ခုတလော


ခုတလော ဖိုးစိန် ဘာတွေ ဖြစ်နေလဲ... ဘာတွေ လုပ်နေသလဲ... ဖိုးစိန်ကိုယ်တိုင် မသိသလိုပါပဲ... လုပ်ချင်တာကို စိတ်ရှိ လက်ရှိလုပ်နေတယ်... ဖြစ်ချင်တာ တစ်ချို့ကို မျိုသိပ်ပြီး ဖြစ်သင့်တာကို ဖြစ်အောင် ကြိုးစားနေတယ် ဆိုပါစို့... ။

တခါတလေ ဒေါသတွေ ကြီးနေတယ်… အလိုလိုနေရင် ရန်လိုနေတယ်… ခေါင်းကတော့ ပုံမှန်ထက် ပိုပြီး ကိုက်တာနည်းပါတယ်… ကိုယ်မသိတဲ့ သူတွေကို စကားပြောဖို့ ဝန်လေးသလောက် ကိုယ်ချစ်တဲ့ လူတွေနဲ့ သပွတ်အူလို နေဖြစ်နေတယ်…။ မအားလို့ အွန်လိုင်းတက်ပြီး စာမဖတ်ဖြစ်ပြန်ဖူး… အွန်လိုင်းတက်တော့လဲ ကိုယ်ရဲ့ ညီအကို မောင်နှမတွေက စာမရေးကြသလို အွန်လိုင်းမှာလဲ အရင်လို မတွေ့ဖြစ်တော့ဘူး… တစ်ခုခု တော့ လွဲချော်နေသလို ခံစားရတယ်… ။ ဒါကြောင့် ခုတလော ဘာတွေ ဖြစ်နေလဲ ပြန်စဉ်းစားမိတော့....။

ခုတလော

တွေးမိနေတာက

(၁) ကိုယ်ချစ်တဲ့ သူတွေကို ဘယ်လို စိတ်ချမ်းသာအောင် ထားရမလဲ ဆိုတာကိုပါ....။ ဒါပေမယ့် ထင်သလောက် မလုပ်ပေးနိုင်သေးဘူး...။ ကိုယ့်ကြောင့် စိတ်ဆင်းရဲရ.. စိတ်ပူနေရတဲ့သူတွေ ရှိနေသေးတယ် ဆိုတာကိုပါ...။ တွေးတိုင်း အိပ်မပျော်ဘူး ဖြစ်နေတယ်။


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ငါသည် အရင်ကလဲ ဘာမှမဟုတ်ခဲ့၊ ခုလဲ ဘာမှ မဟုတ်သေး၊ ဒါပေမယ့် နောင်ရေးကို တော့ ရေးရေး မြင်နေရပါပြီး။


ကျမ်းမာရေး

ခေါင်းကိုက် သက်သာတယ်... အရင်လို ထင်သလောက် မကိုက်ဘူးလို့ ဆိုတဲ့နေ့တွေမှ နာနာကျင်ကျင် ကို ကိုက်နေမိတယ်...။ ကျန်တဲ့နေ့တွေမှာတော့ ပျော်နေမိတယ်။

ဖတ်ဖြစ်နေတာက

ကိုယ့်ရဲ့ ကိုယ်ပိုင် ဘလော့ လေး။ ကိုယ်ရေးခဲ့တဲ့ ပိုစ့်တွေနဲ့ ရခဲ့တဲ့ ကော့မန့်တွေ..။

ရောက်နေတဲ့နေရာက

ကိုယ်နေတဲ့ အိမ်။ သာယာစိုပြည်တဲ့ အိမ်ကလေး။ ဘယ်ရောက်ရောက် ဒီအိမ်ကိုပဲ စိတ်ရောက်နေတယ်။

မုန်းနေမိတာက

ဘာမှ မလုပ်ရသေးပဲ မိုးလင်းသွားတဲ့ ညတွေ။

ချစ်နေတာက

အနားမှာ ရှိနေတဲ့ အချစ်ဆုံး လေးတွေ။ တီတီတာတာနဲ့ ပလီတဲ့သူတွေ။ ချီးပေါက်တဲ့သူတွေ။ စိတ်ကောက်တဲ့သူတွေ။


