမ်ကို တစ်လတစ်ခါ ဖုန်းမှန်မှန် မဆက်တဲ့ကောင်က အွန်လိုင်းပေါ်မှာ ဖွန်ကြောင်ပြီး အင်တာဗြူးသလေး ဘာလေးနဲ့… ဘာ ပေါ်ပြူလာလဲ… ဘာ ဘလောဂါလဲ… မင့်ကို မင်း ဂုဏ်ယူနေတယ်… မင့် အဖေ ထွန်းမြင့် ရပ်ကွက်လူကြီးဆိုတာ မင်း ထည့်ပြောသလား…”


“ဟင်အင့်”


“မင့်ကို တစ်သက်လုံးကျွေးမွေးထားတာ ကျောင်းထားပေးတာ၊ ကုန်ကုန်ပြောရရင် မင်း အဲလိုစာရေးနိုင်ဖို့ နိုင်ငံခြားပို့ထားပေးတာ မင့် ထည့်ပြောသလားးးးးးး…”


“အဲ… မပြောမိ....”


“မင့်ကွာ မွေးရကျိုးမနပ်ဘူး… ကျေငြာလိုက်စမ်းပါ… မင့် အဖေဘယ်သူဆိုတာ ရဲရဲကြီး ပြောပြလိုက်စမ်းပါ… ဒီမှာနားထောင်း ပြီး အားမလို အားမရနဲ့ မင်းကို စောင့်ကြည့်နေတာ အဟုတ်မထင်နဲ့… မင်းနာရင်းအုပ်ခံရမယ်… မင့် အမေဆက်ပြောမယ်… ”


“အဲ… ဟုတ်….ကဲ့ ဖေဖေ…”


“သား…သားအဖေ ပြောတာတွေ ခေါင်းထဲ မထည့်နဲ့… သားအဖေက ဒီလိုပဲ ပြောတတ်တယ်ဟုတ်… သားလုပ်ရမှာက ဘယ်သူမေးမေး မမေးမေး မေ့မေ့ အကြောင်းကို ထည့်ပြောပေးနော်…မေမေ ငယ်ငယ်က လှကြောင်း… ကြိုက်တဲ့သူများကြောင်းပေါ့… ကြွားသလို မဖြစ်စေနဲ့နော်… မေမေငယ်ငယ်က ဘယ်လိုသင်ထားလဲ မှတ်မိတယ်ဟုတ်….”


“ဟုတ်.. မေမေ… သားက မကြွားတတ်ပါဘူး… လူတိုင်းသိပါတယ်… သားတို့ဘယ်လောက် ချမ်းသာတယ် ဆိုတာမျိုးပေါ့…”


“အေးကွယ်… ဒါမှ မေ့မေ့သား… ပိုပိုသာသာကြွား… အဲလေ… ပိုပိုသာသာပြော.. ပြီးတော့….”


ဂွပ်
(ဝူး… ၃ မိနစ်နဲ့ လိုင်းကျသွားတာ မြန်ပေလို့ပေါ့)


တီ…. တီ….တီ….

“ဟလို… သယ်…ရင်းး… ဖိုး… ချစ်…လားး…..


........ဝါးးးးး…. ငါ ရီနိုလေ”


“ဟင်… သယ်ရင်း ရီနိုမာန် … မင်း …မင်း.. ငိုက်နေတာလား.. ခုမှ နိုးတာလား”


“အေးကွာ.. ငါလဲ မင်းကိုခေါ်ဖို့ ဖုန်းစောင့်ရင်း အိပ်ပျော်သွားတာ… ခု မှ နိုးလို့ ခေါ်လိုက်တာ… နေအုံး… မင်းငါ့ကို မင်းကောင်းကြောင်းတွေ ရွေးပြောဖို့ ဖုန်းခေါ်ခိုင်းတဲ့ နာမည်က ငါမေ့နေလို့ မင်းကို ခုပြန်မေးတာ… ပြီးရင်း အဲဒီနာမည်နဲ့ ခေါ်ပြီး မင်းကောင်းကြောင်းတွေ ပြောပေးမယ်ကွာ… နော်.. ခုပြောကွာ.. ငါပြန်ခေါ်မယ်…”


“မင်းကွာ… မမှတ်ထားဘူး… ပေါ်ကုန်တော့မယ်… မင်းနာမည်ဝှက်က ဟာနုမာ လေကွာ..”