စိတ်ပျက်နေမိတာက

လူများတဲ့ ပတ်ဝန်းကျင်။

နားထောင်နေမိတဲ့သီချင်း

အစုံပဲ..။ ညည ဆို သီချင်းတစ်ပုဒ်ကိုပဲ တညလုံး နားထောင်ရတဲ့ ညတွေ တောင်ရှိတယ်။ ကိုယ်တိုင်တော့ ဘာသီချင်းကြိုက်နေလဲ မသိတော့ဘူး. ….။

တမ်းတနေမိတာက

ညနေ(၇)နာရီ နောက်ပိုင်း နဲ့ ထမင်းစားချိန်။


စွဲလမ်းနေမိတာက

စုပြုံပြီး အိပ်ခဲ့ရတဲ့ အခန်းထဲက ချီးပေါက်သံတွေ။

မေ့လျှော့ပြစ်နေတာက

ခုချိန်မှာ နှမြော တသသ စွဲလန်းနေမိတဲ့အရာတွေ။

လိုအပ်နေတာက

ပိုက်ဆံ။

စားဖြစ်နေတာက

ကိုယ်တိုင်ချက်နေတဲ့ ဟင်းတွေ။

လွမ်းနေမိတာက

ဖေဖေ။ မေမေ။ ညီနဲ့ ညီမ။


သနားနေမိတာက

ကိုယ့်ကိုယ်ကိုပဲ (ဘာမှ ဖြစ်မလာသေးတဲ့ နုံချာချာ ဘဝလေးကို သနားနေမိတာ)။


တောင်းမိတဲ့ဆု

မပြည့်တဲ့ ဆုတောင်းတွေ ပြည့်ချင်တဲ့ဆု ။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

ဘယ်တော့ လာမလဲ။ ဘယ်အချိန်လဲ။ မပြန်နဲ့လေ။ ဘာမှန်းကိုမသိဘူး....။


ကြိတ်ပြီး ချီးကျုးနေတာက

သည်းခံနိုင်စွမ်း ရှိတဲ့ သူတွေ။


ကြိတ်ပြီးအထင်သေးနေမိတာက

ကိုယ့်ကိုယ်ကိုယ် ဂျီကျ လိမ်ကောင်ကွေး ဂျစ်တိုက် ဆိုးချင်နေတဲ့စိတ်၊ ဒေါသကြီးတဲ့စိတ်ရှိတဲ့ ကိုယ့်ကိုယ်ကိုယ် (ပြင်လို့လဲမရး))

ဝန်ခံချင်တာက

စာရေးစရာမရှိလို့။ ပျင်းလို့။ စာမရေးတဲ့သူတွေကို ဒုက္ခပေးချင်လို့။ သူတို့ ဘာတွေ လုပ်နေလဲဆိုတာ သိချင်လို့။ ရေးချင်တာ ရေးချင်လို့။ အညတရ ဖြစ်ချင်လို့။ ချီးပေါက်ခံချင်လို့။ ... လို့။ ။။။


ဒီပိုစ့်လေးကို ဖတ်ပြီးသွားပြီးလား။ အင်း ဒါကတော့ တက်ဂ်ပိုစ့်ပါ။

မတွေ့တာ ကြာပြီးဖြစ်တဲ့ သူတွေကို တက်ဂ်ပါတယ်။ ဒီလူတွေကို လွမ်းလို့ပါ...။ ဒီလူတွေနဲ့လဲ မတွေ့တာ ကြာပြီးလေ။

ပြာမရရင် ပြာဖြစ်သွားမယ့် ကွမ်းစားမေပြာ။

လူပြိုကြီး တလွဲကိုမောင်ဟန်

ကလေးထိန်း ထမင်းချက်နေရတယ်ဆိုတဲ့ ဦးသစ်

လစ်တဲ အင်ဒီယား ရောက်ရောက်နေတဲ့ ညီမငယ် မိုးခါး

အညတရ စာတွေကို လာမဖတ်တဲ့ လူပလီ တမာရိန်းဂျား ခေါ် ပေါက်ပေါက်

လူမြင်ရင် ချီးပေါက်တတ်တဲ့ ဟန်နီ ပေါ်ပေါ်

ရည်းစားတဖက် အလုပ်တက်နေတဲ့ ကိုဆောင်း

စိတ်ကောက်တတ်တဲ့ မျိုး

ထွက်ပေါက် မြ

ရခိမလေး မူသေ


စာမရေးတဲ့ ဘလော့ မမ မိုး တို့ကို တက်ပါဒယ်။။။။။။။။။။။။။။။


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

လုပ်ချင်တာလုပ်ပါ
ဘာမှမပြောလိုပါ
စိတ်ချမ်းသာမယ်ဆိုလုပ်ချင်တာလုပ်ပါ
ညီလေး မပြောလိုပါ ညီလေးဘာမှမပြောလိုပါ ကိုကြီးရယ်
( အရသာရှိလိုက်တာ ခေါ်ရတာ ဟတ်ဟတ် )
ကိုကြီး ကိုကြီး လွမ်းလိုက်တာ ဟိ ဟိ
ဟားဟား
ဖတ်ပြီးရီနေရတယ်
တကယ်တော့ မရီနိုင်ပါဘူး
မတွေ့တာကြာဘီဖြစ်တဲ့ လူတွေကို လွမ်းတွားလို့ :P
noblemoe said…
ဟုတ် ဒေါ်မိုး စာလာဖတ်သွားပါတယ် အဲမှားလို့ နော် ဖွားမိုးဆို ပိုအဆင်ပြေမလားလို့  မြေးလေးဒေါသနဲ့ သေရင် ဘီလူးဖြစ်တတ်တယ်နော် မောင်နှမတွေနဲ့ တူနေနေတာတောင် ဘယ်ကဒေါသက ရောက်ရောက်လာတာလဲ ?
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပါစေနော်
မိုး
kaungkinpyar said…
အဟက်....:P
ဟေးးးးးးးးးး ဒီအထဲမှာ မီးနာမည်ပါဝူး ပျော်လိုက်တာ...=P

အဟဲ

အိမ်လာတာတဲ့ ချီးပေါက်ပစ်လိုက်ဦးမယ်....မူးသွားအောင်

အားလုံးကို ချစ်ပါကြောင်းးးးးးးးးး
khin oo may said…
အဟင့်.
ရေတမာ said…
ည ၇ နာရီနောက်ပိုင်းနဲ့ ထမင်းစားချိန်တွေပဲ အချိန်တိုင်းဖြစ်စေချင်ပါတယ်။ ညီတွေညီမတွေ သတိရရင် ဒီညီတွေ ညီမတွေ တိုးချစ်ပေါ့။ နောက်နေ့တွေမှ ခါးကို ဆေးလိမ်းပေးမယ်နော်။ အခုတော့ ဥုံဖွပဲ တတ်နိုင်သေးတယ် (မှတ်ချက်။ ပလီတာမဟုတ်ပါးP)အညတြရ စာတွေကို လာမဖတ်တဲ့အကြောင်း လာပြောဒါ ဘာမှန်းကိုမသိဘူး
Mogok Thar said…
“ခုတလော” လားးးး............

မောင်ဟန် ဘာမှ မသိဘူးးးး

လူတွေနဲ့ မတွေ့တာလဲ ကြာနေပြီ...

စာလဲ မရေးချင်.. အဲ..ကဗျာတော့ ရေးချင်..

သို့ပေသည့်..မရေးတတ်...။

“ခုတလော” လားးးးး.....

သေဆုံးသွားတဲ့ အနာဂါတ် အတွက် လွမ်းသူ့ပန်းခွေ စီနေတယ်....

အဲဗျာ.. “ခုတလော” ဖတ်ပြီး ချီးဝင်ပေါက်မလို့ပါဆို... ဘာတွေရေးမိနေမှန်း မသိဘူးးး...။

အင်းးး.. မတွေ့မဆုံရတာကြာတော့လဲ ကြားသမျှလေး ဖွလိုက်ရပေအုံးမပေါ့...

ကိုယ့် အကိုကို “လူပြိုကြီးတလွဲ” လို့ အမည်တပ်ထားပေတော့ကာ...


၁။ တွေးတိုင်း အိပ်မပျော်တာ ညညတွေမှာပါ။ နေ့ဘက်တွေတော့ တစ်နေကုန် အိပ်နေတယ် ဆိုပဲ...။ ခုတော့ ကျောင်းတစ်ဘက်နဲ့ဆို ဘယ်အချိန် အိပ်သလဲ မသိ..။

၂။ နောင်ရေးကတော့ ရေးရေး မြင်နေတယ်။ အသက် သုံးဆယ့်နှစ်နှစ်မှာ မိန်းမယူမယ်ဆိုလား.. သတို့သမီးလောင်းလျာများ လျှောက်လွှာအမြန် တင်ကြပါ။