“အေးကွာ… ဆောရီးသယ်ရင်း… ဘယ်သူမှ မသိစေရပါဘူး… ဟာနုမာဆို ငါနော်… ဒါပဲ”


ဂွပ်


တီ…. တီ….တီ….

“သဲ….. ကို ပါ”

“ဟင်”

သဲနော်… ကို လစ်တဲ အိန္ဒိယ မှာ စောင့်နေမယ်ကွာ... နော်”

“ဘယ်က သဲတွေ ကိုတွေလဲ… သဲလဲ မဟုတ်ဘူး.. ကိုလဲ မဟုတ်ဘူး… ဖိုးစိန်ကွ”

“အဟေးဟေးးး… ကိုဖိုးစိန်လား… ကျတော် တောင်ပေါ်ပါ… အင်တာဗြူးက ဘာထူးသေးလဲ... ကျတော်က သဲဆီဆက်တာ… ကိုဖိုးစိန်နဲ့ ဘယ်လို လိုင်းပူးသွားလဲ မသိဘူး… လိုက်ခဲ့လေ လစ်တဲ အိန္ဒိယ ကို သဲနဲ့ တူတူ….”

“သေအုံးမယ်… တောင်ပေါ်သားတော့”

“ဆောရီး… သဲ (အဲလေ) ကိုကို … အဟေးးးဟေးးး”

ဂွပ် (ငါ့နှယ်နော်)

တီ…. တီ….တီ….

(ဘုရား သကြား မ ပါ) “ဟုတ်ကဲ့… ကျနော် ဘလော့ဂါ ဖိုးစိန်ပါ ခင်ဗျာ..”

“ဟဲ့… မသာ… ငါ… ခင်ဖြိုးဟဲ့… လန့်သွား သလား ဟင်းးး.. ဟင်းး… ဟင်းးး ”

“ဟမ်.. နင်က ဘာကိစ္စ…”

“ဘာကိစ္စ.. ဟုတ်လား.. စားပြီးနားမလည် မလုပ်ပါနဲ့… ငါဆီက ချေးထားတဲ့ ငွေတွေ ပြန်ပေးတော့… ယူထားတာလဲ နှစ်ချီပေါ့… နင့်အကြောင်းတွေ မပေါ်ခင် ငါ့အကြွေးလာပေးပါ ”

“နင်ကလည်း… ဒီနေရာကနေ တောင်းစရာလားဟာ”

“အေး… နင့်ဖုန်းခေါ်တာ မကိုင်လို့ ဒီကနေ တောင်းတာ…”

“နင်ကလည်း ငါအလုပ်ကြီး အကိုင်ကြီး လုပ်နေတာပါ”

“ငယ်ပေါင်းတွေပါအေ… အံ့ပါရဲ့အေ… အကြွေးတွေ ဝိုင်းနေတာတောင် မာန်တက်ပြီး ဖုန်းနဲ့အဗြူးခံရဲသေးတယ်… အားရပါတယ် သူငယ်ချင်းရယ်.. ဘလော့ဖတ်တဲ့သူတွေကို နင့်နာမည်မေးတော့ မသိဘူးတဲ့… သိတဲ့သူတွေက မကြိုက်ဘူးတဲ့… အားရစရာပါလား… အဟတ်… ကြုံလို့ ပြောတာနော်.. ငါ့အကြွေးလာဆပ်ပါ... အဟတ်”

ဂွပ်..

ချစ်ချစ်ချစ်တဲ့မောင် မောင်ချစ်တဲ့ချစ်ချစ်ရဲ့မောင်ရေ… ဒီအင်တာဗြူးကို ဒီမှာတင်ပဲရပ်လိုက်ကြရအောင်နော်... ဒါနဲ့ စကာင်္ပူမှာ ဘလော့ဂါတော်တော်များများနဲ့ တွေ့ဆုံခဲ့တယ်နော်… ဘယ်လိုတွေ တွေ့ဆုံပြီး ဘယ်လိုစာပေတွေ ဆွေးနွေးတယ်ဆိုတာ ပရိတ်သတ်ကြီး သိအောင် ပြောပြပါလား ရှင့်…။

“ဟုတ်ကဲ့… ကျနော်ပေါ့နော်…. စကာင်္ပူကျွန်းပေါ်က ဘလော့ဂါ တော်တော်များများနဲ့ တွေ့ဆုံခဲ့တယ်ပေါ့နော်… အရက်ကြိုက်တဲ့သူကို အရက်ဝယ်ပေး… ကွမ်းကြိုက်တဲ့သူကို ကွမ်းဝယ်ကျွေး… လက်ဖက်ရည် ကြိုက်သူကို လက်ဖက်ရည်တိုက်နဲ့ ဘီယာကျနော် နေ့မအား ညမနား စစ်တီးဟောမှာ စတည်းချ ဆွယ်တရားဟောတယ်ပေါ့… ပြီးတော့… ဘလော့ဂါတွေနဲ့ တွေ့ရာ လမ်းဘေး အစည်းအဝေးလုပ်ပြီး အရေမရ အဖတ်မရတွေ ပြောတယ်ပေါ့… (၃) ရက် တရားစခန်းကို အီးစ် ကုတ်မှာလုပ်တယ်… ပါဆယ်ရစ်စ် မှာ ရန်တွေဖြစ်တမ်းကစားကြ စိတ်ကောက်ကြ… ကျနော့် အခေါ်ပေါ့ ချီးပေါက်ကျနဲ့ ပျော်စရာတော့ကောင်းတယ်ဗျ… ဒီထက်ပိုတာက ကျနော်သင်ပေးတဲ့ ဂရိစကားတွေတောင် ဘလော့ဂါတစ်ချို့ ပါးစပ်ဖျားမှာ စွဲလို့ပေါ့….

အိုး… ဘာတဲ့… ကျနော်က “နပ် မွတ် ရေး ” လို့ ပြောရင် သူတို့က “ ဂါမိုးတိုး ရှီးစတိုး မိုနာလီဇာ ” တဲ့… သေချာတာက သူတို့ ဂရိတွေကို ကောင်းကောင်းဆဲတတ်နေပြီပေါ့လေ”

ဟုတ်ကဲ့ရှင့်… နာမည်ကြီးတဲ့ စာရေးသူ ဘလောဂါ တစ်ချို့နဲ့ ခင်မင်တယ် လို့ ကြားတယ်… အဲဒီအပေါ် ခံစားချက်လေး များရှိရင်”

“ဟုတ်ကဲ့ခင်ဗျ… အများအခေါ် ကျီးနဲ့ ဘုတ်ပေါ့နော်… သူတို့က နာမည်ကြီးပြီးသားဆိုတော့ ကျနော်လဲ နာမည်ကြီးသွားတယ်ပေါ့နော်… ဒီလိုပဲ မြင်ကြတယ်ပေါ့… ဘာကြောင့်လဲ ဆိုတော့ မသိဘူးပေါ့လေနော်.. ကျနော့်အထင်တော့ ကျနော်သာ နာမည်ပိုကြီးသင့်တယ်ပေါ့… ဥပမာ ကျနော် တနေ့ ကဗျာ (၆)ပုဒ်လောက် မစဉ်းစားပဲ ရေးနိုင်တယ်ပေါ့နော်… နာမည်ကြီးတဲ့ သူတွေကတစ်ပုဒ်ကို (၆) လလောက် ရေးရတယ်လို့ ကြားတယ်ပေါ့နော်.. အဲလိုကွာပါတယ်.. ကျနော်ပိုတော်တယ်လို့ ထင်မိပါတယ်… ”

“သြော်.. လေးစားစရာကောင်းတယ်နော်… အဟင်းးး”

“ဟုတ်ကဲ့ရှင်… အခုဆိုရင် ပေါ်ပြူလာ ဖြစ်ရတဲ့ ဘလော့ဂါ ဖိုးစိန်ရဲ့ ကိုယ်ဂုဏ် ကိုယ်ဖော် အကြောင်းကို အားရပါးရ သိခွင့်ရလို့ ပရိတ်သတ်ကြီး ကျေနပ် အားရ လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ရှင့်။ နောက်နောင် အလှည့်ကြုံလို့ အခွင့်ရရင် ဆက်လက် ဗျူးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း မင်္ဂလာ ညချမ်းပါရှင်…။

အားလုံးကို အာဘွား တစ်သိန်းပါရှင်….။

ကျေးဇူးတင်ပါတယ်ရှင့်…။


တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်…. တူနယ်တယ်နယ်ဗြောင်….