၃။ ခေါင်းကတော့ ပျော်နေရင် မကိုက်ဘူး။ ကျောင်းစာပိ၊ စိတ်ဆိုးချင်တဲ့အချိန်တွေမှ ရွေး ကိုက်တတ်တယ် ကြားတာပဲ..။ စိတ်ပင်ပန်း.. လူပင်ပန်းး ဖြစ်နေတာတွေကြောင့်လား... လားးးးးး.... လားးးးးးးးးးးး

၎။ ကိုယ်နေတဲ့ အိမ်လေးက လူအားလုံး “စိန့်သဘော”.. “စိန့်ခြေ၊ စိန့်လက်..စိန့် နားရွက်” ဖြစ်နေတာကိုး..။ ပျော်မှာပေါ့....။ အဲလေ လက်လွန်သွားပြီ။ မှားလို့.. “စိန့်နားရွက်” ကို ဖြုတ်ပြီး ဖတ်ပါ။

၅။ ဘာမှ မလုပ်ရပဲ မိုးလင်းသွားတဲ့ညတွေကို မုန်းမှာပေါ့။ (((ဟီးဟီး..ဟားဟား)))
... :-P ...
စကားပြောများပြီး ကျောင်းက အိမ်စာတွေ ဘာမှ မလုပ်လိုက်ရတဲ့ညတွေချည်းပဲကိုးး တဲ့ဗျာ..။

၆။ ချစ်နေတာက.. သိနေတယ်..။ အများကြီးပဲ...။ မဖွတော့ဘူး။

၇။ လူများတဲ့ ပတ်ဝန်းကျင်ကို တကယ် စိတ်ပျက်နေတာတဲ့လား။
မောင်နှမတို့ရေ.. ယုံလားးးး... မောင်နှမတို့ရေ..ယုံလားးးကွာ.......။ (အချစ်ရေ.. ယုံလား.. အချစ်ရေ ယုံလားကွာ.. သံစဉ်အတိုင်း ဖတ်ရန်)

၈။ သီချင်းတစ်ပုဒ်ထဲ တစ်ညလုံး နားထောင်နေရလွန်းလို့ ချီးပေါက်တယ် ဆိုလားးးး...။ (တရားခံ ဘယ်သူလဲ ဟေ့...)

၉။ တမ်းတနေမိတာက အင်းးး.. ထမင်းစားချိန် တစ်ခုထဲတော့ မဟုတ်ပါဘူးး ထင်ရဲ့။ ဂစ်တာတီး သီချင်းဆိုချိန်..၊ ဘီယာသောက်ချိန်..၊.... အများးးးးကြီးပဲ.....။

၁၀။ ချီးပေါက်သံတွေ စွဲလန်းနေတယ် ဆိုတော့ တွေ့ရင် ချီးများများ ပေါက်ပေးကြတာပေါ့လေ...။
Mogok Thar said…
၁၁။ မမေ့လျော့နိုင်ပါဘူး။ ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ်၊ ရေမွှေး၊ အဝတ်အစား အသုံးအဆောင်နဲ့ ဓာတ်ပုံတွေလေ..။ သတိရတိုင်း နှမျောပြီး ငို.. ငို.. နေတယ် ဆို..။

၁၂။ လိုနေတာ.......... (((((((ပိုက်ဆံ))))))))
အားလုံး... တူတူပဲလေ....။

၁၃။ ဖိုးစိန် ကိုယ်တိုင်ချက်တဲ့ဟင်းတွေ.... လာလည်တဲ့အခါ ချက်ကျွေးမှာလားးးး။ တစ်ခါမှလဲ မစားဖူးရသေးဘူးးး။ ဟေဟေ့ ;-P

၁၄။ လွမ်းနေမိတဲ့ ဖေဖေ၊ မေမေ၊ ညီ၊ ညီမလေးတွေ ကို အလွမ်းပြေဖို့ ဘေးက လူတွေကိုသာ အတိုးချ.. အသားကုန် ချစ်နေပါတယ် တဲ့။

၁၅။ သနားနေမိတာက ကိုယ့်ကိုယ်ကိုတော့ နဲနဲပါပဲ...။ အနားမှာ ရှိသမျှ လူတိုင်းကို သနားနေတဲ့စိတ်က ပိုတယ် လို့ ကြားနေရတယ်။