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


ကျနော်ချစ်တဲ့ မောင်နှမ နာမည်တွေကို ယူသုံးထားတဲ့ အတွက် စိတ်မဆိုးလောက်ဘူးထင်ပါတယ်နော်… ပျော်ရွင်စေလိုခြင်းသက်သက်ပါ….

Comments

kaungkinpyar said…
မာ နာမူး..မာနာမူး....ပိုးပါးရီ ပိုးပါးရီ...

ဟိဟိ ရီလိုက်ရတာ ....

ဗျူးပါဦး ချီးပေါက်တာတွေ ထပ်ဖတ်ရတာပေါ့...:P
မေဇင် said…
ဟိဟိ..ဟုတ်ကဲ့...ခုလို နာမည်ကျော် ကိုကြွားစိန် ရဲ့ စာတစ်ပုဒ်ကို ဖတ်ခွင့်ရလို့...၀မ်းသာမိကြောင်းပါ...နောက်များမှာလဲ ထပ်ကြွားပါဦး...း))) ။
သဲ သွားမယ်လေ အဲယောင်လို့ အဟေးဟေးးးးးးးး သွားကြမယ် လစ်တယ်အင်ဒီးယားကို ......

ဘာမှလဲ မဆိုင်ဘူးဂျာ..............


လေးစားလျက်
တောင်ပေါ်သား
:P said…
ဖတ်သွားတယ်။ အင်တာဗြူး ၂ ခုလုံး ကြိုက်တယ်။ :P
khin oo may said…
ဆက်ဖတ်နေမည်..
း)) နောက်ထပ် ဗြူးထားတာတွေရှိရင် တင်အုံးလေ။
Anonymous said…
ကြွားစိန်လေး.. စာလုံးပေါင်းတွေ မှားနေပေမယ့် ဖတ်လို့ကောင်းပါတယ်

နေကောင်းအောင်လဲ နေပါ
ရေတမာ said…
အကို့ ဘလော့ကို မကြိုက်လို့ လာမဖတ်ဘူးဆိုတဲ့ အကြောင်းလာပြောတားP
မိုက်တယ် :)
noblemoe said…
အင်းးးးးးအလုပ်တွေပိလို့  စိတ်မောနေလို့ 
ဒီအင်တာဗျူးလေးဖတ်ပြီး ရီလိုက်ရတာ
အဟိ အဟိ မောလို့ အသံကမထွက်ဖူး
အင်တာဗျူး (1) ကပိုရီရပါတယ်ရှင်းးးးးးးးးးးးးးးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

ps မိဘလည်းအေးအေးမနေရပါလားနော်
ကြွားစရာကောကျန်သေးလား........
Mogok Thar said…
ပြုံး သွားတယ်...

အခု ဂရိပြန်ရောက်နေဘီလားး

မတွေ့ရတာကြာပေါ့။

(အင်တာဗျူးတာပါ)

;-P

ချစ်ခင်တဲ့

ကိုမောင်ဟန်
ဆောရီးဗျာ...ကွမ်းမူးနေလို့...ညကဖုန်းမဆက်ဖြစ်တာ.... ဟီးဟီး ... ရယ်ရတယ်....
Ree Noe Mann said…
ဟာနုမာ လာရယ်သွားတယ် သယ်ရင်း

ဟင်းဟင်းဟင်း
ကဖိုးစိန် ဘာကြောင့် ဘယ်လို နာမည်ကျော်
အချက်အပြုတ်ကောင်းတယ်လို့ ကြားတယ်နော် .. ဟင်းဟင်း .. ထပ် ချက်ကျွေးပါဦးလား .. :P
ဒေါသကလည်း ကြီးသတဲ့
စိတ်လျှော့ စိတ်လျှော့
ဟိုကိုက်ဒီကိုက်လည်း မလုပ်နဲ့နော်
ဓါတ်ပုံရိုက်တဲ့အခါ မလှပဲ သူများတွေ တမျိုးအထင်ခံရဦးမယ်
အဲ
စာရေးတာ ရှည်နေပြီလားမသိဘူး
မမပြာနဲ့ တွေ့နေဦးမယ် .. :P

Popular Posts