၁၆။ ဆုမတောင်းတတ်တဲ့သူတစ်ယောက်.. တောင်းတဲ့ဆုတိုင်း ပြည့်ပါစေဗျာ။

၁၇။ “ဘယ်တော့ လာမလဲ။ ဘယ်အချိန်လဲ။ မပြန်နဲ့လေ။ ဘာမှန်းကိုမသိဘူး....။” အဲလို ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတယ် တဲ့။ အင်း ကမောင်ဟန် နားထဲ ကြားကြားနေတာကတော့
“ဒါကို ဒီလိုလုပ်ပါလား။ ဟိုဟာကို ဟိုလို မလုပ်နဲ့။ မကျေနပ်ရင် အထုပ်ပိုက်ပြီး ပြန်တော့” အင်းးး.. အင်းးး.... တလွဲ ကိုမောင်ဟန် က ထုံးစံအတိုင်း နားကြားလွဲတာပဲ ဖြစ်မှာပါ။

၁၈။ ဘယ်သူတွေကို ကြိတ်ပြီး ချီးကျူးနေလဲ.. အဲတာတော့ တကယ်မသိလို့ မဖွတော့ဘူးနော။

၁၉။ ကြိတ်ပြီး အထင်သေးနေမိတာ.. ကိုယ့်ကိုယ်ကိုယ်..။ အင်း မြင်ရ ကြားရသလောက်ကတော့.. ဘေးက လူတွေ ချီးပေါက်သမျှ၊ အနိုင်ယူသမျှ.. တပြုံးပျော်ပျော်နဲ့ ကျေနပ်နေတာပဲ။ ချစ်လို့ ချီးပေါက်တာ၊ ဂျီကျတာ၊ ဆိုးတာပဲ ဆိုပြီး စိတ်ကို မဆိုးတာ..၊ သည်းခံပြီး ချစ်နေတာပဲ တဲ့။ စိတ်နှလုံး ဖြူစင် ပွင့်လင်းတဲ့ ညီလေး မျောက်မျောက်မှာ အထင်သေးစရာ ဘာမှ မမြင်မိပါဘူး...။
((((အင်းးး... ဂျီကျ၊ လိမ်ကောက်ကွေး၊ ဂျစ်တိုက် ဆိုးချင်နေတဲ့စိတ်၊ ဒေါသကြီးတဲ့စိတ် အဲဒီစိတ်..ရှိသမျှကို တစ်ယောက်တည်းပေါ်ပဲ ဖောက်ခွဲနေတော့တာကိုး..။ အဲတာပဲ ကောင်းပါတယ်လေ..။))) :-)

၂၀။ ရေးချင်တာရေးချင်လို့.. ချီးပေါက်ခံချင်လို့ ဆိုတော့ကာ..
ဒီကနေပဲ ရေးချင်တာရေး.. ပေါက်ချင်သလောက် ပေါက်သွားတယ်။ ဒါတောင် အကုန် မပေါက်ရသေးဘူး။ သနားးးလို့.....။

ကဲ.. ကဲ.. ချီးပေါက်ခံချင်တဲ့ မျောက်စိတ်တို၊ နဂိုထော်နေတဲ့ နှုတ်ခမ်းလဲ ကမောင်ဟန့် ချီးပေါက်တဲ့ ဒဏ်ကြောင့် တစ်တောင်လောက် ရှေ့ထွက် နေလောက်ပြီ..။

ဟေဟေ့....

:-P

ပြေးပြီဗျို့....

လွဲတဲ့အခါလဲ လွဲပေမပေါ့ ကိုမောင်ဟန်ရယ်...

ပြေးပေါက် မှားနေတယ်... မပြေးရင်လွတ်တယ်... ။

( “ဘယ်ပြေးမလဲ ကိုကို” ... မျောက်စိတ်တို အံကြိတ်ပြောသံကို နားဝ ကြားလိုက်ရသောကြောင့် ပြေးပေါက် မှားသွားမှန်း နောက်ကျမှ သိလိုက်ရပါသည်)

ဆန္ဒ နဲ့ ဘဝ တစ်ထပ်တည်း ကျပါစေ...။
Ree Noe Mann said…
ခုတလော ဘယ်မှ ကို မရောက်တာကြာပေါ့လေ
Anonymous said…
တားလဲ ခုတလော ဘာတွေ လုပ်နေတယ် ဆိုတာကို ဘ၁၀၀ ခေါင်းစဉ်နဲ့ ရေးထားတယ်ဗျား.. လာအားပေးပါဦးဗျာ..။

Popular Posts